ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, September 30, 2010

“အက်ဆစ်” ဆိုတဲ့ “ရွက်သစ်”


     ဒီရက်ပိုင်းအတွင်း စာဖတ်သူတွေကို မတိမ်းမစောင်းဗိန်းဗောင်းနဲ့ သောသောညံနေအောင်
လမ်းကြောင်းဖွင့်ပေးလိုက်သူက “အက်ဆစ်”။



     မြန်မာပြည်သူ၊ ပြည်သားအတော်များများ မသိတာမဟုတ်ပေမယ့် ဖွင့်ပြောကြဖို့ရာမှာ တွန့်
ဆုတ်နေတာကို အားလုံးကိုယ်စား ချက်ကျလက်ကျအဆိုပြုတင်ပြလာတဲ့ “အက်ဆစ်” ကို မြန်မာ
ပြည်အနာဂါတ် အကောင်းဖက်ဦးတည်ဖို့နဲ့ ဒီမိုကရေစီစနစ်ထွန်းကားတာကို မြင်လိုသူတွေအတွက်
တော့ “ရွက်သစ်” လို့သာ တင်စားလိုက်ချင်တယ်။

     အချို့လည်း လာပြန်ပြီတစ်ယောက်လို့ မျက်ခုံးချီနိုင်ကြပါတယ်။ အချို့လည်း ရူးတယ်လို့ဆိုလာ
နိုင်ပါတယ်။ ရူးတယ်ပြောပြော ထူးတယ်ပြောပြော လိုရင်းရောက်အောင် အကျိုးရှိအောင် အက်ဆစ်
ရဲ့အဆိုပြုတင်ပြချက်တွေကို ဥာဏ်မှီသမျှ ဆန်းစစ်ကြည့်ကြရအောင်ဗျာ။ ဒီနေရာမှာ ပညာရှင်တွေ
ရဲ့ critical thinking တို့၊ semiotic analysis တို့လို မမှီမကမ်းတွေမဟုတ်ပဲ ခင်ဗျားတို့ ကျနော်တို့
သာမန်တွေးသလိုပဲ တွေးကြည့်ကြရအောင်။

(၁) အနှစ် ၂၀ အတွင်း အန်အယ်လ်ဒီဟာ ဝေဖန်အကြံပြုတာတွေကို လက်မခံခဲ့ဖူး။ ကိုယ့်ဘာသာ
     ဆန်းစစ်ကြည့်စေချင်တယ်။

(၂) ဥပဒေမဲ့ အာဏာသိမ်းထားတဲ့အာဏာရှင်တွေကတော့ သူတို့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း
     အင်အားတည်ဆောက်နိုင်ခဲ့တယ်။ မကြာခင် ရွေးကောက်ပွဲလုပ်ပြီး အုပ်ချုပ်ရေးအာဏာကို
     တရားဝင်ဖြစ်အောင်လုပ် လက်ဝါးကြီးအုပ်တော့မယ်။ ဘယ်နိုင်ငံမှ ဝတ်ကျေတန်းကျေထက်
     ပိုပြီး ဝင်စွက်မှာမဟုတ်ဖူး။ စောင့်တောင်းတိုင်း ဒီမိုကရေစီမရနိုင်ဘူး။

(၃) အတိုက်အခံအင်အားစုတွေ လမ်းလွဲ ယောင်ဝါးနေကြဆဲပဲ။ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်
     တဲ့ အင်အားစုကလေးတွေက ခက်ခက်ခဲခဲလုပ်နေကြတယ်။ လက်နက်ကိုင်သူတွေကလည်း
     ရသမျှလေးနဲ့ ကြိုးစားနေကြတယ်။

(၄) စစ်သားအချို့အပါအဝင်၊ ဘုရားသား၊ ကျောင်းသား၊ တိုင်းရင်းသားပြည်သူလူထုဖက်ကတာဝန်
     တွေ ကြေခဲ့ပြီးပြီ။ ဒုက္ခတွေကိုလည်း လည်စင်းခံပေးခဲ့ကြပြီးပြီ။

(၅) အာဏာရှင်တွေအပြစ်ချည်းမဟုတ်၊ NLD ရဲ့ စီမံခန့်ခွဲမှုနဲ့ ဗျူဟာအစီအစဉ်တွေ မရှိခဲ့လို့ ခုအခြေ
     အနေထိ လုံးပါးပါးလာခဲ့ရတယ်။ လူလေးစားတဲ့ NLD ခေါင်းဆောင် များအနေနဲ့ လူမှုရေးအဆင့်
     တွေကိုကျော်လွှားပြီး နိုင်ငံရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆိုသင့်တယ်။
     NLD ဟာ ဝန်းရံတာကိုခံရမှာထက် မားမားမတ်မတ်ဦးဆောင်ရမယ့် ပါတီကြီးဖြစ်တယ်။

(၆) ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်တွေရဲ့ ဥပဒေစက်ဝိုင်းထဲက ရုန်းမထွက်ခဲ့ဖူး။ နှုတ်
     ဆိတ်နေခဲ့တယ်။ သူ့ကို လူထုကချစ်ပြီးသား၊ သူလွတ်တာမလွတ်တာထက် ဘာလုပ်ကြမလဲ
     ဆိုတာ အရေးကြီးတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပြတ်သားပါ။ ပြည်
     သူတွေနဲ့အတူ တိုက်ပွဲဝင်သင့်တယ်။ အနိုင်ရပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ ရဲရဲတင်း
     တင်းဦးဆောင်လိုက်ပါ - စသည်ဖြင့် ယေဘုယျမြင်မိတယ်။

