ကြီးလေ ချဉ်လေ ကျနော်
အထက်တန်းကျောင်းကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ။
အညာသားနဲ့ မွန်စပ် ။ မမှန်ဘူးထင်ရင် ဘာကိုမှမကြည့်ပဲ ပြောတတ် ထောက်တတ်တယ် ။ နောက်
ထပ် သူငယ်ချင်းတစ်ယောက်နဲ့ ကျနော်က သူ့ကို “ဂေါက်” လို့ခေါ်တယ် ။
သူတို့အိမ်က နွားမွေးတော့ နွားကျောင်းလေ့ရှိတယ် ။ တစ်ခါတော့ ဘားအံမြို့က “သီးသန့်” လို့ခေါ်
တဲ့ ရဲလေ့ကျင့်ရေးကျောင်းဘေးက မြို့နယ်ရဲမှူးအိမ်ရှေ့မှာ နွားသွားကျောင်းပါတယ် ။ ဖြစ်ချင်တော့
မြို့နယ်ရဲမှူးက အိမ်ရှေ့ကုလားထိုင်မှာ ထိုင်နေတယ် ။ သူ့ခြံရှေ့မှာ နွားနှစ်ကောင်ကိုတွေ့တော့ ၊
ထွက်လာပြီး ကျနော့်သူငယ်ချင်းကို ပြောလိုက်တယ် ။
“ဟေ့ ဟေ့ မင်းနွားတွေကို တခြားနေရာမှ သွားကျောင်းကွာ ၊ ငါ့အိမ်ရှေ့မှာ လာမကျောင်းနဲ့” ပါတဲ့ ။
ပြည်နယ်မြို့တော်ရဲ့ မြို့နယ်ရဲမှူးဆိုတော့ တော်ရုံလူကတော့ ဖြုံပါတယ် ။ ဒါပေမယ့် ကျနော့်သူငယ်
ချင်းက - “မသွားနိုင်ပါဘူးဗျာ ၊ ဒီနေရာက စည်ပင်ပိုင်မြေပဲ ၊ ရဲဝင်းထဲမှ မဟုတ်တာ”လို့ မကြောက်မရွံ့
ပြန်ပြောခဲ့ပါတယ် ။
ခုလား .... ခုတော့ ဝန်ထမ်းဘဝနဲ့ သူလုပ်နေတဲ့ဋ္ဌာနက ပြည်နယ်မှူးဂေါက်သီး ရိုက်ကျင့်တာကို
အိတ်ထမ်းလိုထမ်းပေး ၊ ဂေါက်သီး လိုက်ကောက်လိုကောက်ပေး ၊ ကာရာအိုကေဆိုရတာနဲ့ မြဝတီ -
ဘားအံကားလမ်းမှာ သူတို့ဋ္ဌာနအတွက် ဆက်ကြေးတွေကောက်တာတွေ လုပ်နေလေရဲ့ ။ ခေတ်
လှိုင်းထဲကို စီးမျောသွားပြီ ၊ ငယ်စဉ်ချဉ်ပေမဲ့ ကြီးတော့ ချိုသွားပါပြီ ။
သူငယ်ချင်းတွေ ၊ လူကြီးတွေရဲ့ အားမနာကြတာ ၊ ပြတ်သားကြတာ ၊ ကိုယ့်အမြင်ပေါ်ကိုယ် ခိုင်
ခိုင်မာမာရပ်တည် ကြတာတွေကို ရင်သပ်ရှုမော အံ့သြတကြီးနဲ့ ငေးမောအားကျခဲ့တာ ကျနော် ။
လူကြီး မိဘ ဆရာသမားစကားတွေကို ရင်ဝယ်ပိုက်ခဲ့တာ ကျနော် ။ သူတပါး မနစ်နာအောင် ၊ စိတ်
မညိုငြင်အောင် ၊ လူမှုအသိုင်းဝိုင်းရဲ့ စီးမြောနေတဲ့ လမ်းကြောင်းအတိုင်း တသွေမတိမ်း လျှောက်
လှမ်းခဲ့တဲ့ ချိုသော ကျနော် ။
ခုတော့ ချဉ်လာခဲ့ပြီ ။
ငယ်သူငယ်ချင်းခြေရာကို အတိကျ လိုက်မနင်းပေမဲ့ ၊ မြင်တာကို မနေနိုင်ရင် ပြောလာမိပြီ ။
တစ်စုံတစ်ခုကို မျက်စေ့မှိတ်လက်မခံပဲ ဥာဏ်မီသမျှ မေးခွန်းတွေ ထုတ်လာခဲ့ပြီ ။
လူတိုင်းကြိုက်နိုင်မှာမဟုတ်တဲ့ လမ်းတွေကို လျှောက်လှမ်းလာတတ်ပြီ ။
ဂဠုန်ဦးစောကို တော်တယ်မြင်လို့ တော်တယ်လို့ပြောချလိုက်မိတယ် ။
ဖေ့ဘွတ်ကနေ ကန်ထုတ်သူက ကန်ထုတ် ၊ ဦးစောရာထူးတွေ ပေးလိုပေးကြနဲ့ပေါ့ ။
ကောင်းတယ်လို့ တစ်ချက်မှ မပြောမိပါဘူးဗျာ ၊ အသားသေနေပြီဖြစ်တဲ့ ခံစားမှု လမ်းကြောင်း
ကြီးက အထိမခံရွှေပန်းကန် ဖြစ်နေတော့လည်း ခံရတာပ ။
နောက်တော့ ရိုဟင်ဂျာတွေလည်း လူပါပဲ ၊ ကိုယ်ချင်းစာနာစိတ်နဲ့ အချက်လက်တွေအပေါ် အ
ခြေခံပြီး တရားမျှတဖို့ ပြောမိတယ် ။
ချစ်ခင်သူတွေရဲ့ အားပေးမှုကြောင့် ကိုယ်လည်း အီရန်နိုင်ငံမှာ သွားနေသင့်တဲ့ ရိုဟင်ဂျာချစ်သူ
ဖြစ်သွားတယ် ။
မကြာမတင်ကတော့ ဒေါ်စုနဲ့ပတ်သက်လို့ အကျိုးဖြစ်မလားလို့ နောက်ခံအမှန်တစ်ခုကို ဖေါ်ထုတ်
ပြကြည့်ပါတယ် ။
ကိုယ်ပဲ တိုင်းပြည်ဖျက်မယ့် လူလိုလိုနဲ့ ကိုယ့်ဘလော့ link ကို ကမန်းကတန်း ဖြုတ်သူလည်းဖြုတ်
နဲ့ပေါ့ ။ ဒါတောင် ခုနောက်ပိုင်း ဒေါ်စုအနေနဲ့ ဟိုဖွင့်ပွဲတက် ၊ ဒီပွဲမှာ ဒိုင်လူကြီးလုပ်တာမျိုး အရေးမ
ကြီးလှတဲ့အလုပ်တွေ မလုပ်သင့်ကြောင်း အကြံမပြုမိသေးလို့သာပဲ ။ နို့မို့ရင် ကက်ကက်လန် ရန်ဝိုင်း
တွေ့တာကို ခေါင်းမြီးခြုံပြီး ပုန်းနေရကိန်းရှိတယ် ။
ခုလည်း AB ကိစ္စကို အချို့နေရာတွေမှာ လွန်လွန်ကျွံကျွံမဖြစ်ရလေအောင် ဘရိတ်တစ်ချက် ဝင်
အုပ်ပေးသလို လုပ်လိုက်တာပါ ။
ဆိုးဆိုးရွားရွား တုန့်ပြန်ခံရနိုင်တယ်ဆိုတာ မျှော်လင့်ထားပါတယ် ။ ခုထိတော့ ဘလော့ကြီးတစ်ခု
က ခဏကန်ထုတ်လိုက်တာနဲ့ မကျေမနပ်သံအချို့လောက်ပဲ ကြားရသေးတာမို့ သိပ်ကြီးတော့ မဆိုး
လှပါဘူးလေလို့ ဖြေသာပါတယ် ။
လူဆိုတာ ခံစားတတ်တဲ့ သက်ရှိ ၊ စိတ်စေရာနောက်ကို လိုက်တတ်တဲ့ သတ္တဝါ ။
မီဒီယာဆိုတာက ခေတ်အဆက်ဆက် လူတွေရဲ့ စိတ်ခံစားမှုစူနာမီလှိုင်းအပါဝင် အတွေးအမြင်ကို
ပုံဖေါ်ဖန်တီးဖို့ အသုံးချခံ ကရိယာကောင်းတစ်ခု ။
အခု မြောက်ပိုင်းဒေသ ဖြစ်ခဲ့တာတွေလို နက်နက်ရှိုင်းရှိုင်း နာကျင်ကြေကွဲစရာတွေကို အသိဥာဏ်
ထဲ ဆေးထိုးသလို ထည့်ပေးလိုက်ရင် ခံစားမှုတွေ အုံကြွလာမှာအမှန် ။ ဒါကို အသုံးချချင်သူက လို
ချင်တဲ့ လမ်းကြောင်းလေးတစ်ခုထဲ မသိမသာလေး ထိန်းကျောင်းပေးလိုက်ရုံနဲ့ အသုံးချလို့ ရသွား
နိုင်ပါတယ် ။ ဒါဟာ ဖြစ်တတ်တဲ့သဘာဝပါ ။ စတင်ခဲ့သူက ရည်ရွယ်ကောင်းမှ ရည်ရွယ်ပါမယ် ။ ဒီ
လိုအဖြစ်တွေ ကမ္ဘာမှာ အများကြီး ဖြစ်ခဲ့ပါတယ် ။
လောလောလတ်လတ် အီဂျစ်ပဲ ကြည့် ။
လူတွေရဲ့ မကြေနပ်မှုတွေ တားမနိုင်ဆီးမရ လမ်းမပေါ်ရောက်ခဲ့ရာက မွတ်ဆလင်ညီအစ်ကိုများ
အဖွဲ့ကနေ သူတို့အကျိုးအတွက် ထိန်းကျောင်းသွားလိုက်တာ ခုတော့ တကယ်တန်း စတင်ခဲ့ကြတဲ့
လူငယ်တွေနဲ့ လစ်ဘရယ်သမားတွေ သူတို့ ရည်မှန်းခဲ့တဲ့ (ဒီမိုကရေစီ) ပန်းတိုင်နဲ့ပေးပြီး ပူဆွေးစရာ
ဖြစ်ရတော့မယ့် အနေထားပါ ။
၁၉၈၈ မှာ လူတွေရဲ့ မကျေနပ်တာတွေနဲ့ ပေါက်ကွဲနေချိန်မှာ - ဆေးထိုးထားတဲ့သူတွေကို ရေတွင်း
အဆိပ်လိုက်ခပ်တယ်လို့ ဖန်တီးပေးပြီး ဒေါသထွက်နေတဲ့လူအုပ်ကြီးကြားမှာ မောင်းဖြုတ်ဖို့ လူတစ်
ယောက်နှစ်ယောက်လောက် ထည့်ထားပေးရုံနဲ့ ခေါင်းဖြတ်သတ်တာတွေ ဖြစ်ခဲ့တာ သိကြမှာပါ ။
သပိတ်တွေ အသုံးချခံခဲ့ကြရတယ် ၊ အာဏာလက်မလွှတ်ချင်သူတွေရဲ့ လိုရာလမ်းဆီ ဦးတည်ပေး
တာ ခံခဲ့ကြရတယ် ။
AB နဲ့ပတ်သက်လို့ ခုဘာမြင်သလဲ ၊ ဟုတ်ကဲ့ ဟင်္သာကိုးကောင်ဇာတ်ကို မြင်မိပါတယ် ။ မြင်ဆို
မကြာခင်ကမှ စာတစ်ပုဒ် ဖတ်လိုက်ရပါသေးတယ် ။ မြောက်ပိုင်းကိစ္စ တာဝန်ရှိသူကို အဖြေထုတ်
ပြထားပုံက - သင်္ချာမှာ သက်သေပြတဲ့အခါ ပုစ္ဆာထဲတွင် “၁” ပါသောကြောင့် အဖြေသည် “၁” ဖြစ်
