ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, September 30, 2011

သပြေညိုလမ်းအခွဲမှာ ဝမ်းနည်းမှာလား



   မကြာခင်အချိန်ကအထိ ဒေါ်စုကိုဝေဖန်တာဟာ လုပ်သင့်တာဖြစ်ပြီး တိုက်ခိုက်တာမျိုးသာ မဖြစ်သင့်
ဖူးလို့ ကွန်မန့်တွေမှာ ရေးခဲ့မိပါတယ် ။

   ခုချိန်မှာ မြင်သိရသမျှတွေကို စုပေါင်းပြီး ညီမျှခြင်းတစ်ခုထုတ်ကြည့်တော့ ဒေါ်စုကို ဝေဖန်ရုံလုပ်နေ
မယ့်အဆင့်ကို လွန်လာခဲ့ပြီး ၊ လက်တွေ့လုပ်ရပ်တွေနဲ့ ပေါင်းစပ်ရမယ့်အချိန်ကို ရောက်နေပြီလို့ မြင်
တယ် ။

   အတိုချုပ်အနေနဲ့ ဒေါ်စုလုပ်နေတာတွေကို ကြည့်တဲ့အခါ -

(၁)  တစ်ကိုယ်တော်ဆန်ဆန် လုပ်နေတာကို တွေ့ရတယ် ၊
(၂)  လေသံတွေက အရင်က ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့တာတွေနဲ့ မဆန့်ကျင်ရင်တောင်မှ သွေဖည်
လာနေတယ်လို့ ပြောလို့ရတယ် ၊
(၃)  ပွင့်လင်းမြင်သာတဲ့ ထုတ်ဖေါ်ပြောဆိုမှုတွေ နည်းနေတယ် ၊
(၄)  NLD အနေနဲ့လည်း ဒေါ်စုနောက်ကနေ လိုက်လျှောက်မှုအပိုင်းမှာ နှေးကွေးနေပေမယ့် ပါတီကို
မှတ်ပုံတင်ဖို့ မတင်မကျပြောလာတဲ့အထိ ဧရာမလမ်းကြောင်းပြောင်းလာနိုင်ချေတွေကို တွေ့လာရ
တယ် ။

   ဘာတွေ ဖြစ်ကုန်ပြီလဲ ၊ ဘာတွေ ဖြစ်နေကြသလဲ ၊ ဘာကြောင့်လဲ ၊ ဘာဆက်လုပ်ကြရင် ကောင်း
မလဲ ။ မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားနေကြမယ်လို့ ယုံတယ် ။ ဟောဒီမှာက ကျနော့် တစ်ကိုယ်
စာ အမြင်အချို့ပါ ။

(က)  လက်ရှိအစိုးရမှာ နှစ်ခြမ်းကွဲနေသလို ၊ အတိုက်အခံတွေမှာလည်း နှစ်ခြမ်း သို့မဟုတ် ဒီထက်
မကတဲ့ အခြမ်းတွေကွဲရမယ့်အချိန်ကို ရောက်လာပါတော့မယ် ။

   ဒီလိုပြောတာဟာ လက်ရှိအစိုးရမှာ နှစ်ခြမ်းကွဲနေတယ်လို့ တပ်အပ်ပြောတာ မဟုတ်သလို အတိုက်
အခံလုပ်နေသူတွေလည်း စိတ်ဝမ်းကွဲရမယ်လို့ မဆိုလိုပါ ။ ဦးတည်ချက်တူပေမဲ့ လမ်းခွဲပြီး လုပ်ကိုင်
လျှောက်လှမ်းကြရတော့မဲ့ အချိန်တစ်ခုကို နီးလာပြီလို့ ဆိုလိုတာပါ ။ ဒါကို ရှေ့မှာ NDF က လုပ်ပြခဲ့
ပြီးပါပြီ ။ အခုလည်း ဒေါ်စုနောက်ကို ဦးလည်မသုန် ဆက်လိုက်မယ့်သူတွေနဲ့ ၊ အခြားနည်းလမ်းတွေနဲ့
သီးခြားရပ်တည်ကြရမယ့် အခြမ်းဆိုပြီး မကြာခင် ခွဲကြရတော့မယ်လို့ မြင်မိပါတယ် ။

(ခ)  ဒေါ်စု အခုလုပ်နေတာဟာ နိုင်ငံရေးမှာ ကိုယ့်ကိုယ်ကို သတ်သေတာ (political suicide) နဲ့ ဆင်
တူနေပေမယ့် ၊ တကယ်တန်းမှာက သူဟာ နိုင်ငံရေးအလောင်းအစား (political gamble) ကို လုပ်
နေတာလို မြင်ပါတယ် ။ လက်ရှိအာဏာပိုင်တွေနဲ့ အခွင့်အရေး ရရင်ရသလို ဝင်ပူးသတ်တော့မယ် ။
ဒီလိုအပူးခံရဖို့ကိုလည်း စွန့်စားပြီး “ဟ” ပေးသူက ဟပေးဖို့ကြိုးစားအားထုတ်နေတာမို့ ၊ ဒေါ်စုအနေ
နဲ့ ဒီအခွင့်အရေးကို လက်လွတ်မခံပဲ ဘက်ညီအောင်စွန့်စားနေတာလို့ မြင်ပါတယ် ။

