ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, August 1, 2012

ခေတ်တစ်လျားရဲ့ ရောင်ပြန်တစ်မျက်နှာ (ဒုတိယပိုင်း)



ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ
by Bo K Nyein on Monday, July 16, 2012 at 11:18am 

                                                                         အပိုင်း (၃)

◊  ဗိုလ်နေ၀င်း နဲ့ ဗိုလ်ဇေယျ ရင်ဆိုင်တွေ့ ပြီ

   ဗိုလ်လက်ျာက ကရင်စစ်ဗိုလ်တွေနဲ့ ပေါင်းသွားတော့ ဗိုလ်နေဝင်းရဲ့ ပြိုင်ဖက်က ဗိုလ်ဇေယျလာဖြစ်တယ်။

   ဒီနေရာမှာ နဲနဲ ရှုပ်ထွေးစရာရှိတာက ဂျပန်တော်လှန်ရေးအပြီး … အင်္ဂလိပ်ပြန်အဝင်မှာ .. ဖဆပလ အဖွဲ့
ကြီးအတွင်းမှာ ကွန်မြူနစ် နဲ့ ဆိုရှယ်လစ်တွေ အားပြိုင်နေကြပေမဲ့ စစ်တပ်အတွင်းမှာတော့ လက်ဝဲနဲ့
လက်ျာ အားပြိုင်မှုက ပိုပြင်းထန်တယ်။ အကြောင်းက ကန္ဒီစာချုပ် မှာကတည်းက အင်္ဂလိပ်က Two Wings
Army policy ကို ကျင့်သုံးလာတယ်။ အဓိကက ဗမာတပ်တွေကို မယုံဖူး။ ဒါကြောင့် တဖက်က ဗမာတပ်ရင်း
(၃) ခုကိုပဲ ဖွဲ့ခွင့်ပေးပြီး ကျန်တဖက်က တိုင်းရင်းသားတပ်တွေနဲ့ ၀ိုင်းရံထားပြီး တိုင်းရင်သားတပ်တွေကို
မြှောက်ပေးထားတဲ့ အင်္ဂလိပ်တွေရဲ့ နှစ်ဖက်သွားပေါ်လစီပဲ။ Mary Calllahan စာအုပ် စာမျက်နှာ ၉၅ မှာ
Two Wings Solution ဆိုပြီး အတိအကျ ရေးပြထားတယ်။ Mountbatten က ဗိုလ်ချုပ်အောင်ဆန်း ၊ အင်္ဂ
လိပ်အရာရှိတွေနဲ့ စည်းဝေးပွဲတွေမှာ ဗမာနိုင်ငံဟာ Dominion Status မရမချင်း အင်္ဂလိပ် Inspector
General (IG) က အုပ်ချုပ်ရမယ်။ ဒီမျက်နှာဖြူ အရာရှိအောက်မှာမှ ဗမာစစ်သားတွေက တစ်ဖက် ၊ ဗမာ မ
ဟုတ်တဲ့ တိုင်းရင်းသားတွေကတဖက် နှစ်ဖက်ရှိရမယ်။ ဗမာစစ်သား တွေဖက်ကို ဗမာ (DIG) Deputy IG
ကအုပ်ချုပ် ၊ တိုင်းရင်သားတွေဖက်ကို ကရင် (သို့) ကချင် (သို့) ချင်း DIG ကအုပ်ချုပ်စေဆိုပြီး ဗြောင်သွေး
ခွဲ ဖို့အစီအစဉ် ရေးဆွဲခဲ့ကြတယ်။ ဒီလို ဗြောင်သွေးခွဲခဲ့ရုံ မက တပ်တွေကို ပါဖွဲ့စည်းပေး ခဲ့တာကြောင့် ပြည်
တွင်းစစ်ဟာ မရှောင်နိုင်တော့ဖူး။ ဒိအပြင် အင်္ဂလိပ် IG Thomas ဟာ စစချင်း ကတည်းက ကရင်စစ်ဗိုလ်
တွေကို ရာထူးတွေတိုးပေးခဲ့တယ်။ ရည်ရွယ်ချက်က ကရင်စစ်ဗိုလ်တွေဟာ ရာထူးကြီးကြီးရထားရင် အင်္ဂ
လိပ်ကိုမုန်းတဲ့ တော်လှန်ရေးစစ်ဗိုလ်တွေ တပ်ကိုမစီးနိုင်ရအောင်အကြံနဲ့တဲ့ (Mary Callahan - စာမျက်နှာ
၁၀၅)။

   ဗမာပြည် ၁၉၄၈ ခုဇန္န၀ါရီလ ၄ရက် နေ့မှာလွပ်လပ်ရေးရတော့ ..စစ်ဦးစီးချုပ်က ဒုဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၊
သူ့ရဲ့လက်ထောက်က ဗိုလ်မှူးချုပ် စောကြာဒိုး ၊ မြောက်ပိုင်းတိုင်းမှူးက ဗိုလ်မှူးချုပ်နေ၀င်း ၊ တောင်ပိုင်း
တိုင်းမှူးက ဗိုလ်မှူးချုပ် အောင်သင်း ၊ တပ်မဟာ (Brigade (1)) တပ်မှူးကြီးက ဗိုလ်မှူးချုပ် စောချစ်ခင်၊
လေတပ်အကြီးအကဲက လေတပ်ဗိုလ်မှူးကြီး စောရှီးရှိုး ၊ စစ်တပ်ရဲ့ ဘတ်ဂျက် သုံးပုံလေးပုံကို ကိုင်ရတဲ့ စစ်
ထောက်ချုပ်က ဗိုလ်မှူးကြီး စောဂျော်နီ။ (Mary Callahan ၊ စာ (၁၁၉) နှင့် ဗိုလ်ချုပ်စမစ်ဒွန်း၏ ကိုယ်တွေ့
မှတ်တမ်း (Memoirs of Four-feet Colonel, Gen Smith Dun, စာမျက်နှာ ၁၁၅) ။

  ဒီစစ်ဗိုလ်ချုပ်တွေအထဲမှာ ဗိုလ်ချုပ်နေ၀င်း တဦးတည်းသာ တော်လှန်ရေးရဲဘော်တွေဖက်က ရှိတယ်။
ဗိုလ်မှူးချုပ် အောင်သင်းက အင်္ဂလိပ်တပ် (ABRO) (Army of Burma Reserved Organization) ကလာ
တာ။ တချိန်ထဲမှာ ကရင် ဒုဗိုလ်မှူးကြီး (၈) ယောက်က ၀ိုင်းရံထားပြန်တယ်။ ကရင်ရိုင်ဖယ် ၊ တပ်ရင်း (၂) ၊
ဗမာတပ်ရင်း (၄) (ဂေါ်ရခါးတပ်ရင်း) ၊ ဆက်သွယ်ရေးတပ် ၊ လေ့ကျင့်ရေးတပ် ၊ တောင်ပိုင်းတိုင်း စစ်
ထောက်ချုပ်၊ အားလုံးဟာ ကရင်စစ်ဗိုလ် ဒုဗိုလ်မှူးကြီးတွေပဲ။

  ကန္ဒီစာချုပ်အပြင် ၊ လက်ျာ - ဖရီမင် စာချုပ်အရ စစ်လက်နက်ပစ္စည်းဝယ်တာ ၊ စစ်အကြံပေး ထားတာက
အစ အင်္ဂလိပ်တွေက အုပ်စီးထားပြန်တယ်။ ဒါကြောင့် သြဂုတ်လ ၁၉၄၇ ခုနှစ်မှာ ဦးကျော်ငြိမ်း ၊ ဗိုလ်နေ
ဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေး တို့ဆုံပြီး ၊ ဦးကျော်ငြိမ်းရဲ့  ပြည်ထဲရေးဝန်
ကြီးဌါနမှာ ရှိတဲ့ ပြည်ထောင်စုစစ်ရဲ (Union Military Police) ကိုထောင်ဖို့ ဆုံးဖြတ်ကြတယ်။

  (Callahan စာ (၁၂၂))။ ဦးကျော်ငြိမ်းက သြဂုတ်လ (၁)ရက် ၁၉၄၇ ၊ ဗိုလ်ချုပ်အောင်ဆန်း ကက်ဘိနက်
မှာ ပြည်ထဲရေးဝန်ကြီးဖြစ်တယ်။

  တချိန်ထဲမှာ ကရင်နဲ့ အင်္ဂလိပ်အလိုတောကြီး စစ်ဗိုလ်တွေ စစ်တပ်ထဲ မှာကြီးစိုးနေကြပြီး British
Services Mission ကစစ်ဗိုလ်တေကွ ခြေရှုပ်နေကြတာကြောင့် ကွန်မြူနစ် ၊ ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော်
တွေနဲ့ စစ်တပ်ထဲက တော်လှန်ရေးရဲဘော်တွေပါတဲ့ လက်ဝဲညီညွပ်ရေးကို ထဖွဲ့ကြရတယ်။ ဗိုလ်ချုပ် နေဝင်း
က ဥက္ကဌ ။ ဦးသိန်းဖေမြင့် ကအတွင်းရေးမှူး။ (ဦးသိန်းဖေမြင့်၏ ကျော်ငြိမ်း (စာ) ၁၁၇) ။ တချိန်ထဲမှာ စစ်
တပ်အတွင်းမှာလည်း လက်ဝဲညီညွပ်ရေးတပ်မှူးတွေဖွဲ့ကြတယ်။ ဗိုလ်မှူးချုပ်နေ၀င်း (မြောက်ပိုင်းတိုင်းမှူး) ၊
ဗိုလ်မှူးကြီးဇေယျ (စစ်ဦးစီးစစ်ဗိုလ် GSO)) ၊ ဒုဗိုလ်မှူးကြီးရဲထွဋ် (တပ်ရင်(၃) တပ်ရင်းမှူး) ၊ ဒုဗိုလ်မှူးကြီး
တင်မောင် (တပ်ရင်း (၆) တပ်ခွဲမှူး) ၊ ဗိုလ်မှူးချစ်မြိုင် (တပ်ရင်း(၃) ဒုတပ်ရင်မှူး) ၊ ဗိုလ်မှူးထွန်းစိန် (တပ်
ရင်း(၅) တပ်ခွဲမှူး) ၊ ဗိုလ်မှူးတင်ဦး (တပ်ရင်း (၆) တို့ဖြစ်ကြတယ်။ (Callahan (စာ) ၁၂၄)။

  အဓိက လက်ဝဲညီညွတ်ရေးအဖွဲ့ဝင် တွေမသိပဲ ၊ ဦးသိန်းဖေမြင့်က ဗိုလ်ချုပ်နေ၀င်း အကူနဲ့ အာဏါသိမ်းဖို့
ကြံလာတယ်။ ဗိုလ်ချုပ်နေ၀င်းက လေတပ်ကဗိုလ်သိန်းဒန် (နောင်လေတပ်ဦးစီးချုပ်) ကိုသိမ်းသွင်း ထား
တယ်။ ဗိုလ်သိန်းဒန်တပ်က တပ်ကြပ်ကြီးက သတင်းပေးတာနဲ့ ဦးကျော်ငြိမ်းက ဗိုလ်နေ၀င်းကို မေးတော့
ဗိုလ်နေ၀င်းနောက်ဆုတ်သွားတယ်။ (မှတ်ချက်။ ဦးသိန်းဖေမြင့်က ဒီအကြောင်းကို သူ့ရဲ့ ကျော်ငြိမ်းစာအုပ်
စာမျက်နှာ ၁၂၀ မှာ ပေါ့ပေါ့လေးဖေါ်ပြထားပြီး ဗိုလ်နေ၀င်း ဘာကြောင့် နောက်ဆုတ်သွားတယ် ဆိုတာကို
ဝေဝေဝါးဝါးပဲ ရေးပြသွားတယ်။)

  လွပ်လပ်ရေးရတဲ့ ပထမဦးဆုံးသော အစိုးရ ကက်ဘိနက်အဖွဲ့မှာ ဗိုလ်လက်ျာက ဒုဝန်ကြီးချုပ်၊ ကာကွယ်
ရေးဝန်ကြီး။ သို့သော် ဗိုလ်လက်ျာဟာ ကရင်တွေနဲ့ နီးပြီး လက်ျာ (Rightist) လို့ ယူဆ လာကြတဲ့အတွက်
တော်လှန်ရေးစစ်ဗိုလ်တွေရဲ့ ထောက်ခံမှုကို မရတော့ဖူး။ ဒါကြောင့် လက်ဝဲညီညွတ်ရေး အဖွဲ့က ဗိုလ်နေ၀င်း
သော်၎င်း ၊ ဗိုလ်ဇေယျသော်၎င်း ၀န်ကြီးချုပ်ဦးနု ကြိုက်ရာလူနဲ့ ဗိုလ်လက်ျာရဲ့ ကာကွယ်ရေး ၀န်ကြီးဌါနကို
လဲဖို့ရာ တင်ပြလာတယ်။ ကျောင်းသားလှုပ်ရှားမှု ၊ ၁၉၃၆ ကျောင်းသားသပိတ် ကတည်းက အတူတူလုပ်
လာတဲ့ ဦးကျော်ငြိမ်းကို ရက်ချိန်းရဖို့ စေလွှတ်လိုက်ကြတယ်။ ဦးနုက  ဦးကျော်ငြိမ်းပြောတဲ့ အတိုင်း ဗိုလ်နေ
ဝင်း ရဲ့ တပ်ရင်း (၄) က စိတ်အချရဆုံးမို့ ဗိုလ်နေဝင်းကို ရွေးပါဆိုတာကိုလည်း သဘောတူထားပြီးပြီ။ (မှတ်
ချက်၊ ဒီအချိန်မှာ ကွန်မြူနစ်တွေကတောခိုကုန်ပြီ။ ကရင်ပြဿနာပေါ်နေပြီ)။ ဒါပေမဲ့ ဝန်ကြီးချုပ်ဦးနုနဲ့ ဒီအ
ဖွဲ့တွေ့ကြရာမှာ စစ်ဗိုလ်တစ်ဦးက ဗျောက် (သေနပ်) ချိပ်လာတာကို ဦးနုက သူ့ကိုခြိမ်းခြောက်တာလို့ ယူ
ဆတယ်။ ဒီအချိန်မှာ ဦးသိန်းဖေမြင့်က ဦးနု စဉ်းစားဖို့ (၃)ရက်ပေးမယ်လို့ ထပ်ဆင့်လာတော့ ဦးနု ပေါက်
ကွဲပြီး ဘယ်သူမှ မခန့်ဖူးကွ ဆိုပြီး မောင်းထုတ်ပစ် လိုက်တယ်။ (ဦးနု၏တာတောစနေသား (စာ) ၁၃၅ မှ
၁၃၉ အထိ)။

