Thursday, January 13, 2011
တွေ့တယ်၊ သိတယ်၊ ခုတော့ တွေးတယ်
ငယ်ငယ်တုန်းကပေါ့။
ဘားအံမြို့ကနေ အရှေ့ဖက်ကို ကြည့်လိုက်တော့ တောင်အချို့ကို တွေ့မိတယ်။
တဖြည်းဖြည်းနဲ့ ခုနှစ်ဆူတောင်နဲ့ ဇွဲကပင်တောင်ဆိုပြီး သိခဲ့ရတယ်။
နည်းနည်းကြီးလာတော့ ဇွဲကပင်တောင်ပေါ်ရောက်ရာက အရှေ့ဖက်ကိုကြည့်မိပြန်တော့
ညှို့မှိုင်းမှိုင်းနဲ့ တောင်တန်းပြာတွေကို လှမ်းတွေ့ရပြန်တယ်။
ဒေါနတောင်နဲ့ တောင်ညိုတောင်တန်းတွေလို့ ဆိုကြတယ်။
အရွယ်ရောက်လာတော့ ဒီတောင်တွေကို ကျော်ဖြတ်ခဲ့ဖူးပြီ။ သူတို့ရဲ့ရှေ့က မြဝတီမြို့ကလေး
ကိုတောင် ရောက်လာခဲ့ဖူးပြန်ပါပြီ။
ကျနော့်ဘဝမှာ အများကြီးသိလာပါပြီ။
ဒါပေမယ့် အရှေ့စူးစူးကိုကြည့်ပြန်တော့ တောင်တန်းတစ်ခုကို ယိုးဒယားနိုင်ငံဖက်အခြမ်းမှာ
လှမ်းတွေ့နေရပြန်ပါတယ်။
ဒီတစ်ခါတော့ ဘာတောင်တန်းဆိုတာ ပြောပြမယ့်သူ မရှိတော့ပါဘူး။
ကျနော်ဟာလည်း ဘယ်သူ့မှမစောင့်ပဲ ဒီတောင်တန်းကို အလျင်အမြန်ကျော်ဖြတ်နိုင်ခဲ့ပြီး
တဖက်မှာရှိတဲ့ မြေပြန်ဒေသဖက်ကို ခြေဆန့်ခဲ့ပါတော့တယ်။
ကျနော် တကယ့်ကို အများကြီးသိလာပါပြီ။
ကျနော် မသိတာ သိပ်မရှိတော့ပါ။
ဒီ့နောက် ယိုးဒယား အရှေ့ဖက်ကို ခရီးထွက်စရာ ဖြစ်လာခဲ့ပြန်ပါတယ်။ တောင်တွေမရှိ
တော့ပေမယ့် တောတွေ၊ လယ်ခင်းတွေ၊ ကိုယ်တွေနဲ့အသွင်မတူတဲ့ မြို့ ရွာ အိမ်တွေကို ကျော်
ဖြတ်ခဲ့ရပြန်ပါတယ်။
လမ်းဆုံးရောက်တော့ တွေ့ရတာတွေက စက်မပါတဲ့ ကားကိုယ်ထည်နဲ့ကုန်တင်ယဉ်၊ ခပ်
တိုတိုတံတားလေးပေါ်မှာ နေရာအပြည့်ယူထားတဲ့ တောင်းရမ်းစားသောက်သူတွေ၊ သုံးဘီး
သစ်သားလှည်းကလေးတွေပေါ်မှာ ခြေပြတ် လက်ပြတ်သူတွေတင်ပြီး တွန်းသွားနေသူတွေ၊
ဆံပင်ဖုတ်သိုက်နဲ့ ကလေးလေးတွေ … တွေပေါင်းများစွာတွေ …
ကျနော့်နဲ့ လက်တစ်ကမ်းလောက်လို့ထင်ရတဲ့ ဒီနေရာမှာ ဘာလို့ကျနော် မမြင်ဖူး မကြားဖူး
မမျှော်လင့်ဖူးတာတွေ လာတွေ့နေရပါလိမ့်။
ကျနော် သူတို့ကို မသိခဲ့ပါလား။
ကျနော် သူတို့အကြောင်းကိုလည်း မသိပါလား။
ဒါတွေသိဖို့ စိတ်မဝင်စား အတွေးတွေမဝင်ခဲ့မိပါလား။
ကျနော် အသက်အရွယ်တွေ ရလာတယ်။ လူမှုရေးမှာ မစုံပေမယ့် အမျိုးမျိုးကြုံခဲ့ရပြန်တယ်။
ရှောင်ရန် ဆောင်ရန်တွေ အများကြီးသိလာရပေမယ့် ဘယ်လိုမှ ရှောင်လွဲလို့မရတဲ့ ပြဿနာ
တွေကိုလည်း ဆက်တိုက်တွေ့နေတုန်း၊ သင်ယူနေရတုန်း၊ အံ့သြနေရတုန်းပါ။
အရင်က လူကြီးသူမတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်လျှောက်ပြီး ခုချိန်မှာတော့ တွေး
တောဆင်ခြင်မိသမျှနဲ့ နှလုံးသားရဲ့ ဦးဆောင်မှုနောက်ကို လိုက်လျှောက်နေပါတယ်။ သူတစ်ပါး
