ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, January 7, 2011

သိသမျှ၊ မြင်သမျှ - ပင်လုံ ၁.၁


     စာတွေ ရေးရင်းရေးရင်းနဲ့ အတိအကျ မှီငြမ်းပြီးရေးရတာ နည်းနည်းမောလာတယ်။
ဒါကြောင့် သူငယ်ချင်းတွေနဲ့ စကားပြောကြသလိုပဲ ပေါ့ပေါ့ပါးပါးကလေး ပြောမယ်ဗျာ။ အမှန်တော့
ဒါကမှ ဘလော့တကယ်ဆန်တာပါ။ ဘလော့ဆိုတာကိုက စာကြီးပေကြီးတင်တဲ့ နေရာမှ မဟုတ်ပဲ
နော။

     ကဲ အရင်ဆုံး နှစ်သစ်တွေဘာတွေ မင်္ဂလာတွေ လုပ်မနေတော့ဘူးဗျာ၊ လောလောဆယ် ရှေ့ပို့စ်
မှာ ကိုကျော်ထင် လာတွန်းထားတဲ့ ဒုတိယပင်လုံညီလာခံကိစ္စ ပြောကြည့်မယ်ဗျာ။ မစခင် ဆက်စပ်
ပြီး အတွေးထဲဝင်လာတာက ၂၀၁၀ မှာ ကြုံခဲ့တာလေးတစ်ခု။ ကျနော့်အီးမေးလ်ထဲ စာတစ်စောင်ဝင်
လာတယ်ဗျ။ လိုရင်းကတော့ ကျနော်ဟာ အခွင့်အရေးသမား တစ်ယောက်ဖြစ်တယ်ဆိုတာ သူသိ
တယ်ဆိုတာနဲ့ “ဒင်းလိုလူစား သတိထားဟေ့” ဆိုတဲ့ ဆောင်းပါးလင့်ပါ ထည့်ပေးထားပြီး ကျနော့်ကို
“ဂဠုန်ဦးစော” နဲ့ပါ နှိုင်းသဗျား။

     ပထမဦးဆုံး ဘယ်လိုခံစားရသလဲလို့ အင်တာဗျူးလုပ်သလိုမေးရင်တော့ … ဟုတ်ကဲ့၊ စိတ်နည်း
နည်း အနှောင့်အယှက်ဖြစ်ပါတယ်။ ပြီးတော့ ဂုဏ်လည်းယူမိပါတယ်၊ လို့ပြောရပါမယ်။

     ဗိုလ်ချုပ်အောင်ဆန်းတို့တတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ အနှိုင်းခံရတာများ ဂုဏ်ယူစရာ
လားဆိုပြီး ဒေါသထွက်မယ့်သူများ ခဏနေကြပါအုံး။ ဦးစော ဘယ်လောက်ဆိုးသလဲ ကျနော်မသိ
ပါဘူး။ (သိကြသူများ ဖြည့်ပေးရင်တော့ ဝမ်းသာရမှာပါ)။ ကျနော်သိတာက သူနန်းရင်းဝန်ဖြစ်ခဲ့ဖူး
တယ်။ ဆရာစံတို့ လယ်သမားသူပုန်တွေဖက်က ရှေ့နေလိုက်ပေးခဲ့ဖူးတယ်။ အချို့က သူ့အကျိုး
အတွက်မျှော်မှန်းပြီးလုပ်တာလို့ ပြောကြပါတယ်။ ကျနော်ကတော့ တစ်မျိုးတွေးတယ်။ အကျိုးကို
မြင်နိုင်တာကိုက မညံ့ဖူးလို့ထင်တယ်၊ နောက်တစ်ချက်က သူပုန်တွေဖက်က ခြူးတစ်ပြားမှမရပဲ
ဒုက္ခပါရောက်သွားနိုင်တဲ့ စွန့်စားရမှုကို လုပ်ရဲတာ။ နောက်ဆုံးမှာ ဗမာလူမျိုးတွေထဲက ရခဲလှတဲ့
ရာထူးအထိတက်ယူသွားနိုင်တယ်။ ပါချီပါချက်အဆင့်တောင် မတက်နိုင်သေးတဲ့ ကိုယ့်လိုလူကို ဒီ
လိုပုဂ္ဂိုလ်မျိုးနဲ့လာနှိုင်းတော့ ကျနော်ဂုဏ်ယူမိတာ မှားများသွားမလား။ ကိုယ့်နဲ့ နှိုင်းယှဉ်လို့မရတဲ့
အရည်အသွေးတွေအပြင် အာဇာနည်လုပ်ကြံမှုမှာ ဦးစောဟာ ကြားကဓါးစာခံပါဆိုတဲ့ အငြင်းအခုံ
တွေကိုတော့ အရှည်မချဲ့ချင်ပါဘူးဗျာ။

     ခုမှ အပေါ်ကပြောတဲ့ ကိုကျော်ထင်ကိစ္စနဲ့ နည်းနည်းနီးစပ်လာပြီ။ ပင်လုံစာချုပ်မချုပ်ခင်မှာ မိုင်း
ပွန်စော်ဘွားကြီးပြောခဲ့တဲ့ “အင်္ဂလိပ်ကျွန်ကနေ ဗမာကျွန်အဖြစ် လက်ပြောင်းခံရတာမျိုးတော့ မဖြစ်
ချင်ဖူး” ဆိုကာမှ ခုတော့ တကယ်ကိုလာဖြစ်နေတယ်လို့ တိုင်းရင်းသားအတော်များများက ပြောကြ
တာတော့ အမှန်ပဲဗျ။ (သူတို့တာဝန်အရေး ၃ ပါးကြားထဲမှာ ကြီးပြင်းလာသူတွေအတွက်တော့ ချွင်း
ချက်ပေါ့လေ)။

     အလွယ်တကူမြင်တဲ့အထဲက ထည့်တွက်စရာလေးတွေးတော့ ရှိပါတယ်။ ပထမတစ်ချက်က ဒီ
ပင်လုံစာချုပ်လက်မှတ်ထိုးတော့ အနည်းဆုံး ရခိုင်၊ မွန် နဲ့ ကရင်တို့ မပါခဲ့ဖူးဆိုတဲ့အချက်ပါ။ အဲဒီ
တစ်ချက်နဲ့တင် အတော်လေး ဝိဝါဒကွဲစရာ၊ ငြင်းခုံစရာတွေ ဖြစ်နေပါပြီ။ နောက်တစ်ချက်ကတော့
ပင်လုံစာချုပ်မှာ ပါသူ မပါသူအားလုံးအတွက် အာမခံချက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းထုတ်
လိုက်တဲ့အချက်ပါ။ အဲဒီမှာ ကိစ္စကပြတ်သွားပါပြီ။ နောက်ဆက်တွဲတွေကတော့ အပြန်အလှန်အပြစ်
တင်တာတွေနဲ့ ယောင်ဝါးဝါးတွေများသွားပါပြီ။ အဲဒီလိုဖြစ်အောင်လည်းလုပ်ခဲ့တဲ့ ဗမာခေါင်းဆောင်
တွေရှိခဲ့တာကြောင့် ခုထိတဝဲလည်လည်ပေါ့ဗျာ။ (ခုတော့ သူတို့လိုချင်တဲ့ပုံစံ ရနေပြီလေ၊ ရင်ပတ်
ဟောင်းလောင်းနဲ့ ခန္ဓာအစိတ်အပိုင်းအားလုံးလည်း မြင်တဲ့အတိုင်းပေါ့။)

     ဒုတိယပင်လုံဆီ ဆက်မသွားခင် အချက်တစ်ချို့ကိုလည်း ထည့်စဉ်းစားကြည့်ချင်ပါတယ်။
ပထမတစ်ချက် ကရင့်ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်တွေကို ဗမာခေါင်းဆောင်တွေက နေရာ
အတော်များများမှာ “ခင်ဗျားတို့လိုချင်ရင် တိုက်ယူပေါ့ဗျာ” လို့ ပြောခဲ့တာတွေ ရှိတယ်လို့သိရပါ
တယ်။ နောက်တစ်ချက်က ၁၉၄၇ အခြေခံဥပဒေကို လိုရာဆွဲရေးပြီး လူမျိုးစုတွေရဲ့ အခွင့်အရေးကို
ဘယ်လိုမှ ဥပဒေကြောင်းအရ ဖြစ်မလာနိုင်အောင် လုပ်ထားခဲ့တာ၊ ပြီးတော့ လွတ်လပ်ရေးရစမှာ
စစ်တပ်မှာ ကရင်တွေသာများခဲ့တာ အားလုံးလိုလို သိကြမယ်ထင်ပါတယ်။ ကျနော်ကြားမိသမျှက
တော့ ကရင်တွေကိုတိုက်ဖို့ တောခိုခဲ့ကြရာက ဦးနေဝင်းကပါ လိုက်မလိုလိုနဲ့ ကွန်မြူနစ်အပါအဝင်
အခြားအဖွဲ့တွေကို တဖက်လှည့်ပြီး သူပုန်ဖြစ်အောင်လုပ်ခဲ့တယ် လို့ဆိုပါတယ်။ အဖွဲ့စုံက သိမ်း
ထားတဲ့မြို့တွေကို KNDO က ပြန်သိမ်းပြီး အစိုးရလက်ထဲ ပြန်အပ်ခဲ့ပြီးမှ ဦးနေဝင်းက သူ့လက်စွဲ
ဦးစန်းယု၊ ဦးစိန်လွင်တို့တတွေနဲ့ KNDO ရုံးတွေကို ဝင်စီးပြီး တောထဲရောက်အောင် တွန်းထုတ်ခဲ့
တယ်လို့ ဆိုပါတယ်။

     တခါ ဒီဖက်ခေတ်ရောက်ပြန်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနာမည်တပ်ပြီး တဖက်သတ် လက်
နက် ချဖို့ချည်း ပြောနေခဲ့တာ၊ လက်နက်ကိုင်အဖွဲ့တွေကို ကွဲအောင်ဖဲ့ထုတ်တာ၊ နိုင်ငံရေးအရ ဘယ်
တုန်းကမှ မဖြေရှင်းတာ၊ လူမျိုးရေး ဘာသာရေးကိစ္စလေးတွေကလည်း တခါတရံမှာ တမြေ့မြေ့အနေ
အထားထက် ပိုလာတတ်တာတွေအပြင် NLD တောင်မှ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ တိကျတဲ့
ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေ အများသိအောင် ချမပြနိုင်တာတွေဟာ တိုင်းရင်းသားတွေအတွက်
မယုံကြည်ရလောက်အောင် ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ချို့ပေါ့ဗျာ။ အဲ .. တစ်ဖက်မှာတော့
စစ်အာဏာပိုင်တွေဖက်က နည်းနည်းမှအလျော့မပေးပဲ အပြတ်အသတ်နှိပ်ကွပ်မှာရယ်၊ ဒုတိယပင်
လုံညီလာခံကို မရရတဲ့နည်းနဲ့ဖျက်မှာကတော့ အင်မတန်ကို ယုံကြည်စရာကောင်းနေပြန်တော့သကိုး
ဗျ။

[အချုပ်ကို ကြည့်ပြန်တော့လည်း ခေတ်အဆက်ဆက်ဦးဆောင်နေသူတွေဟာ ဗမာ မဟုတ်ရင်လည်း
ဗမာစိတ်ဝင်နေသူတွေချည်းဆိုတော့ တိုင်းရင်းသားတွေဖက်က ကြည့်လိုက်ရင် ဗမာတွေဟာ (အ
ယဉ်ကျေးဆုံးပြောရရင်) ဥာဏ်များတယ်၊ ယုံလို့မရဖူးလို့ ယေဘုယျအဖြေထွက်တာပါပဲ။ ဒါကို အ
ကြောင်းအမျိုးမျိုးပြ ငြင်းကြမှာလည်း သေချာပါတယ်။ အချို့ဗမာတွေအတွက်လည်း နားလည်ဖို့ ခက်
ကောင်းခက်ပါလိမ့်မယ်။ ဒါပေမယ့် အရိုးဆွေးနေပြီဖြစ်တဲ့ ကိုလိုနီနယ်ချဲ့စနစ်ကို ခုထိကြောက်ရွံ့
(အကြောင်းပြ) ပြီး နိုင်ငံ့အာဏာကို ဆုပ်ကိုင်ထားနေတုန်းဖြစ်တဲ့ သူတွေကိုကြည့်ရင် နည်းနည်းတော့
စာနာသဘောပေါက်ပေးနိုင်မယ် ထင်ပါတယ်။ မဖြစ်နိုင်တာကိုတောင် ဗမာအချို့ကြောက်နေကြသေး
တာ၊ တိုင်းရင်းသားတွေက လက်ရှိခံစားနေကြရတာလေဗျာ။ တခါ စစ်အာဏာရှင်တွေကို လက်ညှိုး
ထိုးပြီး လူတစ်စုက လုပ်တာပါလို့ ပြောကြပြန်မယ်။ ဟစ်တိုင်ဝက်ဘ်ဆိုဒ်ရဲ့ ပေးစာကဏ္ဍမှာရေးထား
သလိုပေါ့ဗျာ၊ ဗမာပြည်ကိုသိမ်းတာ အိန္ဒိယ (ကုလား) တပ်တွေပဲ၊ အင်္ဂလိပ်တွေက ဦးဆောင်ရုံဦး
ဆောင်ခဲ့တာ ဆိုသလိုပေါ့။ (ဖြစ်နေတဲ့အနေအထားကို ပြောတာနော်၊ လူမျိုးမုန်းတီးရေး ပြောနေတယ်
လို့ စွပ်စွဲချင်သူရှိရင် နှစ်ခါပြန်စဉ်းစားဖို့ လိုကောင်းလိုပါမယ်။ အမှန်ကိုလက်မခံရင် ဘယ်တော့မှ ဖြေ
ရှင်းလို့ရမယ့် ကိစ္စတွေမဟုတ်ဖူးလို့ သတိပေးချင်ပါတယ်။)]

     ဒီကနေ့အနေအထားကိုကြည့်တော့ ပင်လုံညီလာခံအတွက်ပဲပြောပြော၊ ပြည်သူတွေနိုးကြားလာ
အောင်လို့ပဲဆိုဆို၊ ဒါမှမဟုတ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ နာမည်တပ်တပ် လုပ်လို့ရစရာက
တစ်ကွက်မှ မရှိဖူးလေဗျာ။ ခရီးသွားလာ ဆက်သွယ်ဖို့၊ သတင်းလွတ်လပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်
လင်းလင်း အာဃာတကင်းကင်းနဲ့ ဆွေးနွေးဖို့တွေဟာ ပန်လေသောဘုရားလောင်းဆုလိုပဲ မျှော်လေ
တိုင်းဝေးလေတော့ အင်း … လိုရင်းကတော့ ဒီနိုင်ငံလည်း အုံကြွပြီး အတော်ကလေးသတ်ဖြတ်ကြလို့
ဝမှပဲ ပြောင်းလဲမှုဆိုတာ ရှိလာနိုင်ဖို့ မြင်မိပါတယ်ဗျာ၊ တကယ်ပါ။

(ဝက်ဘ်ဆိုဒ်တွေမှာ ပြောနေကြတာတော့ ရှိပါတယ်။ ဒေါ်စု နိုင်ငံပြင်ပထွက် ဆွေးနွေးဖို့တို့၊ ကိုယ်စား
လှယ်တွေနဲ့တဆင့် ဆွေးနွေးဖို့တို့ စသည်ဖြင့်ပေါ့။ ကျနော်မြင်တာတော့ ဒေါ်စု တစ်ယောက်ပဲ အားလုံးက
ယုံကြည်တယ်၊ နိုင်ငံပြင်ပထွက်ဖို့က နအဖအကွက်နဲ့ကွက်တိမို့ မဖြစ်နိုင်၊ နအဖ ဖက်ကလည်းဘယ်လို
မှ လျှော့ဖို့လမ်းမမြင်ဆိုတော့ မီးတောင်ပေါက်ကွဲမှုကို စောင့်ကြရုံပေါ့ဗျာ။)

     အပျက်မြင်တယ်ဆိုလည်း ခံရမှာပဲ။ ဒါပေမယ့် တဖက်က လုပ်လို့ရနိုင်မယ်ထင်တာကတော့ ဒေါ်စု
နောက်ခံနဲ့ အများပြည်သူကို အသိပညာဗဟုသုတတွေ ဖြန့်ဝေပေးဖို့က စရမယ်လို့ ယုံကြည်မိတာပါ
ပဲ (ဒီမိုကရေစီလိုလားသူတွေအတွက်ကော နအဖခေါင်းဆောင်များရဲ့ သွေးသံမကျမယ့် တစ်ခုတည်း
သောထွက်ပေါက်လို့ နားလည်မိတယ်)။ ဒုတိယ ပင်လုံပန်းတိုင်ကိုသွားဖို့လမ်းဟာ မဖြစ်နိုင်ဖူးမဟုတ်
ပေမယ့် လက်ရှိအနေအထားမှာတော့ အင်မတန်အလှမ်းဝေးနေသေးတယ်လို့ ယေဘုယျမြင်မိတယ်။
ပင်လုံကိစ္စအပြင် ဒီမိုကရေစီအရေးအပါအဝင် မြန်မာပြည်သူပြည်သားတွေအားလုံး အသိပညာဗဟုသု
တ မြင့်မားလာပြီး လိုအပ်တဲ့ ရုပ်ပိုင်း စိတ်ပိုင်း ပြင်ဆင်စရာတွေ အတိုင်းအတာတစ်ခုအထိ လိုတယ်
လို့ မြင်ပါတယ်။ (စားလို့ရနိုင်တဲ့ အနေအထားအထိနူးလာအောင် ချက်ပြုတ်ဖို့လိုသလိုပဲလို့ ခိုင်းနှိုင်း
ရင်လည်း ရနိုင်ပါလိမ့်မယ်။) အဲဒါကို ဘယ်လိုသွားမလဲဆိုတာကတော့ လုပ်ရင်းကိုင်ရင်း ဖြစ်သွားပါ
လိမ့်မယ်။ လုပ်မယ့်လူတွေရဲ့ စိတ်ဓါတ်နဲ့ စွမ်းအားတွေကို ကြိုပြီးအကဲမဖြတ်ချင်ပါဘူး။ စပြီး လုပ်မယ့်
သူတွေသာလိုပါမယ်။ ခုလည်း လုပ်တော့လုပ်နေကြတာပါပဲ။ လူအား ဥာဏ်အား ဘောဂအားတွေ
ထပ်ဆင့်လောင်းပေးဖို့ပဲ လိုပါတော့တယ်။

     အမှန်ကတော့ အပေါ်မှာရေးခဲ့သလို “ဗမာ” လို့ နာမည်တပ်ပြောရမယ့်ကိစ္စနဲ့ပတ်သက်လို့ ရေးရ
မှာကို ဝန်တော့အတော်လေးနေခဲ့မိပါတယ်။ အထူးသဖြင့် ခုလိုရန်သူထက် မိတ်ဆွေရှာချင်တဲ့ အချိန်
မျိုးမှာ မပြည့်စုံတဲ့အသိ လေ့လာမှုနဲ့ စိတ်ထဲရှိတာကို ပြောထုတ်ရတာဟာမလိုလားစရာတွေဖက် ဦး
တည်သွားနိုင်သလို အခြားတွက်ကိန်းချက်ကိန်းတွေနဲ့လည်း အင်မတန်အံချော်တဲ့ လုပ်ရပ်တစ်ခုပါ။
ဒါပေမယ့် အခြားတစ်ဖက်ကိုကြည့်ပြန်ရင် မြန်မာပြည်မှာ (အထူးသဖြင့်) နိုင်ငံရေးနဲ့ သမိုင်းကဏ္ဍ
တွေမှာ ရိုးသားမှု၊ တရားမျှတမှု၊ စိတ်စေတနာအမှန်တကယ်ရှိမှုတွေ အများကြီးလိုအပ်နေပါတယ်။
ကျနော့်အနေနဲ့ ကွက်လပ်ကြီးတစ်ခုထဲကို အစက်ကလေးတစ်စက် ချကြည့်တာပါ။ အားလုံးပါမှ၊ ပြိုင်
တူတွန်းမှ ရွေ့မှာပါ။


မန်းကိုကို
၀၈၊ ၀၁၊ ၂၀၁၁

59 comments:

  1. ကျော်ထင်January 8, 2011 at 3:31 AM

    အခုလို တိုင်းရင်းသားတစ်ယောက် (အထူးသဖြင့် နိုင်ငံရေးနိုးကြားမှုမြင့်မားတဲ့) ရဲ့ အမြင်ကိုကြားရတာ တန်ဖိုးရှိပါတယ်။
    ဆြာမန်း ဆွေးနွေးချက်ကနေ ကျနော် နားလည်လိုက်မိတာကတော့ ဗမာတွေနဲ့ တိုင်းရင်းသားတွေကြားမှာ အတော်ကြီးဟနေသေးပါလားဆိုတာ ပါပဲ။
    အဲဒါသည်ပင် ပင်လုံကဲ့သို့သော (ပင်လုံထက်ပိုမို inclusive ဖြစ်သော) နားလည်မှုတစ်ခုတည်ဆောက်ဖို့ အသည်းအသန်လိုအပ်နေပြီဆိုတာကို သက်သေပြနေတယ်လို့ထင်တယ်။
    တဖက်ကကြည့်ရင်လဲ လက်တွေ့ဖေါ်ဆောင်နိုင်ဖို့ အခက်အခဲတွေရှိတာကတော့ မငြင်းနိုင်ဘူး။ ဒါပေမယ့် မလုပ်ပဲထိုင်နေလို့လဲ မရဘူးဗျ။ ၂၀၁၁မှာ ပေါ်လာမယ့် လွှတ်တော်က အဲဒီလိုကိစ္စမျိုးကို တာဝန်ခံကိုင်တွယ်မယ့်ပုံမပေါ်ဘူး။ အာဏာပိုင် အဖွဲ့အစည်းပူးပေါင်းပါဝင်မှုမရှိပဲလဲ all inclusive ဖြစ်တဲ့ new ပင်လုံမဖြစ်နိုင်ဘူး။ သူတို့မပါနိုင်ပါဘူးလေဆိုပြီး မလုပ်ပဲ ထိုင်နေလို့လဲ မဖြစ်ပြန်ဘူး။
    အဓိက ကတော့ဗျာ စစ်တပ်ကလဲ ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲဖို့မဟုတ်ဘူးဆိုတာ သဘောပေါက်လာဖို့ တိုင်းရင်းသားတွေကဖက်လဲ ၀ိုင်းအားထုတ်ဖို့ လိုတယ်။ ဗမာတွေဖက်ကလဲ တိုင်းရင်းသားတွေထက် ဘိန်းစားချင်းတူတူ သူက တလုံးပိုရှုချင်စိတ်မရှိပါဘူးဆိုတာ အားလုံးလက်ခံလာအောင် ပြနိုင်ဖို့လိုတယ်။ အာဏာပိုင်အဖွဲ့အစည်းရဲ့ ပူးပေါင်းပါဝင်မှု မရရင်တောင် ကျန်တဲ့ အတိုက်အခံနဲ့ တိုင်းရင်းသားအင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ကြရင် ဒါဟာ အာဏာရအဖွဲ့အစည်းအပေါ်မှာ အလွန်ကြီးမားတဲ့ နိုင်ငံရေးဖိအားဖြစ်လာမှာ မလွဲပေဘူး။
    ဒီဖြစ်စဉ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရင် ခဲတစ်လုံးတည်းနဲ့ ငှက် ၃ကောင်လောက် မှန်နိုင်တယ်လို့ထင်တယ်။ နဲနဲပိုပြီး လေးလေးနက်နက် စဉ်းစားပြီးမှ ထပ်လာဆွေးနွေးအုံးမယ်။ တခုတော့ရှိတယ်ဗျ တိုင်းရင်းသားတွေဖက်က သိထားသင့်တာက အခု မြန်မာနိုင်ငံမှာ ဗမာလူမျိုးစု အပေါ် မယုံကြည်မှုဆိုတာ ကို သူတို့စွန်လွှတ်လိုက်သင့်နေပြီ။ တကယ်က ဗမာလူမျိုးကြီးဝါဒပဲ ဆိုဆို၊ တိုင်းရင်းသားများအပေါ်က အုပ်စီးမယ့် ၀ါဒပဲဆိုဆို၊ အဲဒါကိုကျင့်သုံးလက်ခံနေတာ စစ်တပ်ဆိုတဲ့ institution တခုပဲရှိတယ်ဆိုတာပဲ။ civil society နဲ့ အရပ်သားစစ်စစ်တွေဖက်မှာ ဗမာ၊ တိုင်းရင်းသားခွဲခြားမှု ပြသနာ မရှိသလောက်ပဲထင်တယ်။

    ReplyDelete
  2. လေးစားတယ် ဦးမန်း... အနော်လို ငချွတ်ကတော့ ဘာမှတိဝူး.. ဦးမန်းရေးထားတာ.ဖော်ထုတ်ထားတာလေးတွေ ဖတ်ပြီး စဉ်းစားသွားဒယ်

    ReplyDelete
  3. @ မိုးယံ - အေးပါကွာ မင်းလည်းငါ့အရွယ်လောက် ရောက်လာတဲ့အခါကျမှ ဟာ .. ဒီဘဲကြီးဘာတွေလျှောက်ပြောထားခဲ့မှန်းမသိဖူး ဆိုပြီးဖြစ်နေပါအုံးမယ် :-)
    အချိန်၊ အတွေ့အကြုံနဲ့ ဗဟုသုတက စကားပြောလာပါလိမ့်မယ်။