သည်လို့ ပြောရမလောက် နီးနီးပါပဲ ။ သာမန်အခြေနေမှာဆို လှောင်ပြောင်တာတောင် ခံရနိုင်ပါ
တယ် ။ ဒါပေမယ့် အချက်လက်တင်ပြရာမှာ ခံစားချက်ကြောင့် ဆက်စပ်မှုတွေ အားနည်းသွားတယ်
ဆိုတာ မြင်နေရပါတယ် ။ ကိုယ်ချင်းလည်း စာပါတယ် ။ တလောက တစညပါတီက ဒေါ်စုရွေး
ကောက်ပွဲဝင်ဖို့ ကန့်ကွက်ရာမှာ ပေါ်လစီဆောင်းပါး တစ်ပုဒ်ကို ကိုးကားခဲ့တာကို ပြေးသတိရတယ် ။
တင်ပြချက် အားနည်းတာကြောင့် ပင်မတင်ပြချက်တွေကိုပါ ထိခိုက်လာနိုင်တဲ့ အဆိုမျိုးတွေပါ ။
ခုလည်း လင့်တစ်ခုမှာဆိုရင် ပြည်ပအခြေစိုက်အဖွဲ့ အားလုံးလိုလို မြောက်ပိုင်းကိစ္စမှာ တာဝန်ရှိ
ကြတယ်လို့ ဆိုပါတယ် ။ သေဟဲ့ .. နန္ဒိယ လို့ ပြောရမလားပဲ ။ မကြာခင် ဒီလို လက်လွတ်စပယ်
စွပ်စွဲချက်တွေ ထပ်ထွက်လာအုံးမှာပါ ။ ဒီလိုတမ်းဆို ပြည်တွင်းမှာ ဂိတ်ပေါက်လောက် စောင့်ပေး
ရတဲ့ အရန်မီးသတ်တို့ ကြက်ခြေနီတို့တွေလည်း မဟုတ်မဟတ်ကိစ္စ အတော်များများအတွက် တ
ရားခံ ဖြစ်ရမလိုပါပဲ ။
ဒီလို ချော်နေတဲ့ အလွဲကလေးတွေကို လူတိုင်း သတိထားမိသလား ၊ တားဆီးဖို့ ကြိုးစားသင့်သ
လား ။ ဥပမာ .. အရှိန်ရနေတဲ့ ဒေါ်စုရဲ့ လမ်းကြောင်းရှေ့မှာ သွားရပ်မှာလား ၊ မရပ်ရဲပေါင်ဗျာ ၊ ပြား
သွားမှာပေါ့ ။
လူအများဟာ သူတို့ ယုံကြည်ထားပြီးသားနဲ့ပတ်သက်ရင် ဘယ်သူဘယ်လိုပြောပြော လက်ခံဖို့ အ
သင့်ရှိနေတတ်ကြပြီး အဲဒါတွေကပဲ လမ်းချော်စရာတွေအတွက် အမြဲအသင့် ဖြစ်နေစေတတ်ပါတယ် ။
ဒါပေမယ့် ဘာလုပ်လုပ် တင့်တယ်အောင်မြင်နေတဲ့ ဧရာမလမ်းကြောင်းကြီး လမ်းချော်ဖို့ရှိတယ်လို့
မြင်ရင် ခင်ဗျားကော ဘာလုပ်မလဲ ။
လမ်းချော်မယ်မြင်ရင် ရှေ့တည့်တည့် မရပ်ရဲရင်တောင် အတိုင်းတာတစ်ခုအထိတော့ ဘောင်ကွပ်
သလို ထောက်ပြပြောဆိုသွားဖို့ ကွန်မန်ဒိုတွေ လိုလာပါတယ် ။ စီမံခန့်ခွဲမှု (management) နေရာလို ၊
မတူတဲ့ထောင့်နဲ့ အလွှာတွေကို မြင်နိုင်တဲ့ ၊ ခံစားချက်တွေ ဘေးဖယ်ထားနိုင်တဲ့ ၊ စိတ်တည်ငြိမ်တဲ့
အတွင်းအပြင်ကလူတွေ လိုလာပါတယ် ။ စိတ်ခံစားမှုလှိုင်းကို စီးနေသူတွေဟာ ရုပ်ရှင်ကြည့်နေရသ
