ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, July 7, 2012

တို့မဝေးဘူး . . . . . . အလွဲတွေနဲ့ (၁ + ၂ + ၃ + ၄ & ၅)



   အင်တာနက်ပေါ် ပြောကြ ရေးကြ မှတ်ချက်ပေးကြတာတွေဟာ အချို့လူတွေအတွက် စိတ်ထွက်
ပေါက်ရှာတာ ဖြစ်ကြသလို ၊ အချို့မတော့ ပင်ကိုယ် ရင်ထဲက ရှိတာတွေကို လှစ်ဟပြဖို့ ကြိုးစားချက်
တွေဆိုတာ ငြင်းမယ့်သူ မရှိလှဘူးလို့ ယူဆပါတယ် ။ အဲဒီအထဲက လက်လှမ်းမီသမျှကို စုဖွဲ့ပြီး မှတ်
ချက်နည်းနည်း ရေးချကြည့်ပါရစေ ။ အဖြစ်သည်းသူလို့ ခေါ်ချင်ခေါ် ၊ မြင်သမျှကို တစ်ပုတ်ထဲကို
ရောထည့်လိုက်တာလို့ စွပ်စွဲစွဲ မြင်တာ ယူဆတာကို ပြောတာမို့ ၊ သင့်တင့်တဲ့ အကြောင်းတွေနဲ့
ထောက်ပြရင် ချွင်းချက်ရှိကြောင်းနဲ့ အတွေးလွဲချော်သွားကြောင်း ဝန်ခံပါ့မယ် ။ 

(၁)  ဒေါ်လာစား NGOs 

   ပြောရတာ အပ်ကြောင်းများ ထပ်နေမလားတော့ မသိဘူး ။ လုပ်စားတွေ ၊ ခိုင်းဖတ်တွေ ၊ ဒေါ်လာ
စားတွေ ကိုယ်ကျိုးရှာ အခွင့်ရေးသမားတွေ စသည်ဖြင့် NGO ၊ ပြည်ပသတင်းနဲ့ အဖွဲ့စည်းတွေမှာ
လုပ်ကိုင်နေသူaတွကို နာမည်တပ် တိုက်ခိုက် လေပုတ်ထုတ်နေကြတာ အတော်များများ တွေ့နေရ
လို့ အဲဒီလူတွေကို မေးခွန်းထုတ်ချင်စိတ် ပေါ်လာမိတယ် ။

(က)  ဘယ်အဖွဲ့စည်း ဋ္ဌာနတွေက လုပ်စားကြ ခွင်ရိုက်နေတယ်ဆိုတာ အသေချာသိရင် ညွှန်ပြပေး
        နိုင်မလား ။ 
        အလုပ် မရရအောင် သွားလျှောက်ချင်လို့ပါ ။ ချမ်းသာနိုင်မှာသာ သေချာပါစေ ၊ ကော်မရှင်ပေး
မှာပါ ။ ဒါမှမဟုတ် သာမန် အဆင်ပြေရုံလား ၊ ဒါဆိုရင်တော့ မစဉ်းစားပါ ၊ အခြားအလုပ် အများကြီး
ရှိပါတယ် ။ ပြောတဲ့လူမှာသာ မနာလိုဝန်တိုစိတ် များနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ကိုယ့်ကိုယ်ကို
ဆန်းစစ်ကြည့်သင့်တယ် ။

(ခ)  “ခွင်” သိပ်ကောင်းတဲ့ အလုပ်ဖြစ်မှန်း သိကြလျက်နဲ့ ဘာလို့ သွားမလုပ်ကြသလဲ ။ 
       မတရား မလုပ်ချင်တဲ့ စိတ်ကောင်းလေးတွေ ပြည့်ဝနေကြလို့လား ၊ ဒါမှမဟုတ် အရည်အချင်းနဲ့
အခွင့်အလမ်း ဘယ်လိုမှ မနီးစပ်နိုင်လို့လား ။ 
   စိတ်ကောင်းရှိသူတွေကို လေးစားပါတယ် ၊ အခွင့်လမ်း မနီးစပ်နိုင်သူတွေကို ကိုယ်ချင်းစာပါတယ် ၊
အရည်ချင်း မပြည့်သူတွေကတော့ ပြည့်စုံလာအောင် သို့မဟုတ် တစ်နေရာရာမှာ ထူးချွန်လာအောင်
ကြိုးစားဖို့ လိုမယ်ဆိုတာ အကြံပေးချင်တယ် ။ တစ်ခုပဲ သတိထားစရာက သူတစ်ပါးကို လက်ညှိုးထိုး
ရုံနဲ့ ဘာမှဖြစ်မလာတာ သိဖို့ လိုပါမယ် ။

(၃)  NGO အပါအဝင် အဖွဲ့အစည်းတွေ ၊ သတင်းဋ္ဌာနတွေ စသည်ဖြင့် သူတို့တွေရဲ့ ရည်ရွယ်ချက် ၊
      လုပ်ငန်းစဉ် ၊ ကျင့်ဝတ် ၊ အကောင်ထည်ဖေါ်ပုံ ၊ အခက်အခဲ ၊ အကန့်အသတ်နဲ့ သူတို့လုပ်ကိုင်
မှုတွေရဲ့ အဆိုးကော အကောင်းဖက်ကကော အကျိုးဆက်တွေကို သိသလား ၊ ပြောပြနိုင်သလား ၊
ကြုံတွေ့ဖူးသလား ။ 
   အဲဒီအထဲက အပြစ်တစ်မျိုးထဲ ပြောတတ်တယ်ဆိုရင်တော့ .. အဲ .. ပြဿနာ နည်းနည်းရှိလာပြီ ။
ဒေါ်စုပြောတဲ့ မနာလိုစိတ် များတဲ့လူမျိုး ဆိုတဲ့ “ပုတ်”ထဲကို ရောက်နေပြီလားလို့ ပြန်တွေးကောင်း
ပြန်တွေးစရာ လိုလာနိုင်တယ် ။

   ကဲ ... လွဲသလား ၊ မလွဲဘူးလို့ထင်ရင် မလွဲဘူးပေါ့ဗျာ ။

၀၅ ၊ ၀၇ ၊ ၂၀၁၂

(၂)  နိုင်ငံကြီးသား ရွှေမြန်မာများ

   တတိယနိုင်ငံ ၊ တစ်နည်းအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံလို့ခေါ်ကြတဲ့ နိုင်ငံကြီးတွေကို နည်းမျိုးစုံနဲ့ ရောက်
ရှိနေထိုင် နေကြသူတွေရဲ့ အရေအတွက်က မနည်းလှပါ ။ ထို့နည်းလည်းကောင်းပဲ မူရင်းနကို စိတ်
ရင်းတွေကို မပြောင်းမလဲ သယ်ဆောင်သုံးစွဲ တွေးခေါ်နေကြသူတွေရဲ့ အရေအတွက်ကလည်း သိပ်
မနည်းပါ ။ လူသိများသူတွေလည်း ပါပါရဲ့ ။ ဒါကို ဂုဏ်များလည်း ယူကြပါသေးတယ် ။

   ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ဘာတွေနဲ့တွဲပြီး မြင်နိုင်သလဲ ။ 
   ပြည့်စုံတယ်လို့ မဆိုနိုင်ပေမယ့် - ဒီမိုကရေစီ ရင့်ကျက်ပြီးတဲ့ ၊ ဥပဒေ စိုးမိုးတဲ့ ၊ လူ့အခွင့်ရေးအပါ
ဝင် လူသားတွေရဲ့ ရသင့်တဲ့ အခွင့်ရေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ၊ ကိုယ်ချင်းစာတရား တာ
ဝန်ယူမှု လေးစားမှု စတာတွေကို ဖေါ်ဆောင်စောင့်ထိန်းတဲ့ ရပ်ဝန်းဒေသတွေလို့တော့ ယေဘုယျ
ခေါ်နိုင်တာပေါ့ဗျာ ။ 

   သို့ပေမယ့် ၊ ဒီလိုရပ်ဝန်းတွေမှာ မြန်မာပြည်က ရောက်ရှိနေထိုင် အခြေချနေသူများဆီက ထွက်လာ
တဲ့ စကား ၊ ဖွင့်လှစ်ပြတဲ့ စိတ်ထားတွေဟာ သူတို့ကို ထုတ်လုပ်ပေးလိုက်တဲ့ မူရင်းရပ်ဝန်းက အနေ
ထားနဲ့ ထပ်တူရုံမက လူမျိုး ဘာသာ အစုအဖွဲ့ စသည်ဖြင့် ခွဲခြားတဲ့နေရာတွေမှာ အတော်ကလေးကို
အစွန်းရောက်ပြီး အချို့နေရာတွေမှာ ကဲကဲများတောင် ပိုနေတတ်တာ တွေ့ရတဲ့အခါ ၊ ဘယ်သင်း
ဘယ်ဟာကနေ စပြောရမှန်းတောင် မသိတော့သလောက်ပါပဲ ။ မြန်မာပြည်နဲ့ မှီတင်းနေထိုင်သူတွေ
အတွက် နိုင်ငံတကာမှာ အရှက်ဗြန်းဗြန်းကွဲအောင် အတော်ပဲ အကူညီပေးနိုင်ခဲ့ကြပါတယ် ။ 

   အရှက်ကွဲတယ်ဆိုတော့ ပြောရပါဦးမယ် ။ 
   ရှက်တတ်ရင်တော့ တကယ်ကွဲတာပါ ၊ ဒါပေမယ့် မကွဲဘူး ယူဆရင်တော့ သိပ်ပြီး ကိစ္စမရှိလှတာ
သေချာပါတယ် ။ တစ်ခုပဲရှိတာက ခုနေခါမှာ အခြားနိုင်ငံက သတင်းပုံမှန်ဖတ်သူ အတော်များများက
တော့ အရင် သူတို့နားလည်ထားသလို ၊ မြန်မာ ပြည်သူပြည်သားတွေဟာ ဒီမိုကရေစီကို အရိုးခံနဲ့
လိုချင်နေကြတဲ့ လူတွေဆိုပြီး သနားစာနာစိတ်မျိုးနဲ့ မြင်တာမျိုးတွေ နည်းသွားပြီဆိုတာ သိထားဖို့
လိုပါမယ် ။ ကိုယ့်အဖတ်ကိုယ် ပြန်မဆည်နိုင်ကြရင်တော့ တစ်ချိန်မှာ သိက္ခာပိုင်းဆိုင်ရာနဲ့ ပတ်သက်
လို့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ် ။

