ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) လက်ချည်ပွဲကျင်းပရာတွင် လိုက်နာရမည့်စည်းမျဉ်း
စည်းကမ်းများရှိလေရာ ဦးဆောင်သူ၊ ပါဝင်သူနှင့် ပါဝင်ရမည့်ဝတ္ထုပစ္စည်းအမယ်များအပေါ် သတ်မှတ်ထား
သည်များ အသီးသီးရှိကြပါသည်။
အခြေခံအားဖြင့် ပွဲတော်ကိုပါဝင်ဆင်နွဲမည့်သူအားလုံးသည် ရိုးရာဝတ်စုံကိုအပြည့်အစုံ ဆင်ယင်ကြရပါ
သည်။ မင်္ဂလာပွဲဖြစ်သောကြောင့်လည်း မင်္ဂလာရှိသူ (ပြည့်စုံသူ) များကဦးဆောင်ကြရရာ၌ ဦးဆောင်သူ
ဘိုးဘွား သို့မဟုတ် လူကြီးသူမစုံတွဲများသည် ပထမအိမ်ထောင်ဖြစ်ရပြီး ကြင်ယာစုံ (လင်စုံ မယားစုံ) ဖြစ်
ရပါသည်။ ပွဲတော်အခမ်းအနားကျင်းပရတွင် အသုံးပြုရသော ဒေါင်းလန်း(လင်ပန်း သို့မဟုတ် ကြာကလာပ်
သကဲသို့ပြုလုပ်ထားသော သစ်သားဘန်း) ကိုလည်း မိစုံဖစုံကာလသားသမီးများမှ ကျားမစုံတွဲ၍ကိုင်တွယ်ချီ
မကြရပါသည်။
အခမ်းအနားတွင်အသုံးပြုမည့် ဒေါင်းလန်းထဲတွင်လည်း အဓိပ္ပါယ်ကိုယ်စီဆောင်သော ဝတ္ထုပစ္စည်းခုနှစ်
မျိုးကို မပါမဖြစ်ပြင်ဆင်ထည့်သွင်းကြရပါသည်။ ၄င်းတို့မှာ -
(၁) ခြည်ဖြူသုံးခင်စု ၇ ချောင်း (ခုနှစ်ပိုင်း)
(၂) ထမင်းဆုပ် ၇ ဆုပ်
(၃) ကောက်ညှင်းဖင်ချွန် ၇ ထုပ်
(၄) ဌက်ပျောသီးပြုတ် ၇ လုံး
(၅) ပန်း (ဖဝ့်ဝီ.) ၇ ခက်
(၆) ကြံ ၇ ပိုင်း
(၇) ရေကြည်အေး ၁ ခွက်
တို့ဖြစ်ကြပါသည်။
ခြည်ဖြူဖွဲ့ပွဲကျင်းပတော့မည်ဆိုလျှင် ပွဲတော်ကျင်းပမည့်ရက်မတိုင်မီတစ်ရက် (ဝါခေါင်လဆန်း ၁ ရက်
မှ ၁၄ ရက်နေ့အတွင်း) အလိုတွင် ခြည်ဖြူဖွဲ့ပွဲကိုဦးဆောင်ဦးရွက်ပြုသော ကြင်ယာစုံတွဲအဖိုးအဖွားတို့က
သတ်မှတ်ထားသောအိမ်လှေခါးမကြီးအား ယောက်မဖြင့်ညင်သာစွာရိုက်ခတ်ပြီး သားသမီးမြေးမြစ်များ၏
ဝိဥာဉ်လိပ်ပြာကိုခေါ်ယူသော ရွတ်ဆိုခြင်းကိုပြုလုပ်ရပါသည်။ အဓိပ္ပါယ်အကျဉ်းမှာ -
“သားသမီးမြေးမြစ်ဆွေမျိုးသားချင်းအားလုံး၏ ဝိဥာဉ်လိပ်ပြာများ မကောင်းသောမနေအပ်သောနေရာများ
တွင်မနေပဲ မိဘဘိုးဘွားဆွေမျိုးမောင်နှမများနှင့်အတူ ဤအိမ်မှာပြန်လာနေထိုင်စောင်ရှောက်၍ ကြီးသော
ခွန်အား၊ ကျန်းမာချမ်းသာခြင်းတို့ဖြင့်ပြည့်စုံကာ ဤလှေကားမကြီးကဲ့သို့ ဖြောင့်မတ်ကြပါ” ဟူ၍ဖြစ်သည်။