ရဲ့ အတ္တ၊ မာနနဲ့ ထိခိုက်နိုင်မယ့်အချက်တွေကို တတ်နိုင်သမျှ ရှောင်ရှားနေပေမယ့် လွယ်ကူတဲ့
အရာတော့လည်းမဟုတ်။
ငယ်ငယ်ကတည်းက ကျနော်ဟာ တစ်ယောက်တည်းသမား။
ခုလည်း တစ်ယောက်ထဲပါ။
အင်တာနက်ရဲ့ အကူအညီကြောင့် တခါဘူးမှ မတွေ့ဖူးသူတွေနဲ့ အသိမိတ်ဆွေ ဖွဲ့မိလာတယ်။
ဆွေးနွေးပြောဆို ဖလှယ်ကြတယ်။
အချိန်အခါတွေ သင့်လာပြန်တော့ ကျနော် ရိုးရိုးသားသားအမှားတွေ လုပ်မိပြန်တယ်။
မိတ်ဆွေလို့ ထင်ရသူတွေ တစ်ယောက်ပြီးတစ်ယောက် အကြောင်းတစ်မျိုးစီနဲ့ စွန့်ခွာသွား
ကြပြန်ပါတယ်။
ဘယ်သူ့ကိုမှ စိတ်မဆိုးပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်။
အချို့အချက်တွေကို သူတို့နားလည်အောင် ပြောဖို့အခွင့်မကြုံခဲ့ဖူး။
အချို့အချက်တွေကျတော့ အများအကျိုးအတွက် စောင့်စည်းရပြန်တယ်။
အချို့နေရာမှာတော့ ဘယ်လိုမှ နားမလည်တာတော့ အမှန်။
ကျနော် တစ်နေရာထဲမှာ တည်တည်တံ့တံဖြစ်အောင် ကြိုးစားရပ်တည်နေပါတယ်။
လာလို့ရကြပါတယ်။
ဖြတ်သွားရင်း အနားယူသွားလို့ ရပါတယ်။
အသုံးတည့်တာရှိရင် ကောက်ယူသွားကြလို့ရပါတယ်။
ကျနော် ဒီမှာပဲ ရှိနေအုံးမှာပါ။
ဖတ်ပြီး နားမလည်နိုင်ကြဖူးလား။
အဲဒီအတိုင်းပဲ ကောင်းပါတယ်။
Labels:
My Thought
Subscribe to:
Post Comments (Atom)
D အတိုင်း ကောင်းနေတယ်... နားက နားထင်မှာ အတင်းကပ်နေလို့ ဘယ်လိုမှ နားမလည်ဘူး ဦးလေးမန်းရယ်.. နားလည်မလားပြီး ခေါင်းရမ်းကြည့်တယ်... ခေါင်းပဲလည်တယ် ...
ReplyDeleteငြိမ်းချမ်းပါစေ
နားလည်ပါတယ်....
ReplyDeleteဖြစ်တက်ပါတယ်...
လာလည်ပါတယ်....
ဟိ.. ဖြေသိမ့်လိုက်... (music)
ReplyDelete<<
Craton
နားလည်သလို မလည်သလိုလိုနဲ့။ လိုလိုဆိုမှတော့ နားလည်ဖို့ လိုသေးတာဘဲ ဖြစ်ရမယ်။းဝ))
ReplyDeleteခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အဟစ် .. ရွှတ် .. ဖတ် .. ဟိုက် .. ဆောရီး .. နှပ်ချေး နည်းနည်း ဟို .. ဟို ..
ReplyDeleteလာပြီး အားပေးကြတာ ဝမ်းသာပါတယ်။
နားမလည်ကြလို့လည်း ဝမ်းသာ .. အဲ .. ရှိစေတော့၊ ရှိစေတော့၊
အားလုံးပဲ ပျော်ရွှင်နိုင်တဲ့ ဘဝလေးတွေ ကိုယ်စီ ရနိုင်ကြပါစေဗျား။
(ခရေတွန် အပါအဝင် ဘလော့ ၃-၄ ခုက သွားရခက်နေတယ်၊ ဝင်လိုက်တာနဲ့ slow motion ဖြစ်တော့တာပဲ၊ နှစ်သစ်ကူးအတွက် သွားနှုတ်ဆက်တာ ခရေတွန့်စီပုံးမှာ စာတစ်ကြောင်းရိုက်နိုင်ဖို့ နာရီဝက်ကျော်ကျော် စိတ်ရှည်လက်ရှည် တစ်လုံးချင်းရိုက်လိုက်ရတယ်။ အရင်က ကိုအောင်-ပျူနိုင်ငံ အသွားမှာဖြစ်တာ ခုတော့လည်းတစ်မျိုး။)