  ၁၅ မိနစ်အကြာမှာ ဗိုလ်လက်ျာက ဦးနုစီကို ဗိုလ်ဇေယျကို တွေ့ဖို့ခေါ်လာလိုကြောင်း ခွင့်တောင်း လာ
တယ်။ ဒီမှာ ဗိုလ်ဇေယျက ဗိုလ်နေဝင်းကို တပ်တွင်းမှာ မကြိုက်ကြကြောင်း။ ထို့ကြောင့် မိမိ (ဗိုလ်ဇေယျ)
ကို ကာကွယ်ရေးဝန်ကြီးခန့်ဖို့ ပြောဆိုလာတယ်။ စိတ်ဆိုးနေသေးတဲ့ ဦးနုက (ဘယ်သူမှ မခန့်ဖူး) လို့ ထပ်
ငြင်းလိုက်တယ်။ ဦးနုက ဦးကျော်ငြိမ်းကို ဖုန်းဆက်ပြီး ဒီအကြောာင်းပြောတော့ .. ဦးကျော်ငြိမ်းက ဗိုလ်နေ
ဝင်းကို တဆင့် အကြောင်းကြားလိုက်တယ်။ ဒီမှာတင် ဗိုလ်နေဝင်း မိုးမီးလောင်ပြီး တပ်တွင်းက လက်ဝဲညီ
ညွတ်ရေး အဖွဲ့ကိုချက်ချင်း အစည်းအဝေးခေါ်တော့တာပဲ။

  ဗိုလ်နေ၀င်းက မင်းတို့ဘာကောင်းသလဲ။ ငါက အားလုံးအတွက် အများသဘောတူ လုပ်တယ်။ မင်းတို့က
နောက်ကြောဒါးနဲ့ ထိုးတယ်။ ငါထွက်မယ်ဆိုတော့ တစ်ယောက်ပြီးတစ်ယောက် ဘာမှန်း မသိကြောင်း ပြော
ကြတော့မှ ဗိုလ်ဇေယျက သူဦးနုဆီသွားမိပါတယ်။ သူလည်းအများအတွက်လုပ်တာပါလို့ ဝန်ခံတယ်။ ပြ
ဿနာက အုပ်စုအနေနဲ့ သဘောတူထားတာက ဦးနုကြိုက်တဲ့သူကိုရွေးပါစေဆိုတဲ့ အဆို။ ဗိုလ်ဇေယျက
ချွန်ပြီး သူ့ကို ခန့်ပါလို့ တိတ်တိတ်သွားတောင်းဆိုတာ။ ဦးကျော်ငြိမ်းကိုပြန်ပြောမယ်လို့ တွက်ထားပုံမပေါ်ဖူး။
တဒင်္ဂခဏမှာ စိတ်ခံစားချက် emotion အရထလုပ်တာ။ စစ်ဗိုလ်တွေ အားလုံးအရှေ့မှာ လက်ပူး လက်ကြပ်
ကြီး မိနေတော့ အားလုံက ဗိုလ်နေ၀င်းကို ၀ိုင်းထောက်ခံကြတော့ ဗိုလ်ဇေယျ သိက္ခာတွေကျပြီး မြွေပါလည်း
ဆုံး ၊ သားလည်းဆုံး ကိန်းကြုံရတော့တာပဲ။ တနည်းအားဖြင့် ဗိုလ်ဇေယျ နိုင်ငံရေး.. မလျှင်တာပဲ။

  လိုချင်ဇောကြီးသွားတာ။ အမှန်က ဦးကျော်ငြိမ်းလို ဗိုလ်လက်ျာကို သိက္ခာရှိရှိ ပြောခိုင်းရမှာ။ ကိုယ်ကိုယ်
တိုင် ကျနော်ကိုခန့်ပါ ၊ ဗိုလ်နေ၀င်းကိုမထောက်ခံကြပါဖူးဆိုတော့ .. ကားရားကြီး မိနေရော။ ဒါ နိုင်ငံရေးအ
ရ political suicide. Politically naivety ပဲ။ ကျားအရှေ့ မှောက်ရက်လဲဒါပဲ။ ဗိုလ်နေ၀င်း အကွက်ထဲ တန်း
ဝင်သွားတာပဲ။

  ဒီအချိန်မှာ တပ်ရင်း (၃) ၊ တပ်ရင်းမှူးက.. ဗိုလ်ရဲထွဋ်။ ဗိုလ်ဇေယျကဲ့သို့ ကွန်မြူနစ်စစ်ဗိုလ်။ ဒုတပ်ရင်းမှူး
က ဗိုလ်ချစ်မြိုင်။  ဗိုလ်ချစ်မြိုင်က ဗိုလ်ရဲထွဋ်ထက်တပ်ကို ကိုင်ထားနိုင်တယ်။ ဗိုလ်ချစ်မြိုင်က တပ်ရင်း (၃)
စဖွဲ့ကတည်းကပါလာတဲ့ ဒုတပ်ရင်မှူး။ စဖွဲ့တော့ တပ်ရင်းမှူးက ဗိုလ်ကျော်ဇော်။ ထို့ပြင် တပ်ရင်း (၃) က ရန်
ကုန်ရဲ့ လုံခြုံရေးကို ယူရတဲ့တပ်။ Burma Debate နဲ့ ဗိုလ်ချစ်မြိုင် အင်တာဗျူးအရ သိရတာက ဗိုလ်ရဲထွဋ်က
ဗိုလ်သိန်း ၊ ဗိုလ်လရောင် (ရဲဘ်ာသုံးကျိပ်ဝင်) နဲ့ ပြည်သူ့ရဲဘော်တွေကို လေ့လာသူအဖြစ်နဲ့ စည်းရုံးဖို့ ခေါ်
ထားတယ်လို့ဆိုတယ်။  ဗိုလ်ချစ်မြိုင်ကို သူတို့နဲ့ပေါင်းပြီး မြို့သိမ်းဖို့ ၀ိုင်းစွယ် ကြတယ်။ ဗိုလ်ချစ်မြိုင်က ငြင်း
လိုက်တယ်။ ဗိုလ်ချစ်မြိုင်က ဗိုလ်ရဲထွဋ်ကို ခင်ဗျားနဲ့ ကျနော် တပ်ကိုပြိုင်တရားဟောမယ် မနက်ကြရင် ခင်
ဗျားရသလောက် ခင်ဗျားခေါ်သွား (၃) ရက် စစ်မတိုက်ကြေး ဆိုပြီး စိန်ခေါ်တော့ ဗိုလ်ရဲထွဋ်က ဦးသိန်းဖေ
မြင့်ကိုခေါ်သွင်းလာတယ်။ နံက်မိုးလင်းတော့ လူ ၁၅၀ လောက်ပဲရတာကြောင့် ဦးသိန်းဖေမြင့်က တောထဲမ
လိုက်တော့ဖူး။

  အမှန်ကဗိုလ်ချစ်မြိုင်က ကျောင်းသား သံမဏိဥက္ကဌဟောင်း။ ဗိုလ်ဇေယျက သမဂ္ဂဥက္ကဌဟောင်း။ ဗိုလ်ဇေ
ယျနဲ့ ကျောင်းသားဘဝကတည်းက ခင်သိကြတယ်။ ဒါကြောင့် ဗိုလ်ဇေယျက မင်းဘာလုပ်မလဲ မေးတော့
ကျုပ်ကတော့ အိမ်ပြန်လယ်လုပ်နိုင်တယ်ပြောတော့ အေးကွာ ငါ့မိဖတွေက လယ်မပိုင် ။ ငါနေလည်း အဖမ်း
ခံရမှာပဲဆိုပြီး စိတ်မပါတပါနဲ့ တောထဲပါသွားကြတယ်လို့ဆိုတယ်။ (မှတ်ချက်။ ၂၀၁၂ ဧပြီလက စာရေးသူ
အမေရိကန်ပြန်တော့ ဗိုလ်မှူးကြီး ချစ်မြိုင် ကိုမေးမြန်းခွင့် ရခဲ့ပါသည်။ အသက် ၉၀ ပင်ရှိသော်လည်း ဂျပန်
ဗိုလ်သင်တန်းကျောင်း အကြောင်းပြောပြစဉ် မနေ့ကလိုပဲ အားလုံးကို မှတ်မိနေသေးသည်။)

  ဗိုလ်ချစ်မြိုင်ကို ကျေးဇူးတင်ရမယ်။ တပ်ရင်း (၃) သာ ကွန်မြူနစ်တပ်ဖြစ်ခဲ့ရင် ရန်ကုန်မှာသွေးထွက် သံယို
ဖြစ်မှာသေခြာတာပေါ့။

  ဗိုလ်ချစ်မြုင်က တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်အောင်သင်းနဲ့ သွားတွေ့တော့ တပ်ရင်း (၃) တောခို မဲ့သ
တင်းဖြစ်နေတာကို မေးတယ်။ ဘေးမှာကရင်စစ်ဗိုလ်တွေခြံရံလို့ … တပ်ရင်း (၃) တောခိုမယ် သတင်းဖြစ်နေ
လို့ အဆင်သင့် ပြင်ထားကြတာတဲ့ .. ။ ဗိုလ်ချစ်မြိုင်ကြောင့်သာ ရန်ကုန်မှာသွေးထွက် သံယို မဖြစ်ခဲ့ရတာ။

◊  ဗိုလ်ချုပ်နေ၀င်း နဲ့ ဗိုလ်ချုပ်ကျော်ဇော်

   နိုင်ငံရေးကစားကွက်မှာ ဗိုလ်ချုပ်ကျော်ဇော်က ရိုးလွန်းတာကြောင့် ကြည့်မကောင်းဖူး။
  နိုင်ငံရေး ဆိုတာကိုယ့် ပြိုင်ဖက်အကြောင်းကို ကောင်းကောင်း သိဖို့လိုတယ်။ ဗိုလ်လက်ျာလည်း မရှိတော့
ဖူး။ အဓိက ပြိုင်ဖက် ဗိုလ်ဇေယျလည်း မရှိတော့ဖူး။ ဗိုလ်ရဲထွဋ်လည်း ပါသွားပြီ။ ကျန်တဲ့ ကွန်မြူနစ် စစ်ဗိုလ်
ဆိုလို့ ဗိုလ်ကျော်ဇော်ပဲကျန်တယ်။ ဗိုလ်ကျော်ဇော်က ရိုးရိုးအအ။ ဗိုလ်ကျော်ဇော်ကို လွတ်ပေးထားရင် ရန်မ
ရှာရင် ဘာမှမလုပ်ဖူး။ ဒီနေရာမှာ ဗိုလ်နေ၀င်း ကစားတဲ့ အကွက်ကိုကြည့် .. သိပ်လှတယ်။ မလိုပဲနဲ့ ရန်မရှာ
ဖူး။ မလျှင်တာက ဗိုလ်အောင်ကြီး။ အလကားနေရင်း ရန်လုပ်တယ်။ တရုတ်ပြည် ကူမင်းမှာ ဗိုလ်မှူးချုပ်
ကျော်ဇော်နဲ့ ထိုင်စကားပြော လိုက်တာနဲ့ ဗိုလ်ချုပ်ကျော်ဇော်ရဲ့ နာကျည်းမှုဟာ ဘယ်သူ့အပေါ်မှာလည်း ဆို
တာ ချက်ချင်းပေါ်လာတယ်။ Bad Cop ဗိုလ်အောင်ကြီး ရှေ့မှာရှိနေမှ တော့ ဗိုလ်နေ၀င်း က good cop ဝင်
ကစားလိုက်တာပေါ့။

  နောက် နိုင်ငံရေးမှာ သင်္ခမ်းစာတစ်ခုက မလိုအပ်ပဲနဲ့ ရန်သူမမွေးရဖူး။

  ကန္ဒီစာချုပ်အပြီးမှာ Mountbatten က ဗိုလ်ချုပ်အောင်ဆန်းကို မင်း Churchill လုပ်မလား Nelson လုပ်မ
လား။ ဆိုလိုတာက နိုင်ငံရေးခေါင်းဆောင်လုပ်မလား ၊ စစ်ဗိုလ်ချုပ်ပဲလုပ်မလား လို့ရွေးခိုင်းတော့ နိုင်ငံရေး
ကိုပဲ ရွေးလိုက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက တပ်ထဲမှာ ဆိုရှယ်လစ်ဗိုလ်ချုပ်တွေ အားသာတာကို သိ
တယ်။ ဒါကို Balance လုပ်ဖို့ ကိုဗဟိန်း ကို စစ်တပ်မှာ ထားဖို့ စိတ်ကူးပြီး ၊ သခင်သန်းထွန်းစီမှာ တောင်း
တယ်။ ကိုဗဟိန်းက စစ်ဗိုလ်မဟုတ်ပေမဲ့ ကွန်မြူနစ်တစ်ယောက် ကိုထိပ်မှာ တင်ထားလိုက်ရင် ဆိုရှယ်လစ်
ဗိုလ်ချုပ်တွေကို အလုပ်ပေးထားတာနဲ့ အတူတူပဲ။ အာဏါသိမ်းဖို့ ကြိတ်မကြံနိုင်တော့ဖူး။ ကွန်မြူနစ် ကိုဗ
ဟိန်းကို ၀ိုင်းချနေရတာနဲ့ အချိန်ကုန်နေကြမှာ။ အမှန်က အာရုံပြောင်းပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းက စဉ်းစား
တာ။ ဒါအာဏါအကြောင်း ကောင်းကောင်းသိတဲ့လူရဲ့အတွေး။ ဒါပေမဲ့ ဘ၀င်လေခပ်နေတဲ့ သခင်သန်းထွန်း
က ဥါဏ်မမှီဖူး။ သူ့လူသိပ်တော်လို့ တောင်းတာလို့ယူဆပုံရတယ်။ ဒါမှာမဟုတ် သူ့လူကို ၀င်ဆွဲတာလို့ ..
ထင်ပုံရတယ်။ မပေးနိုင်ဖူး..ဆိုပြီးငြင်းလိုက်တယ်။ အမှန်က ကွန်မြူနစ်သာ စစ်တပ်ကို ဦးစီးခွင့်ရရင် ကိုယ်
က တပန်းသာတာပေါ့။

   ဒါကိုနားလည်တာက ဗိုလ်နေ၀င်း။ ဒါကြောင့် ဗိုလ်ကျော်ဇော်ကို အသာလေးလှည့် ခွေထားလိုက်တယ်။
   ဦးကျော်ငြိမ်း နဲ့ ဗိုလ်နေ၀င်း တို့က နိုင်ငံရေးအရသာတွဲ ကြရပေမဲ့ မြွေမြွေချင်း ခြေမြင်ကြတယ်။

  ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဦးကျော်ငြိမ်းတို့က အမြဲ အာဏါလှည့်ကွက်ကို စဉ်းစားနေကြရတာ။ အမြဲတိုင်
ပင်ဆွေးနွေးနေကြ။ တနေ့ ဗိုလ်ချုပ်အောင်ဆန်းက ကိုကျော်ငြိမ်းကိုမေးတယ်။ ကျော်ငြိမ်း မင်း လက်ျာ နဲ့
နေဝင်း မင်းဘယ်သူ့ကို ယုံမလဲတဲ့။ ကိုကျော်ငြိမ်းက “ငါဘယ်သိမလဲကွ.. လို့ တမင်ဖြေတော့ .. အေး မင်း
မှတ်ထား..လကျာ်ကိုယုံ လို့ပြောတယ်။

  ဦးကျော်ငြိမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဒီလိုဆွေးနွေးတိုင်ပင်နေကျ။ ဗိုလ်လက်ျာ နဲ့ ဦးသုဝေတို့ ဦးနုရဲ့
PDP မှာ အတူ နေခဲ့စဉ်က ဗိုလ်လက်ျာက ပြောတယ်။ သူတို့ နှစ်ယောက်တွေ့ရင် ပြောနေကြ အန်ကယ့်ကို
တော့ ရှိတယ်လို့တောင် မထင်ဖူးတဲ့။ ဒါပေမဲ့ ချစ်စရာကောင်းတာက ဟိုတုန်းက ခေါင်းဆောင်တွေက စိတ်မ
ဆိုးကြဖူး။ ဗိုလ်လက်ျာက နိုင်ငံရေးအကွက်တွေကို စဉ်းစားနေတာမှ မဟုတ်တာ။ တချိန်မှာ ဗိုလ်ချုပ်အောင်
ဆန်းက “နေ၀င်းအခု အာဏါမသိမ်းသေးဖူးကွ။ ငါတို့အစိုးရအာဏါရပြီးမှ သိမ်းမှာ လို့ကြိုတင်ပြောဖူး
တယ်။ ဒါကြောင့် ဗိုလ်နေ၀င်း ရဲ့ Ambition ကိုသိတယ်။ ဒါကြောင့် သတိရှိကြပေမဲ့ ကွန်မြူနစ်တွေက
ပစ္စည်းမဲ့ အာဏါ ထူထောင်နိုင်ရေးအတွက် လက်တကမ်းပဲလိုတော့ ထင်ပြီး အာဏါငန်းငန်းတက် ဖြစ်နေ
တော့ near and present danger ကိုရင်ဆိုင်နေရတော့ အမြဲ focus မလုပ်နိုင်ဖူး။ ဗိုလ်နေ၀င်းရဲ့ အားသာ
ချက်က တပ်ကိုနိုင်အောင် ကိုင်ထားနိုင်တော့ သူ့ပဲအားကိုရတာပဲ။

  ဦးကျော်ငြိမ်း ဥရောပကို မစ်ရှင်ကို ဥိးဆောင်သွားတော့ ဗိုလ်ချုပ်ကျော်ဇော်ကို ခေါ်သွားတယ်။ အမှန်က
တောက်ကြည့်ချင်တာ။ ဗိုလ်ချုပ်ကျော်ဇော်က ဗိုလ်နေ၀င်းမရှိရင် ဗိုလ်အောင်ကြီးက ပိုဆိုးမယ်လို့ တွက်ပုံရ
တယ်။ အမှန်က ဗိုလ်နေ၀င်းက ကြိုမြင်လို့ ဗိုလ်ကျော်ဇော်ကို အသာလေးလှည့်ခွေထားတာ။ ဗိုလ်ချုပ်
ကျော်ဇော်ကိုသာ ကန်တင်လိုက်ရင် ထိပ်မှာကွန်မြူနစ်ဗိုလ်ချုပ် ရှိနေရင် ဆိုရှယ်လစ်ဗိုလ်ချုပ် တွေကို အ
လုပ်ပေးပြီး အလိုလိုထိန်းပြီးသားဖြစ်သွားမှာ … ဗိုလ်မှူးကြီးကျော်စိုးက ဗိုလ်ချုပ်နေ၀င်းကို ပြန်သတင်းပို့
တယ်လို့ ဆိုတယ်။ ဗိုလ်ချုပ်နေ၀င်း ငါးခူပြုံး .. ပြုံးနေမှာ မြင်ယောင်မိသေးတယ်။ နိုင်ငံရေးဆိုတာ လျှင်သူ
စား.. တာပဲ။

  ဗိုလ်ချုပ်ကျော်ဇောက သူဂျပန်တော်လှန်ရေးမှာ ရင်းနှီးခဲ့တဲ့ ဦးကြည်းမြင့်ထောင်ထဲမှာ ရောဂါနဲ့ ဒုက္ခတွေ့
နေတယ်ကြားတော့ ဗိုလ်နေ၀င်းကို အကူအညီတောင်းတယ်။ ဗိုလ်နေ၀င်းအကူအညီနဲ့ ထောင်က လွတ်လာ
တော့ အိမ်မှာခေါ်ထားတယ်။ အဲဒီအချိန် အထိ ဗိုလ်ချုပ်ကျော်ဇော်က ကွန်မြူနစ်ပါတီ နဲ့ အဆက်ပြတ်နေပြီ။
ဗိုလ်ကျော်ဇောကိုလည်း သခင်သန်းထွန်းက သူအမိန့်ကိုဆန့်ကျင်ပြီး တောမခိုရကောင်း လားဆိုပြီး ဗဟို
ကော်မီတီအပြင် ပါတီက ထုတ်ထားပြီးပြီ။ ဦးကြည်းမြင့် အဆွယ်ကောင်းတာနဲ့ ကွန်မြူနစ် ပြန်ဖြစ်သွားတာ
လို့ သခင်တင်မြက သူ့ရဲ့ ဘုံဘ၀မှာဖြင့်ထက်ခြပ်မကွာ.. ဆိုတဲ့စာအုပ်မှာ ရေးပြခဲ့တယ်။ ကွန်မြူနစ် ဦးကြည်း
မြင့်ကိုလည်း စစ်ဗိုလ်ချုပ်ကြီးက သူ့အိမ်ပေါ်ခေါ်တင်ထားလေသတဲ့။ ဗိုလ်ချုပ်နေ၀င်းက ကြိုးရှည်ရှည်နဲ့
လွှတ်ပေးလိုက်တာ။ ဗိုလ်ချုပ်ကျော်ဇော် ကိုယ့်ကိုယ်ကိုကိုယ် ချည်ပြီးတုတ်ပြီးသား။

  ဘိန်းစွဲဖူးတဲ့သူကို ဘိန်းပစ်ပေးလိုက်တာ။
  ဗိုလ်ချုပ်ကျော်ဇော်က ဦးကြည်းမြင့်ကို ပြော။ ဦးကြည်းမြင့်ဗဟိုကိုသတင်းပို့ပေါ့။ ကွန်မြူနစ် ဗဟိုကော်မီတီ
ဝင် ဦးကြည်းမြင့် တချိန်က ကွန်မြူနစ်ဗိုလ်ချုပ်တစ်ယောက် အိမ်မှာတက်နေ .. နေတာကို ဗိုလ်ချုပ်နေ၀င်း
သတိမရှိပဲနေမလား .. ငကြင်းဆီ နဲ့ ငကြင်းပြန်ကျော်လိုက်တာပဲ။ ဗိုလ်ချုပ်ကျော်ဇော် တရုတ်ပြည်ကို ပြေး
တော့လည်း တမင်သက်သက်လွှတ်ပေးလိုက်တယ်လို့ ယူဆစရာရှိတယ်။

◊  ဗိုလ်ချုပ်နေ၀င်း နှင့် ဆိုရှယ်လစ်ဗိုလ်ချုပ်များ

   ဗိုလ်ချုပ်နေ၀င်းက ပထမ ကရင်ဗိုလ်ချုပ်တွေကိုရှင်းရတယ်။ နောက် ကွန်မြူနစ်ဗိုလ်ချုပ်တွေကို ရှင်းရပြန်
တယ်။ ကွန်မြူနစ်တွေ ရှင်းသွားတော့ ဆိုရှယ်လစ်ဗိုလ်ချုပ်တွေကို ရှင်းရပြန်တယ်။ ဆိုရှယ်လစ် ခေါင်း
ဆောင်တွေကလည်း ဗိုလ်ချုပ်နေ၀င်းကို ဆိုရှယ်လစ်တပ်မှူးကြီးတွေနဲ့ ၀ိုင်းရံထားတာပဲ။ ထို့အပြင် ကာ
ကွယ်ရေးဝန်ကြီး ဦးဘဆွေရဲ့ မယားညီအကိုက  ဗိုလ်မှူးကြီးကြည်ဝင်း ၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်
ကလေး ရဲ့ညီက ဗိုလ်မှူးကြီးခင်ညို၊ ဦးကျော်ငြိမ်းရဲ့ ယောက်ဖ က ဒုဗိုလ်မှူးကြီးကြည်ဟန်။ ထို့ပြင် ရာထူး
ကြီးတဲ့ စစ်ဗိုလ်ကြီးတွေက ပြည်သူ့အရေးတော်ပုံက ဘဝက ယူဂျီလုပ်လာတဲ့သူတွေ။

  ဆိုရှယ်လစ်ခေါင်းဆောင်တွေက လည်းသူ့နည်းသူ့ဟန်နဲ့ ဗိုလ်ချုပ်နေ၀င်း ကို လှည့် check လုပ်ထားတာ
ပဲ။

  ဗိုလ်ချုပ်နေ၀င်း ပြီးရင် ၀ါအကြီးဆုံးက ဗိုလ်ချုပ်မောင်မောင် နဲ့ ဗိုလ်ချုပ်အောင်ကြီး။ ဗိုလ်ချုပ်မော်မောင်က
လူတော်။ ပါးစပ်ကြမ်းတယ်။ ဗိုလ်ချုပ်နေ၀င်းကိုလည်း မကြောက်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ မှာ စစ်ဗိုလ်
တွေ ဖက်မလိုက်ရ ဆိုပြီး စစ်ဦးစီးချုပ် အနေနဲ့ အသံကောင်း ဟစ်လိုက်တယ်။ အမှန်က ဦးနုကို ကြိုကန်
ထားလိုက်တာ။ ရွေးကောက်ပွဲ အပြီး အစည်းအဝေးတစ်ခုမှာ ဗိုလ်မောင်မောင်တို့ထွက်သွားမှ ဒီအကောင်
တွေ မသိဖူး ကျနော် ရှင်းလိုက်မယ်ဆိုပြီး အယုံသွင်းလိုက်တယ်။ ဦးနုကလည်း အကွဲအပြဲ အပြီးမှာ ဒီဆို
ရှယ်လစ် စစ်ဗိုလ်တွေနဲ့ ဘယ်ဘဝင်ကျ ပါ့မလဲ။ ၁၉၅၈ခု ဗိုလ်ချုပ်နေ၀င်းကို အာဏါလွှဲဖို့ ဖြစ်ရတုန်းက ဦီးနု
နဲ့သွားဆွေးနွေးတုန်းက ဗိုလ်ချုပ် (၃) ဦးက ဗိုလ်မောင်မောင် ၊ ဗိုလ်အောင်ကြီး ။ ဗိုလ်တင်ဖေ။ ဦးနုကို အယုံ
သွင်းဖို့ ဗိုလ်ချုပ်နေဝင်းက သံလျှင်စွန်း ရေတပ်စခန်းမှာ ဗိုလ်မှူးချုပ်မောင်မောင် ၊ ဗိုလ်မှူးချုပ်အောင်ရွှေ နဲ့
ဆိုရှယ်လစ်တပ်မင်း တွေကို မင်းတို့ထွက်မလား ငါထွက်ရမလားဆိုပြီး ခြဲပစ်ပြီး ဆိုရှယ်လစ် တပ်မင်းကြီး
တွေကို တပ်ကထုတ်ပြီး သံအမတ်နဲ့ ဘန်ကေးလိုက်တာ။ ဒါ ဦးနုနဲ့ ပထစ အစိုးရကို အယုံသွင်းဖို့ ထိုးကျွေး
လိုက်ပြီး အန္တရယ်ကိုရှင်းလိုက်တာ။ ဗိုလ်ချုပ်အောင်ကြီးကိုတော့ အသာလေး ဆွဲစေ့ ထားလိုက်သေးတယ်။
  ဒါကြောင့် ၁၉၆၂ ခုနှစ် အာဏါသိမ်းတော့ ဦးနုက ဗိုလ်နေ၀င်းသိရဲ့လား။ ဗိုလ်နေ၀င်း သိရင် အားလုံး အား
လုံးအဆင်ချော သွားမှလို့ ယူဆပြီး အိပ်ပျော်သွားတယ်လို့ ဦးတင်မောင်ဝင်းက သူ့ရဲ့ စာအုပ်မှာ ရေးပြခဲ့
တယ်။ အာဏါသိမ်းမဲ့ ညမှာလည်း တရုတ်ပြည်က ယဉ်ကျေးမှု အကပွဲကို ည ၁၂ နာရီ အထိ သွားကြည့်နေ
လိုက်သေးတယ်။ ဒါ Military Diversion ပဲ။

  ဆိုရှယ်လစ် ဗိုလ်ချုပ်တွေကို ရှင်းပြီးမှ နိုင်ငံရေးအရောင်မရှိတဲ့ ဂျပန်ခေတ်စစ်တက္ကသိုလ်က လူတွေကို
ကိုင်ပြီး စစ်တပ်ကို ကိုင်တာပဲ

◊  ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဗိုလ်ချုပ်နေ၀င်း

  ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဗိုလ်ချုပ်နေဝင်း တို့ ကွာခြားပုံ နဲ့ ခြားနားပုံကို လူငယ်လေးတွေကို သိစေချင်
တယ်။
  ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသမား။ တော်လှန်ရေးနဲ့မှ နိုင်ငံရေး အဖြေရှာရ နိုင်မယ် ဆုံးဖြတ်လို့ စစ်
တပ်ကိုထောင်ရတာ။

  ဗိုလ်ချုပ်နေဝင်းက စစ်သား။ အစိုးရ အာဏါမတည်ငြိမ်တဲ့ အချိန်မှာ စစ်တပ် ရဲ့ role နဲ့ အာဏါ ကြီးထွား
လာတာကို နိုင်ငံရေးအမြတ်ထုတ်တတ် တဲ့ နိုင်ငံရေးကျား။ နိုင်ငံရေး ကစားကွက် ကျွမ်းတဲ့ စစ်သား။
  ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသမား စစ်စစ်ဖြစ်တာကြောင့် စစ်တပ်ကို စွန့်လွှတ်ပြီး ဖဆပလကို ဦး
ဆောင်ပြီး နိုင်ငံ့လွပ်လပ်ရေး အတွက် နိုင်ငံရေးတိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးသမား။