   နိုင်ငံရေး တိုက်ကွက်ဖေါ်ချင်ပါတယ် ဆိုနေကြသူတွေ ဝိုင်းစဉ်းစားနားလည်ပေးပါ ။ စတေးခံဝံ့တယ်
ဆိုရင် တိုက်ကွက်ထဲကို ရဲရဲဝင်လိုက်ပါ ။ ဒေါ်စုကို ဝန်းရံချင်ရင်လည်း ဒီအချိန်ဟာ အခွင့်အခါပါပဲ ။
တစ်ဖက်မှာလည်း လက်မခံနိုင်သူတွေအနေနဲ့ စုဖွဲ့ပါ ၊ အင်အားစုတစ်ခုအနေနဲ့ ရပ်တည်နိုင်အောင်
ကြိုးစားကြပါ ။ ဒါမှ ဖြစ်ချင်တာတွေနဲ့ နီးစပ်မှာပါ ။

(ဂ)  ဒေါ်စု မပွင့်လင်းတာဟာ အားတော့မရစရာပါ ။ တစ်ဖက်မှာက ကိုယ့်တိုက်ကွက်ကို ကြေငြာပြီး
တိုက်ဖို့ဆိုတာ ခက်ပါလိမ့်မယ် ။ အခြားတစ်ဖက်မှကလည်း NLD နဲ့ လူထုအမြီးတန်းရှည်ကြီးကလည်း
တန်းလန်းကြီး ဖြစ်နေပြန်ပါတယ် ။ ဒေါ်စုအနေနဲ့ ပဲ့ကိုင်တစ်ဦးဖြစ်ပေမယ့် သင်္ဘောကြီးတစ်စင်းလုံးကို
ရုတ်ချည်း လမ်းကြောင်းပြောင်းအောင် ကွေ့ချလိုက်ဖို့ မလွယ်လှပါဘူး ။ ဒီတော့ သူ့မှာက ပုဂ္ဂလိက
ဆန်ဆန် ရှေ့ကနေ လုပ်သွားပြတဲ့ အနေအထားမျိုးတွေ ရှိနိုင်တာလည်း နားလည်ပေးရဖို့ လိုနိုင်ပါ
တယ် ။ အကယ်၍များ အသေးစိတ်မဟုတ်ရင်တောင် အဓိကကျတဲ့ ပေါ်လစီအပြောင်းအလဲတွေကို
ရသလောက် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရင်တော့လည်း အတိုင်းထက်အလွန် ဖြစ်မှာပါပဲ ။ ဘယ်လိုဆို
ဆို ဒေါ်စုရဲ့ အခြေအနေအပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချသွားတာကို ကျနော် တစ်ယောက်စာအ
နေနဲ့တော့ အလေးထားသွားမှာပါ ။

(ဃ)  မကြာခင်မှာ မတူညီတဲ့အင်အားစုတွေ ပေါင်းစုဆုံလာဖို့ အခွင့်အလမ်းတွေ ဖြစ်လာပြီဆိုရင် ၊ အ
ထူးသဖြင့် အာဏာနဲ့ ကျင့်သားရနေသူတွေဆီကနေ တွန်းကန်မှုတွေ ၊ အဖျက်သဘောဆောင်တာတွေ
လုပ်လာမှာတော့ မလွဲပါဘူး ။ အပေါ်ကပြောတဲ့ ဒေါ်စုကို ဝင်ပူးနိုင်အောင် “ဟ” ပေးသူတွေကလည်း
တတ်နိုင်သလောက် ကာကွယ်ပေးဖို့ ကြိုးစားမှာဖြစ်ပေမယ့် ၊ ဒီမိုကရေစီ လိုလားသူတွေထဲက ဒုတိယ
တန်းခေါင်းဆောင်နဲ့ လှုပ်ရှားသူတွေအပေါ်လည်း သက်ရောက်ထိခိုက်မှုတွေ ရှိလာပါတော့မယ် ။ အချို့
လူတွေ ခေါ်ချင်ကြသလို “ကောင်းမှုနဲ့ မကောင်းမှု ၊ ဓမ္မနဲ့ အဓမ္မတို့အကြား အားပြိုင်မှု” လို့ ဆိုကြပါစို့ ။

   မေးစရာကတော့ -

*  ခင်ဗျားတို့ ကျနော်တို့ ဘယ်လောက်ပြင်ဆင်ထားခဲ့ပြီးပြီလဲ ၊
*  ဘယ်အခန်းကဏ္ဍက ရပ်တည်လှုပ်ရှားမလဲ ၊
*  ဘယ်လောက်အထိ ပေးဆပ်လုပ်ကိုင်ကြမလဲ - ဆိုတာပါ ။

   ဒါတွေရေးတာဟာ လူတိုင်းအတွက်လို့တော့ ပြောရခက်ပါတယ် ။ ဒါပေမယ့် ဖတ်သူတိုင်းတော့
စဉ်းစားစရာ အစအနအချို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ် ။ ဝေဖန်ကြလို့ ရပါတယ် ။ ဆွေးနွေးကြ
လို့ ရပါတယ် ။ မှားသွားတာရှိရင်လည်း တာဝန်ယူလို့ရတဲ့နည်းနဲ့ တာဝန်ယူသွားပါမယ် ။


မန်းကိုကို
၃၀ ၊ ၀၉ ၊ ၂၀၁၁

**  ဒီပို့စ်ရေးပြီးတာ မနက်ကတည်းကပါ ။ ညနေမိုးချုပ် အိမ်ပြန်ရောက်တော့ မြစ်ဆုံဆည်တွေ ဆက်
မဆောက်ဖို့သတင်းကို ဖတ်ရပါတယ် ။ မမျှော်လင့်ပေမယ့် ဒီပို့စ်နဲ့ သွယ်ဝိုက်ပတ်သက်နေတာမို့ မှတ်
တမ်းတင်ထားလိုက်ပါတယ် ။

17 comments:

  1. အားပါးး
    ကိုမန်းက ဂေါ်ဇီလာ အမြီး ဆွဲနေပါလား :P

    ReplyDelete
  2. လူကလေးနင်မကြောက်ဘူးလား ကြံ့ဖွတ်တွေ ရိုက်လိမ့်မယ်။

    ReplyDelete
  3. @ tint
    ဆရာတင့်ရေ ကျနော်လည်း ရေးသင့်မရေးသင့် စဉ်းစားမိပါတယ် ။ အထူးသဖြင့် ဇဝေဇဝ ဖြစ်နေကြတဲ့ လူငယ်တွေ တွေးစရာရအောင် ၊ ဆွေးနွေးချင်သူ ရှိရင်လည်း ဆွေးနွေးများရလာမလားလို့ ချပြတာပါဗျာ ။ ပိုရှုပ်အောင် လုပ်မိတာဆိုရင်တော့ တောင်းပန်သင့်လည်း တောင်းပန်ရမှာပေါ့ ။

    @ Anonymous
    အဲဒီလို လုပ်ချင်တာ လုပ်လို့ရတဲ့အချိန်တွေ ကုန်လွန်သွားဖို့ အလားအလာတွေ ရှိနေပါပြီ ။ အခန့်မသင့်လို့ ကိုယ့်ခေါင်းက တုတ်ရှေ့တည့်တည့်မှာ ဆိုရင်တော့လည်း ကံတရားပါပဲလေ ။

    ReplyDelete
  4. တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဒီအကြောင်းရေးသင့်မရေးသင့် စဉ်းစားခဲ့တာကိုတော့ ကိုယ်ချင်းစာပါတယ်။ ကိုယ်မြင်တာ ကိုယ်တင်ပြပိုင်ခွင့်ရှိတဲ့ ခေတ်ကြီးမှာ ဒီဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ပျော့ပျောင်းလွန်းပါတယ်လို့ ဆိုချင်ပါတယ်။
    မန်းကိုကိုအနေနဲ့ တောင်းပန်သင့်ရင်တောင်းပန်မယ်ဆိုရင် အက်ဆစ်ရဲ့ စစ်ကြေငြာချက် လို ဆောင်းပါးမျိုးက ဆယ်ခါမက တောင်းပန်ရမလို
    ဖြစ်နေပါတယ်။
    လူငယ်တွေ ဇဝေဇ၀ါ ဖြစ်နေကြတယ်ဆိုတာကို လက်ခံသလို
    ဒါပေမဲ့ လူကြီးတွေလည်း ဇဝေဇ၀ါဖြစ်နေကြတာကိုလည်း ထည့်တွက်မိပါတယ်။
    ဘာပဲဖြစ်ဖြစ် ဒေါ်စုက သဘောင်္ဦးတည်ရာကို ဆိုင်းမဆင့်ဗုံမဆင့် ၀ုန်းဒိုင်း ကွေ့ချလိုက်တဲ့အပြုသဘောအနေနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်
    ရမှာထက် နောက်ကျောစိုက်မဲ့ မျှားကို ပိုပြီး သတိထားရမှာပါ။

    ReplyDelete
  5. အဓိက စဉ်းစားခဲ့တာတွေထဲမှာ ၊ အလုပ်မဖြစ်ခင် အိပ်ပျော်နေတဲ့ အဓမ္မသမားတွေကို သွားလှုပ်နှိုးသလို ဖြစ်မှာစိုးလို့လည်း ပါပါတယ် ။ ရေးထားတာတွေ ပျော့ပျောင်းတာ မှန်ပါတယ် ။ တခါတရံမှာတော့ မိုးကိုတောင် ဒူးနဲ့ တက်တိုက်ချင်တတ်ကြတာ လူတိုင်းလိုလိုပါပဲ ။ ဒါပေမယ့် လုပ်သင့် မလုပ်သင့် အချိန်ယူ ချင့်ချိန်ဖြစ်ကြရင် အများစုကတော့ ဒီလိုပဲ ပျော့ပျောင်းကြဖို့ များတယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် အပြောကနေ အလုပ်အဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင်တော့ ၊ အခုနေမှာ ရွေးချယ်ကြတဲ့ လမ်းတွေမတူပေမယ့် အက်ဆစ်ကိုလည်း အားပေးသင့်ရင် အားပေးသွားမှာပါ ။

    လူကြီးတွေ ဇဝေဇဝါ ဖြစ်ကြတယ်ဆိုတာလည်း လက်ခံပါတယ် ။ လူသားတွေမို့ ဖြစ်မှာပါပဲ ။ အတွေ့အကြုံများကြလို့ လူငယ်တွေထက် နည်းနည်း ပိုနည်းမှာတော့ ရှိကြပါလိမ့်မယ် ။

    နောက်ကျောစိုက်မယ့်မျှား ၊ အဌားဗိုက်နဲ့ ဒါးထိုးခံရမှာတွေလည်း ရှိလာနိုင်တာလည်း အမှန်ပါပဲ ။ ဒေါ်စုကတော့ နိုင်ငံအတွက် အသုံးချခံမယ်လို့ ပြောခဲ့တာဟာ ဒါတွေကို ရင်ဆိုင်မယ်လို့ ပြောတာနဲ့ အတူတူပဲလို့ မြင်ပါတယ် ။ အထိများမှာကတော့ အကာအကွယ်နည်းပြီး အောက်ခြေမှာ လူတွေအကြား လက်တွေ့ရင်ဆိုင်ရမယ့် သူတွေပါ ။ သဘောထားလေးတွေ ပြောပြသွားတာ ကျေးဇူးတင်ပါတယ် ။

    ReplyDelete
  6. ကောင်းမွန်တဲ့ သုံးသပ်တွေဖြစ်ပြီး တဖက်မှာလည်း ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားတာ သဘောတူမိပါတယ်။

