လူအတော်များများ
၊ ကိုယ်မကျွမ်းကျင် မရင်းနှီးတဲ့ ပတ်ဝန်းကျင်ထဲကို မျက်စေ့လည်လမ်းမှားပြီး
ရောက်ဖူးကောင်း
ရောက်ဖူးကြမယ် ။
အဲသည်ထဲမယ်
ရာခိုင်နှုန်းအတော်အတန်ရဲ့ စိတ်ထဲပူပင်သွားတာမျိုး ၊ စိုးရိမ်သွားတာမျိုး ၊ မသက်
မသာ
ဖြစ်တာမျိုးတွေလည်း ဖြစ်တတ်ကြလေ့ရှိတာ ၊ သိကြ ကြုံကြ ကြားဖူးကြလိမ့်မယ်လို့ ယူဆပါ
တယ်
။
ဒါမျိုးကို
ကျနော်လည်းမကြုံချင်သလို ၊ စာဖတ်သူအများစုကလည်း ကြုံချင်ကြလိမ့်မယ် မထင်ပါ ။
သို့သော်
တစ်ခါတစ်ရံမှာတော့ ၊ စိတ်အလိုလိုက်လို့ဖြစ်စေ ချိန်ဆပြီးတော့ဖြစ်စေ လိုအပ်လို့ဖြစ်စေ
၊
တမင်ကို သွားရ ဝင်ရ ပြောဆိုရတာမျိုးတွေလည်း ရှိတတ်တာပါပဲ ။