ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, July 31, 2012

ခေတ်တစ်လျားရဲ့ ရောင်ပြန်တစ်မျက်နှာ (ပထမပိုင်း)


   ဦးဘိုဘိုကျော်ငြိမ်းရဲ့ Facebook က ဆောင်းပါး (၄) ပုဒ်ကို မာရသွန် ပို့စ်တစ်ခုအနေနဲ့ တင်ပေးထားတာ
ပါ။လူတိုင်းအတွက် မဟုတ်နိုင်ပေမယ့် လေ့လာလိုသူ သင်္ခန်းစာ ယူလိုသူတွေအတွက် တန်ဖိုးရှိတယ်လို့
ယုံကြည်တာကြောင့် ပုဂိုလ်ရေးခံစားမှု အရေးသား အနည်းကျဉ်းကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြတ်
တောက်ပြီး စုစည်း မှတ်တမ်းလုပ် တင်ထားတာ ဖြစ်ပါတယ် ။

  ဆက်မသွားခင် စကားပလ္လင်တစ်ချို့ ခံထားချင်ပါတယ် ။
  ဒီဆောင်းပါး တစ်ခုလုံးကို တစ်လုံး တစ်ပါဒမကျန် ကြိုက်နှစ်သက်တယ် ဆိုတာထက် သင်္ခန်းစာ ယူနိုင်ဖို့
ကိုအဓိကထားတယ်ဆိုတာ ထပ်ပြောထားချင်ပါတယ် ။ ဗမာပြည် အင်္ဂလိပ်ခေတ်နှောင်းပိုင်းကနေ ဒီက
နေ့အကြားမှာ လစ်ဟာနေခဲ့တဲ့ သမိုင်းနဲ့ စုစည်းခြုံငုံ သုံးသပ်ပြသူတွေ အင်မတန်နည်းတဲ့ကြားမှာ ထောင့်
တစ်ထောင့်အမြင်ကနေ ခပ်တိုတို မြင်ပြထားတဲ့ ဒီဆောင်းပါးကို သဘောကျမိတာ မဆန်းဘူးလို့ ဆိုနိုင်ပါ
တယ် ။

  ပြောခဲ့တဲ့ အတိုင်းအတာ သမိုင်းတစ်ဖြတ်စာထဲမှာ ဖြစ်စရာရှိခဲ့တာတွေ ဖြစ်ခဲ့သလို ၊ အောင်နိုင်သူ ရှူံး
နိမ့်သူတွေ ရှိခဲ့တာလည်း အများအသိပါပဲ ။ အဲဒီထဲမှာ ကွန်မြူနစ် ၊ တိုင်းရင်းသား လူမျိုးစုတွေ စတဲ့ ပရိ
ရာယ်သိပ်မသုံးခဲ့သူများရဲ့ မကြေမလည် အသံတွေဟာလည်း ကနေ့ထိ ပဲ့တင်ထပ်နေတုန်းပါ ။ ဒါပေမယ့်
အမှားတွေ အားနည်းချက်တွေကို မြင်ကြ ပြင်ကြ အကောင်းဆုံး မွမ်းမံနိုင်ကြရင်တော့ မဆုံးသေးတဲ့ သ
မိုင်းခရီးစဉ်မှာ အကျိုးအမြတ်တွေ ရနိုင်ကြပါလိမ့်မယ် ။ အရှိတရားကို လက်မခံနိုင်ပဲ လေရူးနဲ့အတူ လွင့်
ပါးသွားမယ့် အဖွဲ့အစည်းတွေလည်း ရှိကောင်းရှိမှာပါပဲ ။ ဒါကိုတော့ ကျနော့်လို အညတရတစ်ယောက်
တင် မဟုတ်ပါဘူး ၊ဘယ်ပညာရှိမှလည်း ကယ်နိုင်မှာ မဟုတ်ပါဘူး ။

  ဦးဘိုဘိုကျော်ငြိမ်းဟာ ဗမာပြည်လွတ်လပ်ရေးမှာ အရေးပါခဲ့သူ တစ်ယောက်ဖြစ်တဲ့ ဦးကျော်ငြိမ်းရဲ့ သား
ဖြစ်ပြီး အမေရိကန်က နာမည်ကျော်ကြားတဲ့ Silicon Valley မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ စီမံအုပ်ချုပ်ရေး
ရာထူး မြင့်မြင့်မားမား ရယူလုပ်ကိုင်ခဲ့သူဖြစ်ပြီး ၊ ခုနေမှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အငြိမ်းစားယူ နား
နေပြီ ဖြစ်ပါတယ် ။
ဆက်ဖတ်လိုက်ကြရအောင်ပါ ခင်ဗျာ ။

မန်းကိုကို
၃၁ ၊ ၀၇ ၊ ၂၀၁၂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ
by Bo K Nyein on Monday, July 16, 2012 at 11:32am ·
မေလ ၁၂ရက် ၂၀၁၂

အပိုင်း (၁) က

   မနေ့က တမင်းဆိုင်မှာ စာပေလောက က လူငယ်တစ်ယောက်နဲ့ စကားစပ်မိရင်း လူငယ်က ဦးကျော်ငြိမ်း
သားမှန်း သိတာကြောင့် ထင်ပါရဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေအကြောင်း မေးလာတယ်။ တချိန်ထဲမှာ ကွန်မြူ
နစ် စစ်ဗိုလ်တွေနဲ့ ကွန်မြူနစ် စစ်ဗိုလ်တွေရဲ့ အားပြိုင်မှု ရာဇ၀င်အကြောင်း လည်းသိချင်ပုံရတယ်။

  ဘာမှသိပ်..မဆွေးနွေးရသေးခင်မှာ အမျိုးသမီးက မိုးချုပ်နေမယ်လို့ သတိပေးလို့ ထပြန်ခဲ့ရတယ်။ အားမ
လို ၊ အားမရဖြစ်ခဲ့ရတယ်။ ပြန်တွေးကြည့်တော့ မိမိ ဖခင်ကြီးအကြောင်း ရေးဖို့ရာ လွပ်လပ်ရေးရာဇ၀င်ကို
စနစ်တကျ စတင်လေ့လာစဉ်ကလည်း .. မေးခွန်းမေးလာတဲ့ လူငယ်ကဲ့သို့ .. ဆိုရှယ်လစ် စစ်ဗိုလ်တွေ အ
ကြောင်း ဂဃနဏ သိချင်လို့ .. မနည်းကြိုးစား ..လေ့လာခဲ့ရတယ်။ အကြောင်းက ..မြန်မာနိုင်ငံရဲ့ စစ်တပ်လို့
.. ဆိုတာနဲ့ .. ရဲဘော်သုံးကျိပ်.. ဆိုတာက ရှေ့တန်းရောက်လာတယ်။ တချိန်ထဲမှာ .. ရဲဘော်သုံးကျိပ် ဆို
တာနဲ့ … ကွန်မြူနစ် ..စစ်ဗိုလ်တွေကိုပဲ .. မျက်စိထဲ.. ပေါ်လာတယ်။

  အကြောင်းက .. မြန်မာစာပေလောကကို လွပ်လပ်ရေးကာလ .. ကတည်းက .. လွှမ်းမိုးထားတာက ..
လက်ဝဲ.. အနီ .. စာရေးဆရာတွေ .. ဖြစ်တာအပြင် … ကွန်မြူနစ်.. ဆိုတာနဲ့ .. တချိန်ထဲ .. တွဲပါလာတာက
.. ၀ါဒဖြန့်ချီရေး.. ဆိုတာပဲ။ ဒါကြောင့် .. မှားမှားမှန်မှန် … ကွန်မြူနစ်ဆိုရင် အကောင်း.. ကွန်မြူနစ်ဆိုရင်
လူတော် … ကွန်မြူနစ်ဆိုရင်.. သူရဲကောင်း.. ဖြစ်အောင် .. မြှင့်ပင့်ရေး.. မြှောက်ရေးကြတာ .. မြန်မာနိုင်ငံ
မှ.. မဟုတ် .. တကမ္ဘာလုံးပါပဲ။ ဒါ့အပြင် .. မြန်မာနိုင်ငံ့ .. လွပ်လပ်ရေးအတွက် .. အသက်ပေးသွားတဲ့ ..
သူရဲကောင်းတွေထက် .. ဘာမှမဆိုင်တဲ့ .. တရုတ်ကွန်မြူနစ် .. ဗီယက်နမ်ကွန်မြူနစ် .. အိစံကွားလားတွေ
.. အကြောင်း.. ဝေချီဝေါင်းတို့..မော်တို့အကြောင်းကို အပြိုင်အဆိုင် .. ဘာသာပြန်ပြီး … ဒုတိယအကြိမ် ..
တတိယအကြိမ် .. ထုတ်နေကြရတာက အမော။ ကြယ်နီနောက်ခံ.. မှာ လက်သီးကြီးတွေ တန်းပြီး ရဲရဲ
တောက်.. ကွန်မြူနစ် ..သူရဲကောင်းကြီးတွေ အဖြစ်..အားကျစရာ..မဖြစ်ဖြစ်အောင် ..ပုံဖေါ်နေကြတာ ..
အမျိုးသားစိတ်နဲ့ကြည့်ရင်.. အော့နှလုံးနာစရာ … ။

  လက်ရှိ..၂၁ရာစု .. ခေတ် …ကမ္ဘာကြီးမှာ ကွန်မြူနစ် ဆိုတာနဲ့ .. ဟင်.. ဟာ.. ထွီ ဆိုပြီး … ပေါ်လ်ပေါ့တို့
.. စတာလင်တို့လို.. လူသတ်ကောင်တွေပဲ.. မြင်ကြပြီး …. ကွန်မြူနစ်ဝါဒ.. လမ်းဘေးရောက် သွားပြီ ဆို
တာကိုတောင် (သတိ) .. မရှိကြရှာဖူး။ တရုတ်ကြီးက .. ကြယ်နီကြီးကိုသာ .. မဖြုတ်တာ.. အရင်းရှင်.. အ
မေရိကန်ထက်တောင် .. ဆိုးသေး.. (ငွေ) အတွက်ဆို (ဝ)တို့က ဘာမဆိုလုပ်မှာ .. ဗီယက်နမ် ကလည်း ..
တရုတ်နောက်လိုက်ပြီး.. အမေရိကန်ကို .. ခါးဖက်ပြီး.. ချမ်းသာနေလေရဲ့..။ မြန်မာနိုင်ငံက .. ကိုယ်ရွှေဗမာ
ကွန်မြူနစ်. တွေကသာ.. ရဲရဲနီနေကြတုန်း။ ပစ္စည်းမဲ့ဘ၀က.. မတက်နိုင်.. တရုတ်ကြီးက .. ခွစားထားလိုက်
တာ.. မြန်မာနိုင်ငံက သယံဇာတတွေလည်း ကုန်လုပြီ.. နစ်ဖြူတွေက .. တရုတ်ဆိုရင်.. အဖေခေါ်ချင်တုန်း 
… ။

  ဒီလို.. အနီတွေ လွှမ်မိုးထားတဲ့ .. စာပေလောကမှာ … မသိရင်.. သူရဲကောင်းဆိုတာနဲ့ .. ဗိုလ်ချုပ်အောင်
ဆန်း.. နဲ့ ဗိုလ်ချုပ်ကျော်ဇော်သာ ရှိသယောင် .. အတင်းပုံဖေါ်ထားတဲ့ .. စာပေလောကမှာ … ဆိုရှယ်လစ်
စစ်ဗိုလ်တွေသာမက … လွပ်လပ်ရေးအတွက် … တကယ်အသက်ပေးသွားတဲ့ .. တကယ့်သူရဲကောင်းတွေ .. အကြောင်း.. နောက်ခေတ်လူငယ်လေးတွေ .. မသိကြတော့တာ.. မဆန်းလှပါဖူး … ။

  ဥပမာ.. BIA ၀င်ကာစ .. မှာ .. အလွန်နံမည်ကြီးတဲ့ … အင်္ဂလိပ်ကိုတကယ်တိုက်ပြီး လူသိများ ခဲ့ရတာ
BIA ရဲဘော်သုံးကျိပ်ဝင် .. သူရဲကောင်း .. ဟာ.. ဗိုလ်ရန်နိုင်ပဲ.. ဖြစ်တယ်။ ရွှေတောင်တိုက်ပွဲ မှာဗမာ သူရဲ
ကောင်း ၆၀ကျော် အသက်ပေး ခဲ့ကြရတယ်။ ဗိုလ်ရန်နိုင်ဟာလည်း.. ဟိုးလေးတကျော်.. နံမည်ကြီး ခဲ့ရ
တယ်။ အခု.. သူသိများတဲ့.. ဗိုလ်ချုပ်အောင်ဆန်းဈေးဆိုတာ .. အဲဒီအချိန်က.. (ရန်နိုင်ဈေး) .. လို့တောင်
အမည်တွင်ခဲ့တာ။ ဗိုလ်ရန်နိုင်ဟာ ဆယ်တန်းကျောင်းသား ဘ၀ကတည်းက ကျောင်းသားခေါင်းဆောင်
ဖြစ်ခဲ့ပြီး .. တကသ.. ကျောင်းသားသမဂ္ဂမှာလည်း ခေါင်းဆောင်.. ဒါကြောင့် ရဲဘ်ာသုံးကျိပ်ကိုလွှတ်တဲ့ ..
ပြည်သူ့အရးတော်ပုံပါတီက.. ခေါင်းဆောင်တွေနဲ့ သိကျွမ်းကြပြီး … ဗိုလ်ဇေယျနည်းတူ.. ကျောင်းသား
ကိုယ်စားလှယ်အနေနဲ့.. ရဲဘော်သုံးကျိပ်.. အဖြစ် အရွေးခံရတာ။ နိုင်ငံရေး ရာဇ၀င်ရှိတဲ့ BIA ခေတ်သူရဲ
ကောင်း။ အလားအလာရှိတဲ့ သူရဲကောင်းမို့ ..ဂျပန်ခေတ် အဓိပတိ.. ဒေါက်တာဘမော်က .. သူ့စစ်ဖက်
လက်ထောက်အဖြစ် ခေါ်ထားရင်း .. ဒေါက်တာဘမော်ရဲ့ သမီးနဲ့ အိမ်ထောင်ကျခဲ့တာ။

  ဗိုလ်ရန်နိုင်သာ.. ကွန်မြူနစ်ဖြစ်ကြည့်ပါလား .. အဝေစိသာမက ၊ တာဝတိံသာအထိ ပွက်ပွက်ဆူအောင်..
ကွန်မြူနစ်တွေ.. သူရဲကောင်းဖြစ်ကြောင်း.. လှည့်မောင်းခပ်.. လိုက်ကြမှာပေါ့။ ဗိုလ်ရန်နိုင့် သားအမွှာ ညီ
နောင်နှစ်ယောက်စလုံး .. တောထဲမှာ.. သေခဲ့ကြရရှာတယ်။ ရန်မျိုးနိုင် .. ရန်လင်းနိုင်လို့ ခေါ်တယ်။ စာရေး
သူနဲ့ တတန်းထဲသားတွေပါ။ သားအကြီးရန်မျိုးက နိုင်ငံရေးစိတ်ပါတယ်။ (ဇ)ရှိတယ်။ ရန်လင်းကပိုအေး
တယ်။ စာရေးသူနဲ့ ရန်မျိုးကအပြိုင်.. ဘာကြောင့်မှန်းမသိ.. ငယ်ငယ်ကတည်းက ကြည့်မရကြ။ ကျောင်း
ကောင်စီမှာလည်း အမြဲပြိုင်ဖက်.. ဆယ်တန်းအောင်တော့ .. စာရေးသူက စက်မှုတက္ကသိုလ်.. သူက ဆေး
ကျောင်းရတယ်။ ဒုတိယနှစ် (၁၉၆၉)မှာ..  အဖေရှိရာတောထဲ..လိုက်သွားပြီး.. နှစ်ယောက်စလုံးတောထဲမှာ
… အသက် ရှုံးခဲ့ကြရတယ်။ ထိုစဉ်က ဗိုလ်ရန်နိုင်က .. ဦးနုတော်လှန်ရေးမှာ.. တိုင်းမှူး။ ငယ်ငယ်က ပြိုင်
ဖက်ဖြစ်ခဲ့ကြပေမဲ့ ဆေးကျောင်းကိုစွန့်.. ဘ၀နဲ့ရင်းပြီး .. ပေးဆပ်ခဲ့ကြရတဲ့.. ကျောင်းနေဖက် သူငယ်ချင်းကို
… အလေးပြုလျက်ပါ။ ဗိုလ်ရန်နိုင် တောခိုတော့ သူ့ဇနီးကို ပါဖမ်းတာ.. မှတ်မိသလောက်..  ဒေါက်တာဘ
မော်သမီး.. ဒေါ်တင်ဇာဟာ ဗိုက်ကြီးနဲ့ .. ထောင်ထဲမှာပဲ.. ခလေးမွေးတယ်လို့ … မှတ်မိတယ်။ မိသားစု..
လိုက်.. ဘ၀နဲ့ ရင်းခဲ့ရတဲ့..တော်လှန်ရေး မိသားစုပါ။

   ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတော့ …. တရားခံ..မထင်ရှားခင်မှာ လွတ်သွားမှာစိုးတာကြောင့် … ဦး
ကျော်ငြိမ်းက အားလုံးကိုဖမ်းတယ်။ .. ဒေါက်တာဘမော်ကို ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဖမ်းရတယ်။ ဗိုလ်
ရန်နိုင်တို့လည်း .. ဒီမိုကရေစီခေတ်မှာ အဖမ်းခံရတယ်။ ဦးနေ၀င်းအာဏါသိမ်းပြီး .. ပြန်ဆုံကြတော့ …
ဗိုလ်ရန်နိုင်က .. ဦးကျော်ငြိမ်းကို .. ခင်ဗျား ကျုပ်ကို.. ဘာကြောင့် အကြာကြီး ((၃)နှစ်၊ စာရေးသူ) ဖမ်း
တာလည်း.. ဆိုပြီး.. ရန်တွေ့တယ်။ ဦးကျော်ငြိမ်းက .. “ခင်ဗျားကလူစွာတစ်ယောက်၊ ခင်ဗျားက ကျူပ်နေရာ
ပြည်ထဲရေးဝန်ကြီးလုပ်၊ ၊ ကျူပ်က ခင်ဗျားနေရာ ဗိုလ်ရန်နိုင်လုပ် ၊ အဲဒီအခါ ကျူပ်ကို ခင်ဗျား ဘယ်နေရာ
ထားမှာလဲ ၊ ကိုယ့်လူ အသေအချာစဉ်းစားကြည့် အဲဒါကြောင့် ကိုယ့်လူကို ကျုပ်တို့ ထောင်ထဲ ထည့်ထား
တာဟာ စိတ်အချဆုံးဖြစ်တာလို့ ပိုသဘာဝကျတာပေါ့။ ကျနော်သေသေချာချာ ပြန်စဉ်းစား ကြည့်သည်။
သူပြောတာလမ်းကျသည်။ ကျနော်သူကို စိတ်ဆိုးပြေသွားသည်။” (မှတ်ချက်။ မြောင်းမြဘဆွေပြန်ထုတ်တဲ့
( ကျွန်ုပ်တို့နှင့် ဦးကျော်ငြိမ်း ၊ စာမျက်နှာ ၁၃၂ မှ ဗိုလ်ရန်နိုင်၏ ကိုယ်တိုင်ရေး))။

  ဟိုတုန်းကခေါင်းဆောင်တွေချစ်စရာကောင်းတာက နိုင်ငံရေးအရ အဖမ်းခံရသော်လည်း ပုဂ္ဂိုလ်ရေး အငြှိုး
မထားကြ၊။ ဦးကျော်ငြိမ်းကား တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များထဲတွင် ကျနော် အလေးစားဆုံးပုဂ္ဂိုလ် တစ်ဦး ပင်
ဖြစ်သည်ဟု ဗိုလ်ရန်နိုင်က မှတ်တမ်းတင်ခဲ့သေးသည်။ (စာမျက်နှာ ၁၂၇)။ 

  ဂျပန်ခေတ်က ဒေါက်တာဘမော်က အဓိပတိ။ ဦးကျော်ငြိမ်းက ကက်ဘိနက်အတွင်းဝန်။ ဒေါက်တာဘမော်
က သူ့ရဲ့ သားမက်ဦးရဲထွန်းကို ပြောဖူးတယ်။ အောင်ဆန်း၊ သန်းထွန်းနဲ့ ကျော်ငြိမ်း.. တို့ (၃) ယောက်က အ
ထက်ဆုံးတဲ့ ။ ဒါပေမဲ့ … သခင်သန်းထွန်းနဲ့ အတဲ့ဆုံး။ မျက်နှာလိုက်တယ်။ ဒါကြောင့် ဦးကျော်ငြိမ်းက အစာ
မကျေဖူး။ နောက်ဆုံး ပြောင်းဖို့ကြိုးစားတော့၊ ဗိုလ်ချုပ်အောင်ဆန်းက ဦးကျော်ငြိမ်းကို ဝန်ကြီးပေးဖို့ ကက်
ဘိနက်မှာ အဆိုပြုတော့ သခင်သန်းထွန်းက ကျုပ်ကန့်ကွက်တယ်ဆိုလို့ … ဦးနုက သူ့ရဲ့ နိုင်ငံခြားရေးဌါန
မှာ.. ခေါ်ထားရတယ်။ ဒါလူမသိ၊ သူမသိအတွင်းကြိတ်.. နိုင်ငံရေး .. အားပြိုင်နေကြတာ။

  ဦးကျော်ငြိမ်းနဲ့ ဒေါက်တာဘမော် အစာမကျေ ကြတာလေးတွေရှိကြပေမဲ့ … ဗိုလ်ရန်နိုင်ဟာ … သူရဲ
ကောင်း.. ဆိုတာဟာ fact .. အဖြစ်မှန် ဆိုတာကို လက်ခံရမှာပဲ။ သို့သော် .. မြန်မာစာရေးဆရာ .. ဘယ်
နှစ်ယောက်က … ရွှေတောင်တိုက်ပွဲကို .. မှတ်တမ်းတင် ရေးကြသလဲ .. မထင်မရှား .. တစ်ယောက်စ ..
နှစ်ယောက်စ ..  အနီစာရေးဆရာတွေက .. တရုတ်ပြည်တွင်းစစ်က တရုတ်သူရဲကောင်း အကြောင်းတွေ
အမွှမ်းတင် .. ဘာသာပြန်လိုက်ကြရတာ။ တိုင်းပြည်အတွက် .. အသက်ပေးသွားကြတဲ့ ဗမာသူရဲကောင်း ..
၆၀.. အကြောင်းတော့ .. သတိတောင်.. မရကြဖူး။ နောက်မှလူုဖြစ်ရတဲ့ သူတွေ ရွှေတောင်တိုက်ပွဲအ
ကြောင်း ကြားတောင်ကြားဖူးကြရဲ့လား။ ကံကောင်းချင်တော့ လူ့ဘောင်သစ်ဥက္ကဌ ကိုအောင်မိုးဇော်ရဲ့ အိမ်
ကစာအုပ်စင်ကို မွှေရင်း .. Louis Allen ရေးတဲ့ ..The Longest War 1941-1945 ဆိုတဲ့ စာအုပ်ကို ရလိုက်
တယ်။ ဒီမှာမှ စာမျက်နှာ ၆၂ -၆၃ မှာ အသေးစိပ် ရေးပြထားတယ်။

  ဗိုလ်ရန်နိုင်နဲ့ BNA တပ်သား ၄၀၀ လောက်ဟာ အင်္ဂလိပ်တပ်တွေ ရွှေတောင်မြို့က အဆုတ်ကို ပိတ်ဖို့ ဂျ
ပန်တွေနဲ့အတူ စောင့်နေခဲ့ကြတယ်။ ဂျပန်တွေကို Hirayama နဲ့ Ikeda စစ်ဗိုလ် (၂) ယောက်က အုပ်ချုပ်
တယ်။ ဗမာတွေက ပြည်လမ်းရဲ့ ဘယ်ဖက် ၊ ဂျပန်တွေက ညာဖက် မှာနေရာယူထားကြတယ်။ ကံကောင်း
ချင်တော့ ဂျပန်တွေ လက်ထဲမှာရှိတဲ့ တစ်ခုထဲသော Anti-tank gun နဲ့ထု လိုက်တာ အင်္ဂလိပ် တင့်ကားကို
ထိမိပြီး အရေးကြီးတဲ့ တံထားကို ပိတ်မိနေတာကြောင့် ဘာမှရွှေ့လို့ မရတော့ပါ။ အဲဒီအချိန်မှာ အင်္ဂလိပ် စစ်
ဗိုလ်တစ်ယောက်နဲ့ အတူ ကုလားစစ်သား (၇၀) လောက် လက်မြှောက်ပြီး လက်နက်ချဖို့ ထွက်လာကြ
တယ်။ ဗိုလ်ရန်နိုင်နဲ့ Hirayama တို့က ဗမာတွေကို အပစ်ရပ်ဖို့ အမိန့်ပေးပြီး ကုလားစစ်သား တွေကိုလည်း
လက်နက်တွေမြေပေါ်ချဖို့ အော်ပြောလိုက်တယ်။ အဲဒီလို လက်နက်ချဖို့ ညှိနှိုင်းနေကြတုန်း အင်္ဂလိပ်ဖက်က
ပစ်လိုက်တာ ဂျပန်ဗိုလ်နှစ်ယောက် ကျဆုံး သွားကြရတယ်။ ဗိုလ်ရန်နိုင်က ချက်ချင်း ပစ်မိန့်ပေးပြီး ကုလား
တွေတစ်ယောက်မကျန် သေကုန်မှ ရပ်လိုက်ကြတယ်။ ဗိုလ်ရန်နိုင်က စဉ်းစားနေဖို့ အချိန်မရလိုက် ၊ ကျုပ်
မျက်စိရှေ့မှာ အရင်အနှီးဆုံး လုပ်ဖေါ်ကိုင်ဖက် နှစ်ယောက် လဲသေနေတာ တွေ့တော့လည်း ပိုစိတ်ဆိုးမိ
တယ်လို့ ဒေါက်တာဘမော်ကို ပြောတယ်လို့ စာရေးသူက ဖေါ်ပြထားတယ်။ အဲဒီတိုက်ပွဲမှာ ဗမာစစ်သား ၆၀
တိုင်းပြည်အတွက် အသက်ပေးခဲ့ကြရတယ်။

◊  ရာဇ၀င်သင်တာ..(မ..အ) ဖို့လား?

  ရာဇ၀င်ဆရာကြီး..ဒေါက်တာသန်းထွန်းက ရာဇ၀င်သင်တာ (မ..အ) ရအောင်လို့ ဆိုခဲ့တယ်။
  စာရေးသူက .. တဆင့်.. ပိုလိုက်ချင်တယ် .. (သင်)တာနဲ့ (လေ့လာ) တာမတူပါ။ (သင်) တာက သူတပါး
.. စေခိုင်းလို့ .. (လေ့လာ)တာက .. မိမိကိုယ်နှိုက်က.. သိချင်လို့ .. ဆည်းပူးတာ .. ရာဇ၀င်.. လေ့လာတာ
.. သင်္ခန်းစာယူတတ်ပြီး .. နောက်ထပ်.(မမှား).. ရအောင်လို့ .. ရှေ့က မှားခဲ့ကြတဲ့ အမှားကို (မမြင်) ကြရင်
.. နောက်ထပ်.. ထပ်မှားကြဦးမှာ .. စိုးလို့ပါ ..။

  ဗမာစကားမှာ ..ရာဇ၀င်ဘီး..တပတ်လည်ပြန်ပြီ လို့ဆိုကြသလိုအင်္ဂလိပ်..စကားမှာလည်း History
Repeats itself .. ဆိုတဲ့ စကားရှိပါတယ်။
  ဒီလို.. ထပ် (မမှား) ဖို့ရာ .. သင်္ခန်းစာ .. ယူတတ်ကြရပါမယ်။

  သင်္ခန်းစာယူတတ်ဖို့ရာ .. သုံးသပ်ချက် .. Analysis မှန်ရပါမယ်။  သုံးသပ်ချက်မှန်ဖို့ရာ .. အချက်အလက်
.. (မှန်)ရပါမယ်။
အချက်အလက်.. (မှန်) ဖို့ရာ.. ရိုးသားဖြူစင်တဲ့ honest ဖြစ်တဲ့ (အမြင်).. နဲ့ ကြည့်နိုင်ရပါမယ်။

◊  ကွန်မြူနစ်နဲ့ ဝါဒဖြန့်ချီရေး

  ပြဿနာက .. ကွန်မြူနစ်.. ဆိုတာနဲ့ .. (၀ါဒ) အစွဲက.. ကပ်ပါလာတယ်။ ဒီဝါဒ .. အစွဲကြောင့် … ကွန်မြူ
နစ်.. ဆိုရင်.. (အကောင်း) ဆိုတဲ့ .. တဖက်စောင်းနင်း.. (အမြင်) က ကပ်ပါလာပြန်တယ်။ တခါ (တော်လှန်
ရေးမှ) ဆိုတဲ့ စိတ်ဓါတ်ကို ဖြည့်ဆီးဖို့ .. သူရဲကောင်း ရှာပုံတော် ဖွင့် .. သူရဲကောင်းဋီကာချဲ့ .. တခြားသူ
တွေကို ရာဇဝင်က ပယ်ဖျောက်ချင်တဲ့ .. စိတ်ဓါတ်..ရဲ့ လွှမ်းမိုးမှုက.. ရုန်းမထွက်.. နိုင်ကြပြန်ဖူး။

  ဒါကြောင့် .. ဗိုလ်နေ၀င်း .. မိန်းမပွေတာကြတော့ .. စာရိတ္တချို့ယွင်းတာ ..၊ ဗိုလ်ဇေယျ .. မိန်မကြိုက်တာ
ကြတော့ ..  ဗိုလ်ချုပ်ကျော်ဇော်လို .. သူရဲကောင်းကြီးကတောင် .. မဆီမဆိုင် .. အငြိမ့်သမကို ခါးဖက်
လျက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ထိပ်တိုက်တွေ့တာကိုတောင် … ကာဆီးကာဆီး ဖေးဖေးမမ .. ကာကွယ်ပြီး..
မိမိရဲ့အတ္ထုပ္ပတ္တိမှာ.. ရေးပြရသေးတယ်။ ဗိုလ်ချုပ်ကျော်ဇော်လို အဆင့်မြင့် ဗိုလ်ချုပ်အဆင့် level မှာတောင်
.. Statesman အကျင့်ထက်.. ကွန်မြူနစ်အကျင့်က လွှမ်းမိုးနေသေးတော့.. အောက်ခြေအဆင့်မှာတော့ ..
ပြောစရာမလိုတော့ဖူးပေါ့ .. စိတ်မကောင်းစရာက .. ဗိုလ်ချုပ်ကျော်ဇော်ရဲ့ .. အတ္ထုပ္ပတ္တိကို အသေအခြာ
လေ့လာကြည့်ရင် … ကွန်မြူနစ်ဆိုရင်အကောင်း .. ကွန်မြူနစ်မဟုတ်ရင်.. မကောင်း ရေးထားတာကိုတွေ့
ရမယ် … objective မဖြစ်တာစိတ်မကောင်းစရာ .. ။

  စာရေးသူက ဗိုလ်ချုပ်ကျော်ဇော်ကို ကွန်မြူနစ်သက်သက်လို့ မမြင်ချင် …. တော်လှန်ရေးသမားလို့သာ..
မြင်ချင်တယ်။ ဒါကြောင့် သေချာတဲ့ .. အချက်အလက်ကိုသာ အခြေပြုတဲ့ .. Academic level အဆင့်မှီ
ဖြစ်စေချင်တယ်။ ပိုဆိုးတာက .. အတန်းစာတောင် .. မပြီးတဲ့.. အဆင့်မရှိတဲ့ .. သူတွေက .. ကွန်မြူနစ်
မျက်စိနဲ့ … ၀ါဒဖြန်ချီရေးသက်သက် .. ရာဇ၀င်အချက်အလက်ကို .. မိမိအထင်နဲ့ .. ပြောင်းရေးပြီး .. ဗိုလ်
ချုပ်ကျော်ဇော်ရဲ့ .. အတ္ထုပ္ပတ္တိ.. ကို ညွှန်းပါတယ်တယ်ဆိုတော့ … အလကားနေရင်း .. ချီးအပေခံရရှာ
တယ် …။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ
by Bo K Nyein on Monday, July 16, 2012 at 11:30am

                                                             အပိုင်း (၁) ခ
◊  စစ်တပ်ရဲ့ အစ ..

  စစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ … ရဲဘော် (၃)ကျိပ်က စတာဆိုတော့ .. အစ.ရဲ့ .. အစ..
ဖြစ်တဲ့ … ရဲဘော်သုံးကျိပ်ကိုလွှတ်ရာမှာ တာဝန်ယူရတဲ့ .. ပြည်သူ့အရေးတော်ပုံ.. ပါတီကို .. စကြည့်ရ
အောင်။

  အဲဒီအချိန်က.. ကွန်မြူနစ်တွေရဲ့ ဘုရားက .. သခင်စိုး .. ကွန်မြူနစ် ကျမ်းကြီးကျမ်းငယ်တွေကို ဗမာမှုပြု
ပြီး .. ဧရာမ.. စကားလုံးကြီးတွေနဲ့ .. ကွန်မြူနစ်စနစ်ကို .. ကြွေးကျော်နေတာက .. သခင်စိုး သခင်စိုးရဲ့ ..
ဘုရားက.. စတာလင်.. ၊ စတာလင်က ကိုလိုနီ .. အရင်းရှင်.. တွေနဲ့ပေါင်းပြီး.. ဖက်စစ်ဂျာမနီကို.. တိုက်နေ
ရတာ။ ဒါကြောင့်သခင်စိုးကြီးက … ဖက်စစ်နဲ့ .. မပေါင်းနိုင်.. အင်းစိန်ထောင်မှာ ရေးတာမို့ .. အင်းစိန်စာ
တမ်းလို့ နာမည်ကျော်တဲ့ .. စာတမ်းမှာ .. အတိအကျ.. ဆိုထားပြီးသား .. အဲဒီအချိန်မှာ .. သခင်အောင်
ဆန်းကို ဝရမ်းထုတ်တော့ .. ငါတော့ အဖမ်းမခံနိုင်ဖူး . . နိုင်ငံခြားထွက်ပြီး .. အကူရှာမယ်လို့ .. ဆိုလာ
တော့ .. သခင်အောင်ဆန်းရဲ့ .. တက္ကသိုလ်သမဂ္ဂက ရဲဘော်..တွေက မဖြစ်ချေဖူး .. ဆိုပြီး .. သခင်မြကို ဦး
တည်ထားပြီး .. မြေအောက်အဖွဲ့ (UG) အဖွဲ့ကို စထောင်ကြရတာ။

  လွပ်လပ်ရေး လှုပ်ရှားမှုကို ခေါင်းဆောင်ကြတဲ့ ခေါင်းဆောင်တွေဟာ အဖွဲ့ နှစ်ဖွဲ့က လာကြတယ်။
ကျောင်းသားသမဂ္ဂနဲ့ တို့ဗမာအစည်းအရုံး။ ဝါဒအားဖြင့် .. ကွန်မြူနစ်စနစ်.. နဲ့ .. ဆိုရှယ်လစ်စနစ်ကို ယုံ
ကြည်ကြသူတွေ ဖြစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားခေါင်းဆောင် ဘဝကနေ နိုင်ငံရေးကို
ခြေစုံပစ်ဝင်မယ်ဆိုတော့ တို့ဗမာအစည်းအရုံးထဲကို ဝင်ပြီး မကြာခင်မှာ အထွေထွေအတွင်းရေးမှူး ဖြစ်လာ
ရတယ်။ ဗါးလမ်းမှာ ကွန်မြူနစ်ဆဲလ် စဖွဲ့ကြပြီးတော့ သိပ်မကြာလိုက်ဖူး … သခင်စိုး ၊ သခင်သန်းထွန်း ..
သခင်နု .. စတဲ့ .. တို့ဗမာအစည်းအရုံးက ခေါင်းဆောင်တွေကို .. အင်္ဂလိပ်က ထောင်ထဲ ဆွဲထဲ့ထားတာမို့ ..
ဘာမှ .. အလုပ်မဖြစ်တော့ .. သခင်အောင်ဆန်း .. အပြင်မှာ ရှိပေလို့သာပေါ့။

  ပြည်တွင်းသူပုန် ၊ ယူဂျီဆိုပြီး စဖွဲ့တဲ့ အဖွဲ့မှာခေါင်းဆောင်တာက ကျောင်းသာသမဂ္ဂက ခေါင်းဆောင်အ
များစု.. သခင်မြကို ခေါင်းဆောင်တင်ပြီး .. စလှုပ်ရှားကြရတာ။ ကိုဗဆွေ ၊ ကိုကျော်ငြိမ်း ၊ သခင်ဗဟိန်း ၊ ကို
လှဖေ (ဗိုလ်လက်ျာ) ၊ ကိုလှမောင် (ဗိုလ်ဇေယျ) ၊ ကိုလှမောင် (မိတ္ထီလာ) ၊ ကိုထွန်းတင် ၊ ကိုထွန်းရွှေ (နဂါး
နီ) စတဲ့ တဒါဇင်လောက်ရှိတဲ့ သမဂ္ဂက ကျောက်းသားတွေဟာအများစုပဲ။ ဒီမှာ ထူးခြားတဲ့.. အပြင်လူ စပါ
လာတာက .. သခင်ချစ်။ သခင်ချစ်က ရေကျော်သမ၀ါယမက။ တက္ကသိုလ် သမ၀ါယမကကို ထွန်းအုံက
တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူပေါင်းလုပ်နေပြီ။ ကိုထွန်းအုံက တဆင့် သခင်ချစ်နဲ့ ကိုကျော်ငြိမ်းတို့
ချိပ်မိသွားပြီး သခင်ချစ်က ယူဂျီအဖွဲ့မှာ ပါလာတာ။

  ဗိုလ်ချုပ်အောင်ဆန်း ကိုလွှတ်ဖို့.. တာဝန်ခွဲကြတော့ .. သခင်လှဖေ (ဗိုလ်လက်ျာ) က တာဝန်ကျတယ်။ ဒါ
ကြောင့် သင်္ဘောတင်တာကအစ … သခင်လှဖေက တာဝန်ယူရတယ်။ သခင်အောင်ဆန်း ဂျပန်တွေနဲ့ အ
ဆက်အသွယ်ရပြီး ရုပ်ဖျက်ပြီးပြန်လာတော့ .. စစ်သင်တန်းတက်ဖို့ ရွေးရာမှာ အားလုံးပါပါစေဆိုပြီး တောင်း
ဆိုတာနဲ့ အားလုံးပါအောင် အစည်းအဝေးးခေါ်ရတာ။

  စာဖတ်သူ.. လူငယ်လေးတွေကို.. သတိပြုစေချင်တာက … ထိုစဉ်က သခင်အောင်ဆန်းဟာ (၂၀) ကျော်
.. အသက်အားဖြင့် .. နုနယ်တဲ့ .. အရွယ်သာ ရှိသေးပေမ .. စေတနာက .. တိုင်းပြည်အတွက် … ဆိုတာ
ကိုသာ ရှေ့ရှု .. ရှေ့တန်းတင်ထားတော့ … ကျောင်းသားမှရယ် .. သခင်မှရယ် .. ကွန်မြူနစ်ရယ်.. ဆိုရှယ်
လစ်ရယ်.. မရှိဘူး။ (ဗမာနိုင်ငံသားလား) (လွပ်လပ်ချင်သလား) (တိုင်းပြည်အတွက်လား) .. ဒါပဲရှိတယ် ..
တိုင်းပြည်အတွက်.. အတော်ဆုံးလူုတွေပဲ.. လိုချင်တယ်.. အားလုံးကို ပါစေချင်တဲ့ စေတနာက အပြည့်။ အ
တုယူကြစေချင်တယ်။ သခင်အောင်ဆန်းရဲ့ စိတ်ဓါတ်ဟာ သိပ်မြင့်မြတ်တယ်။ နိုင်ငံရေးအားဖြင့် .. ရင့်ကျက်
နေပြီ .. ကွန်မြူနစ်တွေက.. အဲဒီကတည်းက … ကွန်မြူနစ်မှ.. ပစ္စည်းမဲ့မှ.. ငါ့လူမှ .. ဖြစ်နေပြီ … Inclusive
နဲ့ Exclusive စိတ်ဓါတ်.. သိပ်ကွာတယ်။

  ဂျပန်ကို အဆက်အသွယ်ရတာ … ဒေါက်တာဘာမော်ရဲ့ ဓမ္မပါတီနဲ့လည်း သက်ဆိုင်နေတယ်။ သခင်
အောင်ဆန်းတို့ အမွိုင် (Amoy) မှာ သောင်တင်နေတော့ ဒေါက်တာသိန်းမောင် ကတဆင့် ဂျပန်ကို သခင်
အောင်ဆန်းနဲ့ သခင်လှမြိုင် တို့ဓါတ်ပုံကို ပေးပြီးအကူအညီ တောင်းခဲ့ကြရတာ။ ဒါကြောင့် ဒေါက်တာဘမော်
ရဲ့.. ကိုယ်စားလှယ်တစ်ယောက်လည်း. လူရွေးကြတဲ့ .. အစည်းအဝေးမှာ ဖိတ်ရတယ်။ တော်လှန်ဖို့ ကြံ
ဆောင်နေကြတဲ့ တော်လှန်ရေးသမားတွေက (၂၀) ကျော် လူငယ်လေးတွေ.. တုံးတိုက်တိုက်.. ကျားကိုက်
ကိုက်ဆိုတဲ့.. လူငယ်တွေ.. ဒေါက်တာဘမော်ရဲ့.. ကိုယ်စားလှယ်က အသက် (၅၀) ကျော်။ ဒါကြောင့်.. အ
စိုးရိမ်ကြီးတယ်.. မအောင်မြင်ရင် .. ပြေးဖို့.. လေယဉ်ရှိရဲ့လားလို့ .. မေးလာတယ်။ နောက်အစည်းအဝေး
တွေလည်း .. မတက်တော့ … ဒါကြောင့်.. ရဲဘော် ၃ ကျိပ်မှာ .. ဒေါက်တာဘမော် လူတွေ.. မပါရတာပါလို့
ဦးကျော်ငြိမ်းက .. သူ့မှတ်တမ်းမှာ ရှင်းပြသွားပါတယ်။

  သခင်အောင်ဆန်းဟာ တို့ဗမာအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ၊ သခင်ကိုယ်တော်မှိုင်း ဖက်က
လူ။ သို့သော်.. သခင်ဗစိန် ၊ သခင်ထွန်းအုပ် ဖက်ကို ချန်မထားဖူး။ မျှတမှုရှိတာကိုလည်း .. စာဖတ်သူ.. လူ
ငယ်လေးတွေကို.. သတိရှိစေချင်တယ်။

  လူရွေးဖို့ .. စည်းဝေးကြတော့ … သခင်လှဖေ (ဗိုလ်လက်ျာ) က ငါလိုက်မယ်လို့ .. ဆိုလာတယ်။ သခင်ဗ
ဟိန်းက ကိုကျော်ငြိမ်း ခင်ဗျားလိုက်သွားပါလားလို့.. အဆိုပြုလာတယ်။ ကိုကျော်ငြိမ်းက ဒါငါ့ကို. နှင်ထုတ်
တာပဲလို့ .. သံသယ .. ဖြစ်တယ်။ .. နောက် မကြာခင်မှာပဲ . ဆက်ပြီး .. သခင်ဗဟိန်းက .. ကိုကျော်ငြိမ်း ..
ဘယ်တော့သွားမှာလဲလို့ .. မေးလာတော့ .. သေချာပြီ .. ဆိုပြီး .. မသွားဖို့ .. ဆုံးဖြတ်လိုက်တယ်။ ဒါအဖွဲ့
အစည်းတိုင်းမှာတွေ့ရမဲ့ factional politics ရဲ့ nuances လေးတွေဆိုတာကို လူငယ်လေးတွေကို သိစေချင်
တာပါ။ ရှောင်လို့မရပါ။
  ယူဂျီအဖွဲ့ရဲ့ အစီအစဉ်က .. ဂျပန်ဝင်ရင် သခင်မြကိုခေါင်းဆောင်တင်ဖို့ (ဂျပန်က ဒေါက်တာဗမော်ကို ရွေး
တာ)။ ဒါကြောင့်သခင်မြက မော်လမြိုင်ကိုကြိုသွားနှင့်တယ်။ ကိုဗဆွေက တာဝန်နဲ့ သူ့ဇာတိ ထားဝယ်ဖက်
သွားပြီး ဗိုလ်အောင်ဆန်းတို့ကို ကြိုဖို့သွားနှင့်တယ်။ ကိုလှမောင် (မိတ္ထီလာ)လည်း ပါသွားတယ်။ ဒါကြောင့်
ရန်ကုန်မှာ အဓိကကျတဲ့ ခေါင်းဆောင်အနေနဲ့ ကိုကျော်ငြိမ်းနဲ့ သခင်ချစ်တို့ ကျန်ရစ်တယ်။ ကိုကျော်ငြိမ်းက
နေ့အချိန်မှာ Custom ဌါနမှာ ရာဖြတ်အရာအရှိအဖြစ် အလုပ်.. လုပ်ပြီး .. ညကြမှာ .. ယူဂျီခေါင်းဆောင်အ
ဖြစ် တာဝန်ယူရတာ။ နောက်တချက်က .. သခင်ချစ်က မွေးရာပါ မြေအောက်တော်လှန်ရေးသမား လျှို့ဝှက်
လုပ်ငန်းကိုကျွမ်းးတယ်။ .. သူက operation နိုင်တယ်။ အဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်တဲ့ ခေါင်းဆောင်က
vision ရှိရမယ်။ အောက်ခြေ base ကိုနားလည်ရမယ်။ ထောက်ခံမှုရအောင် policy ချနိုင်ရမယ်။ ဗျူဟာချ
နိုင်ရမယ် .. ဒါတွေဖေါ်ဆောင်ဖို့ .. အားကိုးနိုင်တဲ့ operation သမားလည်းလိုတယ် ဗိုလ်ချုပ်အောင်ဆန်း
တို့ .. သခင်သန်းထွန်းတို့ .. ကိုကျော်ငြိမ်းတို့.. က ဦးဆောင်နိုင်တယ်။ ဒါကြောင့် ဖဆပလ ၊ စစ်တပ် ၊ ပြည်
သူ့ရဲဘော် ၊ တို့ကို သခင်အောင်ဆန်းက ဦးဆောင်ပြီး ၊ သခင်သန်းထွန်းက ကွန်မြူနစ်ပါတီ ၊ ကိုကျော်ငြိမ်း
က ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တွေ လာဖြစ်ကြတာ။

  သို့သော် သခင်ချစ်က အလွန်အားကိုးရတဲ့ operation သမား။ ရွေးထားတဲ့ လူတွေက သင်္ဘောအလာကို
စောင့်နေရတာ။ ဂျပန်က အချက်ပေးလိုက်မှ … ချက်ချင်း သဘောင်္တင်ရတာ။ ဂျပန်တွေ ဆက်သွယ်တာက
ဗိုလ်ချုပ်ဈေးက သမဝါယမဆိုင်။ ဌါနချုပ်မှာရှိနေတာက သခင်ချစ်။ သခင်ချစ်က ရွေးထားတဲ့ .. လူတွေအ
စား .. နီးစပ်တဲ့ လူတွေကို ဆွဲထဲ့လိုက်နိုင်တယ်။ ဒါကြောင့် နောင်ပြန်တွေ့ကြတော့ သခင်အောင်ဆန်းက
ကိုကျော်ငြိမ်းကို ပညာတတ်တွေ ရှိလျက်နဲ့ ဘာကြောင့် မင်း သခင်ချစ်ဗိုလ်ကျ တာကိုခံရတာလဲ.. ဆိုပြီး
အပြစ်တင်.. လာတယ်။ ဒီမှာလည်း .. ပညာတတ် သခင်အောင်ဆန်းက တိုင်းပြည်အတွက်.. အကောင်း
ဆုံး.. ဖြစ်အောင်.. ပညာတတ်တွေ.. များများပါစေချင်တယ်။ သခင်ချစ်က နီးစပ်တဲ့သူ ဆွဲထဲ့လိုက်ချင်တယ်။
ဒါဟာလည်း .. တနည်းအားဖြင့် .. capacity ကွာတာပဲ .. ဆိုတာကို သတိပြုစေချင်တယ်။

  ဒီနေရာမှာ ဖြတ်ပြီး Dynamics ကိုနဲနဲတင်ပြချင်တယ်။
  ကိုကျော်ငြိမ်းဟာ သခင်ချစ်ကို အင်မတန်ခင်တယ်။ အားကိုးရတာလည်းပါတယ်။ ဂျပန်တွေစီက ရတဲ့ ပိုက်
ဆံနဲ့ တာဝန်ခွဲဝေတာ ၊ လူစုတာ ၊ လူခွဲတာ ၊ safe house တွေစီစဉ်တာတွေ .. အားလုံး သခင်ချစ်စီစဉ်တာ
ပဲ။ ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်ပါတီ ဖွဲ့တော့မှ.. သခင်ချစ်.. ကွန်မြူနစ်ဖက် ပါသွားတော့ .. ဦးကျော်
ငြိမ်း အတော်စိတ်ထိခိုက်တယ်။ ကွန်မြူနစ်တွေ.. သူပုန်ုထတော့ .. သခင်ချစ်က .. ဗကပ ကွန်မြူနစ်တွေရဲ့
UG ယူဂျီဖခင်ကြီးလာဖြစ်တယ်။ ဦးကျော်ငြိမ်းက ပြည်ထဲရေးဝန်ကြီး။ ဟိုတုန်း က MI ဆိုတာက လူသိတာမ
ဟုတ်။ ထောက်လှမ်းရေးဆိုတာက ပုလိပ်လက်ထဲမှာပဲ။ CID ၊ SB တွေဟာ ပြည်ထဲရေးဌါနအောက်မှာ။
  ယူဂျီကာလမှာ အစွမ်းထက်တဲ့နောက်တစ်ယောက် က ရန်ုကန်ဘဆွေ။ ရန်ကုန်ဘဆွေနဲ့ သခင်ချစ်တို့
လည်း ခင်ကြတယ်။ သခင်ချစ် ရန်ကုန်လာရင် … ရန်ကုန်ဘဆွေနဲ့ တိတ်တိတ်တွေ့တယ်။ ရန်ကုန်ဘဆွေ
က လည်း ဦးကျော်ငြိမ်းကို အားလုံးသတင်းပြန်ပို့နေကြ။ ဖမ်းချင်ရင်.. အကွက်ဆင်ဖမ်းမှာပေါ့။ တော်လှန်
ရေးသစ္စာရှိကြတယ်။ မဖမ်းဖူး။ နိုင်ငံရေးမှာ အားလုံးဟာ.. အဖြူအမဲ .. မဟုတ်ဖူး.. back Channel ရှိကြ
တာကိုသိစေချင်တဲ့ စေတနာပါ။ သခင်ချစ်ကလည်း.. သူ့ PB ကိုပြန်သတင်းပို့မှာသေခြာတာပေါ့။ အစိုးရ..နဲ့
သူပုန် ယူဂျီဖခင်.. သူ့နည်းသူ့ဟန်..နဲ့ .. အကွက်လေးတွေရှိကြ တယ်.. အချိပ်အဆက်ကလေးတွေ ရှိကြ
တယ်။

