ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, February 11, 2012

ကြားဖူးဖတ်စ (၂) ~ နိုင်ငံရေးထဲ ဂွမ်းကနဲ



နိုင်ငံရေး (နာမ်) ~ ဆိုးယုတ်တဲ့ ၊ အားနည်းတဲ့ ၊ ကိုယ့်ဖက်ကိုယ်ယက်တဲ့လူတွေ လုပ်သောအရာများ

    အဲဒီအရာတွေဟာ ဘာတွေလဲဆိုတာနဲ့ ဘယ်လိုလုပ်ကိုင်ကြတယ်ဆိုတာ ကျနော်မသိပါဘူး ၊ ဒါ
ပေမယ့် သေချာတာကတော့ အပေါ်က အဓိပ္ပါယ်ဖွင့်ဆိုချက်လို စိတ်ထားရှိသူတွေက လုပ်နေတယ်
ဆိုတာပါပဲ ။ ကျနော့်ရဲ့စိတ်ထဲမှာ လူနှစ်မျိုးပဲ မှတ်ထားခဲ့ပါတယ် - အဲဒါတွေကတော့ သွက်လက်ပါး
နပ်သူနဲ့ ညံ့ဖျင်းသူ တွေပါပဲ ။

    ဒါတွေဟာ ကျနော် စိတ်ကြီးဝင်ပြီး ဗဟုသုတ နည်းခဲ့စဉ်အချိန်တွေက အတွေးတွေပါ ။  (ဗဟုသု
နည်းတာနဲ့ စိတ်ကြီးဝင်တာနှစ်မျိုးလုံး မကြာမကြာ အတူအကွ ယှဉ်တွဲဖြစ်ပေါ်လာတာဟာ စိတ်
ဝင်စားစရာပါ) ။

    ခုရေးပြတာတွေဟာ ကျနော့် ကိုယ်ပိုင်တွေ မဟုတ်ပါ ။ Scott Berkun ဆိုသူပြောခဲ့တာတွေ ဖြစ်
ပါတယ် ။


    Scott Berkun ဟာ Making Things Happen: Mastering Project Management ဆိုတဲ့ အင်
မတန်ရောင်းကောင်းတဲ့စာအုပ်ကို ရေးခဲ့သူဖြစ်ပါတယ် ။ ကနေ့အချိန်မှာ ဖိတ်ခေါ်တဲ့ ဟောပြောပွဲတွေ
မှာ ဟောပြောသူအဖြစ်နဲ့ရော စီမံခန့်ခွဲမှုကျွမ်းကျင်သူ အကြံပေးတစ်ယောက်အနေနဲ့ပါ အသက်မွေး
ဝမ်းကျောင်းမှုပြု ပြီး အောင်မြင်မှုတွေ ရနေတဲ့သူပါ ။ သူ့ကို မသိဘူးလို့ ခင်ဗျားတို့ ငြင်းနိုင်ပါတယ် ၊
ဒါပေမယ့် သူ့လက်ရာတွေကိုတော့ အကျွမ်းတဝင် ရှိကြမှာပါ ။ ဘာကြောင့်လည်းဆိုတော့ သူဟာ
Microsoft ကုပ္မဏီမှာ  ၁၉၉၄-၂၀၀၃ ခုနှစ်အတောအတွင်း Explorer, MSN, Windows တွေကို
ထုတ်လုပ်ခဲ့တဲ့ ပညာရှင်တွေကိုဦးဆောင်တဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လို့ပါပဲ ။

    အောက်မှာတော့ နိုင်ငံရေးကို အဆိုးမြင်ခဲ့တဲ့ Scott Berkun ရဲ့ ကုပ္မဏီအတွင်း စီမံအုပ်ချုပ်ရေး
အပေါ် အခြေခံပြီး အမြင်ပြောင်းလဲလာစေခဲ့တဲ့ အဖြစ်ပျက် အတိုချုပ်လေးပါ ။