   ဒါကော ကျနော်တို့တစ်တွေ လွဲနေကြသလား ၊ ဟုတ်ကဲ့ .. ထင်တဲ့အတိုင်းပါပဲ ။

၀၆ ၊ ၀၇ ၊ ၂၀၁၂



(၃)   နယ်ချဲ့အမွေဆိုး တို့သယ်ပိုး

   ကိုလိုနီခေတ် ကုန်လွန် ကျန်ရစ်ခဲ့တာ ကြာခဲ့ပြီ ။ ဒါပေမယ့် တွေ့ခဲ့ဖူးတဲ့ ကာတွန်းကလေးတစ်ခု
ကို သတိရတယ် ။ ဇင်ဘာဘွေအာဏာရှင် မူဂါဘီတစ်ယောက် အရိုးခြောက်တွေကို ဆွဲလှုပ်ခါပြီး
သူ့စိတ်ထဲက နယ်ချဲ့တစ္ဆေတွေကို ရင်ဆိုင်ဖို့ ကြိုးစားနေတဲ့ပုံပါ ။ 

  ကျနော်တို့တစ်တွေ အကြားမှာကော .. ဒီလို ထ္မင်းလုံးတစ္ဆေ အဝန်းအဝိုင်းတွေ ကိုယ့်ဘာသာဖန်
တီးပြီး ရင်ဆိုင် အပြစ်တင်ဖို့ ကြိုးစားနေကြတုန်းလား ။ 

  ဖေ့ဘွတ်မှာ တွေ့မိတဲ့ ဆောင်ပုဒ်တစ်ခုကို ကြည့်ပြန်တော့ “ဘာမားဆိုတာ ကိုလိုနီအမွေဆိုး၊ မြန်
မာဆိုတာ ဒို့ဘိုးဘွား အမွေအနှစ်" ဆိုပဲ ။ ဆက်စပ်ပြီး စိတ်ထဲပေါ်လာတဲ့ အချက်တစ်ချို့ကို အောက်
ကအတိုင်း ချရေးဖြစ်လိုက်ပါတယ် ။ သို့ပေမယ့် အဲဒီဆောင်ပုဒ်ကို ရေးတဲ့ပိုင်ရှင်ကတော့ နှုတ်ဆိတ်
နေလေရဲ့ ။

‎(က)  နယ်ချဲ့တွေရဲ့ အစီအမံ အမွေအနှစ်ဖြစ်တဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်
(ခ)  ကိုလိုနီခေတ်နဲ့ ချွတ်စွတ်တူလုလု ရာဇဝတ်မှု ဥပဒေကစလို့ ၊ စာတစ်လုံးတောင် မယွင်းမ
       ပြောင်းသေးတဲ့ နယ်ချဲ့အမွေ ဥပဒေတွေ ၊
(ဂ)  “အမိ”နိုင်ငံ ဆိုတဲ့ နယ်ချဲ့တွေဆီက လက်ဆင့်ကမ်းယူထားတဲ့ စာသားမျိုးကအစ ၊
(ဃ)  ကွန်ပြူတာ ၊ အင်တာနက် ၊ ကား ၊ ဝရန်တာ ၊ မဲနောက် ၊ အောက်ဆိုဒ် တွေကစလို့ နယ်ချဲ့
        တွေဆီက ရယူထားခဲ့တဲ့ ပြောင်းလဲလို့ မလွယ်တဲ့ စကားလုံးတွေ ၊
(င)  နယ်ချဲ့တွေ သူတို့အကျိုးအတွက် ဖောက်ခဲ့ ဆောက်ခဲ့တယ်ဆိုတဲ့ အဆောက်ဦ လမ်းပန်းတံ
      တားတွေ ၊
(စ)  နယ်ချဲ့တွေ သူတို့အကျိုးအတွက် ပြုစုပြီး ထားခဲ့တယ်ဆိုတဲ့ ၊ ပစ်ပယ်လို့မရတဲ့ ၊ စနစ်ကျလှတဲ့
      မှတ်တမ်းမှတ်ရာ စာတန်းတွေ ၊
(ဆ)  နယ်ချဲ့နိုင်ငံတွေမှာ အစပြုခဲ့တဲ့ အခြေခံဥပဒေ ၊ သမ္မတ/ဝန်ကြီးချုပ် အုပ်ချုပ်ရေးစနစ်စက်
        မှုတော်လှန်ရေး ၊ ဒီမိုကရေစီစနစ် - ဆိုတာတွေကစလို့ အသေးစိတ် စာရင်းလုပ်လို့ မကုန်
        လောက်တဲ့ ကိုလိုနီအမွေတွေ ရှိနေတယ် ။

   ဘယ်အရာတွေက အမွေဆိုးတွေလဲ ။ 
   ဘယ်အရာတွေကိုတော့ သိပ်ကောင်းလွန်းတာမို့ မသိချင်ယောင်ဆောင်ပြီး မွေးစားသုံးစွဲမယ်လို့
တွေးမိသလဲ ။ 

