ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, January 17, 2013

Facebook ပေါ်က ဝါယောစုများ




(၁)  မာ့က်စ်ဝါဒီများနှင့် ကျနော်

     များမကြာခင်က ဖတ်မိတဲ့ သရော်စာဆန်ဆန် စာစုတစ်စုကတော့ "ဘိုဘိုလန်းစင်" ရေးတဲ့
"ဂျပန်ခေတ်က မဟဝှါ" ပါ ။ Facebook ပေါ်မှာ share လုပ်ရင်း ရေးဖြစ်ခဲ့တာကတော့ အောက်က
အတိုင်းပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~

~   သရော်စာကောင်း တစ်ပုဒ်လို့ မြင်တယ် ။

    တစ်ဆက်ထဲ မှတ်ချက်တစ်ခု ပြုချင်တယ် ။
   မာ့က်စ်ဝါဒကို လက်မခံပဲ ဘာကြောင့် သူ့နောက် ယုံကြည်လိုက်လျှောက် နေသူတွေနဲ့ကျ ပလဲ

နံသင့်ပုံ ရနေသလဲလို့ မေးချင်သူတွေ ရှိကောင်းရှိမယ် ။

ကျနော့်အဖြေက - ကမ္ဘာမှာကြည့်ရင် အချို့သော အလယ်ယိမ်းတဲ့ အချို့သော အစုအဖွဲ့တွေက

လွဲရင် မာ့က်စ်ဝါဒဟာ ယေဘုယျအားဖြင့် ဆုတ်ယုတ်နေတဲ့ ဝါဒတစ်ခုဆိုတာ မှန်ပါတယ် ။ ဒါဟာ
လက်တွေ့ကျတဲ့ အဖြေပါ ။ 

    သို့သော် ဝါဒအနေနဲ့ ဒီလိုဖြစ်နေပေမယ့် မာ့က်စ်ဝါဒီတွေကျတော့ သူတို့လုပ်ရပ်တွေကို ကြည့်
ပါ ။ သူတို့ဟာ အားနည်းသူ ၊ အဖိနှိပ်ခံနေရသူ ၊ လူနည်းစုတွေအတွက်တော့ Crusader တွေပါ ။
အမြဲတမ်းလိုလို လက်အားဖြင့် မဖေးမ နိုင်ရင်တောင် ၊ နှုတ်အားဖြင့် ဖေးမအားပေး ကာကွယ်
ပြောဆို တိုက်ပွဲဝင်ပေးဖို့ ကြိုးစားနေသူတွေပါ ။ သည်တော့ အခံဖက်က ဖြစ်နေသူတွေနဲ့ တစ်
သားထဲ ဖြစ်နေကြတယ်ဆိုရင် မဆန်းပါ ။

    အားနည်းသူ ၊ အဖိနှိပ်ခံနေရသူ ၊ လူနည်းစုတွေလို့ ပြောပြန်တော့လည်း သတိထားမိတာတွေ

ရှိလာပြန်တယ် ။ ကိုယ့်နေရာ ဒေသ နိုင်ငံမှာနေလို့ ကိုယ်တွေဟာ လူများစုထဲ ပါနေရင် ၊ ကိုယ့်နဲ့ မတူသူတွေကို ကိုယ်ချင်းစာစိတ် သိလာ ရှိလာ ထားနိုင်ဖို့ရာ အခက်ခဲ ရှိတတ်တယ် ။

    ဒီအခြေနေကို ကိုယ့်ရဲ့ အဝန်းအဝိုင်းလေးတွေထဲက ထွက်လိုက်မိတဲ့အခါ (ဥပမာ နိုင်ငံခြား ထွက်

ခွာခွင့် ရလာတဲ့အခါ) ထိုးထွင်းမြင်လာဖို့ အခွင့်လမ်းတွေ ပွင့်လာတတ်ပါတယ် ။ လူတိုင်းတော့ မ
ဟုတ်ဘူးပေါ့ ။ မျက်စေ့မှိတ်ထားသူနဲ့ မျက်စေ့မှာ တိမ်ထူထူ စွဲနေသူတွေလည်း အများကြီးကိုး ။
မိချောင်းဖြစ်ပေမယ့် ကုန်းခေါင်ခေါင်မှာ နွားအုပ်ကြီးကြားထဲ ရောက်သွားရင် ၊ ကိုယ်က တစ်ကောင်
ထဲ ၊ တစ်အုပ်လုံး ဝိုင်းနင်းမိရင် ငါမိကျောင်းမင်းလည်း ပြားမှာပါပဲ ဆိုတာမျိုးတွေကို ဘယ်လိုမှ မ
တွေးနိုင်တဲ့ ဒေ(ဇွတ်)ဝဒတ်များကိုတော့ ဘုရားလည်း ချွတ်နိုင်ဖို့ မလွယ်ပါ ။