    ၁၉၉၇ ခုနှစ်ဟာ ကျနော်တို့အဖွဲ့အတွက် အင်မတန် ကသောင်းကနင်းအချိန်တွေရှိခဲ့တဲ့ ခုနှစ်ပါပဲ ။

    အင်တာနက်စာမျက်နှာတွေ လှန်လှောကြည့်ဖို့သုံးတဲ့ browser တွေ အပြိုင်အဆိုင် ထုတ်လုပ်နေခဲ့
ကြတဲ့ အချိန်ဖြစ်ပါတယ် ။ ကျနော်ပါဝင်တဲ့ ပညာရှင်အဖွဲ့ဟာ အတော်များတဲ့ အဖွဲ့စည်း ပြောင်းလဲဖွဲ့
စည်းတာနဲ့ အလုပ်လမ်းကြောင်း ပြောင်းမှုတွေမှာ အခြေမကျသေးချိန် ဖြစ်ပါတယ် ။ ကျနော်တို့တစ်ဖွဲ့
လုံး စိတ်ဓါတ်အကြီးအကျယ်ကျအောင် ဖြစ်နေစေခဲ့တာကတော့ ကျနော်တို့ တာဝန်ယူရတဲ့အလုပ်ရဲ့
ရေးအကြီးဆုံး အစိတ်အပိုင်းအတွက် အင်မတန်ကို ညံ့ညံ့ဖျင်းဖျင်း စီမံခန့်ခွဲနေတာကြောင့်ပါပဲ ။
ကနော်အပါဝင် လုပ်ဖော်ကိုင်ဖက်အများစုဟာ စိတ်ပျက်နေခဲ့ကြပေမယ့် ဘာလုပ်လိုလုပ်ရမှန်းလည်း
သိပါဘူး ။ လုပ်ပိုင်ခွင့်နဲ့ စွမ်းအားမရှိတဲ့ ကျနော်တို့ဟာ စီမံခန့် ခွဲရေးအဖွဲ့ရဲ့ (နိုင်ငံရေးကစားမှုလို့ ခေါ်
ဆိုလို့ ရနိုင်မယ့်) လုပ်ပုံကိုင်ပုံ အသွားအလာတွေကိုသာ အပြစ်တင်နေခဲ့မိပါတယ် ။ ပိုဆိုးတာက အဲ
ဒီအချိန်က ကျနော့်ရဲ့ (အသင်းအဖွဲ့ဆိုင်ရာ) နိုင်ငံရေးအပေါ်အမြင်ဟာ အထက်မှာ ဖွင့်ဆိုပြထားတဲ့
အဓိပ္ပါယ်မျိုးကို ခံယူထားတာပါပဲ ။

     နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ကျနော်မသိသလို ၊ အဲဒါတွေကို ဘယ်လိုပြီးမြောက်အောင် လုပ်
သလဲဆိုတာကိုလည်း မသိပါဘူး ။ ဒါပေမယ့် စိတ်ထဲသေချာပေါက် စွဲမှတ်ထားမိတာကတော့ စီမံ
အုပ်ချုပ်မှုအဖွဲ့ထဲက ဆိုးယုတ်တဲ့ ၊ အားနည်းတဲ့ ၊ ကိုယ့်ဖက်ကိုယ်ယက်တဲ့လူတွေဟာ ဒီအရှုပ်ပုံကြီး
အတွက် တာဝန်ရှိတယ် ဆိုတာပါပဲ ။

     ကျနော့်အတွက် ကံကြမ္မာ မျက်နှာသာပေးတာတစ်ခု ရှိလာပါတယ် ။ အဲဒါကတော့ Internet
Explorer အဖွဲ့ရဲ့ အစီအစဉ်မန်နေဂျာဖြစ်တဲ့ Chris Jones နဲ့ အခန်းချင်းကပ်လျက်မှာ နေရာကျခဲ့
တာပါပဲ ။ အဖွဲ့ရဲ့ အခြေအနေကြောင့် စိတ်ပျက်နေတဲ့ကျနော်ဟာ သူ့နဲ့ကြုံရခိုက်မှာ စိုးရိမ်ပူပန်မှု
တွေအကြောင်းကို ဖွင့်ပြောဖြစ်ခဲ့ပါတယ် ။ သူက စိတ်ရှည်လက်ရှည်နားထောင်ပြီး နေ့လည် (ထ္မင်း)
စားချိန်မှာ စကားစမြည်ပြောကြဖို့ အဆိုပြုလိုက်ပါတယ် ။

