ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, June 4, 2010

နောက်ဆက်တွဲ (ခိုလှုံသူများ၊ UN, ပြီးတော့ … မလေးရှား)

ဒီပို့စ်ဟာ Anonymous သဏ္ဍာန်နဲ့ ၀င်ရောက်ကွန်မန့်ပေးခဲ့တဲ့ မိတ်ဆွေတစ်
ယောက် (အောက်ကပို့စ်ရဲ့ကွန်မင့်မှာ) ကြောင့် ရေးဖြစ်သွားတာပါ၊ အရင်ရေးခဲ့
တာရော၊ အခုထပ်ရေးတာတွေပါ သဘောမတူနိုင်တာတွေ ပါကောင်းပါနိုင်ပါ
တယ်။ အကျိုးအကြောင်းနဲ့ ဆွေးနွေးသူတွေကို အစဉ်အမြဲကြိုဆိုပါတယ်။

မလေးရှားနဲ့ UNHCR အကြောင်း ဆရာလုပ်တယ်ထင်ရင်တော့ ခံရမှာပါပဲ၊
ဒီအထုပ်ကိုဖြည်မိပြီကိုး။ အဆုံးအစ မသိသေးသူများကိုတော့ ဒီလင့်
http://mahnkoko.blogspot.com/2010/05/un.html (အောက်က လေးခု
မြောက်ပို့စ်) မှာ နည်းနည်းဖတ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ အတတ်နိုင်ဆုံး ဘက်
လိုက်မှုကင်းအောင် ကြိုးစားရေးထားပါတယ်။ အပြည့်အစုံတော့မဟုတ်ပါ။

Anonymous ရေးထားတဲ့စာတွေကို တစ်ချက်ချင်း ပြန်ဖြေရရင်တော့ -

1. သံရုံးအပါအ၀င် ဘယ်သူမှညံ့တယ်လို့ မယူဆပါဘူး။ မပြောရင် ဆိုးကျိုးကပိုများ
    လာနိုင်တယ် ယူဆလို့ ထပြောမိတာပါ။ စော်ကားခံရတယ်၊ မခံရဘူးဆိုတာ
    ကတော့ ကာယကံရှင်တွေအပေါ် မူတည်ပါလိမ့်မယ်။

2. UNHCR ဟာ နိုင်ငံတကာက ခိုလှုံလာသူတွေအတွက် အကူညီပေးဖို့ ၁၉၅၀
   ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပေါ်ပေါက်လာတာဖြစ်ပြီး ဘယ်သူကိုမှ မအုပ်ချုပ်ပါ၊
   ဘယ်သူ့ကိုမှလည်း အတင်းအကြပ်မလုပ်ပါ။ ဒုက္ခပေးလို့နာကြည်းတာနဲ့ အကူ
   အညီမပေးလို့ ခံပြင်းတာတွေကို မရောနှောစေလိုပါ။

3. UNHCR ရဲ့ လုပ်ထုံးလုပ်နည်း၊ မလေးရှားရဲ့ပေါ်လစီတွေကို အစအဆုံးနားမ
   လည်ပဲ ငြင်းနေကြရင်တော့ နားထင်သွေးတက်၊ နှလုံးရောဂါနဲ့ ဘ၀ဆုံးကြရဖို့ပဲ
   များပါတယ်။ ကိုယ်မြင်ရာတစ်ကွက်ပဲ ကြည့်ပြီးငြင်နေးကြရင်တော့ ထူးလှမယ်
   မထင်ပါ။

ဝန်ခံချင်တာတစ်ချို့ကတော့ -

- မလေးရှားကနေ နိုင်ငံခြားသားတွေ ၁၉၉၁ ခုနှစ်က စနှင်မယ်ကြေငြာတာ၊ မြန်မာ
  သံအမတ်ကြီးက မြန်မာပြည်သားတွေဟာ ကိုယ့်သဘောနဲ့ ကိုယ်လာကြတာမို့လို့
  တာဝန်မယူဖူးလို့ Star သတင်းစာမျက်နှာဖုံးမှာပြောထားတာ၊ နောက်ပိုင်းအဆင့်
  ဆင့် ဖမ်းဆီးတာ၊ detention camp တွေအကြောင်း၊ တရားဝင် ၀င်ပေါက် ၉
  ပေါက်ရှိတဲ့ ထိုင်းနယ်စပ်နဲ့ အခြားတရားမ၀င်နေရာတွေက (အင်ဒိုနီးရှားအပါဝင်)
  ခိုးဝင်သူတွေအကြောင်း နည်းနည်းပါးပါးကလွဲရင် အသေးစိတ်တော့မသိပါ။

- မလေးရှားမြောက်ပိုင်း Sungai Kolok ကနေစပြီး Penang, Ipoh, (အရှေ့ဖက်
  က Kuantan), Kuala Lumpur, Meleka နဲ့ Johor Bharu (နဲ့အရှေ့ဘက်က
  Kuching, Kota Kinabalu) အထိ မသိသေးတာတွေ အများကြီးရှိသေးတာ အမှန်
  ပါ၊

- ပြည်နယ် ၁၁ ခု၊ (အရှေ့မလေးရှား) နယ်မြေ ၂ ခု၊ ပြည်ထောင်စုအစိုးရ နယ်မြေ
  ၃ ခု၊ ပြည်နယ်ဘုရင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရ စ
  သည်ဖြင့်လည်း အနည်းအကျဉ်းပဲ သိပါတယ်၊

- နိုင်ငံရေးမှာလည်း Dr. Mahathir Mohamad, Anwar Ibrahim, Abdullah
  Ahmad Badawi, Najib Abdul Razak တို့နဲ့ UMNO, PAS, DAP, PKR ပါတီ
  တို့လောက်ပဲ သိပါတယ်၊