ခြည်ဖြူဖွဲ့ပွဲပြုလုပ်မည့်နံနက်တွင် မင်္ဂလာမောင်နှံအဘိုးအဘွားတို့မှဦးဆောင်၍ ကျင်းပမည့်နေရာသို့ဦး
ဆောင်လာကြရပါသည်။ မင်္ဂလာမောင်မယ်များက အသုံးပြုမည့်အဆောင်အယောင်ဝတ္ထုပစ္စည်းများထည့်
ထားသော ဒေါင်းလန်းများကိုကိုင်ဆောင်စီတန်းလိုက်ပါလာကြပြီး ခြည်ဖြူဖွဲ့မည့်နေရာတွင် ခင်းကျင်းနေရာ
ယူကြရပါသည်။ ထို့နောက် မင်္ဂလာအဘိုးအဘွားများမှနေ၍ယောက်မဖြင့်ဒေါင်းလန်းနံဘေးကို အသာအ
ယာရိုက်ခတ်ရင်း ယမန်နေ့ကရွတ်ဆိုသကဲသို့ရွတ်ဆိုကာ ပြီးဆုံးပါက မင်္ဂလာမောင်မယ်များအား“ဝိဥာဉ်
လိပ်ပြာအားလုံး စုံစုံညီညီပြန်ရောက်လာကြပြီလား” ဟုမေး၍ “ရောက်ကြပါပြီ” ဟုပြန်ဖြေကြရပါသည်။
ဤသို့ မေးခွန်းကိုသုံးကြိမ်မေး၍ သုံးကြိမ်ဖြေဆိုပြီးကြသောအခါ အဘိုးအဘွားများက မောင်မယ်များအား
ခြည်ဖြူဖွဲ့ပေးခြင်းကို စတင်ကြပါသည်။
ခြည်ဖြူဖွဲ့ရာတွင် ရှေးဦးစွာအဖွဲ့ခံမည့်သူမှ လက်ဝါးများဖြန့်ထားရပြီး ဘိုးဘွားများကဒေါင်းလန်းအတွင်း
မှ ပစ္စည်းတစ်ခုစီကို လက်ဖဝါးပေါ်တွင်အထင်အရှားမြင်စေရန် တင်ရပါသည်။ ပြီးနောက် အဘိုးအဘွားတို့
က ခြည်ဖြူကိုအလယ်တွင်ရေဆွတ်ကာ အဖွဲ့ခံမည့်သူ၏လက်ကောက်ဝတ်အထက်မှအောက်သို့ ခုနှစ်ကြိမ်
သပ်ချပြီး အောက်မှအထက်ဘက်သို့ခြည်ဖြင့်သပ်တင်ရင်း ဝိဥာဉ်လိပ်ပြာကိုယ်တွင် ပြန်လာနေထိုင်ကျန်းမာ
စေဖို့ရာ ရွတ်ဆိုမှုပြုရပါသည်။ ဆက်လက်၍ လက်ကောက်ဝတ်တွင်ခြည်ကိုသုံးပတ်ပတ်ပြီး အဆုံးတွင်သုံးခါ
ချည်ခြင်းဖြင့်ခြည်ဖြူကြိုးသုံးထုံးဖြစ်စေကာ ပိုနေသောခြည်စကို ရေတွင်နှစ်၍လက်ဖြင့်ဆိပ်ကာဖြတ်ပါသည်။
ထို့နောက် ပိုနေသောခြည်စနှင့်အတူ လက်ဖဝါးပေါ်တွင်တင်ထားသောပစ္စည်းများမှ တစ်မျိုးလျှင်အ
နည်းငယ်စီဖဲ့ယူကာ ခြည်ဖြူဖွဲ့ခံသူ၏ ဦးထိပ်သို့တင်ပေးပြီး ဝိဥာဉ်လိပ်ပြာကိုယ်နှင့်မြဲမြံကျန်းမာချမ်းသာခွန်
အားကြီး၍ ဤခြည်ဖြူသကဲ့သို့ဆံဖြူသွားကျိုးသည်အထိ အသက်ရှည်အနာမဲ့ပါစေဟု အဘိုးအဘွားများမှ
ဆုတောင်းပေးကြရာ ခြည်ဖြူဖွဲ့ခံသူက ဦးထိပ်ပန်ဆင်သည်အနေဖြင့် ခေတ္တနေပြီးမှ ဦးခေါင်းထက်မှပစ္စည်း
များကိုလက်ဖြင့်ခံယူကာ ဒေါင်းလန်းအတွင်းသို့ ပြန်ချရပါသည်။