    @ ကိုကျော်ထင် - ပြောတဲ့ “ဟ” နေတယ်ဆိုတာ မှန်ပါတယ်။ အချို့ဗမာတွေက ဒါကိုနောက်လှည့်မကြည့်ပဲ ရှေ့ကနေ မြေရှိုးမိုးပျံနေကြလေတော့ နောက်ကကြည့်နေတဲ့ တိုင်းရင်းသားတွေက ပါးစပ်ကလေးတွေပွင့်လို့၊ ပြီးတော့ ဟာ .. မဖြစ်သေးဖူးထင်ပါရဲ့ကွာ ဆိုတာမျိုးတွေဖြစ်နေကြတာကိုသိဖို့ စိတ်ဝင်စားရင်တော့ အခြေခံတစ်ချက် ပြည့်စုံလာပြီလို့ ပြောနိုင်မှာပါ။

    - နားလည်မှုတည်ဆောက်ဖို့ အသည်းအသန်လိုတာလည်း ဟုတ်ပါတယ်။ လောလို့တော့ မရဖူးပေါ့။

    - အခက်အခဲတွေရှိသလို ထိုင်နေလို့မရတာလည်း မှန်တာပါပဲ။ အခု NLD စလုပ်နေတဲ့ ပင်လုံဆီကိုဦးတည်တဲ့ အဆင့်သုံးဆင့်ဆိုတာမျိုးတွေဟာ ကောင်းပါတယ်။ (ဒါပေမယ့် တင်ကြိုချပြတဲ့ သဘောထားတွေဘာတွေ အသေးစိတ်က မပါပြန်ဘူး)။

    - စစ်တပ်ကလည်း အခြေနေမှန်တွေကို နားလည်တဲ့အပြင် လက်ခံလာဖို့နဲ့ ပူးပေါင်းပါဝင်ဖို့ အရေးကြီးတာတော့ သေချာပါတယ်။ ဒါကတော့ အခက်ဆုံး အလုပ်တွေထဲက တစ်ခုပေါ့ဗျာ။ ပြည်သူတစ်ရပ်လုံးနီးပါးက စုစည်းပြီး ဖိအားကြီးကြီးမားမား ပေးတာကတော့ အင်မတန်ကောင်းပါတယ်၊ လက်တွေ့ပဲ ခက်နေတာပါ။

    - တိုင်းရင်းသားတွေဖက်က မယုံကြည်မှုတွေကို စွန်လွှတ်လိုက်သင့်တာဟာလည်း နည်းလမ်းကျပါတယ်။ တစ်ဖက်ကလည်း ဒီလိုစွန့်လွတ်ဖို့ကို ဗမာတွေဖက်က ရှေ့ဆောင်ပြဖို့လိုပြန်ပါတယ်။ တိုင်းရင်းသားတွေဖက်ကလည်း အကဲပိုတယ်ပြောရမလား၊ ချွန်ထွက်သွားတယ်ပြောရမလား၊ ချော်တောငေါ့သွားတယ်ပြောရမလားပဲ အချို့နေရာမှာ ပြင်သင့်တယ်လို့ ပြောရလောက်အောင် ဖြစ်နေတာတွေကတော့ သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ တာဝန်ပေါ့ဗျာ။

    - နောက်ဆုံးတစ်ခုကတော့ ကိုကျော်ထင်နဲ့ သဘောနည်းနည်းကွဲနိုင်တယ်ဗျ။ ကျနော်မြင်တာကတော့ စစ်တပ်ဟာလည်း ဒီနိုင်ငံက ဒီလူတွေနဲ့ပဲ တည်ဆောက်ထားတာဆိုတော့ သာမန်သူသူငါငါတွေရဲ့ အတွေးအခေါ်တွေ အများကြီးသက်ရောက်မှုရှိနေတယ်လို့ မြင်မိတယ်။ ဒီတော့ တစ်နိုင်ငံလုံးက အမြင်နဲ့စိတ်ဓါတ်တွေကို မပြင်ရင်တောင် လမ်းကြောင်းပေးဖို့ လိုအပ်နေတယ်လို့ နားလည်ထားတယ်။ ဒါကြောင့်လည်း ခေတ်အသိပညာ ဗဟုသုတတွေကို လူတိုင်းလက်ထဲရောက်အောင် လက်ဆင့်ကမ်းပေးနိုင်ဖို့ကို ကျနော် တစိုက်မတ်မတ် ကြိုးစားထည့်ပြောနေတာပါ။ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်သလို ကိုယ်ပိုင်နားလည်သိမြင်လာမှုတွေနဲ့ ဆုံးဖြတ်မှုတွေကို ပျိုးထောင်ပေးနိုင်ရင် မြန်မာတစ်နိုင်ငံထဲတင်မက ဘေးဝန်းကျင်တွေကိုပါ ကူးစက်ပြီး အကောင်းဖက်ကိုချည်း ဦးတည်စရာရှိတယ်လို့ ယုံကြည်ပါတယ်။

    ရေးရင်းနဲ့ ကျန်ခဲ့တာတစ်ချက်က လွတ်တော်ကိစ္စပါ။ ဘယ်သူသဘောတူတူ မတူတူ သူတို့ကတော့ ဆက်သွားနေကြမှာပဲ။ အဓိကဇာတ်ကောင်ကတော့ လက်ဝါးကြီးအုပ်ထားတဲ့ ကြံ့ဖွံ့အဖွဲ့ပေါ့ဗျာ။ ရေရှည်မှာတော့ ခုတ်ကြလုကြရင်း အချင်းချင်းကွဲလာစရာ အများကြီးရှိသလို ကွန်ယက်ဖွဲ့ပြီး သြဇာညောင်းနေပေမယ့် ရာထူးလက်ရှိမဟုတ်ကြတော့လို့ အဆင်းဖက်ဦးတည်နေတဲ့ သူတို့အထက်ပိုင်းက ခေါင်းဆောင်တွေနဲ့ ရာထူးလက်ရှိတွေရဲ့ အရှုပ်တော်ပုံတွေ အများကြီးဖြစ်လာဖို့ ရှိပေမယ့် ဘယ်လိုဖြစ်ဖြစ် သူတို့လည်း လက်ရှိမြန်မာပြည် လူ့အသိုင်းအဝန်းထဲက အင်အားစုတစ်ခုလို သဘောထားပြီး ညှိသင့်ညှိရမှာပါပဲ။ အသေးစိတ်ပြောရခက်ပေမယ့် ယေဘုယျ မမေ့ဖို့၊ စိတ်ထဲထည့်ထားဖို့ တစ်ချက်ပါ။

    နောက်ဆုံးတစ်ချက်က အပေါ်ကပို့စ်ဟာ မပြည့်စုံသလို ထပ်ဖြည့်စရာ ကွက်လပ်ကလေးအချို့ ကျန်နေပါသေးတယ်။ ဒါကြောင့် သမိုင်းကိစ္စနဲ့ တိုင်းရင်းသားတွေ (အထူးသဖြင့် ကရင်တွေ) နဲ့ပတ်သက်လို့ ပို့စ်နှစ်ခု ထပ်တင်ရင် နည်းနည်း ပိုလိပ်ပတ်လည်သွားမယ်ထင်ပါတယ်။ နောက်ရက်ပိုင်းအတွင်း ကြိုးစားပြီး ပြီးအောင်ရေးကြည့်ပါ့မယ်။

    ReplyDelete
  4. You stated that KNDO had fought back offices from communists and gave those to Burmans and KNDO was forced to betray the federal state.
    I think this is your opinion, heresays and wishful thinking and I have not read in any
    book written by either Burmese or foreign
    authors. Please give me references or any
    solid evidence. Otherwise, please read the
    books written by retired Col. Tin Maung and
    Saw San Phoe Thin memoirs.

    I will start with Shans, Shan rulers were powerful till Taung Ngu dynasty, Ba Ying Naung managed to subdue those powerul Shan rulers as tribunal states of Taung Ngu. Since then Shans
    become part of Burma, when British India armies
    annexed Burma. Shans are with us and so it is
    very logical for independent Burman to inherit the same map British Burma. Chao Phyas are not
    as benevolent rulers as you thought, I have a
    relative who is a business man in Shan state
    and he still gets those worships from some old
    naive people. For me, it is sick, it is Feudal
    state. I am glad we get rid of Feudalism from
    our country. The real issue with Shans today
    is that if we let them split, we will be giving
    leverage to Thailand. I am sick of seeing them
    worshipping the fucker king from neighbouring
    country.

    What happened with KNDO and Burmans is not race.
    Most Burmese think Ka Yins are good folks but
    the problem was we do not know what happened.
    Reds used Ka Yin mutiny as a lever to make deals
    with fellow Burmese and those negotiations did not go through. You can look at archives in Burmese newspapers head quarters in Rangoon.
    The real issue with KNU and KNDO was that the
    Kayni state they were asking whole lower Burma. Which is not something Burmese or Mons or Kayah or Pa Oh or Beit thar and Ta voi men can accept.

    Burmese also mistrusted some Karen officers, no
    one accused BG Saw Kya Doe, but not what they were thinking of Smith Doun. One real issue between Burmese and Karen was that Karen was
    a favoured race by divide and conquer rulers,
    manipulative British. So Burmese were jealous
    of Karens and so when they got the chance,
    some crackers among Burmese did bad things to
    Karens and so shit happened.

    I disagreed with your assertions about U Ne Win.
    He cannot forsee and planned that ahead, Burmese
    army was weak, there were Levis, volunteers but
    they were not a match for Karen battalions. If
    you read Aung San Thuriya private Hla Thaung who
    fought for Col. Chit Myaing, whose Burmese 3rd
    rifle fought with 2nd Kayin, you will see their
    dismal state. So U Ne Win or any other Burmese
    army officers or U Nu or U Kyaw Nyein will think
    of doing that. Even Col. Maung Maung (later BG Maung Maung) was captured by KNLA and he was nearly executed. He converted to Catholism as per Yangon Ba Swe. Was that U Ne Win's plot too? Will anyone claim so? I have Karen friends. I am surprised that they believe - they are uni graduates - that they are lost
    tribe of Israel. British exploited that very
    well and they are also to be blamed. Anyway,
    good to start this topic as people can share.

    ReplyDelete
  5. ကိုမန်းကောက်ကိုင်လိုက်တာတော့ချီးကျူးပါတယ် ။ ဒါပေမဲ့  ကိုင်လိုက်တဲ့  တော့ပစ်နဲ့ လိုက်အောင်ဆိုရင် စိတ်ခံစားမှုတွေကိုဘေးဖယ်ထားပြီး hard facts တွေကိုဘဲ ကြည့်သင့်တယ်ထင်တယ် ။
    ခုအခြေအနေကို ရှင်းချင်ရင် ၁၉၄၇ နိုင်ငံရေးနဲ့  လက်နက်ကိုင်အင်အားစုတွေရဲ့  အင်အားချိန်ခွင်လျှာနဲ့  အဲဒီအင်အားစုတွေထဲ က လူတယောက်စီရဲ့ motives and emotions ကိုစိတ်ရှင်းရှင်းလေ့လာရမယ် ။ အဲလောက်ရှုပ်ထွေးတဲ့  ပြဿနာကြီးကို နေ၀င်းမကောင်းလို့  လို့  တကြောင်းထဲ အဆုံးသတ်လို့ မရပါ ။ ဦးစောပေါ်တောင်သဘောထားကြီးနိုင်သေးတဲ့  ကိုမန်းဟာ နေ၀င်းကျမှ စထဲကကောင်းတဲ့ ကောင်မှမဟုတ်တာလို့  သုံးသပ်ချလိုက်ပုံကတော့ critical thinking :P အားကောင်းလှချီလား လို့  ရီမိပါကြောင်း

    ReplyDelete
  6. @ ကိုတင့်ဦး

    နောက်တယ်လား ဆရာ :-)
    ဆရာပြောတာတွေက မမှားပါဘူး၊ ဒါပေမယ့် ကျနော့်တင်ဆက်ပုံက အခြေအနေကို ခြုံငုံသုံးသပ်ရင်း ကိုယ့်သိတဲ့အချက်တစ်ချို့ကို ထည့်ပြီးဆွေးနွေး ချပြသွားတဲ့သဘောပါ။

    ဦးနေဝင်းကိစ္စကတော့ ကြားသိရတဲ့အတိုင်း ထည့်ရေးပြီး တွေးစရာလေး ချပေးတယ်လို့ ယူဆလို့ရပါတယ် (ပြောပြတဲ့ ဆရာကြီးကိုလည်း စာအုပ်ရေးဖို့ တိုက်တွန်းထားပါတယ်)။ ဆက်ရှင်းရရင်တော့ ဦးနေဝင်းနဲ့ပတ်သက်လို့ ကျနော်စိတ်ခံစားမှု မပါပါဘူးဗျာ၊ သူတော်တဲ့အကြောင်းတွေကတော့ ဦးစောထက်တောင် များနိုင်လို့ ချန်ထားခဲ့ရပါတယ် :-)

    အပေါ်ကပြောသလိုပဲ ကိုကျော်ထင်ရဲ့ မေးထားတာကို စာပြန်တဲ့အနေနဲ့ ခြုံငုံရေးထားတာမို့ အသေးစိတ်ကိုတော့ နောင်စာအုပ်စာတမ်းတွေ စုံလာတဲ့အခါ၊ ကျနော့်ပညာရေးလည်း ပိုမြင့်လာတဲ့အခါကျမှ ရေးပါရစေဗျာ။ အဲဒီအခါကျရင်တော့ ပညာရှင်စာတန်းလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
    (လောလောဆယ်တော့ သွားလည်းနည်းနည်းကိုက်နေလို့ အာရုံသိပ်စိုက်လို့ မရဖူးဗျ)။

    ReplyDelete
  7. @ Anonymous

    အင်း .. တော်တော်ရှည်ရှည်ဖြေရမယ့်ပုံစံပဲ။
    ပထမတစ်ပိုဒ်အတွက်ပြောရရင်တော့ ဒီပို့စ်ဟာ အပေါ်ကကိုတင့်ဦးကို ပြောခဲ့သလိုပဲ အတိုချုပ်ပါ။ အသေးစိတ်ပြောဖို့ကတော့ အင်မတန်ကျယ်ပြန့်တာမို့ နောက်နောင်များမှပဲ ပြည့်ပြည့်စုံစုံရေးဖို့ ကြိုးစားပါ့မယ်။ ခုနေ သိသမျှအနည်းအကျဉ်းလောက် ချရေးပြရင် စိတ်ခံစားချက်နောက်လိုက်တယ်တို့၊ အချက်အလက်တွေက တဖက်သတ်ဖြစ်တယ်တို့နဲ့ ပိုရှုပ်သွားနိုင်ပါတယ်။ မကြာခင်ကလည်း သမိုင်းနဲ့ပတ်သက်လို့ ရေးနိုင်သားနိုင်တဲ့ အနည်းဆုံး ၂ ဦးလောက်နဲ့ တွေ့ဖြစ်တဲ့အခါမှာ သူတို့သိသမျှ လေ့လာထားသမျှတွေကို စာပေအဖြစ်တင်ဖြစ်အောင် ရေးကြတင်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ မြန်မာပြည်မှာ ကနေ့ သိကြ သင်နေကြရတာတွေဟာ ဗမာ့သမိုင်းလို့ ခေါ်လို့ရပါတယ်။ မှန်မမှန် တိကျမတိကျကိုတော့ မငြင်းလိုပါဘူး။ ဒါပေမယ့် စောစံဖိုးသင်နာမည်ပါ ပါလာလို့ နည်းနည်းပြောပါမယ်။ သူစာကို ဘယ်လောက်အတိုင်းအတာထိ ရေးခွင့်ရခဲ့သလဲ မသိပေမယ့် သူအညံ့ခံခဲ့တာဟာ မှားပါတယ်လို့ ဝန်ခံခဲ့သူတစ်ယောက်ဖြစ်သလို သေတဲ့အထိ အိမ်နဲ့မလှမ်းမကမ်းမှာ လူနှစ်ယောက်နဲ့ စောင့်ကြည့်ခံနေခဲ့ရသူပါ။ သေဆုံးချိန်မှာလည်း တကယ်သေမသေ လူတစ်ယောက်လွတ်ပြီး ပါးလိမ်ဆွဲတာကို ခံခဲ့ရပါတယ်။

    နောက်တစ်ခုက ပဒေသရာဇ်စနစ်ကို ဖြုတ်ချရာမှာပါခဲ့တဲ့ ရှမ်းပြည်လူငယ်ခေါင်းဆောင်(ဟောင်း) ဦးရွှေအုန်းရဲ့ နောင်တရကြောင်း ရေးခဲ့တဲ့စာအုပ်ကို ကြားဖူးမယ်ထင်ပါတယ်။ ရှမ်းပဒေသရာဇ်တွေ ကောင်းတယ် မကောင်းဖူးကို (အပေါ်မှာစွပ်စွဲခံရသလို) မပြောလိုပါဘူး။ သူ့ခေတ်နဲ့သူ့အခါ အဆိုးအကောင်းတွေရှိခဲ့တာ သိထားပါတယ်။

    တဆက်ထဲမှာပဲ ကျိုးကြောင်းကျတယ်ပြောထားလို့ ရှမ်းနဲ့ ဗမာပြည်ကြား ချိတ်ဆက်မှုတွေကိုကြည့်တော့ ထိပါးလာသူတွေကို နှိမ်နင်းတယ်ဆိုတဲ့စကားနဲ့ နယ်ချဲ့တယ်ဆိုတဲ့စကားကြား၊ နိုင်ငံ (nation state) တွေလို့ ခေါ်ဝေါ်ပေါ်ထွက်လာချိန်နဲ့ မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းပိုက်တဲ့ ကာလအပိုင်းအခြား၊ အရင် လက်ဆောင်ပဏ္ဍာဆက်ရတဲ့ လက်အောက်ခံနယ်မြေနဲ့ အခုခေတ်တိုက်ရိုက်အုပ်ချုပ်မှု စသည်ဖြင့်ယှဉ်တွေးမယ်ဆိုရင် ပြောစရာဆိုစရာတွေ အများကြီးဖြစ်လာဖို့ သေချာပါတယ်။ အချိန်ရတဲ့အခါမျိုးမှာ သရုပ်ပြန်ခွဲကြည့်စေချင်ပါတယ်။ လက်ရှိအခြေအနေမှန်တွေကို လစ်လျူရှုလို့မရသလို ထည့်စဉ်းစားစရာတွေ စုံလင်ပါမှ အားလုံးလက်ခံနိုင်မယ့် အခြေအနေတစ်ရပ်ကို ရောက်နိုင်မယ်လို့ ယူဆပါတယ်။ (စကားမစပ် သူတစ်ပါးနိုင်ငံရဲ့ artificial ပဲပြောပြော အထွဋ်အမြတ်ထားတဲ့သူကို စကားလုံးကြမ်းကြမ်းသုံးဖို့ ပညာတတ်တစ်ယောက်အနေနဲ့ နှစ်ခါပြန် စဉ်းစားသင့်ပါတယ်။ အပြင်မှာ ဆွေးနွေးလို့ of the record က တစ်ကဏ္ဍပါ။)

    ReplyDelete
  8. @ Anonymous

    နောက်တစ်ပိုဒ်မှာရေးထားသလို “the problem was we do not know what happened” ဆိုလိုက်မှ အားလုံးရှင်းသွားပါတော့တယ်။ ဟုတ်လည်းဟုတ်သလို တဖက်မှာလည်း အပေါ်က ဗိုလ်မှူးကြီးတင်မောင်နဲ့ စောစံဖိုးသင်တို့ရဲ့ စာတွေကို ဘယ်လိုသဘောထားမလဲလို့ မေးစရာတွေ ပြန်ပေါ်လာပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ မှန်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် အတိအကျကိုတော့ နှစ်ပေါင်းအများကြီး စောင့်ရဦးမယ်ထင်ပါတယ်။ ဆိုလိုတာက KNDO အပါအဝင် အဲဒီအချိန်က ကစားသမားတိုင်း (အဖွဲ့တိုင်း) အမှားရော အမှန်တွေပါ လုပ်ခဲ့ကြသလို ဘယ်သူမှ ကိုယ်ကောင်းတာကလွဲရင် အကုန်မပြောကြသေးတဲ့ အခက်အခဲက ရှိနေပါတယ်။ တစ်ခုရှိတာက နိုင်ငံမတည်မငြိမ်ဖြစ်မှာစိုးလို့ ခုထိပိတ်ထားတဲ့အပိုင်းလည်း ပါပါလိမ့်မယ်။ တစ်ခုဝန်ခံရမှာကတော့ နယ်မြေတောင်းတဲ့ကိစ္စမှာ ကရင်တွေဖက်က လွန်လွန်ကျွံကျွံကို ဖြစ်သွားတယ်လို့ ယူဆနိုင်ပါတယ်။ (ခုခေတ်စစ်အာဏာပိုင်တွေလို အင်အားကြီးတော့ ဆွေးနွေးတဲ့အခါတိုင်း လက်နက်လုံးဝချဖို့ချည်း ပြောနေတာနဲ့ သွားဆင်နေမယ်ထင်ပါတယ်။)

    အင်္ဂလိပ်တွေရဲ့ သွေးခွဲအုပ်ချုပ်ရေးစနစ်ကတော့ ဟုတ်လည်းဟုတ်တယ်၊ အကုန်လုံးလည်းမဟုတ်ဖူးလို့ ပြောရပါမယ်။ သူတို့ဟာ ဒေသခံတွေကိုအုပ်ချုပ်ရာမှာ လူမျိုး၊ ဘာသာ၊ ဓလေ့တွေနဲ့ အသုံးချလို့ရတဲ့အပေါ် မူတည်ပြီး စနစ်တကျ ဆုံးဖြတ်လုပ်ကိုင်သွားတာကြောင့် ဒီကိစ္စကတော့ အပြန်အလှန်ပြောစရာ အရှည်ကြီးပါပဲ။ သွေးခွဲတယ်လို့ လုံးဝဥသုံ တစ်ထစ်ချပြောလို့ ရနိုင်မယ်မထင်ဘူး။

    ဦးနေဝင်းကိစ္စကတော့ ကြိုတင်ပြင်ဆင်တာထက် သူအဆင်ပြေသလို လှုပ်ရှားသွားပုံရပါတယ်။ နောက်ဆုံး KNDO တွေ ရန်ကုန်သိမ်းနိုင်မယ့် အနေအထားကနေ အခြေအနေပြောင်းသွားတာဟာ အချို့လည်း ပြည်ပနိုင်ငံတွေလက်ချက်၊ ရန်ကုန်ကလူတွေအားလုံးရဲ့ စွမ်းစွမ်းတမံ တွန်းလှန်မှု၊ စစ်ပရိရာယ်ကြွယ်ဝမှုလို့ ပြောကြပြီး တစ်ဖက်မှာကျတော့ ဗမာတွေ လူလည်ကျသွားတာ စသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ အဆိုပြုချက်တွေ ရှိကြပါတယ်။ ကိုယ်ရောက်နေတဲ့နေရာနဲ့ သိသမျှအပေါ်မူတည်ပြီး လိုရာကိုဆွဲယုံလို့ရပါတယ်။ ဥာဏ်သာသူ စားသွားတယ် ပြောချင်လည်းရပါတယ်။ ဖတ်ဖူးတာတော့ အဲဒီအချိန်က ဟာဂျီမဒေါ်ပု လေယာဉ်နဲ့နိုင်ငံတကာလှည့်ပြီး နိုင်ငံပိုင်ကျောက်မျက်ရတနာတွေကို ဦးနေဝင်းစေခိုင်းချက်နဲ့ လိုက်ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လက်နက်ဝယ်ဖို့ပါ။ (မဆလခေတ် မဂ္ဂဇင်းတစ်စောင်မှာ ရေးထားတာပါ။ ဒေါ်ပုဟာ မွတ်ဆလင်ပါ)။

    “I am surprised that they believe - they are uni graduates - that they are lost tribe of Israel.” ကိစ္စကတော့ ကြားရသိရပါတယ်။ ဒါတင်မကပါဘူး ကရင်တွေရဲ့ ယဉ်ကျေးမှုဓလေ့တွေ တိမ်ကောလာရတာကိုပါပေါင်းပြီး အပြစ်တင်လို့ရတာကတော့ ခရစ်ယာန်သာသနာပြုတွေကိုပါပဲ။ ဗြိတိသျှအစိုးရဆိုပြီး အပြစ်ပုံချလို့ ရလောက်အောင်တော့ သိပ်မသေချာပါ။
    ရှည်လည်းရှည်သွားပါပြီ၊ နောက်တစ်နေ့မနက်စောစော သွားဆေးခန်းပြဖို့ အိပ်သင့်ပြီမို့ နောက်များမှပါပဲ။

    ReplyDelete
  9. ကျော်ထင်January 10, 2011 at 5:22 AM

    ကျနော် ဆွဲထုတ်တဲ့ အစကနေ အခုလို နှံ့နှံ့စပ်စပ်ရှိပုံပေါက်တဲ့သူတွေ ၀င်ရောက်ဆွေးနွေးလာကြတာ ၀မ်းပဲသာရမလား၊ ၀မ်းပဲနာရမလားမသိဘူး။ ၀မ်းသာတာကတော့ ကျယ်ကျယ်ပြန့်ပြန့်ပိုပြောဖြစ် လာကြမှာကိုပါ၊ ၀မ်းနာရမှာကတော့ သမိုင်းဖြစ်စဉ်တွေကို နှံ့စပ်ဟန်တူတဲ့ ကိုတင့်နဲ့ ဘိုလိုရေးသွားတဲ့ အမည်မသိတို့နှစ်ယောက်ပြောစကားတွေမှာ တည်တည်တံ့တံ့ ဆွေးနွေးချက်တွေနဲ့ မသင့်လျော်တဲ့ ခနိုးခနဲ့လေသံတွေ၊ သူများနိုင်ငံက အမြတ်တနိုးထားတဲ့ ခေါင်းဆောင်ကို မိုက်မိုက်ရိုင်းရိုင်းပုတ်ခတ်တာတွေပါလာတော့ နဂိုက ရစ်နေတဲ့ ၀မ်းနာရပါတယ်။
    ဆရာသမားတို့ကို တောင်းပန်ပါတယ်။ hard facts တွေနဲ့ ပြောကြကြေးဆို ကိုယ်တိုင်ကလဲ အဲလိုပဲကျင့်သုံးလိုက်နာကြပါ။
    ကျုပ် ဆြာမန်းကို ဒါရေးဖို့တောင်းဆိုတဲ့ ရည်ရွယ်ချက်ကိုက တိုင်းရင်းသားတစ်ယောက်အနေနဲ့ သူ့ဖက်က ခံစားချက်ပါတဲ့ အမြင်ကို တမင်သိချင်လို့မေးတာပါ။ ဒါဟာ ဟန်ဆောင်ပန်ဆောင် လူကြားကောင်းအောင်ပြောနေတာထက် ပိုအရေးကြီးပါတယ်။ ရှေ့ကိုခရီးမြန်မြန်ပေါက်အောင် လျှောက်နိုင်ဖို့ နောက်ကိုသိပ်လှည့်ကြည့်လို့မရပါဘူး။ ဒါပေမယ့် ရင်ထဲမှာ မျိုးဆက်အဆင့်အဆင့် အမြစ်တွယ်နေတဲ့ ခံစားချက်ကိုတော့ ဆွဲထုတ်ကြည့်မှဖြစ်ပါလိမ့်မယ်။
    ဆရာသမားတို့ ရှေ့ဆက်ဆွေးနွေးမယ့် ဟာတွေကို ဆက်လက်စောင့်မျှော်နေပါမယ်။

    ReplyDelete
  10. Yes, I agree with you for that comment.
    Since I do not have any good regards to
    feudals or royals of any kind, and worse
    I see that neighbour was acting as a nice
    chap while he was also benefited from our
    miseries, I was a bit rude. For SSA South
    is worshipping him or his predecssoprs
    great great grand daddies by erecting a
    statue, so that made me bashed that old
    good actor :D) with non diluated 100%
    degree pure full hatred.

    ReplyDelete
  11. This is the interview with Col. Chit Myaing,
    who led remaining companies of third Burman
    rifles with 2nd Karen that was decisive for
    post world war 2 history of Burma. Not in
    this interview, but claimed by Tat Kyat
    Maung Htoo (ex-major) in Aung San Thuriya private Hla Thaung biography, the author
    said, the Col. Chit Maung felt puzzled why
    2nd Kayin was as strong as a mechanized
    brigade with armoured and ammos those can
    fully equipped a brigade. The formation of
    a brigade was 4 times than a battalion and
    2nd Karen was infantry battalion but their
    convoy has a lot of armoured vehicles.

    http://www.burmadebate.org/archives/julaug97bttm.html#Colonel

    You can confirm in another book, by Col.Tin
    Maung. The mistrust between some Burman
    officers like Bo Sein Mann (Sein Mann YanDa
    Yar commander who was killed when bombing
    from the passenger cockpit of a fighter jet).
    So Burmese army, however cunning the leaders
    you want to accuse, were not in a powerful position to purge. Again check Theik Ka Tho
    Phone Naing, who also fought in that Insein
    front. The point is there were villains on
    both sides, and victims on both sides in
    that era.

    The real issue for Burmese state dealing with
    Shans harshly is because that Thai expansionism
    and Shan's pro Thai stance. The reason UWSA is
    now being allowed to reach northern Thailand
    under China's blessing is because to counter
    the expansion of Thais and their ethnically
    close Shans in Burma. If we let autonomy to
    Shans, I have Shans in my extended family and so I am amazed at their patriotism but it is
    not because Burmans do not want Shans autonomy,
    the real danger is Thailand. If Shans chose to
    be with Thailand, we will be facing stronger
    arch rival growing economically, militarily in
    our eastern borders and that can threat Burman
    heartlands. That is the real issue Burmese will
    face. In the past, kings sacrified their subjects lives, but now, although Shan highlands
    may be independent in the past, they have been
    with us for so long. No way, we should or can let them join with Thailand forming greater Thailand, exposing our flanks to Thais. Worse,
    it will be risky for us as South Western China
    has some Tai groups, and China will not like to
    see Shans being part of greater Thailand, even
    as an autonomous state of Burma, with close ties
    with Thailand, will be neighbouring their Tais.
    So if we let Shans go, we may have to wage war
    with China, or our eastern borders may be very
    hostile. So those are not very wise for Burmese.
    The point is there were crackers in both sides
    in the past, now we have cracker, we still have
    mistrusts, but at least this conversation is a
    good starting point. Yes I am a foul mouthed guy but this is a good blog topic Par Ka Nyout!

    ReplyDelete
  12. အပေါ်က Anonymous ကို ပြန်မဆွေးနွေးခင် စကားပလ္လင်တွေ နည်းနည်းခံရပါဦးမယ်။

    ကျနော်ငယ်စဉ်က အိမ်မှာလူလေးယောက်မရတဲ့ ထင်းရူးသေတ္တာနဲ့ စာအုပ်အပြည့်ရှိပေမယ့် အသုံးမဝင်လှတဲ့ စာပေဗိမာန်ထုတ် စာအုပ်တွေပဲ များခဲ့ပါတယ်။ ထင်ရှားတဲ့သူတွေရေးတဲ့ စာအုပ်အချို့ကို မြည်းစမ်းဖူးပေမယ့် ကျွတ်ကျွတ်ဝါးသလိုဖတ်ပြီး စိတ်အာရုံနည်းတာမို့ သိပ်မှတ်မထားခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် ကိုတင့်ဦးက ကျနော့်ထက် သမိုင်းဖက်မှာ အများကြီးနှံ့စပ်ပါတယ်။ မြန်မာပြည်မှာ ကနေ့သိနေ သင်နေကြတဲ့သမိုင်းဟာ ဗမာ့သမိုင်းပဲဆိုဆို၊ ဗမာတွေ စိတ်ကြိုက်တည်းဖြတ်ထားတယ်၊ ရာဇဝင်နဲ့ မသဲကွဲဖူးပဲပြောပြော ကိုတင့်ဦးတို့လို ပိုနှံ့စပ်သူက ဆွေးနွေးပေး တင်ပြပေးရင် အကျိုးပိုမယ်လို့ ထင်ပါတယ်။ (လိုနေ မှားနေတာတွေ ရှိရင်လည်း ဆရာ့ဆရာများထပ်ဝင်လာပြီး ထောက်ပြပေးမယ်လို့ မျှော်လင့်ပါတယ်။) ကျနော်လိုနေတယ်ထင်တာ လွဲနေတယ်ထင်တာကို (စိတ်ခံစားမှုပဲပါပါ) ဝေဖန်ထောက်ပြတာကို စိတ်ထဲဘယ်လိုမှ မထားပါဘူး။ အားနာစရာ မလိုပါဘူး။ ကိုယ်လည်းမပြည့်စုံတာကြောင့် ပို့စ်ကိုတောင် “၁.၁” လို့ပဲ ခေါင်းစဉ်ပေးရဲတာပါ။

    ပထမ Anonymous ပြောတဲ့ နှစ်ဖက်တပ်တွေရဲ့ ကွားခြားမှုဟာ ဖြစ်နိုင်ပါတယ်။ အလှည့်အပြောင်းမှာ အဓိကကျတဲ့ အချက်အချို့ကတော့ ကရင်တပ်တွေ ရန်ကုန်သိမ်းကာနီးမှာ လက်နက်ခဲယမ်းဖက်မှာ အတော် အခက်အခဲရှိနေပြီလို့ သိရပါတယ်။ နောက်တစ်ခုက အပစ်ရပ်ဆွေးနွေးတာကို ကရင်တွေက စောင့်ထိန်းလိုက်တာကြောင့်လို့ ဆိုသူတွေလည်း ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်လေးမှာ မြန်မာပြည်အနှံ့က တပ်တွေကို ပြန်စုလိုက်နိုင်ပြီး (အပေါ်ကပြောတဲ့ ဒေါ်ပုတို့လိုလူတွေ ရှာပေးတဲ့ငွေနဲ့) လက်နက်တွေ ဖြည့်တင်းနိုင်ခဲ့တဲ့အချိန်မှာ ကရင်တပ်တွေက သူတို့နှာခေါင်းထိပ်လေးတင်ကပ်ပြီး ဝင်လာတဲ့စစ်ကူတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေခဲ့ ကြရတယ်လို့လည်း သိရပါတယ်။ ပြန်မဖြစ်နိုင်တာတွေကို တမ်းတပြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းတွေသင်တဲ့အခါ ဒါတွေထည့်ပြောမယ် မထင်လို့ ထည့်ရေးတာပါ။

    ဘုရင်စနစ်နဲ့ ထိုင်းဘုရင်ကိစ္စကတော့ နည်းနည်းပြောချင်ပါတယ်။ အရင်က ထိုင်းနိုင်ငံအကြောင်း ပို့စ်ရေးနေရာက ဆက်မရေးပဲ ဖြတ်ထားတာကြောင့် သိထားတဲ့ အကြွင်းအကျန်ကလေးတချို့ကို ထည့်ပေးတဲ့သဘောလည်း ပါပါတယ်။ ယေဘုယျ ဘုရင်စနစ်ကို ဒီဖက်ခေတ်အထိ ဆွဲယူလာတာကတော့ ဘဝင်သိပ်ကျလှတယ်မဟုတ်ပေမယ့် သူများရဲ့အမြစ်တွယ်နေတာကို အပြစ်လို့တော့ သွားမပြောရဲပါဘူး။ ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုကို အပုပ်ချတယ်လို့ ယူဆရင် သူတို့ရှိထားတဲ့ သားရေပင်ဥပဒေကလည်း နိုင်ငံခြားသား အတော်များများကိုတောင် ဒုက္ခပေးခဲ့ပြီးပါပြီ။

    ဒီကနေ့ ဘုရင်ကိုထိခိုက်တာကြောင့် ဆင်ဆာပိတ်ထားတဲ့ ဝက်ဘ်ဆိုဒ်ပေါင်း ၂၅၀၀ ကျော်ရှိပါတယ်။ ဘုရင့်အသရေဖျက်မှု ဥပဒေကို သူတို့ရဲ့ သံရုံးဝက်ဘ်ဆိုဒ်တွေမှာလည်း ပြူးနေအောင် ကြေငြာထားပါတယ်။ အိမ်ရှေ့မင်းသား ဘုရင်ဖြစ်လာရင် ရှုပ်လာနိုင်တာတွေကို ကြိုတင်ပူပန်နေသူတွေလည်း ရှိပါတယ်။ ဘုရင်ကိုယ်တိုင်လည်း သူ့လူတွေရဲ့ အထွဋ်အမြတ်တင်တဲ့ ဖြစ်စဉ်မှာ ဓါးစာခံလိုဖြစ်နေတဲ့ အပိုင်းလည်းရှိတယ်လို့ ပြောလို့ရပါတယ်။ (ဒီဘုရင်ကောင်းလို့ ဘုရင်စနစ် ရှိသင့်တယ်လို့တော့ အဓိပ္ပါယ် မထွက်ပါဘူး)။ ဘုရင့်မိသားစုကိုမှီပြီး တွင်ကျယ်နေသူ၊ မျိုးချစ်လုပ်နေသူတွေ၊ အခွင့်အရေးယူနေသူတွေလည်း အများကြီးပါ။ ဘုရင့်အသရေဖျက်မှုနဲ့ ထောင်ချခံခဲ့ရတဲ့ သြစတြေးလျသတင်းထောက် တစ်ယောက်ရဲ့အတွေ့အကြုံအရ ဘုရင်ကိုအင်တာဗျူးလုပ်ထားတဲ့ စာအုပ်တစ်အုပ်ဆိုရင် အပြင်မှာရောင်းခွင့်မရှိပဲ ထောင်စာကြည့်တိုက်မှာသာ အင်္ဂလိပ်လို တင်ထားပေးတယ်လို့ ဆိုပါတယ်။

    ပြောရင်တော့ အများကြီးပါပဲ၊ ဒါပေမယ့် ဘုရင်ကို ထိုင်းနိုင်ငံသားတိုင်းချစ်တယ် အထွဋ်အမြတ်ထားတယ်ဆိုတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၆-၇ နှစ်လောက်က ပထမဆုံး ထိုင်းတက္ကသိုလ်ကျောင်းသူ တစ်ယောက်ရဲ့ “သူဟာ သာမန် အသက်ကြီးသူ တစ်ယောက်ပါ” လို့ ပြောတာကြားပြီး အံ့သြခဲ့ရဖူးပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံမှာ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေထဲက ကွန်မြူနစ်တွေလည်း ဘုရင်စနစ်မကြိုက်သူတွေထဲ ထိပ်ဆုံးကပါလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။

    ReplyDelete
  13. နောက်တစ်ခုကတော့ ထိုင်းလူမျိုးတွေဟာ မြန်မာပြည်ထက် ကံကောင်းရုံကလွဲပြီး လူမှုရေး ပညာရေး စသည်ဖြင့် ဘက်စုံထိုးဖေါက်ပြီး တိုးတက်နေတဲ့အဆင့် ရောက်နေပြီလို့ ဘယ်လိုမှ ပြောလို့မရနိုင်သေးတဲ့ အနေအထားမှာ ရှိနေတုန်းပါ။ အာရှစိတ်ဓါတ်၊ ပဒေသရာဇ်စိတ်ဓါတ် နာမည်တွေ ကြိုက်သလိုတပ်ချင်ရင် တပ်လို့ရနိုင်တဲ့အဆင့်မှာ ကန့်လန့်ဖြစ်နေတုန်းပါ။ အဲဒီထဲမှာ ကရင်နဲ့ အခြားတိုင်းရင်းသားတွေကို ဒုတိယတန်းစား နိုင်ငံသားအဆင့်ပဲ (မသိသလိုတစ်မျိုး၊ သိသိကြီးနဲ့ ရူးချင်ယောင်ဆောင်ပြီး) သဘောထားကြတာတွေကိုလည်း သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။

    နောက်ဆုံး ရှမ်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားတာကို သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျနော့်အမြင်ပြောမယ်နော်။ ဗမာစနစ်နဲ့ ပညာသင်ကြီးပြင်းလာခဲ့ရသူ တစ်ယောက်အနေနဲ့ ဗမာတွေတွေးပုံကို နားလည်ပေးလို့ ရပါတယ်။ အထူးသဖြင့် အခြားတိုင်းရင်းသားတွေ အကြောင်းကို ကျောင်းမှာသင်ထားခဲ့ရသလောက်ပဲ သိထားရတဲ့ အချိန်တွေတုန်းကပါ။ ဒီကနေ့မှာတော့ နယ်ချဲ့လို့ခေါ်ခဲ့ကြတဲ့ အင်္ဂလိပ်တွေလည်း သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေနဲ့ပတ်သက်လို့ ဒီလိုပုံစံပဲ တွေးကြလေမလားဆိုတာ အသိဝင်လာပါတယ်။ အင်္ဂလိပ်ခေတ်နဲ့ မတူတာကတော့ ငွေကြေးတွေ ပိုကြပ်တည်းလာတာ၊ ယဉ်ကျေးမှုတွေကို လွပ်လွပ်လပ်လပ် ဖေါ်ထုတ်ခွင့်မရှိတာနဲ့ အုပ်ချုပ်ရေးမှာ အစစအရာရာ ပြည်မ (ဗမာတွေ) အမိန့်အတိုင်း လုပ်နေကြရတာတွေက စရပါလိမ့်မယ်။ တစ်နိုင်ငံလုံးလည်း ဒီအတိုင်းပဲ၊ မင်းတို့တစ်မူးပိုမရှူနဲ့လို့ ဆိုတဲ့အဆင့်အထိတော့ မလုပ်သင့်ပါ။ အလယ်အလတ် လမ်းစဉ်တွေရှိပါတယ်။ ဒီလိုပြောပြန်တော့ ဗဟိုမှာက စစ်အာဏာရှင်တွေနဲ့ ကန့်လန့်သွားခံနေပြီး အချို့ဗမာတွေအတွက် အတော်ခွကျပါလိမ့်မယ်။ တဖက်ကလည်း သူများဖက် ပါမသွားစေချင်တိုင်း အတင်းလုပ်လို့ တွန်းထုတ်တဲ့ပုံစံမျိုး ဖြစ်မသွားစေဖို့လည်း လိုတယ်ဆိုတာ သတိထားသင့်ပါတယ်။ (နောက်မှ ဆက်ဆွေးနွေးပါဦးမယ်။)

    ReplyDelete
  14. I think the reason I support to keep only syllabus, standardized for whole Burma,
    that unfortunately heavily focus on Burmans
    with superficial touches for minorities is
    not in any things but financial reasons and
    second issue is for equal opportunities for
    minorities.

    Look things at this way, if a Shan can speak
    Burmese well, he will be and can be leader of
    Burma as Georgian Stalin was leader of Russia.
    Had Stalin did not have a chance to learn the
    Russian, he might have ended up as a Georgian
    leader, without his ruthlessness, Russians may
    not able to fight Hitler's Germany and we might
    be typing in German now. I dont like Stalin as
    you do not like U Saw but as you have recognized
    some good attributes of U Saw I am giving same
    line of logic.

    Now back to texts and curriculum. I have some
    Beik thar friends to whom we have to send some
    texts from Rangoon so he could study medicine.
    Imagine, if he is a Ka Yin, if his syllabus was
    different from us, he will lose chances. And we
    were in a country where even poor Burmese kids
    in upper Burma did not have texts. So I think
    for Mons, Ka Yins and Shans to ask separate,
    new texts, different syllabuses with ethnic
    minority focus will not only drain the education
    budget (more variation of texts means more kyats, more variance in training means more
    kyats and money do not come free). So it will
    be the best for whole Burma, regardless of your
    ethnicity, religion, there should be only one
    syllabus, that is standardized across whole
    country. So it will be economical, Ka Yin kids
    can speak excellent Burmese, that will give
    them equal footing with Burmese kids in urban.
    So that is one reason I do not support ethnic
    focus curriculum or extra curricular courses.
    We are not a country which we have luxury for
    political correctness, what is more important
    is to have all kids good education. Yes there
    can be neutral stances, but again we have to
    be practical, we can make Mon kids proud by
    teaching them about the king Ya Zar Dwit, we
    can make Ka Yins proud by teaching about Man
    Ba Khine, we can make Ya Khines proud by teaching about U Otta Ma. But we cannot tell
    young kids that we are not living in perfect
    world yet. They will learn when they will be
    educated. So that is why to follow the style
    of rich countries, to have different focus
    for different high schools in different regions is not practical for Burma.

    In America, you can have queer studies, you
    can make politically correct teaching that
    masks in Africa is the same achievement as
    the Romans's or Greek civilization. But for
    me those will make kids more stupid. Bitter
    medicine work for the patient better than
    Sugar coated Plaebos. I am against Mon foused
    or Ka Yin focused education for that reason,
    although I am pro studying about Ka Yins at
    the university. The point is that most Burmans will not support any kind of federalism unless
    one is brain washed. Yes some Burmans denounce federalism because they are racists, but some
    of us will denounce federalism because it is
    against the interests of Burma and Burmese.
    And for integration, or creating opportunity
    for ethnic people, Burmese must be the medium,
    the Burmese history must be the identity for
    all Burmese or we are seeding next civil war.
    This type of discussions were debated about
    years ago between friends, but not supporting
    Federalism does not mean that one is racist
    or Burmese supremacist. It is just a matter
    of pragmatism. Belieiving in democracy and
    admiring Daw Su does not mean that one has to
    support federalism. One can be a devoted
    democrat without supporting federalism. That
    is what I believe. Anyway, your blog topic
    may be touchy but it can be a place to exchange
    ideas. Cheers!

    ReplyDelete
  15. အင်း .. ဒီတစ်ခါ ဆွေးနွေးချက်ကတော့ Anonymous ရဲ့ နောက်ခံအနေအထားကို အတော်ရည်ညွှန်းနေပါတယ်။ သတိရမိတာ တစ်ခုရှိပါတယ်၊ ဘားအံမှာ ရုံးအဖွဲ့မှူး အမျိုးသမီးကြီးတစ်ယောက် ဂျပန်ကို အုပ်ချုပ်ရေး ပညာတော်သင် အလွှတ်ခံခဲ့ရ တာကိုပါ။ သူ့အတွက် ကမ္ဘာနဲ့ ပိုကျယ်ပြန့်တဲ့ အသိပညာတွေ မြင်ဖို့ရဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် နောက်ဆုံးတော့ အမိန့်ပေးသမျှ စက်ရုပ်လို လိုက်လုပ်နေရတဲ့ ပြည်နယ်ရဲ့ အဆင့်မြင့် အရာရှိတစ်ယောက်ဘဝနဲ့ အရိုးထုတ်နေရတာပါပဲ။ (ဆိုင်ချင်မှ ဆိုင်မှာပါ၊ ဒါပေမယ့် သတိတရ အဖြစ်တစ်ခုမို့ပါ။)

    ယေဘုယျပြောရရင် Anonymous ရဲ့ အယူအဆတွေဟာ အုပ်ချုပ်ရေး အာဏာယူထားတဲ့ (အထူးသဖြင့် ဗမာတွေအတွက်) အင်မတန် သင့်တော်တယ်လို့ ယူဆစရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေကိုက ကိုကျော်ထင်ပြောခဲ့တဲ့ “ဟ” နေတယ် ဆိုတာတွေပါပဲ။ ဒီတော့ မြင်တာတွေကို တစ်ခုချင်း နားလည်သမျှ ပြန်ဆွေးနွေးပေးသွားပါ့မယ်။

    ဒီနေရာမှာ စကားပလ္လင်ထပ်ခံချင်တာက ကျနော့်အမြင်တွေဟာ ကရင်တစ်ယောက် အနေနဲ့ဖြစ်ပေမယ့် ကျနော့်အမြင်မျိုး အခြားကရင်အတော်များများ ထားနိုင်လိမ့်မှာတော့ မဟုတ်ပါဘူး။ အထက်စီးမှာမို့ အခြားတစ်ဖက်ကို ဗမာအတော်များများ မမြင်နိုင်ကြသလို အခံဖက်ကဖြစ်နေတဲ့ ကရင်အပါအဝင် တိုင်းရင်းသား အတော်များများကလည်း လိုရင်းတိုရှင်း ဘွင်းဘွင်းတည့်တည့် ကန့်လန့်တုံ့ပြန်ကြဖို့ များပါတယ်။ ဒါ့ပြင် အခု ဆွေးနွေးမှာတွေဟာ Anonymous ရဲ့ “အမြင်” ဆိုတာထက် “သဘောထား” ဖက်ကို ပိုယိုင်နေတာကြောင့် ပြန်ဆွေးနွေးရာမှာ ပုံစံစနစ်တကျ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်လိမ့်မယ်လို့ ကြိုပြောချင်ပါတယ်။

    ပထမဆုံး ငွေကြေးအခြေအနေအရ ပညာရေးမှာ ဗမာဘာသာစကားကိုပဲ စံအဖြစ်ထားဖို့ဟာ ယေဘုယျအားဖြင့် လက်တွေ့တော့ကျပါတယ်။ တစ်ပေါင်းထဲပါလာတာက အခွင့်အရေးသာတူညီမျှဖို့ ဆိုတဲ့ အယူအဆဆိုတာ တွေ့မိပါတယ်။ ဒါနဲ့ပတ်သက်လို့ အဦးဆုံး သတိရမိတာက white man's burden ဆိုတဲ့စကားပါ။ သန့်သန့်ရှင်းရှင်းမနေတတ်တဲ့ လူမျိုးခြားတွေကို ဆပ်ပြာလို အသုံးအဆောင်ကအစ သုံးစွဲတတ်ဖို့ လိုက်ကြိုးစားနေပါတယ်ဆိုတဲ့ လူဖြူတွေရဲ့ လှောင်ပြောင်ချင်စရာ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေအကြောင်း သရော်စာရဲ့ ခေါင်းစဉ်ကလေးဆိုတာ အတော်များများ သိကြမယ်ထင်ပါတယ်။ တန်းပြီး သတိသွားရမိတာကို ပြောတာပါ။ ခနဲ့သလို ဖြစ်သွားရင်တော့ ဆောရီးပါ။

    အမှန်ပြောရရင် ဒီကတစ်ဆင့်တက်ပြီး ဆွေးနွေးဖို့ဟာ စိတ်ထဲခက်ခဲနေမိပါတယ်။ အကြောင်းရင်းကတော့ Anonymous ရဲ့ တွေးပြပုံတွေမှာ အတော်လေး ကမောက်ကမ ဖြစ်နေတယ်လို့ မြင်မိလို့ပါ။

    တိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ ကျောင်းသုံးစာအုပ်တွေထုတ်ဖို့ တချက်မှတော့ အဆိုမပြုမိသေးတာကြောင့် Anonymous ပြောတာတွေကို အံသြမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လှည့်ပတ်ပြီးတွေးမိတာက မြန်မာပြည်မှာ စစ်သား ၄ သိန်း မလိုပါဘူး။ လူလျှော့၊ ဝအောင်ကျွေး၊ ပိုလာတဲ့ငွေတွေနဲ့ စစ်တပ်ခေတ်မှီအောင်လုပ်၊ ချုံးချုံးကျနေတဲ့ ကျန်းမာရေးနဲ့ ပညာရေးဖက်ကို အသုံးစရိတ်မြှင့်လို့ ရတယ်လို့ပါ။ နောက်ပြီး ဒီကနေ့ တိုင်းရင်းသားတွေ ကြုံနေရတာဟာ ကျောင်းမှာ သူတို့ဘာသာစကားနဲ့ စာမသင်ရတဲ့ ကိစ္စမဟုတ်ပါဘူး။ သာမန်အရပ်ထဲမှာ ကိုယ့်စာပေ ယဉ်ကျေးမှုကိုတောင် (တစ်နှစ်ကို တစ်ခါ နှစ်ခါလောက်) လွတ်လွတ်လပ်လပ် သင်ခွင့်ကိုပိတ်ပင်တာ၊ အခက်အခဲတွေဖြစ်အောင် လုပ်တာမျိုးတွေပါ။ သတင်းတွေပေါ် တက်လာတာ အချို့ကိုလည်း ဖတ်မိကောင်း ဖတ်မိမှာပါ။