လို ၊ အင်မတန် စိတ်ကြည်နူး နှစ်သိမ့်စရာကောင်းတဲ့ အိပ်မက်တစ်ခုကို မက်နေကြသလိုပါပဲ ၊ အ
လိုက်သင့်လေး မြောပါနေကြပါတယ် ။ ဇက်ပိုးအုပ်ပြီး ဇိမ်ပျက်အောင် သွားလုပ်မိလို့ကတော့ မိုးမီး
လောင်နိုင်ပါတယ် ။ ဇိမ်ပျက်အောင်လုပ်တဲ့လူ ရူးရင်ရူး ၊ မရူးရင်လည်း ကြောင်နေတာပဲ ဖြစ်မှာပေါ့ ။
ဟုတ်ကဲ့ ချဉ်သီး ကျနော်ကတော့ ကြောင်နေပါတယ် ။
အပေါ်ကဟာ ပြန်ကောက်ရရင် ရာထူး တာဝန်ရှိသူတွေအနေနဲ့ အကန့်သတ်ဘောင်နဲ့ လုပ်ကိုင်
ရတာကိုလည်း ဝိုင်းနားလည်ပေးဖို့လိုသလို ၊ သူတို့ကနေ ပွင့်လင်းမြင်သာမှု ရှိနိုင်သမျှရှိအောင် လုပ်
ပြဖို့လည်း လိုတာပေါ့ဗျာ ။ ဒီနေရာမှာ အချို့ကိစ္စတွေဟာ မယ်ဘုတ်ရဲ့ ချည်ခင်တွေလို ဖြစ်နေတာ
လူတိုင်းနားမလည်ပေးနိုင် မသိနိုင်ကြတာတော့ ခက်ပါတယ် ။ အတင်းသွားဆွဲလို့ ကြိုးအပိုင်းပိုင်း
အပြတ်ပြတ်ပဲ ပါလာတဲ့အခါကျမှ ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ ဖြစ်တတ်ပါတယ် ။ ကျနော့်စ
ကား ပဟေဠိလို ဖြစ်ကောင်းဖြစ်ပါမယ် ။ ဒါပေမယ့် ပဒူအုံထိုးဖို့လောက်တော့လည်း ကျနော်မမိုက်
ချင်ပါ ။
ဘယ်လိုပဲဖြစ်ဖြစ် ၊ လောကကြီးမှာ ကိုယ်ဖြစ်ချင်တာတွေ အမြဲတန်း ဖြစ်မလာနိုင်ဘူးလို့ မျှော်
လင့်ထားမိရင်တော့ ၊ စိတ်ပျက်အားလျော့တာတွေ အတန်သင့် သက်သာပါလိမ့်မယ် ။ ဒါမှ မဟုတ်
ရင်တော့လည်း ကျနော်အပါဝင် စိတ်ဆင်းရဲပြီး လဲသေစရာပဲ ရှိကြတော့ပါမယ် ။
ဒါနဲ့ စဉ်းစားကြည့်တယ် ၊ ဘုရင်ခေတ်တွေတုန်းကလို အခြားဘုရင်က စော်ကားတယ်လို့ ယူဆ
တာတွေကစပြီး စိတ်လိုက်မာန်ပါနဲ့ နောင်လာနောင်ခါဈေး တုန့်ပြန်ရင်း သေခဲ့ကြရတာလည်း သောက်
သောက်လဲပါ ။ ခုဂြိုလ်တုခေတ် ရောက်တဲ့အထိ လူတွေမှာ စိတ်ဓါတ်တွေက သိပ်မပြောင်းလဲနိုင်ကြ
သေး ။
အင်း .. လူကိုး ။ ဒါပေမယ့် သင်္ခန်းစာ ရနိုင်သလောက် ယူကြရင်ကော မကောင်းဘူးလား ။
အင်းလေ .. ဒါကလည်း လူတွေနဲ့ပဲ ဆိုင်လေတော့ ....