     နေ့လည်စာစားချိန်ကို ရောက်ခဲ့ပါပြီ ။
     အစာစားခန်းထဲမှာ Chris Jones ဟာ ကျနော်မျှော်လင့်တာထက် အင်မတန် အံ့အားသင့်သွား
လောက်အောင် အများကြီး ပိုရှင်းပြခဲ့ပါတယ် ။ ကျနော်တို့ ကြုံတွေ့နေရတာတွေကို သူ့အမြင်ကနေ
ပြီး ချပြပါတယ် ။ အဖွဲ့တွင်းက အခြားသူတွေရဲ့ ယုံကြည်မှုတွေကိုလည်း မထိခိုက်စေပဲ ၊ ကျနော်
နားလည်နိုင်လောက်အောင် အခြေခံကျတဲ့ ပြဿနာတွေနဲ့ အချက်လက်တွေကို ပြောပြပါတယ် ။
ပြဿနာတွေကို သူ့ရဲ့ တစ်ဆင့်မြင့်တဲ့ အနေအထားကနေ သုံးသပ်ပြပါတယ် ။ ပြီးတော့ ဒီပြဿနာ
ကို ဖြေရှင်းဖို့ရာ သူ့မှာရှိတဲ့ မတူညီတဲ့ နည်းလမ်းသုံးခုကိုလည်း ပြောပြခဲ့ပါတယ် ။ သူ့ရဲ့လုပ်ရပ်ဟာ
ကျနော့်ရဲ့ ပိတ်ဖုံးနေတဲ့အမြင်ကို ဖွင့်ပေးခဲ့ပါတော့တယ် ။

     သူ့ဆီမှာ ကျနော်မမြင်ခဲ့တဲ့ လုပ်နိုင်ကိုင်နိုင်ခွင့် ဘောင်အကန့်အသတ်တွေ ရှိနေပါတယ် ။ လို
အပ်ချက် ၊ လိုအင်ဆန္ဒနဲ့ အဖွဲ့စည်းရဲ့ ရည်မှန်းချက်တွေမှာ - သူ့နဲ့ သူ့ရဲ့ ရာထူးတူ လုပ်ဖော်ကိုင်ဖက်
တွေ ၊ မန်နေဂျာတွေ ၊ ကုပ္မဏီ ဒုဥက္ကဋ္ဌတွေ စသည်ဖြင့် အဆင့်ဆင့် ကွဲပြားနေကြပါတယ် ။ သူ့ဆီ
မှာ ချိန်ဇယားအလိုက် လုပ်ကိုင်စရာတွေအပြင် ပြိုင်ဖက်ကုပ္မဏီတွေရဲ့ ပြိုင်ဆိုင်မှုဖိအားကလည်း
ရှိနေပါတယ် ။

     ကျနော် မြင်မိခဲ့တာက - သူ့ရဲ့ကမ္ဘာဟာ ကျနော့်ထက် ပိုလွတ်လပ်ပါတယ် ။ ဒါပေမယ့် ခုတော့
သူ့အနေထားဟာ ကျနော့်ထက် ပိုလို့တောင် ခက်ခဲနေတာ သိလာရပါပြီ ။ အကယ်၍များ ကျနော်
တို့ရဲ့ စိတ်ပျက်အားလျော့မှုအပေါ်မှာ အခြေခံပြီး ၊ အကန့်အသတ်တွေနဲ့ ရွေးချယ်စရာလမ်းတွေရဲ့
ဆိုးကျိုးတွေကိုနားမလည်ပဲ ဆုံးဖြတ်ချက်တွေသာ ချမယ်ဆိုရင် ဘယ်လောက်ပိုဆိုးသွားနိုင်မလဲဆို
တာ မြင်လာပါပြီ ။


