ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, March 5, 2012

ချဲထိုးရင် တဲထိုးရမယ် ၊ ဒါတင်လား ...



   ချဲအပါအဝင် တရားမဝင်လုပ်ငန်းတွေကို တိုက်ခိုက်ဖြိုဖျက်ရမယ် ၊ အမြစ်ပြတ် ချေမှုန်းရမယ် ၊ ဒါ
တွေဟာ လူမှုအသိုင်းဝိုင်းထဲမှာ မရှိသင့်ဖူး စသည်ဖြင့် မြန်မာအသိုင်းဝိုင်းမှာ မကြာခဏ ကြားနေမြင်
ကြရပါတယ် ။ ဒီနေရာမှာ ဦးသိန်းစိန်ရဲ့ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးဆိုတာကိုပါ တစ်ပါထဲ
ပြေးမြင်မိပါတယ် ။

   ဒီစကားတွေဟာ တကယ်ဖြစ်နိုင်သလား ၊ လက်တွေ့ကျရဲ့လား ။
   တကယ်တန်းမတော့ ဒီမိုကရေစီစနစ် ကျင့်သားရပြီးနေတဲ့ နိုင်ငံတွေမှာ ကနေ့ ကျနော်တို့ လက်သင့်
မခံနိုင်သေးတာတွေကို နည်းလမ်းရှာ ညှိနှိုင်းနေရာချတဲ့ လမ်းစဉ်ကို ကျင့်သုံးနေလာခဲ့ကြတာ အတော်
ကြာပါပြီ ။ ဒီတော့ ကျနော်တို့လည်း အရှိကို အရှိအတိုင်း ကြိုးစားလက်ခံပြီး လေ့လာရှာဖွေလို့ ရလာ
တဲ့အဖြေတွေကို လူမှုအသိုင်းဝိုင်းထဲမှာ သင့်တော်သလို နေရာပေးပြီး အမြစ်ဖြတ်လို့ မရနိုင်တာတွေ
နဲ့ ယှဉ်တွဲနေသွားဖို့ ကြိုးပမ်းသွားကြရင် မကောင်းဘူးလား ။

   ဒါကို ပြောတော့ နိုင်ငံရေးဆိုတဲ့ စကားလုံးက ပါလာပြန်ပါတယ် ။ အတွေးခေါ်ပညာရှင်အချို့ရဲ့ ယေ
ဘုယျ အဓိပ္ပါယ်ဖွင့်တာကို ပေါင်းလိုက်ရင် နိုင်ငံရေးဆိုတာ “ဘယ်သူတွေ ဘာကိုရရမယ်ဆိုတာကို ညှိ
နှိုင်းတဲ့ ဝိဇ္ဇာပညာရပ်” ပါတဲ့ ။ ဒီနေရာမှာ လာပြီး တိုက်ဆိုင်နေတယ်လို့ မထင်မိဘူးလား ။

   လိုရင်း ချဲဖက်ကို ပြန်လှည့်ရအောင် ။ မနှစ်က တောင်ငူမြို့မှာ ဖြစ်ခဲ့တာလေး တစ်ခုပါ ။
   မြို့ထဲက ပစ္စည်းအရောင်း ကိုယ်စားလှယ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ချဲရောင်းသူ အ
ခြား အမျိုးသမီးတစ်ယောက်ကို ချဲကွေး သိန်း ၁၀၀ ကျော်ပေးရဖို့ ရှိလာခဲ့ပါတယ် ။ ဒီအနေထားကို
ဘယ်လိုရောက်လာတယ်ဆိုတာ အသေးစိတ်မပြောလိုပါ ၊ ဒါပေမယ့် အကျိုးဆက်အနေနဲ့ မကြံ
ကောင်း မစည်ရာတွေ လုပ်တာနဲ့ပတ်သက်လို့ ပြောချင်တာပါ ။

   လူတိုင်းလိုလို စိတ်ဝင်စားတဲ့ ပွဲနေ့တစ်နေ့ရဲ့ ညနေပိုင်းမှာဖြစ်ပါတယ် ။ အသီးသီအသက ရုပ်မြင်
သံကြားရှေ့မှာ ကော်နဲ့ကပ်ခံထားရသလို ဖြစ်နေချိန် ၊ အပေါ်ကပြောခဲ့တဲ့ အမျိုးသမီးဟာ သူကြွေး
ပေးစရာရှိတဲ့ အမျိုးသမီးကို ပိုက်ဆံပေးမယ်ဆိုပြီး ဖုန်းဆက်ခေါ်လိုက်ပါတယ် ။ ရောက်လာတဲ့အခါ
ခြံတံခါး အိမ်တံခါးတွေကို ပိတ်လိုက်ပါတယ် ။ ပြီးတော့ ငွေသွားယူမယ်ဆိုပြီး ကြွေးရှင်ကို စောင့်
ထားခိုင်းပါတယ် ။ မကြာခင်မှာ ဆန်အိတ်ထိုးတဲ့ စူးတစ်ချောင်းယူထွက်လာပြီး ကြွေးရှင်ကို ထိုးပါ
လေတော့တယ် ။

   ကံကြမ္မာ မျက်နှာသာမပေးလေတော့ ကြွေးရှင်အမျိုးသမီးက နေမကောင်းလို့ အနွေးထည် နှစ်ထပ်
သုံးထပ် ဝတ်ထားတာကြောင့် မိန်းမအားနဲ့ထိုးတဲ့ စူးချက်တွေဟာ သေလောက်တဲ့ဒဏ်ရာတွေ ချက်
ျင်း မပေးနိုင်ခဲ့ပါဘူး ။ ဖြစ်ချင်တော့ စူးချက်တွေကို လက်နဲ့ကာရင်း ကြွေးရှင်အမျိုးသမီးဟာ ထိုင်နေ
တဲ့ ခုံတန်းရှည်နောက်ကို လန်ကျသွားရာက ပိတ်မထားတဲ့ လေသာကဲလားပေါက်ကနေ အိမ်အောက်
ကို လိမ့်ကျသွားပါတော့တယ် ။ တစ်ခါ ပြန်ထပြီး ခြံတံခါးပေါက်ကိုပြေးစဉ်နဲ့ ခွေးတိုးပေါက်ကနေ အ
တင်းတိုးထွက်ဖို့ ကြိုးစားစဉ်မှာလည်း စူးနဲ့ အဆက်မပြတ် လိုက်ထိုးတာကို ခံနေခဲ့ရပါတယ် ။

   ခြံထဲက လွတ်ထွက်ခဲ့ပြီး ခြံဘေးမှာကွမ်းယာရောင်းနေတဲ့ အမျိုးသမီးကြီးနဲ့တွေ့သွားလို့သာ ထပ်
အလိုက် မခံရတော့ပေမယ့် ၊ မျက်နှာအပါအဝင် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့မို့ ဆေးရုံတက်ကုခဲ့
ရပါတယ် ။ အကွက်ချပြီး လူသတ်ဖို့ ကြံစည်ကြိုးစားခဲ့တာဟာ ငြင်းလို့မရနိုင်တဲ့အပြင် ဒီအမျိုးသမီးရဲ့
အိမ်ဘေးမှာလည်း မလိုအပ်ပဲ အိမ်သာကျင်းဆိုပြီး တွင်းတစ်တွင်း တူးထားတာပါ ပေါ်လာတာကြောင့်
ကိစ္စကဖြင့်ပြတ်ပြီ ထောင်ကျပြီလို့ ထင်စရာရှိပါတယ် ။

   ဒါပေမယ့် “စတည်းက ယဉ်သကို” ဆိုသလို လူသတ်ဖို့ကြိုးစားခဲ့သူ အမျိုးသမီးဟာ နှစ်ပတ်ကျော်
ကြာတဲ့အထိ အဖမ်းမခံခဲ့ရပါဘူး ။ နောက်ပိုင်းမှာ အဖမ်းခံခဲ့ရပေမယ့် ခုချိန်ထိ စီရင်ချက်ချတာ မခံရ
သေးပဲ ၊ အပြင်ကိုလည်း ပြန်လွတ်နေပြန်ပါပြီ ။ ပြစ်မှုကျူးလွန်သူတွေအပေါ် အလွန်ညှာတာတဲ့ သြ
စတြေးလျ နိုင်ငံမှာတောင် လူသတ်ဖို့ ကြံစည်ကြိုးစားတာအတွက် အာမခံ မရနိုင်ပါဘူး ။ အပေါ်က
အဖြစ်မှာတော့ ခုလိုအနေထားမျိုး ဖြစ်တာတောင် လူသတ်ဖို့ကြံစည်ကြိုးစားခဲ့သူကနေ ငွေသိန်းပေါင်း
ရာချီ အကုန်ခံထားခဲ့တာမို့ ၊ တာဝန်ရှိတဲ့ ရဲတွေကိုယ်တိုင်က လာဟ်စားထားတာတွေ အဖေါ်ခံရမှာစိုး
ပြီး အဲဒီအမျိုးသမီးရဲ့ ခြိမ်းခြောက် ကြိမ်းဝါးတာတွေကို ငြိမ်ခံနေရတဲ့အဖြစ်ပါ ။ မသေပဲ ကျန်ခဲ့ရသူ အ
မျိုးသမီးမှာလည်း ကိုယ့်ကိုသတ်ဖို့ ကြံစည်ကြိုးစားခဲ့သူ ထောင်ကျစေဖို့အရေး ငွေသိန်းပေါင်း ဆယ်
ကဏန်း အကုန်ခံခဲ့ရပြီးပါပြီ ။ ဇာတ်လမ်းကတော့ မလှမပပါပဲ ။

   ဒါက အစွန်းရောက် အဖြစ်တွေထဲက တစ်ခုပါ ။ အခြား ချဲကြွေးမဆပ်နိုင်လို့ ရူးသွားသူ ၊ ငွေမလျော်
နိုင်လို့ ထွက်ပြေးတိမ်းရှောင်သူ ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းပြီး ဒါးပြတိုက်သလို ငွေတောင်းသူ ၊
မြန်မာပြည်က အိမ်သူအိမ်သားတွေရဲ့ ချဲနဲ့ပတ်သက်မှုကြောင့် ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး လုပ်နေ
ခဲ့တာတောင် အိမ်မပြန်နိုင်သေးပဲ ဆက်ပြီးရုန်းကုန်နေရသူ ၊ သက်ဆိုင်ရာ ဌာနတွေက “လာဟ်ပေး-ရန်
လို” လုပ်နေတာတွေဟာ မြန်မာပြည်မှာ အမျိုးသားရေးပြယုဂ်လို ဖြစ်နေတယ်လို့တောင် ပြောလို့ရနိုင်
ပါတယ် ။

   ဒါတွေကိုအခြေခံပြီး အမြစ်ပြတ် ချေမှုန်းလိုသူတွေရှိနေတာဟာ မဆန်းပေမယ့် ၊ “ရှဥ့်လည်းလျှောက်
သာ ပျားလည်းဖွပ်သာ” မယ့် လမ်းမျိုးတွေ ရှာဖွေအတုယူနိုင်ရင်ကော ပိုမကောင်းဘူးလား ။

   ပထမတစ်ချက် မြင်မိတာက - လူဆိုတာဟာ စိတ်လှုပ်ရှားစေတဲ့ လုပ်ရပ်နဲ့ ဖြစ်စဉ်တွေအပါအဝင်
ဖျော်ဖြေရေးကို မခုံမင်ရင်တောင် အပန်းပြေ အပျင်းပြေသဘောမျိုး လုပ်ချင် လိုချင်တတ်တဲ့ ခံစားမှုနဲ့
တွဲကပ်နေတဲ့ သတ္တဝါပါ ။ နောက်ပြီး တရားဝင်တယ် မဝင်ဘူး ဆိုတာကလည်း လူတွေကပဲ ဝိုင်းပြီး
သတ်မှတ်ကြတာပါ ။ လူညီရင် “ဤ” တောင် “ကျွဲ”ဖြစ်သလို အများသဘောတူရင် ဥပဒေဆိုတာ ဖြစ်
တာပါပဲ ။ ဘယ်သူမှ အရှူံးမရှိတဲ့ ဥပဒေ ၊ ကျင့်ဝတ်နဲ့ အပြုအမူ အလုပ်အကိုင်တွေကို ချမှတ်ကျင့်သုံး
နိုင်ကြရင် ... ကဲ ခင်ဗျားကော ဘယ်လိုထင်သလဲ ။

