ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, January 22, 2011

လျှပ်တစ်ပျက်စာ - စိန့်



     ရောက်ရာပေါက်ရာတွေဖတ်ရင်း သတင်းတစ်ခု သွားတွေ့တယ်။
     ၂၀၁၀ မှာ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ၁၀.၃% ဆိုပဲ။

     ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ကြည့်လိုက်တော့ တရုတ်ပြည်ဟာ အနောက်နိုင်ငံတွေလို စီးပွားရေး
ဆိုင်ရာ ကိန်းကဏန်းတွေကိုတွက်ချက်ဖို့ ကွန်ပြူတာကွန်ယက် အပြည့်အဝမရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် အနောက်နိုင်ငံတွေမှာ ကွန်ပြူတာကွန်ယက်တွေနဲ့ တစ်လလောက် တွက်ရတဲ့ သုံးလပတ်
စာရင်းတွေကို ပဏာမ ပိုကြီး ပိုကျယ်ပြန့်ပြီး အချက်အလက်တွေ စနစ်တကျ တွက်ဖို့အစီအစဉ် ပြည့်
ပြည့်ဝဝမရှိတဲ့ တရုတ်နိုင်ငံက နှစ်ပတ်အတွင်းလောက်မှာ ကိန်းကဏန်းတွေ ထုတ်ပြန်နိုင်တာဟာ
အင်မတန်ကို ပုံမှန်မဟုတ်တာပါပဲလို့လည်း ဆိုပါတယ်။ ဆောင်းပါးရှင်ရဲ့ ထောက်ပြချက်ကတော့ တ
ရုတ် အစိုးရအရာရှိတွေအတွက် စီးပွားရေးတိုးတက်မှုကိန်းသည်သာ ရာထူးမြဲဖို့နဲ့ ရာထူးတက်ဖို့ အာ
မခံချက်လို့ ဆိုပါတယ်။ ဒီတော့ သူ့ထက်ငါ အပြိုင်အဆိုင် စာရွက်ပေါ်မှာ တိုးတက်ကြရာက နိုင်ငံရဲ့
အနှစ်ချုပ်စာရင်းမှာသွားပြီး ထင်ဟပ်နေပါတယ်တဲ့။ တရုတ်ပြည်ရဲ့ တိုးတက်မှုနဲ့ကိန်းကဏန်း တွေနဲ့
ပတ်သက်လို့ နှစ်ခါပြန်တွေးစရာလေးပါ။