     ကျနော်တို့နှစ်ယောက်ရဲ့ စကားဝိုင်းမှာ ဒုတိယအဆင့်အနေနဲ့ ကျနော် လုံးဝမျှော်လင့်မထားခဲ့တာ
တစ်ခုကို သူလုပ်ခဲ့ပါတယ် ။ အဲဒါကတော့ ကျနော့်ရဲ့ ထင်မြင်ချက်ကို တောင်းခံခဲ့တာပါပဲ ။ ကျနော့်ရဲ့
အမြင် ၊ ကျနော့်ရဲ့ ကျိုးကြောင်းနဲ့ ဆက်စပ်တွေးခေါ်ပုံကို ဖေါ်ထုတ်ပြီး ၊ သူလုပ်ရမယ့် ဆုံးဖြတ်ချက်
တွေအတွက် အကြံပေးဖို့ လမ်းဖွင့်ပေးခဲ့ပါတယ် ။

     အဲဒီအချိန်ပိုင်းလေးဟာ ကျနော့်ဘဝရဲ့ နိုင်ငံရေးဆိုင်ရာမှာ ပိုကျယ်ပြန့်တဲ့အမြင်နဲ့ မြင်ကွင်းထဲ
ချင်းနင်းဝင်ရောက်စေခဲ့တဲ့ အခိုက်အတန့်ကလေးပါပဲ ။ Chris Jones ကြုံတွေ့နေရတဲ့ အနေအ
ထားဟာ ခက်ခဲပါတယ် ။ တကယ့်တကယ်ကိုပဲ ခက်ခဲပါတယ် ။ ကျနော့်ရဲ့အမြင်ကို တောင်းခံပြီး
စိတ်ရှည်လက်ရှည်နဲ့ နားလည်းထောင်ခဲ့တဲ့အတွက် နိုင်ငံရေးအတွေနဲ့ပတ်သက်လို့ အမုန်းတရား
အပေါ်အခြေခံပြီး လက်ညှိုးထိုးအပြစ်တင်တတ်တဲ့ ကျနော့်ကို အမြင်ကြည်အောင် ပြောင်းလဲစေ
ခဲ့ပါတော့တယ် ။ အဲဒီအချိန်မှာ ကျနော်ဟာ တစ်ကိုယ်လုံးတောင့်တင်းပြီး ဘာပြောရမှန်းမသိ
လောက်အောင် ချောက်ခြားသွားခဲ့ပါတယ် ။ အသိဥာဏ်မြင့်မားတဲ့ အဖြေမျိုး တစ်ခုမှ မပေးနိုင်ပဲ ၊
စားလက်စ အသားညှပ်ပေါင်မုန့်ကိုသာ ငေးစိုက်ကြည့်နေမိခဲ့တဲ့အဖြစ်ဟာ မေ့နိုင်စရာမရှိပါဘူး ။

     ဒိနောက်မှာတော့ Chris Jones ရဲ့ အခြားသူတွေနဲ့ စကားစမြည်ပြောဆိုတာတွေ ၊ လျှပ်တစ်ပျက်
ဆွေးနွေးတာတွေ ၊ သူ့ဆီမှာ အကြံဥာဏ်လာတောင်းတာတွေကို တစ်စွန်းတစ်စနားထောင်ရင်း ပို
ကျယ်ပြန့်တဲ့ အမြင်နဲ့ တွေးခေါ်မှုတွေကို ဖြန့်ကျက်လာနိုင်ခဲ့ပါတယ် ။ ကျနော့်ရဲ့ ပြောင်းလဲမြင်လာတဲ့
နိုင်ငံရေးနဲ့ပတ်သက်တာ တွေကို အတိုချုပ်ပြရရင်တော့ အောက်ကအတိုင်းပါ ။