    ReplyDelete
  16. နောက်ထပ် ထည့်စဉ်းစားစရာတွေက ကျောင်းမှာဗမာလိုချည်း စာသင်ပါတယ်။ ဟုတ်ပါပြီ။ နိုင်ငံတကာမှာ အသုံးဝင်တဲ့ အင်္ဂလိပ်စာပါ သင်ရပြန်ပါတယ်။ ကောင်းပါပြီ။ ဒါနဲ့ မိခင်ဘာသာစကားကျတော့ အခြေခံအဆင့်လောက်တောင် သင်ခွင့်မရ၊ သင်မပေးတော့ ကျိုးကြောင်း .. အဲ .. ကျတယ်ပဲထားလိုက်ဦးတော့။ ချွင်းချက်တွေ ရှိလာပြန်ပါတယ်။ အထူးသဖြင့် နယ်တွေမှာ မိဘတွေကိုယ်တိုင် (တနယ်လုံး) က ဗမာစကား မပြောတတ်ကြပါဘူး။ အဲဒီလိုနေရာတွေမှာ အာဏာပိုင်တွေက စေတနာနဲ့ ဗမာလိုချည်းသင်တဲ့ကျောင်းတွေ လာဖွင့်ပေးပါတယ်ဆိုရင် ဘယ်လိုများ ကျေးဇူးရှာကြံတင်ရမလဲ ကျနော်တော့ ဥာဏ်မမှီပါ။ အသက်မွေး ဝမ်းကျောင်းပညာတွေ ဆိုရင်တော့ ငြင်းစရာမရှိပါဘူး။ ဒီတော့ လူမျိုးကြီးတွေသုံးနေကျ ပေါင်းစည်းရေး (intergration) ဆိုတဲ့ အသုံးအနှုန်းမျိုးထက်၊ အားနည်းသူတွေ ခံစားမိတဲ့ ဝါးမျိုခြင်း (assimilation) မျိုး ဖြစ်မနေဖူးလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ (ထိုင်းနိုင်ငံလည်း မတိမ်းမယိမ်းပါပဲ)။

    ဒီတော့ Anonymous ဆန္ဒရှိသလို မပြည့်စုံသေးတဲ့ မြန်မာပြည်က တိုင်းရင်းသားလူငယ်တွေကို ငယ်စဉ်ကတည်းက သွေးထိုးပေးသလို မဖြစ်စေဖို့၊ နိုင်ငံသားတိုင်းအတွက် တူညီတဲ့အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့၊ ပြည်တွင်းစစ်ဖက် ဦးပြန်မလှည့်မိဖို့တွေကို ပြည့်စုံနိုင်မယ့်နည်းလမ်းဟာ ဗမာတစ်စုထဲရဲ့ အမြင်နဲ့ ဦးဆောင်မှုအပေါ် မူတည်ဖို့မလွယ်ဖူးလို့ ပြောချင်ပါတယ်။ တိုင်းရင်းသားတွေဟာလည်း အသည်းနှလုံး အတွေးအမြင်တွေရှိတဲ့ လူသားတွေဆိုတာ မြင်ပါမှ ဦးတည်ရာ ကောင်းနိုင်ပါလိမ့်မယ်။

    နောက်ဆုံးတစ်ခုက ဖက်ဒရယ်ပြည်ထောင်စု ကိစ္စပါ။
    ဘယ်သူတွေက အပြီးအပိုင်ခွဲထွက်မယ့် ဖက်ဒရယ်မူကို ဒီကနေ့ ဆက်တောင်းနေတာ ရှိသလဲတော့ သတိမထားမိပါဘူး။ သေချာတာတွေက ဒီကနေ့ မျက်မှောက်ကာလမှာ နိုင်ငံပိစိကွေးလေးအဖြစ် တည်ထောင်ရပ်တည်ဖို့ဟာ သိပ်တော့တွေးလို့ မလွယ်တဲ့အနေအထားလို့ သဘောရပါတယ်။ မြန်မာပြည် နယ်အတော်များများမှာလည်း ဗမာမှု ပြုတာကြောင့်ပြောပြော၊ ဗမာတွေ ချဲ့ထွင်နေရာယူ လာကြတယ်ပြောပြော နေထိုင်တဲ့ လူမျိုးတွေ ရောနှောနေကြတာ တကယ့်အနေထားမှန်ပါ။ အစက သတိမထားမိပေမယ့် စာရေးဆရာကြီးတစ်ဦး ပြောသလို “လူမျိုးပေါ် အခြေမခံတဲ့ (အမေရိကန်ပုံစံ) ဒေသအခြေခံ ဖက်ဒရယ်နိုင်ငံ” တည်ဆောက်ဖို့ဆိုတာမျိုးက လက်တွေ့ကျတယ်လို့ မြင်မိပါတယ်။

    အဆုံးသတ် ပြောချင်တာကတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေ အတော်များများနဲ့ ပြဿနာတွေဟာ သာမန်လူအများ သဘောတူနိုင်မယ့် (common sense) အသိအမြင်နဲ့တင် ဖြေရှင်းလို့ရတာ အများကြီးရှိပါတယ်။ မြင်ချင်သိချင်စိတ်ရှိဖို့၊ ကိုယ်ချင်းစာတရားရှိဖို့နဲ့ ညှိနှိုင်းဆွေးနွေး လုပ်ဆောင်ကြဖို့သာ လိုတာပါ။

    ReplyDelete
  17. I dont understand why you are claiming that
    Burma does not need 400,000 soldiers. I can
    agree with you that it can be cheaper if we
    can reduce to 200,000. But that civil war is
    an issue. In a country where there are 50000
    insurgents or freedom fighters (depends on
    your view, mine is in between those extremes)
    you cannot reduce the full time standing army.
    We were in deep shit because of civil war
    but we still are and we will continue be in
    ditch if this war persists. I have met some
    young Burmese who were forced conscripted to
    army while running away from home, and also
    met some who were hard core Burmese soldiers. And I've learned about atrocities of Burmese soldiers who commited crimes in Irrawaddy
    Delter when KNU tried to penetrate to those
    areas in 90s. One particular sad story was
    about one young Kayin yough who was tortured
    just because he was well built (according to
    the narrator, that chap looked strong and so
    he was tortured by Burmese army). Also I have
    met son of a KNU's major who was smugggling
    Shan girls to brothels in Malaysia. And I have
    seen young Ka Yin girl with a young kid waiting
    right across offices of UNHCR in Bangkok for NI number and harassed by Thai police for not having any kind of identity. Those were times when some non Burmese with right connections got resettlement to third countries. The point is simple, this civil war benefits no one but
    a few bad crackers on both sides. But promoting Pin Long 2 or Pin Long 3 is not a solution too
    as it will be the platform for some opportunist
    leaders of ethnic minority armies to use Daw Su.
    She will lose any hidden and clandestine support
    and admiration she enjoys from some Burmese and
    they matter too because they are majority. So I
    think while it is good idea to change all things
    at once for good, the pragamatic solution is to
    improve slowly and eventually. Yes the writings
    about texts come from some web sites learning
    that Mons complained that current curriculum
    are not Mon focused. Not you who has written it.
    3 is not a solution, not because it is not
    worth discussing but because

    ReplyDelete
  18. ကျော်ထင်January 12, 2011 at 3:36 AM

    Although, there are many inconsistent points in the anonymous's discussions, I am grateful you have covered quite a number of issues related to ethnics.
    It's needless to argue that a reconciliation is desperately needed among the Burmese and the ethnics. And it's true, the civil war has dogged the country in every aspects, as to economic development, education, health care and many other issues.
    Yet you do not appear to support finding a peaceful solution with the ethnics by giving them autonomy, but just show your disapproval for the ethnic people's claim for their rights. I think I should be more specific to point out one by one. Unfortunately, my tight schedule doesn't allow me to write as I wish.
    To make things clear, let me hint my ethnicity as a pure Burmese though there may be a small % of other ethic's blood in me.
    I don't believe in the military power to subdue the ethnic issues forever. I do believe in building mutual understanding and confidence, while acknowledging rights of ethnic people to have autonomy. I don't see any reason for Bamar to stay above ethnic people. That's why we need a process to find solutions to solve ethnic issues and build a renewed unanimous. What else you can do to solve those issues? Which means do you think remains other than an inclusive process something like Penlong?
    Let me stop here for now. Be right back as soon as I am available.

    ReplyDelete
  19. မနေ့က ကျနော် “သွား” သွားနှုတ်ဖြစ်တယ်ဗျာ။
    အံသွားမို့လားတော့မပြောတတ်ဖူး ပထမထုံဆေးအရှိန်နဲ့ အတော်အဆင်ပြေနေပေမယ့် အချိန်ရလာတာနဲ့အမျှ နာလာလိုက်တာ အသံထွက်ပြီး ညီးရတဲ့အဆင့်အထိပါပဲ။ ပါရာစီတမော့ ၅၀၀ ဂရမ် ၃ လုံးတောင်မကူညီနိုင်တော့လို့ နီးရာအစိုးရဆေးခန်းကို ပြေးရပါတော့တယ်။ မိုးကရွာ၊ လူမရှိလို့ တန်းစီစရာမလိုပေမယ့် ကောင်တာကစာရေးမ ပြောလိုက်ပုံက “နင် ဒီနေ့မှ သွားနှုတ်တာ မဟုတ်လား၊ နာမှာပေါ့” တဲ့၊ ကောင်းဗျာ၊ နာမှာတော့သိတာပေါ့။ ဒီကဖြင့် နာလွန်းလို့ပြေးပြီး တိုင်နဲ့ဆောင့်ပစ်လိုက်ချင်ပြီ၊ သူပြောမှပဲ လဲသေရတော့မလို ဖြစ်နေတယ်။

    ဒါနဲ့ ဆေးဆိုင်ရှိတဲ့ ဆေးခန်းတစ်ခုဆီစက်ဘီးနဲ့ ကုန်းကွကုန်းကွဆက်နင်းပြီး ဆေးသွားဝယ်သောက်လိုက်မှ အတော်အဆင်ပြေသွားတော့တယ်။

    တဆက်ထဲတွေးမိတာက ကိုယ်ချင်းစာစိတ်၊ စာနာစိတ်ဆိုတာတွေပါ။ ငယ်ငယ်က အပျိုကြီး လူပျိုကြီးဆရာ ဆရာမတွေဆိုရင် ကလေးတွေကို ပိုရိုက်တာမျိုး အပြောအဆိုလည်း ပိုကဲတာမျိုးတွေ တွေ့ခဲ့ဖူးပါတယ်။ တဖြည်းဖြည်းနဲ့ လူကြီးတွေက “နင်တို့ သားသမီးရမှ သိမယ်” ဆိုတဲ့ ဆူပူတာတွေကို ကြားလာရပြန်တယ်။ ကိုယ်တိုင်ကျတော့ သူများတွေ ကိုယ်စိတ်နာကျင်ခံစားရချိန်မှာ ဝမ်းနည်းနာကျင်တာကို နားမလည်ခဲ့ပါဘူး။ ကိုယ်တိုင် ထိခိုက်ခံစားလာရတဲ့ အခါကျတော့မှ “အော် ဒီလိုပါလား၊ ငါဟာ အတော် မသိတတ်ခဲ့ပါကလား” လို့ စိတ်ထဲဝင်မိပါတယ်။

    ငယ်စဉ်က ကုလားတွေကို အသံမျိုးစုံလုပ်ပြီး လှောင်ကြတာကို ပြန်သတိရမိတယ်။ လူမျိုး၊ ဘာသာရေး၊ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဘောင်နဲ့ စောင့်ထိန်းအပ်တာတွေကို ကျော်ပြီး မထီမဲ့မြင် လုပ်တာတွေနဲ့ စော်ကားတာတွေကို သတိထားမိ တတ်လာတယ်။ ဒါပေမယ့် အဲဒီတုန်းက ဘဝကျောင်းမှာ လေ့လာသင်ယူဆဲမို့ ပါးစပ်က ဆန့်ကျင်တဲ့စကားတွေ မဟဖြစ်ခဲ့ပါဘူး။ အခုတော့ ကိုယ်ပိုင် အပြည့်အဝ မဟုတ်ပေမယ့် ရပ်တည်လာနိုင်တဲ့ အခြေအနေမှာ ပြောထုတ်ဖို့ အားယူလိုက်တော့ ရှေ့မှာခံနေတဲ့ တံတိုင်းကြီးဟာ တိုင်းတာပြလို့ မရနိုင်လောက်အောင် ကြီးနေတာကို သတိထားမိ ပါတော့တယ်။ ဒါတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်မိတဲ့ ငမိုက်သားတွေထဲမှာ ကိုယ်တစ်ယောက်လည်း အပါအဝင်ပေါ့။ လမ်းကတော့ မချောလှဖူးပေါဗျာ။

    (စိတ်ထဲရှိတာတွေ ရေးချလိုက်တာပါဗျာ၊ မဆီမဆိုင်တွေပေါ့)။

    ReplyDelete
  20. Anonymous ရဲ့ ကရင်တွေအပေါ် နားလည်မှုပေးတာတွေ တွေ့ရတာနဲ့ အခြားအချက် အတော်များများ ဆွေးနွေးသွားပေးတာ ကိုကျော်ထင်ပြောသလိုပဲ ကျေးဇူးတင်ရမှာပါပဲ။

    ပထမ စစ်သားဦးရေကိစ္စ ဆွေးနွေးပါမယ်။ သူပုန်အယောက် ၅၀၀၀၀ ရှိတာ ခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ ကလည်း အဖွဲ့သာကွဲတာ အရေအတွက်ကတော့ ဒီအတိုင်းနီးပါးပါပဲ (အဲဒီအချိန် သတင်းတွေကပြောတော့ KNU ဟာ မိသားစုဝင်တွေပါပေါင်းမှ ၃၀၀၀ လောက်ရှိတယ်လို့ ဆိုခဲ့ပါတယ်)။ အဲဒီတုန်းက မြန်မာပြည်စစ်သားဦးရေ ဘယ်လောက်ရှိသလဲ မသိပေမယ့် လက်ရှိအနေအထားထက် အများကြီးနည်းတယ် ဆိုတာတော့ အတတ်ပြောနိုင်ပါတယ်။ အမှန်မှာ အပေါ်က လူအင်အားလျှော့ဖို့ ကျနော်ပြောတဲ့ပုံစံဟာ တကယ်တော့ ကရင်တစ်ယောက်အနေနဲ့ အတော်လွန်လွန်ကျူးကျူး လမ်းပြအကြံပေးတာပါ။ စစ်သားအင်အား ၁ သန်းလောက်ရှိသင့်တယ်လို့ အချွန်နဲ့ “မ” ပေးမှ လက်ရှိအနေအထားထက် နိုင်ငံလည်း မွဲပြာကျပြီး လက်နက်ကိုယ်စီနဲ့ ဓါးပြနိုင်ငံတော်အဖြစ် တိုးတက်ပြိုကွဲသွားဖို့ ရှိမှာပါ။ ဒါပေမယ့် ဘယ်သူမှ အကျိုးရှိမယ့် လမ်းမဟုတ်လို့လည်း မပြောတာပါ။

    ကနေ့ စစ်တပ်ထဲမှာ လစာနဲ့ မလောက်ငတော့တာ လူတိုင်းလိုလို သိပါတယ်။ လက်နက်နဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းကို ဝဝလင်လင် ကျွေးမွေးထောက်ပံ့ဖို့ ပျက်ကွက်တာဟာ ရန်သူထက် အနီးကပ် ဒုက္ခပေးနိုင်တာနဲ့ လူ့ကျင့်ဝတ်ဖောက်ပြန်ဖို့ လမ်းကြောင်းပေးသလိုဖြစ်တာ သတိပြုဖို့ လိုပါမယ်။ ဒါ့ပြင် မဆလခေတ်ကတည်းက စစ်သားနဲ့ စစ်သားလူထွက်တွေကို အရပ်ဖက်မှာ နေရာတွေပေးလာတာ မြန်မာပြည် လူ့အသိုင်းအဝိုင်းရဲ့ သဟဇာတဖြစ်မှုကို လှိုက်စားနေပါတယ်။ လက်နက်နိုင်ငံတော် တည်ဆောက်တာဟာ (ဒေသတစ်ခုလုံးက) လူတိုင်းအတွက် အကျိုးထက် အန္တရာယ်ဖက်ကို ဦးတည်စေတယ်လို့ မြင်ပါတယ်။ မြန်မာပြည်မှာ အရင်ကတည်းက အမြစ်တွယ်နေခဲ့တဲ့ အထက်ကနေ ထောင်လိုက်အုပ်ချုပ်မှုလို့ ခေါ်ခေါ်၊ ယောင်္ကျားကြီးစိုးတဲ့ လူနေမှုစနစ် ပြောပြော၊ ပဒေသရာဇ် စိတ်ဓါတ်လို့ ဆိုချင်ဆိုလို့ ရနိုင်မယ့် စိတ်ထားတွေကို ပိုတိုးလို့ ခိုင်မာစေပါတယ်။ အမြင်ကျယ်ပြီး စိတ်ထားတွေ ထားတတ်ရမယ့် ဒီခေတ်မှာ ကျောက်ခေတ်ဖက် ပြန်ဦးမတည်မိစေဖို့ စေတနာနဲ့ စစ်တပ်ကို လူလျှော့ဖို့လိုတာ တင်ပြခဲ့တာပါ။

    ပင်လုံညီလာခံကိစ္စကတော့ ညီလာခံရယ်လို့ မဟုတ်ပါဘူး၊ နိုင်ငံသူ နိုင်ငံသားတွေ တစ်ဦးအပေါ်တစ်ဦး အမြင်ရှင်းကြဖို့၊ စည်းလုံးနိုင်ကြဖို့၊ နိုင်ငံအကျိုးရှိမယ့် အကောင်းဆုံးလမ်းကို လျှောက်လှမ်းနိုင်ဖို့ ဦးတည်ချက်ရှိတဲ့ လုပ်ရပ်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာနိုင်ဖို့က အဓိကပါ။ ပြောရင် စကားကြီးစကားကျယ်တော့ ဖြစ်ပါလိမ့်မယ်၊ ကျနော့သဘောအရဆိုရင် “စစ်မှန်တဲ့ အတ္တလျှော့ချရေး လုပ်ငန်းစဉ်တစ်ခု” မြန်မာပြည်မှာ လိုနေပါတယ်။ အရင်ကကော၊ ခုကော၊ နောင်ကော လိုနေအုံးမှာပါ။

    မြန်မာပြည်မှာ လက်ရှိ အာဏာပိုင်တွေ ပြောနေကြတဲ့ စည်းကမ်းရှိဖို့တို့၊ စစ်တပ်တစ်တပ်ထဲရှိဖို့ စတာတွေဟာ အမှန်တွေပါ။ အခြားအမှန်တွေလည်း အများကြီးရှိပါသေးတယ်။ ပြဿနာက သူတို့လိုချင်တဲ့အပိုင်းပဲ ကွက်ပြောထောက်ပြပြီး ကျန်တဲ့အပိုင်းတွေကော သူတို့နဲ့ မတူတဲ့လူ၊ အမြင် အတွေးအခေါ်တွေမှန်သမျှ ထည့်မတွေး၊ မပြော၊ မပါစေတာပါပဲ။ ဒီမိုကရေစီ ဆိုတဲ့စကားကို ဒီမို တစ်လုံးထဲနဲ့ မပြည့်စုံနိုင်တာ သာမန်အသိနဲ့ တွေးမြင်နိုင်ကြတာပါပဲ (အတိုကောက်ကို မဆိုလိုပါ)။ ဆက်ပြောရရင်တော့ လူတိုင်းသိပြီးသားမို့ မပြောတော့ပါဘူး။ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရာမှာ အနည်းဆုံးတစ်ခုကတော့ ရိုးသားဖို့လိုတာပါပဲ။ ဟေ့ .. ငါတို့က ရိုးသားတယ်၊ မင်းတို့မျက်စိမှိတ်ပြီး လက်နက်ချလိုက် လို့တော့ သွားပြောလို့ မရပါဘူး။ ကိုယ့်သိက္ခာကို အရင်တည်ဆောက်ပြရပါတယ်။ ဒါပေမယ့် ကိုကျော်ထင်ပြောသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့အထိတောင် မဆိုလိုပါဘူး။ မှန်မှန်ကန်ကန် အများသဘောပါတဲ့ အပေါ်ကကျနော်ပြောခဲ့တဲ့ ဒေသအခြေခံ ဖက်ဒရယ်မျိုး တည်ဆောက်နိုင်ရင်လည်း နည်းလမ်းတစ်ခုပါ (လုပ်ရမယ်လို့လည်း မပြောပါ၊ ကောင်းမယ်ထင်တဲ့လမ်းကို ပြောပြတာပါ)။ ဒီပုံစံမှာ ဘယ်ပြည်နယ်နဲ့ တိုင်းမဆို လူမျိုးပေါင်းစုံ ရောနှောနေတာမို့ အလုံးစုံအားသာမှု ဘယ်သူမှလည်း ရစရာမရှိပါဘူး။ ပြန်ခံတိုက်နေကြတဲ့ သူတွေကိုလည်း အသင့်အတင့် ညှိနှိုင်းရုံနဲ့ လက်ခံမယ့်သူတွေက အများစုပါ။ လူလည်မကျဖို့၊ အာမခံချက်အချို့ပေးဖို့ လိုအပ်နေရာမှာ အမြဲလိုပဲ လျှော့မပေးချင်ရင်တော့ ပြုတ်ပြုတ်ပြုန်းတဲ့အထိ ဆက်တိုက်ကြဖို့လမ်းပဲ ရွေးစရာရှိပါတယ်။

    Anonymous ပြောတဲ့ မွန် ကလေးတွေကိစ္စ ဖတ်မိပါတယ်။ အဲဒါက အဓိကကိစ္စတွေရဲ့ အစွန်းထွက်ကလေးပါ။ ပင်မအကြောင်းတွေ ပြေလည်သွားရင် ဒီလိုအရာကလေးတွေလည်း အနည်းနဲ့အများ အဆင်ပြေသွားမှာပါ။

    ကိုကျော်ထင်ရဲ့ ရာနှုန်းပြည့် ဗမာဟုတ် မဟုတ်ဆိုတဲ့ကိစ္စကိုလည်း နောက်ပို့စ်မှာ ထည့်ဆွေးနွေးကြည့်ဖို့ ထည့်ထားပါတယ်။ အချက်အလက်တွေကို အားမရလို့ အပြီးမသတ်နိုင် မတင်နိုင်သေးတာပါ။

    ReplyDelete
  21. အပေါ်မှာ Anonymous ရေးထားတဲ့ "The point is that most Burmans will not support any kind of federalism unless one is brain washed." ဆိုတာကို မဆွေးနွေးဖြစ်ခဲ့လို့ နည်းနည်းပြောသင့်တယ် ထင်ပါတယ်။ အထူးသဖြင့် “brain washed” ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့ပါ။

    ဖက်ဒရယ်ဆိုတာကို ဘယ်သူက ဘယ်လိုနားလည်သလဲဆိုတဲ့ဆီက အခြေခံပြီး ရပ်တည်ချက်တွေ ကွာကြမယ်ထင်ပါတယ်။ ဒါ့ပြင် ပင်လုံစာချုပ်အပေါ် ဘယ်လိုနားလည် သဘောထားသလဲ ဆိုတဲ့အပေါ်လည်း တည်မှီနေမှာ သေချာပါတယ်။ တိုင်းရင်းသားတစ်ဦးစီရဲ့ သိနားလည်လက်ခံထားတဲ့ သူတို့ရဲ့ သမိုင်းနဲ့လည်း ယှက်နွယ်နေဖို့လည်း မလွဲပါဘူး။ ဗမာတွေထဲမှာလည်း ကျောင်းသုံး သမိုင်းစာအုပ်လောက်ပဲ သင်ဖူးသူ၊ တဆင့်တက်လေ့လာသူ၊ တိုင်းရင်းသားတွေနဲ့ တွေ့ထိဆက်ဆံရသူ (နဲ့ အတူနေကြသူ) တွေရှိကြသလို၊ ပညာရှင်၊ သာမန်အရပ်သား၊ အုပ်ချုပ်ရေးအာဏာ လက်ဝယ်ရှိသူတွေ အနေနဲ့လည်း ခွဲခြားပြီး ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ တစ်ခါ ပြည်တွင်းကရေးသမျှပဲ သိကြသူတွေနဲ့ နိုင်ငံတကာကို ရောက်ဖူးပြီး ပြင်ပအမြင်မျိုးစုံကို လေ့လာဖူးသူတွေ ကွာခြားနိုင်သလို မဆလခေတ် တဝက်မှန်သမိုင်း၊ ဆောင်ပုဒ်တွေကြားက လူတွေနဲ့ ဒီကနေ့ခေတ် ပြင်ထားတဲ့သမိုင်း၊ ကွန်မြူနစ်ဆန်ဆန် ကြွေးကြော်သံတွေကြား ကြီးပြင်းလာရသူတွေရဲ့ နောက်ခံတွေအရ ဘယ်သူတွေက ဘယ်လိုသဘောထားတာကို ဦးနှောက်ဆေးခံထားရတယ်လို့ ခေါ်ချင်သလဲဆိုတာ စိတ်တော့ဝင်စားပါတယ်။ ကျနော့်တင်ပြချက်တွေက အခြေခံသိပ်ကျနေလို့ လိုရင်းမရောက်ရင်တော့ ဖြစ်နိုင်သမျှ ရှင်းရှင်းလင်းလင်း တစ်ခါထဲဖြစ်နိုင်ရင် ဖြစ်သွားအောင် ကြိုးစားကြည့်တာလို့ နားလည်ပေးစေချင်ပါတယ်။ တစ်ခုကျန်နေတာက အသိုင်းအဝိုင်းပါ (အရှည်တော့ မချဲ့တော့ပါ)။