   အကောင်းဖက် လှည့်ကြည့်ရင် -
*  လမ်း ၊ တံတား ၊ အဆောက်ဦ တွေကအစ ကိုယ့်နိုင်ငံမှာ ရှိနေပေမယ့် ကိုယ်ဆောက်ခဲ့တာ
   မဟုတ် ။
*  သီပေါဘုရင် နန်းမကျခဲ့ရင်ကော သူ့နောက်မျိုးဆက်တွေက နိုင်ငံမှာ လိုအပ်တာတွေကို လုပ်
    မယ် ဖြည့်ဆည်းမယ် ၊ လက်ရှိ နယ်နိမိတ်မျိုး ရှိအောင် လုပ်နိုင်မယ်လို့ အာမခံချက်က မရှိ ။
*  နယ်ချဲ့တွေ ထားရစ်ခဲ့တဲ့ အရာအတော်များများမှာ သူ့ဆိုင်ရာဆိုင်ရာ သမိုင်းကြောင်းလေးတွေ
    ရှိခဲ့တယ် ။

   ခုတော့ နယ်ချဲ့အမွေဆိုးတွေဆိုပြီး ဟိုဟာပြောင်း ဒီဟာဖျောက် ၊ ဝန်ကြီးများရုံးလိုကအစ မထိန်း
သိမ်းပဲ လစ်လျူတာလျစ်လျူ စသည်ဖြင့် လုပ်နေခဲ့ကြတာဟာ ကိုယ့်လိုအင်အတွက် အာသာပြေ
စိတ်ကျေနပ်ရုံ အကောင်ထည်ဖေါ်ခဲ့ကြတာလား ။ ခုတော့ နှောင်းလူတွေမှာ သမိုင်းကို အနည်းဆုံး
နာမည်နှစ်ခု သုံးခုနဲ့ လေ့လာကြရတော့မယ့် အနေထား ။ 

   မှတ်တမ်းမှတ်ရာ သိမှတ်စရာတွေလည်း ပျောက်ခဲ့ကြရပြီ ၊ 
   သမိုင်းတွေလည်း ကွေးကောက်ပြောင်းလဲ မေ့ပျောက်မှားယွင်းလာခဲ့ကြပြီ ၊ 
   ဒါတွေဟာ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးချင်တဲ့ အမွေတွေလား ။ 

   ဘယ်သူ့ကိုမှ အပြစ်တင်ရမလဲ ။ 
   အမှားအမှန် ၊ အဆိုးအကောင်း ၊ သင့်၏ မသင့်၏ ဆိုတာတွေထက် လူတစ်စု အင်အားကြီးခိုက်
စိတ်ကြိုက် လုပ်ကြစတမ်းလား ။ 

   ကျနော်တို့တစ်တွေ တစ်ခုခုများ လွဲချော်နေကြသလား ။

၀၆ ၊ ၀၇ ၊ ၂၀၁၂

(၄)  ရွင့်ဂျာ

    ဒူဝေဝေ ချာလပတ်လည်လာတာကတော့ ဒီကိစ္စပါပဲ ။ သတင်းကလည်း နည်းနည်းထူးလို့ပါ ။
   ဆက်မသွားခင် တလောက အွန်လိုင်းစစ်သည်ကြီးများရဲ့ အလွဲလေးတွေကို ပြန်ကြည့်ရအောင် ။

(က)   မိုးမွန်အောင် တွေ့ခဲ့ရတာ တစ်ခုကတော့ “သမ္မတရုံးမှ အရာရှိကြီးတစ်ယောက်၏ ဖေ့ဘွတ်
         စာမျက်နှာတွင် ဖေါ်ပြထားချက်အရ”ဆိုတဲ့ တွင်တွင်ရည်ညွှန်းခဲ့ကြတဲ့ သတင်းတွေပါ ။ မကြာ
ခင် အဲဒီ အရာရှိကြီးဆိုသူကပါ သူ့စာအချို့ကို ခပ်တည်တည်နဲ့ ပြန်ဖျက်သွားခဲ့တယ် ။ 

   အရင်က စစ်ဗိုလ်တွေဆိုရင် ခပ်ဝေးဝေးက ရှောင်နေခဲ့ကြသမျှ ၊ ကိုယ့်စိတ်အလိုနဲ့တွေ့မှ အသေ
ချာ အတည်ပြုဖို့ မကြိုးစားတော့ပဲ မျက်စေ့မှိတ် ယုံလိုက်ကြတာဟာ မလွဲလား ။

(ခ)  တစ်ခါ အယ်ကေဒါနဲ့ ဆက်စပ်မှုရှိပြီး ၊ လေ့ကျင့်ထားတယ်ဆိုတဲ့ လက်နက်ကိုင်များရဲ့ တိုက်ခိုက်
      မှုတွေမှာ ထူးထူးခြားခြား လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှုဆိုတာ မျက်စေ့ထဲမှာ စူးဝင်လာတယ် ။ 

   လေ့ကျင့်ထားတဲ့ စစ်သွေးကွတွေက သေနတ်နဲ့တောင် မပစ်တော့ပဲ လောင်ချာနဲ့ ပစ်တယ်လား ၊
ဘယ်သူမှ မထိလောက်အောင် လွဲချော်သွားတယ်လား ၊ ဒီလောက်တိကျတဲ့ သတင်းကြီး ရပြီးကာမှ
ဘာလို့များ ထိထားတယ်ဆိုတဲ့နေရာက လက်ပူးလက်ကြပ် ဓါတ်ပုံတွေ ထွက်မလာတာပါလိမ့် ။
မလွဲလား ။