     တဆက်ထဲမှာပဲ ကနေ့တရုတ်ပြည်ရဲ့ ပညာရှင် (ဒေါက်တာ) ဘွဲ့ရရှိတဲ့ အရေအတွက်ဟာ ၂၀၀၈
မှာ အမေရိကန်ထက်တောင် သာသွားပြီဆိုတာ စောင့်ကြည့်သူတွေက တွေ့ရပါတယ်။ ဒီကိစ္စဟာ
လည်း တရုတ်နိုင်ငံရဲ့ ဆယ်စုနှစ် ၃ စုလောက်ပဲရှိသေးတဲ့ အဆင့်မြင့်ပညာရေးကဏ္ဍအတွက် မဖြစ်နိုင်
တဲ့အနေအထားလို့ ထောက်ပြကြပါတယ်။ ဒေါက်တာဘွဲ့ရဖို့ အခြားပညာရှင် ဒေါက်တာဘွဲ့ရသူတွေနဲ့
ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲကနေစစ်ဆေးပေးရတာဖြစ်ပေမယ့် တရုတ်ပြည်မှာတော့ ဒေါက်တာဘွဲ့ရ
ထားသူတစ်ယောက်ဟာ နောက်ထပ် ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားနေသူ ၄-၅ ယောက်လောက်အထိ
တာဝန်ယူ သင်ကြားစစ်ဆေးပေးနေတယ်လို့ တွက်ချက်မှုတွေက ညွှန်းဆိုနေပါတယ်။ ဒီတော့ဒေါက်
တာဘွဲ့များတဲ့ တရုတ်ပြည်မှာ ဘာလို့နိုဘယ်ဆုရှင်တွေ အင်မတန်နည်းရတာလဲဆိုတာဟာ ဖြေစရာ
မလိုလောက်အောင်ပါပဲ။ ယေဘုယျအားဖြင့်တော့ တကယ်မတတ်ကြလို့၊ အဆင့်အတန်းမမီကြလို့ဆို
ပြီး အဖြေထွက်လာပါတယ်။ အသိအတတ်ပညာနဲ့ပတ်သက်လို့ ဥပမာတစ်ခုက ကနေ့တရုတ်ပြည်ရဲ့
အင်တာနက်မဟာတံတိုင်းကြီးလို့ခေါ်တဲ့ firewall ကြီးဟာ အမေရိကန်ပြန် တရုတ်ပညာတတ်တွေကနေ
ဆွဲထားပေးခဲ့တာပါ။ ဒါကိုကျော်ခွဖို့ကိုလည်း အမေရိကန်မှာ ပညာသင်ရင်း ဆက်နေနေကြတဲ့ တရုတ်
ပညာသင်တွေကပဲ ရေးဆွဲနေကြတယ်လို့ ဆိုပါတယ်။ ပြောချင်တာက တရုတ်ခြံပေါက် ပညာရှင်တွေ
လောက်လောက် လားလား မရှိလှဖူး ဆိုတာပါ။ ဒါ့ပြင် အစိုးရအုပ်ချုပ်ရေးရာထူးအပိုင်းတွေမှာ မျက်နှာ
ရဖို့၊ ရာထူးတက်နိုင်ဖို့ ဒေါက်တာဘွဲ့တွေလိုလာရာက အာဏာအလွဲသုံးပြီး ဘွဲ့တစ်လုံးရဖို့ စိုင်းပြင်းမှု
တွေရှိလာတာဟာလည်း ပညာရေးမှာ အဆံမရှိတဲ့ ပူပေါင်းတွေလို ဖြစ်လာစေတယ်လို့ ဆိုပါတယ်။
ဒေါက်တာဘွဲ့ယူမယ့် အုပ်ချုပ်ရေးအရာရှိအတွက် သူ့လက်အောက်ငယ်သားတစ်ယောက်က သင်
တန်းသွားတက်ပေးနေတာမျိုး၊ စာမေးပွဲဖြေပေးတာမျိုးဟာ မြင်တွေ့နေရကျ မြင်ကွင်းမျိုးလို့ အချို့
ကျောင်းက ပညာရှင်တွေက ပြောနေတာလည်းရှိပါတယ်။

     လက်ရှိကာလမှာ တရုတ်ရဲ့ နဂါးအမေါက်ထောင်ပြတဲ့ လုပ်ရပ်တွေဟာလည်း တဖြည်းဖြည်း သိ
သာလာနေပါတယ်။ မကြာခင်လေးက အမေရိကန်ကာကွယ်ရေးဝန်ကြီး မရောက်ခင်ကလေးမှာပဲ
သူတို့ရဲ့ ကိုယ့်ပျောက်လေယာဉ် တည်ဆောက်ရေးတိုးတက်မှုကို တမင်ထုတ်ပြခဲ့ပါတယ်။ အရင် တ
ရုတ်ခေါင်းဆောင်တွေရဲ့ သဘောအရတော့ ကြောင်လက်သည်းလို ကျင့်ကြံဖို့ပါ။ ခုတော့ ပြောင်းလဲ
လာခဲ့ပါပြီ။ အရင်က ကုလသမဂ္ဂမှာ သာမန်ကန့်လန့်လောက်လုပ်နေရာကနေ ဒီနှစ်နိုဘယ်ဆုပေးပွဲ
ကို သပိတ်မှောက်ဖို့ ဖိအားတွေပေးတဲ့အခါ သူတို့ရဲ့သြဇာနဲ့ ကျဲလာတဲ့ခြေလှမ်းကို မြင်နိုင်ပါတယ်။
မနှစ်ကလည်း သံရိုင်းတွေထုတ်လုပ်ရောင်းချတဲ့တဲ့ ကုပ္မဏီကြီးတစ်ခုက သြစတြေးလျနိုင်ငံသား တ
ရုတ်တစ်ယောက်ကို ပုဒ်မအမျိုးမျိုးပြောင်းတပ်ပြီး ဗြောင်ပဲထိန်းသိမ်းထားလိုက်ရာမှာ သြစတြေးလျ
အစိုးရလည်း လေသံပဲပစ်နေနိုင်ပါတော့တယ်။ တရုတ်တွေရဲ့ သူတို့စီးပွားရေး မထိခိုက်ဖို့ သြဇာ အင်
အားသုံးလာတဲ့ ပြယုဂ်တစ်ခုပါပဲ။ မကြာခင်ကလည်း ကွန်ပြူတာဆိုင်ရာ အဆင့်မြင့်စက် ကရိယာတွေ ထုတ်ရာမှာသုံးတဲ့ ရှားပါးမြေကို တင်ပို့ရောင်းချတာလျော့ချပြီး ပညာပြလိုက်ပြန်ပါတယ်။ (မဝေးလှတဲ့
နှစ်တွေတုန်းက လေကျယ်တဲ့ဥရောပကို ရုရှက သဘာဝဓါတ်ငွေ့ တင်ပို့မှုနဲ့ပတ်သက်ပြီး ပညာပြတာ
နဲ့ ဆင်တူပါတယ်)။