   အပေါ်က ဖြစ်ရပ်ကိုကြည့်ရင် လူမှုရေး ၊ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အပိုင်းတွေပါနေပါ
တယ် ။ “ချဲ” ဆိုတာက အဲဒီအပိုင်းတွေ အားလုံးနဲ့ပတ်သက်နေတဲ့ အစိတ်အပိုင်းလေး တစ်ရပ်ပါ ။

   လူမှုရေးကို အရင်ပြောရရင် - လူမှုရေးသိပ္ပံပညာဟာ လူမှုအဖွဲ့အစည်းတွေမှာ ကြုံတွေ့လာရတဲ့
ကျင့်ဝတ် အပါအဝင် အခက်အခဲ အတားအဆီးနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ရာ နည်းလမ်းရှာကြံဖို့ မရှိ
မဖြစ်ပညာရပ်ပါ ။

   ဒီပညာဟာ နိုင်ငံရေးနဲ့လည်း မလွဲမရှောင်သာ ယှက်နွယ်နေတာကြောင့် ဒါတွေကို နားလည်သူတွေ
များလာတာနဲ့အမျှ  မြန်မာပြည်မှာ လက်ရှိ အာဏာယူထားသူတွေအနေနဲ့ အရင်လို ထင်ရာစိုင်းလို့ မ
ရနိုင်တော့မှာ သေချာတာမို့ ခုနေချိန် အင်အားတောင့်တုန်းမှာ တတ်နိုင်သမျှ အပြောင်းအလဲတွေကို
ခုခံ တားဆီးနေကြတယ်လို့ တစ်စိတ်တစ်ပိုင်း ပြောနိုင်ပါတယ် ။ ဒီတော့ အာဏာယူထားသူတွေအနေ
နဲ့ ကိုယ်တိုင်ကိုယ်ကျ လူမှုသိပ္ပံ ပညာတွေကိုသင်ယူပြီး အသုံးချရင်ချ ၊ မလုပ်နိုင်ရင်ဖယ် ၊ မဖယ်နိုင်ရင်
ပြည်သူတွေကပဲ လေ့လာသင်ယူ အသုံးချပြီး ဒီလိုလူတွေကို ဘေးရောက်သွားအောင် လုပ်ကြဖို့ လိုပါ
တယ် ။

   မှတ်မှတ်ရရတစ်ခုက မလေးရှားမှာရှိစဉ် တရားရုံးချုပ် တရားသူကြီးတွေရဲ့ လစာကိုကြားပြီး အတော်
လေး အံ့သြသွားမိခဲ့ဖူးပါတယ် ။ အငယ်တန်း မန်နေဂျာတစ်ယောက်ရဲ့ လစာဟာ ရင်းဂစ်ငွေ ၂၅၀၀
လောက် ရှိချိန်မှာ သူတို့လစာက သောင်းကဏန်းရှိတဲ့အပြင် အပိုခံစားခွင့်တွေကလည်း မနည်းပါ ။
ဒါကိုကြည့်ရင် ရှည်ရှည်ဝေးဝေး တွေးစရာမလိုပဲ အူမတောင့်တော့ သီလတွေ အတိုင်းအတာတစ်ခု
ထိ စောင့်နိုင်ကြတာ သိနိုင်ပါတယ် ။ စင်္ကာပူမှာ ဝန်ကြီးတွေကို အပြင်ကုပ္မဏီကြီးတွေရဲ့ အလုပ်မှု
ဆောင် အရာရှိချုပ်လစာတွေနဲ့ နှိုင်းချိန်ပေးထားကြောင့် အကျင့်ပျက်မှုတွေ မကြားမိသလောက်ပါ ။
တစ်ဖက်မှာတော့ လစာမလောက်ငတဲ့ မလေးရှားနဲ့ ထိုင်းရဲတွေရဲ့ ရင်သပ်ရှုမောစရာ အကျင့်ပျက်
ချစားမှုတွေကို တွေ့ရမှာပါ ။ တစ်နွယ်ငင်တစ်စင်ပါ အင်ဒိုနီးရှားမှာတော့ ရှေ့နေအသင်းခေါင်းကြီး
ပိုင်း အဆိုအရ ၉၀% သော တရားသူကြီးများဟာ လာဟ်စားပါသတဲ့ ။