  ဗိုလ်ချုပ်နေဝင်းက ဖဆပလ ဖွဲ့စဉ်က ပါခဲ့တဲ့ founder တစ်ဦး။ ထို့ပြင် ဆိုရှယ်လစ် စဖွဲ့တော့ပါခဲ့တဲ့ သူ။
သို့သော် အားလုံက ထွက်ပြီး စစ်တပ်ကို ပြန်သွားပြီး စစ်တပ်ကို အားယူခဲ့တဲ့ စစ်သား။

  ရည်မှန်းချက်ခြင်း မတူကြဖူး။
  ဒါကြောင့် base မတုကြဖူး။
  ဗိုလ်ချုပ်အောင်ဆန်းက အားလုံးအတွက် ၊ တိုင်းပြည်အတွက်။ ဗိုလ်ချုပ်အောင်ဆန်းမှာ (လူတန်းစား) မ
ရှိဖူး။ အားလုံး (ပြည်သူ) ပဲ။ အာဏါက ပြည်သူဆီမှာ ။

  ဗိုလ်ချူပ်နေ၀င်း ရဲ့ base ကစစ်တပ်။ ဒါကြောင့် အာလုံးဟာ စစ်တပ်အတွက်။ မဆလ ခေတ်မှာ ကေဒါတွေဟာ စစ်သားပဲ။ အာဏါက စစ်တပ်မှာ … ။

(မှတ်ချက်။ ကွန်မြူနစ်တွေရဲ့ base က ပစ္စည်းမဲ့ အမည်ခံ ကွန်မြူနစ် ကေတာတွေ။ အာဏါက ကွန်မြူနစ်ပါ
တီဆီမှာ။ Exclusive နဲ့ Inclusive ကွာတာကို သတိပြုစေချင်တယ်။)

◊  ဆိုရှယ်လစ်ဗိုလ်ချုပ် များနှင့် ကွန်မြူနစ်ဗိုလ်ချုပ်များ

  စစ်တပ် ရဲ့ အစဦးနှစ်တွေမှာ လက်ျာသမား (Rightist) ကရင်စစ်ဗိုလ်တွေကို ရင်ဆိုင်ဖို့ ကွန်မြူနစ်နဲ့ ဆို
ရှယ်လစ် စစိဗိုလ်တွေပေါင်း ခဲ့ရတယ်။

  သို့သော် အချင်းချင်း ကြိပ်ပြိုင် ခဲ့ကြတယ်။
  ဒီမှာ အရေးအကြီးဆုံး အချက်က တပ်ကို စည်းရုံးနိုင်မှုပဲ။
  ဆိုရှယ်လစ်စစ်ဗိုလ်တွေအထဲမှာ တပ်ကိုင်ပြီးစည်းရုံးခွင့်ရတာက ဗိုလ်နေ၀င်း။ သူ့ကိုခြံရံထားတာက ဗိုလ်
မောင်မောင် နဲ့ ဗိုလ်အောင်ကြီး … ။

  ဗိုလ်နေ၀င်း နဲ့အပြိုင် တပ်ကိုကိုင်ခွင့်ရတာက ဗိုလ်ဇေယျ။
  ကွန်မြူနစ်စစ်ဗိုလ်တွေ ဖြစ်ကြတဲ့ ဗိုလ်ဇေယျ ၊ ဗိုလ်ကျော်ဇော ၊ ဗိုလ်ရဲထွဋ် (၃) ယောက်လုံးဟာ တပ်တွေ
ကိုကိုင်ခွင့် ရရုံမက သခင်စိုးကြီးရဲ့ တောင်းဆိုချက်အရ သခင်တင်မြကို စစ်ယူနီဖေါင်းဝတ်ပြီး တပ်ထဲမှာ
ဗြောင်စည်းရုံးခွင့် ဗိုလ်ချုပ်အောင်ဆန်းက ခွင့်ပေးခဲ့ရတာပဲ။ ဆိုရှယ်လစ်တွေဖက်က ဗိုလ်မောင်မောင်နဲ့ ဗိုလ်
အောင်ကြီးတို့က တာဝန်ယူကြတယ်။

  ဂျပန်ခေတ် BIA ခေတ်ကဖွဲ့တဲ့ တပ်ရင်း (၂) ရင်း ၊ BDA က စံပြတပ်ရင်း ၊ အင်္ဂလိပ် ပြန်အ၀င် ပြန်ဖွဲ့တဲ့
တပ်ရင်း (၃) ရင်းမှာ ဗိုလ်နေ၀င်းက တပ်ရင်း (၄) ကျန်တဲ့ နှစ်ရင်း က ဗိုလ်ဇေယျ နဲ့ ဗိုလ်ကျော်ဇော်တို့က
ဦးစီးတာပဲ။ နောက် ဗိုလ်ရဲထွဋ်က တပ်ရင်းမှူးဖြစ်တာပဲ။

  ဘာကြောင့် ဗိုလ်နေ၀င်းက တပ်ရင်း (၄) ကိုအသေပိုင်ပြီး ကွန်မြူနစ် စစ်ဗိုလ်ကြီးတွေက မိမိတပ်ကို အပိုင်
မကိုင်နိုင်ကြတာလဲ ဆိုတာကို စာရေးသူ သိပ်သိလိုတယ်။

◊  ဗိုလ်မှူးကြီးချစ်မြိုင် နဲ့ အင်တာဗျူး

  ပြီးခဲ့တဲ့ ၂၀၁၂ မေလ က စာရေးသူ အမေရိကန်ပြန်သွားတော့ ဗိုလ်မှူးကြီးချစ်မြိုင် နဲ့ စကားပြောခွင့် ရခဲ့
တယ်။

  ဗိုလ်မှူးကြီးချစ်မြိုင်ဟာ ဗိုလ်ဇေယျနဲ့ ဗိုလ်ရဲထွဋ်တို့ တောခိုကြတော့ Burma Rifle (3) ရဲ့ ဒုတပ်ရင်မှူး
(2IC) ။ တပ်ရင်း (၃) စဖွဲ့ကာစမှာ တပ်ရင်မှူးက ဗိုလ်မှူ်းကျော်ဇော်။ တောခိုကြတဲ့ အချိန်မှာ ဗိုလ်ရဲထွဋ်က
တပ်ရင်းမှူး။ သို့သော် ဗိုလ်ချစ်မြိုင်က တပ်ရင်း (၃) ကိုပိုင်ပိုင်နိုင်နိုင် ကိုင်ထားနိုင်ပြီး သူ့ကြောင့် တပ်ရင်း (၃)
တောမခိုတာ။ နောက် ရန်ကုန်သိမ်းဖို့ တောင်ငူကဆင်းလာတဲ့ ကရင်တပ်တွေ ကို ပဲခူးအနီးမှာ တပ်ရင်း (၃)
ခံတိုက်လို့  အင်းစိန်က ကရင်တပ်တွေနဲ့ မပေါင်းမိလို့ ရန်ုကုန်မကျတာ။ ဦးနေ၀င်း အာဏါသိမ်းတော့ တော်
လှန်ရေးကောင်စီမှာ ဗိုလ်မှူးကြီးချစ်မြိုင်ကို ကြိုတင်အသိ မပေးပဲ ထဲ့ထားတယ်။ အကြောင်းက ဗိုလ်ချစ်မြိုင်
က ဗိုလ်နေဝင်း ခိုင်းတိုင်း လုပ်ချင်မှလုပ်တာ။ ဒါကြောင့် အစောကြီး ယူကိုစလပ်ကို သံအမတ်အဖြစ် အပို့ခံရ
ပြီး သားသမီးတွေရှိရာ အမေရိကားမှာ အခြေချနေတာ။ စာရေးသူရဲ့ အမြင်မှာ ဗိုလ်မှူးကြီး ချစ်မြိုင်ဟာ တိုင်း
ပြည်အတွက် အသက်ပေးတိုက်ခဲ့တဲ့ တော်လှန်ရေးသမားအပြင် တိုင်းပြည်ရဲ့ သူရဲကောင်းတစ်ဦးပဲ။

  စာရေးသူက သိချင်တဲ့အချက်ကို ထဲ့ထိုးပဲမေးတယ်။ ကွန်မြူနစ် စစ်ဗိုလ်တွေဟာ သူတို့ကိုင်ရတဲ့ တပ်တွေ
ကို ဗိုလ်နေ၀င်း တပ်ရင်း (၄) ကို အသေပိုင်သလို ဘာကြောင့် မကိုင်နိုင်တာလဲလို့ မေးတယ် ။ စစ်သားဆို
တော့ ပြတ်ပြတ်ပဲ ဖြေတယ်။ မသိဖူးတဲ့။

  စာရေးသူက ဗိုလ်ချုပ်ကျော်ဇော်သမီး နဲ့ ဗိုလ်မှူးကြီးချစ်မြိုင် သမီး တို့ အဆက်အသွယ်ရှိတာကို သိထား
တယ်။ ဒါကြောင့် သိချင်တာကို တဲ့ထိုးပဲ ထပ်မေးတယ်။ အန်ကယ် ဗိုလ်ချုပ်ကျော်ဇော်နဲ့ ခင်သလား။ မခင်
ဖူးတဲ့။ ထပ်ပြီး ကွန့်မေးတယ်။ အန်ကယ်က တပ်ရင်း (၃) ကပဲ။ ဘယ်လို တပ်ရင်း (၃) ကိုရောက်တာလဲ
လိုမေးတော့မှ … ဗိုလ်ကျော်ဇောက ကွန်မြူနစ်လို့ နံမည်ကြီးတယ်။ သိလည်းမသိဖူး။ နောက် သူလုပ်ချင်
တာလုပ်တယ်လို့ သတင်းရှိတယ်။ ဒါကြောင့် မသွားချင်ဖူး။ တပ်တွေဖွဲ့ပြီး ၄ -၅ လလောက်နေတော့ ဗိုလ်
နေ၀င်းနဲ့ မေမြို့မှာတွေ့တော့ အန်ကယ်မေးကြည့်တော့ ဗိုလ်ဇေယျရော ဗိုလ်ကျော်ဇော်ရော ဗိုလ်နေ၀င်း
ရော လိုချင်တယ်။ နောက်ဆုံး ဗိုလ်ကျော်ဇော်နဲ့ ဗိုလ်ဇေယျ ငါးမူးစေ့ တစေ့ နဲ့ ခေါင်းပန်းလှန်တော့ ဗိုလ်
ကျော်ဇော်ရသွားတယ် လို့ပြောတယ်..တဲ့ … ။

  ဒါဆိုတပ်ရင်း (၃) မှာ ဗိုလ်ကျော်ဇော်က တပ်ကို ကိုင်နိုင်ဖို့ မစည်းရုံးဖူးလားမေးတော့ … စည်းရုံးတယ်။
သူက တပ်ခွဲ အရာခံဗိုလ်တွေက တဆင့် ကိုင်ဖို့ကြိုးစားတယ်။ အဲဒီတုန်းက ဗိုလ်ချစ်မြိုင်က C Company ၊
ဗိုလ်သောင်းကြည်က A Company ကိုင်ရတယ်။ ဗိုလ်ထွန်းစိန် ၊ ဗိုလ်တင်မောင် (စာရေးဆရာမြတ်ထန်) ၊
ဗိုလ်စန်းယု တို့လည်း ရှိကြတယ်။ အန်ကယ်တို့က တပ်ကြပ်ကြီးတွေက တဆင့်ကိုင်ထားတယ်။ ဒါကြောင့်
တပ်ကို မကိုင်နိုင်တာလို့ဖြေတယ်။ နောက်ဗိုလ်ကျော်ဇော်က အင်္ဂလိပ်စာတတ်အောင် ကြိုးစားတယ်။ သင်
တန်းတွေ သွားတက်တယ်။ သူသင်တန်း သွားတက်ရင် အန်ကယ်တို့က တပ်ကိုနိုင်အောင် ကိုင်ကြတာပဲ လို့
ပြောလာတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ
by Bo K Nyein on Monday, July 16, 2012 at 11:03am 

                                                                    အပိုင်း (၄)

◊  ဗိုလ်ရဲထွဋ် နှင့် တပ်ရင်း (၃)

   ကန္ဒီစာချုပ် အရ PBF တော်လှန်ရေးတပ် တွေဖွဲ့စည်းအပြီး Annual report အပြီးမှာ …ဗိုလ်ရဲထွဋ်ကို သူ့
တပ်ရင်းမှူးက မလိုချင်တော့ဖူး။ တပ်ရင်မှူးတွေက အင်္ဂလိပ် ဒုဗိုလ်မှူးကြီးတွေ ….တပ်ရင်း (၄) ကိုပြောင်းဖို့
လုပ်လို့ မရရင် ပြုတ်မယ်။ ဒါကြောင့် ဗိုလ်ကျော်ဇော်ဆီ အကူအညီ တောင်းလာတယ်။ အဲဒီအချိန်မှာ ဗိုလ်
စန်းယုက ဗိုလ်မှူးဖြစ်ဖို့ အလှည့်။ ရဲဘော် (၃) ကျိပ်ဝင် ဗိုလ်ရဲထွဋ် အတွက် အနာခံ ခဲ့ကြရတယ်။ ဗိုလ်ကျော်
ဇော် ပြောင်းသွားရတော့ ဗိုလ်ရဲထွဋ် တပ်ရင်းမှူး လုပ်ချင်တယ် လို့ဗိုလ်လက်ျာကို သွားပြောလို့ ဗိုလ်ချစ်မြိုင်
ဟာ ခေတ္တတပ်ရင်းမှူးက ဒုတပ်ရင်မှူး (2IC) ကို ပြန်ဆင်းပေး ခဲ့ရတယ်။  ဗိုလ်ရဲထွဋ်က အင်္ဂလိပ်စာ မတတ်
ဖူး။ ဗိုလ်ကျော်ဇော် နဲ့မတူတာက ဗိုလ်ရဲထွဋ်က ဗိုလ်ကျော်ဇော်လို မကြိုးစားဖူး။ ဥပမာ အင်္ဂလိပ်လို မတတ်
တာကြောင့် Military Law ကိုနားမလည်ဖူး။ အထက်ကလာ အင်္ဂလိပ်လိုရေးထားတဲ့ အမိန့်တွေကို ကောင်း
ကောင်း နားမလည်နိုင်ဖူး။ တချိန်ထဲမှာ ဘယ်လို စာပြန်ရမှန်း မသိဖူး။ ဒါကြောင့် မကြာခဏ ဗိုလ်ချစ်မြိုင်ကို
အကူအညီ တောင်းရတယ်။ ဒါကြောင့် တပ်ရင်း (၃) ကို တပ်ရင်းမှူး ဗိုလ်ရဲထွဋ်ထက် ဒုတပ်ရင်းမှူး ဗိုလ်ချစ်
မြိုင်က ပိုပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်ခဲ့တာ ၊ ဗိုလ်ရဲထွဋ်ထက် တပ်ကိုပိုသြဇာရှိတာ အခုမှ ရှင်းသွားတော့တယ်။
တပ်သားတွေနဲ့ ထိတွေ့ရာမှာရော Admin မှာပါ ဗိုလ်ချစ်မြိုင်ကို မကျော်နိုင်ဖူး။ ပြီးနောက်မှ ရောက်လာတဲ့
တပ်ရင်းမှူး။