     တိုးတက်မှုနဲ့ အကောင်းမြင်လို့ရတာတွေရှိသလို တစ်ဖက်မှာလည်း အဆိုးဖက်အပိုင်းတွေ ရှိနေပါ
တယ်။ အလုပ်လက်မဲ့နဲ့ ဆင်းရဲသူလူဦးရေ လျော့သွားပေမယ့် ဆင်းရဲချမ်းသာကွာဟမှုတွေ ပိုလာသ
လို အလုပ်နဲ့ပတ်သက်လို့ အာမခံချက်တွေလျော့လာပါတယ်။ ပညာရည်နိမ့်ပြီး စီးပွားရေးနဲ့ အခြား
အားနည်းချက်တွေပြည့်နေတဲ့ အောက်ခြေလူတန်းစားအဖို့ကတော့ အခွင့်အလမ်းနဲ့ ခေတ်ရဲ့ လျင်မြန်
တဲ့အပြောင်းအလဲတွေအတွက် ပြင်ဆင်နိုင်ဖို့ရာ အားထားကူညီသူမဲ့နေသလို အလုပ်လုပ်ရတဲ့ အခြေ
အနေတွေဟာလည်း အထူးသဖြင့် စီးပွားရေးဇုံတွေမှာဆိုရင် အင်မတန်နိမ့်ကျနေပါတယ်။ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာအခက်အခဲတွေကလည်း တင်းကြမ်းပါ။ ရေရှည်မှာ စား
နပ်ရိက္ခာဖူလုံရေးနဲ့ နိုင်ငံတည်တံ့ခိုင်မြဲရေးတွေအတွက် ကြိုတင်စီမံလုပ်ဆောင်မှုတွေ ကြီးကြီးမားမားနဲ့
အများကြီးရှိနေပေမယ့် စိန်ခေါ်မှုတွေကတော့ အပြည့်ရှိနေတုံးပါပဲ။

     မြန်မာပြည်နဲ့ စီးပွားရေး စစ်ရေး လူမှုရေးတွေ ဆက်နွယ်နေပြီး ကမ္ဘာ့အင်အားကြီးတဖြစ်လဲ မတူ
ကွဲပြားမှုတွေအပြည့်နဲ့ တရားဝင်ကွန်မြူနစ်နိုင်ငံ။ အိန္ဒိယနဲ့ အသင့်အတင့်ရန်စောင်နေပြီး မြောက်ကို
ရီးယားကို မကျဆုံးအောင်ကျွေးထားတဲ့ အာရှနိုင်ငံအတော်များများနဲ့ နယ်နိမိတ်ထိစပ်နေတဲ့နိုင်ငံ။
ဒီလို သိမကုန်၊ ပြောမကုန်နိုင်စရာ စိန့်တို့ပြည်ကြီး အကြောင်းကိုတော့ ကျနော်တို့အားလုံး စောင့် ကြည့်
နေကြရအုံးမှာပါ။ သင်္ခန်းစာတွေ ရယူနိုင်ကြရင်တော့လည်း အတိုင်းထက်အလွန်ပေါ့။

 
မန်းကိုကို
၂၂၊ ၀၁၊ ၂၀၁၁

No comments:

Post a Comment