ဤသို့ဖြင့် မင်္ဂလာမောင်မယ်များအားခြည်ဖြူဖွဲ့ပေးပြီးသည်နောက် မင်္ဂလာဒေါင်းလန်းအတွင်းမှ ထမင်း
ဆုပ်၊ ကောက်ညှင်းထုပ် အစရှိသောစားသောက်စရာများကို အတူတကွပျော်ရွှင်စွာစားသုံးကြပြီး ခြည်ဖြူဖွဲ့
ပွဲ (လက်ချည်ပွဲ) အထမြောက်ရပါသည်။ ဆက်လက်ပြီး ဘိုးဘွားများကကျန်ရှိနေသေးသောသူများ(ပရိ
သတ်များ) အားလုံးကုန်သည်အထိ ခြည်ဖြူဖွဲ့ပေးကာ ပွဲပြီးမြောက်ပါသည်။
အထက်ကဖေါ်ပြခဲ့သည့် ခြည်ဖြူဖွဲ့ပွဲအစီအစဉ်သည် စံနမူနာပုံစံဖြစ်၍ နေရာဒေသကိုလိုက်ကာ ကွဲပြား
ခြားနားမှုများ အနည်းအကျဉ်းရှိတတ်ပါသည်။ ယခင်က ကျေးရွာများတွင် ခြည်ဖြူဖွဲ့ဖို့ရန် အိမ်တိုင်းလိုလို
ဒေါင်းလန်း (စကော၊ လင်ပန်း) များရှိကြပြီး ဝိဥာဉ်လိပ်ပြာခေါ်ရန်အတွက်လည်း အဆစ် ၇ ဆစ်ပါသောဝါး
သို့မဟုတ် တစ်ရပ်ခန့်ရှည်၍ အဖျားတွင် ၇ ခြမ်းခွဲပြီးချွန်ထားသောဝါးများကို ထည့်သွင်းအသုံးပြုကြသည်
များလည်း ရှိပါသည်။ ၄င်းပြင် လိပ်ပြာခေါ်ရွတ်ဆိုခြင်းနှင့် ဆုမွန်ကောင်းတောင်းပေးကြရာတွင်လည်း ဆု
တောင်းပေးသူဘိုးဘွားတို့က တတ်ကျွမ်းလျင်တတ်ကျွမ်းသလို အသံနေအသံထားဖြင့်လည်းကောင်း၊ သာ
မန်ထက်ချဲ့ထွင်၍ ရှည်လျားစွာသော်လည်းကောင်း ရွတ်ဆိုခြင်းများပြုတတ်ကြပါသည်။
ခြည်ဖြူဖွဲ့ခြင်းများပြီးမြောက်ပါက စားသောက်ဖွယ်ရာများတည်ခင်းဧည့်ခံခြင်း၊ ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲ
အမျိုးမျိုးတို့ကိုကျင်းပခြင်းဖြင့်လည်း ခြည်ဖြူဖွဲ့ပွဲနေ့များတွင် စည်ကားသိုက်မြိုက်ကြလေ့ရှိပါသည်။
(ဒေါင်းလန်းများသယ်ယူလာကြသော မင်္ဂလာမောင်မယ်များ)
(အပိုင်း ၃ သို့ ဆက်ရန်)
မန်းကိုကို
၂၇၊ ၀၈၊ ၂၀၁၀
အသေအခြာ အသေးစိတ် (ရွတ်ဆိုတဲ့ စာသားက အစ) မူရင်း ကရင်ဘာသာ ရော မြန်မာလိုဘာသာပြန်ပါ ရေးပေးပါ။ ကရင်လူမျိုး ဆိုရာမှာ စကောကရင်၊ ပိုးကရင် စပြီး ဂေဘား၊ ဂေခို၊ ရင်းတလဲ၊ ဘွယ်၊ စတဲ့ အမျိုးမျိုးသော ကရင်မျိုးနွယ် စုများရဲ့ ခြည်ဖြူဖွဲ့ ဓလေ့ ကွဲပြားပုံ ရေးပေးပါ။ ရည်ညွှန်းစာ နဲ့ ကိုးကားတဲ့ စာအုပ်စာတမ်း ထည့်ပေးပါ။ ဓါတ်ပုံနဲ့ အထောက်အထား ပါနိုင်သမျှပါအောင်ထည့်ပေးပါ။ နောင်မှတ်စု အဖြစ် အများသူငှာ စနစ်တကျ သိမ်း နိုင်အောင် လို့ ရေးပေးပါ။ တန်ဖိုးထား ပြီးသိမ်းမှာပါ။