◊  စဉ်းစားစရာရှိတာက

  ဒီနေရာမှာ စဉ်းစားစရာရှိလာတာက ဗိုလ်စန်းယု ၊ ဗိုလ်စိန်ဝင်း ၊ ဗိုလ်သောင်းကြည် တို့ဟာ ရဲဘော် (၃)
ကျိပ်နဲ့ ဆိုရှယ်လစ် ဗိုလ်ချုပ်တွေပြီးရင် စစ်တပ်ထဲမှာ 3rd Line စစ်ဗိုလ်တွေပဲ။ မင်္ဂလာဒုံ ဗိုလ်သင်တန်းဆင်း
စစ်ဗိုလ်တွေကို ပြောတာပါ။ ဂျပန်တော်လှန်တော့ ဒီစစ်ဗိုလ်တွေက ဗိုလ်ချုပ်အောင်ဆန်းထောင်ခဲ့တဲ့ BDA
တပ်က စစ်ဗိုလ်တွေ။ ဂျပန်တော်လှန်ရေး စတော့ တပ်ရင် (၈) ရင်း ရှိတယ်။ တကယ်တိုက်ရတာ ဒီစစ်ဗိုလ်
တွေပဲ။ BIA – BDA –BNA – PBF ထောက်လျှောက် ဒီစစ်ဗိုလ်တွေ နဲ့အတူ ဗိုလ်ဇေယျ ၊ ဗိုလ်ကျော်ဇော်၊
ဗိုလ်ရဲထွဋ်တို့က ဗိုလ်နေ၀င်းနဲ့အတူ တပ်မှူးတွေပဲ။ ထို့အပြင် ရဲဘော် (၃) ကျိပ်ဝင် ကွန်မြူနစ် စစ်ဗိုလ်တွေ
ရှိသေးတယ်။ ထိုမျှမက သခင်စိုးကြီးရဲ့ တောင်းဆိုချက်အရ သူ့ရဲ့တပည့်အရင်း သခင်တင်မြကို တပ်တွင်းမှာ
ယူနီဖေါင်းပေးဝတ်ပြီး တရားဝင် စည်းရုံးခွင့် ဗိုလ်ချုပ်အောင်ဆန်းက ခွင့်ပေးခဲ့တာပဲ။

  ကွန်မြူနစ်တွေ တောခိုတော့ ဘာကြောင့် ကွန်မြူနစ် တွေဖက်ကို ဒီ စစ်ဗိုလ်တွေ ပါမသွားတာလဲ။ ဗိုလ်နေ
ဝင်းကိုပြိုင်ပြီး ကွန်မြူနစ် စစ်ဗိုလ် (၃) ဦးကဘာကြောင့် နိုင်အောင် ကိုယ့်စစ်ဗိုလ်တွေကို မစည်းရုံး နိုင်တာ
လဲ။

  ကွန်မြူနစ်တွေတောခိုအပြီး အပြိုင်တိုက်ကြတော့လည်း ၊ နှစ်ဖက်စလုံးက စစ်ဗိုလ်တွေဟာ ဂျပန်ခေတ်
မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းတွေပဲ။ ရန်ကုန်အစိုးရ လို့ အလှောင်ခံရတဲ့ အချိန်မှာ ဗမာစစ်သား တစ်
ယောက်ဆီမှာ ကျည် (၂၁) ထောင့်စီပဲကျန်တော့တယ်။ အလံဖြူ - အလံနီ - ရဲဘော်ဖြူ - ကရင်သူပုန် -
ရောင်စုံသူပုန်တွေကို ခံတိုက်ရတဲ့ အချိန် - ဗိုလ်ချုပ်နေ၀င်း - စစ်ဦးစီးချုပ် ဖြစ်တဲ့အချိန်က အစိုးရ စစ်တပ်မှာ
တပ်သား ၂၀၀၀ လောက်ပဲကျန်တော့တယ်။

◊  ဘာကြောင့် ကွန်မြူနစ်တွေ နိုင်အောင်မတိုက် နိုင်တာလ

   အစိုးရ စစ်တပ်ဖက်က အဓိက ခံတိုက်မှုကို ဦးစီးခဲ့တာ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်း
တွေပဲ။ ကွန်မြူနစ်ဖက်က စစ်ဗိုလ်တွေကလည်း ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ဆင်းတွေပဲ။
ဘာကြောင့် ကွန်မြူနစ် စစ်ဗိုလ်တွေထဲမှာ စစ်တိုက်တော်တာ နံမည်ကျော်တဲ့ ရဲရဲတောက် စစ်ဗိုလ်တွေ မ
ပေါ်ခဲ့တာလဲ။ ကွန်မြူနစ်တွေက တိုက်တိုင်းအောင်လို့သာ လူကြားကောင်းအောင် ဖိအော်နေ ကြတာ ..
လက်တွေ့မှာ ဘယ်တပ်က .. တိုက်တိုင်းအောင်လို့လဲ။

   ဂျပန်ပြန် ဗိုလ်ဇေယျ ၊ ဗိုလ်ရဲထွဋ် နဲ့အတူ ရဲဘော် (၃) ကျိပ်ဝင်တွေ ကွန်မြူနစ်တွေဖက်မှာ ရှိတာပဲ ၊
ဘယ်သူ ထူးထူးချွန်ချွန် ရှိတယ်ကြားဖူးပါသလဲ။ ဘယ်သူ ထူးထူးခြားခြား စစ်တိုက်တော်တယ်လို့ နာမည်
ကြီးခဲ့ပါသလဲ။ ကွန်မြူနစ်တွေလိုပဲ ပြန်ကိုးကားရရင် တရုတ်ပြည်တော်လှန်ရေးမှာ လင်ပြောင် (Lin Biao) ဟာ စစ်ဗိုလ်ချုပ်တွေ အထဲမှာ အငယ်ဆုံး ၊ သို့သော် စစ်တိုက်တော်တယ် ၊ စစ်ဗျူဟာ တော်တယ်လို့ နာ
မည်ရှိတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း နဲ့ ကိုရီးယားစစ်ပွဲမှာတရုတ်တပ်တွေကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်
ချုပ်ကြီး မာရှယ် ပန်ဒူးဝှါ (Peng Dehuai) ဟာ စစ်တိုက်တော်တဲ့နေရာမှာ လင်ပြောင်နဲ့ အပြိုင်ပဲ။ ချန်ကေ
ရှိတ် Jaingxi Soviet ကိုသိမ်းဖို့ကြိုးစားတော့ အောင်မြင်အောင်ခုခံခဲ့တဲ့ စစ်ဗိုလ်ချုပ်ပဲ။  ဗမာ ကွန်မြူနစ်ပါ
တီမှာ လင်ပြောင်တို့လို စစ်တိုက်တော်တဲ့ စစ်ဗိုလ်တွေ ကြားဖူးကြပါလား။  တခါလာလည်း ဗိုလ်ချုပ်ကျော်
ဇော်။ ဗိုလ်ချုပ်ကျော်ဇော်က အင်းစိန်တိုက်ပွဲ  နဲ့ တရုတ်ဖြူတိုက်ပွဲတွေကို  အောင်နိုင်ခဲ့တဲ့ အတွက် နာမည်
ကျော်ခဲ့ရတာပါ။ အစိုးရစစ်တပ်က ဗိုလ်မှူးချုပ်။ ဒီလောက်နံမည်ကျော် တဲ့ စစ်ဗိုလ်ချုပ်ကြီး ကွန်မြူနစ်စစ်
တပ် လည်းရောက်ရော ကတုတ်ကျင်း research လုပ်ရတဲ့ စစ်ဗိုလ်ချုပ်အဖြစ် အဖျားရှူး ခဲ့ရတာပဲ။ အစိုးရ
စစ်တပ်မှာ နံမည်ကျော်ခဲ့တဲ့ ဗိုလ်ချုပ်ကျော်ဇော်ဟာ အဘယ်အတွက်ကြောင့် ကွန်မြူနစ်စစ်တပ်ဖက်ကို
ရောက်ရော အောင်ပွဲ မခံနိုင်တော့တာလဲ။

  ဂျပန်ခေတ်က စစ်တက္ကသိုလ်ဆင်း ဗိုလ်ကြီးတွေ ဘာကြောင့် စစ်နိုင်အောင် မတိုက်နိုင်ကြတာလဲ။ ကွန်မြူ
နစ် တောခိုတော့ ပါသွားတဲ့ ဗိုလ်ပုဟာ ဗိုလ်မှူးကြီး စောမြင့်နဲ့ အတူတူ ဂျပန်ကို စစ်ပညာသင်ဖို့ အရွေးခံရ
တဲ့ အတော်ဆုံး (၃၀) ထဲမှာပါတာပဲ။ ဗိုလ်မှူးကြီးစောမြင့်ဟာ တောင်ငူ တပ်မဟာ (၂) မှူးအနေနဲ့ ဗိုလ်မှူး
ချုပ်မောင်မောင်တို့ကို ကရင်လက်က ကွန်မင်ဒို စစ်သားတွေနဲ့ အောင်မြင်အောင်ကယ်တင် ခဲ့တဲ့ စစ်ဆင်
ရေးကို ဦးဆောင်တော့ ဂျပန်ပြည်ဘုရင့်စစ်တက္ကသိုလ်ကကျောင်းဆင်းခါနီးမှာ သင်ပေးလိုက်တဲ့ “ တေရှင်
ခိရှူး“ လို့ခေါ်တဲ့ စစ်ဗျူဟာကို သုံးခဲ့ကြတယ်။ ၎င်းအောက်ရှိ ဗမာ့သေနပ်ကိုင်တပ်ရင်း (၃) နဲ့ ခလရ(၅)
တပ်ရင်မှူးတွေဟာလည်း ၎င်းနဲ့အတူ ပထမအပတ်စစ်တက္ကသိုလ် ကျောင်းဆင်းတွေ ဖြစ်တာကြောင့် နိပွန်
ဆရာတွေသင်ကြားပေးလိုက်တဲ့ စစ်ပညာကိုမှီုငြမ်းပြီး အကောင်းဆုံးဖြစ်အောင် တိုင်ပင် ရေးဆွဲကြတယ်လို့
ဝန်ခံထားတယ်။ (ဗိုလ်မှူးကြီးစောမြင့် မှတ်တမ်း စာမျက်နျာ ၂၈၁ ၊ အလင်းရောင်စစ်ဆင်ရေး) ။

  အဲဒီအချိန်က ဗမာစစ်တပ်ရဲ့ အခြေအနေက ပြောက်ကျားတပ်သာသာပဲ ရှိတာပါ။ ဂျပန်ပြန် ဗိုလ်ပုတို့လို
တောခိုသွားတဲ့ ကွန်မြူနစ် စစ်ဗိုလ်ကြီးတွေ ကွန်မြူနစ်တပ်မနီကြီး ၊ ကြီးထွားလာအောင် ၊ အောင်ပွဲ အဆင့်
ဆင့်ရအောင် အဘယ်အတွက်ကြောင့် မစွမ်းဆောင် နိုင်ခဲ့ကြတာလဲ။
  လူကြောင့်လား။ စနစ်ကြောင့်လား။ မစဉ်းစားသင့်ဖူးလား …

◊  ပြိုင်ဆိုင်မှုတွေများခဲ့ကြတယ်

   တချိန် က ကွန်မြူနစ်တွေ နဲ့ ဆိုရှယ်လစ် တွေရဲ့ပြိုင်ဆိုင်မှုက အရှိန်မြင့်ခဲ့ကြတယ်။ နာကြည်းမှုက ကြီးမား
ခဲ့ကြတယ်။ ထို့ကြောင့် တခြားဖက်ဆိုရင် အကောင်းမမြင်နိုင်ကြဖူး။

  ဗိုလ်ချုပ်ကျော်ဇော် နဲ့ စကားပြောကြည့်ရင် ဆိုရှယ်လစ်စစ်ဗိုလ်တွေ စစ်မတိုက်ဖူးလို့ ဆိုလိမ့်မယ်။ ဗိုလ်ချုပ်
မောင်မောင် တို့နဲ့ စကားပြောကြည့်ရင် အင်္ဂလိပ်စာ မတတ်ဖူး။ ခပ်ထိုင်းထိုင်းတွေလို့ ဆိုလိမ့်မယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်မောင်ရဲ့ စာအုပ်မှာ ဗိုလ်ချုပ်ကျော်ဇော်ကို Honest ဖြစ်တယ်လို့ ၀န်ခံထားတယ်။ သို့ပေမဲ့ Not
very bright ဆိုတာလေးကို ထပ်ဖြည့်ထားပြန်တယ်။ အမှန်က နှစ်ဖက်စလုံး မျက်မှန်စိမ်းတွေတပ်ကြည့်
နေကြတာ။

  စစ်တပ်ဆိုတာက INSTITUTION။ ဒါကြောင့် တဦးကောင်းကြည့်လို့ မရ။ သူ့နေရာနဲ့သူ။ သူ့တာဝန်နဲ့သူ
ရှိကြတယ်။ အားလုံးက တာဝန်ကြေမှ as a whole စစ်တပ်တခုလုံး အနေနဲ့ အောင်မြင်မှာ။
  ဒါကြောင့် စစ်တိုက်တော်တာ။ ဌါနချုပ် HQ မှာအုပ်ချုပ်မှုကောင်းတာကို ပဲ ကိုယ့်ဖက်ကိုယ်ယက် ကြည့်လို့
မရ။ Full Context ကြည့်နိုင်ရမယ်။