(ဂ)  လက်နက်တွေမိတယ် မိတယ်နဲ့ ပြောလိုက်ကြရတာ ပလူများတောင် ပျံနေပါတယ် ၊ စာရင်းချုပ်
       တော့ ဘာတရားဝင်သတင်းမှ မထွက်လာတာနဲ့ တူမီးသေနတ်နဲ့ပစ်တဲ့အမှု တစ်ခုထဲပေါ်လာ
တာပါပဲ ။ (တူရွင်း ၊ သံချွန် ၊ တုတ် ၊ ဒါး ၊ လေးခွတွေကိုတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါဗျာ) ။ 

(ဃ)  တစ်ဆက်ထဲ အွန်လိုင်းမှာ တိုက်ပွဲဝင်နေသူတွေအတွက်တော့ နိုင်ငံရပ်ခြားမှာ ရိုဟင်ဂျာတွေ
        အတွက် ပိုက်ဆံယူပြီး အသံကောင်းဟစ်သူတွေ ၊ အသားထဲက လောက်ထွက်သူတွေ ၊ မျိုး
ဖျက်သစ္စာဖောက်တွေက တယ်များသကိုး ။ 

   အခြားသူတွေတော့ မပြောတတ်ပါ ၊ ဦးဟန်ယောင်ဝေကိုပဲ ပြေးမြင်မိပါတယ် ။ 
   သူ့ကို ရစရာမရှိအောင် ပြောနေသူတွေထဲမှာ ရှမ်းအမျိုးသားနဲ့ ရှမ်းနိုင်ငံရေးသမားတွေ တစ်ယောက်
မှ ထင်ထင်ရှားရှား မတွေ့မိဘူးဗျ ၊ တစ်ခုခုများ လွဲနေသလား ၊ ဒါမှ မဟုတ် ဗမာတွေအနေနဲ့ ကိုယ့်
ဘာသာ အလွဲတွေရှိမရှိ ဆင်ခြင်ဖို့ လိုလေမလား ။

(င)  ကိုယ့်ပြည်တွင်းရေးကိစ္စ အကြောင်းတွေကို စာတွေပေတွေနဲ့ ရည်ညွှန်းသူများလည်း ကြိုကြား
       တွေ့ရသေးတယ် ။ လွဲနေတာလေး တစ်ခုပဲရှိတယ် ၊ သူလိုကိုယ်လိုလူတွေ အထင်အမြင်နဲ့
ရေးထားတဲ့ ဆောင်းပါးတွေ စာတွေကို အပြန်အလှန် ရည်ညွှန်းနေကြတဲ့ လုပ်ရပ်လေးပါ ။ ဒီနှုန်းနဲ့
ဆို ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာနေရင် အထက်တန်းကျောင်းတောင် အောင်မယ်မထင်ပါ ။

(စ)  ကမ္ဘာသိတဲ့ အလွဲတစ်ခု ရှိပါသေးတယ် ။ ယူအန်ဝန်ထမ်းတွေ အပါအဝင် အစိုးရအဖွဲ့စည်းမ
      ဟုတ်တဲ့ အဖွဲ့ကဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ ကိစ္စပါ ။ 

   ဟုတ်ကဲ့ ဒါလည်း ရှက်တတ်ရင် ဗျန်းဗျန်းကြီးကွဲတဲ့ကိစ္စပါ ။ ဒီလိုကိစ္စတွေကို လုပ်သူတွေဟာ ပြို
ကွဲနေတဲ့ နိုင်ငံတွေက စစ်သွေးကွတွေနဲ့ သိက္ခာနည်းတဲ့နိုင်ငံတွေပဲ ရှိပါတယ် ။ အချို့လည်း ဒီလူ
တွေဟာ အကြမ်းဖက်မှု ၊ အကြမ်းဖက် အဖွဲ့စည်း ဒါမှမဟုတ် နိုင်ငံကို ထိခိုက်စေတာတွေနဲ့ ဆက်စပ်
နေတယ်ဆိုပြီး ပြောတတ်ကြတယ် ။ Médecins Sans Frontières လိုအဖွဲ့ရဲ့ ဆေးဝါးကုသမှု တစ်ခု
ထဲကို အာရုံပြုတဲ့ အဖွဲ့ရဲ့ လုပ်ရပ်နဲ့ ယူအန်အဖွဲ့ဝန်ထမ်းတွေကို လေးစားစောင့်ရှောက်ရမယ် ဆိုတာ
တွေကို နားမလည် သို့မဟုတ် မသိကျိုးကျွံ ပြုနေကြတာလို့ပဲ ယူဆရမလို ဖြစ်နေပါတယ် ။

(ဒါကို အငြင်းပွားနိုင်ခြေ အများကြီးရှိမှန်း သိပါတယ် ။ ဒါပေမယ့် နိုင်ငံတကာ သတင်းထောက်နဲ့ အ
ဖွဲ့စည်း လူပုဂိုလ်တွေအတွက် လွပ်လပ်တဲ့ သွားလာလှုပ်ရှား ပြောဆိုမှုတွေ အာမခံနိုင်မှုတွေ ဒီဒေသ
မှာ မရှိမချင်းတော့ ကိုယ့်ဖက်က ဖြေရှင်းစရာတွေက မကုန်နိုင်ပါ) ။

(ဆ)  နောက်ဆုံးတစ်ခုက ရိုဟင်ဂျာအရေးမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု
        ကဏ္ဍတွေကချည်း ကြည့်လို့မရဘူးလို့ ဆိုကြပြန်ပါတယ် ။ 