    (ဖက်ဒရယ်နဲ့ နည်းနည်းဆက်စပ်တာကတော့ မှတ်တမ်းများအရ မွန်ခေါင်းဆောင် အတော်များများဟာ ကော့ဘိန်း၊ ဇာသပြင်၊ ထုံးအိုင် စတဲ့ ကရင်ပြည်နယ်ထဲကျတဲ့ မွန်ရွာကြီးတွေက လာတယ်လို့ သိရပါတယ်)။

    (အပေါ်မှာ ရေးထားတဲ့အထဲက ရေးဖို့မေ့သွားတာက မဆလခေတ်မှာ KNU ဟာ မိသားစုဝင်တွေပါပေါင်းမှ ၃၀၀၀ လောက်ရှိတယ်လို့ ရေဒီယိုနဲ့ သတင်းတွေက ဆိုကြချိန်မှာ သူတို့လက်နက်ကိုင်အင်အားချည်း သောင်းကဏန်းကျော်တယ်လို့ သိရပါတယ်။ အဲဒီအချိန်က “ဝ” တွေဟာ ဗကပ လက်အောက်မှာရှိနေပြီး သီးခြားလက်နက်ကိုင်အဖွဲ့ မဖြစ်သေးပါ)။

    ReplyDelete
  22. ပညာရေးနဲ့ ပတ်သက်လို့ ကျနော် စာရေးဆရာကြီးတစ်ဦးဆီက ဌားလာတဲ့ “ဥက္ကဌကြီးနိုင်ရွှေကျင်နှင့် တော်လှန်ရေးသမား” ဆိုတဲ့ နိုင်ဖေသိန်းဇြာရေးတဲ့ စာအုပ်ထဲက စာလေးတစ်စု ကူးထည့်ပေးလိုက်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင် တစ်ယောက်ရဲ့ အမြင်ပါ။ (ကျနော့်အမြင် မဟုတ်ပါ)။

    “ယနေ့ပညာရေးလောကကို .. သေသေချာလေ့လာကြည့်ပါ။ .. တိုင်းရင်းသား ကလေးငယ်တစ်ဦးနှင့် ဗမာကျောင်းသားငယ်တစ်တို့ရဲ့ အခြေနေကွာခြားမှုကို အထင်ရှားတွေ့ရမည်။ ..ဗမာကလေးတွေက မိမိရဲ့ မိခင်ဘာသာမို့ သင်ကြားရတာ စိတ်ဝင်စားမှုရှိတယ်၊ တတ်မြောက်မှု လွယ်ကူတယ်။တိုင်းရင်းသား ကလေးတွေ အတွက်တော့ .. အလွန်ခက်ခဲ့နေတယ်။ ကြက်တူရွေး အလွတ်ရွတ်သလို ရွတ်နေရတယ်။ .. စာအဆင့်တန်း ကွာခြားလာတယ်။ .. အတန်းစာမှာ မနိုင်မနင်းဖြစ်လာတယ်။ .. အောင်ရင်လည်း အမှတ်ကောင်းကောင်း မရဖြစ်လာတယ်။ .. ဆရာဝန်လိုင်းတို့ကို မရနိုင်ဘူး။

    ... အလုပ်ကျတော့လည်း စာမတတ်တဲ့အတွက် အောက်တန်းကျတဲ့ စာရေး စာချီ၊ ကူလီအလုပ်များကိုသာ ရနိုင်ကြပြီး ဗမာလူမျိုးကျတော့ .. ရာထူးကြီးကြီးမားမားတွေကို ရကြတယ်။ .. ဒါဟာ တိုင်းရင်းသားတွေကို ကျွန်လုပ်၊ ဂုတ်ခွစီးထားတဲ့ စံနစ်မဟုတ်ဘူးလား။ ဗမာကိုလိုနီ လက်သစ်မဟုတ်လား။”

    ဒီလောက်ဆိုရင် တိုင်းရင်းသားအချို့ရဲ့ ခံစားချက်တွေကို တွေ့နိုင်မယ်ထင်ပါတယ်။ တစ်ဆက်ထဲ တွေးမိတာက နိုင်ငံကြီးများမှာလည်း သုံးနှုန်းနေကြသလိုပါပဲ Anonymous ပြောတဲ့ intergration ဆိုသလိုပေါ့။ မိခင်ဘာသာစကားကို မသင်ရသူဟာ မျိုးဆက်နောက်တစ်ဆက်မှာ သူ့ကိုယ်ပိုင်စကားကို သားသမီးတွေဆီ လက်ဆင့်မကမ်းနိုင်ကြပဲ ပင်မလူမျိုးထဲ အလိုအလျောက်ရောက်သွားတဲ့ ဖြစ်စဉ်တွေပါ။ (assimilation) ဝါးမျိုတဲ့ ဖြစ်စဉ်လို့ ခေါ်ကြသလို ပင်မလူမျိုးကတော့ လေညာက အနေသာကြီးဆိုတော့ မသိသလို နေလိုက်ရုံပါပဲ။ သူတို့ကြည့်တော့လည်း ဟုတ်တယ်လေ။ ဒီလူတွေရဲ့ မျိုးဆက်တွေ ကိုယ့်လိုဖြစ်သွားပြီ၊ ကိုယ့်နဲ့ အခွင့်အရေးတန်းတူ ဖြစ်သွားပြီလေ။ ဒါကို လူမှုရေးလှုပ်ရှားသူတွေက ယဉ်ကျေးမှု ဓလေ့ထုံးစံကို ဂရုမထား အလေးမမူတဲ့ လုပ်ရပ်တွေအဖြစ် ရှုတ်ချတာဆီးကြတာ ကြားဖူးပါတယ်။ လူတိုင်း လက်ခံ မခံကတော့ တစ်ကဏ္ဍပါ။

    တစ်ခါတစ်ရံတော့လည်း တွေးမိပါတယ်။ အကယ်၍များ ကမ္ဘာသုံး အင်္ဂလိပ်စာ၊ နိုင်ငံ ၅၀ လောက်ပြောနေကြတဲ့ ပြင်သစ်စာနဲ့ စကား၊ လူပေါင်း သန်းတစ်ထောင်ကျော်ပြောနေကြတဲ့ တရုတ် (မန်းဒရင်း) နဲ့ ဟိန္ဒူစတန်နီ ဘာသာစကားတွေထဲက တစ်မျိုးကို တခါထဲ ပင်မစာပေလုပ်ပြီး သင်လိုက်ကြလို့ကတော့ ကမ္ဘာပေါ်မှာ ပြဿနာအတော်နည်းသွားမှာပဲလို့ပါ။ မဖြစ်နိုင်တာတော့ သေချာပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ သမိုင်းဟာ ဒီလိုအတွေးတွေနဲ့ပဲ တိုးတက်ဖြစ်ထွန်းလာရတယ်ဆိုလို့ တွေးကြည့်တာပါ။

    ReplyDelete
  23. ကိုမန်းဆွဲထုတ်တဲ့  အစကို အမည်မသိက ဗမာပြည်မရဲ့ အမြင်နဲ့  ထပ်ဖြည့်သလိုဖြစ်နေတာပေါ့လေ ။
    (အမှန်အတိုင်းပြောရရင် အမည်မသိ ပြန်ဆွေးနွေးသွားတာ ကမြန်လွန်းလို့ ဘယ်လိုလိုက်ရမလဲဆိုတာအတော်စဉ်းစားနေရတယ် ။ ရတဲ့ အချိန်လေး တလုံးရ တလုံးရိုက်ရတဲ့  ကျွန်တော်အဘို့ က အဲလောက်အမြန်နှုန်းကို လိုက်ရခက်ပါတယ် ။ ခု ပညာရေးတောင်ရောက်နေပလားဘဲ )
    ခုဆွေးနွေးတဲ့  အပိုင်းက အမေဘုတ်ရဲ့ ချည်ခင်လိုပါဘဲ တစဆွဲလိုက်ရင် ပါလာတဲ့  အထွေးတွေက မနဲပါ ။
    အချိန်ယူပြီးဆွေးနွေးရင်တော့ ပိုရှင်းလာမှာလား ပိုရှုပ်လာမှာလားဆိုတာ မသိနိုင်ပါ ။ ဒါပေမဲ့ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ် ။
    ဒါတွေကို ဆွေးနွေးတော့မယ်ဆိုရင် အခြေခံအနေနဲ့  သဘောတူထားရမဲ့ အချက်တွေလဲ ရှိပါတယ် ။
    အဲအချက်တွေကို အရင်ကျေလည်ကြမှ ရှေ့ ဆက်ရမှာပါ ။
    ၁) ဖက်ဆစ်တော်လှန်ရေးပြီးခါစမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့ တွေနဲ့  သူတို့ ကို ကိုင်ထားနိုင်တဲ့  အဖွဲ့ တွေသာ လူရာဝင်တယ်ဆိုတာ လက်ခံပါသလား ။
    ၂) အဲဒီ အဖွဲ့ တွေဟာ မတူညီသော ခံယူချက်တွေ ရှိပြီး ဘုံရန်သူ ဂျပန်ရှိနေချိန်မှာ ယာယီညီညွတ်နေတယ်ဆိုတာ လက်ခံပါသလား ။
    ၃)ဘီအိုင်အေ ဘီဒီအေ နဲ့  ဖက်ဆစ်တော်လှန်ရေးကာလ ၃နှစ် နောက်ပိုင်း နိုင်ငံရေးလောကမှာ လူဟောင်းဆိုတဲ့  အချက်က potential ဆိုတဲ့  အချက်ထက် ပိုအရေးကြိးတယ်ဆိုတာကို လက်ခံပါသလား
    ၄)၁၉၄၇-၅၈ထိ အဓိက လက်နက်ကိုင်အဖွဲ့  ၄ဖွဲ့  ( အလံနီ ၊ တပ်နီ ၊ ကရင် နဲ့  ဖဆပလ လက်အောက်ခံ ရောရာတပ်) ဟာ ဘယ်သူ့ ဘယ်သူမှ အမြဲတမ်းမဟာမိတ်ရယ်လို့ မရှိဘဲ ဒီနေ့  ပေါင်း နက်ဖန် တိုက်နေတဲ့ အခြေအနေကို လက်ခံပါသလား
    ၅)regular army ထဲမှာကိုစစ်ဦးစီးတွေနဲ့  အောက်ခြေတပ်တွေ ဆက်ဆံရေးဟာ ၄၇-၄၉ ၊ ၅၃-၅၄ နဲ့  ၅၈-၅၉မတူညီတာကို လက်ခံနိုင်ပါသလား ။
    ၆)နောက်ဆုံးအချက်ကတော့ ရှေးဗမာဘုရင်တွေလက်ထက်ကနေ ဒီနေ့ ထိ ပြည်မဗမာ( ထားပါတော့လေ) နဲ့  တိုင်းရင်းသားလူနည်းစုတွေကြားမှာ ထိတွေ့ မှုအင်မတန်နည်းတယ်ဆိုတာ လက်ခံနိုင်မလား

    ReplyDelete
  24. ကိုမန်းဆွဲထုတ်တဲ့  အစကို အမည်မသိက ဗမာပြည်မရဲ့ အမြင်နဲ့  ထပ်ဖြည့်သလိုဖြစ်နေတာပေါ့လေ ။
    (အမှန်အတိုင်းပြောရရင် အမည်မသိ ပြန်ဆွေးနွေးသွားတာ ကမြန်လွန်းလို့ ဘယ်လိုလိုက်ရမလဲဆိုတာအတော်စဉ်းစားနေရတယ် ။ ရတဲ့ အချိန်လေး တလုံးရ တလုံးရိုက်ရတဲ့  ကျွန်တော်အဘို့ က အဲလောက်အမြန်နှုန်းကို လိုက်ရခက်ပါတယ် ။ ခု ပညာရေးတောင်ရောက်နေပလားဘဲ )
    ခုဆွေးနွေးတဲ့  အပိုင်းက အမေဘုတ်ရဲ့ ချည်ခင်လိုပါဘဲ တစဆွဲလိုက်ရင် ပါလာတဲ့  အထွေးတွေက မနဲပါ ။
    အချိန်ယူပြီးဆွေးနွေးရင်တော့ ပိုရှင်းလာမှာလား ပိုရှုပ်လာမှာလားဆိုတာ မသိနိုင်ပါ ။ ဒါပေမဲ့ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ် ။

    ReplyDelete
  25. ဒါတွေကို ဆွေးနွေးတော့မယ်ဆိုရင် အခြေခံအနေနဲ့  သဘောတူထားရမဲ့ အချက်တွေလဲ ရှိပါတယ် ။
    အဲအချက်တွေကို အရင်ကျေလည်ကြမှ ရှေ့ ဆက်ရမှာပါ ။
    ၁) ဖက်ဆစ်တော်လှန်ရေးပြီးခါစမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့ တွေနဲ့  သူတို့ ကို ကိုင်ထားနိုင်တဲ့  အဖွဲ့ တွေသာ လူရာဝင်တယ်ဆိုတာ လက်ခံပါသလား ။
    ၂) အဲဒီ အဖွဲ့ တွေဟာ မတူညီသော ခံယူချက်တွေ ရှိပြီး ဘုံရန်သူ ဂျပန်ရှိနေချိန်မှာ ယာယီညီညွတ်နေတယ်ဆိုတာ လက်ခံပါသလား ။
    ၃)ဘီအိုင်အေ ဘီဒီအေ နဲ့  ဖက်ဆစ်တော်လှန်ရေးကာလ ၃နှစ် နောက်ပိုင်း နိုင်ငံရေးလောကမှာ လူဟောင်းဆိုတဲ့  အချက်က potential ဆိုတဲ့  အချက်ထက် ပိုအရေးကြိးတယ်ဆိုတာကို လက်ခံပါသလား
    ၄)၁၉၄၇-၅၈ထိ အဓိက လက်နက်ကိုင်အဖွဲ့  ၄ဖွဲ့  ( အလံနီ ၊ တပ်နီ ၊ ကရင် နဲ့  ဖဆပလ လက်အောက်ခံ ရောရာတပ်) ဟာ ဘယ်သူ့ ဘယ်သူမှ အမြဲတမ်းမဟာမိတ်ရယ်လို့ မရှိဘဲ ဒီနေ့  ပေါင်း နက်ဖန် တိုက်နေတဲ့ အခြေအနေကို လက်ခံပါသလား
    ၅)regular army ထဲမှာကိုစစ်ဦးစီးတွေနဲ့  အောက်ခြေတပ်တွေ ဆက်ဆံရေးဟာ ၄၇-၄၉ ၊ ၅၃-၅၄ နဲ့  ၅၈-၅၉မတူညီတာကို လက်ခံနိုင်ပါသလား ။
    ၆)နောက်ဆုံးအချက်ကတော့ ရှေးဗမာဘုရင်တွေလက်ထက်ကနေ ဒီနေ့ ထိ ပြည်မဗမာ( ထားပါတော့လေ) နဲ့  တိုင်းရင်းသားလူနည်းစုတွေကြားမှာ ထိတွေ့ မှုအင်မတန်နည်းတယ်ဆိုတာ လက်ခံနိုင်မလား

    ReplyDelete
  26. တတ်နိုင်သလောက် စာရင်းလုပ်ကြည့်ရရင်
    ၁) ပြည်တွင်းစစ် ဘာကြောင့်ဖြစ်သလဲ
    ၂) ပင်လုံစာချုပ်ခေါ်တဲ့  တောင်တန်းပြည်မ သဘောတူညီချက်ဆိုတာ ဘာလဲ
    ၃) ၄၇ constitution ဘာကြောင့် မအောင်မြင်ရလဲ
    ၄) ၄၇-၄၈မှာ အနဲစုလေး။အင်အားချိနဲ့ တဲ့  ဗမာ့တပ်မတော် ( တပ်ရင်း ၄၊၅၊၆ နဲ့  တပ်ရင်း ၃တခြမ်းပဲ့  ၊
    ခလရ ၁ ၊ ကချင် ၂ရင်း ၊ ချင်း ၃ရင်း ၊ )ကနေ ၁၉၅၈-၆၂မှာ တပြည်လုံးကို အနုကြမ်းစီးနိုင်တဲ့ ထိ အင်အားကြီးလာတဲ့ ဖြစ်စဉ်က ဘယ်လိုလဲ ။
    ၅)အနဲစုလို့ ခေါ်နေတဲ့  ရှမ်း ၊ ကချင်၊ကရင် နဲ့  ရခိုင် က လွတ်လပ်ခွ င့် ပေးခဲ့ရင် တကယ်ဘဲ ကိုယ်ပိုင်သီးခြားတိုင်းပြည်ထောင်မှာလား ။ ထောင်ခဲ့ ရင်ရော ပြည်မကို တကယ် ဆိုးကျိုးပေးမှာလား ။
    ၆) ( ထပ်ဖြည့်တာပါ ။ ) လူနည်းစု ဘာသာစကား ကို ကျောင်းတွေမှာ သင်ဘို့ က လွယ်သလား ခက်သလား ။ သမိုင်းကို သင်ရာမှာ လူနည်းစုတွေရဲ့  အမြင်ကို ထည့်ဘို့ တကယ်ဘဲ ခက်သလား
    အဲဒါတွေ ထွက်လာပါတယ် ။
    ၇) ( ထပ်ဖြည့်တာပါ ) တပ်တွေကို ကိုယ့်ဟာကိုယ်ရှာစား သူပုန်ကို ချရင်ပြီးရောပေါ့ ဆိုတဲ့  မူဟာ ၆၂ကျမှ ဖြစ်လာတာလား ။ တပ်ရယ်လို့  စဖြစ်ထဲက ရှိနေတာလား ။ ဒါကို ဘယ်လိုပြောင်းမလဲ ။ ကမ္ဘာပေါ်မှာ စစ်တပ်ဘယ်နှမျိုးရှိပြီး ဘယ်စနစ်က ဗမာပြည်နဲ့ ကိုက်ညီမယ်ထင်လဲ ။
    (ကိုယ့်ဆရာတို့ က ဆွေးနွေးနေတာက မြန် ။ ကျွန်တော်က အချိန်မရလို့  ခေါင်းထဲ စီပြီး စာကို ရိုက်ပြီးနေချိန်ကျ ခင်ဗျားတို့ က ရှေ့ တော်တော်ရောက်နေလို့  မတင်ဘဲ ပြန်ပြင်။ အဲနဲ့  နောက်ကျ နောက်ကျနေဖြစ်နေတယ်ဗျို့  )

    ReplyDelete
  27. ၈)ပေါ်တာဆိုတာ ဦးသန်းရွှေထွင်တာလား ။ ဒါမှမဟုတ်ရင် ဘယ်ခေတ်ထဲက ရှိတာလဲ ။ jungle warfare ကြောင့်ပေါ်တာခေါ်ရတယ်ဆိုရင် တချိန်က တောထဲ ပါတ်ပုန်းနေ (အဲလေ ) ပါတ်တိုက်နေတဲ့  ၀င်းဂိတ်ရဲ့ ချင်းဒစ်တွေ ဘာလို့ ပေါ်တာ ဆွဲစရာမလိုတာလဲ ။
    နောက်ဆုံး တွေးစရာတချက်ပါ ။
    ခုဗမာပြည်ကို စီးပွားရးပိတ်ဆို့ တယ်ပြောတယ်။ အဲဒါကို တဘက်ကလဲ စစ်အစိုးရ မကောင်းလို့  ။ တဘက်ကလဲ အတိုက်အခံတွေအော်လို့  အဲလိုတွေပြောနေကြတာ ။ တကယ်လက်တွေ့  အခြေအနေနဲ့  ကိုက်ညီရဲ့ လား ။ ( ဗမာအစိုးရကဆိုးလို့ ဆို စီးပွားရေးအပိတ်မခံရတဲ့  တရုပ်အစိုးရကကောင်းလို့ လား ။ ဗမာအတိုက်အခံတွေအော်လို့ ဆို တရုပ်အတိုက်အခံတွေက ကြိတ်ခံနေလို့ လား )

    ReplyDelete
  28. ကိုတင့်ဦးကတော့ လုပ်ပြီ၊ အားလုံးငြိမ်သွားတော့မှ အလုံးကြီးနဲ့ ထထုတော့တာကိုး။ ဆရာ့အလုံးတွေကကြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံဗဟုသုတတွေနဲ့မှ ခြုံငုံသုံးသပ်နိုင်မယ့် အနေအထားမို့ လတ်တလောတော့ တစ်စိတ်တစ်ပိုင်းပဲ အရင်ဖြေပါရစေ။ အမည်မသိနဲ့ ကိုတင့်ဦးတို့ စဆွေးနွေးလာတဲ့အခါမှာတော့ အပြန်အလှန်အချို့ ပြန်ပေးနိုင်မယ် ထင်ပါတယ်။

    စိတ်တွေကိုလျှော့ပြီး အချိန်ယူဆွေးနွေးရင်တော့ အချို့နေရာတွေမှာ နည်းနည်းလေး ပိုရှင်းလာနိုင်ကောင်းပါတယ်။ သေချာတာကတော့ တွက်ချက်ပိုင်းဖြတ်ထားပြီးတဲ့ သဘောထားတွေကိုတော့ ပြင်ကြဖို့ သိပ်မျှော်လင့်ချက် မရှိလှပါဘူး။ အမှန်ပြောရရင် ဆွေးနွေးခဲ့သမျှ တွေကိုကြည့်ပြီး ကျနော့်ဖက်က တော်တော်လေး အလျှော့ပေးထားတယ်လို့ တိုင်းရင်းသား အတော်များများက မြင်ကြဖို့ရှိပါတယ်။ ကျနော်ကတော့ လက်တွေ့ကျမှာတွေကို ကြိုးစားပြီး ရွေးပြောခဲ့သလို ကိုယ်မှားတယ်ထင်ရင်လည်း လက်ခံဖို့ပြင်ထားပါတယ်။

    ပထမ မှတ်ချက်တွေထဲက -
    ၁) လက်ခံပါတယ်။
    ၂) လက်ခံပါတယ်။

    ၃) ၊ ၄) ၊ ၅) - ယေဘုယျ လက်ခံပါတယ်။ ဖြစ်နိုင်ရင် နည်းနည်း အချက်အလက်လေးတွေ ဖြည့်ပေးပါ။

    ၆) ချွင်းချက်အချို့နဲ့ လက်ခံပါတယ်။ ဘယ်လို ထိတွေ့မှု နည်းသလဲဆိုတာတော့ အယူအဆ တူချင်မှ တူပါလိမ့်မယ်။ ဥပမာ - ကုန်ကူးသန်းတာ၊ စစ်တိုက်တာ၊ နယ်နိမိတ်တွေ ဒီကနေ့လို အတိအကျမရှိပဲ ခပ်ဝေဝါးဝါးဖြစ်နေတာတွေရဲ့ အတိုင်းအတာ သက်ရောက်မှု ပမာဏကို ဘယ်လောက်သတ်မှတ်ကြသလဲ ဆိုတာတွေ ကွာနိုင်ပါတယ်။ အခြားအချက် အချို့လည်း ရှိသေးတဲ့အပြင် တိုင်းရင်းသားလူနည်းစု ဆိုတဲ့ စကားတောင်မှ ဇဝေဇဝါ ဖြစ်စေနိုင်မယ့် အဆိုပြုတင်ပြချက်မျိုးလည်း ရှိပါသေးတယ်။

    ဥပမာတစ်ခုဆိုရင် ကနေ့ ရန်ကုန်မြို့ပေါ်မှာ နေထိုင်အခြေချနေကြသူ ကရင်အများစုဟာ ယိုးဒယားကို အကြိမ်ကြိမ်စစ်ချီရာက ပြည်မတပ်တွေကြောင့် ထွက်ပြေးလာရတဲ့ ရိုးမတောင်ပေါ်က ကရင်များကို ခရစ်ယာန် သာသနာပြုများရဲ့ အကူအညီနဲ့ နေရာချထားခဲ့တာလို့ သိရပါတယ်။ refugee မျိုးဆက်တွေလို့ ပြောရမှာပေါ့ဗျာ။ ဒီတစ်ခုကိုပဲ အမျိုးမျိုးဖြန့်တွေးလို့ ရတယ်လို့ ယူဆမိပါတယ်။

    ReplyDelete
  29. အေးဗျ
    ခင်ဗျားတို့ က စပြီး ၀ူးဆို ပညာရေးတွေရော ၊ဘာသာစကားတွေထိ ရောက်ကုန်တဲ့ အချိန်မှာကျွန်တော်ကခေါင်းထဲ စီထားတဲ့ စာက ၄၂ဘီအိုင်အေတက်ချိန်မှာဘဲ ရှိသေး။ အဲကလဲ မအားတာနဲ့  တလုံး ရ တလုံးရိုက်နေတုန်း ။ ၀င်ကြည့်လိုက် ခင်ဗျားတို့ က ရှေ့ ရောက်နေလိုက် ထပ်ဖြည့်ဘို့ စာပြန်ပြင်း။ မသေချာတာလေး လုဖတ်လိုက် ။ ရိုက်ပြီးတင်မယ်ကြည့်လိုက် ။ ခင်ဗျားတို့ က ရှေ့ ရောက်သွားလိုက် ။ အဲနဲ့  ပါတ်ချာလိုက်နေတော့ ကဲပါလေ ခုမှမတင် ဒိတသက်တော့ မတင်ဖြစ်တော့ပါဘူးဆိုပြီး တင်လွှတ်လိုက်တာပါဘဲ ။
    ၃ ။ ၄။နဲ့  ၅က တကယ်တော့ဆက်နေတာပါဘဲ ။ ဇာတ်ရည်လည်အောင်ဆိုရင် ၄၂ မတိုင်ခင်က ဗမာနိုင်ငံရေး နဲ့  ၄၂နောက်ပိုင်း အင်အားစုတွေ ကွဲပြားလာပုံကို ပြန်ကောက်မှဘဲ လည်မှာပါဘဲ ။
    ၆ကိစ္စမှာ အထိအတွေ့ ဆိုတာမှာတော့ ပင်လုံစာချုပ်ခေါ်နေကြတဲ့  ပြည်မတောင်တန်းသဘောတူစာချုပ် ကို လေ့လာလိုက်ရင် သဘောပေါက်လာမှာပါ ။
    ဒါတွေက အပိုလုပ်နေတယ်ပြောရင်လဲ ခံရမှာဘဲ ။ကျွန်တော်နားလည်တာကတော့ ပြဿနာ တခုကို အဖြေရှာတဲ့ နည်း ၂နည်းရှိတယ်ဗျ
    တနည်းကတော့ မှားတဲ့ ကောင် နရင်းနာနာတီးတဲ့  နည်းရယ် နောက်တနည်းက ဘာကြောင့်ဖြစ်လာရလဲ နောက်ကြောင်းပြန်ကြည့်ပြီး နောက်ဘာလုပ်ကြမလဲ တွေးခေါ်ကြတဲ့ နည်းရယ်ပါ ။ ခုဟာကတော့ ဒုတိယနည်းပေါ့ဗျာ

    ReplyDelete
  30. ဒုတိယမှတ်ချက်က မေးခွန်းတွေကိုတော့ တစ် ကနေ ငါး အထိက ကြည့်တဲ့ဖက်အပေါ်မူတည်ပြီး (အထင်) အမြင်ကွဲကြဖို့ များပါတယ်။ အချို့နေရာတွေမှာလည်း ကျနော်တို့အားလုံး အချက်အလက်တွေနဲ့ ပတ်သက်လို့ တင်ပြမှုတွေက အများအားဖြင့် ဇဝေဇဝါ ဖြစ်နိုင်စရာ ရှိတယ်လို့ ယူဆပါတယ်။
    (ဥပမာ အနည်းဆုံး ပရိယာယ်ကြွယ်တယ်လို့ တစ်ဖက်က အားရပေမယ့် အခြားတစ်ဖက် အတွက်တော့ ဥာဏ်များတယ်၊ ကလိန်ကကျစ်တွေ ဖြစ်နိုင်ပြီး၊ ရှူံးတဲ့အခါ လက်နက်အင်အား လူအင်အားမမျှလို့နဲ့ နိုင်တဲ့အခါကျတော့ စွမ်းရည်ပြောင်မြောက်စွာနဲ့ ချေမှုန်းတယ်ဆိုပြီး ဖြစ်ကြသလိုပေါ့။ စိတ်ရှင်းရှင်း ထားနိုင်ကြရင်တော့ အကောင်းဆုံးပေါ့ဗျာ။)

    ၆) အတွက်ကတော့ နည်းနည်းပြောကြည့်ပါမယ်။
    ပထမအနေနဲ့ ဘာသာစကားမှာ တိုင်းရင်းသားတွေ ၁၀၀% နီးပါးနေတဲ့ နေရာတွေမှာ သူတို့ဘာသာစကားကို အခြေခံအဆင့် (၄ တန်းလောက် အထိဖြစ်ဖြစ်) တစ်ဘာသာလောက် ထားပေးနိုင်ရင်ပဲ သူတို့ကို အတိုင်းအတာ တစ်စုံတစ်ရာ အသိအမှတ်ပြုရာနဲ့ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေကို အကြင်နာကင်းကင်းနဲ့ မဝါးမျိုဖူးဆိုတာ ပြလို့ရပါတယ်။ လူမျိုးရောရာ ဒေသတွေမှာတော့ အခြေအနေအပေါ်မူတည်ပြီး ဒေသဘာသာစကားကို အတင်းအကြပ်ပုံစံ မဟုတ်ပဲ ရွေးချယ်သင်ယူခွင့်ပေးတာမျိုး လုပ်လို့ရပါတယ်။

    သမိုင်းကိစ္စကတော့ အမြင်ကိုထည့်ဖို့ ကျနော်မဆိုလိုပါဘူး။ ပိုပြီး ပြည့်စုံကျယ်ပြန့်တဲ့ သမိုင်း အစစ်အမှန်ကိုပဲ Anonymous ပြောသလို အတန်းအလိုက် တစ်ဆင့်ချင်း မြှင့်သင်ပေးသွားတာ သင့်တော်ပါလိမ့်မယ်။ သမိုင်း အစစ်အမှန် ဆိုတဲ့အရာကတော့ တော်တော်တာသွားပါလိမ့်မယ်။ လူငယ်တွေကို အားလုံးဟာ တစ်မြေထဲနေ တစ်ရေထဲသောက်ပြီး အေးအတူပူအမျှ နေသွားကြရမယ့် တစ်နိုင်ငံထဲသားတွေ ဆိုတာမျိုးနားလည်လာအောင် သင်ပေးနိုင်ဖို့ အခြေခံအားဖြင့် လိုပါတယ်။ ဒီနေရာမှာ ရိုးသားပြီး မျှတဖို့ချည်း မကပဲ ဒီကနေ့ ခေတ်သစ် သမိုင်းပညာ၊ နည်းပညာတွေ အကူအညီနဲ့ သေချာတိကျတဲ့ သမိုင်း အချက်အလက်တွေကိုလည်း ဖေါ်ထုတ်ဖို့ လိုနေပါတယ်။

    ရ) တပ်တွေကို ကိုယ့်ဟာကိုယ်ရှာစား သူပုန်ကို ချရင်ပြီးရောပေါ့ ဆိုတဲ့  မူဟာ ၆၂ကျမှ ဖြစ်လာတာ မဟုတ်ဖူးလို့ အတပ်ပြောနိုင်ပါတယ်။ ဘုရင်ခေတ်ကတည်းက ရှိခဲ့ပြီးသားလို့ နားလည်လို့ ရသလို ဒီဖက်ခေတ် BIA မြန်မာပြည်ထဲဝင်စမှာ လူနဲ့ အခြေအနေတွေ ဗျောက်သောက်တွေ ဖြစ်ခဲ့တာကို ကိုတင့်ဦး နည်းနည်းပြောဖူးပါတယ်။ ကျန်တာတော့ ဆရာတို့ပဲ အရင်ဆွေးနွေးပါ။

    ၈) ပေါ်တာဆိုတာ ဦးသန်းရွှေ မထွင်တာတော့ သေချာပါတယ်။
    ခေတ်အဆက်ဆက် (နာမည်မတူပေမယ့်) အထမ်းသမားတွေဆိုပြီး ဓါတ်ပုံတွေနဲ့ကို ကျကျနန ပါနေခဲ့ကြတာပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း အထမ်းသမား (ပေါ်တာ) သုံးကြတာပါပဲ။ ကွားခြားချက်တွေကတော့ အချို့မှာ အခကြေးငွေရတာတို့၊ လိုရာခရီးတစ်ကြောင်းပဲ ပို့ပေးရတာတို့၊ မနှိပ်မစက် မသတ်မဖြတ်တာတို့၊ မိုင်းပေးနင်းတာမျိုးလို ချီတက်တဲ့အခါ ရှေ့က အလယ်ကတွေ အမျိုးမျိုးညှပ်ပြီး လူသားဒိုင်းလုပ်တာမျိုးတွေမှာ ကွာပါလိမ့်မယ်။

    နောက်တစ်ခုက ကြက်လည်းမော ယာလည်းညက်အောင်ကတစ်ကြောင်း၊ ထောက်ပံ့ရေးအတွက် မယ်မယ်ရရ လောက်လောက်လားလား မစီစဉ်ပေးပဲ ရေပဲပါရမယ် ဆိုတဲ့ (တစ်စိတ်တစ်ပိုင်းအားဖြင့်) တမင် ဖန်တီးထားတဲ့ ဖိအားတွေကို အောက်ခြေကို ပေးတာမျိုးကတစ်ကြောင်း၊ ချင်းဒစ်တွေနဲ့ မတူတာက ယေဘုယျ ပျောက်ကြားစစ်ပွဲမဟုတ်ပဲ အပြုတ်တိုက်ပြီး နေရာချဲ့နေတဲ့ သမားရိုးကျ စစ်ပွဲအသွင်ဆောင်နေတာကြောင့် တွေလည်း ပါတာပေါ့။ ဒီနေရာမှာ နယ်တွေမှာနေတဲ့ ဗမာတွေလည်း ဒုက္ခအတူ ခံကြရတာကို ထောက်ပြသူများ ရှိနိုင်ပါတယ်။။ ဒီလူတွေဟာ စစ်တုရင် နယ်ရုပ်အဆင့်လောက်တောင် သဘောအထားမခံကြရတဲ့ ရေကြည်ရာမျက်နုရာ ရှာဖွေခဲ့ကြတဲ့ အောက်ခြေလူတန်းစား ဗမာတွေ (အများအားဖြင့် သွေးနှောသူတွေ) ဖြစ်ကြပါတယ်။ ယေဘုယအားဖြင့် သူတို့ဟာလည်း ပြည်မကို သိပ်ပြီးအမြင်ကြည်ကြတာ မဟုတ်ပေမယ့် ရောပြီးငုံ့ခံနေကြရတဲ့ သူတွေလို့ ပြောလို့ရပါတယ်။

    စီးပွားရေး ပိတ်ဆို့တာကတော့ ပြောရင် ရှည်မယ်ထင်ပါတယ်။ လိုရင်းကတော့ ထိပ်သီးတွေ အဓိကထိပါတယ်။ ပြည်သူတွေကို ထိလားဆိုတော့ နည်းနည်းတော့ သက်ရောက်မှုရှိပေမယ့် အချို့ရင်းနှီး မြှုပ်နှံမှုတွေကကော ကြိုဆိုသင့်ရဲ့လား ဆိုတာ မေးစရာဖြစ်လာပါတယ်။ globalisation ခေတ်မှာ အတူကပ်ပါလာတဲ့ ရေတိုမြှုပ်နှံမှုနဲ့ အထူးစီးပွားရေးဇုံတွေရဲ့ အကျိုးဆက်အချို့တွေဟာ သိပ်ပြီးလှပတာတော့ မဟုတ်ပါ။ နိုင်ငံရေးနဲ့ ကျင့်ဝတ်တွေအရ ပိတ်ဆို့ရပါတယ်ဆိုတာတွေ ခဏဘေးဖယ်ပြီး နိုင်ငံစီမံခန့်ခွဲမှု အပိုင်းကြည့်ရင်ပဲ ချွတ်ချုံကျမှု တရားခံကတော့ ရှင်းတယ်လို့ မြင်ပါတယ်။ (ဘန်ကောက်မှာ တွေ့ခဲ့တဲ့ ဗိုလ်မှူးကြီးတစ်ယောက် ပြောသလို “ကျနော်တို့လည်း စိစစ်ပြီး ကုန်သွယ်ဖို့ ပစ္စည်းတွေကို ဖွင့်ပေးနေပါတယ်” တဲ့၊ ကိစ္စရှိလို့သွားတဲ့ သူငယ်ချင်းကို အားနာလို့ ပါးစပ်ပိတ်ထားခဲ့လိုက်ပါတယ်။)

    ပြန်ဆွေးနွေးပေးကြတာကို စောင့်နေပါ့မယ်။

    ReplyDelete
  31. ကဲ ကျနော် အချိန်ယူပြီးရိုက်တာ ဘယ်လောက်ကြာသလဲမသိဘူး ကိုတင့်ဦးကွန်မန့်တောင် ကြားညှပ်ဝင်ပြီးသွားပြီ။ :-)

    ၄၂ ဘီအိုင်အေတက်ချိန်က ဆရာပိုပိုင်ပါတယ်ဗျာ။
    လုပ်ပါ၊ အချက်အလက်တွေရော၊ အမြင်ရော၊ အဆိုပြုချက်တွေပါ တစ်ပေါင်းထဲသာ လုပ်လိုက်ပါ။

    “နရင်းနာနာတီးတဲ့ နည်း” ကတော့ လက်ရှိ မြန်မာပြည်မှာ သုံးနေတဲ့နည်းပါပဲ။ ကျနော့်အမြင်မှာတော့ ယေဘုယျ ဗမာ (အုပ်ချုပ်သူ) တွေအနေနဲ့ တိုင်းရင်းသားတွေကို ကဲ .. အင်္ဂလိပ်မသိမ်းခင် မင်းတို့ကို ငါတို့တက်သိမ်းထားပြီးသားကွ၊ ပြန်မလှန်နဲ့ ဆိုတဲ့ပုံစံနဲ့ နာနာတီးနေသလိုပါပဲ။

    အထက်မှာ ကိုတင့်ဦးပြောခဲ့သလိုပဲ “ဖက်ဆစ်တော်လှန်ရေးပြီးခါစမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့ တွေနဲ့  သူတို့ ကို ကိုင်ထားနိုင်တဲ့  အဖွဲ့ တွေသာ လူရာဝင်တယ်” ဆိုတာ အမှန်ပါ။ ကျနော်တို့နဲ့ အနီးဆုံး မွန်တွေကိုကြည့်ရင် လက်နက်မရှိလို့ ပြည်နယ်ရဖို့တောင် အတော်နောက်ကျခဲ့ပြီး သေနတ်လက်ထဲ ရောက်မှပဲ ဂရုစိုက်ခံကြရတော့တယ်။

    ReplyDelete
  32. ကျော်ထင်January 15, 2011 at 4:02 AM

    ပွဲက ပြန်ဆက်ကနေတာ ခရီးတောင် အတော်ရောက်နေမှပဲ။ မအားတော့ ပြောချင်သလောက် မပြောနိုင်၊ ဖတ်ချင်သလောက်မဖတ်နိုင် ဖြစ်နေတယ်။
    ဆရာတင့် မေးထားတဲ့ အချက်တွေကို ကိုယ်စိတ်ဝင်စားတဲ့ အချက်တွေ ကို အဓိက ထားဖြေကြည့်မယ်။
    ၁) ဖက်ဆစ် တော်လှန်ရေး အစချီ...
    ......
    ၅) regular army ..အထိ အကုန် လက်ခံတယ်
    ၆) ဘယ်လိုထိတွေ့မှုနည်းတာလဲ ဆိုတဲ့ ဟာကိုမရှင်းတဲ့အတွက် သိပ်နားမလည်ပါဘူး
    နောက် ဆက်ဖြည့်ထားထဲ့အထဲက
    ၁) ပြည်တွင်းစစ် ဘာကြောင့်ဖြစ်ရလဲ ဆိုတာကို ညီညွတ်မှုပြိုကွဲလို့ပါလို့ သိပ်ယေဘုယျ ဆန်ဆန်ဖြေရင် HIV ရောဂါသည် ဘာကြောင့် သေရသလဲ အမေးကို ကိုယ်ခံအားကျဆင်းလို့ သေရတယ်လို့ ဖြေသလိုဖြစ်နေမှန်ထင်တယ်။
    ၂) ပင်လုံစာချုပ် ရဲ့ တောင်တန်းနဲ့ ပြည်မ သဘောတူညီချက်ဆိုတာကတော့ ဖတ်မှတ်ဖူးသလောက်က ဘာမှ သိပ်အထွေအထူးကြီးတော့ မဟုတ်ဘူးထင်တယ်။ အင်္ဂလိပ်လက်အောက်ကနေ အတူတကွ မြန်မြန်လွတ်လပ်ရေး ရကြစေဖို့ ကချင်၊ ရှမ်း၊ ချင်းတွေ ရဲ့ ကိုယ်စားလှယ်ခန့်အပ်ထားရေး၊ အဲဒီကိုယ်စားလှယ်က ဘာတွေလုပ်မယ် ညာတွေလုပ်မယ် ဆိုတဲ့ သဘောတူညီချက်တွေနဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကချင်ပြည်နယ် (သီးခြားလွတ်လပ်နဲ့ ကချင်နိုင်ငံလို့တော့ ရေးမထားဘူး) တည်ထောင်ခွင့်တွေကို နောင်လာမယ့် ပါလီမန်မှာ ဆွေးနွေးရေး တို့
    ၃) အဲဒီအချိန်တုံးက တောင်တန်းက လူမျိုးတွေ ရရှိနေတဲ့ autonomy ကိုဆက်လက်ရရှိစေရေး၊ ဘဏ္ဍာအခွန် တွေဆက်လက် ရရှိစေရေး အဲဒါတွေက တရားဝင် စာချုပ်ပါ အဓိက အချက်တွေပါ။

    ReplyDelete
  33. ကျော်ထင်January 15, 2011 at 4:15 AM

    အဲဒီလို စာချုပ်ပါ အချက်တွေ ထက်ပိုအရေးပါတာက ကန့်လန့်ကာ နောက်ကွယ်က ကိစ္စတွေပါ။ ပင်လုံစိတ်ဓါတ်ရယ်လို့ အခုလူတွေ တင်စားပြောနေကြတဲ့ တောင်တန်းပြည်မနားလည်မှု သဘောထားက အလွန်အရေးကြီးပါတယ်။ အတူတကွ လွတ်လပ်ရေးကိုအရယူရေးဆိုတဲ့ ညီညွတ်ရေးကို ခဏပဲဖြစ်ဖြစ်၊ ဟန်ပြပဲဖြစ်ဖြစ်၊ မိမိတို့လိုလားတဲ့ ပန်းတိုင်အတွက် မဖြစ်မနေတည်ဆောက်ယူရေး ဆိုတဲ့ စိတ်ဓါတ်ဟာ အခုပြောနေကြတဲ့ ပင်လုံစိတ်ဓါတ်လို့ပဲထင်ပါတယ်။ အဲဒါဟာ အနှစ်သာရပါ။
    ၃) ၄၇ အခြေခံဥပဒေ မအောင်မြင်ရခြင်းအကြောင်းကတော့ .. အများကြီး ပြောရပါလိမ့်မယ်။ ကိုယ်တိုင်လဲ အဲလောက် မနှံ့စပ် (မလေ့လာအား) တော့ မဖြေတော့ပါဘူး
    ၄)ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေ အပြန်အလှန်တိုက်ပွဲကနေ စစ်တပ်ကို ကိုယ့်ဖက်ပါအောင် အားဖြည့်ပေးကြတာတွေ၊ ရောင်စုံသူပုန်တွေ အထကြွ လွန်ကြ၊ အစွန်းရောက်ကြလို့ ပြည်သူလူထုကပါ စစ်တပ်ကို ၀ိုင်းရံကြတာတွေ. နဲ့ အလားတူအချက်များစွာကြောင့် စစ်တပ်ဟာ(အထူးသဖြင့် ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီး တို့အုပ်စု)ဟာ အားကြီးလာတယ်လို့ ယေဘုယျ ဆိုချင်ပါတယ်။
    ၅) တိုင်းရင်းသားတွေကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်( KNU အဆိုအရ) ပေးဖို့တောင်းတယ်ဆိုတာ autonomy တောင်းတဲ့ သဘော၊ ကျနော် သဘောပေါက်သလောက်တော့ autonomy က ခွဲထွက်ခွင့် တော့ မဟုတ်ဘူး။ ဒါပေမယ့် ပါးပါးလေးပဲကွာတယ်။ အဲဒါကို အန္တရယ်များတယ်လို့ မြင်ကြတာပါ။ ဒါပေမယ့် သူ့လူမျိုးစု ကြမ္မာစီမံခွင့်က သူ့လူမျိုးလက်ထဲပဲရှိသင့်တာတော့ တရားပါတယ်။ အရင်တော့ သီးခြားလွတ်လပ်တဲ့ လူမျိုးစုနိုင်ငံတော်တွေ တည်ထောင်ဖို့ ရည်ရွယ်ခဲ့ကြတာ အရှင်းပါ။ ဒါပေမယ့် လက်ရှိအခြေအနေမှတော့ ဘယ်သူမှ ခွဲထွက်မယ့် စကားမပြောကြတော့တာလဲ အသေချာပဲ။ ဒါ့ကြောင့် အဲဒါတွေကို အသေအချာ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက် ချနိုင်ဖို့ comprehensive process တခုလိုနေတာတော့ အသေအချာပါပဲ။

    ReplyDelete
  34. ကျော်ထင်January 15, 2011 at 4:26 AM

    ၆) တိုင်းရင်းသားတွေ သူတို့ဘာသာစကား ထိန်းသိမ်းချင်တာ ခွင့်ပြုပေးရပါတယ်။ သင်ကြပါစေ၊ ပွားများအောင် လုပ်ကြပါစေ။ တိုင်းရင်းသားဘာသာစကားတွေ များလို့ အဲဒါတွေအကုန်လိုက်ဖြည့်ဆည်းပေးရရင် တိုင်းပြည် ဘတ်ဂျတ်ထိခိုက်မယ်၊ ပညာရေးထိခိုက်မယ်ဆိုတာ ပြည့်စုံတဲ့ အမြင်မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ သူတို့ဘာသာစကားထိန်းသိမ်းဖို့ ပြန့်ပွားအောင်လုပ်ဖို့က သူတို့ တာဝန်သာဖြစ်ပါတယ်။ သူတို့ကို လုပ်ခွင့်ပေးဖို့ပဲ အရေးကြီးပါတယ်။ state budget ဘာညာ ကြီးကြီးကျယ်ကျယ် ကိစ္စတွေအထိ မလိုအပ်ပါ။ ကမ္ဘာ့လူမျိုးအသီးသီးဟာ သူတို့ဘာသာစကားနဲ့ သူတို့ရှိပေမယ့် global language, language of science အနေနဲ့ English ကိုမဖြစ်မနေသင်ကြရသလို၊ တိုင်းရင်းသားတွေလဲ လူများစု ဘာသာစကားဖြစ်တဲ့ မြန်မာစာလဲ သူတို့အတွက် လိုအပ်လို့ သင်ကြမှာ အသေအချာပါပဲ။
    ၇) ကိုတော့ သိပ်မသိပါဘူး. အရေးကြီးတယ်လို့လဲ မထင်ပါဘူး။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် မဖွံ့ဖြိုးသေးတဲ့ အချိန်မှာ အဲလို ကိုးရိုးကားယား အဖြစ်တွေ ဖြစ်နေကြပါပဲ။

    လောလောဆယ်တော့ သူများမေးထားတာတွေပဲ ဒိုင်ဗင်ထိုးဝင်ဖြေရင်း ခနနားလိုက်ပါအုံးမယ်။ ဒီထက် တဆင့်တက် ဆွေးနွေးကြတာတွေကို ဆက်စောင့်မျှော်နေပါမယ်။

    ReplyDelete
  35. အေးဗျ
    အချက်တွေ နဲ့  ချကြည့်တော့တယောက်နဲ့ တယောက် အခြေခံအချက်တွေမှာ အမြင်မကွာလှတာကို တွေ့ ရပါတယ် ။
    ဒါဟာ အားရစရာတော့မဟုတ်ပါဘူး ။
    ဘာပြနေလဲဆိုတော့ ကျွန်တော်တို့ တွေးခေါ်ပုံတွေဟာ သိပ်မကွာလှတာကို ပြနေတာပါ ။
    သမိုင်းမြှုပ်ကွက်လေးတွေကို ကိုကျော်ထင်ရော ကိုမန်းပါ ထောက်မလားလို့  တို့ ပေးထားခဲ့တဲ့  အချက်လေးတွေ ရှိပါတယ် ။
    နဲနဲလေး နောက်ကြောင်းပြန်ပါ့မယ် ။
    ၁၉၄၂မှာ ဂျပန်ဝင်တယ် ။ ဂျပန်မ၀င်ခင် အုပ်ချုပ်ရေးက တောင်တန်းနဲ့ ပြည်မ ၂ခုက လုံးဝ မတူညီတဲ့  စနစ်တွေပါ ။
    တောင်တန်းဆိုတာ ချင်း ကချင်နဲ့  ရှမ်း ( ကယားပါမပါ ကျွန်တော့စိတ်ထဲ မကွဲတော့ဘူး )
    ပြည်မက ကျန်တဲ့ နယ်တွေ ( ရခိုင် မွန်နဲ့  ကရင်က ပြည်မထဲမှာပါ )
    တောင်တန်းက ဘုရင်ခံရဲ့ ဒါရိုက်အုပ်ချုပ်ရေး
    ပြည်မက မင်းတိုင်ပင်အမတ်တွေပါတဲ့ လွှတ်တော် ။ ကရင် နဲ့ ရခိုင် အမတ်တွေလဲ အဲထဲ ပါနေပါတယ် ။ သူက အများစုနိုင်တဲ့  ပါတီက ခေါင်းဆောင်ကိုရွေး ။ အဲခေါင်းဆောင်က ဘုရင်ခံရဲ့  အမှုဆောင်ကောင်စီ ဒုဥက္ကဋ္ဌ ရာထူးယူ
    (နန်းရင်းဝန်ခေါ်တာပေါ့ ) အဲမှာမှ ကာကွယ်ရေး စတဲ့  ၇ဋ္ဌာနမပါ ကျန်တဲ့  ၉၁ဋ္ဌာနကို ဘုရင်ခံရဲ့  အမှုဆောင်ကောင်စီက ပြည်မကိုစီမံတဲ့ စနစ် ။