     အပေါ်ကထုတ်နှုတ်မိသမျှတော့ မှားတယ်လို့ထောက်ပြစရာရှာလို့ မတွေ့မိဖူး။ အသေးစိတ်
အနေနဲ့ စကားအသုံးအနှုန်းနေရာမှာ (က) အခုအချိန် (ရွေးကောက်ပွဲ) မှာ နောက်ဆုံးအချိန်ရောက်
နေပြီလားဆိုတာနဲ့ (ခ) ၂၀၁၀ ရွေးကောက်ပွဲကိုလျစ်လျူဖို့ နဲ့ပတ်သက်တာလောက်ပဲ အတိအကျ
သဘောမတူတာ ရှိပါတယ်။ နောက်ဆုံးအချိန်ဆိုတာထက် မှတ်တိုင်ကြီးတစ်ခု သို့မဟုတ် လမ်းကွေ့
တစ်ကွေ့ကို ရောက်ရှိဖြတ်ကျော်ရတော့မယ့် အနေအထားလို့သာ ယုံကြည်တယ်။ ၂၀၁၀ ရွေး
ကောက်ပွဲကိုတော့ လစ်လျူရှုဖို့ဆိုတာထက် နောင်အတွက်ရော၊ ခုချိန်အတွက်ပါ နိုင်ငံရေးအသိ
ဗဟုသုတတွေ ပြန့်ပွားအောင်မျှဝေကြဖို့ လိုတယ်လို့တော့ ယုံကြည်တယ်။ ဒါမှလည်း လူထုမှာ ဘယ်
လှုပ်ရှားမှုအတွက်မဆို အမြဲအဆင်သင့်ဖြစ်နေနိုင်ပါမယ်။

     နောက်ပြီးအပေါ်က အချက်တွေကိုအကျဉ်းဆုံးချုပ်ရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မှာ
လူထုကိုရွေ့အောင်လုပ်နိုင်တဲ့စွမ်းအားတွေရှိတယ်၊ ဝေဖန်သုံးသပ် အစီအစဉ်ချပြီး လူထုကိုရှေ့က
ဦးဆောင်၊ အစိုးရဖွဲ့တာအပါအဝင် ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား လုပ်ဖို့ဖြစ်ပါတယ်။

     အက်ဆစ်ရဲ့အဆိုဟာ ပထမဦးဆုံးဖြစ်သလား။ မဟုတ်ပါဘူး၊ ရှေ့မှာတုန်းက နိုင်ငံရေးသမားကြီး
တွေအပါအဝင် များစွာသောစောင့်ကြည့်လေ့လာသူတွေက အနည်းအကျဉ်းတစ်မျိုး၊ သွယ်ဝိုက်ပြီး
တဖုံ တင်ပြလာခဲ့ကြတာ မနည်းတော့ပါဘူး။ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်းထောက်ပြဝေဖန်
ပြောဆိုတာကတော့ ဒီတစ်ကြိမ်ပဲ ထိထိရောက်ရောက်ရှိပါသေးတယ်။

     ဒီနေရာမှာ ဝေဖန်တာနဲ့ တိုက်ခိုက်တာကို ကွဲပြားသဘောပေါက်ကြဖို့တော့ အရေးကြီးပါတယ်။
အချို့လည်း မှားတယ်၊ ရိုင်းတယ် စသည်ဖြင့်စွပ်စွဲကြမယ်။ ဘာကြောင့်မှားသလဲဆိုတာ အကြောင်း
ပြချက်ခိုင်လုံရင်၊ ပြီးတော့ သွယ်ဝိုက်ပြောလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လက်ခံခဲ့တယ်ဆို
ရင်တော့ ဒီစွပ်စွဲချက်မျိုးကို လက်ခံမိမှာပဲ။ အဲဒီလိုမဟုတ်ရင်တော့ လက်တွေ့ကျတာပဲပြောကြရ
အောင်။

     ဥပမာ NLD ကို ဝန်းရံပေးကြပါဆိုတာ ပြောလာခဲ့ကြတာနှစ်ပေါင်းမနည်းတော့ဘူး။ ခုလည်းလှုံ့
ဆော်နေကြတယ်။ တွေးစရာက NLD ဟာ အတော်ပဲချိနဲ့နေလို့လား။ အထူးသဖြင့် အဖွဲ့စည်းငယ်
တွေ၊ တိုင်းရင်းသားတွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယုံလို့ ပုံအပ်ခဲ့ကြတယ်။ သူတို့ရဲ့ လတ်တ
လောအခက်အခဲနဲ့ ဆန္ဒတွေကိုဘေးချိတ်ပြီး ဝန်းရံထောက်ခံပေးခဲ့ကြတယ်။ သူတို့အပါအဝင်နဲ့
ပြည်သူလူထုမှာ ဒီလိုဝန်းရံထောက်ခံဖို့ တာဝန်နဲ့ဝတ္တရားတွေ တင်နေကြသလား။ ကဲ .. အခုနေ
များ မှန်ကန်တဲ့၊ တက်ကြွတဲ့၊ အရည်အချင်းရှိတဲ့သူတွေ၊ အဖွဲ့အစည်းသစ်တွေ ထွက်ပေါ်လာရင်
ကော အန်အယ်လ်ဒီက တိုင်းပြည်အကျိုးရှေ့ရှုပြီး ဝန်းရံထောက်ခံပေးမှာလား။ မလုပ်နိုင်ပါဘူး
ဆိုရင်တော့ တစ်ခုခုမှားနေပြီလို့ ဆိုရမယ်။ တိုင်းရင်းပြည်သူလူထုက NLD အပေါ် သီတာရေစင်
ပမာ မေတ္တာတွေအမြဲတမ်း တစ်ဖက်သတ်စီးဆင်းနေကြရတော့မှာလား။