- Kuala Lumpur (ရွှံ့မြစ်ဝ) မြို့လယ်က ဒုစရိုက်ပေါင်းစုံဗဟို Chow Kit ကနေ
  စပြီး ကုလား gangster တွေနဲ့ ရဲငွေညှစ်နည်းအချို့ကလွဲရင်လည်း ပိုမသိလှပါ၊

- အလုပ်အကိုင်ဆိုလည်း အစွန်အဖျားက ပုဇွန်ကန်တို့၊ မလက္ကာက ဥယျာဉ်ခြံလုပ်
  ငန်းတွေနဲ့ အကျွမ်းတ၀င်မရှိလှပါ၊

- အလုပ်အပါအ၀င် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ အင်ဒိုနီးရှား၊ မြန်မာ၊
  ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်း၊ သီရိလင်္ကာ၊ နီပေါ၊ တရုတ်၊
  အာဖရိကသားများတွေအကြာင်းလည်း အနည်းအကျဉ်းပဲ သိပါတယ်၊

- ရိုဟင်ဂျာတွေဟာ မလေးရှားမှာ သက္ကရာဇ် ၂၀၀၀ ရှေ့ပိုင်းကတည်းကရှိတာ၊
  (ထိုင်း၊ မလေးရှားက) ကရင်၊ ဗမာသူငယ်ချင်းအချို့ရဲ့ biography တွေကိုအ
  နည်းကျဉ်း ၀ိုင်းရေးပေးဖူးတာ၊ UNHCR, NGO အချို့နဲ့ ဆက်ဆံဖူးတာ၊ စာအုပ်
  စာတန်းလေး အနည်းအကျဉ်းဖတ်ဖူးတာ၊ တီဗွီနဲ့ ဗီစီဒီတွေထဲက documentary
  အချို့ ကြည့်ဖူးတာ၊ refugee camp လေး အနည်းအကျဉ်း ရောက်ဖူးတာတို့က
  လွဲရင် ခိုလှုံသူတွေအကြောင်း အသေးစိတ် မသိတာအမှန်ပါ၊

- အရင်က UNHCR ရုံးမှာ တိုင်းရင်းသားအားလုံးတောင် ကပ်လို့မရပဲ နောက်ပိုင်း
  မှ တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ရဲ့ ကောင်းမှု (၀င်ရောက်ပြောဆိုမှု)
  ကြောင့် လက်ရှိအခြေအနေ (တိုင်းရင်းသားအတော်များများကို လက်ခံလာတဲ့)
  ဆီကို ရောက်ခဲ့တာလောက်ပဲသိပြီး အသေးစိတ် ခွက်စောင်းခုတ်တာတွေကို
  တော့ တကယ်မသိရိုးအမှန်ပါ။ (ဘယ်နိုင်ငံမှာမဆို မြန်မာနိုင်ငံသားတွေ နိုင်ငံ
  ရေးနဲ့ပတ်သက်မိရင် ပြဿနာရှိတာကတော့ မှန်ပါတယ်၊ UNHCR နဲ့ တဖြည်း
  ဖြည်းညှိနှိုင်းသွားဖို့ လိုကောင်းလိုပါလိမ့်မယ်။)

နည်းနည်းလေးသိတာဟာ အန္တရယ်ကြီးတယ်ဆိုတာ နားလည်ပါတယ်။ တစ်ဖက်
ကလည်း မပြောမပြီး၊ မတီးမမည် ဆိုသလိုဖြစ်မယ်ထင်လို့ ရေးလိုက်တာပါ။ ဘယ်
သူတွေကို ဘာဖြစ်တာလို့ နာမည်တွေတပ်ပြီး မပြောကောင်းဘူးလို့လည်း ခံယူ
ထားတာကြောင့် သိထားသမျှ အသေးစိတ်တော့မရေးတော့ပါ။ ထေ့ငေါ့သလိုဖြစ်
နေရင်လည်း သည်းခံပေးပါ၊ အချိန်သိပ်မရှိတာနဲ့ ကိုယ်တကယ်မသိတာတွေကို
ဝန်ခံချင်တာလည်းရှိလို့ပါ။

ဒုက္ခခံ လာဖတ်တဲ့အတွက်တော့ ကျေးဇူးပါ၊
တစ်ဆင့်တက်ပြီး ဝေဖန်၊ ထောက်ပြ၊ ဖြည့်ဆည်းပေးနိုင်ရင်တော့ အတိုင်းထက်
အလွန်ပါပဲ။

မန်းကိုကို
၀၄၊ ၀၆၊ ၂၀၁၀

3 comments:

  1. သိတာတွေ တော်တော်များနေပြီ.. သရာ။ :)

    ReplyDelete
  2. ဖတ်တွားဒီ...

    ReplyDelete
  3. အင်း......... အကြမ်းဖျင်းသိတာတော့ ၊ ဒီကောင်တွေက မြန်မာလာလျှောက်ရင် ၊သူတို့စိတ်ထဲမှာ စစ်တပ်နှင့်ရောမြင်နေတော့ သိပ်မပေးချင်ဘူး ၊ မလွယ်ဘူးလို့သိတယ် ။အဲဒီက မြန်မာအဖွဲ့အစည်းလဲ သိပ်မရှိ ၊ အန်လန်ဒီ ရယ် နောက်ပေါ်လာတဲ့ အမ်စီအပ်အို ရယ်ပဲရှိတယ် လေ ၊ အမ်စီအပ်အိုကလဲ သိပ်တော့အားမကိုးရဘူးလို့ ပြောကြတယ် ၊ အသစ်မို့လားတော့မသိ ။

    ReplyDelete