    ReplyDelete
  36. ဒီတော့ ဒီစနစ်မှာ ပြည်မနဲ့ တောင်တန်းက အုပ်ချုပ်မှုအရတခြားစီပါ ။
    ဒီမှာ တခုသတိထားဘို့ က တရုတ် ၊ ကုလား ။ အင်္ဂလိပ်နဲ့  ကပြား ဆိုပြီး လူနဲစု အမတ်တွေ လွှတ်တော်ထဲရှိနေတာကိုပါ ။
    သူတို့ သြဇာမသေးလှတာကို သတိထားဘို့ ပါ ။
    ဥပမာ တခုက ၁၃၀၀ပြည့်ကာလမှာ ဒေါက်တာဘမော်အစိုးရဟာ ကုလား အင်္ဂလိပ်မဲနဲ့  ကျားကန်ပြီး ရပ်တည်နိုင်ခဲ့တာကိုကြည့်ပါ ။
    ၁၉၄၆ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဖဆပလ ၀င်ရောက်ခဲ့တဲ့ လွှတ်တော်ဟာ အဲဒီလွှတ်တော်ပါဘဲ ။ ဗိုလ်ချုပ်ဟာ ဘုရင်ခံအမှုဆောင် ကောင်စီရဲ့  ဒုတိယဥက္ကဋ္ဌအနေနဲ့  ပြည်မကိုအုပ်ချုပ်နေပါပြီ။
    ဒါပေမဲ့ တောင်တန်းတွေဟာ ဘုရင်ခံရဲ့  ဒါရိုက်အုပ်ချုပ်မှုမှာပါ ။
    ဒါကြောင့် အောင်ဆန်းအက်တလီစာချုပ်ချုပ်ချိန်မှာ ဖဆပလ ကိုယ်စားလှည်အဖွဲ့ ဟာ တောင်တန်းကို ကိုယ်စားပြုမပြုဆိုတဲ့ မေးခွန်းထွက်လာတာပါ ။ တနည်းပြောရရင် ဖဆပလက လုံးဝလွတ်လပ်ရေးတောင်းနေသော်လည်း သူတို့ လက်ရှိအုပ်ချုပ်နေသော နယ်မှာ တောင်တန်းမပါပါ ။
    ပင်လုံစာချုပ်ဟာ ဒီ technicality ကိုဖြေရတာပါ။

    ReplyDelete
  37. တနည်း ကျွန်တော်ထောက်ချင်တာက ပင်လုံရဲ့  အဓိက ဦးတည်ချက်က တောင်တန်းနယ်တွေကို ဘုရင်ခံအောက်တော့ဆက်မနေနဲ့ ကွာ ။ ပြည်မနဲ့ တူတူတွဲပြီး လွတ်လပ်ရေးယူပါဆိုတဲ့  အချက်ကိုပါဘဲ ။ နောက် လွတ်လပ်ရေးရခဲ့ ရင် ဘယ်လိုသွားကြမယ်ဆိုတာ ဆက်ဆွေးနွေးတာပေါ့လို့ ဘဲ ချန်ခဲ့ ပါတယ် ။
    ဒါကြောင့်လဲ ရခိုင် ၊မွန် နဲ့ ကရင်တို့ ဟာ ပင်လုံမှာ လက်မျတ်ထိုးတဲ့ ထဲ မပါတာပါ ။ နောက် ၁၀နှစ်ကြာရင် သီးခြားပြည်နယ်ထောင်လိုက ထောင်နိုင်တယ်ဆိုတာလဲ ဒါကြောင့်ပါဘဲ ။ သဘောကတော့ ရေရှည်အတွက်ကို ဒီ ၁၀နှစ်အတွင်း ထပ်ညှိကြတာပေါ့ဆိုတဲ့ သဘောပါ ။
    ချွင်းချက်က ချင်းပါ။
    အဲတော့ချင်းခေါင်းဆောင်တွေက နောက်အခါ ဆွေးနွေးမယ်ဆိုတဲ့ reservation ကို မလိုပါဘူးဆိုပြီး ပြည်မမှာဘဲ တခါထဲပေါင်းခဲ့ပါတယ် ။ သူတို့  တောင်းဆိုတာက တချက်ထဲပါ ။
    (ဦးဝမ်းသူမောင် ရဲ့ စကားနဲ့ ဆိုရင်တော့ ပြည်မနဲ့  တန်းတူသာစဉ်းစားမယ်ဆို ကျွန်တော်တို့ ချင်းတွေ ချင်းနယ်မှာတောင်စာရေးဖြစ်မယ်မထင်တဲ့  ၊)
    အဲကြောင့် ချင်းဝိသေသတိုင်းဆိုပြီး ပြည်မ နဲ့  တပေါင်းတည်း တိုင်းတတိုင်း ဒါပေမဲ့ နယ်ခံချင်းလူမျိုးတွေကို ဦးစားပေးရမယ်ဆိုတဲ့  နားလည်မှု နဲ့ ဖြစ်လာတာပါ ။
    ပင်လုံစာချုပ်နဲ့  ၄၇ အခြေခံဥပဒေမှာ ဒီအချက်ပါနေသော်လဲ ၁၉၆၂ ဦးနေ၀င်းအာဏာမသိမ်းခဲ့ ရင် တကယ်တိုင်းရင်းသားတွေ ( အဓိက က ရှမ်းပြည်နယ် ) ဟာ ခွဲထွက်ဘို့ မလွယ်ဆိုတာ ကျွန်တော်တို့  မဆလပညာရေးနဲ့ ကြီးလာသူတွေအတွက လက်ခံရခက်တဲ့  အချက်ပါ် ။ ကျွန်တော့အမြင်ကတော့ ရှမ်းခေါင်းဆောင်တချို့ က ခွဲချင်တယ်လို့ ဆိုဦး ။ တကယ် ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ခဲ့ ရင် ခွဲရေးကနိုင်မနိုင်ဆိုတာ သံသယရှိပါကြောင်း

    ReplyDelete
  38. ကျွန်တော်အတိုဆုံးထပ်ချုပ်ပါ့မယ် ။ ပင်လုံစာချုပ်ဟာ နားလည်မှုအပြည့်ရပြီးချုပ်ခဲ့တဲ့ စာချုပ် ultimate agreement မဟုတ်ဘဲ လောလောဆယ် တောင်တန်းက ခေါင်းဆောင်တွေ အနေနဲ့  အင်္ဂလိပ်နဲ့ တော့ဆက်မနေနဲ့ ကွာ ပြည်မ နဲ့ တူတူ လွတ်လပ်ရေးယူတာပေါ့ ။ ကျန်တဲ့  နောင်ရေးကို အေးအေးဆေးကျမှ တူတူဆွေးနွေးကြတာပေါ့ ဆိုတဲ့  သဘောတူညီချက်ပါ ။
    ဒီလိုဆွေးနွေးဘို့ ကို ၆၂နှစ်ဦးထိ အချိန်မရတော့ဘဲ ဖြစ်နေခဲ့တာကတော့ ပြည်တွင်းစစ်ကြောင့်ပါ ။ ၆၂ဆွေးနွေးမယ်လဲလုပ်ရော ။ အဲဒါကို အကြောင်းပြပြီး ဦးနေ၀င်းအုပ်စုက အနုကြမ်းစီးတော့တာကိုး ။
    ဒီတော့အေးအေးဆေးဆေးဆွေးနွေးခဲ့ရင် ပြည်ထောင်စုပြိုကွဲမယ်ဆိုတာကို လက်ခံမရပါောကာင်း

    ReplyDelete
  39. အဲဒီလိုပြောလိုက်တဲ့ အခါကျတော့ ပြည်တွင်းစစ်ဟာ အလွန်အရေးကြီးတဲ့  နေရာမှာပါနေတာ အားလုံးလက်ခံရမှာပါဘဲ ။
    ဒီတော့ပြည်တွင်းစစ် ဘယ်ကစလဲဆိုရင် လက်နက်ကိုင်တွေကစတယ်လို့ ဖြေရပါ့မယ် ။
    လက်နက်ကိုင်ရှိတိုင်းစစ်ဖြစ်ရောလားဆိုတော့  မဟုတ်ပါ ။
    ဒါဆိုရင် ထပ်ဖြေရရင် မတူညီသော လက်နက်ကိုင်အဖွဲ့ တွေ ရှိနေမှ စစ်ဖြစ်တယ်လို့  ထပ်ဖြေရပါ့မယ် ။
    အဲဒီမတူညီသော လက်နက်ကိုင်တွေ မြစ်ဖျားခံရာကို လိုက်ကြည့်ရအောင် ။
    အင်္ဂလိပ်သိမ်းပြီးနောက်မှာ မြန်မာပြည်က စစ်တပ်ဆိုတာ အိန္ဒိယအာမီလက်အောက်ခံတပ်ပါဘဲ ။
    ဒီထဲမှာ တိုင်းရင်းသားထဲက (၁၉၁၄-၁၈ ) ပထမကမ္ဘာစစ်အချိန်တိုလေးက လွဲရင် ကရင် ချင်းနဲ့  ကပြားတွေဘဲ လက်ခံခဲ့ ပါတယ် ။
    နောက် ခွဲရေး ( ၁၉၃၇နောက်ပိုင်းကျတော့ ကရင်ချင်းနဲ့ ကပြားတွေကို Burma rifles ဆိုပြီး ဖွဲ့ ပေးခဲ့ပါတယ် ။ ၂ညိ ႀကမာေ
    Burma rifles တွေဟာ ၁၉၄၂ တပ်ဆုတ်တော့ 2nd burma rifles ကလွဲရင် ဖျက်ပစ်ခံရပြီး အဲထဲက ကရင်တိုင်းရင်းသားများရာစုဟာ မိမိနေရပ်ရွာတွေဆီ ပြန်ရောက်လာပါတယ် ။
    စစ်ပြန် ကရင်အမျိုးသားတွေလက်ထဲမှာ သူတို့ ရဲ့ ကိုယ်ဆောင်လက်နက် ( sidearms ) တွေပါလာပါတယ် ။
    ဒီနေရာမှာ အင်္ဂလိပ်ရဲ့ မရိုးသားမှုကိုသတိထားမိစေလိုပါတယ် ။
    တပ်ဖျက် တပ်ထွက်တဲ့ အခါ ဘယ်စစ်တပ်မဆို စစ်ပြန်အရပ်သားကို လက်နက်နဲ့  ပေးမပြန်ပါဘူး။ တပ်ကထုတ်ပေးတဲ့  လက်နက်ကို တပ်ပြန်အပ်ရပါတယ် ။
    အင်္ဂလိပ်ဟာ ခုန Burma rifles စစ်ပြန်တွေကို ရိုင်ဖယ်နဲ့  ကျည် ၅၀စိထုတ်ပေးခဲ့ ပါတယ.်။
    ဒီလူတွေဟာ မိမိအရပ်မှာ နောင်အခါ KNDO ရဲ့ အမြုတောတွေဖြစ်လာပါတယ် ။
    ဒါက တဖွဲ့  ။

    ReplyDelete
  40. နောက်တဖွဲ့ ကတော့ အများသိကြတဲ့  ရဲဘော် ၃ကျိပ်ပါဘဲ ။
    အကျယ်တော့မချဲ့ တော့ပါဘူး
    ဒီနေရာမှာ မြှုပ်ကွက်လေးတွေဘဲထောက်ချင်ပါတယ် ။
    မူလစီမံချက်ကဗိုလ်ချုပ်အောင်ဆန်းရွေးတဲ့  လူငယ် ၅၀ကို ခေါ်ထုတ် စစ်ပညာသင် ။
    ပြီးရင် ပြည်တွင်းပြန်ပို့  မီနာမီ ကီကန်းရဲ့  လူအနဲငယ်နဲ့  လက်နက်အထောက်အပံ့နဲ့  အင်္ဂလိပ်ကိုချ
    ဒီအစီအစဉ်ကို ဥိးဆောင်လုပ်ခဲ့တဲ့  နောင်ဗိုလ်မိုးကြိုးခေါ်တဲ့  ဗိုလ်မှူးကြီးဆူဇူကီးကလွဲရင်ကျန်တဲ့  သူတွေဟာ တယောက်မှ Japan Imperial Army မှာ လက်ရှိ ရာထူးရှိမနေသော စစ်ပြန်အရပ်သားများသာဖြစ်ပါတယ် ။
    မူလစိမံချက်က ဂျပန်နဲ့ အင်္ဂလိပ် စစ်မဖြစ်ခဲ့ ရင်ဂျပန်ဘက်ကကြည့်ရင် အင်မတန်လှတဲ့  အကွက်ပါ
    ဗမာတွေအောင်မြင်ရင် တရုပ်ဗမာလမ်းမကြီးပိတ်သွားမယ် ။ မအောင်မြင်တောင် အနဲဆုံး အင်္ဂလိပ်အဘို့  ဂျပန်နဲ့ တိုက်နေတဲ့  တရုပ်ကို အကူပေးနေရာမှာခြေတုန့် သွားမယ် ။
    တကယ်လို့ ခုန ဗမာတွေနဲ့  သူတို့ ကို အကူပေးနေတဲ့  ဂျပန်တွေ ဖမ်းမိသွားလဲ ဂျပန်အစိုးရအဘို့ ကတော့ ငါတို့ နဲ့ မဆိုင် လို့ ငြင်းရတဲ့  အတွက်အရှုံးမရှိ
    အဲအစီအစဉ်တွေဟာ တကယ်ကျတော့ တခုမှဖြစ်မလာဘဲ
    ဗိုလ်ချုပ်လိုချင်တဲ့  လူတွေက ပါမလာ ။ သူ မသိတဲ့  လူတွေက ပါလာ
    နောက် ဂျပန်ကလဲ စင်္ကာပူ ခံတပ်ကျပြီး ပိုနေတဲ့  Divsions ၂ခုကို ဗမာစစ်မြေပြင်လွှတ်ပြီး ရဲဘော် ၃ကျိပ်မဆိုထားနဲ့  ရဲဘော် ၃ကျိပ်ဆရာ စစ်ပြန် ဂျပန်တွေတောင် Imperial army က အရာရှိတွေက ပါးရိုက်ခံနေရတဲ့ ဘ၀နဲ့  ဗမာပြည်တွင်းရောက်လာပါတယ် ။
    ဒါပေမဲ့  သူတို့  ဟာ နောင် ဘီအိုင်အေပြန်ဖွဲ့  ဘီဒီအေပြောင်းတဲ့ အခါ ထိပ်တန်းရာထူးတွေကို ဦးစားပေးခံလာရပါတယ် ။
    များရာစုဟာ နောင်ကွန်မြူနစ်တွေနဲ့  လူချင်းဝါဒချင်း နီးစပ်နေကြပါတယ် ။

    ReplyDelete
  41. နောက်တဖွဲ့ ကျတော့တမျိုး
    ကျောင်းသားဘ၀ကနေ အင်္ဂလိပ်ကို ရရာ လက်နက်နဲ့  ရသလိုချမယ်ဆိုပြီး ယူဂျီတွေမှာ ခေါင်းဆောင်လာနိုင်တဲ့  လူငယ်စုတွေပါဘဲ ။ ပညာတတ်တွေများပြီး ခုန ယူဂျီမှာ ခရိုင်တာဝန်ခံကြီးတွေ ဗဟိုတာဝန်ခံကြီးတွေ လုပ်နေရာကနေ ဘီအိုင်အေရောက်လာတော့ တပ်ထဲပါလာပြီး တပ်ထဲ ဆက်နေနေတဲ့  လူငယ်စုတွေပါဘဲ ။ သူတို့ ထဲမှာ ပညာနဲ့ သဘာအရ ဂျပန်ပြန်တချို့ ထက်သာသော်လဲ တပ်ထဲမှာတော့ ဒုတိယ ဦးစားပေးဘဲ ဖြစ်နေသူတွေပါဘဲ ။
    ချွင်းချက်က ဂျပန်ပြန်ထဲက ပဲ့ထွက်လာတဲ့  ဗိုလ်နေ၀င်းပါဘဲ ။
    သူတို့ ကို ယူနစ်အုပ်စုလို့ သိလာကြပါတယ်

    ReplyDelete
  42. သခင်စိုးရဲ့  အလံနိဖြစ်လာမဲ့ ရဲနီတွေကတော့ စိတ်ဝင်စားစရာကောင်းပေမဲ့ သမိုင်းကြောင်းအရ အရေးမပါလှလို့  ထားခဲ့ ပါ့မယ် ။
    နောက်ဆုံး လက်နက်ကိုင်အစုကတော့ အင်္ဂလိပ်စစ်တပ်နဲ့  ပြန်ပါလာတဲ့ 
    ကရင် ၃ရင်း ချင်း ၃ရင်း ( မူလ ၂ရင်း ကနေချဲ့  ) ကချင် ၂ရင်း နဲ့ ကပြားတွေအများစုပါတဲ့  2nd Burma rifle ပါဘဲ ။

    ReplyDelete
  43. အဲလူတော့စုံပြီ ။
    သူတို့  ကို ဘယ်သူတွေက ကိုင်ထားလဲ ကြည့်ရအောင်
    ၄၇မှာ စစ်ဦးစီးက ဗိုလ်ချုပ်စမစ်ဒွန်းဦးစီးတဲ့  ကရင်အများစုပါတဲ့ HQ ပါဘဲ . ။
    သူတို့ အမိန့် နဲ့ အုပ်ချုပ်မှုကို စောဒကမတက်ဘဲ လိုက်နာတာက တိုင်းရင်းသား တပ်တွေဘဲ ရှိပါတယ် .။
    မူလ ဂျပန်ပြန်အုပ်စုနဲ့  နီးစပ်တဲ့  ကွန်မြူနစ်ယိမ်းတဲ့  အစုတွေက ဗိုလ်မှူးဇေယျ ဗိုလ်မှူးရဲထွဋ်က တဆင့် ကွန်မြူနစ်ပါတီရဲ့  ညွှန်ကြားချက်ကို အဓိကခံယူပါတယ် ။
    မူလ ယူနစ်အုပ်စုနဲ့ နီးစပ်တဲ့ သူတွေက အဲအချိန်မှာတောင်ပိုင်းတိုင်းမှူးလုပ်နေတဲ့ ဗိုလ်နေ၀င်းဆီ အဓိက အမိန့် ခံကြပါတယ် ။
    ဒီအခြေအနေမှာ လက်ရှိအာဏာရ ဖဆပလ ( ဆိုရှယ်လစ်ပါတီ ) က သူတို့ ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့  အခြားလက်နက်ကိုင်တွေကို ထိန်းနိုင်ဘို့ အတွက် တပ်အပြင်မှာလက်နက်ကိုင်တပ်တွေကို စုဖွဲ့ ပါတယ် ။
    ဒီလက်နက်ကိုင်တွေရဲ့  ဖွဲ့ စည်းပုံဟာ အလွန်လျော့ရဲပါတယ် ။ သူတို့ ကို အဓိက ကိုင်ကွယ်ရသူက စစ်ရုံးကြီးမှာ ဦးစီးအရာ၇ှိအဖြစ် တပ်ထဲပြန်ဝင်လာတဲ့ ဦးအောင်ကြီးပါဘဲ ( ဆိုရှယ်လစ်ပါတီက အတွငိးရေးမှူးရာထူးကနေ ထွက်ပြီး တပ်ထဲပြန်ဝင်တာပါ ။ ) သူ နဲ့  အဓိက ဆက်သွယ်နေတဲ့ အစိုးရ ထဲက လူကတော့ ဦးကျော်ငြိမ်းပါ။
    အဲဒီတပ်တွေဟာ နာမည်အလွန်ပျက်ပါတယ် ။ပျက်လောက်အောင်လဲ အကြောင်းခံရှိပါတယ် ။
    တပ်ဆိုသော်လဲ ဖွဲ့ စည်းပုံ ။လေ့ကျင့်ရေးထောက်ပံ့မှု တခုမှ မပြည့်စုံပါ ။ ခေါင်းဆောင်လုပ်သူတွေကို မင်းစစ်ဗိုလ်ကြီးဘဲ ။ ပိုက်ဆံတော့မပေးနိုင်
    ဘူး ။ လက်နက်လဲ ကိုယ့်ဟာကိုယ်ရှာ ။ စစ်သားလဲ မင်းဟာမင်းစု ။ သူပုန်ဖြစ်လာမဲ့ ကောင်တွေချတော့ဆို လွှတ်လိုက်တာကိုး

    ReplyDelete
  44. အဲဒါဟာ ၄၇ကနေ ၄၉နှစ်ဦးထိ အကြမ်းဖျင်းအခြေအနေပါဘဲ ။
    တပ်တွေလို့ ခေါ်ရမှာထက်
    ရောင်စုံ လက်နက်ကိုင်တွေလို့ ဆိုရမဲ့  အခြေအနေပါ ။ ဘယ်သူက စတယ်ဆိုတာထက် ဘယ်တော့စမလဲ ဆိုတဲ့  အခြေအနေပါဘဲ ။
    အဲကနေ ပြည်တွင်းစစ်ဖြစ်လာတော့ စားသာတဲ့  အကွက်တွေ ပေါ်လာပါတယ် ။
    ခုနလို နောက်က ထောက်ပံ့ရေးမရှိဘဲ ကိုယ့်ပိုက်ဆံကိုယ်ရှာတိုက်ရတော့ ဗိုလ်လုပ်တဲ့  သူ သိပ်ကိုက်တာပေါ့
    အဲတော့ ပေါ်တာ ပြဿနာကို ရောက်လာပါတယ် ။
    တောတွင်းတိုက်နေတဲ့  ၀င်းဂိတ်တို့ က ပေါ်တာ မဆွဲဆိုတာ သူတို့ က ထောက်ပို့ မှာ လေယာဉ် နဲ့  လားသူံးတာကိုး
    ခုတပ်တွေက လေယာဉ်လဲမရှိ .။လားလဲ မရှိတော့ လူဖမ်းထမ်းခိုင်းတော့တာပါဘဲ
    ဒီတင်စားသာတဲ့ အကွက် ကပေါ်ပြန်ရော
    ဆိုပါတော့
    လူ ၂ရာဖမ်း ၃ပါတ်ခိုင်းတယ်ဆိုပါတော့း စာရင်းမှာ လူ ၃၀၀ တလခိုင်းတယ်ဆိုရင် ။
    ဒါက ပထမဆင့်
    နောက်တဆင်ကျ အဲ လူ ၂ရာကို တရားဝင်နှုန်းတနေ့  ၃ကျပ်ပေးမဲ့ အစား တနေ့  ၂ကျပ် ။ အဲကနေ တပြားမှ မပေးတော့တာက နောက်ဆုံးအဆင့် ။ဒါက စားကွက်တကွက်ဘဲပြောတာနော်။နောက်ဟာတွေက နဲဘူး
    ဒါဘဲဗျ ။ အဲကနေ စတုန်းက တယောက် ၂ယောက် ဖေါက်လုပ်ကြည့်ရာကနေ နောက်ကျတော့များရာစု လုပ်တဲ့ အလုပ် အဲကနေ နောက်ဆုံးကျတော့ လူတိုင်းမလုပ်မနေရ အလုပ်ဆိုပြီး တဖြည်းဖြည်းပုံပြောင်းလာတာပါဘဲ
    ၁၉၄၇ကစလိုက်တာ ၅၅-၅၆လောက်ကျတော့ တော်တော်အသားကျနေပြီ ။ ဒါပေမဲ့  တပြည်လုံး အနုကြမ်းစီးနိုင်တဲ့  အဆင့်တော့မရှိသေးဘူး

    ReplyDelete
  45. ကျော်ထင်January 15, 2011 at 4:00 PM

    ဆရာတင့် ဆွေးနွေးချက်တွေထဲက အချက်တချက်ကိုပဲ နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။
    ((နောက် ၁၀နှစ်ကြာရင် သီးခြားပြည်နယ်ထောင်လိုက ထောင်နိုင်တယ်ဆိုတာလဲ ဒါကြောင့်ပါဘဲ ။ သဘောကတော့ ရေရှည်အတွက်ကို ဒီ ၁၀နှစ်အတွင်း ထပ်ညှိကြတာပေါ့ဆိုတဲ့ သဘောပါ ။))
    အဲဒီအချက်နဲ့ ပတ်သက်လို့ပါ။
    ပင်လုံစာချုပ်မှာ အဲဒီအချက် လုံးဝမပါ ပါဘူး။ ညီညွတ်သော ဗမာပြည်နယ်နိမိတ်အတွင်းမှာ သီးခြားကချင်ပြည်နယ်တခု တည်ထောင်ရန်ပြသနာကို နောင်တွင်လွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူသည်။ ထိုသို့ပြည်နယ် တည်ရှိခွင့်ကို မူအရသဘောတူသည်. အဲဒီအချက်ပဲ ပါပါတယ်။
    ဒါပေမယ့် ၄၇ အခြေခံဥပဒေမှာတော့ နောင်၁၀နှစ်ကြာရင် ခွဲလိုက ခွဲထွက်နိုင်သည်လို့ ပါတယ်လို့ လေ့လာသူများက ပြောကြတာမှတ်သားရပါတယ်။
    အဲဒီအချက် ၂ခုကိုရောချပြီး ပင်လုံစာချုပ်ဟာ ဗိုလ်ချုပ်တို့ အလောသုံးဆယ်နဲ့ လုပ်လိုက်ရတဲ့ တိုင်းပြည်ပြိုကွဲဖို့အစပြုသော သဘောတူညီချက်ဖြစ်တယ်ဆိုတဲ့ သဘောတရားမျိုးကို စစ်တပ်က အမြဲကိုင်ဆွဲလာခဲ့ပါတယ်။ အခုလဲ ပင်လုံနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးတွေအပေါ် စစ်တပ်က ဘယ်လိုသဘောပေါက်လက်ခံထားသလဲဆိုတာ လက်ရှိမှာ ပင်လုံကဲ့သို့ညီလာခံခေါ်ယူရေးအပေါ် နအဖရဲ့ တုံ့ပြန်မှုတွေနဲ့၊ ဖက်ဒရယ်ဆိုတာ တိုင်းပြည်ကွဲဖို့ဖြစ်တယ်ဆိုတဲ့ နအဖထိပ်သီး ဗိုလ်မောင်အေးစကားတွေက သက်သေခံနေတယ်။
    သီးစစ်ရေးရင်း အားတဲ့အချိန် ခေါင်းဆေးတဲ့အနေနဲ့ အမြန်ဝင်ရေးရတာဖြစ်တော့ အကိုးအကားတွေနဲ့ အတိအကျ မရေးနိုင်တာတော့ သည်းခံပေးပါ။ ၄၇အခြေခံဥပဒေထဲက အချက်တွေအကြောင်း သိသူများ မျှဝေရင် ကျေးဇူးပါ။