     NLD ကို ဝန်းရံလာကြတာ အနှစ် ၂၀ လည်းကျော်ပါပြီ။ အခု အလုပ်ဖြစ်နိုင်စရာလမ်းကို အက်
ဆစ်က ချက်ကျလက်ကျတင်ပြလာပါပြီ။ ဝန်းရံကြမလား၊ တွန်းကန်ကြမလားဆိုတာကတော့ ခင်
ဗျား တို့ရဲ့ ရွေးချယ်မှုပါ။ ဒါပေမယ့် အက်ဆစ်ပြောတဲ့နတ်ကွန်းမှာ ဂါရဝသွားမပြုကြရခင် လမ်းတစ်
လမ်းကိုတော့ ရွေးချယ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်
လို့ တောက်လျှောက်သတ်မှတ်ခေါ်ဝေါ်လာခဲ့ကြသလို ခုလည်းလူထုကိုဦးဆောင်ဖို့ အကြံပေးတာ
ပါ။ လိုတယ်လို့မြင်တာတွေကို ထောက်ပြဝေဖန်တာပါ။

     မြင်ရတဲ့ လက်ရှိမြန်မာပြည်အနေအထားဟာ ၁၉၄၈ လွတ်လပ်ရေးတိုက်ပွဲ၊ ကမ္ဘာအရပ်ရပ်က
ခေတ်ပြောင်းတော်လှန်ရေးတွေအပါအဝင် ဘယ်ခေတ် ဘယ်ပုံစံနဲ့မှ တူတယ်လို့ နှိုင်းယှဉ်လို့မလွယ်
ပါဘူး။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အနုနည်းနဲ့တိုက်ပွဲဝင်တယ်ဆိုပေမယ့် လက်နက်ကိုင်
တိုက်ပွဲဝင်သူတွေနဲ့ ဟန်ချက်ညီညီ လှုပ်ရှားခဲ့တဲ့ နယ်လ်ဆင်မင်ဒဲလားနဲ့လည်း မတူနိုင်ပါ။ ၂၁
ရာစုခေတ် အတွေးအခေါ်အသိအမြင်တွေကို တဝက်တပျက်သာ သိခွင့်ရထားတဲ့ သွေးစုပ်ခံလူထု
က (မြန်မာ့နည်းမြန်မာ့ဟန်) ကုတ်သွေးစုပ်ခေတ်သစ်အာဏာရှင်တွေကို ကျောမှာပိုးပြီး ချောက်
နှုတ်ခမ်းဝမှာ ကြိုးတန်းလျှောက်နေရတဲ့ဘဝပါ။ ဒါကိုသိလို့လဲ စစ်အာဏာရှင်တွေက နည်းနည်း
ကလေးမှ အတိမ်းအစောင်းမခံရဲတာပါ။ အချင်းချင်းတောင်မယုံလို့ စစ်တပ်မှာတောင် စည်း ၃ စည်း
ရှိပါတယ်။ အပြင်စည်းကလူတွေကတော့ စစ်တုရင်ပွဲက ပွန်း (pawn) ကလေးတွေလို အလွယ်
တကူထိုးကြွေးခံရမှာဖြစ်ပြီး မနပ်ရင်ခံရမယ့်သူတွေပါ။ တဖက်မှာလည်း ပြည်သူလူထုဖက်ကို
အလွယ်တကူ ကူးပြောင်းသွားနိုင်တဲ့ အောက်ခြေတန်းကလူတွေဖြစ်ပါတယ်။ သုံးတတ်ရင်ဆေးပါ။

     ဒီတော့ တဆက်ထဲသတိပြုစရာ တစ်ခုရှိပါတယ်။ အချို့သူတွေက ရန်ငါစည်းပြတ်ဖို့လိုတယ်လို့
ဆိုပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် အကောင်အထည်ဖေါ်ရာမှာ နည်းလမ်းနဲ့ စည်းကမ်းတော့ ရှိကြ
ရပါမယ်။ စစ်သားတွေဆိုတာက နတ်စစ်သည်တွေမဟုတ်ကြပါဘူး။ ခင်ဗျားတို့ ကျနော်တို့လိုပဲ မြန်
မာပြည်ဖွားတွေပါ။ နိုင်ငံအတွက်၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်တယ်ဆိုတာဟာ လူသတ်စရာ
မလိုပါဘူး။ ထစ်ကနဲဆိုတာနဲ့ အားလုံးကို စစ်ခုံရုံးတင်ပစ်လိုက်မယ်ဆိုတာချည်း လုပ်လို့မရပါဘူး။
နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးနဲ့ နောက်ဆုံးစစ်ရေးပါမကျန် ဘယ်နေရာမှ ဆန့်ကျင်ဖက်အင်
အားစုနှစ်စုထဲက တစ်စုကိုအကုန်လုံးအမြစ်ဖြုတ်နိုင်ပြီး ပြဿနာပြေလည်သွားတယ်ဆိုတာမျိုး မရှိ
ပါဘူး။ သတိရှိသင့်ပါတယ်။

