ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, June 18, 2010

ယတြာခြေစရာမလိုပါ၊

  ထီးရိပ် နန်းဟန်လေးတွေ ဝေစည်တဲ့အပြုအမူလေးတွေနဲ့ဖြစ်နေတဲ့ ဘဘဦး
သန်းရွှေတို့ကို ရာဇဝင်နဲ့ပဲ နမူနာပြ ပြောလိုက်ချင်ပါတယ်။

ရှေးယ္ခင်က ဖခမည်းတော်ဘုရင်ကိုလုပ်ကြံနိုင်ရင် ကိုယ်ဘုရင်ဖြစ်ရတဲ့ အခွင့်
အရေးတွေ ရှိခဲ့ဖူးပါတယ်။

အခုမျက်မြင် အနေနဲ့ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ဝန်းကျင်လောက်က ဗိုလ်မှူး
ကြီးသန်းရွှေနဲ့ ဘားအံသူ ဒေါ်ကြန်ကြန် (မသင်္ကြန်) တို့ဟာ ရိုးရိုးကုတ်ကုတ်ပုံလုပ်
ကာ အောင်မြင်စွာ ကြောင်လက်သည်း ဖွက်နိုင်ခဲ့ပြီး အထွဋ်အထိပ် ရောက်ခဲ့ကြ
ရတာ အားလုံးမျက်မြင်ပါ။

ဒီနှစ်ခုကိုပေါင်းစပ် အတွေ့အကြုံယူတတ်ရင် ဘဘဦးသန်းရွှေတို့ ညညအိပ်လို့
ပျော်နိုင်စရာကို ရှိလိမ့်မယ်လို့ မထင်မိဘူး။ အဖေကိုသတ်ပြီးဘုရင်လုပ်သူနဲ့ အစစ
ထပ်တူမဖြစ်ပေမယ့် နေ့ရောညဥ့်ပါ ကျောယါးနေတတ်တဲ့ ခံစားမှုအပိုင်းမှာတော့
တူညီကြမယ်ထင်ပါတယ်။

ဒီသောကတွေကနေ ထွက်မြောက်ရာလမ်းကော ရှိပါ့တော့မလား ...

နိုင်ငံ့ဦးသျှောင်တက်လုပ်နေသူတစ်ဦးအနေနဲ့ လက်ဖျောက်တစ်ချက်တီးရုံနဲ့ သိချင်
တာတွေကို သံတော်ဦးတင်မယ့်သူက တင်းကြမ်းမဟုတ်တောင် အများကြီးရှိနေ
မယ်လို့ ယုံကြည်မိတဲ့အပြင် ဒီလူတွေထဲမှာ အမှန်တကယ် အသိဥာဏ်ကြွယ်သူ
တွေလည်း ပါမှာတော့ သေချာသလောက်ရှိပါတယ်။

ဗေဒင်မမေးပဲ သူတို့ကိုမေးရင် လက်မခံချင်တာကလွဲရင် အင်မတန်ကောင်းတဲ့ အ
ဖြေတစ်ချို့ ရလာမှာတော့အမှန်ပါ။

အဲဒီထဲကတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘဘဦးသန်းရွှေအပါအဝင်
အားလုံးသောသူတွေအတွက် အနာဂါတ်အာမခံဖြစ်တယ် ဆိုတာပါပဲ။ ဥုံဖွလုပ်နေ
စရာမလိုပါ၊

တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် အချိန်ယူပြီး တိုင်းပြည်ကို စစ်မှန်တဲ့၊ ပြည်သူ့
ဆန္ဒနဲ့ညီတဲ့ ခေါင်းဆောင်လက်ထဲအပ်နှံနိုင်ရင် အားလုံးအတွက်အနိုင်ရသူတွေ
ချည်းဖြစ်စေမယ့် အခြေနေကိုအကောင်ထည်ဖေါ်ပြီးသား ဖြစ်စေပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် သဘောထားကြီးတာ၊ ညှိနှိုင်းဆောင်ရွက်ချင်တာ လူတိုင်း
သိထားပြီးသားပါ။ ဒီတော့ လိုလိုလားလား ညှိနှိုင်းလာသူကို ပစ်ပစ်ခါခါလုပ်စရာ
လည်း မရှိတာ သေချာပါတယ်။

နောက်ထပ် သေချာတာတစ်ခုကလည်း ဘဘဦးသန်းရွှေတို့ ဒီလမ်းကိုမရွေးဘူး
ဆိုတာပါပဲ။

ကျောက်ဆည်မှာ နှင်းဖြူဖြူတွေကျတဲ့တစ်နေ့တော့ စိတ်ပြောင်းလာကောင်းပါရဲ့။

မန်းကိုကို
၁၈၊ ၀၆၊ ၂၀၁၀

စကားချပ်။  ။ ကျောယားတာတောင် ကုတ်လို့မအားလောက်အောင် အလုပ်များနေလို့
                 အလွယ်တကူ ပို့စ်အနေနဲ့လည်း မတင်ရသေးတဲ့
ဧရာဝတီမဂ္ဂဇင်းမှာ သူ့အတွေး
                သူ့အမြင် ကဏ္ဍက “ဗိုလ်ချုပ်မှုးကြီး၏ အနာဂတ် ဘာလဲ ဘယ်လဲ၊” ဆိုတဲ့
                ဆောင်းပါးအောက်မှာ ရေးဖြစ်ခဲ့တဲ့ မှတ်ချက်လေး တစ်ခုကိုတင်လိုက်ပါတယ်။
                အပေါ်က ကြက်သွေးရောင်အပိုင်းကတော့ ဆင်ဆာဖြတ်ခံခဲ့ရတဲ့ အပိုင်းပါ။

1 comment:

  1. လုပ်ပါလေ...။ အရည်လည်တော့ အဖတ်တွေ့လာမှာပေါ့။

    ReplyDelete