  နိုင်ငံရေးဆိုတာ ရိုးရိုးမျဉ်းဖြောင့် .. မဟုတ်ဖူး … ဦးကျော်ငြိမ်းနဲ့ back channel ရှိတာနဲ့ သခင်ချစ်ကို အ
ထင်မှားရမှာလား။ နိုင်ငံရေးဆိုတာ လိုအပ်ရင် ရန်သူ့မျက်ခုံးအပေါ် စင်္ကြန်လျှောက်နိုင်ရမယ်။ သခင်သန်း
ထွန်းလည်း ဒီလိုပြောခဲ့တာပဲ .. မဟုတ်လား .. ဒို့အရေး .. အော်တတ်ရုံနဲ့ .. နိုင်ငံရေး .. မပီပြင်နိုင်ပါ။
  နောက်အရေးကြီးတဲ့ အချက်ကို လူငယ်လေးတွေကို သတိပြုစေချင်တယ်။ ယူဂျီလုပ်ဖို့ .. ကျောထေါက်
နောက်ခံ လိုတယ်။ ပြည်သူ့အရေးတော်ပုံပါတီ လုပ်နိုင်တာ .. ဂျပန်ရှိလို့ .. ဗကပ ကွန်မြူနစ်တွေ လုပ်နိုင်
တာ တရုတ်ကြီးရှိလို့။ network ကွန်ယက်တည်ဆောက်ဖို့ .. drop zone တည်ဆောက်ဖို့ .. shadow ကို
အမြစ်ဖြတ်ပို့ .. safe house တွေထားနိုင်ဖို့ .. communications အတွက်အားလုံး .. ငွေလိုတယ် ..
training လိုတယ်။ ခေတ်မှီ technique တွေကို သိဖို့လိုတယ်။ ဗကပတွေ ဆက်သွယ်တဲ့ Micro-fiche တွေ
.. ဆက်သွယ်ရေးဆက်တွေ .. တရုတ်ကြီးက .. ပံ့ပိုးထားတာ … တရုတ်ကြီးလည်း ထောက်ပံ့မှု ဖြတ်လိုက်
ရော .. ဗကပလည်းပျက် … ဗကပ တဖြစ်လဲ .. နစ်ဖြူယူဂျီပါတီ.. ဆိုတာ … မြေကြွက်ကြီးတွေလို … အနှစ်
၂၀ ကျော် မြေကြီးထဲက ပြန်မတက် .. နိုင်တော့ .. ရာသက်ပန် Underground ပါတီ ဖြစ်သွားရပြီ။ စိတ်ကူး
ယဉ် နိုင်ငံရေးနဲ့ … လက်တွေ့နိုင်ငံရေး .. ကွာတယ်နော် .. Logistic မနိုင်လို့မရ။ ယနေ့ အိုင်တီခေတ်ကြီးမှာ
Mobile တယ်လီဖုန်းကို track လုပ်တာ နည်းမျိုးစုံ ရှိပါတယ်။

  ပြည်တွင်းသူပုန်ပါတီ၊ ယူဂျီ.ဆိုပြီး .. ဖွဲ့ကြတော့ .. Unit ယူနစ်.. ဆိုတာကို သုံးကြတယ်။ ဒါကို ကျော်ငြိမ်း
ရဲ့ idea လို့ သခင်တင်မြက Northern Star မှာရေးလာတယ်။ ခေါင်းဆောင်တစ်ယောက်က ကိုယ့်ယူနစ်..
ကိုယ်ဖွဲ့ .. တခြားလူ.. မသိစေရ .. ခုခေတ်မှာတော့..ဆဲလ် (cell) လို့ခေါ်သလိုပေါ့။ ယူနစ်တစ်ခုမှာ (၅)
ယောက်ထက်မပို။ နောက်တဆင့် .. တစ်ယောက် စီယူနစ်တွေဖွဲ့ ၊ ဦးဆောင်ကြပေါ့။

◊  ယူဂျီပါတီဌါနချုပ်မှာ ..

  ကိုအောင်ကြီး.. နောင်ဗိုလ်မှူးချုပ် က စစ်ရုံးမှာစာရေး .. ကိုကျော်ငြိမ်းက စည်းရုံးထားပြီး .. အင်္ဂလိပ်တွေရဲ့
တပ်ရွေ့ရှားမှုကို စောင့်ကြည့်နေကြရတယ်။ ဆေးကျောင်းသားကိုမောင်မောင်က သမဂ္ဂသံမဏိတပ် ခေါင်း
ဆောင်ဟောင်း .. အင်္ဂလိပ်စစ်တပ်က manual ကြီးကိုဖတ်ပြီး ကျန်တဲ့သူတွေကို စစ်သင်တန်း ပေးနေတာ။
ဦးကျော်ငြိမ်း အင်မတန်ခင်တာက … အင်ဂျင်နီယာ ကျောင်းသား ကိုသိမ်းမောင်။ နောင် ဗိုလ်မှူးကြီးဖြစ်လာ
တဲ့ BEME သိမ်းမောင်။

  ဗမာပြည်မြောက်ပိုင်း ယူဂျီခေါင်းဆောင်က ကျောင်းဆရာ ကိုခင်မောင်ကလေး။ နောက် သခင်သိန်းဖေ
(မြင့်) နဲ့ အားဖြည့်ခဲ့ကြတယ်။

◊  ယူဂျီပါတီမှာ ….

  ပထမ ယူဂျီပါတီမှာ … စနစ်တကျမရှိလှ။ မြေအောက်အဖွဲ့ ဖြစ်တာမို့ … နီးစပ်ရာစည်းရုံပြီး .. ယူနစ်တွေဖွဲ့
ကြရသည်။ သခင်အောင်ဆန်းပြန်လာမှ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေကို သခင်ချစ်စီစဉ်ပေးတဲ့ .. သင်္ကန်း
ကျွန်းက safe house မှာ People Revolution Party (PRP) ပြည်သူ့အရေးတော်ပုံပါတီလို့ နံမည်ပြောင်း
လာတဲ့ ယူဂျီခေါင်းဆောင်တွေ တိုင်းပြည် လွတ်မြောက်ရေးအတွက် စည်းဝေးကျမှ အဖွဲ့ချုပ် တာဝန်ခံတွေကို
ဖွဲ့ကြရတာပါ။ PRP ကိုလည်း (ပြည်တွင်းအဖွဲ့) နဲ့ (အဝေးရောက်အဖွဲ့) ဆိုပြီး နှစ်ဖွဲ့ခွဲ.. လိုက်တယ်။ အဝေး
ရောက်အဖွဲ့ကို သခင်အောင်ဆန်းကို ဦးဆောင်စေ၍ ပြည်တွင်းအဖွဲ့ကို သခင်မြက ခေါင်းဆောင်သည်။ ပြည်
တွင်းအဖွဲ့ရဲ့ ဌါနချုပ်တာဝန်ခံ အမှုဆောင်အဖွဲ့မှာ ….

                                                သခင်မြ          ဥက္ကဌ
                                                သခင်ချစ်        အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးဌါနမှူး
                                                ကိုဗဆွေ         စစ်ရေးဌါန နှင့် စည်းရုံးရေးဌါမှူး
                                                ကိုကျော်ငြိမ်း    နိုင်ငံခြားဆက်သွယ်ရေး နဲ့ ထောက်လှမ်းရေးဌါနမှူး
                                                သခင်ဗဟိန်း     ၀ါဒဖြန့်ချီရေးဌါနမှူး

* စစ်ရေးအဖွဲ့ကို ကိုဗဆွေကခေါင်းဆောင်၍ အဖွဲ့ဝင်များအဖြစ် …
                                                ကိုမောင်မောင် (ဗိုလ်မှူးချုပ်ဟောင်း)
                                                ကိုအောင်ကြီး  (ဗိုလ်မှူးချုပ်ဟောင်း)
                                                ကိုဘဇံ (ဗိုလ်မှူးကြီးဟောင်းဝင်း - မဆလခေတ် ဒုဝန်ကြီး)
                                                ဆရာလှမောင် (ဒုဗိုလ်မှူးကြီး ဟောင်း)
                                                ကိုအောင်ရွှေ (ဗိုလ်မှူးချုပ်ဟောင်း - NLD ဥက္ကဌဟောင်း)
                                                ကိုညို (ခ) ဗိုလ်သူရ (ကွယ်လွန်)
                                                နဂါးနီ ကိုထွန်းရွှေ
                                                ကိုချစ်မြိုင် (ဗိုလ်မှူးကြီးဟောင်း)

* ထောက်လှမ်းရေးအဖွဲ့ကို ကိုကျော်ငြိမ်းက ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် ….
                                                ကိုအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)
                                                သခင်စံဝေ (ကွယ်လွန်)
                                                ကိုရှိန်း ((ဗိုလ်မှူးကြီးဟောင်း)

* ဝါဒဖြန့်ချီရေးအဖွဲ့ကို ကိုဗဟိန်းက ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် …
                                                သခင်တင်မြ
                                                ကိုသက်တင် (ကျောက်ဆည်)
                                                ကိုသန်းနိုင် (ကိုဗဟိန်း၏ညီ)
                                                သခင်သန်းဖေ (ဖြူး - ကွယ်လွန်)
                                                သခင်တင်ထွန်း (ပျဉ်းမနား - ကွယ်လွန်)
                                                သခင်အောင်ကြီး (ကွယ်လွန်)

(မှတ်ချက် - ပြည်သူ့အရေးတော်ပုံပါတီ နှင့် ပတ်သက်လျှင် အပြည့်စုံဆုံး စာတမ်းတစ်ခုမှာ ဝန်ကြီးချုပ်
ဟောင်း ဦးဘဆွေ၏သား နေညွန့်ဗဆွေ ၎င်း၏ မဟာဝိဇ္ဖာဘွဲ့ အတွက် ၁၉၈၄ ခုနှစ်ကပြုစုသော ပြည်သူ့အ
ရေးတော်ပုံပါတီ (၁၉၃၉ - ၁၉၄၆) စာတမ်းဖြစ်ပါသည်။ ဒုတိယမှာ ဦးကျော်ငြိမ်း၏ ကိုယ်တွေ့မှတ်တမ်းတွင်
ပြည်တွင်းသူပုန် အကြောင်းကို အပိုင်းတစ်ပိုင်းအဖြစ်ဖေါ်ပြခဲ့သည်။ ဦးကျော်ငြိမ်းသည် dynamics နှင့် ပါဝင်
ခဲ့သူများကို အရေးပေး မှတ်တမ်းတင်ခဲ့သည်။ ဦးနေညွန့်ဗဆွေသည် က Structure ဖွဲ့စည်းပုံ နှင့်ဖြစ်စဉ်ကို
အရေးပေးထားသည်။ ထို့ပြင် ၎င်း၏ဖခင် ၊ ဦးဗဆွေကို ကိုယ်တိုင် Interview လုပ်နိုင်ခဲ့သလို .. ဦးကျော်
ငြိမ်းအပါအ၀င် ပါဝင်လှုပ်ရှားခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်များကို Interview လုပ်နိုင်ခဲ့သဖြင့် ပြည့်စုံသ
လောက်ပြည့်စုံသည်ဟု ဆိုရပါမည်။ သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် .. ဗိုလ်ချုပ်မောင်မောင် ၏ Master
Thesis အတွက် ANU (Australian National University) တွင်ရေးခဲ့သော Burmese Nationalist
Movements 1940-1948 စာအုပ် တို့တွင်လည်း PRP အကြောင်း .. တစ်ပိုင်းတစ်စ ပါဝင်ခဲ့ပါသည်။

  စာရေးသူ ထောင်မှလွတ်လာအပြီး ၁၉၈၀ ခုနှစ်များအစ တွင်ထင်ပါသည် … ဗိုလ်ချုပ်နေ၀င်းက ကိုကျော်
ငြိမ်းကို သွားမေးကြ သူအသိဆုံး ဆို၍ ရန်ကုန်တက္ကသိုလ်ကော်လိပ် ရာဇ၀င်ဌါန မှ.. သုတေသီ .. ပညာရှင်
များ လာရောက် မေးမြန်း.. မှတ်တမ်းတင်ထားတာလည်း ရှိပါသည်။ စာရေးသူ မဖတ်ရသေးပါ။

  Public Sphere မှာမရှိတဲ့ အရေးကြီးတဲ့ စာတမ်းတစ်စောင်ရှိပါသေးတယ်။ “History of BRP” လို့ ခေါ်ပါ
တယ်။ ပြည်သူ့အရေးတော်ပုံပါတီကို တချို့က People Revolution Party, PRP လို့ခေါ်ကြ၍ တချို့က ရှေ့
မှာ Burma တပ်၍ BRP လို့ခေါ်ကြပါတယ်။ PRP ခေါင်းဆောင်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်
-  ဦးကျော်ငြိမ်း - ဗိုလ်မှူးကြီးဟောင်းသိမ်းမောင် - ဗိုလ်မှူးကြီးဟောင်းဝင်း တို့ရဲ့ မှတ်သားချက်များကို ဗိုလ်
မှူးချုပ်တင်ဦးနဲ့ ဗိုလ်မှူးကြီးဘိုနီတို့က ဦးနေဝင်းအပါအ၀င် တခြားသူများကို မေးမြန်း၍ ပေါင်းစပ်ထားသော
စာတမ်းဖြစ်သည်။ ဗိုလ်ချုပ်မောင်မောင်၏ စာအုပ်တွင် အညွှန်းအဖြစ် ဖေါ်ပြထားသည်။

  ဦးနေညွန့်ဗဆွေသည် ယ္ခု မြန်မာနိုင်ငံတွင် .. ရာဇ၀င်ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
စာရေးသူတွင်ရှိသော copy မှာ မြောင်းမြဗဆွေမှ တဆင့်ရသော သခင်တင်မြ၏ copy ဖြစ်ပါသည်။ ဦးနေ
ညွန့်ဗဆွေက ကိုသက်တင် (ကျောက်ဆည်) ဟု ရေးသားထားပါသည်။ သခင်တင်မြက ကိုသက်တင်
(ချောင်းဦး) ဟု ပြင်ထားပါသည်။ သခင်အောငကြီးမှာလည်း စက်ဆန်းသခင်အောင်ကြီး .. ခင်မင်သူများက (ကြပ်အောင်ကြီး) ဟုခေါ်ကြသည်ဟု ဖြည့်စွက်ထားပါသည်။)

◊  ပြည်တွင်းသူပုန် နှင့် ရဲဘော်သုံးကျိပ်ဝင် စတွေ့ကြတော့

  ရဲဘ်ာသုံးကျိပ်ဝင်တွေ တာဝန်ခွဲကြတော့ ဗိုလ်နေဝင်း ကပြည်တွင်းဝင်ပြီး ပြည်တွင်းသူပုန်ကို လှုံ့ဆော်ထ
ကွနိုင်အောင်ကူဖို့ တာဝန်ကျတယ်။ ဗိုလ်နေဝင်း ၊ ဗိုလ်တာရာ ၊ ဗိုလ်လင်းယုန် ၊ ဗိုလ်မိုးညိုတို့ကို ပြည်တွင်း
ဖေါက်ခွဲရေးအတွက် ဂျပန်တွေက အလေးပေး သင်ကြားပေးခဲ့ကြတယ်။ ဗိုလ်တာရာက ပျဉ်းမနား ၊ ဗိုလ်မိုး
ညိုက ပဲခူး ၊ ဗိုလ်လင်းယုန်ကပြည် ၊ တာဝန်ကျရာစီသို့ အသီးသီးစေလွှတ်ပြီး ဗိုလ်နေဝင်း ရန်ကုန်ကိုရောက်
လာခဲ့တယ်။ ဒေါက်တာမောင်မောင်ရဲ့ ဗမာနိုင်ငံနဲ့ဗိုလ်ချုပ်နေ၀င်း စာအုပ်ရဲ့ စာမျက်နှာ (၁၀၃) မှာ ရေးထား
တာက “ဗိုလ်နေဝင်းရှာတဲ့ နောက်တစ်ယောက်မှာ ကိုကျော်ငြိမ်း ဖြစ်တယ်။ ကိုကျော်ငြိမ်းဟာ Custom ဌါန
မှာ ရာဖြတ်အဖြစ်လုပ်နေတဲ့ BRP ရဲ့စည်းရုံးရေးမှူုးဖြစ်တယ် လို့ရေးပြထားတယ်။