     အက်ဆစ်ရဲ့ဆောင်းပါးဟာ ကွပ်ကဲနေတဲ့စစ်အာဏာရှင်ဆီမှာ အနည်းနဲ့အများ ဂယက်သွားရိုက်
မှာလည်းသေချာပါတယ်။ ဒီတော့ တန်ပြန်ဖို့၊ ချုပ်ကွက်ကိုဖြည်နိုင်အောင် အကြံတွေစထုတ်နေမှာ
ပါ။ သူတို့ကို တစ်ကွက်အမြဲကြောနေအောင် လုပ်ဖို့လည်းလိုပါတယ်။ အထင်သေးလို့မရသလိုအထင်
လည်းသိပ်ကြီးစရာလည်း မလိုပါဘူး။ ရှေ့မှာတုန်းက ကိစ္စနည်းနည်းကြီးလာရင် ဖင်ပိတ်ခေါင်းပိတ်
နဲ့ ကမောက်ကမ ဖြေရှင်းနေခဲ့ကြတဲ့ သာဓကတွေလည်းရှိပါတယ်။ အတိုက်အခံလုပ်သူတွေဖက်က
ဖောက်မထွက်နိုင်ခဲ့လို့သာ အခွင့်အရေးတွေဆုံးရှူံးခဲ့ရတာပါ။

     အက်ဆစ်ကိုဝန်းရံပေးတယ်လို့ ဆိုချင်ဆို၊ ကျနော်ကတော့ လတ်တလောမြင်မိသမျှကို ဆွေး
နွေးတင်ပြကြည့်တာပါ။ သတိထားမိတာက ဒေါက်တာလွဏ်းဆွေဘလော့လိုနေရာမှာ မှတ်ချက်
လာပေးသူတွေရဲ့ အချို့ထင်မြင်ချက်တွေဟာ စိတ်ဝင်စားစရာကောင်းပြီး ကနေ့မြန်မာပြည်လူထုနဲ့
နိုင်ငံရေးအနေအထားကို အသင့်အတင့် ရောင်ပြန်ဟပ်နေတယ်လို့ ပြောလို့ရနိုင်ပါတယ်။ (အလွတ်
တိုက်ခိုက်တာတွေ၊ ဇဝေဇဝါဖြစ်နေသူတွေနဲ့ ဖြစ်အောင်လုပ်နေတာတွေကိုတော့ အရေးတယူ
ဆန်စင်ရာ ကျဉ်ပွေ့မလိုက်မိဖို့လိုမယ်။)

     ရှည်ရှည်မရေးတော့ပါဘူး၊ အနှစ်လည်း ၂၀ ကျော်ခဲ့ပြီ၊ အာဏာရှင်တွေက လူဆန်လာဖို့ မျှော်
လင့်ချက်က မရှိဖူး၊ လူထုလည်းနာလှပြီ၊ စောင့်နေ အော်နေရုံနဲ့ ထူးမလာနိုင်ဖူး၊ တစ်ဖက်က ဦး
ဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်တွေကလည်း အရန်သင့်ရှိနေကြတုန်းပဲ၊ အခြေအနေကလည်း
ဥခွံပါးပါးကလေးလို ကြွပ်ဆပ်နေတယ်။ ဘယ်လမ်းရွေးမလဲ။ ဖြေရမယ့်သူတွေက ကိုယ့်ကိုယ်ကို
လူထုရဲ့ခေါင်းဆောင်လို့ ခံယူထားသူတွေပါ။ ကျနော်တို့လို သာမန်ဝန်းရံပေးရုံလောက် တတ်နိုင်သူ
တွေကတော့ အသင့်ပြင်ဖို့လောက်ပဲ တတ်နိုင်ပါမယ်။


မန်းကိုကို
၂၉၊ ၀၉၊ ၂၀၁၀

* အက်ဆစ်ရဲ့ ဆောင်းပါးနဲ့ တုန့်ပြန်ဆောင်းပါးတွေကို ဒေါက်တာလွဏ်းဆွေဘလော့နဲ့
  ဟစ်တိုင် တို့မှာ သွားဖတ်နိုင်ကြပါတယ်။

* ဟိုရေးဒီရေးနဲ့ ဒီမိုတွေရော၊ အဘတို့ရဲ့ သားသားလေးများအားလုံးကပါ ဝိုင်းမုန်းကြဖို့တော့
  လမ်းမြင်တယ်။
* တဖက်မှာတွေးကြည့်ပြန်ရင် တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင်ပါဘူးဆိုသူတွေ
  ဆွေးနွေးပြေလည်သွားရင် အောက်ခြေကလူတွေမှာတော့ ရယ်ရမလို ငိုရမလို၊ ရှိုးတိုးရှန့်တန့်
  ထက်ပိုတဲ့ အနေအထားမျိုးနဲ့ အတူယှဉ်(နေ)ထိုင်သွားကြရမယ်ဆိုတာ ကြိုတွေးမိကြရင်တော့
  ကိုယ့်လုပ်ရပ်တွေကိုကိုယ် ဆင်ခြင်ကြလေမလားပဲ။

6 comments:

  1. သို့

    ကိုမန်းကိုကို

    ကျုပ်ကတော့ စကားကို ခပ်ကြမ်းကြမ်းပဲ ပြောတတ်တယ်။ နားထဲ သံရည်ပူလောင်းလိုက်သလို့ ခံစားရရင် နောက်မှ ရေခဲတင်ပေးမယ်။ ခင်ဗျားတို့က လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး လက်တွေ့ကျကျ ဘာမှမလုပ်ပဲ နအဖ စောက်တင်း စောက်ဖျင်းတွေပဲ ပြောခဲ့တယ်။ အခုကျတော့ နအဖကို အတင်းပြောရပ်သွားပြီး NLD ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုအဖွဲ့တွေဘက်လှည့်ပြီး စောက်တင်း စောက်ဖျင်းတွေပြောနေပြီ။ အပြစ်အနာအဆာတွေကို လိုက်ရှာပြီး အတင်အဖျင်းပြောမှ နိုင်ငံရေးလို့ ယူဆသလား? ဘေးကနေ လက်ပိုက်ကြည့်ပြီး လုပ်နေတဲ့သူတွေကို သြ၀ါဒပေးတာမှန်ကန်ရဲ့လားဗျာ?