ဒီလို Full Context ကိုကြည့်နိုင်တာ ဗိုလ်ချုပ်အောင်ဆန်းပဲ။

  ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်တိုက်တော်တယ်လို့ နာမည်ကြီးတဲ့ စစ်ဗိုလ်ချုပ်မှ မဟုတ်တာ။
  သူက စစ်တပ်ကို စတင် ဖွဲ့စည်းရုံ မက ထူထောင်နိုင်တဲ့ စစ်ဗိုလ်ချုပ်ရာထူး ယူထားတဲ့ ခေါင်းဆောင်။
ဘယ်သူ့ ကို ဘယ်နေရာမှာ ဘယ်လို ခိုင်းရမယ် ဆိုတာကိုကောင်းကောင်း သိတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း
ဟာ ဗိုလ်မောင်မောင် မတော်ရင်သူ့ အနားမှာ ခေါ်ထားပါ့မလား။ ထို့အပြင် ဂျပန်တော်လှန်ရေးမှာ ဗိုလ်ချုပ်
က အားလုံးကို ဦးစီးနေရတာကြောင့် သူ့ရဲ့ စစ်တိုင်းမှူးတာဝန်ကို ဗိုလ်မောင်မောင်ကို လွှဲပါ့မလား။ ဆိုရှယ်
လစ် ဗိုလ်မောင်မောင် စစ်တိုင်းတာဝန်ယူလိုက်ရတာမို့ နိုင်ငံရေးမှူး ကွန်မြူနစ် သခင်ဗဟိန်း ပေါ်မလာတော့
ဖူး မဟုတ်လား။ ဗိုလ်မောင်မောင်စစ် မတိုက်တတ်ဖူးထင်ရင် ဗိုလ်ချုပ် အောင်ဆန်း ဟာသူ့ စစ်တိုင်းတာဝန်
ကို ဗိုလ်မောင်မောင်ကို ဘယ်လွှဲလိမ့်မလဲ။

  ထိုနည်းတူစွာပဲ အင်္ဂလိပ်စာ မကျွမ်းရင် Administration နဲ့ paper work မှာ အခက်တွေ့ နိုင်ပေမဲ့ စစ်
တိုက်တော်တာ အင်္ဂလိပ်စာတတ်မှ မဟုတ်ပါဖူး။ ဗိုလ်ချုပ်အောင်ဆန်းက ယုံလို့သာ ဗိုလ်ချုပ် ကျော်ဇော်ကို
ဂျပန်ခေတ် စစ်တိုင်းတာဝန်ခံ ခန့်တာပေါ့။

  ဗိုလ်မောင်မောင်တို့က Book smart ကလာတာကြောင့် Staff အလုပ်မှာတော်တယ်။ General HQ ကို
ပြန်ထောင်တာ ဗိုလ်မောင်မောင်ပဲ။ ဒါကြောင့် Mary Callahan က သူ့စာအုပ်မှာ “Most army officers
from the 1950s consider Maung Maung to be ‘architect’ of the modern army လို့ရေးခဲ့တာပေါ့။
(စာမျက်နှာ ၁၅၄)။ တပ်မတော် Training Program ၊ တရုတ်ကိုခံ တိုက်ဖို့ military strategy ကို ရေးခဲ့
တာ အားလုံးဟာ ဗိုလ်မောင်မောင်ရဲ့ လက်ရာတွေချည်းပဲ။ အင်းစိန်တိုက်ပွဲ မှာတိုက်ခဲ့တဲ့ တပ်တွေဟာ
regular army တခုထဲမှ မဟုတ်တာ၊ UMP စစ်ရဲ နဲ့ စစ်ဝန်ထမ်း တပ်တွေနဲ့ တွဲတိုက်ရတာပဲ။ စစ်ဝန်ထမ်း
တပ်တွေကို အလျင်အမြန် ထူထောင်ရတာ ဗိုလ်အောင်ကြီးပဲ။ ဗိုလ်ချုပ်အောင်ဆန်းက တပ်တွေကို လှည့်
စစ်ရင်း ဗိုလ်အောင်ကြီး လို နိုင်ငံရေးနားလည်တဲ့ စစ်ဗိုလ်တွေလိုတယ် ဆိုပြီး ဗိုလ်နေ၀င်း ရဲ့တပ်ရင်း (၄) က
သူနဲ့ အတူ ပြန်ခေါ်သွားတာပဲ။

  ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်ကို Full Context ကြည့်ပြီး သူ့နေရာနဲ့ သူ အားလုံးကို ဆွဲခန့်သွားတာပဲ။
ဒါကြောင့် ငါတော်တယ် / သူညံ့ တယ်ပြောနေလို့ ဘာမှ အကျိုးမထူးပါဖူး။ သူ့နေရာနဲ့သူ အသုံးဝင်ကြတာပဲ။
စစ်တိုက်တော်တဲ့ ဗိုလ်ချုပ်ကျော်ဇော် စစ်တိုက်နိုင်ဖို့ စစ်သား - စစ်လက်နက် - ကျည်ဆံတွေ အားလုံး ဘယ်
ကရမှာလဲ။ စစ်တိုက်တော်တဲ့ စစ်ဗိုလ်ချုပ်ဟာ တိုက်စရာ စစ်တပ်မရှိရင် ဘာများ တတ်နိုင်မှာလဲ။ အစိုးရ စစ်
တပ်မှာ နံမည်ကျော်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဟာ ကွန်မြူနစ်ဖက်လဲရောက်ရော စစ်မတိုက်ရ တော့ဖူး မဟုတ်ပါ
လား။ စစ်မတိုက်ဖူးတဲ့ ဥက္ကဌ သခင်ဗသိန်းတင်ရဲ့ လူရင်း စစ်ကောင်စီ ဥက္ကဌ အောက်မှာ ပြားပြားဝပ်သွား
တာပဲ မဟုတ်ပါလား။ လူမှန် နေရာမှန် မပေးနိုင်တာ ၊  စနစ်ကြောင့်လား။

◊  တကယ်စဉ်းစားကြည့်ရင်

  တကယ်နက်နက် တွေးကြည့်ရင် ကွန်မြူနစ် - ဆိုရှယ်လစ် ပြိုင်ဆိုင်မှုဟာ ကွန်မြူနစ်တွေ တောခိုသွားအ
ပြီး ပါလီမန်ဒီမိုကရေစီခေတ် ၁၀ နှစ် ၁၀မိုး ဆက်ရှင်သန်လျက်ပဲ လို့ပြောနိုင်မယ်ထင်တယ်။ အကြောင်းက
ကွန်မြူနစ်တွေ တောခိုတော့ ကွန်မြူန်စစ်တပ်နဲ့ ဆိုရှယ်လစ်စစ်တပ် ဗြောင်ကွဲသွားကြပြီး နှစ်ဖက်စလုံးဟာ
အစမှာ ပြောက်ကျားစစ်တပ်တွေ အဖြစ်ပဲ တည်ရှိကြတာပါပဲ။  ၁၉၄၉-၁၉၅၀ ခုနှစ်တွေဟာ အဆုံးအဖြတ်
ပေးခဲ့တဲ့နှစ်တွေပဲ။ စစ်ပြေပြင်မှာ တိုက်နေရတဲ့ တပ်မှူးတွေဟာ နယ်မြေ militia တွေရဲ့ အကူနဲ့ နယ်မြေ
ထိန်းနိုင်တဲ့ အဆင့်ပဲရှိတယ်။ စနစ်တကျ ထူထောင်ထားတယ်ဆိုတဲ့ ဗဟို ဆိုတာမရှိသေးဖူး။ အစိုးရ စစ်တပ်
ဆိုတယ်သာပြောတာ တကယ်က ပြောက်ကျားတပ်သာသာပဲရှိတယ်။ ဒီအားနဲချက်ဟာ အမေရိကန်အကူနဲ့
လှိမ့်ဝင်လာတဲ့ တရုတ်ဖြူ တပ်ကိုရင်ဆိုင်ရတော့ အထင်းကြီး ပေါ်လာတယ်။ ဒါကြောင့် ၁၉၅၁ ခုနှစ်မှာ ဗိုလ်
ချုပ်နေ၀င်းက နောင် MPS ဟု အမည်တွင်သော ပြင်ဆင်မှုကော်မတီကို ဖွဲ့ဖို့ ဒုဗိုလ်မှူးကြီးအောင်ကြီးကို တာ
ဝန်ပေးခဲ့တယ်။ တဖက်ကပြည်တွင်း စစ်ကိုတိုက်နေရတဲ့ အချိန်မှာ ad hoc ဖြစ်ကတပ်ဆန်း  နေ့တဓူဝ ဖြစ်
ရပ်တွေနဲ့ပဲ အချိန်ကုန်နေကြရတယ်။ ကျကျနန စဉ်းစားပြီး ရေရှည်အတွက်ပြင်ဆင်မှုမရှိဖူး။ ဒါကြောင့် ရေ
ရှည်ဗျူဟာဆွဲပြီး စစ်တပ်ကို တည်ဆောက်နိုင်မဲ့ Planning Staff လိုတယ်လို့ ရေးပြထားတယ်။ အစိုးရ စစ်
တပ်ဟာ ပြည်တွင်း သူပုန်ကိုသာ ဖြစ်သလိုတိုက်နိုင်တယ် ၊ တရုတ်ဖြူလို ပြည်ပရန်ကို ရေရှည် မတိုက်နိုင်
တာ ရှင်းတယ်။

  ၁၉၅၁ ခုသြဂုတ်လ မှာ စစ်ရုံးကိုရောက်လာတဲ့  ဗိုလ်မောင်မောင်ဟာ MPS ဟာ ဟိုဖတ် ဒီဖတ် ဟိုတွေး
ဒီတွေးနဲ့ ဘာမှ မယ်မယ်ရရ လုပ်ထားတာမတွေ့ရဖူး။ အစိုးရ နဲ့ စစ်တပ်အတွက် အဓိက အန္တရယ်က တရုတ်
ဖြူတပ်တွေက အမေရိကန်အကူနဲ့ တရုတ်ပြည်ကြီးထဲကို ယူနန်ကပြန်ဝင်ဖို့ ကြိုးစားနေကြတယ်။ ရှမ်းပြည်
မှာ တရုတ်ဖြူတပ် တွေတပ်ဆွဲထားတယ်။ တရုတ်နီတပ် တွေ တရုတ်ဖြူတပ်ကို ရှင်းဖို့ လှိမ့်ဝင်လာပြီး ဗမာ
ပြည်ကိုဝင်သိမ်းမှာကိုကြောက်တာပဲ။ ဒီအန္တရယ်ကို လက်တွေ့ ဘယ်လို ရင်ဆိုင်မလဲဆိုတာက ပြဿနာပဲ။
ဗိုလ်မောင်မောင်ရဲ့ တင်ပြချက်က သံလွင်မြစ် သည်ဖက်ကမ်းက တရုတ်တပ်တွေကို  (၃) လ ကုလသမဂ္ဂက
တပ်တွေဝင်မကူနိုင်ခင် ခံတိုက်နိုင်ဖို့ပဲ။ ဒီအစီအစဉ်နဲ့ ဗဟိုစစ်ရုံးကို ဗိုလ်မောင်မောင် နဲ့ ဗိုလ်အောင်ကြီးတို့
ပေါင်းပြီးတည်ဆောက်ကြတာပဲ။ ဒီအစီအစဉ်ကို အကောင်အထည်ဖေါ်ဖို့ ငွေလိုတယ်။ အစိုးရမှာ ဆိုရှယ်
လစ်ခေါင်းဆောင်တွေရှိပေမဲ့ ၀န်ကြီးချုပ်ဦးနု သဘောတူဖို့လိုလာပြန်တယ်။ ဗိုလ်အောင်ကြီးက ဦးနုရဲ့လူယုံ။
ဦးနုကို ကိုင်နိုင်ဖို့က ဗိုလ်အောင်ကြီးရဲ့ တာဝန်။ (Mary Callhan စာအုပ် Reorganization of the
Tatmadaw စာမျက်နှာ ၁၅၉ -၁၆၉)။

◊  တကယ်တော့ စစ်တပ်ဆိုတာ စနစ်ရှိဖို့လိုပါတယ်။

   ကွန်မြူနစ်တွေဖက်က အဖြစ်အပျက်တွေကို Mary Callahan တို့လို သုတေသန ပြုပြီး ဖေါ်ပြမှု မရှိတဲ့အ
တွက် အတိအကျ မပြောနိုင်ပါ။ စာရေးသူ ဥါဏ်မှီသလောက် သုံးသပ်ကြည့်ရတာ ကွန်မြူနစ်စစ်တပ်ဟာ နေ့
တဓူဝ ad hoc အဆင့်ကထက်ပိုပုံ မရဖူး။ ပြောက်ကျားစစ်ပွဲမှာလည်း နိုင်အောင်တိုက်ပြီး နယ်မြေထိန်းနိုင်
ဖို့ဟာ အရေးကြီးပါတယ်။ ဒီကတဆင့် တပ်ကိုထူထောင်နိုင်ဖို့ ကအရေးကြီးတယ်။ တရုတ်ဥပမာ ကိုယူရင်
မော်စီတုန်းဆိုတာ ပြောက်ကျားဗိုလ်ကြီးပဲ။ Long march ဆိုတာ ချန်ကေရှိတ် တပ်တွေရဲ့ ထိုးစစ်ကြောင့်
တပ်နီကြီး အချေမှုန်း ခံရမှာစိုးရိမ်လို့ ထွက်ပြေးရတာပဲ။ နောက်ဆုံး စစ်သားထောင် ဂဏန်းလေးပဲ ကျန်
တော့တာပဲ။ ဒီကမှ ကုပ်ကပ်တက်လာပြီး စစ်ကိုရသလောက် နိုင်အောင်တိုက် ၊ နယ်မြေသိမ်းထားနိုင်
အောင် ကြိုးစားပြီး တပ်နီကြီးကို ပြန်ကြီးထွားအေင်ကြိုးစားယူရတာပဲ။ ဒီလို ပြန်ထူထောင်တဲ့ နေရာမှာ
ခေါင်းဆောင်မှုက အရေးကြီးလာတယ်။ တရုတ်တွေက ကနဦးအစ ကတည်းက စစ်တပ်ကို စစ်ကောင်စီနဲ့ပဲ
အုပ်ချုပ်တယ်။ စစ်ကောင်စီကပဲ ဗျူဟာရော ၊ planning ပါဆွဲတာပဲ။