  ဦးကျော်ငြိမ်းရဲ့မှတ်တမ်းမှာ ရေးပြထဲ့တာကတော့ ဗိုလ်အောင်ဆန်းက ကိုကျော်ငြိမ်းကို သွားတွေဆိုလို့
လာခဲ့တာလို ဆိုတာကြောင့် လာခဲ့တာလို့ ဗိုလ်နေဝင်းက မိတ်ဆက်လာတယ်။ မိမိထက်အရပ်ရှည်တဲ့ ဗိုလ်
နေ၀င်းကို စက်ဘီးပေါ်မှာတင်ပြီး မနိုင်မနင်းနဲ့ ပြည်သူ့အရေးတော်ပုံ ပါတီဌါနချုပ်ကို ခေါ်ခဲ့ရတယ်လို့ ဆို
တယ်။ ဌါနချုပ်ရောက်တော့မှ လူစုံနဲ့တွေ့ကြရပြီး … ဖျောက်တစ်ချောင်း ၊ အင်္ဂလိပ်စစ်တပ်က ခိုးလာတဲ့ အ
င်္ဂလိပ်စစ် manual ကြီးနဲ့ စစ်သင်တန်းပေးနေတဲ့ ဆေးကျောင်းသား ၊ ကျောင်းသား သံမဏိတပ် ခေါင်း
ဆောင်ဟောင်း ကိုမောင်မောင်စီက ဂျပန်ပြန်ဗိုလ်နေဝင်းကို ဌါချုပ်မှ စစ်တာဝန်ကို လွှဲပေးခဲ့ရတယ်။

◊  ရရာနဲ့ချကြပါ

  ဂျပန်က ပြည်တွင်းပြန်မဝင်ရသေးဖူး ကတိတွေ စဖျက်ပြီ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာတွေကိုလည်း စချုပ်
ချယ်ပြီ။ လေယာဉ်နဲ့ ချပေးမယ်ဆိုတဲ့ လက်နက်တွေကလည်း ပေါ်မလာဖူး။ ဗိုလ်အောင်ဆန်းက ကိုကျော်
ငြိမ်းတို့ PRP ပြည်တွင်းသူပုန်အဖွဲ့ကို ရရာလက်နက်နဲ့ အင်္ဂလိပ်ကို ပုန်ကန်ကြပါ။ ဗမာတွေ ပါကြောင်းပြရ
အောင် .. သေနတ်မရှိရင် ဝါးချွန်နဲ့သာ တက်ထိုးပါဆိုတာနဲ့ ဌါချုပ်ကလူတွေဘယ်လို ကြိုးစားခဲ့ကြရတယ်ဆို
တာကို ဦးကျော်ငြိမ်းက သူ့မှတ်တမ်းမှာ အရှည်ကြီးရေးပြထားသလို … ဒေါက်တာမောင်မောင်ကလည်း စာ
မျက်နှာ ၁၀၅ မှစ၍ အကျဉ်းချုပ်ဖေါ်ပြထားပါတယ်။ ဗိုလ်နေ၀င်းနဲ့ ပြည်သူ့အရေးတော်ပုံ ခေါင်းဆောင်တွေ
ဟာ ဒီတော်လှန်ရေးကာလမှာ စတင်သိကျွမ်းမိတ်ဖြစ်ရုံမက တော်လှန်ရေးသမားအချင်းချင်း အားကိုးခဲ့ကြရ
တာပါ။

◊  ဘီအိုင်အေကို ၀ါအလိုက် စ်ီလိုက်ရင်

  ဘီအိုင်အေကို လေ့လာကြည့်ရင် ထိပ်ဆုံးက အရာရှိခေါင်းဆောင်အများစုဟာ တက္ကသိုလ် သမဂ္ဂကလာ
တဲ့ ကျောင်းသားခေါင်းဆောင်တွေ သို့မဟုတ် ကျောင်းသားပညာတတ်တွေပဲ။

* ထိပ်ဆုံး (၅) ယောက်ကိုကြည့်ရင် …     (၁) ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း
                                                  (၂) ဗိုလ်လက်ျာ
                                                  (၃) ဗိုလ်စကြာ
                                                  (၄) ဗိုလ်နေ၀င်း
                                                  (၅) ဗိုလ်ဇေယျ

* ဒီအောက်မှာမှ                                ဗိုလ်ရန်နိုင်
                                                  ဗိုလ်ကျော်ဇော်
                                                  ဗိုလ်ရဲထွဋ်
                                                  တို့ရှိကြတယ်

* ဘီအိုင်အေခေတ်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးချီတက်ကြတော့ ..
                            စစ်ကြောင်း - တပ်မ (၁) .. ကာဂါကော (Kaga Corps ) ..   တပ်မှူး ဗိုလ်ဇေယျ
                            စစ်ကြောင်း - တပ်မ (၂) .. တာဂါစူကီ (Takasugi Corps) .. တပ်မှူး ဗိုလ်နေ၀င်း

(မှတ်ချက်။ ဒေါက်တာမောင်မောင်ရဲ့ Burma and General Ne Win စာမျက်နှာ ၁၁၁ မှ ) …

  BIA တပ်တွေနဲ့ ဂျပန်တပ်တွေ ရန်ဆောင်လာကြတော့ ဂျပန်ကချက်ချင်း BIA ကိုပြန်ဖွဲ့စည်းပြီး ဂျပန် (၁၅)
တပ်မတော်အောက်ကို သွတ်သွင်းလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိချုပ် ၊ ဗိုလ်လက်ျာ ဒု
သေနာပတိချုပ် ၊ ဗိုလ်နေဝင်း နဲ့ ဗိုလ်ဇေယျတို့က စစ်ကြောင်းနှစ်ခုရဲ့ တပ်မှူးတွေလာဖြစ်ကြတယ်။
  ဘီအိုင်အေကို ပြန်လည်ဖွဲ့စည်းအပြီး (၃) လလောက်အကြာမှာ BIA ကို ဇူလိုင်လ ၂၇ရက် - ၁၉၄၂ ခုနှစ်
မှာ ဖျက်သိမ်းခဲ့တယ်။    ပြီး BDA (Burma Defense Army) ကိုပြန်ဖွဲ့ဖို့စီစဉ်ကြပြန်တယ်။။ ဗိုလ်ချုပ်နဲ့ ရဲ
ဘော် ၃ ကျိပ်တို့ BIA ကိုဦးဆောင်ပြီး ဗမာပြည်တွင်းသို့ ချီတက်လာရာမှာ လူအများဟာ မျိုးချစ်စိတ်နဲ့ တပ်
ထဲကို ဝင်ခဲ့ကြရာမှာ BIA ဟာ ထောင် ၊ သောင်း ဂဏန်းအထိ ကြီးထွားလာခဲ့တယ်။ ဘီဒီအေ ဝင်ဖို့ရာ လူ
၇၀၀၀ ပြန်လျှောက်ရာမှာ ဆေးနှင့် ဝင်ခွင့်စာမေးပွဲအပြီးမှာ လူ ၂၀၀၀ လောက်ပဲ အောင်ကြတယ်။

  စာမေးပွဲအောင်တဲ့သူတွေကို ရန်ကုန်နဲ့မန္တလေးမှာ ခေတ္တစုထားပြီး ပျဉ်းမနားမှာ အသစ်ဖွင့်တဲ့ ဌါနချုပ်ဆီ
ကို orientation အစချီဖို့ရာ တပြုံလုံးပို့လိုက်တယ်။ Mary P. Callahan ရဲ့ Making Enemies. War and
State Building in Burma ဆိုတဲ့ စာအုပ် ၊ စာမျက်နှာ ၅၈-၅၉ မှာ ဂျပန်အကြံပေး အရာရှိတွေက ဗိုလ်နေ
ဝင်း နဲ့ ဗိုလ်ရန်နိုင်တို့ အပါအ၀င် ဗမာ စစ်ဗိုလ်တချို့ကို BDA ကိုရွေးချယ်ရာမှာ ပြောခွင့်ပြု တယ်လို့ ဆိုထား
တယ်။ စစချင်းမှာ တပ်ရင်း (၂) ရင်းနဲ့ စခဲ့ပြီး တပ်ရင်မှူးနဲ့ ဒုတပ်ရင်းမှူးတွေဟာ ဂျပန်ပြန် ရဲဘော် (၃)ကျိပ် ဝင်တွေဖြစ်ကြတယ်။ BIA မှာ ပရမ်းပတါ ဖြစ်နေရာက BDA မှာစစ်ချလိုက်ပြီး အားလုံးကို ပျဉ်းမနားမှာ
အတူတူထားခဲ့ကြရာ၊ အတူတူအိပ်၊ အတူတူစား၊ အတူတူဒုက္ခခံ၊ အတူတူ ဂျပန်ပါးရိုက် တာခံပြီး အတူတူ
စစ်ရေးလေ့ကျင့်ကြတော့ ၊ ဒီမှာ (ငါစစ်သား) ဆိုတဲ့ (ရဲဘော်စိတ်) တွေဝင်လာကြရတယ်လို့ Mary
Callahan က သုံးသပ်တယ်။

  ဂျပန် Burma Area Army (BAA) က ၁၉၄၂ သြဂုတ်လကစပြီး မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ရွေးချယ်
ဖို့အတွက် စခဲ့ကြတယ်။ ဒီမင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းကို ဂျပန်ဗိုလ်တွေကပဲ အစမှာ ဦးစီး ဖွင့်လှစ်ခဲပေ
မဲ့ ၊ တပ်မတော်မှတ်တမ်းရုံးရဲ့ တရားဝင်မှတ်တမ်းအရ ၊ တပ်ရင်း (၁) နဲ့ တပ်ရင် (၂) တို့ရဲ တပ်ရင်းမှူး များ
ဖြစ်ကြတဲ့ ဗိုလ်မှူးနေဝင်း ၊ ဗိုလ်မှူးရန်နိုင် နှစ်ယောက်တို့ကို ပျဉ်းမနားမပို့ခင် မန္တလေးမှာ ရှိစဉ်က စစ်သား
လောင်းတွေအထဲက ဗိုလ်လောင်းရွေးခွင့်ပြုတယ်လို့ဆိုတယ်။

  ၁၉၄၃ မတ်လအပြီးမှာ BDA တပ်ရင်းသစ်တွေကို မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းတွေနဲ့ အားဖြည့်
နိုင်ခဲ့တယ်။ စစချင်းမှာ ဗိုလ်သင်တန်းကျောင်းရဲ့ကျောင်းအုပ်နဲ့ ကျောင်းဆရာတွေက ဂျပန်တွေချည်းပဲ။

  မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဟာ အပတ်ဆင် (၄) ခု ပြီးခဲ့တယ်။ သင်တန်းပထမ ပိုင်းအပြီးမှာ စစ်ဗိုလ်
ဖြစ်သင့်သူတွေကို ချန်ထားခဲ့ပြီး ကျန်သူတွေကို NCO (Non Commissioned Officers) လို့ခေါ်တဲ့ အကြပ်
နဲ့ အရာခံဗိုလ်တွေအဖြစ် ကျောင်းဆင်းပေးလိုက်တယ်။ သင်တန်းအပြီး ဗိုလ်တွေကျောင်းဆင်းအပြီးမှာ အ
တော်ဆုံး အယောက် (၃၀) ကို ဂျပန်ပြည် စစ်တက္ကသိုလ်မှာ ဆက်ပညာသင်ဖို့ ဂျပန်တွေက စီစဉ်ပေးတယ်။
အချိန်ရရင် လူငယ်လေးတွေကို ဗိုလ်မှူးကြီးဟောင်း တင်မောင် (စာရေးဆရာမြတ်ထန်) ရေးတဲ့ (တိုင်းပြည်
ကနုနု မုန်တိုင်းကထန်ထန်) ၊ ဗိုလ်မှူးကြီးစောမြင့် ၊ ဗိုလ်မှူးချုပ်သန်းတင် ၊ ဗိုလ်မှူးချုပ်တင့်ဆွေ တို့ရဲ့ ကိုယ်
ရေးမှတ်တမ်းတွေကို ဖတ်စေချင်တယ်။ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းရဲ့ အတွေ့အကြုံတွေကို ပြန်ရေးပြ
ထားကြတာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ထို့ပြင် ဗမာ့တပ်မတော်ရဲ့ ကျောရိုးက ဒီမှာ (စ) တာပါပဲ။

  BDA စဖွဲ့ပြီး (၁) နှစ်အကြာမှာ ဗိုလ်မှူးကျော်ဇော်က တပ်ရင်း (၄) ၊ ဗိုလ်မှူးအောင်ကတပ်ရင်း (၅) ၊ ဗိုလ်
မှူးရန်အောင် ကတပ်ရင်း (၆) တို့ကို ဦးစီးဖွဲ့နိုင်ခဲတဲ့ အတွက် လူဦးရေ (၈၀၀၀) အထိ တိုးချဲ့လာနိုင်တယ်
လို့ Mary Callahan ကသူ့ရဲ့စာအုပ် စာမျက်နှာ ၆၀ မှာဖေါ်ပြထားပြန်တယ်။ ဂျပန်တွေလက်ထဲက ပထမဦး
ဆုံး မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းကို ဦးစီးရတာက ဗိုလ်ရန်နိုင်။ ဗိုလ်ရန်နိုင် အဓိပတိအိမ်တော်ကို ပြောင်း
ရတော့ ဗိုလ်ဇေယျ ကကျောင်းအုပ်လာဖြစ်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ
by Bo K Nyein on Monday, July 16, 2012 at 11:25am

                                                                         အပိုင်း (၂)

◊  ဂျပန်ကလွပ်လပ်ရေးပေးပြီ

  ဂျပန်ကလွပ်လပ်ရေးပေးတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးမှ ဗိုလ်ချုပ် (Major General)
ဖြစ်လာကာ စစ်ဝန်ကြီးရာထူးပါ ရလိုက်သည်။ ဗိုလ်စင်္ကြာက ဒုဝန်ကြီး။ ဗိုလ်လက်ျာက တပ်များကို စနစ်တ
ကျနေရာချထားရေး အတွက်တာဝန်ယူရသော စစ်ဖက်ရေးရာဗျူရို အကြီးအကဲလာဖြစ်ကြသည်။ နှစ်
ယောက်စလုံး ဗိုလ်မှူးကြီးရာထူးနှင့်။ ဗိုလ်ဇေယျ က (ဒု) ဗိုလ်မှူးကြီးရာထူးနှင့် မင်္ဂလာဒုံဗိုလ်သင်တန်း
ကျောင်းအုပ်လာဖြစ်ချိန်တွင် ဗိုလ်နေဝင်းကို ဗိုလ်ချုပ်အောင်ဆန်းက သူ၏နေရာ စစ်သေနာပတိချုပ် အဖြစ်
ရွေးချယ်လိုက်သည့် အတွက် … ဗိုလ်မှူးမှ တဆင့်ကျော်ကာ ဗိုလ်မှူးကြီးဖြစ်လာပါသည်။ (ဗိုလ်မှူးချုပ်
မောင်မောင်စာအုပ် - စာမျက်နှာ ၈၄-၈၅)။

◊  အရေးအကြီးဆုံး ပထမ ရွှေ့ကွက်

  ရဲဘော် (၃) ကျိပ်ကိုလွှတ်သော ပြည်သူ့အရေးတော်ပုံအဖွဲ့တွင် အင်္ဂလိပ်ကို ပြန်တိုက်ရန် .. ဂျပန်မ၀င်ခင်
ကတည်းက ယူနစ်အဖွဲ့များဖွဲ့လျက် မြေအောက်တော်လှန်ရေးကို ဆင်နွှဲခဲ့ပြီ ဖြစ်သည်။ BIA ဝင်လာသော
အခါ . ဤယူနစ်အဖွဲ့ဝင်များသည် လည်း BIA သို့ဝင်ခဲ့ကြသည်။ ပြည်သူ့အရေးတော်ပုံ PRP စစ်ရေးဌါနခွဲကို
ကြည့်လျှင် အားလုံးလိုလို စစ်တပ်ထဲရောက်နေကြသည်။ ဆေးကျောင်းသား ကိုမောင်မောင်နှင့် ကိုအောင်
ကြီးတို့ အားလုံးစစ်တပ်ထဲသို့ ဝင်ကြရုံမက ရဲဘော် (၃) ကျိပ်ဝင်များပြီးလျှင် ဗိုလ်ကြီးရာထူး ရလျက်ရှိသော
(ထိုစဉ်က) အဆင်မြင့်စစ်ဗိုလ်များပင် ဖြစ်လျက်ရှိပြီ။ ဤစစ်ဗိုလ်များသည် ပြည်သူ့အရေးတော်ပုံ ယူနစ်အဖွဲ့
များမှ လာသောကြောင့် တပ်တွင်းတွင် (ယူနစ်) ဟုသိကြသည်။ (ဦးသိန်းဖေမြင့်၏ ကျော်ငြိမ်း စာမျက်နှာ
၆၂)။

  ဤ ယူနစ်အဖွဲ့ ၀င်များသည် PRP ဌါနချုပ်တွင် ဂျပန်မ၀င်ခင်မြေအောက် လှုပ်ရှားကြရာမှ .. ဗိုလ်နေ
ဝင်းနှင့် နီးစပ်ကြသည်။