   ဒါဆို ရိုဟင်ဂျာကိစ္စမှာ မျှတအောင် မြင်ကြည့်ဖို့ ကြိုးစားသူတွေဟာ မင်းမဲ့ဝါဒီ (anarchist) တွေ
လား ၊ စီမံခန့်ခွဲမှုပညာတွေနဲ့ အလှမ်းဝေးနေသူတွေလား ၊ တရားလက်လွှတ်သမားတွေလား ၊ ငွေရ
လို့ ပြောနေကြတာလား ၊ သစ္စာဖောက် လောက်ကောင်တွေလား ၊ တိုင်းပြည်ကို အားကြိုးမာန်တက်
ဖျက်နေကြသူတွေလား ၊ အမြင်တိမ်ပြီး အဝေးကြိုမမြင်နိုင်ကြသူတွေလား ၊ ဒါမှမဟုတ်ရင်လည်း
ကိုယ့်နဲ့ မြင်ပုံမြင်နည်း ရှုထောင့်မတူတဲ့ ဘက်စုံတွက်ချက်သူတွေလား ၊ မေးခွန်းတွေက အများကြီးပါ ၊
သန်ရာသန်ရာ ဆွဲတွေးကြတာပေါ့နော ။ 

  ဇာတ်သိမ်းတော့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ရဲ့ အဖြေထုတ်ပေးလိုက်ပုံက - ဘင်္ဂလား
ဒေ့ရှ် refugee camp ထဲက အပါဝင် မြန်မာဘင်္ဂလီ ၄ သိန်းကျော်ကို ပြန်လက်ခံပါမယ်တဲ့ ၊ ရှင်းရော ။

   ဒီအဖြေဟာ လူအတော်များများရဲ့စိတ်ကို ထိခိုက်စေမယ့် လုပ်ရပ်လို့ ပြောလို့ရပါတယ် ။
ဘယ်လိုပြောပြော အဖြေက ရှင်းနေပြီလို့ ယူဆပါတယ် ။ ဘယ်သူ့ကိုမှ မနာကျင်စေချင်ပေမယ့် ဒါ
တွေဟာ မဖြစ်မနေ ရှောင်လွှဲလို့မရတဲ့ ရင်ဆိုင်ရမယ့်ကိစ္စဆိုတာ လက်ခံဖို့လိုနေပါပြီ ။ စိတ်တွေလျှော့
ပြီး အကောင်းဆုံး ဆက်ဖြေရှင်းသွားဖို့ နည်းလမ်းတွေ ရှာသင့်တယ်လို့လည်း တိုက်တွန်းချင်ပါတယ် ။

   တစ်ခုတော့ လွဲနေပါသေးတယ် ။ အဲဒါက ဒုဝန်ကြီးနဲ့ အစိုးရအဖွဲ့ရဲ့ ထင်သာမြင်သာမရှိတဲ့ ဖြေရှင်း
မှုပါ ။ နိုင်ငံရေး အပိုင်းမှာတော့ ဤခရီး မနီးသေးပါလို့ ပြောလို့ရမယ်ထင်ပါတယ် ။

(အပေါ်မှာ အလွဲတွေလို့ ယူဆတာတွေကိုသာ ရွေးနှုတ်ထားတာကြောင့် အသက်အိုးအိမ် စည်းစိမ်
ဥစ္စာ ပျက်စီးဆုံးရှူံးရ တာတွေကို ချန်ထားရစ်ခဲ့ပါတယ် ။ မစာနာလို့ ၊ အားပေးချင်လို့ မဟုတ်ပါ ။
အားလုံးသော အမှုကိစ္စတွေကို တရားဥပဒေအရ ကျေလည်အောင် မျှမျှတတ ဖြေရှင်းသွားဖို့ အား
ပေးပါတယ် ။ သင့်တင့်တဲ့ လှူတန်းမှုတွေကိုလည်း လက်လှမ်းမီသလို လုပ်သွားဖို့ ရည်ရွယ်ချက် ရှိ


     အလွဲ အလွဲ အလွဲတွေချည်း ဖြစ်နေတာ ၊ အတည့် အမှန်တွေ မရှိတော့ဘူးလား ။
     ထူးထူးခြားခြား သတင်းတစ်ခုတော့ တွေ့မိတယ်ဗျ ။
     ဒု-စစ်ဦးစီးချုပ်က ကချင်တွေနဲ့ တွေ့မယ်ဆိုတဲ့ သတင်းပါ ။ (လင့်)
     ခုလို တည့်တည့်လုပ်သင့်တာ တွေ့သင့်တာ ဖြေရှင်းသင့်တာ ကြာလှပါပြီ ။
     မတူသလို မတန်သလို မဖြေရှင်းချင်သလို ဝေ့လည်ကြောင်ပတ်နဲ့ အထက်ကို ပြန်တင်ပြလိုက်
ပါဦးမယ်ဆိုတဲ့ သတင်းပို့သူအဆင့်တွေနဲ့ပဲ လွှတ်ပေးနေခဲ့ရာက ခုလို လုပ်မယ်ဆိုတော့ မလွဲဘူး
လို့ မြင်တယ် ။ သို့ပေမယ့် ငါ ငါနဲ့ ငါတို့တစ်တွေဆိုတဲ့ ကိုယ့်နဖူးပြန်ထောက်မိလုနီးနီး ထောင်ထား
ခဲ့ကြတဲ့ လက်မကို နည်းနည်း လျှော့မလျှော့ကိုတော့ စောင့်ကြည့်ရမှာပေါ့ဗျာ ။

၀၇ ၊ ၀၇ ၊ ၂၀၁၂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၅)  ပိန်းပိန်းပိတ် အလွဲ

     ရေးလို့ပြီးသွားကာမှ တစ်ခုကျန်နေလို့ ထပ်ဖြည့်လိုက်ပါတယ် ။
     ရခိုင်ကိစ္စမှာ ဗမာအပါဝင် တိုင်းရင်းသားပေါင်းစုံရဲ့ အားကြိုးမာန်တက် လုပ်ကြကိုင်ကြတာ ဘယ်
လိုပဲပြောပြော အင်မတန် အားရစရာပဲလို့ အကောင်းဖက်က မြင်ကြည့်မိပါတယ် ။

     ဒါနဲ့ ကျနော်တို့ အရှေ့ဖက်ခြမ်းမှာလည်း ကိစ္စများမြှောင်တွေ ရှိနေပါတယ် ။

#  လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းကို ထောင်နဲ့ချီတဲ့ ကျေးရွာတွေ ဖျက်ဆီးခံရ ၊ စွန့်ခွာထွက်ပြေး နေခဲ့ကြ
    ရပါတယ် ။
#  လက်နက်မရှိကြပေမယ့် စစ်တပ်က မိုးပေါ်ကို ထောင်မပစ်ပါဘူး ။
#  IDPs လို့ခေါ်တဲ့ ပြည်တွင်းမှာတင် ပုန်းအောင်းတိမ်းရှောင်နေရတဲ့ ထောင်သောင်းချီတဲ့ သူတို့အ
    တွက် တည်းခိုစရာ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း ၊ ဂိုဒေါင်နဲ့ ကယ်ဆယ်ရေးစခန်းတွေ မရှိပါ ။
#  Free Burma Rangers အပါဝင် လူမသိသူမသိ ကူညီကြသူတွေနဲ့ အဖွဲ့စည်းအနည်းငယ်ရဲ့ သက်
    စွန့်ဆံဖျား ကူညီမှုနဲ့ ကိုယ်ထူကိုယ်ထ သားငါး သစ်ဥသစ်ဖု ဆေးမြစ်ဆေးရွက်တွေနဲ့ ရှင်သန်နေရ
    ပါတယ် ။
#  သူတို့ကို အမဲလိုက်သလို လိုက်နေတဲ့ စစ်တပ်ကို ပြန်ခုခံဖို့လည်း တုတ်ဓါးတွေနဲ့ မဖြစ်နိုင်ပါဘူး
#  ယူအန်အပါဝင် ကမ္ဘာ့သိက္ခာရှိ အဖွဲ့စည်းတွေအနေနဲ့လည်း ဆန္ဒရှိရင်တောင် ကူညီဖို့ စွမ်းအားနဲ့
    အခြေနေတွေ မရှိကြပါဘူး ။
#  သူတို့မှာ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ နိုင်ငံရေး ၊ ဘာသာရေး ၊ စီးပွားရေး အခွင့်အလမ်း
    တွေ ဆိုတာကတော့ ဝေလာဝေးပါ ။

မေးစရာ စကားတစ်ခွန်းရှိပါတယ် ။ 
ကျနော်တို့ရဲ့ နှလုံးသားတွေများ နေရာလွဲနေသလား လို့ပါ ။




မန်းကိုကို
၀၇ ၊ ၀၇ ၊ ၂၀၁၂

8 comments:

  1. “UNHCR ရဲ့ ပြန်လည် နေရာချထားရေးဆိုတာက နိုင်ငံတခုကနေ တခြားနိုင်ငံ တခုကို အခြေအနေ တရပ်ရပ်ကြောင့် စွန့်ခွာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အတွက်ပါ။ ရခိုင်အခြေအနေက အဲဒါနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ကျနော် ပြောနိုင်တာက UNHCR အနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုတော့ လူ့အဖွဲ့အစည်း နှစ်ရပ်စလုံးကို ခွဲခြားမှု မရှိဘဲ ပေးသွားမှာပါ” ဟု Mr. Antonio Guterres က ဆိုသည်။

    http://burma.irrawaddy.org/archives/14775

    UNHCR ဆိုတာ ဘာမှန်းမသိ ၊ ဘာမှန်းလည်း သိဖို့ စိတ်မဝင်စား သူများအတွက်တော့ ..... ဤခရီး မနီးသေးပါ ။

    UNHCR ကို ဖြတ်သန်းခဲ့ပြီး ခုနေမှာ ခြေစုံကန်သူများ အတွက်တော့ ..... အိပ်ပျော်ချင်ယောင်ဆောင်လျင် အနှိုးရခက်တတ်ပါသည် တဲ့ ။

    UNHCR ဆိုတာကို သိလျက်နဲ့ နိုင်ငံရေး ကစားကွက် ဖေါ်သူများ အတွက်တော့ ..... နင်လုပ်တာ နာတိပါဒယ် လို့ ....