ဟုတ်ကဲ့ ၊ မထူးတော့ပါဘူး ... ကျနော့်ကို ဝိုင်းသာထုကြပါတော့ ခင်ဗျား ....
မန်းကိုကို
၁၇ ၊ ၀၂ ၊ ၂၀၁၁
ဗျို့ မန်းကိုကို နဲနဲပြောပရစေ ခင်ဗျားက ကရင်လူမျိုးဖြစ်နေတော့ကာ ကျနော့်
ReplyDeleteအမြင်ပေါ့လေ ခင်ဗျားကရင်လူမျိုးများ အတွက် သင်္ခန်းစာရမယ့် အတွေးအမြင် ဖြန့်ကြက်လာနိုင်မယ့် ခံစားမှုကိုရှေ့ မတင်ပဲ ဥာဏ်မီသမျှ မေးခွန်းတွေ ထုတ်လာမယ့် အကြောင်းတွေကို ပိုရေးစေချင်တယ် ဥပမာဗျာ KNU နဲ့ DKBA ကွဲတာပဲကြည်. ခံစားမှုတွေကို ဗဟိုပြုတာများတော. အားလုံးသွားရော မဟုတ်ဘူးလားဗျာ
နောက်မှထပ်ရေးမယ်ဗျာ ရွှင်လန်းပါစေ
စဝ် ပြောသွားတာ ဟုတ်ပါတယ်ဗျာ ၊ ကျေးဇူးလည်း တင်ပါတယ် ။
Deleteကျနော့်အနေနဲ့ ကရင်တွေအကြောင်း အများကြီး မရေးခဲ့တာက အခြေနေ အချိန်ခါနဲ့ နောက်ခံတွေ အများကြီး ရှိပါတယ် ။ နောင်ကိုလည်း ဖြည်းဖြည်းချင်းပဲ ရေးဖြစ်သွားမယ် ထင်ပါတယ် ။ ဘာကြောင့်လည်း ဆိုတာတွေကို တစ်ထိုင်ထဲ ရေးပြရရင် ဘယ်လိုမှ စုံလင်မှာ မဟုတ်ပေမယ့် တချို့ အချက်ကလေးတွေကိုတော့ စီကုံးပြပါ့မယ် ။
(၁) ကရင်တွေရဲ့ကိစ္စက ရှည်လျားပြီး ကျယ်ပြန့်တာကြောင့် ၊
(၂) လတ်တလော AB လို အပူတပြင်း မဟုတ်ပဲ ၊ နာတာရှည်ကိစ္စမျိုးကို ကိုင်တွယ်ရမှာကြောင့် ၊
(၃) တက်ညီလက်ညီ တတ်စွမ်းသလောက် ဖေးမဝန်းရံမယ့် သူမျိုးတွေ ရှားနေသေးတာကြောင့် ၊
(၄) ဘာသာရေးပါ ပါလာတာမို့ ထပြီးကွန့်လိုက်ရင် လူမျိုးစု အသိုက်ဝန်းရဲ့ ဘောင်အပြင်ဖက် အထိပါ ရိုက်ခတ်နိုင်တာကြောင့် ၊
(၅) ကျနော်ကိုယ်တိုင် ပညာရေးကို မြှင့်တင်နေဆဲ ၊ ကရင်လူမျိုးနဲ့ ပတ်သက်တာတွေကို တဖြည်းဖြည်း လေ့လာဆဲ ဖြစ်တာကြောင့် ၊