  (၁)  နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ စကားမဟုတ်ပါ ။
  (၂)  ခေါင်းဆောင်အားလုံးမှာ နိုင်ငံရေးနဲ့ လုပ်ပိုင်ခွင့်စွမ်းအားတွေ အကန့်အသတ် ရှိကြပါတယ် ။
  (၃)  လုပ်ပိုင်ခွင့်စွမ်းအားနဲ့ တာဝန်ယူရမှုတွေဟာ အမြဲတန်း အချိုးကျပါတယ် ။
  (၄)  နိုင်ငံရေးဟာ ပြဿနာဖြေရှင်းနည်းတစ်နည်း ဖြစ်ပါတယ် ။

     ဒါတွေအပြင် အချက်တချို့လည်း ရှိပါသေးတယ် ။

*  စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်လုပ်ကိုင်ချက်တိုင်းဟာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်လုပ်ကိုင်ချက်တွေပါ ။
*  လုပ်ပိုင်ခွင့်စွမ်းအားဟာ အကြမ်းဖျင်းဆိုရရင် - လူတစ်ယောက်ကနေ အခြားလူတစ်ယောက်အ
ပေါ် လွမ်းမိုးနိုင်မှု သို့မဟုတ် ထိန်းချုပ်နိုင်မှု ဖြစ်ပါတယ် ။
*  နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်စွမ်းအားဟာ အထက်က ချပေးတဲ့ပုံစံမျိုးနဲ့ အမွေခံရရှိနိုင်သလို ၊ တည်
ဆောက်ယူလို့လည်း ရနိုင်တဲ့ အရာဖြစ်ပါတယ် ။
*  လက်ညှိုးထိုး အပြစ်တင်တာမျိုးတွေဟာ ဘာမှ မပြောင်းလဲနိုင်ပါဘူး ။ သေချာတာက ခင်ဗျားကို
အဓိကအကြောင်းရင်းခံနဲ့ ဖြေရှင်းလို့ရမယ့် အဖြေတွေကနေတောင် ပိတ်ဆို့ကွယ်ထားတတ်ပါသေး
တယ် ။
  *  ပြဿနာတွေအတွက် နိုင်ငံရေးကို အပြစ်တင်တာဟာ ရှောင်လွှဲလို့မရတဲ့ စိတ်ပျက်စရာအရာ
တွေကနေ ရှောင်ပုန်းဖို့ ကြိုးပမ်းချက်တွေသာ ဖြစ်နေတတ်ပါတယ် ။ ဒါတွေအားလုံးဟာ နိုင်ငံရေး
တစ်ခုထဲကို အကြုံးဝင်တာ မဟုတ်ပါဘူး ။ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတွေ ၊ စီမံခန့်ခွဲမှု ၊ ဈေး
ကွက်ချဲ့ထွင်ဖို့ ကြော်ငြာလုပ်ငန်းတွေ စသည်ဖြင့် နေရာတိုင်းမှာ တွေ့နိုင် ၊ သက်ဆိုင်ပါတယ် ။



၁၁ ၊ ၀၂ ၊ ၂၀၁၂
မန်းကိုကို

note ~ Scott Berkun ရဲ့ Making Things Happen: Mastering Project Management စာအုပ်ထဲက
           အစိတ်ပိုင်းတစ်ခုကို နားလည်သလောက် အတိုချုပ် ပြန်ရေးထားတာပါ ။ ပြည့်စုံမယ်လို့ တာဝန်
           မယူပါ ၊ သူ့ ဆိုလိုရင်းအတိုင်း ထပ်တူမယ်လို့ အာမ မခံပါ ။ အားရကျေနပ်မှုတွေ မရှိဘူးဆိုရင်
           - အခြား ဖြစ်နိုင်ချေတွေကို ကိုယ်တိုင်စဉ်းစား ဖွေရှာကြည့်ပါ ။ မိတ်ဆွေများနဲ့လည်း ဆွေးနွေး
           တိုင်ပင် နည်းလမ်းရှာကြံနိုင်ကြပါတယ် ။

No comments:

Post a Comment