    ==============================================

    ခုထိ မြင်သမျှတော့ လက်သီးလက်မောင်းတန်း နေကြတဲ့ သူရဲကောင်းကြီးတွေကြား - ဘင်္ဂလားဒေ့ရှ်ကို ဖိအားပေးမယ် တို့ ၊ သူတို့တာဝန် သူတို့ယူဖို့ လှုပ်ရှားတောင်းဆိုမယ် တို့ ၊ ဘင်္ဂလားဒေ့ရှ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတာတွေကို UN အထိ တင်ပြဖို့ တိုက်ပွဲဝင်မယ် ဆိုတာတို့ - တစ်ယောက်မှ မတွေ့မိသေးဘူး ။

    (၁) ကိုယ့်ဖက်က အားနည်းချက်တွေကို ကိုယ့်ဘာသာ သိလို့လား ၊
    (၂) ဘင်္ဂလားအကြောင်း တစ်လုံးတစ်ပါဒမှ မသိ နားမလည်လို့လား ၊
    (၃) ကျိုးကြောင်းတွေးခေါ်ပြီး နည်းလမ်းတစ်ကျ မလုပ်ကိုင်တတ်လို့လား ... လားပေါင်းများစွာ ရှိနေတယ် ။

    အနည်းဆုံး ဘင်္ဂလားဒေ့ရှ်ဟာလည်း ဘင်္ဂလီတွေကလွဲရင် အခြား လူမျိုးစုငယ်တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတာ သိအောင်လုပ်နိုင်ရင် နိုင်ငံတကာမှာ စကားပြောတဲ့အခါ ကိုယ့်သိက္ခာကို ကျားကန်ပေးထား နိုင်လိမ့်မယ် ။

    ReplyDelete
  2. * ဟိုကောင် မျိုးမစစ် သစ္စာဖေါက်ကောင်တွေ ခေါင်းမဖေါ်နိုင်အောင် နှိပ်ကွပ်ပစ် ။
    * အမြတ်ကြီးစားတဲ့ အပြင်က နောက်မှဝင်လာတဲ့ကောင်တွေ ဒီကောင်တွေခွင်ကို ဖြတ်ရိုက်ပစ်ကွာ ။
    * အဲဒီကောင်တွေက ဘာသာခြားတွေကွ ၊ ဒိဋ္ဌိတွေ ၊ နေရာမပေးနဲ့ ၊
    * ဒီအမျိုးတွေက ယုံရတာ မဟုတ်ဘူးကွ ၊ သူတို့ ထွက်လမ်း တက်လမ်းတွေအားလုံး ပိတ်ထားလိုက် ၊

    * မအေပေး သောင်းကျန်းသူတွေ ၊ ငါတို့ကို ခံလုပ်တယ် ၊ အကုန်ရှင်းကွာ ၊
    * ဟိုကောင်တွေက သခင့်မယားပါ သားတွေကွ ၊ ခုနေ သခင်ပျောက်ချိန်မှာ ခေါင်းမဖေါ်စေနဲ့ ၊
    * ဟိုဖက်က ဂန်းမသားတွေ ၊ အရင်က ငါတို့ခြေဖဝါးအောင်မှာ ပြားပြားဝပ်ခဲ့တာကွ ၊ လုံးဝအလျှော့မပေးနဲ့ ၊

    သည်လို သည်လိုပေါင်းများစွာ နောက်မှာတော့ ....
    သည်လိုလူတွေအနေနဲ့ အနာဂါတ်အတွက် ဘာတွေကို မျှော်လင့်သင့်သလဲ ....

    အဖြေက ငါးမိနစ်လောက်ပဲ ဝေးပါတယ် ။
    ငါးမိနစ်လောက် အချိန်ပေးပြီး စဉ်းစားရုံပါ ၊ သင့်အတွေးထဲမှာတင် ရှိနေပါတယ် ။

    ReplyDelete
  3. သေချာဖတ်သွားခဲ့ပါတယ်

    ReplyDelete
  4. I really love it.. everyone should stop and think wisely on this.

    ReplyDelete
  5. အပေါ်က "Zaw Htun" ကော ၊ "AnonymousJuly 21, 2012 12:02 AM" ပါ ရောက်လာပြီး ဖတ်သွားတာ ဝမ်းသာပါတယ် ။

    ကျနော်ဟာ တွေ့မြင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် အဖြေရှာနိုင်ဖို့ကို စိတ်အားသန်သူတစ်ယောက်ပါ ။ သဘောမတူတာတွေနဲ့ အခြားအမြင်တွေ ၊ ထပ်ဖြည့်ချင်တာတွေရှိရင် ရေးချန်ရစ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ။

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. feed ယူထားတယ်အကို site ကိုဝင်ရင် Malware ပြနေတယ် ဘာလို့လဲမသိဘူး

    ReplyDelete
    Replies
    1. ကျေးဇူးပါ ၊ ခုလေးတင်ပဲ online scan နှစ်ခု သုံးခုလောက် လုပ်ကြည့်လိုက်တယ် ။ ဘာမှ မတွေ့ဘူးလို့တော့ ပြောတယ် ။ မတော်များ ချိတ်ထားတဲ့ link တစ်ခုခု ပြဿနာ ရှိများနေမလား မသိပါဘူး ။ အရင်က ဖြစ်ဖူးတဲ့ လင့်တွေကို ပြန်စဉ်းစား ကြည့်လိုက်ပါဦးမယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ။

      Delete