    စက်တင်ဘာအရေးအခင်းမှာ NLD မပါဝင်ခဲ့လို့ မအောင်မြင်သာဆိုပြီး အပြစ်တင်ကြတယ်။ NLD ပါခဲ့ရင်လည်း အောင်မြင်မယ်လို့ အတိအကျမပြောနိုင်ပါဘူး။ တကယ်လို့ မအောင်မြင်ရင် NLD ပါတီ အဖျက်ခံရမယ်။ အဲလိုအခြေအနေမှာ အခုလို အတုအယောင် ရွေးကောက်ပွဲလုပ်ရတာ နအဖအတွက် ပိုပြီးလွယ်သွားမှာပါ။ အဲလိုသာဖြစ်ခဲ့ရင် NLD ကို အမျှော်အမြင်မရှိပဲ လုပ်တာဆိုပြီး စောက်တင်း ပြောကြမှာပဲ မဟုတ်လားဗျာ?။ အခုလည်းပဲ NLD ကို အစိုးရဖွဲ့ဖို့ အပြင်ကနေ ဖိအားပေးနေတယ်။ ခင်ဗျားတို့အများစုက မြန်မာပြည်ကို လုံးဝ ပြန်မရောက်ဖြစ်တာလား. . . မလေ့လာတာလားတော့ မသိဘူး။ ပြည်တွင်းမှာ ဒီမိုကရေစီကို ငန်းငန်းတက် လိုချင်တဲ့သူ မရှိဘူးဗျ။ ကိုရီးယားမင်းသမီးကို ဒေါ်အောင်ဆန်းကြည်ထက်ပိုပြီး စိတ်ဝင်စားတယ်။ အဖိုးကြီးတွေ အစိုးရဖွဲ့လို့ ဖမ်းခံရရင် ပြည်သူတွေက ကူပေးမှာ မဟုတ်ဘူး။ ဘေးကနေ လက်ပိုက် ကြည့်နေကြမှာ။

    NLD ကိုဝန်းရံတယ်ဆိုတာ အပြောပဲရှိတယ်။ NLD က ခင်ဗျားတို့ကို အတူတူဆန္ဒပြမယ် ပြည်တွင်းလာကြပါလို့ ခေါ်ရင် သွားမလား? မသွားပါဘူး။ ထို့အတူပဲ ပြည်တွင်းကလူတွေကို လမ်းပေါ်ထွက်ပါလို့ တောင်းဆိုရင် ထွက်ကြမှာလား? ကိုရီးယားမင်းသမီးအတွက်ဆိုရင်တော့ လုပ်ချင်လုပ်မှာပေါ့။ တကယ် စွန့်စားရမယ့်သူတွေက အများကြီးစဉ်းစားပြီးမှ လုပ်မှာပဲ။ အဲဒါတော့ ခင်ဗျားတို့ နားလည်ပေးသင့်တယ်။




    ဘေးထိုင်ဘုပြောနေသူများကို ဆန့်ကျင်သည့်
    မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

    ReplyDelete
  2. ဇော်မျိုး၊

    မင်းရဲ့ဘလော့ကို တာဝန်ကျေအောင် ပြန်လာမလည်တဲ့ငါ့ကို တကူးတက လာလာရေးနေရတာရယ်၊ လာဖတ်တဲ့သူတွေ ပြုံးစရာဖြစ်အောင် လုပ်ပေးတာတွေရယ်ကို ကျေးဇူးပဲတင်ရတော့မလို ဖြစ်နေတယ်။ မင်းအခု ဂျာမဏီ IP နဲ့လာရေးတာ ယုံနိုင်စရာသိပ်မရှိပေမယ့် ဒုက္ခခံလိုက်ရှာမှာမဟုတ်တဲ့ ငါ့ကိုသိပ်လည်း စိတ်တော့မပူပါနဲ့။

    မင်း သူများကို ဆီယိုပေါက်ရှာသလို အပြစ်လိုက်တင်တာကတော့ ငါ့အတွက်ပြဿနာ မရှိလှပါဘူး။ ငါဘာလုပ်လုပ် တိုင်းရင်းသားအချင်းချင်းရော၊ အမြင်မတူတဲ့လူတွေနဲ့ မင်းရဲ့ဘော်ဒါတွေပါ လာဆော်ကြမှာ မျှော်လင့်ပြီးသားပါ။ တခါတခါ ကောင်းလာတတ်တဲ့ မင်းရဲ့အမြင်နဲ့ လက်တွေ့အချက်အလက်တွေ ပေါင်းနိုင်ရင်တော့ မင်းတိုးတက်မှာပါ။ ငါကတော့ မင်းထက်ပိုမတော် မတတ်လေတော့ နားလည်တာတွေ ရေးရင်းနဲ့ပဲ မင်းအထင်တွေကို ပြန်ဖြေပြီးသား ဖြစ်သွားပါလိမ့်မယ်။ (မင်းမှန်မှန်ဖတ်ရင်ပေါ့လေ)။ တချိန်ကျရင်လည်း “မန်းကိုကို ဘယ်လဲဘာလဲ” ဆိုပြီး နဖူးပေါ်လက်တင် ပြန်စဉ်းစားပြီး ရေးတဲ့စာမျိုးတွေ ရေးဖြစ်မှာပါ။