    ReplyDelete
  7. အင်း တွေးစရာပေါ့အကိုရယ်။

    ReplyDelete
  8. @ ကိုပေါ ...
    လာဖတ်ပြီး ထင်မြင်ချက်ပေးသွားတာ ဝမ်းသာပါတယ် ကိုပေါ ။
    ကိုပေါဆီမှာလည်း အတွေးကောင်းတွေ အများကြီးရှိပါတယ် ။ ထုတ်ဖေါ်ကြည့်ဖို့ အားပေးပါတယ် ။ ကျနော်လည်း မြင်တာတွေထဲက ချပြသင့်တယ် ထင်တာလေး အချို့ကို အချိန်မီ ချပြဖို့ ကြိုးပမ်းမှုလေးတစ်ခု လုပ်ကြည့်တာပါ ။

    ဒါထက် အသေးစိတ်တဲ့ ထင်မြင်မိတာနဲ့ ဖြစ်နိုင်ခြေတွေလည်း အများကြီး ရှိပါသေးတယ် ။ အပြင်မှာ နှုတ်အားဖြင့်သာ ပြောဆိုဆွေးနွေး သင့်တယ်ထင်လို့ ထည့်မရေးတော့ပါဘူး ။ နောင်ကိုလည်း ဖလှယ်နိုင်တာတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ် ။

    @ min ...
    တွေးစရာ အစတစ်ခုနှစ်ခုလောက် ပေးသွားနိုင်မယ်ဆိုရင်ပဲ ဒီပို့စ်ရေးရကျိုး နပ်တယ်လို့ ခေါ်ရမှာပါ ။

    ဖြစ်နိုင်ရင်တော့ တစ်ဆင့်တက်ပြီး လက်တွေ့အဖြစ်ကို တစ်ခုခုလောက် ကူးပြောင်းပေးနိုင်ကြရင် အကျိုးများမှာပါ ။ လက်တွေ့ဆိုတာ နှုတ်အားဖြင့် ၊ လက်အားဖြင့် ၊ အကြံဥာဏ်အားဖြင့် အမျိုးမျိုးရှိတာကြောင့် တုံ့ဆိုင်းစရာမလိုပဲ လုပ်လို့ရပါတယ် ။ ဘာမှ ရှက်စရာ သိမ်ငယ်စရာလည်း မဟုတ်ပါဘူး ။ လုပ်ချင်စိတ်ရှိကြဖို့လည်း အားပေးပါတယ် ။