  ထို့ပြင်အရေးကြီးသော အချက်မှာ ….. ဂျပန်ဝင်ပြီး ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တော်လှန်
ရေးခေါင်းဆောင်များမှာ အိမ်ထောင်ကျကုန်ကြသည်။ ယူနစ်အဖွဲ့မှ ဗိုလ်ကြီးမောင်မောင် တို့ဦးဆောင်သော
ဗိုလ်ငယ်တွေက ဂျပန်ကိုတော်လှန်ချင်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်တွေက အချိန်မကျ
သေးပဲ ဂျပန်ကိုတော်လှန်ဖို့ မသင့်ဟုယူဆကြသည်။ ကိုကျော်ငြိမ်းကို စည်းရုံးပြန်ရာ ဗိုလ်ချုပ် အောင်ဆန်း
ကို ထောက်ခံ၍ အချိန်မပေး။ ထို့ကြောင့် ဤ ဗိုလ်ငယ်များက ဗိုလ်နေ၀င်းကို ခေါင်းဆောင်တင်ရန် ကြံကြ
ပြန်သည်။ (ဗိုလ်ချုပ်မောင်မောင် စာမျက်နှာ ၁၁၈)။

  ရဲဘော် (၃) ကျိပ်ဝင်များတွင် ထိပ်ပိုင်းခေါင်းဆောင်များသည်သာ ကောလိပ်ကျောင်းသားများဖြစ်၍
အောက်ပိုင်း အများစုမှာ သခင်ချစ်နှင့် နီးကြသည်။ ထို့ပြင် သခင်စိုးကြီးကလည်း ဂျပန်ခေတ်တွင် ဒလစပ်
စည်းရုံးရေး ဆင်းလျက်ရှိသည်။ ယူနစ်အုပ်စုက ကွန်မြူနစ်စနစ်ကိုလက်မခံကြ။

  ထို့ကြောင့် Factional politics အရ စစ်တပ်အတွင်း ယူနစ် အဖွဲ့ဝင်များနှင့် ရဲဘော် (၃) ကျိပ်များအတွင်း
အားပြိုင်မှုရှိကြသည်။

◊  ထို့ပြင် … ဗိုလ်လက်ျာ နဲ့ ဗိုလ်နေဝင်းက မတဲ့ကြ

  ဂျပန်က လွပ်လပ်ရေးပေးပြီး.. မကြာမှီမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် (၃) ကျိပ်ဝင်တို့တွေ့ကြသည်။
တချို့က ရာထူးမတက်နိုင်ပဲ ဗိုလ်ကြီးမှာပင် တစ်နေကြသည်ကို ဝိုင်းတိုင်ကြသည်။ ထိုအစည်းအဝေးပွဲတွင်
ဗိုလ်နေဝင်း တင်ပြဆွေးနွေးသည်ကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံခဲ့သည်။ ဂျပန်ကို အဦးဆုံးရောက်သော
ရဲဘော်များမှအပ ကျန်ရဲဘော်များမှာ စစ်ပညာကိုဆုံးခမ်းထိတိုင် မသင်ခဲ့ကြရ။ စစ်ရေး ဗျုဟာ military
tactics ကို မသင်ခဲ့ကြရ။ ထို့ကြောင့် ရဲဘော် (၃) ကျိပ်တို့ကို မွမ်းမံသင်တန်းပြန်ပေးရန် အကြံပြုရာ ဗိုလ်
ချုပ်အောင်ဆန်းက သဘောတူလိုက်ရာ … ဗိုလ်ရဲထွဋ်မှအပ ..ဗိုလ်ကျော်ဇော်၏ စံပြတပ်ရင်းတွင် သင်တန်း
ပြန်တက်ကြရသည်။ စနစ်တကျ စစ်သင်တန်းမတက်ရသေးသော ဗိုလ်မောင်မောင်တို့ကဲ့သို့သော ယူနစ်စစ်
ဗိုလ်များလည်း စံပြတပ်ရင်းတွင် သင်တန်းတက်ကြရသည်။

  ထိုစဉ်က တပ်ရင်းများ၏ တပ်ရင်းမှူးနှင့် ဒုတပ်ရင်မှူးများမှာ ရဲဘော် (၃) ကျိပ်ဝင်များသာဖြစ်ကြသည်။
သင်တန်းပြန်တက်ရန် တပ်များကိုလက်လွှတ်လိုက်ကြရသည်။ တပ်မှူးနေရာ အစားထိုးဝင်ယူကြသော ဗိုလ်
များမှာ BIA ခေတ်တွင် အရည်အချင်းပြနိုင်ခဲ့သော ယူနစ်ဗိုလ်များဖြစ်ကြသည်။ (ဗိုလ်ချုပ်မောင်မောင် စာ
မျက်နှာ (၈၅ )။

◊  ဘတပြန် ၊ ကျားတပြန်

  ဗိုလ်နေ၀င်းကို မကျေနပ်သော ဂျပန်ပြန်များသည် ဗိုလ်လက်ျာမှတဆင့် ဗိုလ်နေ၀င်းနှင့် ၎င်း၏လက်ရွေးစင်
စစ်ဗိုလ်များ လက်ထဲသို့သာ စစ်တပ်ကိုမထားသင့်ကြောင်း သတိပေး သောအခါ.. ဗိုလ်ချုပ်အောင်ဆန်းက
စစ်ဆင်ရေးအတွက် စစ်ဦးစီချုပ် Commander-in-chief ထားသည့် စနစ်အစား အင်္ဂလိပ်တို့၏ ပုံသဏ္ဍန်ကို
အတုယူ၍ စစ်ဝန်ကြီးအောက်တွင် စစ်အရာရှိချုပ် Chief-of-staff ထားသောစနစ်ကို ပြောင်းဖွဲ့၍ ဗိုလ်နေဝင်း
ကို ရန်ကုန်ဌါနချုပ်သို့ ပြောင်းစေသည်။ အစက အစီအစဉ်မှာ စစ်ဦးချုပ် ဗိုလ်နေဝင်းရုံးကို စံပြတပ်နားတွင်
ထား၍ ဗိုလ်နေဝင်းက ကြီးကြပ်ရန်ဖြစ်သည်။

  ဤ.. တစ်ကွက်ထဲနှင့် … တပ်များသည် … စံပြတပ်ရင်းမှအပ ..ဂျပန်ပြန်များမှ . .ဗိုလ်နေ၀င်းနှင့် အလျင်း
သင့်သော .. ယူနစ်စစ်ဗိုလ်များအောက် ရောက်ရှိလာကာ.. ဗိုလ်နေ၀င်း၏ အခြေအနေသည် ခိုင်မာခွင့် ရ
လာသည်။ စစ်ဗိုလ်များကို ပညာအရေအချင်းနှင့် စစ်ချ လိုက်သောအခါ … ဂျပန်ပြန် .. အများစုမှာ တဖြေး
ဖြေး အင်အားလျော့ကုန်ကြသည်။

◊  ဗိုလ်လက်ျာ

   ဗိုလ်လက်ျာ သည် တက္ကသိုလ်သမဂ္ဂမှ တက်လာကာ .. ဗိုလ်ချုပ်အောင်ဆန်းနှင့် ရင်နှီး၍သာ ကွန်မြူနစ်
ဆဲလ် စဖွဲ့ရာတွင် ပါဝင်ခဲ့သည်။ ကွန်မြူနစ် စနစ်ကို ယုံကြည်သူဟု မဆိုနိုင်။ ကိုလှဖေ (နောင်ဗိုလ်လက်ျာ)
နှင့် ကိုသိန်းဖေတို့ အိန္ဒိယသို့ စာသင်သွားသောအခါ .. ကျောင်းသားသမဂ္ဂခေါင်းဆောင်မှတဆင့် .. တို့ဗမာ
အစည်းအရုံး အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသော သခင်အောင်ဆန်းက ထိုစဉ်ကာလက
ပျိုတိုင်းကြိုက်နှင်းဆီခိုင် ဖြစ်နေသော ကွန်မြူနစ် (Study Group) အဖွဲ့ စဖွဲ့နိုင်ရန် .. လေ့လာဖို့မှာလိုက်
သည်။ ကိုသိန်းဖေတို့ က အိန္ဒိယကွန်မြူနစ်ပါတီ (ဘင်္ဂါလီဌါနခွဲ) နှင့် အဆက်အသွယ်ရကာ မြန်မာနိုင်ငံတွင်
ကွန်မြူနစ် ဆဲလ်စဖွဲ့နိုင်ရန် အကူအညီတောင်းသည်။

  ထိုစဉ်က ကွန်မြူနစ် ကမ္ဘာ၏ ဘုရားသခင်မှာ စတာလင်နှင့် ရုရှားကွန်မြူနစ်တွေဖြစ်သည်။ ဘာလုပ်လုပ်
ကွန်မီကွန်ဟုခေါ်သော ရုရှားတွေကြိုးကိုင်ထားသော နိုင်ငံတကါကွန်မြူနစ်အဖွဲ့ကို အသိပေးရသည်။

  ထို့ကြောင့် ကွန်မီကွန်၏သဘောတူညီချက်ဖြင့် ကုလားစည်းရုံးရေးသမား ရန်ကုန်ရောက်လာရာ သခင်
အောင်ဆန်း ၊ သခင်စိုး ၊ သခင်သိန်းဖေ တို့နှင့်တွေဆုံပြီး ကွန်မြူနစ်ဆဲလ် ဖွဲ့နိုင်ရေးကို ဆွေးနွေးကြရာ ကို
ဗဟိန်း၏ အိမ်တွင်လည်း ဆွေးနွေးကြသလို၊ နောက်ဆုံး ဘားလမ်းက သခင်သိန်းဖေအိမ်တွင် ဖွဲ့ဖြစ်ကြ
သည်။ သခင်သိန်းဖေသည် တဇွတ်ထိုး လုပ်တတ်သော ဥါဉ်ရှိသည်။ ဤသို့ ကွန်မြူနစ်ဆဲလ် ဖွဲ့ရေးအတွက်
ကြိုးစားနေတဲ့ ကာလ မတိုင်မှီမှာပင် .. သခင်သိန်းဖေက ၎င်း၏ လုပ်ဖေါ်ကိုင်ဖက် ရောင်းရင်းများကို မတိုင်
ပင် ၊ အသိမပေးပဲ နိုင်ငံရေးသမား ဟောင်းကြီးတစ်ယောက်နှင့် သွားဆွေးနွေးသည်။ တချို့က ဦးပုဟုဆို
သည်။ တချို့က ဦးစော .. ဟု.. ဆိုကြသည်။ မြန်မာနိုင်ငံတွင် ကွန်မြူနစ်ဆဲလ် ဖြစ်မြောက်ရေးတွင် သခင်
သိန်းဖေသည် အဓိကအခန်းမှ ပါဝင်ခဲ့ရသော်လည်း ၊ ၎င်း၏ တဇောက်ကန်း လုပ်တတ်သော အကျင့်
ကြောင့် ၎င်းကို ပထမဦးဆုံး ဖွဲ့သောဆဲလ်တွင် ပါဝင်ခွင့် .. မပြုကြ။ ၎င်း၏ရောင်းရင် ကိုလှဖေ (နောင်ဗိုလ်
လက်ျာ) မှာ Founding member အဖြစ်ပါလာရသည်။

  သခင်အောင်ဆန်း၏ Modus Operandi ဟုခေါ်သောလုပ်နည်း လုပ်ထုံးမှာ သူကရှေ့ဆောင်၍ ဦးဆောင်
ကာ တာဝန်ခံနေရာယူတတ်သော အကျင့်ဖြစ်သည်။ ထို့ကြောင့် သခင်အောင်ဆန်းက ကွန်မြုနစ်ဆဲလ်၏
အထွေထွေ အတွင်းရေးမှူးဖြစ်လာသလို ကိုလှဖေလည်း ပါခဲ့သည်။ ထို့နောက် သခင်အောင်ဆန်းကိုယ်
တိုင်က ဆဲလ်ဖွဲ့ကြပြီး ဘာမှမဖြစ်ဟု ဝန်ခံထားသလို တချိန်က သူဟာ ကွန်မြူနစ်ဝါဒကိုယုံပါတယ်။ ဒါပေမဲ့
အခုတော့ ကျနော့်မှာဘာမှ မရှိတော့ဖူးလို့ ဝန်ခံခဲ့သည်ပဲ။ (စစ်ကိုင်းဟန်တင်၏ ဗိုလ်ချုပ်အောင်ဆန်း ရှားပါး
မိန့်ခွန်းများ ၊ စာမျက်နှာ (၁၆၇))။ ထို့အပြင် သခင်စိုးရဲ့ လက်ဝဲ အင်းစိန်စာတမ်းအရ ကွန်မြူနစ်တွေအဖို့
ဖက်ဆစ်နှင့် မပေါင်းနိုင်။ အင်္ဂလိပ် ပြန်အဝင်ကိုသာ စောင့်ကြရန်ရှိတော့သည်။ ကွန်မြူနစ် ဆဲလ် စဖွဲ့စဉ်က
သခင်သန်းထွန်းက အလုပ်မအားဆို၍ မပါခဲ့။ နောက်မှ သခင်စိုးထံ .. ခွင့်တောင်းကာ . ပါတီဝင်အဖြစ်
လျှောက်ခဲ့ရသည်။

  ဂျပန်ဝင်လာပြီးသောအခါ .. သခင်စိုးသည် တောပုံးကြီး စံဖဲ လုပ်ကာ ကွန်မြူနစ်ဝါဒ ဖြန့်ဝေကာ မြေ
အောက်အောင်းနေသည်မို့ .. သခင်စိုးသည် ကွန်မြူနစ်တို့၏ အရှင်သခင်ဖြစ်လာရသည်။

  ဗိုလ်လက်ျာသည် ကွန်မြူနစ် မဟုတ်သည့်အပြင် .. စည်းကမ်းရှိမှုကို လိုလားသည်။ ထို့ကြောင့် နောင်တွင်
.. အင်္ဂလိပ်စစ်ကျောင်းမှ အောင်သော စည်းကမ်းပြည့်ဝသော ကရင်စစ်ဗိုလ်များနှင့် အလျဉ်းသင့်ကာ တော်
လှန်ရေးစစ်ဗိုလ်များနှင့် ပြိုင်ဖက်လာဖြစ်သည်။ နောက်ဆုံး အင်္ဂလိပ်ဖက်လိုက်သော ကရင်စစ်ဗိုလ် တွေ
နည်းတူ .. တော်လှန်ရေးရဲဘော်များက (လကျာ်သမား) (Rightist) ဟုသတ်မှတ်လာကြသည်။ ထို့ကြောင့်
လွပ်လပ်ရေးရပြီး ဝန်ကြီးအဖွဲ့ ကက်ဘိနက်တွင် ဗိုလ်လက်ျာက ကာကွယ်ရေးဝန်ကြီးဖြစ်လာရာ စစ်တပ်အ
တွင်းရှိ လက်ဝဲညီညွတ်ရေး အဖွဲ့ဝင် စစ်ဗိုလ်များက ဗိုလ်လက်ျာကို ဗိုလ်နေ၀င်း နှင့်သော်၎င်း .. ဗိုလ်ဇေယျ
နှင့် သော်၎င်း အစားထိုးပေးရန် တောင်းဆိုလာကြသည်။ (ဦးနု၏တာတေစနေသား ၊ စာမျက်နှာ ၁၃၅)။

  ဦးကျော်ငြိမ်းသည် ဗိုလ်လက်ျာနှင့် တက္ကသိုလ်သမဂ္ဂမှာ သိခဲ့ကြ၍ သံယောဇဉ်ရှိသည်။ သို့သော် အားမ
ကိုးနိုင်။ ထို့ပြင် ဗိုလ်လက်ျာသည် ခေါင်းအလွန်မာသည်ဟု ယူဆသည်။ ကွန်မြူနစ်ရန်ရှိသည်မို့ နေရာတကါ
တွင် စနစ်မကျနိုင်ဟု ပြောသော်လည်းမရ။  သို့သော် ဗိုလ်လက်ျာစစ်တပ်မှထွက်ပြီး စီးပွားရေးလုပ်သောအ
ခါ သူ့ရဲဘော်ဟောင်းကို စောင့်ရှောက်ရှာသည်။

◊  ဗိုလ်စကြ်ာ

  ဂျပန်ကလွပ်လပ်ရေး ပေးအပြီး ဗိုလ်စကြ်ာသည် စစ် ဒုဝန်ကြီး ဖြစ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း အမျှော်
အမြင်ကြီးပုံနဲ့ စေတနာမှန်ပုံမှာ ကရင်တွေကို အင်္ဂလိပ်တွေက ဦးစားပေးသည်ကိုသိသည်။ ကရင်များမှာ
လည်း အဓိကကျသော တိုင်းရင်းသား .. အုပ်စု ဖြစ်သည်။ ထို့ကြောင့် ကရင်ဗမာ ဆက်ဆံရေးအတွက် အ
င်္ဂလိပ်က ကောင်းစွာသင်တန်းပေးခဲ့သော ကရင်စစ်ဗိုလ်နှစ်ဦး စောကြာဒိုး နှင့် စောစံဖိုးသင်တို့ကို မဟာ
မိတ်ပြု နိုင်ခဲ့သည်။ စောကြာဒိုးသည် နံမည်ကျော် အင်္ဂလိပ် ဗိုလ်သင်တန်းကျောင်း Sandhurst ကျောင်း
ဆင်းဖြစ်သည်။ စောစံဖိုးသင်သည် reserved officer ဖြစ်သည်။ ဗိုလ်စကြ်ာသည် နောက်ချန် ကျန်ခဲ့သော
ဗိုလ်မှူး စီဂရန် Major Seagrim ကဆင့် ကရင်စစ်ဗိုလ် နှစ်ဦး နှင့် အဆက်အသွယ်ရခဲ့သည်။