    တစ်ခုရှိတာကတော့ ငါဟာ မင်းဖြစ်စေချင်သလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တာတော့ သေချာတယ်။ မဆလ လက်အောက်မှာ ကြီးပြင်းခဲ့ပြီး အခြားနိုင်ငံရေးစနစ်၊ အတွေးအခေါ်အချို့ကို မြည်းစမ်းလက်ခံတဲ့ လူတစ်ယောက်အနေနဲ့ အမှန်တရားနဲ့ လူသားအားလုံးလိုလိုရဲ့ အကျိုးနဲ့သိက္ခာတွေကို တန်ဖိုးတော့ထားတယ်။ မင်းမုန်းတဲ့ ကုလားဆိုသူတွေဖက်က လိုအပ်ရင် ငါရပ်တည်မှာပဲ။ ငါကရင်ဖြစ်လို့ ဗမာနဲ့ အခြားတိုင်းရင်းသားတွေကို အချို့ သူတို့အားနည်းတဲ့ ဒေသတွေမှာ အနိုင်ကျင့်ခံရရင်လည်း သူတို့ဖက်က ငါကာကွယ်မှာပဲ။ နောက်ဆုံးကုန်ကုန်ပြောရင် မင်းကိုကုလားတွေ နှိပ်ကွပ်ရင်လည်း မသင့်တော်တဲ့ အနေအထားရောက်လာရင် ငါဝင်တားသင့်လည်း တားမှာပဲ။ မင်းလက်ခံတာ မလက်ခံတာက တကဏ္ဍ။ ဒါဟာ ငါ့ဘဝ အခြေခံစည်းမျဉ်းတွေထဲက တစ်ခုပဲ။

    မင်းလည်း ငယ်အုံးမှာပါ။ အချိန်က စကားပြောလာတဲ့အခါကျမှ အပြောင်းအလဲအတွက်သာ ပြင်ဆင်ထားပေါ့။ ခုချိန်မှာတော့ လက်မခံဖို့ အသင့်ဆုံးဖြတ်ထားပြီးတဲ့မင်းကို ဒီလောက်နဲ့တော်ထားအုံးမယ်။ နောက်ဆုံး တစ်ခုကတော့ မင်းငါ့ဘလော့မှာ ပထမဆုံးလာရေးတုံးက ပြောထားတာဟာ အတည်ပါပဲ။ မသင့်မတော်တာတွေ မပါမချင်းကတော့ မင်းရေးတာအပါအဝင် ဘယ်ကွန်မန့်ကိုမှာ ဖျက်မှာ၊ ဘန်မှာ မဟုတ်ဖူး။

    (တည့်တည့်နဲ့ ဘွင်းဘွင်းပြောစေချင်တဲ့မင်းကို ပုံစံပြောင်းရေးထားတယ်။)

    ReplyDelete
  3. သို့
    ကိုမန်းကိုကို

    IP ကိစ္စကို မရှင်းတော့ပါဘူး။ အဲဒီကိစ္စဟာ အခုဆောင်းပါးနဲ့ မသက်ဆိုင်ပါဘူး။ တကယ်လို့ IP လိမ်တယ်ထင်ရင်လဲ . . . . ကျုပ်မှာ လိမ်ပိုင်ခွင့်ရှိပါတယ်။ ရဲတွေတောင် လူတွေဆီကနေ မှတ်ပုံတင် တောင်းကြည့်ပိုင်ခွင့်မရှိပါဘူး။ နာမည်လဲ မေးခွင့်မရှိပါဘူး။ လူတိုင်းမှာ ဖုံးကွယ်ခွင့်ရှိတယ်။ လူ့အခွင့်အရေးကို ခင်ဗျား လေးစားရမယ်။

    လူမျိုးရေးတွေ ထည့်ပြောပုံအရ.. ဗမာက . .. ကရင်ကို ရင့်ရင့်သီးသီးပြောတယ်လို့ မြင်နေဟန်ရှိတယ်။ ကျုပ်ဟာ ဗမာအချင်းချင်းဆိုရင် ဆဲစရာရှိရင် ဆဲတယ်။ ကြမ်းစရာရှိရင် ကြမ်းတယ်။ အဲဒါကို ခင်ဗျားသိပါတယ်။ ဗမာနဲ့ ကရင်ဟာ လူချင်းအတူတူပဲ.. ဘာလို့ ကရင်နဲ့ ဗမာကို ခွဲခြားပြီး ပြောဆိုရမှာလဲ? အရိုင်းအစိုင်းဖြစ်တဲ့ ကျုပ်က ခင်ဗျားကို ကရင်ဆိုပြီး ဟန်ဆောင် ယဉ်ကျေးပြရမှာလား? ဗမာ ၊ ကရင် ဆိုတာ ကျုပ်ခေါင်းထဲမှာ မရှိဘူး။ ဒါ့ကြောင့် လူငယ်က လူကြီးတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်လို့ ရိုးရိုးရှင်းရှင်းလေး မြင်ပေးဖို့ တောင်းဆိုပါတယ်။

