ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Showing posts with label Culture. Show all posts
Showing posts with label Culture. Show all posts

Friday, September 17, 2010

ကရင့်ရိုးရာဓလေ့ တေးသီပွဲ (သို့မဟုတ်) သြပွဲ - အကြောင်းဖတ်လိုသူများအတွက်၊





     ကရင့်ရိုးရာဓလေ့ တေးသီပွဲ (သို့မဟုတ်) သြပွဲ အကြောင်းဖတ်လိုသူများအတွက် “မြစ်နဒီကိုးသွယ်”
လို့အမည်ရတဲ့ ဘလော့ဆီကိုညွှန်လိုက်ပါရစေ။ သြပွဲအကြောင်းကို လောလောဆယ်ဆယ်မရေးဖြစ်သေး
တာမို့ ယာယီအနေနဲ့ အဲဒီဘလော့က လင့်ကလေးတစ်ခု ထည့်ပေးလိုက်ပါတယ်။
http://myitnadekoethwal.blogspot.com/2010/09/blog-post_12.html

ပို့စ်အသစ်တစ်ပုဒ်ကိုတော့ နောက်နာရီပိုင်းအတွင်းမှာ တင်ဖြစ်ပါလိမ့်မယ်။

မန်းကိုကို

Friday, September 3, 2010

۩ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲ (သို့မဟုတ်) လက်ချည်ပွဲ ۩ (နိဂုံးပိုင်း)

۩ မင်္ဂလာမောင်မယ်များကို ခြည်ဖြူဖွဲ့ခြင်း၊

ဆုတောင်းရွတ်ဆိုခြင်းနှင့် အနက်အဓိပ္ပါယ်များ

     ကရင့်ခြည်ဖြူဖွဲ့ပွဲတွင်ရွတ်ဆိုကြသော ဝိဥာဉ်လိပ်ပြာခေါ်ရွတ်ဆိုချက်များနှင့် ဆုတောင်းချက်များတွင်
ရှေးလူကြီးများတွေ့ကြုံလိုအပ်ခဲ့သည်များနှင့်အညီ သင့်တင့်လျောက်ပတ်သောအဓိပ္ပါယ်များရှိကြပါသည်။

     ဝိဥာဉ်လိပ်ပြာဟူသောစကားလုံးကိုခေါ်ဆိုရာတွင် ကရင်စကားဖြင့် - အသိတရားနှင့်ဆိုင်သည့်ဝိဥာဉ်
“ဝီး” နှင့် အရိပ်ဟုအဓိပ္ပါယ်ရှိသော “လာ” တို့ကိုပေါင်းစပ်ကာ “ဝီးလာ” ဟူ၍သုံးစွဲလေသည်။ ၄င်းအပြင်
 ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ မသင်္ဂဟများနှင့် ခြည်ဖြူဖွဲ့ပွဲသို့တက်ရောက်လာသည့်သူများ
အားလုံးအတွက်ရည်ညွှန်း၍ ဝိဥာဉ်လိပ်ပြာ ၇ ယောက်ပြန်လာပါဟု ရွတ်ဆိုသုံးစွဲပြန်ပါသည်။

Thursday, August 26, 2010

۞ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲ (သို့မဟုတ်) လက်ချည်ပွဲ ۞ (အပိုင်း ၂)

ခြည်ဖြူဖွဲ့ပွဲ ကျင်းပခြင်း

     ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) လက်ချည်ပွဲကျင်းပရာတွင် လိုက်နာရမည့်စည်းမျဉ်း
စည်းကမ်းများရှိလေရာ ဦးဆောင်သူ၊ ပါဝင်သူနှင့် ပါဝင်ရမည့်ဝတ္ထုပစ္စည်းအမယ်များအပေါ် သတ်မှတ်ထား
သည်များ အသီးသီးရှိကြပါသည်။

     အခြေခံအားဖြင့် ပွဲတော်ကိုပါဝင်ဆင်နွဲမည့်သူအားလုံးသည် ရိုးရာဝတ်စုံကိုအပြည့်အစုံ ဆင်ယင်ကြရပါ
သည်။ မင်္ဂလာပွဲဖြစ်သောကြောင့်လည်း မင်္ဂလာရှိသူ (ပြည့်စုံသူ) များကဦးဆောင်ကြရရာ၌ ဦးဆောင်သူ
ဘိုးဘွား သို့မဟုတ် လူကြီးသူမစုံတွဲများသည် ပထမအိမ်ထောင်ဖြစ်ရပြီး ကြင်ယာစုံ (လင်စုံ မယားစုံ) ဖြစ်
ရပါသည်။ ပွဲတော်အခမ်းအနားကျင်းပရတွင် အသုံးပြုရသော ဒေါင်းလန်း(လင်ပန်း သို့မဟုတ် ကြာကလာပ်
သကဲသို့ပြုလုပ်ထားသော သစ်သားဘန်း) ကိုလည်း မိစုံဖစုံကာလသားသမီးများမှ ကျားမစုံတွဲ၍ကိုင်တွယ်ချီ
မကြရပါသည်။

Sunday, August 22, 2010

♥ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲ (သို့မဟုတ်) လက်ချည်ပွဲ ♥ (အပိုင်း ၁)

     ကမ္ဘာပေါ်ရှိလူမျိုးတိုင်းဝယ် ထင်ရှားသောဝိသေသအမှတ်အသား၊ သမိုင်းနှင့် ဓလေ့ထုံးတမ်းအစဉ်
အလာများရှိကြလေရာ ကရင်လူမျိုးများတွင် ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) လက်ချည်ပွဲ
သည် ထင်ရှားသော၊ အရေးကြီးသောရိုးရာဓလေ့တစ်ခု ဖြစ်ပေသည်။

     လက်ချည်ခြင်းတွင် ကျယ်ပြန့်သောအနက်အဓိပ္ပါယ်များ ပါရှိရည်သန်သည့်အပြင် အမျိုးအစားအားဖြင့်
လည်း သုံးမျိုးသုံးစား ခွဲခြားထားရှိပါသည်။ ၄င်းတို့မှာ -