(၆) ကရင်တစ်မျိုးထဲ အာရုံစိုက်တာမျိုးဟာ မဖြစ်သင့်ဘူးလို့ ယူဆသလို ၊ အများအတွက် လုပ်ရင်းကိုင်ရင်း သွယ်ဝိုက်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တာတွေလည်း ပါသင့်သလောက် ပါပါတယ် ။
တစ်ခါခါလည်း စဉ်းတော့ စဉ်းစားမိပါတယ် ၊ မိုးခါးရေသောက်ပြီး အေးချမ်းတဲ့ ဘဝမျိုးလေးကို ရွေးတာက အနေသက်သာ စိတ်ချမ်းသာဖို့ ရှိပါလိမ့်မယ် ။ လက်တွေ့ ရှိချင်မှ ရှိတော့မယ့် အိပ်မက်မျိုးတွေမက်ပြီး ၊ အရာရာကို ပျိုးထောင်ဖို့ ကြိုးစားတာဟာ မိုးခါးရေ မသောက်ပဲ ရူးနေရသလိုပါပဲ ။
(ကရင်တစ်မျိုးထဲ အာရုံစိုက်တာမျိုးဟာ မဖြစ်သင့်ဘူးလို့ ယူဆသလို ၊ အများအတွက် လုပ်ရင်းကိုင်ရင်း သွယ်ဝိုက်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တာတွေလည်း ပါသင့်သလောက် ပါပါတယ် ။)
ReplyDeleteဆရာမန်းကို ဒီတစ်ချက်တည်းနဲ့တင် အမှတ်ပြည့်းပေးလိုက်တယ်ဗျာ...တကယ်တော့ တိုးတက်ဖို့ဆိုတဲ့အရေးက တစ်မျိုးသားကောင်းနဲ့လုပ်လို့ကိုင်လို့ အဆင်ပြေလှတာမှ မဟုတ်ဘဲကိုး...အားလုံးညီကြမှ အားလုံးတစ်စိတ်တည်း တစ်ဝမ်းတည်းရှိကြမှ၊ ကျဉ်းမြောင်းတဲ့အမြင်တွေဖယ်ပြီး ယထာဘူတကျကျ ဆင်ခြင်နိုင်မှလည်း တည်ငြိမ်ပြီး တိုးတက်လာမယ်လို့လည်း ယူဆထားမိပါရဲ့ဗျား...
ဆရာမန်း အထက်မှာ ရေးခဲ့တာတွေကို ကျွန်တော်လည်း ထောက်ခံသပ...ခံစားချက်ကို ရှေ့တန်းတင်လွန်းရင်...ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ စတဲ့ အစွဲအလမ်းတွေ လိုတာထက်ပိုသွားရင် ဆုံးဖြတ်ချက်တွေ လွဲတတ်တာလည်း သာဓကတွေ ရှိခဲ့တာကိုး...အစွဲကြီးသူတွေကို ထိန်းသိမ်းကိုင်တွယ်ရတာ အင်မတန်လွယ်တာကလားဗျာ...ပျားရည်လေးနဲ့ ၀မ်းချလိုက်ရုံ သည်းခြေကြိုက်စကားလေး တစ်လုံးနှစ်လုံး ပစ်ကျွေးလိုက်ရုံနဲ့တင် ပွဲပြတ်သွားပြီပေါ့...
