ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, October 24, 2010

ထောင်းကနဲ ...

     အိပ်ကာနီးမှဗျာ ဘလော့တွေလိုက်ကြည့်မိပါတယ် ပို့စ်တစ်ခုသွားတွေ့မိတာ စိတ်ထဲထောင်းကနဲ
ဖြစ်သွားလို့ ကောက်ရေးလိုက်တယ်။

     စာက စစ်ဗိုလ်တစ်ယောက်ရဲ့ အမြင်ပါ။
     အတိုဆုံးချုပ်ရရင် ရေတပ်မှာ ကင်းလှည့်ရင်း ငါးခိုးဖမ်းတဲ့လှေတစ်စီး မိရာက လူမျိုးခြား ၃ ယောက်ကို
ကြိုးတုပ်ပြီး သူတို့စက်လှေပေါ်ပြောင်းအတင်၊ စက်လှေနောက်တစ်စီးက သူတို့ကို ဝင်တိုက်ဖို့ကြိုးစားရာက
သေနတ်နဲ့ပစ်ပြီးလိုက်ဖမ်းတော့ စက်လှေချင်းအတိုက်မှာ ကြိုးတုပ်ထားတဲ့ လူ ၃ ယောက် ရေထဲကျသွား
တာကို ဂရုမစိုက်ပဲ ထွက်ပြေးသွားတဲ့လှေကို မဲလိုက်ခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။

     စကတည်းက စကားပြောစက်တောင် ပါအောင်ယူမသွားခဲ့တဲ့ ခေါင်းဆောင်မှုညံ့ဖျင်းတာကနေစပြီး
နောက်ဆုံး လိုက်ဖမ်းတဲ့စက်လှေလည်း မမိပဲ မိုးထဲ လှိုင်းထဲ ကိုယ့်အသက်အတွက် စိုးရိမ်စိတ်နဲ့ ဘုရားတ
နေပေမယ့် ရေထဲကျသွားတဲ့ လူတွေအကြောင်းတော့ တစ်လုံးမှမဟတော့ပါ။

     ဒီပို့စ်မှာကြည့်ရင် လူမျိုးခြား ဆိုတာတွေအပေါ် ရက်စက်မှုကို ချိန်ခွင်လျှာညှိတဲ့အနေနဲ့ ဒေသခံတွေကို
ဒုက္ခပေးသူတွေအဖြစ် ကြိုတင်ပုံဖေါ်ထားတာ တွေ့ရပါတယ်။ အရှိန်ရလာပြန်တော့ သူလည်း သေနတ်သာ
ကိုင်ထားတာ ကြောက်စိတ်က ခပ်ကဲကဲဆိုတာ တဖြည်းဖြည်းမြင်လာစေတဲ့ အရေးအသားတွေ ဆက်တိုက်
ပါလာပါတယ်။

     ဒီတော့ ကျနော်ဘာကို ထောင်းကနဲဖြစ်သလဲဆိုတာ ပြန်ကောက်ချင်ပါတယ်။ ရေထဲကြိုးတုပ်လျက်နဲ့
ကျသွားတဲ့ လူ ၃ ယောက်ကိစ္စပါ။ အပြင်မှာဆိုရင် ဒီလူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ရင်ဆိုင်မိမှာပါပဲ။ မေး
စရာ ထောက်စရာ မေးခွန်းတွေက အပုံကြီးပါ။

     ဘာလို့ ဒီလိုလုပ်ရမှာလဲ။ အကြောင်းရှိပါတယ်။
     ခင်ဗျားတို့ကော ကိုယ့်မိဘ ဆွေမျိုး အပေါင်းအသင်းတွေ အဲဒီ ၃ ယောက်မှာ ပါရင်ဘယ်လိုနေကြမလဲ။
     ငယ်စဉ်ကတော့ ကောင်စီလူကြီးတစ်ယောက် မနက် ၄-၅ နာရီကတည်းက ဘယ်လိုများ ကျိုးစားပန်း
စားစောင့်ပြီး မှောင်ခိုစပါးသယ်တဲ့သူတွေကို ဖမ်းသလဲပြောပြတာ (နားမလည်ခဲ့လို့) တအံတသြနဲ့ နား
ထောင်ခဲ့ဖူးတယ်။ ခုအနေအထားမှာတော့ မေးခွန်းတွေ မေးစရာ ဖြစ်လာပါပြီ။ ဆန်တွေဘာလို့ သယ်
လို့ မရရမှာလဲ။ ကိုယ့်လုပ်အားနဲ့ လုပ်ကိုင်ရရှိထားတဲ့ ဆန်စပါးကို ကိုယ့်စိတ်ကြိုက်ဘာလို့ ပေါက်ဈေးနဲ့
ရောင်းလို့ မရရမှာလဲ။ ဒါတွေကို တရားပါတယ်လို့ ဘယ်အရာတွေနဲ့ စံထားပြီး အကြောင်းပြမလဲ။

     ဒါပဲလားဆိုတော့ ဘယ်ကမလဲ၊ ကိုယ့်နိုင်ငံကလူတွေ အိမ်နီးချင်းနိုင်ငံတွေကို သွားအလုပ်လုပ်နေရတာ
သန်းကဏန်းရှိပြီ။ သူတို့ရဲ့ ချွေး သွေး မျက်ရည်တွေ ရင်းနှီးကြရတယ်၊ ဒုက္ခရောက်ကြတယ်။ ဒါကို စာနာ
မှုမရကြရှာပဲ နှစ်ဖက်ညှပ်ဖိထောင်းခံကြရပြန်တယ်။ ကိုယ့်မျက်ရည်ကျမှ ကိုယ်သိကြမှာလား။ ကိုယ့်
အလှည့်ကျရင်တော့ အံတကြိတ်ကြိတ်၊ တက်တခေါက်ခေါက်နဲ့ သူများကျ သေသေကြေကြေဆိုရင် ကျနော်
တို့တတွေ ဘာတွေဖြစ်နေကြပြီလဲ။ အချို့တွေ ပြောကြသလို မြန်မာပြည်သားဖြစ်ရတာ ဂုဏ်ယူတယ်လို့
ပြောနိုင်အုံးမလား။

     ကိုယ့်အပေါ်ဆက်ဆံစေချင်သလို သူတပါးတွေအပေါ်လည်း ဆက်ဆံကြပါဆိုတဲ့ ရွှေဥပဒေသဟာ
ဒီနေရာမှာ ဟာသတစ်ခုလား။

မန်းကိုကို
၂၄၊ ၁၀၊ ၂၀၁၀

1 comment: