ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, November 19, 2010

လူမိုက်များ အလိုရှိသည်




ဒီမယ် ဒီမယ်၊ ဗိုလ်ချုပ်အောင်ဆန်းကို ကြားဖူးသလား၊
နိုင်ငံအတွက် အိုးအိမ်စည်းစိမ်မက အသက်ပါပေးခဲ့ကြတဲ့ ခေါင်းဆောင်တွေ
အကြောင်းကော သိဖူးသလား။
သူတို့နည်းတူ စွန့်လွတ်အနစ်နာခံခဲ့ကြတဲ့ အညတရတွေ မရေတွက်နိုင်အောင်
ရှိခဲ့တာကိုကော သတိထားမိသလား။


အခု မြန်မာပြည်မှာ တိုင်းပြည်ကို တကယ်ချစ်တဲ့သူတွေ လိုနေတယ်။
ငွေကြေး အခွင့်အရေးနဲ့ ရာထူးတွေ ရဖို့တော့ မရှိပေမယ့် ကိုယ်စိတ်ဒုက္ခတွေနဲ့
အတူ လူမသိသူမသိ သူရဲကောင်းအဖြစ်နဲ့ အသက်ပေးရကောင်း ပေးရနိုင်တယ်။


စစ်သားဆိုရင် လက်နက်မဲ့တွေကို ပစ်ဖို့အမိန့်ပေးတဲ့သူကို ပြန်ပစ်ရဲတဲ့သူတွေ
လိုနေတယ်။
ပြည်သူ့ဝန်ထမ်းတွေဆိုရင် ရာဇဝတ်သားမဟုတ်တဲ့ နိုင်ငံရေးသမားအပါအဝင်
လူတွေကို မဖိနှိပ်ပဲ မသိမသာတမျိုး၊ သိသိသာသာတမျိုး ကူညီဖို့ လိုနေတယ်။
အရပ်သားဆိုရင်လည်း ကိုယ့်ဆန္ဒမပါပဲ အုပ်ချုပ်နေတဲ့သူတွေကို အာဏာဖီဆန်
ရဲတဲ့သူတွေ လိုနေတယ်။


လူဆိုး လူမိုက်လို့ အခေါ်ခံရမယ်၊
အမိန့်မနာခံတဲ့လူဆိုပြီး အရေးယူခံရမယ်၊
အားနည်းသူတွေဆိုပြီး အနှိပ်စက် ခံရမယ်။


ကျေးဇူးတင် မခံရနိုင်ပေမယ့် ကိုယ့်လိပ်ပြာ ကိုယ်လုံမယ်၊
လူတွေမသိပေမယ့် ဘုရား သိကြား သိတယ်၊
ကိုယ်ချစ်တဲ့ တိုင်းပြည်ကြီးအတွက် လိုအပ်တဲ့ပြောင်းလဲမှုမှာ အုတ်တစ်ချပ်
သဲတစ်ပွင့် ဖြစ်မယ်။


ဘယ်လိုလဲ၊
သတ္တိရှိရဲ့လား၊
အသင့်ရှိရဲ့လား၊
အောင်ပွဲဟာ ရယူရဲတဲ့ သူတွေအတွက်ပဲ။


၁၉၊ ၁၁၊ ၂၀၁၀

2 comments:

  1. အနော်လည်း လူမိုက်ဖြစ်အောင် ကျင့်ကြည့်နေတယ်။ မလွယ်ဘူးဗျ။ မိုက်ပီဆိုရင် ပြောမယ်လေ၊ ဘယ်မှာ စာရင်းပေးရမလဲ။

    ReplyDelete
  2. မိုက်ပြီဆိုရင် လက်သာတို့လိုက်ဆရာ၊ ဆရာ့နောက်မှာ ကျနော်ရှိတယ်၊ ဆရာသာ ရှေ့ကနေ ရင်ကော့ပြီးခံ :-)

    မတူတာကို မတုပါနဲ့ ဆရာရယ်၊ ကိုယ်သန်ရာမှာသာ မိုက်ပါ။
    ကိုယ်က ဥာဏပိုင်းမှာ အားသန်တာကို ကာယသမားနဲ့ သွားပြီး (ကာယအပိုင်းမှာ) သွားယှဉ်ရင် ကမောက်ကမ ဖြစ်ကုန်တော့မှာပေါ့။ ဥာဏသမားတွေမှာ ပညာနောက်ခံပြုပြီး အမှန်တွေကို ပြောတာဟာလည်း မိုက်တာတစ်မျိုးလို့ ယူဆလို့ ရပါတယ်ဗျာ။

    ဘယ်လိုပဲဆိုဆို လုပ်ဆောင်မှုတိုင်းမှာ အနည်းဆုံး ဘာလုပ်သင့်တယ်ဆိုတဲ့ အခြေခံလောက်တော့ တွေးနိုင်ဖို့ လိုတာမို့ လူမိုက်တွေအားလုံး မလုပ်ခင်တွေး၊ ဆုံးဖြတ်ပြီးတာနဲ့ အစွမ်းကုန်မိုက် ကြဖို့သာ မျှော်လင့်ရပါတော့တယ်။

    ReplyDelete