  မော်စီတုန်းကို အတုယူစရာကောင်းတာက မော်ဟာ စစ်ဗျုဟာကိုကောင်းကောင်း နားလည်တဲ့ နိုင်ငံရေး
သမား။ စစ်ဗိုလ်ချုပ် မဟုတ်ဖူး။ ဒါကြောင့် သူ့ရဲ့  8th Route Army ကိုဦးစီးတိုက်တာ ချုတေး (Zhu De) ။
အသေးစိပ်ဝင်ရှုပ် ပုံမပေါ်ဖူး။ တိန်လျောက်ပိန် က 4th Route Army ရဲ့ နိုင်ငံရေးမှူး လုပ်တော့လည်း ထို့
နည်း၎င်း ပဲ။ ဗမာကွန်မြူနစ် ပါတီမှာ နိုင်ငံရေးမှူးက စစ်ရေးတာဝန်ခံရဲ့ အထက်က လို့နားလည်တယ် မှန်
ခဲ့ရင် ဗမာကွန်မြူနစ်ပါတီဟာ ဝါဒရေးကို ဦးစားပေးလွန်းပြီး စစ်ရေးမှာ ဝင်ရှုပ်ကြပုံရတယ်။ သေခြာတာက
တော့ ရန်ကုန်အစိုးရအချိန်၊ စောစောပိုင်းမှာ ရထားတဲ့ စစ်ရေးအောင်မြင်မှု တွေကို Capitalized မလုပ်နိုင်
ဖူး။ ရေရှည်ကိုကြည့်ရမဲ့ Forward Thinking နဲ့ Planning မှာအားနဲတယ်လို့ ထင်မိတယ်။

  ဗိုလ်ဇေယျဟာ ဂျပန်တွေဆီက training ရတဲ့အပြင် ဂျပန်ခေတ်မှာ စစ်အရာရှိချုပ် Chief-of-staff လုပ်ခဲ့
ဖူးတာပဲ။ ထို့ပြင် ၁၉၆၃ခု ငြိမ်းချမ်းရေး ခေါ်မှ တရုတ်ပြည်ကပြန်ရောက်လာတာပဲ။ စစ်တပ်ထောင်တဲ့ အ
တွေ့အကြုံ ရှိခဲ့တဲ့သူပဲ။ ဗိုလ်မောင်မောင်တို့ ဗဟိုစစ်ရုံး ကိုစနစ်တကျ တည်ဆောက်တော့ ဂျပန်ခေတ်က
အတွေ့အကြုံ ကိုမှီတာပဲလို့ Mary Callahan ကဆိုခဲ့တာပဲ။ ဘာကြောင့် ကွန်မြူနစ်တွေ ပြောက်ကျားဘ၀က
မကျော်နိုင်တာလဲ။ စစ်ဗဟိုဌါနချုပ်ကို ထောင်ပြီး စစ်နိုင်အောင်မတိုက်နိုင်တာလဲ။ နယ်မြေနိုင်အောင် မထိန်း
နိုင်တာလဲ ဆိုတာတွေကို အခွင့်အရေးရရင် သုတေသန လုပ်ချင်တယ်။

◊  ကိုယ်အီးကိုယ် ပြန်ရှူမိသော ကွန်မြူနစ်

  တကယ်စစ်ပွဲကြီးတွေ အနိုင်ရတာ implementation ချည်းပဲမဟုတ်ဖူး။ Planning ကောင်းလို့ပါ။ ဒုတိယ
ကမ္ဘာစစ်က Patton တို့က နာမည်ကြီးချင်တယ်။ ရှေ့ကထိုးတိုက်သွားတယ်။ နောက်က Bradley တို့
Marshall တို့က အထောက်အကူ support ပေးနိုင်လို့ အောင်မြင်တာပဲ။ ဥရောပကို တက်သိမ်းတဲ့ နော်မင်ဒီ
စစ်ပွဲမှာ စစ်တိုက်ရာမှာ နံမည်ကြီးတဲ့ Patton လက်ထဲမအပ်ပဲ ကွက်ကဲမှုတော်တဲ့ Eisenhower ကို ဦးစီးစေ
တာပဲ မဟုတ်ပါလား။ ကွန်မြူနစ်တွေက Rhetoric သိပ်များသွားပြီး တကယ် လုပ်ရမဲ့ planning နဲ့
preparation ကိုမေ့သွားပုံရတယ်။ ဒုကာကွယ်ရေးဦးစီးချုပ် က စစ်တိုက်တော်တဲ့ ဗိုလ်မှူးကြီး တင့်ဆွေကို
တပ်မ (၇၇) ဖွဲ့စေပြီး ဗကပ ဗဟိုကိုရှာပြီးချေမှုန်းဖို့ အမိန့်ပေးနေချိန်မှာ သခင်သန်းထွန်းတို့က ပီကင်းပြန်
တွေကို အားယူပြီး ဂိုရှယ်တို့ ရဲဘော်ဌေး တို့ကိုသုတ်သင် နိုင်ဖို့ မာ့က်စ် လီနင်ကျောင်း တွေထောင်ပြီး ဝါဒ
ရေးသင်တန်း တွေနဲ့အချိန်ကုန်နေကြတယ်။ စစ်ဗိုလ်တွေ စစ်တိုက်ဖို့ မလုံးပန်းနိုင်ဖူး။ ၀ါဒသင်တန်း လာ
တက်နေရတယ်။ နောက်ဆုံး ဖြတ်-လေး-ဖြတ် နဲ့ အစိုးရက ကိုင်တော့ သိန္ဒီတံထား တိုက်ပွဲမှာ အောင်မြင်ခဲ့
တဲ့ ဗိုလ်မှူးချုပ်သန်းတင်ကို တိုင်းမှူးခန့်ပြီး တပ်မ (၇၇) နဲ့ ၀င်ထိုးတာပဲ။ ဗိုလ်မှူးချုပ် သန်းတင်ဟာ ဂျပန်
ဗိုလ်သင်တန်း ပထမ အပတ်ဆင်းပဲ။

  နောက်ဆုံးတော့ ဘယ်ပါတီ ၊ ဘယ်စစ်တပ် ၊ မဆို (ရှုံး) တယ်ဆိုရင် နိုင်ငံရေး ၊ စစ်ရေး ခေါင်းဆောင်မှု ညံ့
ဖျင်းလို့ပဲလို့ ယူဆရမှာပဲ။

  စာရေးသူရဲ့ သုံးသပ်ချက်ကတော့ အစိုးရတပ်တွေဟာ ရှေ့တန်းမှာ တိုက်နေရတဲ့ အချိန်မှာ နောက်တန်း
လုံအောင် ဗိုလ်ချုပ်မောင်မောင်တို့က တည်ဆောက်သွားနိုင်တယ်။ ဗိုလ်ချပ်နေ၀င်းက အားလုံးကို အုပ်ချုပ်
သွားနိုင်တယ်။ ဗိုလ်ချုပ်နေဝင်း သူအာဏါ ရရှိရေးအတွက် စစ်တပ်ကို အသုံးချ သွားတာက သပ်သပ် ဆွေး
နွေးသင့်တယ်။

◊  နွားကွဲရင် ကျားကိုက်တတ်တယ်

  ဒီမိုကရေစီ ဆိုတာ Diversity ကို အားပေးတယ်။ ဒီ Diversity က Factional Politics ကို ဖေါ်ထုတ်တယ်။
ဒီ အုပ်စုတွေက အုပ်စု အချင်းချင်းအားပြိုင်မှုကို ဖေါ်ထုတ်တယ်။ နောက်အရေးကြီးတဲ့ အချက်က ဒီအားပြိုင်
မှုကို သတင်းသမားတွေက ဘေးက၀ိုင်းပြီး ဘေးတီးပေးတယ်။ Mr Bucknell ရေးတဲ့ U Nu of Burma မှာ
ဗမာသတင်းသမားတွေ မက နိုင်ငံခြား သတင်းသမားတွေကပါ တကယ်အာဏါရှိတာ ဆိုရှယ်လစ်ခေါင်း
ဆောင်တွေပါ ဆိုတော့ ဦးနုကို ဆွပေးတာနဲ့ အတူတူပဲ။ ဒီအချိန်မှာ အာရှကို အလည်လာတဲ့ အင်္ဂလိပ်ဝန်
ကြီးချုပ်က ဦးနုနဲ့ မင်္ဂလာဒုံလေဆိပ် မှာတွေ့ ဖို့စီစဉ်တော့ ဦးဗဆွေ နဲ့ ဦးကျော်ငြိမ်းကိုလည်း ခေါ်ထားပါလို့
ခွင့်တောင်းလာတော့ ခံစားစရာဖြစ်လာတော့တာပေါ့။ ပိုဆိုးတာက အာဏါရှိတယ်ဆိုတာနဲ့ အနားကပ်ဖို့
ကြိုးစားသူ အများစုဟာ အခွင့်အရေး ကိုမျှော်ကိုးပြီး လာကြတာပဲ။ ဒီလူတွေကပဲ ကပ်ပြီး မြှောက်ပေးကြ
တာပဲ။ အားလုံဝိုင်း ဘေးတီးပေးကြတော့ ကြာတော့ အက်ကွဲလာ ကြတာပေါ့။ ဒါကြောင့် အာဏါဆိုတာ
သိပ်ကြောက်ဖို့ကောင်းပါတယ်။ စိတ်ခိုင်ဖို့လိုတယ်။ ဗိုလ်ချုပ် အောင်ဆန်းတို့လို တိုင်းပြည်အတွက်ပဲ ဆိုတဲ့
စိတ်မွေးဖို့လိုတယ်။

  ၁၉၆၀ ရွေးကောက်ပွဲပြီးတော့ ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ ပြန်တဲ့သွားကြပြီ။ ညနေဆို ဝန်ကြီးချုပ်က Fiat ကား
အပြာလေးနဲ့ ဦးကျော်ငြိမ်းအိမ်ကို ရောက်ရောက်လာတတ်တယ်။ ဒီအချိန်မှာ စစ်တပ်ကို ဘယ်လို ကိုင်ရမ
လဲ ဆိုတာကို တာတပေါ ဆိုတဲ့ သင်္ဘောပေါ်မှာ တိုးတိုးတိတ်တိတ်ဆွေးနွေးကြတယ်။ ကံဆိုးတော့ ဗိုလ်ချုပ်
နေဝင်း သိသွားတယ်။ နိုင်ငံရေးဆိုတာ လျှင်မှ။

◊  အချက်အလက် အမှန်ကိုသိနိုင်မှ
  
 စာရေးသူတို့ နိုင်ငံရဲ့ နိုင်ငံရေးမှာ ကွန်မြူနစ်တွေရဲ့ ဝါဒဖြန့်ချီရေး ဥါဉ်နဲ့ စိတ်ဓါတ်က ရိုးတွင်းချဉ်ဆီ အထိစွဲ
နေကြပြီ။ တကယ့်အချက်အလက်ထက် မိမိပြိုင်ဖက် (သို့) ရန်ဖက်ဆိုရင် လက်ဦးအောင် နံမည်ဖျက်ထား
လိုက်ရမှ။ အချက်အလက်မှန်အောင် ကြိုးစားပြီး သုတေသန လုပ်ဖို့ထက် ကြားသမျှ အတင်းနဲ့ သတင်းကို
ရောသမပြီး ရေးထဲ့လိုက်ကြတာပဲ။ မိမိရဲ့ ထင်မြင်ချက်ကိုလည်း ရာဇ၀င်အချက်အလက် သဘောရေးထဲ့
လိုက်ကြတာပဲ။ အကြောင်းက ကွန်မြူနစ်တွေရဲ့ ပင်ကိုယ်စရိုက်ကိုက မှန်ရဲ့လားလို့ စောဒက တက်ဖို့မှ မ
ဟုတ်ပဲ။ အဆင့်ဆင့် ခေါင်းဆောင်က ပြောတာအမှန်ပဲ။ သဘာဝကျတာ ၊ Logical ဖြစ်တာ ၊ မဖြစ်နိုင်တာ
အရေးမဟုတ်။ Politics is Perception ဆိုတဲ့အတိုင်း ရန်ဖက်ကို သိက္ခာချဖို့က အဓိကလာဖြစ်ကြတာကိုး။

  မကြာသေးခင်က ကွန်မြူနစ်တွေကို အသားပေးတဲ့ ဝက်ဒ်ဆိုက်ဖြစ်တဲ့ (နေ့သစ်) ဝက်ဒ်ဆိုက်မှာ ဗိုလ်ချုပ်
နေဝင်း အကြောင်းဆောင်းပါး တက်လာတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဘဝဖြစ်စဉ်ပါ။ မသိတဲ့သူ ဖတ်ရင်တော့
ဖတ်လို့ကောင်းပေမဲ့ ဗိုလ်ချုပ်နေဝင်းအကြောင်းကို ဂဃနဏ လေ့လာထားသူ တစ်ဦး အဖို့ကတော့ Tabloid
ဆန်လွန်းတယ်။ Yellow Journalism ဆန်လွန်းတယ်။ အတင်းနဲ့ သတင်းကို ရောမွှေထားတာ။ ဥပမာ ဦးနေ
ဝင်းကျောင်းထွက်ရတာ ရေးပြအပြီးမှာ ဦးနေဝင်းကို ခပ်ထိုင်းထိုင်းပုံသဏ္ဍန် ဖေါ်ပြထားတယ်။ ဦးနေဝင်းဟာ
ဗိုလ်ချုပ်အောင်ဆန်းတို့ ၊ ဦးကျော်ငြိမ်းတို့လို စာဂျပိုး မဟုတ်ဖူး။ သို့သော် Street smart။ နိုင်ငံရေးကစား
ကွက်မှာ ဂျင်အပေါ်ကထုံး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်တော့ ကွန်မြူနစ်တွေက မြေပေါ်မြေအောက် ကွန်
မြူနစ်တွေပြန်တွေ့ခွင့် ရပြီ ၊ ပျက်နေတဲ့ ကွန်ယက်တွေ ပြန်ဆက်ခွင့်ရပြီ ၊ သခင်ဗသိန်းတင်တောင် ဗကပ
ဗဟိုစီ သွားခွင့်ရပြီ ဆိုပြီး ငါတို့တော်လှချီရဲ့ .. လို့သွေးနထင်ရောက်အောင် ၀င့်ကြွားနေတဲ့ အချိန်မှာ ဗိုလ်
ချုပ်နေ၀င်းက မျှော်လင့်ချက် (HOPE) ပေးပြီး ရဲဘော်ဌေးတို့လို moderate တွေကို အပင်းထဲ့ပေးလိုက်တာ။
ရဲဘော်ဂိုရှယ်နဲ့ သခင်သန်းထွန်းတို့ရဲ့ ပဋိပက္ခ ကိုလည်း မသိပဲနေမှာတဲ့လား။ ယဉ်ကျေးမှုတော်လှန်ရေးကို
မြင်ပြီး သွေးကြွနေတဲ့ ပီကင်းပြန်တွေကို ဗဟိုကိုပြန်ထဲ့ပေးလိုက်တာ။ ရလဒ်က ဟင်္သာကိုးသောင်း ပျက်တဲ့၊
ရာဇ၀င်မှ ဖျက်မရတဲ့ … အမဲစက်ထင်စေတဲ့ ဖြုတ်-ထုတ်-သတ် ဇာတ်လမ်းပါပဲ။

  ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတော့ ရန်ကုန်ဆင်းလာတဲ့ ဗိုလ်နေဝင်းဟာ အဦးဆုံးသခင်သန်းထွန်းဆီဝင်
ပြီး ခင်ဗျားတို့ကို အားကိုးပါတယ် ၊ ယုံပါတယ် ဆိုပြီး ကပ်ထဲ့သွားတာ ကွန်မြူနစ်ဥက္ကဋ္ဌကြီး ဟတ်ထိ သွားရ
တယ်။ ငြိမ်းချမ်းရေး ခေါ်တဲ့ပွဲမှာ ဦးနေ၀င်းဆီရေးတဲ့ သခင်သန်းထွန်းရဲ့ စာမှာ (သတိရသေးတယ်ဗျာ) ဆိုပြီး
ဖေါ်လန်ဖါးပြီး ချွဲချွဲပြစ်ပြစ် ရေးထားလို့သာ ကွန်မြူနစ်တွေ ငြင်းမရတာ။ မာ့က်စ်ဝါဒ နဲ့ လီနင်ရဲ့ ဗဟိုဦးစီးစ
နစ်ကို ငပိသုပ် ဘိန်းမုန့်ညှပ်ပြီး (အညမည) ပါဆိုပြီး ညာရောင်း။ ကွန်မြူနစ်တွေကို ငါတို့လည်း ဗဟိုဦးစီး
စနစ်ကို ယုံပါတယ်လို့ နားလှည့်ပါးရိုက် မျက်စပစ်လိုက်တော့ ကွန်မြူနစ်တွေ တပြုံကြီး အလင်းဝင်လာပြီး
မဆလပါတီကို ဝင်ကြပြန်ရော။ ကွန်မြူနစ်တွေ အစုလိုက် အပြုံလိုက် အလင်းဝင် လာကြတာ ဗကပတွေ
အတော် အထိနာတယ်။ ဗိုလ်ရဲထွဋ် တို့လည်း တောထဲမှာ ကြာကြာမခံလိုက်ဖူး သခင်တင်မြ နဲ့ အတူ ဗိုလ်
နေ၀င်း အောက်ပြန်ရောက် သွားရတာပဲ မဟုတ်လား … ။

  ဦးနေ၀င်းတို့ လျှင်လိုက်ပုံများ အနားနားကပ်ပြီး ဒါးနဲ့ ထိုးလိုက်တာတောင် ကွန်မြူနစ်တွေ မသိလိုက်ရှာ
ဖူး။ လစ်တာနဲ့ အားတာနဲ့ ဖဆဆိုရှယ် ၊ ဆိုရှယ်လစ် စစ်ဗိုလ်တွေကိုပဲ ဆဲနေရရှာတယ်။ ဦးနေ၀င်းဆိုရင် နာ
ကြည်းမှု မပြကြ။ ဦးနေ၀င်းရဲ့ Modus Operandi က ဘယ်တော့မှ နာကြည်းသွားအောင် မလုပ်ဖူး။ သေမ
ထူး နေမထူး မုန်းတီးသွားအောင် မလုပ်ဖူး။ သူနိုင်ပြီထင်ရင် အသာလေး လျှော့ပေးလိုက်တယ်။ ဦးကျော်
ငြိမ်းတို့ ၊ ဗိုလ်အောင်ကြီးတို့က ရန်သူ (များ) မှာကို မကြောက်ကြဖူး။ ဗိုလ်နေ၀င်းက စစ်ဗိုလ်ကြီးတွေကို ဖမ်း
ပြီးရင် ငါဖမ်းချင်လို့ မဟုတ်ဖူး။ တင်ဦး (မျက်မှန်) ကြောင့် ဆိုပြီး ရော့ ကားတစ်စီးယူ သွားဆိုပြီး ချော့လွှတ်
လိုက်တာ။  ဒါ စာရေးသူ ဗမာပြည်က မထွက်ခင် ၁၉၈၀ အစဦး နှစ်တွေကပါ။ စာရေးသူ နဲ့ စာရေးသူရဲ့ အ
ကို ဒေါက်တာထွန်းကျော်ငြိမ်းတို့ ကတောင် ဦးနေဝင်းတော့ Car Dealer ကြီးဖြစ်သွားပြီ လို့တောင် နောက်
ကြသေးတယ်။ အဲဒီ ခေတ်က Mazda နဲ့ပေါင်းပြီး အကြီးစားစက်ရုံမှာ ကားတွေဆင်တယ်။

◊  ကြည့်သောသူသာလျှင် မြင်တတ်၏

  ဒီလောက် နိုင်ငံရေး အကွက်လျှင်တဲ့ နိုင်ငံရေးသမန်းကျားကိုမှ ဝါဒဖြန့်ချီရေး အမြင်နဲ့ ခပ်ထိုင်းထိုင်းပါလို့
တိမ်တိမ်လေးတွေးပြီး ရေးတော့ တကယ့် အချက်အလက်တွေနဲ့ ကွာနေရုံမက ကွန်မြူနစ်တွေ ကိုယ့်အီး
ကိုယ်ပြန် ရှူမိပြီး ပြိုင်ဖက်ကို အမှန်မမြင်နိုင်ကြတော့။ ဒါကြောင့် ခေတ်အဆက်ဆက် ကွန်မြူနစ်တွေကို စစ်
ဗိုလ်တွေက ငယ်နိုင်ပဲ။ ဖြတ်-လေး-ဖြတ် နဲ့ ကိုင်လိုက် ၊ ဖြုတ်-ထုတ်-သတ် နဲ့ ရှင်းလိုက်။ တခါ ကွန်မြူနစ်
ဗဟိုရဲ့ ခေါင်းဆောင်မှု ညံ့ဖျင်းလို့ … တိုင်းရင်းသားတွေက ပုန်ကန်ပြီး ပန်ဆောင်ကို အစိုးရလက် အပ်လိုက်
တာပဲ မဟုတ်လား။ နောက်ဆုံး တရုတ်ကြီးကဆင့် လည်ပင်းညှစ်ထားတာ ကွန်မြူနစ်တွေ ထာဝရ မြေတွင်း
အောင်းနေရတာ အနှစ် (၂၀) ကျော်ခဲ့ကြပါပြီ။

  ဒါတောင် မကြာသေးခင်က မြေအောက်ကထုတ်ဝေတဲ့ ကွန်မြူနစ် ကြေငြာချက်မှာ ကွန်မြူနစ်တွေဟာ အ
နှစ် (၅၀) ကျော် စစ်တပ်ကို ရင်ဆိုင်ခဲ့တာပါတဲ့ ။ စစ်တပ်အကြောင်း သိတဲ့ ပါတီအနေနဲ့ သတိပေးပါရစေ ဆို
ပြီး NLD ကို သတိပေးလာသေးတယ်။ Logically, Critical Thinking နဲ့ပြန် စဉ်းစားရင် … ဟုတ်ပါ့မလား
မောင်ကာဋ္ဌု ရယ်လို့ မေးရမလိုဖြစ်နေပြီ။  မေးလိုက်ချင်တာက စစ်တပ်အကြောင်း တကယ်သိရင် ဘာ
ကြောင့် စစ်တပ်ကို နိုင်အောင် မတိုက်နိုင်တာလဲလို့ ။ ပေထိဆိုရင် ကွန်မြူနစ်တွေ မှောက်လျက် လဲနေကြ
ပြီ။

◊  အစိုးရကို ဤဆောင်းပါးက တဆင့်ပန်ကြားပါရစေ။

   ဒီမိုကရေစီ ခိုင်မာလာတာနဲ့ အမျှ လူတွေရဲ့ အသိဥါဏ် Capacity ဟာလည်း တိုးတက်လာ စမြဲပါ။ တချိန်
ထဲမှာလည်း ပွင့်လင်းမှု transparency ကိုလည်း တမ်းတ တောင်းဆို လာကြမှာပါ။ Mary Callahan ကို
၁၉၆၂ ခုနှစ် အထိ တပ်မတော်မော်ကွန်းတိုက်မှာ ရှိတဲ့ စာရွက်စာတန်းတွေကို ဖတ်ရှုခွင့်ပြုတာမို့ သူရေးတဲ့
စာအုပ်ဟာ ရာဇ၀င်အချက်အလက် အမှန်တွေကို သိလိုတဲ့ ၊ ဗမာနိုင်ငံသားတွေ အတွက် အလွန်တန်ဖိုးရှိ
ကြီးပါတယ်။ ထို့နည်းတူစွာ ပဲခူးရိုးမ နဲ့ ပန်ဆောင်က ရလာတဲ့ ကွန်မြုနစ် တွေရဲ့ စာရွက်စာတန်းတွေကို ပ
ညာရှင်တွေကို ဖွင့်ပေးစေချင်ပါတယ်။ ဗမာနိုင်ငံရဲ့ လွပ်လပ်ရေး ရာဇ၀င်ကို လေးလေးနက်နက် လေ့လာ
ထားတဲ့ ပြည်တွင်း ၊ ပြည်ပ ပညာရှင်တွေကို လက်ချောင်း အပေါ် တင်ရေ လို့ရပါတယ်။ Mary Callahan,
Bertil Lintner, Martin Smith တို့လို ပညာရှင်တွေ နဲ့ Australia ANU က ပါရဂူဘွဲ့ရတဲ့ ဦးကိုကိုကြီးရဲ့မြေး
ဒေါက်တာ ကျော်ဇောဝင်းတို့သာ စာအုပ်ရေးနိုင်ရင် တိုင်းပြည်အတွက် အကျိုးရှိမှာပါ။ စာရေးသူကတော့ သ
ခင်သန်းထွန်းရဲ့ Diary ကိုဖတ်လိုပါတယ်။ နောက် ကွန်မြူနစ်တွေရဲ့ Military Strategy Failures တွေကို သု
တေသန ပြုစာအုပ်ရေးလိုပါတယ်။ စာရေးသူရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးရှင်းရှင်းလေးးပါ။ ကွန်မြူနစ်တွေ
ဝါဒဖြန့်ထားတဲ့ ယုံတမ်းပုံပြင် myth တွေကို ရာဇ၀င် အချက်အလက် အမှန်တွေ နဲ့ ချိန်ထိုးကြည်ချင်တဲ့ ဆန္ဒ
ပါ။

  ဦးသန့်ဟာ ဦးနုရဲ့ တိုက်တွန်းချက်အရ (ပြည်တော်သာခရီး)  ကိုရေးရတာပါလို့ သူ့စာအုပ်မှာ ဝန်ခံထားပါ
တယ်။ ဦးသန့်သာ သူ့စာအုပ်မှာ ကွန်မြူနစ်တွေ ဗိုလ်ချုပ်အောင်ဆန်းကို ဆဲဆိုထားတာကို အတိအကျ ရေး
မပြခဲ့ရင် ကွန်မြူနစ်တွေ ဖင်လှန် ငြင်းဆို ကြဦးမှာပါ။ ဦးသိန်ဖေမြင့်ရဲ့ ကျော်ငြိမ်း ဆိုတဲ့ စာအုပ်ကြောင့် လွတ်
လပ်ရေးရာဇ၀င်က ဦးကျော်ငြိမ်းကိုဖျောက်၍ မရပါ။ ဦးနုရဲ့ တာတေစနေသားကြောင့် နောင်လာ နောက်
သားတွေ အသိတရားရခဲ့ကြရပါသည်။ လွပ်လပ်ရေးတိုက်ပွဲ ၀င်ခဲ့ကြသည့် ခေါင်းဆောင်များသာ အမြင်မ
ကျယ် သတိမရှိခဲ့ကြပါလျှင် ၀ါဒဖြန်ချီရေးသက်သက် အတွက် ကွန်မြူနစ်တွေ၏ လုပ်ကြံ သမိုင်းကြားမှာ
လွပ်လပ်ရေး ရာဇ၀င် လမ်းစပျောက်ခဲ့ ရပါမည်။

  ကွန်မြူနစ်တွေ မှားခဲ့တာဖြစ်စေ၊ မှန်ခဲ့တာဖြစ်စေ၊ တိုင်းပြည် အနေနှင့် အဖြစ်ပျက် အမှန်အတိုင်း သိသင့်ပါ
သည်။ ကွန်မြူနစ်တွေရဲ့ ရာဇဝင်ဆိုတာ လွပ်လပ်ရေးရာဇဝင်ရဲ့ တပိုင်းတစ ပါပဲ။ ရာဇဝင် အချက်အလက် အ
မှန်တွေကို စာရွက်စာတမ်းနဲ့ မဖေါ်ပြနိုင်ရင်၊ ကွန်မြူနစ်တွေရဲ့ ဝါဒဖြန့်ချီရေး သမိုင်းအလိမ် တွေနဲ့ပဲ လူတွေ
ဝိုးတိုးဝါးတား ဖြစ်နေကြဦးမှာပါ။ လူတွေ သမိုင်းအမှန်ကို သိသင့်သိတိုက် တယ်လို့ ယူဆမိလို့ပါ။ အင်္ဂလိပ်
လို My2c လို့ပဲ အဆုံးသတ်ခဲ့ပါရစေ။

လူငယ်လေးတွေ အသိတရားတိုးပါစေ
ချင်းမိုင်

ဘိုဘိုကျော်ငြိမ်း

စာအုပ်အညွှန်း
၁။ Making Enemies : War and State Building in Burma by Mary P. Callahan
၂။ Burma and General Ne Win by Dr Maung Maung
၃။ Burmese Nationalist Movements 1940 – 1948 by Brigadier General Maung Maung
၎။ The Longest War by Louis Allen 1941 – 1945
၅။ U Nu of Burma by Mr Bucknell
၆။ ဦးနု ၏ တာတေစနေသား
၇။ ဦးနု ၏ ငါးနှစ်ရာသီ ဗမာပြည်
၈။ ဦးသန့်၏ ပြည်တော်သာခရီး
၉။ ဦးသိန်းဖေမြင့်၏ ကျော်ငြိမ်း
၁၀။ ကိုယ်တွေ့ဖြစ်ရပ်များ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ ၊ ဗိုလ်မှူးချုပ်သန်းတင်
၁၁။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်းများ
၁၂။ ကျော့ပိုးအိပ်ကလေးကိုချီကာလွယ် ၊ တင့်ဆွေ (ဖျာပုံ) (ဗိုလ်မှူးချုပ်ဟောင်း)
၁၃။ ကျွန်ုတို့နှင့် ဦးကျော်ငြိမ်း။ မြောင်းမြဗဆွေ စီစဉ်သည်။
၁၄။ ဘုံဘ၀ ကြုံတွေ့ရ ဇာတ်လမ်းများ (မှူးသမိန်) (ဗိုလ်မှူးကြီးစောမြင့်)
၁၅။ "Burma Debate", Vol. IV, No. 3, August 1997

၀၁ ၊ ၀၈ ၊ ၂၀၁၂

No comments:

Post a Comment