    ခင်ဗျားတို့က စာအုပ်ထူထူကြီးထဲမှာ ရေးထားသလို တရုတ်၊ ကုလားတွေကို တိုင်းရင်းသားဖြစ်တဲ့ ဗမာ၊ ရှမ်း ၊ ကရင်၊ ကယားတို့နဲ့ တန်းတူ အခွင့်အရေးရှိသင့်တယ်လို့ သဘောထားလိမ့်မယ်။ အဲဒါဟာ လက်တွေ့မကျဘူးလို့ ထင်တယ် ။ ပြည်တွင်းက တရုတ်တွေက စာပေ ယဉ်ကျေးမှုနဲ့ စီးပွားရေးတွေကို လွှမ်းမိုးနေတာ ခင်ဗျားသိပါတယ်။ ၀တရုတ်တွေကလဲ ပြည်နယ်ရတော့မယ်။နောက်ထပ် တရုတ်ကြီးက ဘာတွေ ၀င်နှောက်ဦးမလဲမသိဘူး။ တဖက်ကလဲ ရိုဟင်ဂျာနာမည်နဲ့ ရခိုင်မြေတွေကို ကုလားတွေက လုနေတယ်။ လူဦးရေအများဆုံး တရုတ်နဲ့ ကုလားပြည်အကြားမှာနေရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လူအခွင့်ရေးတစ်ခုပဲ ထည့်တွက်လို့မရဘူး။ ဒါ့ကြောင့် ကရင်၊ ရှမ်း၊ ကယားတွေရဲ့ စာပေနဲ့ စကားတွေကို မြှင့်တင်ပေးရမယ်ဆိုပေမယ့် တရုတ်ကုလားတွေကိုတော့ ထိမ်းချုပ်သင့်တယ်လို့ မြင်တယ်။ မြန်မာပြည်မှာ ဗမာအစစ်မရှိသလို. . တရုတ် ကုလားအစစ်ဆိုတာလဲ ရှားပါတယ်။ မျက်နှာ.. အသားအရောင်ကို ကြည့်ပြီး ခွဲခြား ဆက်ဆံဖို့ ပြောနေတာ မဟုတ်ဘူး။ တရုတ်၊ ကုလား ယဉ်ကျေးမှုနဲ့ အသင်းဖွဲ့တွေကို ထိမ်းချုပ်ဖို့တိုက်တွန်းခြင်း ဖြစ်ပါတယ်။

    မြန်မာတွေတွေ့က ကုလားတွေ ဘက်ကနေ ကာကွယ်မယ်ဆိုပြီး ပြောနေကြပါတယ်။ လူများစုက အနည်းစုကို အနိုင်ကျင့်တဲ့ခေတ် မဟုတ်ပါဘူး။ အိမ်ရှင်တွေကို ဧည့်သည်ကုလားတွေက စောက်တင်းပြောရင် ဒီမိုဝါဒနဲ့အညီ ဝေဖန်တယ်ဆိုပြီး ငြိမ်ခံနေရတယ်။ လူနည်းစုက အုပ်စုဖွဲ့ပြီး အိမ်ရှင်တွေအပေါ် မတရားလုပ်တာကို ထောက်ပြရင် လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲလိုက်ရင် … ပါးစပ်ပိတ်ရတဲ့ အနေအထားပါ။ ဒီတော့ ကုလားတွေက ကျုပ်တို့ မြန်မာတွေအပေါ်မှာ ဘာသာရေး အရေခြုံပြီး အနိုင်ကျင့်ရင် ဘာလုပ်ပေးမလဲ? ဒီကောင်တွေ နိုင်ငံတိုင်းမှာ ဘာသာရေး အရေခြုံပြီး အနိုင်ကျင့်နေတာတော့ ခင်ဗျားသိပါတယ်နော်? ဒါ့ကြောင့် လက်တွေ့ကျကျ ဖြေပေးပါ။


    စာအုပ်ထူထူတွေထဲက စကားလုံးလှလှတွေကို အထင်မကြီးတဲ့
    မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

    p.s ကျုပ်စကားကြောင့် ခင်ဗျား ဆီမှာ ဆွေးနွေးသူနဲသွားရင် ခွင့်လွှတ်ပါ။

    ReplyDelete
  4. ဇော်မျိုး၊

    မင်းလည်း ငါ့ကိုစကားကို လာကပ်ရှုပ်နေပြန်ပြီ။
    ခံယူချက်ကိုပြောတာနဲ့ လူမျိုးရေးကိစ္စဖြစ်ရောလား။

    နောက်တော့ “လူ့အခွင့်အရေးကို ခင်ဗျား လေးစားရမယ်” လို့ မင်းပြောပြီး “တန်းတူ အခွင့်အရေး” ကျတော့ “လက်တွေ့မကျဘူး လို့ ထင်တယ်” ဆိုပြီးဖြစ်ပြန်ရော။ အားလုံးကို ရှောက်ထောက်ပြပြောနေဖို့တော့ ငါလည်းအချိန်မရှိဖူး၊ သေချာတာက ကိုယ်ချင်းစာစိတ်က အရေးကြီးတယ်လို့မြင်တယ်။

    တိုင်းရင်းသားတွေ သေကြေဒုက္ခရောက် နေကြတာ ငါတွေ့နေရတယ်၊ ပြည်သူပိုင် အသိမ်းခံခဲ့ရတဲ့ခေတ်နဲ့ တရုတ်ဗမာ အရေးအခင်းကို ကြုံခဲ့တဲ့ တရုပ်တွေနဲ့ တွေ့ခဲ့ဖူးတယ်၊ လွတ်လပ်ရေး ရအပြီး အိန္ဒိယပြန်ပို့ခံခဲ့ရတဲ့ ကုလားဆိုသူတွေ သောင်းသိန်းမက ရှိခဲ့တယ်၊ နိုင်ငံခြားမှာ မြန်မာပြည်ကလာတဲ့ ကရင်တိုင်းရင်းသား တစ်ယောက်လို့ သူများကိုပြောတာ မကြိုက်ချင်တဲ့ အင်မတန် ဗမာဆန်တဲ့ ပါကစ္စတန်အနွယ် မွတ်ဆလင်နဲ့လည်း အတူအလုပ်လုပ်ခဲ့တယ်။

    မင်းလည်းထင်ချင်၊ မြင်ချင်၊ လုပ်ချင်တာတွေ ငါနဲ့တူစရာ မလိုပါဘူး။ မင်းဆီက လာသမျှလည်း မှားတယ်လို့ ငါမပြောပါဘူး။ သေချာတာတစ်ခုကတော့ ဘာသာရေး၊ လူမျိုးရေးနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရဲ့ အထက်မှာရှိမယ့် မြို့ပြဥပဒေတွေတော့ လိုတယ်။ အဲဒီဥပဒေတွေကပဲ အစွန်းရောက်တဲ့သူတွေကို တစ်မူးပိုမရှူအောင် အာမခံပေးလိမ့်မယ်။ ဒါပေမယ့် ဥပဒေဆိုတာလည်း လူလုပ်တာမို့ မပြည့်စုံဖူး။ ပြဿနာတွေကတော့ အနည်းနဲ့အများ အမြဲတမ်းရှိနေမှာပဲ။

    ငါကလည်း အဲဒါတွေကို လိုက်မဖြေရှင်းနိုင်လို့ တနိုင်တပိုင်ပဲ ပို့စ်လေးရေး၊ ဆွေးနွေးတာလောက် လုပ်နိုင်မယ်။ ဒါလည်း ပွဲမဆူအောင် သတိထားရသေးတော့ မင်းတဖြည်းဖြည်းတွေ့မှာပေါ့ကွာ။

    ReplyDelete
  5. သို့

    ကိုမန်းကိုကို


    တရုတ် ၊ ကုလားတွေကို မတရားသဖြင့် နှိပ်စက်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အကြမ်းဖက်ဖို့ .. မုဒိမ်းကျင့်ဖို့ တိုက်တွန်းတာမှမဟုတ်တာ။ တရုတ် ကုလားတွေရဲ့ ယဉ်ကျေးမှုအဖွဲ့တွေ ၊ လူမှုရေး အသင်း အဖွဲ့တွေ ၊ စာပေသင်ကြားပြသမှု .. . . . စတာတွေကို ထိမ်းချုပ်ဖို့ပြောတာပါ။ ကျုပ်တို့ နိုင်ငံရဲ့ အခြေအနေကို ရှင်းပြထားတာပဲ။ ဒါတောင် ခင်ဗျားရဲ့ ကိုယ်ချင်းစာနာစိတ်က လူနည်းစု ကုလားနဲ့ တရုတ်အပေါ်မှာပဲ ထားနေတယ်။ တကယ်တော့ လူများစုက အနှိမ်ခံနေရတဲ့ ခေတ်ကြီးဗျ။ တကမ္ဘာလုံးမှာ ကုလားတွေက ဘာသာရေး အရေခြုံပြီး အိမ်ရှင်တွေကို စော်ကားနေတာ လူတိုင်းသိနေတဲ့ ကိစ္စပါ။ အိမ်ရှင်တွေခမျာ အဲလိုစော်ကားတာကို ခေါင်းငုံ့ပြီး ခံနေရရှာတယ်။ သည်းမခံနိုင်တော့လို့ ဝေဖန်ထောက်ပြရင် လူမျိုးရေးခွဲခြားတယ်၊ ဘာသာရေး နှိပ်ကွပ်ဆိုတဲ့ စကားလုံးတွေနဲ့ စွပ်စွဲခံရတယ်မဟုတ်လား? စာနာစိတ်ဆိုတာ ဖိနှိပ်ခံ အိမ်ရှင်တွေအပေါ်မှာ မထားရဘူးလို့ သတ်မှတ်ချက်များ ရှိနေသလား?



    လူမုန်းခံပြီး မွတ်ဆလင်ယုတ်ညံ့ပုံကို အမှန်အတိုင်းပြောနေသော
    မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


    p.s. ပြည်သူပိုင်သိမ်းတဲ့ ကိစ္စမှာ ကျုပ်တို့ အဖိုးအဖွားတွေရဲ့ ပစ္စည်းတွေ၊ လယ်ယာတွေလဲ ပါခဲ့တယ်။ တရုတ် ကုလားတွေပဲ ခံစားရတာ မဟုတ်ပါဘူး၊ ဦးရှုမောင် နဲ့ ဦးဆန်းယုဟာ တရုတ်အစစ်တွေဆိုတာ သတိထားစေချင်ပါတယ်။

    ReplyDelete
  6. တိုင်းရင်းသား
    ဗမာနှင့်ကရင်စရိုက်မတူသလို၊ရှမ်း၊ရခိုင် မွန်စသည့်တိုင်းရင်းသားတွေကလည်းဗမာနှင့်လုံးဝလုံးဝမတူပါဘူးခင်ဗျား၊ဆောက်ရူဦးနိုလိုမလုပ်ပါနဲ.ဗျာ၊အားလုံးဗမာနှင့်အတူတူပဲပြောတာမျို.ပေါ့၊ဗမာကရိုင်တယ်၊ကိုယ့်အမေ၊ကိုယ့်ကိုယ်ကွယ်သည့်ဘုန်းကြီးတွေကိုသတ်ပြီးဘုရားတည်ထားသည့်ရွှေတွေခိုးတယ်သဗျ၊အဲဒါကြောင့်၊မတူဘူးသိလား၊တူချင်ရင်လည်းဝေအုံးမှာ၊

    ReplyDelete