လွန်ခဲ့တဲ့ရက်ပိုင်းက facebook မှာ မိတ်ဆွေကြီး မန်းကြိုင်ထွန်းတစ်ယောက်က ဟောဒီလို ရေး
လာခဲ့ပါတယ် ။
“ဖေ့ဘွတ်ပေါ်ကသူငယ်ချင်းတို့၊ ကျနော်နုတ်လေးတွေကိုဖတ်ရင်း အားပေးကြတာကိုကြည့်ပြီး
ပီတိဖြစ်၊ ဝမ်းလည်သာ၊ မျက်ရည်လည်းကျ၊ ကျေးဇူးလည်းအထူး တင်ပါတယ်။ ကျနော်ရေးတဲ့
ဘဝတိုက်ပွဲဆောင်းပါးကို မကြာခင် နိဂုံးချုပ်ရေးရပါတော့မယ်၊ စောင့်မျော်အားပေးကြပါလို့ ၊
ဘာဖြစ်လို့လဲဆိုတော့ ကျနော်အလုပ်ဆက်မလုပ်နိုင်တော့ဘူး၊ ဆရာဝန်ဆေးလက်မှတ်နဲ့ နား
နေပါတယ်၊ လျော်ကြေးအနေနဲ့ ကုမ္မဏီက တလတထောင်ပေးတယ်၊ စစ်တိုက်ခဲ့တုန်းကလည်း
မသေခဲ့ ၊ ထောင်ထဲ (၁၆) နှစ်နေခဲ့လည်း မသေ၊ အမေရိကန်ရောက်မှပဲ၊ အလုပ်က ချော်ကလဲ့
မုန့် ထုတ်လုပ်တဲ့ စက်ရုံပါ၊ ကျနော်ကမုန့် ဖျော်ဆရာလေ၊ တနေ့ ကို ပေါင်(၅၀) ရှိတဲ့ ချော်ကလဲ့
မုန့်အိတ်ပေါင်း(၁၀၀)၊ ဒီလက်နှစ်ဖက်နဲ့ ကုန်းမပြီး စက်ထဲထည့် ဖျော်ရတာ၊ခုချိန်ထိဆို(၂)နှစ်
တိတိ၊ ညာဖက်လက်တဖက် အကြောနာသွားတာ၊ ဆရာဝန်ကုလို့ မပျောက်တော့ဘူး၊ ဆရာဝန်
က ဆေးနားပေးလိုက်ပါပြီး၊ ကျနော်..မန်းကြိုင်ထွန်း၊ ဘဝတိုက်ပွဲမှာ ကျဆုံးသွားပါပြီး၊”
သူ့စာကြောင့် ပထမဦးဆုံး ကွန်မန့်တစ်ခုပေးခဲ့ပါတယ် ။
တစ်ဆက်ထဲမှာပဲ သူနဲ့အတူ သူ့လိုပဲ စိတ်ဓါတ်ကျသူအချို့ကို ရခဲ့တဲ့ အတွေ့အကြုံအချို့ကိုအမှီ
ပြုပြီး ၊ အားပေးစာတစ်စောင်လောက်ရေးဖို့ စိတ်ကူးဝင်ခဲ့ပါတယ် ။ ဒီစာဟာ လူတိုင်းအတွက် ခွန်အား
ရဖို့ မဖြစ်နိုင်ပေမယ့် ၊ တစ်ယောက်ယောက်သောသူအတွက် ထောက်ပင့်ပေးနိုင်မယ်ဆိုရင်တော့ ဝမ်း
သာမိမှာပါ ။
* * * * * *