    ReplyDelete
  9. ဒီပို့ စ် က ဝေဖန် ပိုင်းခြားပြထားတာ ကောင်းပါတယ်။ တစ်ချို့  ဘလော့ဂ် တွေမှာ ရေးသလို ဒ်ါအောင်ဆန်းစုကြည် ကို စစ်အစိုးရ သတင်းစာတွေထဲက ပုတ်ခတ်သလိုမျိုးကတော့ စာဖတ်သူ တစ်ယောက် အနေနဲ့ ရိုးနေပါပြီ။ အတွေးလေးတွေနဲ့ အတူ အလုပ်ကလေးတွေပါ ပါလာရင်တော့ ပြောင်းလဲဖို့ ကို အရွေ့ တစ်ခု အနေနဲ့ အသိအမှတ်ပြုကြမှာပါ။ ဒါမှမဟုတ်ဘဲ ဝေဖန်တာ ထက် လွန်ပြီး ပုတ်ခတ်တိုက်ခတ် တာကိုတော့ စာဖတ်သူက သိပြီး ရေးသားတဲ့သူရဲ့ တန်ဖိုးနဲ့ စေတနာ ကို ကောက်ချက်ချပြီး ပြန်သွားမှာပါဘဲ။ တွေ့ ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ကြပြီး အခုလို တွေ့ ဆုံဆွေးနွေးကြပြီး မြင်သာတဲ့ ရလာဒ်လေးတွေ မြင်လာရတာ ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာတာတော့အမှန်ပါဘဲ။ အေးအေးချမ်းချမ်းနဲ့ ပြောင်းလဲသွားရင် အကောင်းဆုံးမဟုတ်ပါလား။ ဥပမာ လစ်ဗျားလို ဖြစ်ရင် ပြည်သူတွေဘဲ နာမှာ၊ တိုင်းပြည်ဘဲနာမှာပါ။ အာဏာရှင်က ထွက်ပြေးတာဘဲရှိပါတယ်။ အဲ့ဒီ့လိုမျိုးနဲ့ ပြောင်းလဲတာကော တန်ပါသလား။ ပြည်သူတွေ ပိုင်ဆိုင်တာတွေ ဆုံးရှုံးမယ်။ မိသားစုတွေထဲမှာ သေကြေကြလို့ စိတ်ဒဏ်ရာတွေ ရကြမယ်။ မဆုံးနိုင်တဲ့ တိုက်ပွဲတွေဖြစ်ကြမှာ၊ အဲ့ဒီ့အခါမှာ မြန်မာဆိုတဲ့ ပုံရိပ်က နိုင်ငံတကာမှာ ဒီ့ထက်ဆိုးဖို့ ဘဲရှိပါတယ်။ ကျွန်လုပ်ကြဖို့ ကိုယ့်တိုင်းပြည်က ထွက်ကြရမယ်။ အဲ့ဒီ့လိုထက်စာရင် အခုလို အပြုသဘောလေးတွေ ပြောင်းလဲလာတာကို အားပေးကြိုဆိုပြီး ပိုပိုပြီး ရွေ့ လာအောင် ၀ိုင်းဝန်း တွန်းပေးကြပါစို့ လား။
    ကိုပေါရေးထားတာ ဖတ်ရဘူးတယ် စိတ်ဓါတ်တွေ ပြောင်းဖို့ တရားထိုင်ကြရမယ် လို့ တော့မပြောသင့်ပါဘူး၊ ကိုပေါက မြန်မာပြည် မပြန်ဖြစ်တော့ မသိဘူး၊ တိုင်းပြည်တွင်းက လူအများစုတွေက စိတ်ဓါတ်တွေ ပျက်ပြားနေကြတယ်။ ရိုးသားမှု့ ဆိုတာ မရှိတော့ဘူး။ စကားလည်း မတည်ကြဘူး၊ တစ်ယောက်နဲ့ တစ်ယောက် လိမ်မယ်။ တာဝန်မယူကြဘူး။ ဒါနိုင်ငံရေးကို ပြောနေတာမဟုတ်ဘူးနော်။ စိတ်ဓါတ်တွေကို ပြောတာ။ ဒါ့ကြောင့် ဒီလိုလူတွေနဲ့ ပေါင်းစည်းထားတဲ့ နိုင်ငံက တိုးတက်ဖို့  ထိခိုက်မှာဘဲ။ ဥပမာ အမှိုက်ကို အိမ်ရှေ့ မှာပစ်တယ်။ လမ်းပေါ်ပစ်တယ်။ မြောင်းထဲပစ်တယ်။ တစ်ယောက်မဟုတ်ဘူးနော်။ အများကလုပ်တာ။ စည်ပင်ကလည်း ကိုယ့်တာဝန်ကိုယ်မယူဘူး။ လူတွေကလည်း အဲ့ဒီ့လို စည်းကမ်းမရှိတာကို စည်းကမ်းမဲ့တာလို့ မထင်ဘူး။ လုပ်ရိုးလုပ်စဉ်တွေ ။ အဲ့ဒီ့တော့ အဲ့ဒီ့လူတွေနဲ့ ပေါင်းစည်းထားတဲ့ မြို့ နိုင်ငံက စုတ်ပြတ်နေတာ မဆန်းပါဘူး။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စိတ်ဓါတ်တွေ ပြင်ရမယ် ဆိုတာ ဒါတွေလည်း ပါမှာဘဲ။ အခုလိုလည်း အရှည်ကြီး ကော်မန့် လည်း မပေးဘူးပါဘူး၊ ဒါပေမဲ့ အပြုကို အပြုသဘောမမြင်ကြတဲ့ သူတွေကို စာဖတ်သူတွေက စစ်အစိုးရ သတင်းစာတွေကို ရေးတဲ့သူလို စိတ်ပျက်လာမှာ တော့ အမှန်ပါဘဲ။ ပြည်သူတစ်ယောက်အနေနဲ့ သဘောထားကိုပြောရရင် တော့ ကောင်းသောပြောင်းလဲခြင်းကို လုပ်ချင်တဲ့သူလုပ် ကျေနပ်တယ်။ ကျေးဇူးတင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံတယ်။ ရိုးသားမှု့ နဲ့ နိုင်ငံနဲ့ ပြည်သူကို စေတနာထားတဲ့ သူလို့ ကို ယုံတယ်။ ဒီအတွက် ထောက်ခံတယ်။ ဒီလို ရေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. @ Anonymous
    အခုလို ကွန်မန့်ရှည်တစ်ခု လာပေးသွားတာ ဝမ်းသာပါတယ် ။
    Anonymous ဒေါ်စုကိုယုံသလို စာရေးသူလည်း ယုံကြည်ပါတယ် ။ သူဟာ အကောင်းဆုံးလို့ ယုံကြည် ရတဲ့ လမ်းကိုရွေးရင်း လူတိုင်းအတွက် အလိုပြည့် စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်တဲ့ အနေအထားမျိုး နဲ့ ကြုံနေရပြီး ၊ ရှေ့လျှောက်ပြီးလည်း အများကြီး ကြုံလာရမယ်ဆိုတာလည်း မျှော်လင့်ထားလို့ ရမှာပါ ။ ဒါတွေကလည်း ဦးဆောင်ဦးရွက် လုပ်ရသူတိုင်းလိုလို ကြုံရမှာပါပဲ ။ ဒီအချိန်မှာ သူလိုတာက နားလည်မှု ပေးတာနဲ့ စုစည်းထောက်ခံမှုတွေလို့ ယုံကြည်မိတယ် ။

    မထောက်ခံသူ ၊ ကန့်ကွက်သူ ၊ ရှုတ်ချသူတွေထဲမှာလည်း ကျိုးကြောင်းတွေ ရှိကြသလို ကာလရှည်ကြာ စိတ်ပိုင်းဆိုင်ရာ ခံစားလာခဲ့ ကြရတာတွေကို စာနာပါတယ် ၊ မလွန်ကဲရင် အပြစ်လည်း မတင်ချင်ပါဘူး ။ ဖြစ်လာစရာရှိတာ ဖြစ်လာရတယ်လို့ပဲ သဘောထားမှ ကိုယ်လည်း စိတ်ဖြေသာမှာပါ ။