    ReplyDelete
  46. ပင်လုံ်ကို
    စစ်တပ်က ဘယ်လိုသဘောပေါက်တယ်ဆိုတာထက် ၆၂ကနေ ခုထိ တပ်ကိုကိုင်ထားသော ထိပ်တန်းအရာရှိများရဲ့  သဘောထားဆိုရင်ပိုမှန်ပါမယ် ။ ဒီ ၂ခုကို တူတူဘဲလို့  ကျွန်တော်လက်ခံမရပါ ။
    နောက်တခုက ဖက်ဒရယ်ကိစ္စ။
    ကျွန်တော်တို့  ခုဆွေးနွေးနေကြတဲ့ ထိက မြန်မာပြည်ပြဿနာကို အတိတ်က ဒီလိုအချက်တွေရှိခဲ့ တယ်ဆိုတာဘဲ ခြေရာကောက်နေတုန်းဘဲ ဖြစ်သေးတယ် ။ ဖက်ဒရယ်ပြည်ထောင်စု စနစ်အကြောင်းကို ဆွေးနွေးချင်ရင်တော့ နောက်ကောက်ကြောင်းတခု ပြန်စရမှာပါဘဲ ။ မြန်မာဟာ မြန်မာပြဿနာရှိသလို ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံတွေမှာလဲ သူ့ ပြဿနာနဲ့  သူရှိနေတာပါဘဲ ။ ဒါကို ဆွေးနွေးမယ်ဆိုရင် ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံ တခု ( ဥပမာ USA )ရဲ့ သမိုင်းကြောင်းနဲ့  သူ့ ပြဿနာတွေကိုကောက်ကြောင်းကောက်ရမှာပါ။

    ReplyDelete
  47. ပင်လုံကို ဗိုလ်ချုပ်တို့ လောလုပ်ခဲ့တယ်ဆိုတဲ့  ကောက်ချက်ဟာ သမိုင်းသဘောကို မျက်ကွယ်ပြုရာကျနေမယ်ဆိုတာကို ကိုကျော်ထင်ပြောတာကို လက်ခံပါတယ် ။ ဒါကိုပေါ်လွင်အောင်လဲ ပင်လုံရဲ့  အဓိက ရည်ရွယ်ချက် (တောင်တန်းပြည်မ အတူတူလွတ်လပ်ရေးယူရန် xမြောက်ခဲ့ကြောင်း ကျွန်တော်တော်တော်ရှည်ရှည်ရေးပြခဲ့တာပါ ။
    လစ်ဘီဗျာ ဒီနေ့  ၁၂နာရီ အွန်ကော ။ နက်ဖန် တခြားကိစ္စလေးတွေ မန်းဒေးကားကိစ္စနဲ့  သွေးလှူဘို့  ။ ဒီထဲကို နောက်တပါတ်လောက်တော့မရောက်နိုင်ဗျို့ 

    ReplyDelete
  48. Great to see a lot of discussions. It is good
    to learn that there are people who are still interested in own affairs. I have mentioned
    that why I think PinLong 2 will pose political
    and even personal risks for Daw Su. I will try
    to discuss why we cannot give easy promises,
    and Daw Su should avoid places where all kind hearted people will likely to give in promises. Regional autonomy, we discussed above can be
    fatal for us, for Shans, then next possile merger with Thailand, same for others. Same for
    Ka Chins, there are also Jain Phaws in China,
    it is one of the official minorities there,
    and also ethnic Ka Chins are in India. Nagas
    are in Nagaland (they are fighting for their separation from India). So while it is true that Burmese think Nagas as naked people, they
    can merge with their Naga states, and their
    autononmous state can be spring board for
    bigger states. So even if we want to give
    greater autonomy, we cannot give them just
    like that. It will be inviting disaster for
    future Burma. All things are connected, so
    when you think of A, you have to analyse B
    and conjecture C and contemplate D. Then you
    act. KIA officers were trained in Chinese
    military academies and some in Indian, they
    even have engineering corps. They are not
    rag tag army. KIA is ahead of KNU in that
    case. KNU is still pinned down in warlordism
    and failed to train next generation Kayins.
    So Burmese have to aware that our issue is
    not only local but regional. Wrong move, we
    will be f..ked by neighbours and it will not
    be pleasant. Bangladesh is an immigrant (both
    legal and illegal) exporter nation, we have
    a lot of Burmese muslims and so it is possible
    that a lad from Bangladeshi can use Burma to
    reach Malaysia via Thailand. If we are to our borders unchecked, our country will be next Afganistan, a transit for extremists.

    Under those circumstances, integration is the only solution, if we can make sure that all Burmese citizens as kids go through identical curriculum, all Ka Chins, Ka Yins, Mons and
    Ka Lars (our Ka Lars) and Ta yotes (our ta
    yotes) can speak fluent Burmese, we can easily screw the extremists as it will be easy to catch them.

    That is how we can surrect an invisible wall between us and those who will infilterate us.
    We can differentiate our ka lars and their ka lars, our ta yote and their ta yotes, our ka yins and their ka yins, kind of. So like it or not integration or Burmanization is pragamatic solution for us. So apart from economical and
    financial reasons, now a social engineering reason in favour of integration.

    ReplyDelete
  49. ဘလော့ကို ဧည့်သည်တွေနဲ့ ထားခဲ့သလိုဖြစ်သွားတယ်ဗျာ။
    ကိုတင့်ဦးမှတ်ချက်ကို စာပြန်ဖို့ ဗမာလို ၁၉၄၇ အခြေခံဥပဒေကို အင်တာနက်ထဲက ဆွဲချဖို့ကြိုးစားရင်း ကွန်ပြူတာ ဆန့်ငင်ဆန့်ငင် ဖြစ်သွားတာနဲ့ ရှိသမျှမှတ်တမ်းတွေပါ အားလုံးပျောက်၊ လူလည်း တတ်သမျှ မှတ်သမျှနဲ့ ပြန်ပြင်ရင်း ခုမှ ပြန်ဝင်လာနိုင်တော့လို့ပါ။

    အနီးဆုံး အမည်မသိရဲ့ မှတ်ချက်ကို အရင်အတိုချုပ် ပြန်ပြောပါ့မယ်။
    ယေဘုယျအနေနဲ့ အမည်မသိရဲ့ မှတ်ချက်ဟာ “ဖြစ်ကောင်းဖြစ်လာနိုင်တယ်” ဆိုတာတွေအပေါ် ကောက်ချက်ဆွဲထားရုံမက ဆွေးနွေးချက်ဆိုတာထက် ရပ်တည်ချက် သဘောထား ဖြစ်နေတာကြောင့်လည်း ဆွေးနွေးလို့ ရကောင်းတာမျိုး မဟုတ်ဖူးလို့ ယူဆမိလို့ပါ။

    လူမျိုးစုတိုင်းအတွက် ရှေ့နေလုပ်ဖို့ သင့်တော်တဲ့အနေအထား မရှိပေမယ့် ကရင်တစ်မျိုး အတွက်တော့ နည်းနည်းတွေးကြည့်ပါမယ်။ သေချာတာက လက်ရှိ တိုက်နေခိုက်နေကြတာဟာ နိုင်ငံသစ်ထောင်ဖို့ မဟုတ်ပါ။ ဒီခေတ် ဒီအခြေနေမျိုးမှာလည်း နိုင်ငံပိစိကွေးထောင်ဖို့ သင့်တော်တဲ့ အနေအထားလည်း မရှိပါဘူး။ ယိုးဒယားနိုင်ငံမှာ ကရင်တွေ ရှိပေမယ့်လည်း ပြည်နယ်ထောင်ဖို့တောင် စဉ်းစားကြသူတွေ မဟုတ်ပါဘူး။ ကနေ့ ကရင်ဒေသလို့ ခေါ်လို့ရတဲ့ နေရာအတော်များများမှာလည်း လူမျိုးပေါင်းစုံ ရောနှောနေထိုင် နေကြပါတယ်။ ဒါ ငါတို့နယ်ဆိုပြီး ဒီမိုကရေစီနည်းအရ ဖြစ်ပေါ်လာမယ့် ပြည်နယ်လွှတ်တော်လို နေရာမျိုးမှာ လက်ဝါးကြီးအုပ်လို့လည်း မရကောင်းပါဘူး။

    ဒီတော့ ကရင်တွေနဲ့ အခုဖြစ်နေကြတာကိုကြည့်ရင် နိုင်ငံပြိုကွဲဖို့ ဆိုတာမျိုးနဲ့ မဆိုင်ပဲနဲ့ ဒီနယ်မှာ ရှိနေသူတွေကို ဘယ်လောက်အတိုင်းအတာ အသိအမှတ်ပြုမလဲ၊ ပြည်မရဲ့ “ငါတို့စီမံသမျှ တစ်လုံးမကျန် လိုက်နာရမယ်” ဆိုတဲ့ အနေအထားကနေ ဘယ်လောက်အထိ အလျှော့ပေးနိုင်မလဲ ဆိုတဲ့ ပုစ္ဆာအပေါ်သာ မူတည်နေတာပါ။

    ဒါပေမယ့် ၆၂ နောက်ပိုင်း ဝါဒဖြန့်တာတွေကို စွဲနေအောင်မှတ်သူ ပြည်မသား (ဗမာ) အတော်များများ အနေနဲ့တော့ လျှော့ဖို့မတွေးမိကြတာလည်း သိပါတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးကြမယ်လုပ်တိုင်း ငါတို့ဆီလာ၊ အပစ်ခဏရပ်မယ်၊ လုံခြုံရေး တာဝန်ယူတယ်၊ ကျန်တာဘာမှ မတောင်းနဲ့၊ ပြီးရင် အပြီးလက်နက်ချ ဆိုတဲ့ လုပ်ပုံကိုင်နည်းတွေဟာ အထောက်အကူ မဖြစ်သလို လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားတွေရဲ့ အသိအမြင်အတွေးအလုပ် တွေကအစ ထိန်းချုပ်လမ်းကြောင်းဖို့ ကြိုးစားတာဟာလည်း ကိုယ်လိုချင်တာရဲ့ ဆန့်ကျင်ဖက်ကိုပဲ တွန်းပို့နေတယ်ဆိုတာ လူမှုရေးဘာသာရပ် လိုက်စားစရာမလိုပဲ သိမြင်နိုင်တယ်လို့ ယူဆပါတယ်။

    ReplyDelete
  50. အင်း .. ကိုတင့်ဦး ပြောသွားတာတွေနဲ့ ကိုကျော်ထင် ပြန်ပြောသွားတာတွေနဲ့တင် အတိုချုပ် အတော်ငုံမိနေပါပြီ။

    ကိုတင့်ဦးပြောသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကို ခေါ်ချင်သူတွေ မပါတာမျိုး၊ တပ်တွေကို “မင်းတို့ကြည့်လုပ်လိုက်ကွာ” လို့ လွတ်လိုက်တာမျိုးတွေကို အနည်းအကျဉ်းသိပေမယ့် ဆရာသမားက စီကာပတ်ကုံး စေ့ငုပေးလိုက်တော့ ပိုရှုင်းသွားတာပေါ့။ ပြီးတော့ အေးအေးဆေးဆေး ဆွေးနွေးဖြစ်ခဲ့ရင် ပြည်ထောင်စု ပြိုကွဲဖို့မရှိဖူးလို့ ယူဆတာ၊ လက်ရှိ ပင်လုံကို အပြစ်ပြောနေတာတွေဟာ ၆၂ နဲ့ နောက်ပိုင်း စစ်တပ် ထိပ်တန်းအရာရှိတွေရဲ့ သဘောထားလို့ နားလည်တာတွေမှာလည်း အမြင်တူတယ်လို့ ပြောနိုင်ပါတယ်။

    ကိုကျော်ထင်ရဲ့ comprehensive process တစ်ခု လိုနေတယ်ဆိုတာလည်း မှန်ပါတယ်။ တကယ်တန်း လုပ်ချင်ကြဖို့နဲ့ တကယ်လုပ်ဖို့ပဲ လိုနေပါတယ်။ လက်ရှိ မြန်မာပြည် အခြေအနေဟာ သဘာဝအရ ပူးကပ်တွဲမြဲနေကြတာ မဟုတ်ပဲ ဇွတ်အတင်း ဆွဲချည်ထားတာနဲ့ တူတာကြောင့် အခန့်မသင့်ရင် တစ်စစီကြေမွဖို့အထိ အမြဲတန်း စိုးရိမ်နေရတာပါ။ အမှန်မှာတော့ ကိုတင့်ဦးပြောခဲ့သလိုပဲ ပြည်သူ့ဆန္ဒ ခံယူပွဲတွေလုပ်ပြီး တွဲရေးခွဲရေး ဆုံးဖြတ်ခဲ့ရင်တောင် ခွဲရေးနိုင်ဖို့ အင်မတန်ခက်ခဲတဲ့ ကိစ္စပါ။ ကျနော်မြင်တာ တစ်ခုကတော့ တကယ်တန်းမှာ အားလုံးအတွက် အဆင်ပြေနိုင်မယ့် လမ်းကြောင်းကို လွယ်အောင် ရှင်းအောင် (simplify) လုပ်လို့ရပါတယ်၊ သိပ်ရှုပ်ထွေးလှတယ်တော့ မဟုတ်ပါဘူး။ စကားတွေကိုလည်း သာမန်လူတိုင်း နားလည်အောင် သုံးစွဲလို့ ရပါတယ်။ မရတာကတော့ လူတွေရဲ့ စိတ်နှလုံးကို ပြောင်းလဲလာဖို့ပါ။

    ကိုတင့်ဦးအနေနဲ့ ၄၇ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်အကြောင်းတွေ ရနိုင်သလောက် ဆက်ဆွေးနွေးပေးနိုင်ရင်တော့ ကောင်းမှာပါပဲ။ ကျနော်သိတာတွေက တစ်စစီ ဖြစ်နေလို့ပါ။ (အပေါ်မှာလည်း ဝင်းဂိတ်ရဲ့ ချင်းဒစ်နဲ့ မေဂျာစီးဂရင်းရဲ့ လေထီးပျောက်ကျားတွေကို နည်းနည်း ရောသွားသေးတယ်)။ ဆရာပြီးချပြမှ ကျနော်တို့တတွေ ဝိုင်းဖြည့်ပေးကြတာပေါ့။ :-)

    ReplyDelete
  51. ကျော်ထင်January 19, 2011 at 4:02 AM

    ကျုပ်ဟာ ဗမာလူမျိုးဖြစ်ပေမယ့် anonymous ပြောသွားတဲ့ burmanization နဲ့ပတ်သက်လို့ လုံးဝသဘောမတူပါဘူး။
    ဒါပေမယ့် ဒီအဆို၊အမြင်တွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေဖက်က အမြင်က ပိုသင့်တော်မယ်ထင်လို့ ကျုပ်ကိုယ်တိုင်က အသေးစိတ်ကို မပြောတော့ပဲ ရှပ်ပြီးတော့ပဲ ဆွေးနွေးပါမယ်။ ဆရာမန်းပြောထားတာတွေလဲ အတော်လေး ပြည့်စုံထိရောက်ပါတယ်။ ကျုပ်က ဗမာဖက်က အမြင်အနေနဲ့ ဖြည့်စွက်ရုံလေးသက်သက်ပါ။

    အခုလဲ တိုင်းရင်းသားတွေအပေါ်ပြုမူကျင့်ကြံနေတာတွေဟာ Burmanization လုပ်နေတာပဲမဟုတ်လား၊ အခုလဲ တိုင်းရင်းသားဘာသာစကား များလွတ်လပ်စွာသင်ကြားခွင့်မရှိ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေကအစ ထိန်းချုပ်မှုအောက်မှာလုပ်နေရတာပါပဲ။ အပစ်ရပ်စဲ ငြိမ်းချမ်းရေးဆိုတာလဲ တိုင်းရင်းသားတွေကို စီးပွားရေးနဲ့ ဖြားယောင်းပြီး ချွေးသိပ်ထားခဲ့ပေမယ့် ဘယ်လောက်များ အောင်မြင်နေပါသလဲ။ လက်တွေ့ကျကျ မြင်နေရပါတယ်။ သဘောကတော့ အမည်မသိပြောသွားခဲ့တဲ့ အရာတွေအားလုံး လက်ရှိကျင့်သုံးနေပါတယ်။ ကျင့်သုံးတာလဲ ကြာလှပါပြီ။ ဘာလို့များ Burmanization မအောင်မြင်ပါသလဲ၊ ဘာလို့များ တစုံတရာ အကျိုးရှိမလာတဲ့အပြင် နဂိုက ရင်ကြားစေ့မလိုလိုတောင် ဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပြသနာက ချုပ်ငြိမ်းမသွားပဲ ပိုဆိုးလာမယောင်ဖြစ်လာရပါသလဲ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်ချင်းစပ်နေတဲ့ ဒေသက တိုင်းရင်းသားအားလုံးလိုလို ခွဲထွက်ဖို့ လုပ်ကြလိမ့်မယ်ဆိုတဲ့ အမြင်ဟာ အတော့်ကို အပေါ်ယံဆန်လွန်းပါတယ်။ မိုးပြိုမှာ တွေးကြောက်နေတဲ့ တစ်တူတူးလိုပါပဲ။ တိုင်းရင်းသားတွေရဲ့ လက်ရှိ ခံစားချက် ယုံကြည်ချက်တွေကို ခနဘေးဖယ်ထားပြီးခွဲထွက်ဖို့ လုပ်ကြမယ်ပဲ ဆိုပါအုံး။ majority vote နဲ့ကြည့်ရင် အတော့်ကို ဖြစ်နိုင်ချေနည်းလွန်းပါတယ်။ ဒါ့အပြင် အခုလက်ရှိ ကမ္ဘာဟာ အရင်ကလို ခွဲချင်သလိုခွဲခွင့်ရှိတဲ့ ကမ္ဘာမဟုတ်တော့ပါဘူး။ ဆူဒန်လို အသက်သွေးတွေ အများကြီးစတေးခံရပြီး၊ တောင်နဲ့မြောက် အမုန်းကြီးမုန်း အကွဲကြီးကွဲနေကြတဲ့ နိုင်ငံမှာတောင်မှ တရားဝင် referendum လုပ်ပြီးခွဲရေး တွဲရေး အတွက် စဉ်းစားရပါတယ်။ နောက်ဆုံးဗျာ တကယ်ကိုပဲ တိုင်းရင်းသား လူမျိုးတစု ဥပမာ. ရှမ်းပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ ကျုပ်တို့ ဗမာတွေကို တကယ်မုန်းလို့ မပေါင်းချင်ဘူး လုံးဝကိုကွဲမှဖြစ်မယ်ဆိုတဲ့ သူများတယ်ပဲ ဆိုအုံး။ အဲလို အခြေအနေတကယ်ဆိုက်လာရင် ဘာလို့ ကျုပ်တို့ကလဲ အတင်းဆွဲထားစရာလိုပဲ။ သူ့ဟာနဲ့သူ ကုန်းတွင်းပိတ် နိုင်ငံပိစိလေးအနေနဲ့ နေပစေဆိုပြီး သွားခွင့်ပေးလိုက်ရုံပါပဲ။ မနေချင်သူကို အတင်း ဆွဲထားရတာကမှ တိုင်းပြည် အန္တရယ်လဲ များသလို၊ ပြည်တွင်းငြိမ်းချမ်းရေးလဲ ပိုထိခိုက်ပါလိမ့်မယ်။ ဗမာပြည်မှာ ကန်ထဲက ငါးကြီးဘ၀နဲ့ နေရတဲ့ တိုင်းရင်းသားလူမျိုးစုဟာ၊ တရုတ်လို၊ အင်ဒီးယားလို တိုင်းပြည်ကြီးတွေနဲ့ အောက်ကျခံသွားပေါင်းပြီး ငါးပမွှားလေး အဖြစ်ခံရလောက်အောင်လဲ တိုင်းရင်းသားတွေ မတုံးလောက်ဘူးဗျ..။
    ပြောစရာသိပ်များပေမယ့် မအားတာရော၊ တိုင်းရင်းသား အမြင်ကို ဦးစားပေးချင်တာရောကြောင့် ဒီမှာပဲ ရပ်လိုက်ပါရစေ။

    ReplyDelete
  52. ကဲ... ပဒို.. လုပ်ဗျာ။ ဒီကွန်မန့်တွေ အရမ်း တန်ဖိုးရှိ လို့ (ဆွေးနွေးခန်း တခုလို ဖြစ်နေလို့) ပို့စ် အဖြစ် တင်လိုက်ပါ့လား..ပဒို။

    ReplyDelete
  53. ဆရာလေးလုပ်မှ တွေးနေရပြီ၊ :-)

    ပို့စ်အဖြစ်လုပ်လိုက်ရင် အနည်းအကျဉ်းတည်းဖြတ်ရတော့မှာ။ ဒီတော့ ဝင်ဆွေးနွေးထားတဲ့ သူတွေကို အခွင့်ကောင်းယူသလို ဖြစ်သွားနိုင်တယ်လေ။ ဒါ့ပြင် ဒီလောက်ရှည်တဲ့ဟာကို ဖတ်ရင်းအိပ်ပျော်သွားကြမလား၊ မဖတ်ပဲ ကျော်သွားကြမလား မသိဘူး။ နောက်ဆုံးတစ်ခုက အချက်အလက်နဲ့ ပြည့်ပြည့်စုံစုံ ဆွေးနွေးထားတာ မဟုတ်တော့ နည်းနည်း ဝန်လေးမိပါတယ်။

    လောလောဆယ်တော့ ကိုယ့်ဘာသာ ပြန်ဖတ်ရင်းတောင် ခေါင်းတွေ မူးလာပြီ။ :-)

    ReplyDelete
  54. သေခြာဖတ်ကြည့်ရင် အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဆွေးနွေး ထားတာမဟုတ်ဘူးလို့တော့ ပြောလို့ မရပေဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် အလွတ်သဘော ဆွေးနွေးချက်များ ဆိုပြီး သက် ဆိုင်ရာ ဆွေးနွေးသွား တဲ့ ပုဂ္ဂိုလ် တွေ အသိပေး ပြီး တည်းတန်တာ တည်း ဖြတ်တန်တာ ဖြတ် လုပ် ပြီး တင်လိုက် ယုံပဲ မဟုတ်လား။ အများ ဖတ်လို့ရ တာပေါ့။ အကြံပေးယုံသက် သက် ပဲနော် ပဒို။

    ReplyDelete
  55. ကဲ အပေါ်မှာတွေ့တဲ့အတိုင်းပဲ အမည်မသိ၊ ကိုကျော်ထင်နဲ့ ကိုတင့်ဦးရေ၊ စိတ်တော့ပါလာပြီ၊ လက်မခံရင်ပြောကြဗျ၊ မဟုတ်ရင်တော့ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဆိုပြီး သဘောထားလိုက်မယ်နော။ :-)

    ReplyDelete
  56. ကျော်ထင်January 22, 2011 at 8:54 PM

    No objection, Syar Mann! You can edit my posts as you wish to suit with your blog post.

    ReplyDelete
  57. ဒီဆွေးနွေးတာတွေကို ပို့စ် အဖြစ် တင်ရင် ကောင်းပါသည်။

    ReplyDelete
  58. @ Saw Thet Lin - လာဖတ်တာ ဝမ်းသာပါတယ်။
    ပို့စ်အဖြစ် တင်မလို့ပါပဲ၊ ဒါပေမယ့် တဆက်ထဲ အနေအထားလေးတစ်ခုလည်း ဖန်တီးချင်လို့ အချိန်တွေယူရင်း ကြာနေတာပါ။

    မကြာခင်တင်မယ့် ပို့စ်တစ်ခု နှစ်ခုလောက်ဆို ပြန်တင်လို့ ရပါပြီ။ ပြောထားတာ ကြာနေပြီမို့ ကိုကျော်ထင်တို့တတွေကိုလည်း အားနာလှပါပြီ။ အကျိုးပိုများအောင် အရှိန်ယူတာ နည်းနည်းများသွားသလို ဖြစ်နေတယ်။

    ReplyDelete
  59. Howdy! This is the second time visiting now and I personally just wanted to say I truley enjoy reading
    through your blog site. I decided to bookmark it at
    digg.com with your title: Blogger: မန်းကိုကို ~ Mahn Ko Ko and your Domain name: http://www.
    blogger.com/comment.g?blogID=1573963216730829604&postID=7880673011262174652.
    I hope this is okay with you, I'm trying to give your good blog a bit more exposure. Be back shortly.

    My blog; removal

    ReplyDelete