   မြန်မာပြည်မှာတော့ တရားရေးနဲ့ ဥပဒေစိုးမိုးရေး ကဏ္ဍတွေဟာ လွတ်လပ်ဖို့လိုသလို ခံစားခွင့်တွေ
ကိုလည်း တိုးမြှင့်ပေးနိုင်ပါမှ တော်ကာကျမယ်ဆိုတာ ကျနော်မပြောလည်း သိပြီးဖြစ်ကြမှာပါ ။ ထပ်
ဆင့်ပြီး ကြည့်မယ်ဆိုရင်တော့ ဒီတစ်ကဏ္ဍထဲ လုပ်လို့ မလုံလောက်ပဲ စစ်တပ်အပါအဝင် ဝန်ထမ်း
လောက တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်သင့်ပြီလို့ မြင်ပါတယ် ။

   ခံစားခွင့် တိုးပေးတာ ၊ မလိုအပ်တဲ့ ဝန်ထမ်းတွေလျှော့တာ ၊ ကန်ထရိုက်စနစ်နဲ့ အလုပ်ခန့်တာ ၊
လေ့ကျင့်မွမ်းမံပေးတာ စသည်ဖြင့် လူသားအရင်းအမြစ်နဲ့ လုပ်အားစွမ်းအားတွေကို အမြင့်ဆုံးအ
နေအထားအထိ အသုံးချနိုင်ဖို့ကို မဖြစ်မနေ လုပ်ရပါတော့မယ် ။ မလိုတော့သူတွေကို အသက်မွေး
ပညာတွေ သင်ပေးဖို့နဲ့ အခြားအလုပ်ကိုင်တွေမှာ နေရာပြန်ချထားဖို့လည်း လုပ်ရပါမယ် ။ လက်ရှိ
မှာ ခွက်ခွက်လန် အနှုတ်လက္ခဏာဖြစ်နေတဲ့ မြန်မာပြည်ဌာနဆိုင်ရာတွေနဲ့ယှဉ်ပြီး မလေးရှားနိုင်ငံ
က ရင်းဂစ်ငွေ သန်းရာနဲ့ချီပြီး အမြတ်ထွက်နေတဲ့ စာပို့ဌာနလို စံနမူနာတွေကိုတွေ့တဲ့အခါမတော့
အပေါ်ကပြောတဲ့ ပြောင်းလဲမှုတွေ မဖြစ်မနေ လိုနေတယ်ဆိုတာ ပိုပြီး ယုံကြည်လာခဲ့ပါတယ် ။ ဒ
ပြုပြင်ပြောင်းလဲမှုတွေဟာလည်း ဦးသိန်းစိန် ဖြစ်စေချင်တဲ့ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးမှာ
ထိထိရောက်ရောက် အထောက်ကူပေးမှာပါ ။

   နောက်ဆုံးတစ်ခုက ချဲအပါအဝင် လောင်းကစားကိစ္စပါ ။
   မကာအိုကျွန်းဟာ လောင်းကစားဝိုင်းတွေနဲ့ စီးပွားဖြစ်နေခဲ့တာ အများသိပါ ။ မလေးရှားမှာလည်း
ဆယ်စုနှစ်ပေါင်းများစွာ လည်ပတ်နေခဲ့တဲ့ Genting Highland ဆိုတဲ့ လောင်းကစားရုံတွေနဲ့ တွဲထား
တဲ့ အပန်းဖြေတောင်ပေါ်ဒေသကို မလေးရှား ရောက်ဖူးသူတိုင်းလိုလို သိကြပါတယ် ။ ခုဆို စင်္ကာပူ
လည်း အပန်းဖြေ ဖျော်ဖြေရေးကို အကြောင်းပြပြီး ကာစီနိုင်ဝိုင်းတွေကို လိုင်စင်ချပေးနေပါပြီ ။ ထိုင်း
နိုင်ငံကြည့်ရင်တော့ တရားဝင်လောင်းကစား လုပ်လို့မရတာကြောင့် စတော့ဈေးကွက်ကနေစပြီး
လျို့ဝှက်လောင်းကစားခန်းတွေအပြင် ကမ္ဘောဒီးယားနဲ့ ရွှေတြိဂံလိုဒေသတွေမှာ လောင်းကစားရုံထဲ
လူကြိတ်ကြိတ်တိုးပြီး အကြီးကျယ် အလုပ်ဖြစ်နေတာကို တွေ့ရမှာပါ ။

   မြန်မာပြည်ချဲကိစ္စကို မလေးရှားချဲနမူနာနဲ့ တစ်ချက်ယှဉ်ကြည့်ရအောင် ။
   မြန်မာပြည်က ထီကြီးပေါက်ကဏန်း နောက်ဆုံး ၂ လုံးနဲ့ ထိုင်းနိုင်ငံ ထီကဏန်းတွေကို တရားမဝင်
ယူကစားနေကြချိန်မှာ ၊ မလေးရှားမှာတော့ Sport Toto, Magnum 4D နဲ့ 3D & 1+3D  ဆိုပြီး တရား
ဝင် ၃ - ၄ လုံး ထီ/ချဲကုပ္မဏီ ၃ ခုရှိပါတယ် (၂-၃-၄-၅-၆ လုံး ပေါက်ကဏန်းတွေကိုတော့ အသေးစိတ်
မရှင်းတော့ပါ) ။ တခါ Big Sweep ဆိုပြီး ၃ ပတ်တစ် ခါထွက်တဲ့ သန်းထီလည်းပဲ ရှိပါသေးတယ် ။
သန်းထီမှာတောင်မှ ထီကဏန်းပါတာက တစ်ခြမ်း ၊ ခဲခြစ်ပြီး မဲဖောက်တာက တစ်ခြမ်းဆိုပြီး တွဲထား
ပါသေးတယ် ။ ချဲကုပ္မဏီ ၃ ခုကနေ တစ်ပတ်ကို ၃ ခါစီဖွင့်တာကြောင့် ချဲထိုးချင်ရင် တစ်ပတ်ကို ၉ ခါ
ထိုးလို့ရတဲ့အပြင် ထီကြီးကိုပါ ထပ်ဆောင်းပြီး လစာအပြုတ် ထိုးလို့ရပါတယ် ။

   ဒါတောင် လူတိုင်းအတွက် ဝန်ဆောင်မှု အပြည့်ပေးနိုင်ပါတယ်ဆိုပြီး ပြောလို့ မရသေးပါ ။ ချဲဆိုင်နဲ့
အလှမ်းနည်းနည်း ဝေးရာတွေမှာ တရားမဝင် ချဲဒိုင်ကိုင်သူတွေ ရှိပါသေးတယ် ။ ချဲကုပ္မဏီတွေက
ထွက်တဲ့ နံပါတ်တွေကို ပေါက်ကဏန်းအဖြစ် သုံးတာတွေရှိသလို ၊ ၁ ကနေ ၄၆ ကဏန်းကြား ထိုးကြ
တဲ့ အရပ်ထဲက “တရုတ်ရိုးရာချဲ” လည်း ရှိပါသေးတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် တရားဝင်တွေက အများစ
ဖြစ်ပြီး နိုင်ငံအတွက် အမြတ်ခွန်တွေ အများကြီး ရှာပေးနေတာကတော့ သေချာပါတယ် ။ Genting
Highland အပန်းဖြေ ဒေသကနေလည်း ဧရာမအမြတ်ခွန်တွေ အပါအဝင် အလည်အပတ်ခရီးသည်
တွေ အများကြီး ဆွဲဆောင်ပေးနေပါတယ် ။ Genting Highland ဟာ မြန်မာပြည်နဲ့ သိပ်စိမ်းလှတယ်
တော့ မဟုတ်ပါဘူး ။ သူတို့ရဲ့ လောင်းကစားရုံတွေအတွက် မြန်မာပြည်ကအလုပ်သမားတွေ တရား
ဝင်ခေါ်ဖူးသလို ၊ သူ့ကုပ္မဏီခွဲဖြစ်တဲ့ Star Cruise အပျော်စီး သင်္ဘောတွေမှာလည်း မြန်မာပြည်သား
တွေ အလုပ်လုပ်နေတာတွေ အများကြီးပါ ။ ဒီသင်္ဘောတွေဟာလည်း အာရှ ဥရောပနဲ့ သြစတြေးလျ
တွေအထိ ခရီးဆန့်ပြီး အပျော်စီးခရီးသွားလုပ်ငန်းအပြင် ကာစီနိုဝိုင်းနဲ့ စီးပွားရှာနေကြတာပါ ။