    မြန်မာပြည်မှာ တာဝန်ယူမှု မရှိကြတော့တာ ၊ စိတ်ဓါတ်တွေ ပြင်ဖို့လိုကောင်း လိုနိုင်မှာတွေကတော့ အ ကြောင်းရင်းခံအားဖြင့် အတ္တနဲ့ အာဏာရှင် စိတ်ဓါတ်တွေရဲ့ အကျိုးဆက်ကြောင့်လို့ အပြစ်ပြောလို့ တစ် စိတ်တစ်ပိုင်း ရနိုင်ပါတယ် ။ တခါ အပြစ်တင်နေရုံနဲ့ မပြီးပြန်တော့ ခေါင်းဆောင်တွေရဲ့ စံနမူနာပြမှုတွေ ၊ စနစ်နဲ့ မူဝါဒကောင်းတွေနဲ့ တဖြည်းဖြည်းချင်း လက်တွေ့ ပြန်တည်ဆောက်သွားရင် မလွယ်ပေမယ့် သိပ် ကြီးလည်း အခက်လှကြီး မဟုတ်ဘူးလို့ ယူဆပါတယ် ။ စင်္ကာပူ နမူနာကို ကြည့်လို့ရပါတယ် ။ မလေးရှား ဆီက လွတ်လပ်ရေးရစမှာ နိုင်ငံ့ခေါင်းဆောင် လီကွမ်ယူကိုယ်တိုင် စနေနေ့တိုင်း သူ့နိုင်ငံသားတွေနဲ့အ တူတူ စွပ်ကျယ်ချိုင်းပြတ်ဝတ်ပြီး တံပျက်စီးလှည်းခဲ့တာပါ ။

    တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ Anonymous ပြောတာကို လက်ခံပါတယ် ။
    အရင်က တွေ့ဆုံးဆွေးနွေးဖို့ တောင်းဆိုခဲ့ကြတယ် ၊ ရလာပြန်တော့ ဟိုလိုမှ ဒီလိုမှ ဖြစ်နေကြပြန်တယ် ။ စစ်မှန်တဲ့ အကြောင်းပြချက်ကောင်းတွေ ရှိနေတာမှန်ပေမယ့် မြင်မိတာတော့ မြန်မာပြည်ကလူတွေရဲ့ စိတ်ဓါတ်အခြေခံနဲ့ ဆိုင်တယ်လို့ ယူဆမိတယ် ။ ကိုယ့်စိတ်ကြိုက်မဟုတ်ရင် လုံးဝလက်မခံတတ်တဲ့ စရိုက်လေးတွေပါ ။ အရင်ကလည်း စစ်အာဏာပိုင်တွေက ဒီလိုစိတ်တွေထားခဲ့ကြလို့ ဘာမှအလုပ်မဖြစ် ခဲ့တာပါ ။ ခုတော့ အပြည့်အဝ ယုံကြည်ကြလို့ မရနိုင်ပေမယ့် ၊ စေ့စပ်ဆွေးနွေးရေးကို လုပ်ရမယ်လို့ ယုံ ကြည်ပြီး အကောင်အထည် ဖေါ်မယ့်လူတွေ လုံလုံလောက်လောက် ရှိလာလို့ အလုပ်ဖြစ်လာခဲ့ပြီလို့ ယေ ဘုယျ ယူဆရမှာပါပဲ ။ ယုံပြီး ပုံအပ်မယ်ဆိုတာမျိုးတော့ လူကြီးတွေလည်း ရှောင်ကြမယ်လို့ ယုံကြည်ပါ တယ် ။

    အချုပ်အနေနဲ့ စာရေးသူလည်း ပြည့်စုံသူ မဟုတ်တာကြောင့် ဖြည့်စွက်တာ ၊ ထောက်ပြတာတွေ အားနာစရာ မလိုပဲ လုပ်သွားလို့ ရပါတယ် ။ အပြန်အလှန်အနေနဲ့ လက်ခံလို့ မရတာတွေရှိရင်လည်း ရှင်းပြသွားမှာပါ ။
    သဘောထားတွေ ပြောပြသွားတာ ကျေးဇူးပါ ။

    ReplyDelete
  11. You mentioned moderately and given thought. When I see some blogs, bluntly attacked to Daw Su are similar to her father when he accepted government post and opposed by Thakhin Than Htun and Soe.
    We all requested dialog, freedom of political prisoners, constitution change, now dialog is still on the way and await for further progress. It's practical exercise and do not mean subdue to oppositions.
    History is repeated, if it comes true, too much worry thing is not to happen most tragedy thing appear to her and motherland.

    ReplyDelete
  12. @ Thu
    ဟုတ်ပါတယ် ။ ပြောသွားတဲ့ သမိုင်းတစ်ပတ် မလည်စေဖို့ကတော့ တကယ်ပူပန်စရာပါ ။ ဒီလိုမဖြစ်အောင်ကလည်း အခြေခံကစပြီး ရေရှည်ပြုစု ပျိုးထောင်သွားမှ ရနိုင်မှာကြောင့် လတ်တလောမှာတော့ ဘုရား“တ”ရုံပဲ တတ်နိုင်ပါဦးမယ် ။

    လက်ရှိမှာ တွေ့ဆုံးဆွေးနွေးရေးဖက် ဦးတည်နေတာဟာ လက်တွေ့ကျပေမဲ့ ကိုယ့်အကြောင်းနဲ့ကိုယ် လက်ခံလို့ မရနိုင်သူတွေကိုလည်း နားလည်ပေးဖို့တော့ လိုပါလိမ့်မယ် ။ ဒေါ်စုကို ပြောဆိုကြသူ တွေထဲမှာလည်း အားမလို အားမရဖြစ်သူ ၊ ကိုယ့်ကိုယ်ပိုင်စံနဲ့ မကိုက်တော့လို့ လက်မခံချင်တော့သူ ၊ စေတနာနဲ့ ထောက်ပြသူ ၊ အသားလွတ် မုန်းတီးသူတွေနဲ့ အလုပ်သဘောအရ ဖွသူတွေ အမျိုးမျိုး ရှိတာကြောင့် ဖတ်သူနဲ့လည် သက်ဆိုင်လိမ့်မယ် ထင်ပါတယ် ။