ReplyDeleteMA တို့ Phd ဘွဲ့တို့ပေးရင် ရေးပေးမယ်၊
ReplyDeleteဖဒိုဆိုတဲ့ ကရင့်အုန်းပင်တက်လက်မှတ်လောက်နဲ့ ဘယ်ရမလဲဗျ :-)
ကိုယ့်တောင်းဆိုချက်တွေလည်း ကိုယ်ပြန်ကြည့်ပါအုံး Datuk ရယ်၊ ဆိတ်ခေါင်း ဆင်နင်းတာထက်ဆိုးမယ့် သဘောရှိတယ်။ ရှိတဲ့ဥာဏ်တစ်ထွာတစ်မိုက်နဲ့ စာအုပ်စာတန်းလက်တဖျစ်စာတွေကို သုံးပြီးရေးထားရတာ။ နောက်ဆုံးပို့စ် (အပိုင်း ၃) ကျရင်တော့ မှီးငြမ်းစာအုပ်စာရင်းနဲ့ အခြားမှတ်ချက်တွေ ရေးပေးပါ့မယ်။ ရွတ်ဆိုတဲ့စာသား အတိုချုပ်လည်း ပါမှာပါ။
နောက်ဆုံးပြောချင်တာကတော့ မျိုးနွယ်စုအားလုံးအတွက် အသေးစိတ်အချက်အလက်တွေပါမယ့် ဟာမျိုးကိုတော့ နောင်မှပဲသုတေသနလုပ် စာအုပ်ထုတ်ဖို့ ကြိုးစားသွားပါရစေ။ နောက်ထပ် လက်ချည်ပွဲနှစ်မျိုးအပါအဝင် နှစ်သစ်ကူးပွဲ၊ ရိုးရာတူရိယာ၊ သမိုင်း စသည်ဖြင့် အားလုံးပါအောင်လည်း ကြိုးစားသွားဖို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ၅-၁၀ နှစ်စသည်ဖြင့် ကြာနိုင်ပါတယ်။ အနှစ် ၂-၃၀ လည်း ဖြစ်သွားနိုင်ပါတယ်။ လုပ်ဖြစ်အောင်တော့ လုပ်သွားပါ့မယ်။
အနှောင့်အယှက်ရော အခက်အခဲပါ အများကြီးရှိတယ်ဆိုတာလည်း နားလည်ပေးဖို့တော့ စကားပလ္လင်ခံထားလိုပါတယ်။ လေပေါမယ့်သူတွေထက် လက်တွေ့လုပ်မယ့်သူတွေများလာရင်တော့ အရာအားလုံးလိုလို မြန်သွားနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ် ပဒို.. :-)။ ကြာချင်သလောက် ကြာပါစေ၊ လာမယ်ဆိုရင်ပြီး ရော။ MA တို့ Phd ဘွဲ့ တွေ လိုချင်လို့လား ရွှေနိုင်ငံ ဆီသွား။ အလွယ်လေး။ ကျနော် မြန်မာပြည်က AP တယောက် ရဲ့ Phd ဘွဲ့ယူစာတမ်း Thesis တစိတ်တပိုင်းရေးပေးဘူးတယ်။ သဘောတရားကိုပြောတာပါ။ အခြေအနေအရ ၁၀ တန်း မအောင်ခဲ့တဲ့ ကျနော့်ရဲ့ ဆရာတွေလဲရှိတယ်။ ကျနော့်ရဲ့တောင်းဆိုမှူက ဆန္ဒအရပါ။ ခက်ခဲမှုအများကြီးရှိတယ်ဆိုတာ ပြောစရာမလိုပဲသိပါတယ်။ Anthropology ကိုစိတ်ဝင်စားလွန်းလို့ ဖြစ်နိုင်ခြေ၊ လုပ်နိုင်စွမ်းရှိတဲ့ ပဒို့ ကို တောင်းဆိုတာပါ။ ရေးပေးပါနော် နော်။ :))
ReplyDeleteဗဟုသုတများစွာပါပဲ
ReplyDelete