   ဒါမျိုးကို အတုယူရင် မြန်မာပြည်တွင်း လူတွေ အကျင့်စာရိတ္တပျက်စီးမှာ စိုးရိမ်သူတွေလည်း ရှိနိုင်
ပါတယ် ။ အဲဒီအပိုင်းကတော့ ဥပဒေအရ ထိန်းချုပ်မှုအားကောင်းတဲ့ သြစတြေးလျအပါအဝင် ဖွံ့ဖြိုး
ပြီးနိုင်ငံတွေကို လေ့လာလို့ရပါတယ် ။ လုံလောက်တဲ့ ထိန်းချုပ်မှုနဲ့ အသိပညာပေးမှုတွေက အရာ
ရာကို အစွန်းလွတ်ထွက်မသွားအောင် ကန့်သတ်ပေးထားနိုင်ပါတယ် ။ ဒါ့ပြင် လောင်းကစားသမား
တွေကို စိတ်ပိုင်းဆိုင်ရာ ထိန်းကွပ်ဖို့ရာ အကြံဥာဏ်ပေးလမ်းပြ ကူညီတာတွေလည်း အတုယူ လုပ်
လို့ရနိုင်ပါသေးတယ် ။ နောက်တစ်ခုက လူတွေကို အလုပ်အကိုင်ဖန်တီးပေးနိုင်ရင် ၊ အခွင့်အလမ်း
တွေ ဖွင့်ပေးနိုင်ရင် ၊ အလုပ်ကြိုးစားဖို့ အသိပေးလမ်းပြနိုင်ရင်လည်း လောင်းကစားဖက် ဦးမလှည့်
မိဖို့ အကူညီတွေပါပဲ ။

   အဆုံးသတ်ပြောချင်တာကတော့ဗျာ - ကျနော်တို့ဆီမှာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေနဲ့ ရွေးစရာ
လမ်းတွေ ရှိပါတယ် ။ မသိသေးတာ ဖြစ်နိုင်ပါတယ် ။ ပိုကောင်းမှန်းသိပေမယ့် စိတ်ထဲက လက်ခံရ
ခက်နေသေး တာတွေ ဖြစ်နေကောင်း ဖြစ်နေနိုင်ပါတယ် ။ နောက်ပြီး သူများဆီက အတုယူရာမှာ
လည်း ကိုယ့်နဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ သုံးစွဲရတာမျိုးတွေ ရှိနိုင်ပါတယ် ။ မတော်များ မြန်
မာပြည်မှာ တစ်ခုတည်းသော လိုအပ်နေတာက ... "စိတ်တံခါးဖွင့်ပြီး အတွေးမြင်သစ်တွေကို
လက်ခံဖို့ ပြင်ဆင်မှုတွေ" ပဲလား ... ။



မန်းကိုကို
၀၄ ၊ ၀၃ ၊ ၂၀၁၂

No comments:

Post a Comment