    စာရေးသူ ကိုယ်တိုင်ကတော့ ၊ အထူးသဖြင့် အရာရာကို အသားလွတ် မုန်းနေသူတွေရဲ့ ဘလော့မျိုးကို အတော် သွားခဲပါတယ် ။ စိတ်အစာ မရစေပဲ နောက်ကျိအောင် လုပ်တတ်လွန်းလို့ပါ ။ ဒါပေမယ့် သူ့သဘော သူဆောင်တာမို့ မှတ်ချက်တော့ မပေးချင်ပါဘူး ။ တဖက်မှာကလည်း အများကိုထိခိုက်မယ့် အဲဒီလိုလူနဲ့ အင်အားစုမျိုးတွေကို အင်အားကောင်း မလာအောင်တော့ ဆန္ဒပြုမိပါတယ် ။

    ReplyDelete
  13. အေးရှားတိုင်းမ်စ်အွန်လိုင်းမှာပါတဲ့ “What Thein Sein promised Suu Kyi ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Larry Jagan က ရေးထားတာတွေ့မိလို့ လင့်ထည့်မှတ်ထားလိုက်ပါတယ် ။ စိတ်ဝင်စားစရာအချက်လေးတွေ အချို့ပါပါတယ် ။
    http://www.atimes.com/atimes/Southeast_Asia/MI30Ae01.html

    အဲဒီဆောင်းပါးအဆိုအရ ၊ ပျဉ်းမနားမှာ လွတ်လပ်ရေးကြိုးပမ်းစဉ်က ဗိုလ်ချုပ်အောင်ဆန်းတို့ မိသားစုနေခဲ့တဲ့အိမ်ကို မဖြိုဖျက်ရလေအောင် ဦးသိန်းစိန်ကိုယ်တိုင် ဝင်တားပေးခဲ့တယ်လို့ ဆိုပါတယ် ။

    စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဆောင်းပါးအဆုံးမှာ ဖေါ်ပြထားတဲ့ စကားတစ်ခွန်းပါ ။ လက်ရှိအစိုးရအဖွဲ့မှာ အထက်ပိုင်းရာထူး ယူထားသူတစ်ယောက်ရဲ့ တွေ့ဆုံဆွေးနွေးရေး အပါအဝင် အပြောင်းအလဲ လုပ်ဖို့တွေနဲ့ ပတ်သက်ပြီး ပြောထားတာပါ ။ “ငါတို့ မအေင်မြင်ရင် ၊ ငါတို့တွေ ထောင်ထဲမှာ အဆုံးသတ်ရလိမ့်မယ်” ပါတဲ့ ။ ဖတ်သင့်တဲ့ ဆောင်းပါးတစ်ပုဒ်ပါ ။

    ReplyDelete
  14. ခိုင်မင်းကျော်October 4, 2011 at 2:07 AM

    တွေ့ ဆုံဆွေးနွေးရေးဖြင့် အဖြေရှာရေးဟာ ဒေါ်စုက အခုမှ ကောက်ကာ ငင်ကာ လုပ်လိုက်တဲ့ ၉၀ ဒီဂရီ အကောက်အကွေ့ မျိုး မဟုတ်ပါ။ ဟိုအရင်ကတည်းက ဒေါ်စု အစဉ်အမြဲ တောင်းဆို လာတဲ့ မပြောင်းလဲတဲ့ လုပ်ရပ်ဖြစ်တယ် ။ ၂၀၀၃ ခု ဇန္န၀ါရီလ ၃ ရက်နေ့ ရခိုင်ပြည်နယ် သံတွဲမြို့  မာဃ လမ်းမှာ ဒေါ်စု ပြောတဲ့ မိန်းခွန်းကို အာဏာပိုင်တွေ အတင်းအကြပ် တားတဲ့ ကြားက ကျွန်တော်တို့  ကျောင်းသားတွေ သွားနားထောင်တုန်းက ဒေါ်စု က ပြောတယ်။ (ကျမ တို့ ကို အာဏာပိုင်တွေက အဖျက်သမားလို့ ပြောကြတယ်။ တကယ်တော့ ကျမတို့က တိုင်းပြည် အကျိုးရှိမယ့် ကိစ္စ ပြည်သူ့ အကျိုးရှိမယ့် ကိစ္စကို ပူးပေါင်း ဆောင်ရွက်မယ့်လို့ ကျမတို့  တောင်းဆိုနေတာကို ပူးပေါင်း ဆောင်ရွက်ဖို့  ငြင်းဆန်နေတဲ့ သူတွေသာ တကယ့် အဖျက်သမား စစ်စစ် တွေ ဖြစ်တယ် ) ပြောတာ နားထောင်ခဲ့ဖူးတယ်။ ဒါကြောင့် အခု တိုင်းပြည် အကျိုးရှိမယ့် ပြည်သူ အကျိုးရှိမယ့် ကိစ္စ ကို ဒေါ်စု ဆွေးနွေးပြီး ရလာဒ်ကောင်းများ ထွက်လာအောင် လုပ်ဆောင်နေတာ ဒေါ်စုရဲ့  အရင်ကတည်းက တောင်းဆိုခဲ့တဲ့ မျှော်လင့်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ် ဆိုတာကို မျှဝေ ပေးပါရစေ။ ဒါဟာ ဒေါ်စု ပြောင်းလဲ သွားတာ မဟုတ်ဘူး။ အစဉ်အမြဲ တောင်းဆိုလာတဲ့ တောင်းဆိုမှု ဖြစ်မြောက်လာတာလို့ပဲ မြင် တယ်။ လက်ခံတယ် မခံဘူး သဘောတူတယ် မတူဘူး ကြိုက်တယ် မကြိုက်ဘူး ဆိုတာကတော့ တဦးချင်းစီရဲ့ သဘောထား ခံယူချက်အရ ကွဲလွဲ ချက်များသာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အကျိုးရှိမယ့် ကိစ္စကို ကျွန်တော်အနေနှင့်ကတော့ ထောက်ခံတယ်။