  ဗိုလ်မှူးစီဂရန်သည် ကရင်နယ်မြေတွင် ခိုအောင်းကာ ဂျပန်များကို တော်လှန်ရင်း မြေအောက်လှုပ်ရှား
လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကရင်စစ်ဗိုလ်နှစ်ဦးအား ဗိုလ်စကြ်ာက တဆင့် အဆက်အသွယ်
ရ၍ မိမိအိမ်တွင် ထမင်းစားဖိတ်ခါ နောင်တိုင်းပြည်အပေါ်အမြင်၊ ဂျပန်တော်လှန်ရေးတွင် စစ်တပ်၏ ပါဝင်
နိုင်စရာ နှင့် တိုင်းပြည်အကျိုးကိုကြည့်၍ ဗမာ့တပ်မတော်တွင် ကရင်တပ်ဖွဲ့ရန်အ ဆိုပြုခဲ့ရာ ကရင်စစ်ဗိုလ်
နှစ်ဦးကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတွဲလုပ်ရန် သဘောတူခဲ့ကြသည်။ (ဗိုလ်ချုပ်မောင်မောင် စာ
အုပ် စာမျက်နှာ ၈၈)။

  ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကတိအတိုင်း BDA ဗမာ့တပ်မတော်တွင် ကရင်ခြေလျှင်တပ်ရင်းတစ်ရင်းကို
ဖွဲ့ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အမြင်ကျယ်ပုံနှင့် တိုင်းရင်သားတွေအပေါ် ရိုးသားပုံတို့ကို အသိမှတ်
ပြု အတုယူစေချင်သည်။

  ဂျပန်က ဗိုလ်စကြာ မဟာမိတ် ဗိုလ်မှူးစီဂရန် နှင့်ဆက်တာ အနံ့ရသွား၍ ကင်ပေတိုင်က ဖမ်းမည်တကဲကဲ
လုပ်နေရာ ဗိုလ်ချုပ်တို့က စစ်သံမှူးအဖြစ် ဂျပန်နိုင်ငံသို့ ပို့လိုက်ရသည်။ ဗမာပညာတော်သင် စစ်ဗိုလ်
လောင်းများ ဂျပန်တွင် သောင်တင်သောအခါ ဗိုလ်စကြာကပင် အကာအကွယ် နှင့် အကူအညီပေးခဲ့ရသည်
(ဗိုလ်မှူးကြီးစောမြင့်မှတ်တမ်း - စာမျက်နှာ ၁၄၂ ၊ ၁၄၅ )။ ဗိုလ်စကြ်ာ၏ ဒုဝန်ကြီးနေရာကို အစားမထိုးကြ
တော့။

◊  ဗိုလ်နေ၀င်း နှင့် ဗိုလ်ဇေယျ

   ဗိုလ်နေ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးကျော်ငြိမ်း ၊ ဦးဗဆွေ ၊ သခင်သန်းထွန်းတို့နှင့် (၅) နှစ်ခန့် ကြီး
သည်။ ဂျပန်ပြည်သို့ စစ်သင်တန်းမသွားမှီ ဆရာဝန်သင်တန်းတက်နိုင်ရန် ကြိုးစားစဉ် ဘိုင်အိုတွင် စာမေးပွဲ
ကျ၍ ရွှေဂုံတိုင် စာတိုက်တွင်စာရေးဝင်လုပ်ရင်း ဦးလေးတော်သူ သခင်ညီကတဆင့် နိုင်ငံရေးလောကထဲ
ရောက်လာကာ သခင်ဘစိန် - သခင်ထွန်းအုပ် ဂိုဏ်းမှ အရွေးခံရခြင်းဖြစ်သည်။ ဂျပန်တွင်အများစုမှာ ဆယ်
ကျော်သက်၊ လူမမယ်လေးများ ဖြစ်ကြရာတွင် ဗိုလ်နေ၀င်းက လူကြီး (mature) ဖြစ်နေပြီ။ တရုတ်ပြည်တွင်
ဗိုလ်ချုပ်ကျော်ဇော်နှင့် ဆွေးနွေးရင်း သိခဲ့ရသည်ပါ။ ဗိုလ်ဇေယျ ၊ ဗိုလ်ရဲထွဋ်တို့က အသက်ကွာသော ဗိုလ်
နေဝင်းကို အကိုကြီးဟုပဲ ခေါ်ကြသည်။

   နိုင်ငံရေးနယ်ပယ်တွင် ကွန်မြူနစ်များ နှင့် ဆိုရှယ်လစ်များက အပြိုင်လာဖြစ်ကြသည်။ ၁၉၃၉ တွင် ကွန်
မြူနစ်ဆဲလ်ကို ဘားလမ်းတွင်ဖွဲ့ပြီး မကြာခင်မှာ ယူဂျီအဖွဲ့ ပေါ်လာပြီး နောင် ပြည်သူ့အရေးတော်ပုံ ပါတီမှ
ဆိုရှယ်လစ်ပါတီ ဖြစ်လာကြသည်။

◊  ကိုကျော်ငြိမ်း နှင့် သခင်သန်းထွန်း

  ကိုကျော်ငြိမ်းနှင့် သခင်သန်းထွန်းတို့ နှစ်ဦးလုံးမှာ ပျဉ်းမနားဇာတိ ဖြစ်ကြသည်။ သို့သော် မန္တလေး ကော
လိပ်တွင်မှ ဆုံမိကြသည်။ ကိုကျော်ငြိမ်း ရန်ကုန်တက္ကသိုလ်ရောက်တော့ သခင်သန်းထွန်းကလည်း ဆရာ
အတတ်သင်ကျောင်းတက်ရန် ရန်ကုန်ရောက်လာသည်။ ကိုသန်းထွန်းကို ကိုအောင်ဆန်းနှင့် မိတ်ဆက်ပေး
သူမှာ ကိုကျော်ငြိမ်းဟု ကိုသိန်းဖေက ရေးပြသွားသည်။ အဓိပတိ ဒေါက်တာဘမော်က ဓမ္မပါတီနှင့် တို့ဗမာ
အစည်းဆင်းရဲသား အစည်းအရုံး ဖွဲ့ခဲ့ကြသဖြင့် (ဦးနု၏ ငါးနှစ်ရာသီဗမာပြည် စာမျက်နှာ ၁၁၁ -၁၁၂)..
တို့ဗမာအစည်းအရုံးက ခေါင်းဆောင်တွေက အသာစီးရကာ သခင်သန်းထွန်းက ဝန်ကြီးဖြစ်လာသည်။ ကို
ကျော်ငြိမ်းက ကက်ဘိနက် အတွင်းဝန် လာဖြစ်သည်။ သခင်အောင်ဆန်း ၊ သခင်သန်းထွန်း နှင့် ကိုကျော်
ငြိမ်းတို့ (၃) ယောက်တွင် အဓိပတိဒေါက်တာဘမော်က သခင်သန်းထွန်းကို အရေးအပေးဆုံး။ သခင်သန်း
ထွန်းနှင့် ကိုကျော်ငြိမ်းတို့က ပြိုင်ဖက်။

  သခင်သန်းထွန်းက ကွန်မြူနစ်ခေါင်းဆောင် လာဖြစ်သလို ဦးကျော်ငြိမ်းက ဆိုရှယ်လစ် ၊ ပြည်သူ့အရေး
တော်ပုံပါတီ PRP ခေါင်းဆောင်လာဖြစ်သည်။

   ဗမာ့နိုင်ငံရေးလောကတွင် လက်ဝဲအယူအဆ ကဖုံးလွှမ်းထားသည်။ ကွန်မြူနစ် မဖြစ်သူတွေက ဆိုရှယ်
လစ် လာဖြစ်ကြသည်။
ဆိုရှယ်လစ် နှင့် ကွန်မြူနစ် တွေက အပြိုင် …

◊  သဘာဝ အရတွဲမိကြပြီ

   ဗိုလ်လက်ျာသာ တကယ်ကွန်မြူနစ်ဖြစ်ခဲ့ရင် … မြန်မာနိုင်ငံရဲ့ ရာဇ၀င် တမျိုးဖြစ်နိုင်စရာရှိတယ်။ ဗိုလ်
ချုပ်အောင်ဆန်းက တိုင်းပြည်လွတ်လပ်ရေးကိုသာ အဓိကထားသည်။ ပါတီနှင့် ၀ါဒစွဲမရှိ။ အားလုံးကို ပါ
အောင်ခေါ်မည်။ Inclusive ပေါ်လစီကို ကိုင်ထားသည်။

ဗိုလ်လက်ျာက ဗိုလ်နေ၀င်း နှင့် မတဲ့သော်လည်း ကွန်မြူနစ်မဟုတ် ..
ဗိုလ်စကြာက ဂျပန်ရောက်သွားပြီ ..
ဒီတော့ သဘာဝအရ ဗိုလ်နေ၀င်းက စစ်တပ်အတွင်းက ယူဂျီအုပ်စုရဲ့ ခေါင်းဆောင်လာဖြစ်ရာက ဆိုရှယ်
လစ် ဦးကျော်ငြိမ်းနှင့် လာပေါင်းဖြစ်သည်။
ဗိုလ်ဇေယျက ကွန်မြူနစ်။ ထို့ကြောင့် သခင်သန်းထွန်းနှင့် လာပေါင်းဖြစ်သည်။
နိုင်ငံရေးတွင် သာမက စစ်တပ်အတွင်းမှာလည်း အားပြိုင်မှု လာဖြစ်ရသည်။

◊  ဗိုလ်နေ၀င်း ဦးကျော်ငြိမ်း တို့ သခင်စိုးနှင့်တွေ့ရပြီ

  ဂျပန်ခေတ်က အန္တရယ်ကြားက မြစ်ဝကျွန်းပေါ်ဒေသတွင် မြေအောင်းကာ ဂျပန်ကိုတော်လှန်နေသူမှာ သ
ခင်စိုးဖြစ်သည်။ ကွန်မြူနစ်ကျမ်းဂန်အမျိုးမျိုးကို ပါဋ္ဌိစကားလုံကြီးများနှင် အစားထိုး ၀ါဒဖြန့်နိုင်သူမှာ သခင်
စိုး ၊ ကျောက်ရုပ်ကိုပင် ခေါင်းငြိမ့်လောက်အောင် တရားဟောနိုင်သူမှာ သခင်စိုး။ ကွန်မြူနစ်လောကကို
လွှမ်းမိုးထားသော ခေါင်းဆောင်မှာ သခင်စိုး .. ။

  စစ်တပ်အတွင်း ကွန်မြူနစ်နှင့် ဆိုရှယ်လစ် အားပြိုင်မှုကြီးထွားလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက စိတ်
ပူလာသည်။ ထို့ကြောင့် တနေ့ ဗိုလ်ချုပ်က ကိုကျော်ငြိမ်းဆီ ရောက်လာသည်။ မင်းတို့အားပြိုင်တာ စစ်တပ်
ထဲကို ရောက်လာပြီ။ ဒါကြောင့် မင်းနဲ့ ဗိုလ်နေဝင်း သခင်စိုးနဲ့ သွားဆွေးနွေး။ မင်းတို့နားလည်မှုရရင် ကျန်
တာတွေအားလုံး ငါတာဝန်ယူမည်ဟု ဆိုလာသည်။ ထို့ကြောင့် ဦးကျော်ငြိမ်းနှင့် ဗိုလ်နေ၀င်းတို့ သခင်စိုး
ပုန်းအောင်းနေရာ မြစ်ဝကျွန်းပေါ်ဒေသသို့ ချီတက်ခဲ့ကြသည်။

  သခင်စိုးက လက်နက်ကိုင်တော်လှန်ရေးကို အားကိုးသည်။ ၁၉၁၇ အောက်တိုဘာတော်လှန်ရေးက သာဓ
က။ ကွန်မြူနစ်တွေ တော်လှန်ရေးနှင့် အောင်ပွဲခံပြီးလျှင် စတာလင်ကဲ့သို့ ရင်ပြင်နီမှာ အလေးပြု အောင်ပွဲခံ
ချင်သူ။ ထို့ကြောင့် ဗိုလ်နေ၀င်းကို အရေးပေး ဆက်ဆံသည်။ ဖြစ်ချင်တော့ ဗိုလ်ရဲထွဋ်ကလည်း သခင်စိုးဆီ
ရောက်နေသည်။ ဦးကျော်ငြိမ်းက အိပ်ချင်ယောင်ဆောင်ကာ သခင်စိုးနှင့် ဗိုလ်ရဲထွဋ်တို့ ပြောစကားကို နား
စွင့်နေသည်။ သခင်စိုးက ယာယီသာ မဟာမိတ်ပြုစရာလိုသည် ၊ နောင်တချိန် ပြိုင်ဖက်တွေုကို ချေမှုန်းပစ်ရ
မည်ဟု ဗိုလ်ရဲထွဋ်ကို တိတ်တိတ်သင်ပေးနေသည်။ ဦးကျော်ငြိမ်း ခေါင်းနပန်း ကြီးသွားသည်။

  မနက်မိုးလင်းတော့ .. ဗိုလ်နေဝင်းကို နဲနဲလှမ်းရာမှာ အိမ်သာတက်ရအောင်ဆိုပြီး ခေါ်ထုတ်လာကာ ညက
သခင်စိုး ဗိုလ်ရဲထွဋ်ကို သြ၀ါဒ ပေးနေတာကို ပြန်ပြောပြသည်။ ဗိုလ်နေ၀င်းက ကျုပ်သိတယ်။ ဒီလူတွေ ရုတ်
ရုတ်လုပ်လာရင် အဆိပ်ခပ်သတ်ပစ်မယ် ဆိုပြီး အဆိပ်ထုပ်ကို ထုတ်ပြသည်။ အစိုးရိမ်ကြီးပါသည်ဟု နံမည်
ရှိသော ဦးကျော်ငြိမ်းက ကွန်မြူနစ် အန္တရယ်ကို ကြိုမတွေးမိ။ ဗိုလ်နေ၀င်းက ကြိုတွေးပြီးသား။ ဦးကျော်ငြိမ်း
က ရင်အေးသွားသလို အထင်လည်း ကြီးသွားရသည်။

(မှတ်ချက်။ မာက်စ် ကသူ့အချိန်က ဆိုရှယ်ဒီမိုကရက်များနှင့် ဝါဒပြိုင်ခဲ့ရသည်။ လီနင်က ဆိုရှယ် ဒီမိုကရက်
များမှာ အချောင်သမားများ ဖြစ်သည်။ ယာယီသာ မဟာမိတ်ပြုရမည်။ နောင်အောင်ပွဲခံပြီးလျှင် ချေမှုန်းပစ်ရ
မည်ဟု ရေးပြခဲ့ဖူးသည်။ သခင်စိုးကြီးကလည်း အဖေမှာလျှင် မှာသည့်အတိုင်း လိုက်မှတ် ထားပုံရသည်။
ဤအတွေးအခေါ်မှာ စိုး-သန်း စိတ်ဓါတ်၏ အပိုင်းတစ လာဖြစ်သည်။ ယနေ့အထိ ကွန်မြူနစ် တွေအတွက်
ယာယီမဟာမိတ်သာရှိသည်။ ထောင်ထဲနေခဲ့သည့် လူအများ သိခဲ့ရသော အသိဖြစ်သည်။ ကွန်မြူနစ်တွေ
ကို တခြားသူတွေ .. မယုံနိုင်တာ သူတို့ သတိမရှိ။ စာရေးသူ)

◊  ဗိုလ်နေ၀င်း

  ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ၊ ဗိုလ်နေ၀င်းသည် ရဲဘော် (၃) ကျိပ်တွင်ပါဝင်ခဲ့ ရုံမက ၊ ဗမာ့
တပ်မတော်ကို တည်ထောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါခဲ့သည်။ ထို့ပြင် ယနေ့ ဗမာ့တပ်မ
တော်သည် ဗိုလ်နေဝင်း ပုံသွင်းခဲ့သော တပ်မတော်ဟု ပြောလို့ ရနိုင်သည်။ ယနေ့ တပ်မတော်၏ အခန်းက
ဏ္ဍသည်လည်း ပျောက်ပျယ်သွားခြင်း မရှိသေး။ တပ်မတော်၏ ဆိုင်ကီ ၊ တပ်မတော်၏ Collective
thinking သို့မဟုတ် mentality ကို အမှန်အတိုင်း သိလို ၊ သုံးသပ်လိုလျှင် ဗိုလ်နေ၀င်းကို အသေးစိပ် လေ့
လာဖို့လိုသည်။ တချိန်ထဲမှာ အရှိကိုအရှိ အတိုင်းကြည့်နိုင် မြင်နိုင်ဖို့ လိုအပ်သည်ဟု ထင်မိသည်။