ဆရာမန်း မြင်သလို ကျွန်တော်လည်း မြင်တာပါပဲ...ဒါပေမယ့် ပါးစပ်က ပြောနေဖြစ်ပေမယ့် ထုတ်မရေးဖြစ်တာတော့ ကျွန်တော့်အားနည်းချက်လို့ပဲ ၀န်ခံရတော့မှာပဲ...ကျွန်တော်တော့ အမျိုးသားနိုင်ငံရေးကိုပဲ အားသန်တယ် ဆရာမန်းရေ...ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲ ရပ်တည်ရမှာပဲ...ကိုယ့်အမြင် ကိုယ့်အယူအဆကို ရဲရဲဝံ့ဝံ့ထုတ်ပြောကြမှလည်း လမ်းကြောင်းမှန်ပေါ်ကို ရောက်တော့မှာပေါ့...ရှင်တော်ဘုရားကတောင် သူပြောသမျှကို မဆင်ခြင်ဘဲ မယုံကြည်ဖို့ ဟောထားခဲ့သေးတာ...ကျန်တဲ့လူတွေပြောတိုင်း လုပ်တိုင်း ဇွတ်ရော အတင်းပါ ယုံကြည်၊ ထောက်ခံနေရင်တော့ မိုက်ရာကျတော့မပေါ့...
ကွန်မန့်ရှည်သွားသဗျာ...စိတ်မရှိပါနဲ့...
အမှတ်တော့ အပြည့်မပေးလိုက်ပါနဲ့ ကိုဟန်ကြည် ၊ ကျနော်လည်း ပါးစပ်က ပြောသလောက် လူက အပြည့်အဝလိုက်ဖို့ ခက်နေတုန်းပါ ။ အမှတ်ပေးချင်းပေးလည်း ၇၀ လောက်ဆို တော်ပါပြီဗျာ ၊ ကျန်တာကိုတော့ ကံ/ဘုရားတရားလက်ထဲသာ အပ်ထားလိုက်ပါ ။ မဟုတ်ရင် မြင်းစီးထွက်လာတဲ့ အခါကျမှ ရင်နာစရာ ဖြစ်နေပါဦးမယ် :D
ReplyDeleteကျနော်လည်း ရေးမယ့်သာ ရေးတာပါ ၊ အရင်ပို့စ်မှာ စကားတွေက မချောမမွေ့မို့ အချို့အတွက် နားခါးမှာတော့ အမှန်ပဲ ။ ပြန်ပြင်ရေးလို့ ရပေမယ့် ၊ ခုတစ်မျိုး နောက်တစ်မျိုးပြောသလို ဖြစ်နေမှာမို့ ၊ ဒီအတိုင်းထားပြီး လိုသလို ဆွေးနွေးဖြေရှင်းသွားဖို့ ရည်ရွယ်ထားပါတယ် ။
ကိုဟန်ကြည် ထုတ်မရေးဖြစ်တာကို စိတ်ထဲ မထားပါနဲ့ ၊ အဲဒါ အားနည်းချက်လို့လည်း ကျနော် မယူဆမိဘူး ။ ပိုအရေးကြီးတာတွေကို ရေးနေရတာကြောင့် အမှုမဲ့ အမှတ်မဲ့ ကျော်သွားမိတာတွေလို့သာ သဘောထားလိုက်ပါဗျာ :-)
ကွန်မန့်ရှည်တာလည်း ကိစ္စမရှိပါဘူး ၊ ကျနော်လည်း ရှည်တာပါပဲ ။
လေရှည်တာကို ကေဒါကောင်းဆိုပြီး ဂုဏ်ယူတတ်ကြလို့ ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂေါ်ဘာချော့တို့ဆို ငါးနာရီလောက် မိန့်ခွန်းပြောနိုင်တယ် ဆိုလားပဲ ။ စာကို ချက်ချင်း မပြန်ဖြစ်တာတော့ ဆောရီးဗျာ ၊ နောင်လည်း စာရေးနည်းနည်း ကျဲသွားဖို့တွေ ရှိပါတယ် ။ တက္ကသိုလ် ပထမနှစ်ကျောင်းသား လုပ်နေရလို့ စိတ်ရော ကိုယ်ပါ အတော်လေး မအားမလပ် ဖြစ်နေလို့ပါဗျာ ။