    ReplyDelete
  15. အခုလို ဝင်ဖြည့်ပေးတာ ကျေးဇူးတင်ပါတယ် ။ မှန်လည်း မှန်ပါတယ် ။
    အခု အမြင်မကြည်တာတွေဟာ ဒေါ်စုရဲ့ ပွင့်လင်းမြင်သာမှုနည်းတဲ့ လုပ်ပုံကိုင်ပုံရယ် ၊ အာဏာပိုင်တွေရဲ့ ဒေါ်စုကို ပါတီ ပြည်သူတွေနဲ့ ခွဲထုတ်ပြီး တသီးပုဂ္ဂလ ပုံစံမျိုးနဲ့ တွေ့ဆုံလုပ်ကိုင်နေသလို မြင်ရတာတွေကြောင့်လည်း ပါတယ်လို့ ယူဆလို့ ရနိုင်ပါတယ် ။

    တဖက်မှာကလည်း တိုင်းရင်းသားတွေကို စစ်ဆင်ရေး အရှိန်မြှင့်လာတာ အပါအဝင် အာဏာပိုင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေက အကောင်းမြင်စရာ အင်မတန် နည်းနေသေးတာကြောင့် သံသယတွေကို ခြေဖျက်ဖို့ ခက်နေတာ ပါပါတယ် ။

    အပေါ်က အချို့ပြောခဲ့ကြသလို တွေ့ဆုံဆွေးနွေးရေးဖက် ဦးတည်ရုံပဲ ရှိသေးတာမို့ ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ကို နားလည်ပေးသလို တဖက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့ ၊ ဆည်တွေကို ပြည်သူ့အစိုးရ အစစ်အမှန်တက်မှ ဆက်စဉ်းစားဖို့ ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းဖို့ စတာတွေကို ဆက်လုပ်နေရမှာပါပဲ ။

    ReplyDelete
  16. ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာ မထောက်ခံတာထက် စစ်အစိုးရကို ဆန့်ကျင်ဖို့ ဒီနည်းလမ်းကလွဲပြီး တစ်ခြားနည်းလမ်းမရှိပါ။ ပြည်တွင်းမှာ ဆန့်ကျင်ရင် သေနတ်နဲ့ ပစ်သတ်ခံရမယ်။ အသေခံရဲတဲ့လူတွေ အသေခံသွားကြပြီ။ စစ်အစိုးရကတော့ ဘာမှမပြောင်းလဲလာဘူး။ တစ်ချို့က ပြည်ပထွက်ပြီး သတ္တိပြကြတယ်၊ ပြည်ပရဲ့ အထောက်အပံ့ဒေါ်လာတွေစားပြီး ဒီအပေါ်မှာ သာယာမှန်းမသိ သာယာလာကြတယ်။ ပြည်တွင်းမှာ အတိုက်ခံမရှိငြိမ်းချမ်းသွားရင် သူတို့ရဲ့ အထောက်အပံ့ စားခွင် ပျက်သွားမှာ စိုးရိမ်တဲ့ ဥာဉ်စိုး မသိမသာ၊ သိသိသာသာ ပေါ်ထွက်လာတာ ရိုးရှင်းစွာ မြင်နေရတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ကို ထောက်ခံယုံကလွဲပြီး တခြားလမ်းရွေးစရာမရှိ။ သူ.. မကောင်းရင် သက်တမ်း(၅)နှစ်ပဲခံမယ်။ ပြည်သူတွေက ကန့်ကွက်မဲပေးပြီး ပြန်ဖြုတ်ချလို့ရတယ်။ စစ်တပ်အာဏာမြဲနေရင် ဖြုတ်ချဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မြန်မာတစ်နိုင်ငံလုံး သိကြတယ်။ အခုချိန်မှာ ဦးသန်းရွှေ ရွှေ့တဲ့ကျားကွက်ကို ဦးသန်းရွှေအခက် ပြည်သူ့အချက်လို့ သဘောထားပြီး နိုင်ငံတကာရဲ့ အားကိုယူပြီး အပြောင်းအလဲကို အရယူရမယ်။ တစ်ခုတော့ ယုံကြည်တယ်။ အစ်ဆစ်(ဒေါက်တာလွမ်းဆွေ)ပြောသလောက် ဒေါ်အောင်ဆန်းစုကြည် မဆိုးဘူး။ ဗမာပြည်သူတွေ ဒီလောက်မတုံးဘူး။ အကျိုးမရှိပဲ အသေမခံနိုင်လို့ ငြိမ်နေကြပေမယ့် အဲဒီလောက်အတွေးအခေါ် မညံ့ဘူး။ ဒီအချိန်မှာ ဒီနည်းကိုမသုံးပဲ တစ်ခြား ကောင်းတဲ့နည်းလမ်း ရှိကိုမရှိဘူး။
    မန်းကိုကိုရဲ့ ပျော့ပျောင်းသယောင်ယောင်ရှိတဲ့ ပိုစ်ကိုတော့ ကျေးဇူးတင်မိပါတယ်။

    ReplyDelete
    Replies
    1. ကျနော့်နဲ့ သဘောထား တစ်ချက်နှစ်ချက်လောက် ကွဲလွဲနေတာကလွဲရင် မှတ်ချက်အများစုကို လက်ခံပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သဘောထားတွေ ဖေါ်ထုတ်ပြသွားတာကို ကျေးဇူးတင်ပါတယ် ။

      Delete