  ကွန်မြူနစ် တွေ၏ အဓိက အားနဲချက်မှာ … နိုင်ငံရေးအခြေအနေကို သုံးသပ်ရာတွင် … ၀ါဒဖြန့်ချီရေး
Bubble နှင့် ဝါဒအစွဲက မထွက်နိုင်ကြ။ ထို့ကြောင့် ကွန်မြူနစ်ကွ .. တော်လှန်ကြ အော်ရင်း လက်မောင်း
တန်းရင်း .. အသံတွေပျောက်ခဲ့ပြီ … နိုင်ငံရေး Quick Sand ထဲတွင် တဖြေးဖြေးနစ် ခဲ့ကြရသည်။ စစ်ဗိုလ်
ဆိုတာနဲ့ နှိမ့်ချတဲ့ အကြည့်နှင့် ကြည့်ချင်ကြသည်။ စစ်ဗိုလ်ဆိုတာနဲ့ မကောင်းဆိုတဲ့ (အသိ) က အရင်
ခေါင်းထဲဝင်လာသည်။ ခံစားမှု Emotion ကိုမကျော်နိုင်ကြ။

  ဒီကွန်မြူနစ်တွေရဲ့ (ဒီ) အတွေးအခေါ်က လူအများတွေရဲ့ (မသိ) စိတ်မှာစွဲကပ်နေကြသည်။ လက်ဝဲ စာ
ရေးဆရာများရဲ့ ကျေးဇူးဟု ဆိုနိုင်သည်။ ထို့ကြောင့် (ရာဇ၀င်ဖြစ်စဉ်) နဲ့ (ရာဇ၀င်အချက်အလက် -
Historical Facts) ထက် မိမိ စိတ်ခံစားမှု နောက်လိုက်ကြခါ ဗိုလ်နေ၀င်း မှစ၍ စစ်ဗိုလ်တွေအကြောင်း ပြော
ရာ ရေးရာတွင် မကောင်းမကောင်း အော်နေမှ ကြိုက်ကြသည်။ ဆဲဆိုမှု ကလွဲလျှင် .. မကြိုက်ကြ .. အလို
တော်ကြီးတွေဟု စွပ်စွဲချင်ကြသည်။ အချက်အလက် facts ကိုမမြင်တတ်သည့်အတွက် ရန်သူ၏ အားသာ
ချက် ၊ အားနဲချက်ကို မမြင်နိုင်တော့။ ထို့ကြောင့် နိုင်ငံရေးအရ စစ်တပ်ကို မကျော်နိုင်ကြ။ တော်လှန်ရေးကို
တကြော်ကြော် အော်နေကြသော်လည်း ၊ ဘယ်လို ဆင်နွှဲရမည်ကို မကြိုးစားကြ ၊ မသိ နိုင်ကြ။ Rhetoric
ကြားမှာ နစ်မြောနေကြရရင်း လေတော်လှန်ရေးတွင် ရေတိမ် နစ်ခဲ့ကြရသည်။

  ဗိုလ်နေဝင်းကို ကောင်းကောင်းကြီး သုံးသပ် တတ်သူမှာ နောင်သူ့နေရာ ယူသော ဗိုလ်ချုပ်သန်းရွှေ။ ရှေ့
က ဗိုလ်ချုပ်နေဝင်း ရေးခဲ့သော အုပ်ချုပ်ရေးကျမ်းကို ကျမ်းကြေရုံမက ဗိုလ်ချုပ်နေဝင်း၏ အမှားမျိုး ဘယ် ..
သောအခါမှ မမှား။ (ဝ) အောင်တိုင်းပြည်ကို အုပ်ချုပ်ပြီးမှ … တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းအပေါ်
တင်ပေးကာ စစ်တပ်ကို ပြန်အဖတ်ဆယ်ပေးခဲ့သည်။ တော်လှန်ရေးဆိုတာ သေးကွနေရုံနဲ့ (မရ) .. အောင်
မြင်အောင် တော်လှန်တတ်ဖို့ လိုသည်။

   ဗိုလ်နေ၀င်းကို သုံးသပ်ကြည့်ရင်.. ဗိုလ်နေ၀င်း ဟာ လူ့စိတ်သဘောထား human psychology ကို
ကောင်းကောင်းနားလည်သူဟု ဆိုရမည်။
   နိုင်ငံရေး သမားစစ်စစ်ထက် နိုင်ငံရေး အကွက်ကို ကျွမ်းသူဟု သုံးသပ်နိုင်သည်။
   နိုင်ငံရေးတွင်ဖြစ်စေ၊ စီးပွားရေးတွင်ဖြစ်စေ ပြဿနာဖြစ်လျှင်သော်၎င်း ၊ အဖြေလိုလျှင်သော်၎င်း (ရှာရ
သော) သူကို (go to person) ဟုခေါ်သည်။

  စာရေးသူ အမေရိကားတွင် အောင်မြင်မှု လှေကားကို ကြိုးစားတက်စဉ်က ATM ဟူသော အတတ်ပညာကို
မိမိဘာသာလေ့လာခဲ့ရသည်။ နောင် Cisco တွင် မိမိ၏ ဘော့စ်ဖြစ်လာသူသည် ATM တွင်ဘုရားတစ်ဆူမျှ
နာမည်ရှိသည်။ အလွန်ခက်ခဲသော စနစ်များကို နားလည်လွယ်အောင် ရေးပြနိုင်သည်။ စာရေးသူက ထိုသူ
၏ ရေးသားချက်များကို လေ့လာ၍ မိမိကုမ္ပဏီတွင် ပြန်လည်ပို့ချပေးသည်။ ATM အတတ်ပညာ၏ တိုးတက်
မှုများအကြောင်း ရေးသားဖြန့်ချီပေးသည်။ အင်ဂျင်နီယာတွေကိုစုပြီး သင်တန်းပေးသည်။ စီမီနာတွေ လုပ်
ပေးသည်။ မကြာခင် ATM ဆိုလျှင် စာရေးသူကို သွားမေးကြ ဖြစ်လာရသည်။ Consultant မှ Consulting
Manager ဖြစ်လာသည်။ ထိုမှ HP တွင် System Architect .. ထိုမှ Cisco တွင် ATM product တခုလုံးကို ကိုင်ရသော အုပ်ချုပ်သူဖြစ်လာရသည်။ ဤသို့ အတတ်ပညာ တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်အောင်
သင်ယူ၍ အားကိုးစရာဖြစ်အောင် လုပ်နိုင်သူကို အနောက်နိုင်ငံများတွင် (Go To Person) ဟုခေါ်သည်။

  စာရေးသူသည် မိမိ၏ ကုမ္ပဏီတွင် ( Go to person)  ဖြစ်အောင်ကြိုးစားရသလို ၊ ဗိုလ်ချုပ်နေ၀င်းသည်
တတိုင်းတပြည်လုံး အတိုင်းအတာနှင့် စစ်တပ်တစ်ခုလုံးတွင် ( Go to person)  ဖြစ်အောင် ဖန်တီးယူ ခြင်း
ဖြစ်သည်။ ပမာဏ အတိုင်းအတာသာကွာသည် Concept ကတော့ အတူတူပင်ဖြစ်သည်။ စာရေးသူက အင်
ဂျင်နီယာဖြစ်သဖြင့် Knowledge based နှင့် ဖေါ်ထုတ်သည်။ ဗိုလ်ချုပ်နေ၀င်း က ခေါင်းဆောင်မှု
leadership ဖြင့် ဖေါ်ထုတ်သည်။

  လွပ်လပ်ရေးရပြီးပြီးချင်း ကွန်မြူနစ်တွေ တောခိုကြတော့ ကန္ဒီစာချုပ်အရ ဖွဲ့ခွင့်ရသော ဗမာတပ်ရင်း သုံး
ရင်းတွင် ဗိုလ်နေ၀င်း၏တပ်ရင်း (၄) တစ်ခုပဲ အလုံးအရင်းနှင့် တောမခိုတာရှိသည်။ ထို့ကြောင့် ရန်ကုန် အ
စိုးရကာလ ရောင်စုံသူပုန်တွေ ထကွသောင်းကြမ်းနေချိန်တွင် အစိုးရအနေနင့် စိတ်ချရသည်မှာ ဗိုလ်နေ၀င်း
၏ တပ်ရင်း (၄) ပဲရှိသည်။ ဗိုလ်ဇေယျ ၊ ဗိုလ်ရဲထွဋ် နှင့် တပ်ရင်း (၃) တချို့ တော်ခိုအပြီး တပ်ရင်း (၃) ကို
မြစ်ဝကျွန်းပေါ်တာဝန်ထမ်းဆောင်ရန် သင်္ဘောနှင့် လွှတ်လိုက်သည်။ ထွက်သွားပြီး မကြာခင်မှာ တပ်ရင်း
(၃) သဘောင်္ာပြန်လှည့်လာသည်။ အစိုးရ တစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ဟိုတုန်းက အခုလို
ဆက်သွယ်ရေးက ကောင်းသည်မဟုတ်။ တပ်ရင်း (၃) စိတ်ပြောင်း ၊ ဖက်ပြောင်းပြီး ရန်ကုန်သိမ်းရန် ပြန်
လှည့်လားသလားဟု ထင်သူတွေက ထင်ကြသည်။ မေယု သင်္ဘောနှင့် ပစ်မှရမည်ဟု အဆိုပြုသူတွေက
အဆိုပြုကြသည်။ အားလုံးက လုပ်ကြပါဦး ၊ ဗိုလ်နေ၀င်း ကိုခေါ်ပါဦးဖြစ်ကုန်ကြသည်။ ဤသို့အချိန်တွင် ..
(Go to person)  သည် အရေးကြီးလာသည်။

◊  ဗိုလ်နေ၀င်း၏ စည်းရုံးနိုင်မှု

  လူ့လောကမှာ အောက်ခြေကိုသိတတ်ရင် အများရဲ့ ချစ်ခင်မှုနဲ့ ရိုသေမှုကိုရနိုင်တယ်။ အသေးအဖွားကို ဂရု
စိုက်တတ်ရင် အများကြီးခရီးရောက်တယ်။ ဒီနှစ်ခုလုံးကို ဗိုလ်နေ၀င်းက ကောင်းကောင်း သဘော ပေါက်
တယ်။

  လူအများဟာ အောင်မြင်လာရင်သော်၎င်း ၊ ရာထူးကြီးလာလျှင်သော်၎င်း အောက်ခြေလွပ်ကာ အောင်ခြေ
ကို သတိမေ့တတ်တယ်။ စာရေးသူရဲ့ ဖခင်ကြီးတို့ ရဲ့ဆိုရှယ်လစ်တွေ ဖဆပလအစိုးရ အတွင်းမှာ အာဏါကြီး
စိုးစဉ် အချိန်က ဦးကျော်ငြိမ်းအိမ်မှာ ဆိုရှယ်လစ်တွေရဲ့ အစည်းအဝေးပွဲလုပ်လေ့ရှိတယ်။ အခြားဝန်ကြီးတွေ
က ရင်ကော့ပြီး ဦးကျော်ငြိမ်းရှိရာကို တန်းတက်သွားကြတယ်။ ဗိုလ်ချုပ်နေဝင်းက မီးဖိုချောင်ထဲကို တန်းဝင်
လာပြီး အိမ်တစ်ခုလုံကို တာဝန်ယူရတဲ့ မိမိတို့၏ ကြီးတော်ကြီးကို မမဖွား ကျနော့်ရဲဘော်လေးတွေ အတွက်
ဘာရှိသလဲဆိုပြီး သူ့ရဲဘော်လေးတွေအတွက် ကော်ဖီ၊ မုန့် လုပ်ဆောင်ပေးပြီးမှ လူကြီးတွေနဲ့ စည်းဝေးပွဲကို
တက်သွားလေ့ရှိတယ်။ အောက်ခြေက ရဲဘော်လေးတွေကို မမေ့ဖူးဆိုတာ ကိုပြတာ။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်
ကြီးက ဂရုစိုက်တယ်ဆိုတော့ ရဲဘော်လေးတွေ ဘယ်လောက် ကျေနပ်လိမ့် မလဲ။ ဒါအောက်ခြေကို စည်းရုံး
နိုင်တာပဲ။

  ဗိုလ်မှူးချုပ်သန်းတင်ရဲ့ ကိုယ်ရေးရာဇ၀င်မှာလည်း မေမြို့သင်တန်းတစ်ခုမှာ တွေ့တော့ ဗိုလ်ချုပ် နေဝင်း
ဟာ တခြားတပ်က စစ်ဗိုလ်တွေကို ငယ်နာမည်ခေါ်ပြီး တရင်းတနှီးလိုက် နှုတ်ဆက်တယ်လို့ ရေးပြထားပြန်
တယ်။ လူတဦးချင်းကို အရေးပြုတယ်ဆိုတာကို ပြတာ။ ဒါဟာ စည်းရုံးရေးပဲ။ မကြာမီက (Al Jazeera) က အီဂျစ်သမ္မတဟောင်း မူဘာရပ် အကြောင်း Documentary မှာ မူဘာရပ်ဟာ လေတပ် အကြီးအကဲ ဖြစ်လာ
ပုံနဲ့ လေတပ်က အရာရှိတွေကို နံမည်နဲ့ တကွ မှတ်မိပုံအကြောင်း တင်ပြတာ တွေ့ရတော့ ဗိုလ်ချုပ်နေဝင်း
မျက်ခွက်ကြီးကိုပြေး မြင်မိတယ်။

◊  တစ်ခု စဉ်းစားကြည့်စေချင်တယ်

  ရဲဘော် (၃) ကျိပ်ထိပ်ပိုင်းခေါင်းဆောင်တွေမှာ … ဗိုလ်လက်ျာ က စစ်တပ်က ထွက်သွားရတယ်။ ဗိုလ်စ
ကြ်ာက အစောကြီး ဂျပန်ကို အပို့ခံရတယ်။ ဗိုလ်ရန်နိုင်က အဓိပတိရဲ့ သမီးနဲ့ အိမ်ထောင်ကျပြီ်း တော်လှန်
ရေးရဲဘော်တွေနဲ့ ဝေးသွားရတယ်။ တပ်ထဲမှာ ကျန်ခဲ့တာ ဗိုလ်နေ၀င်း ၊ ဗိုလ်ဇေယျ ၊ ဗိုလ်ကျော်ဇော် ၊ ဗိုလ်ရဲ
ထွဋ် တို့။ ဒီဗိုလ်တွေပဲ BIA – BDA – BNA – PBF အားလုံးကိုဖြတ်သန်းခဲ့ကြရပြီး အင်္ဂလိပ် ပြန်ဝင်လာတော့
ပြန်ဖွဲ့တဲ့ Burma Rifle (3,4,5) ကို ဒီဗိုလ်တွေပဲ ဦးစီးခဲ့ရတဲာ။ အစ ပထမမှာ တပ်ရင်မှူးတွေက အင်္ဂလိပ်
တွေ နောက်မှာ ဒီဗိုလ်တွေပဲ တပ်ကိုင်ရတာပဲ။ ဘာကြောင့် ဗိုလ်နေ၀င်း တစ်ယောာက်ပဲ တပ်ရင်း (၄) ကို
အသေ ကိုင်နိုင်တာလဲ။ တပ်ရင်း (၃) တော်ခိုတော့ ဗိုလ်ရဲထွဋ်က တပ်ရင်းမှူးပဲ။ ဘာကြောင့် ဒုတပ်ရင်မှူး
(2 IC) ဗိုလ်ချစ်မြိုင်က တပ်ရင်းမှူး ဗိုလ်ရဲထွဋ်ထက် တပ်ရင်း (၃) ကို ပိုင်တာလဲ။တပ်ရင်း (၃) က ဗိုလ်
ကျော်ဇော်ရဲ့ တပ်လေ။ ဗိုလ်ဇေယျ လည်းရှိတာပဲ။ ဗိုလ်နေဝင်း နဲ့ ကွန်မြူနစ် ဗိုလ်တွေ ခေါင်းဆောင်မှုနဲ့ ဘာ
ကွာလို့လဲ။ ဒါ critical thinking အရ စာရေးသူ စဉ်းစားခဲ့တာပါ။

  တပ်ကိုင်ရတဲ့ ထိပ်ဆုံး စစ်ဗိုလ် (၄) ဦးမှာ သုံးယောက်က ကွန်မြူနစ်စစ်ဗိုလ်တွေလေ။ ဘာကြောင့် (၃)
ယောက်လုံး ကိုယ့်တပ်ကိုယ် မစည်းရုံးနိုင်တာလဲ။ ဗိုလ်နေ၀င်း တစ်ယောက်ပဲ တပ်ရင်း (၄) ကို အသေကိုင်
နိုင်တာလဲ။ စဉ်းစားစရာ မဟုတ်ဖူးလား ... ။

~~~ ဆက်ရန် ~~

၃၁ ၊ ၀၇ ၊ ၂၀၁၂

No comments:

Post a Comment