    ဘယ်လိုဖြစ်ဖြစ် ပန်ဒိုရာသတ္တောထဲမှာ မျှော်လင့်ခြင်းဆိုတာ တစ်ခုတည်း ကျန်ခဲ့သလိုပဲ ၊ ကိုယ့်

ဆီမှာလည်း အမြဲတမ်း ခွဲခွာမသွားတဲ့ မျှော်လင့်ခြင်းဆိုတာ ရှိနေသေးလေတော့ ၊ စိတ်ကူးထဲ 
ပေါ်လာတာတွေကို ဆက်ပြောနေ သွားရဦးမှာပါပဲလေ ။

၁၄ ၊ ၀၁ ၊ ၂၀၁၃ နံက်

======================================


(၂)  ဂါမဏိလည်း ချိုင်းမှာ အပေါက်နဲ့

   တိုက်ခိုက်ရေး ရဟတ်ယာဉ် (helicopter gunship) တွေဟာ ဖျက်ဆီးဖို့ မရနိုင်လောက်တဲ့
ဝေဟင်ခံတပ်တွေလို့ အချို့လူတွေက ထင်နေပုံရတယ် ။

    တကယ်တန်းမှာ အဲသည်ယာဉ်တွေမှာ အားနည်းချက်တွေ ရှိကြပါတယ် ။ အထူးသဖြင့်

ကချင်ဒေသလို တောင်ကုန်းတောင်တန်း ထူထပ်တာကြောင့် သူတို့ရဲ့ အမြင့်ပျံနိုင်မှုတွေ အ
ကန့်အသတ်ရှိတဲ့ အခါတွေမှာပါ ။ အောက်မှာက အားနည်းချက် တချို့ပါ ။ သိပ်သိနေလို့
တော့ မဟုတ်ပါ ။ ထုံးစံအတိုင်း Google လေး တစ်ချက်နှစ်ချက် ခေါက်လိုက်ရုံပါ ။

* လေကြောင်းမှာ ဆိုစကား တစ်ခုရှိပါတယ် ။ Speed is life ပါတဲ့ ။ ဒါဟာ ရဟတ်ယာဉ်အ

တွက် အကျုံးမဝင်ဘူးဆိုတာ လူတိုင်းလိုလို နားလည်နိုင်ပါတယ် ။

* အင်ဂျင် - တိုက်ခိုက်ရေး ရဟတ်ယာဉ်တိုင်းလိုလို အင်ဂျင်ကို အကာကွယ်ပေးဖို့ ကြိုးစား

ပေမယ့် ၊ အချို့မှာတော့ အပူနံခံ ဒုံးကျည်ကနေ မပုန်းရှောင်နိုင်သလို ၊ စက်ထဲ လက်နက်
ငယ်ကျည်ဆံ ဝင်ရောက်တာတွေကို မခံနိုင်ပါဘူး ။ အထူးသဖြင့် အင်ဂျင်ရဲ့ ဝင်ပေါက်နေရာ
ကို ဆိုလိုပါတယ် ။

* ပင်မပန်ကာ - ပင်မပန်ကာနဲ့ အင်ဂျင်ကြားက ဝင်ရိုးတစ်လျှောက်ဟာ ရဟတ်ယာဉ် အား

လုံးလိုလိုအတွက် အန္တရယ် ရှိပါတယ် ။ လက်နက်ငယ်ကျည်ဆံလောက်နဲ့ ချက်ကောင်းထိ
သွားရင် ပျက်ကျသွားနိုင်ပါတယ် ။ ဒါကြောင့်လည်း ဝင်ရိုးပေါ်တဲ့ ဧရိယာ နည်းနိုင်သမျှ နည်း
အောင် တည်ဆောက်ကြရပါတယ် ။ ဒါပေမယ့် ပြည့်စုံတဲ့ ရဟတ်ယာဉ်ရယ်လို့ မရှိပါ ။ အချို့
ရဟတ်ယာဉ်တွေရဲ့ ပန်ကာပြားတွေဟာလည်း မာကျောတာတွေနဲ့ ထိခိုက်မိရင် ကျိုးကြေ
ပျက်စီးတတ်တယ်လို့ ဆိုပါတယ် ။

* နောက်ပန်ကာ - နောက်ပန်ကာဟာလည်း ပျက်စီးသွားရင် ယာဉ်ထိန်းချုပ်မှုကို ဒုက္ခပေး

နိုင်ပြီး ပျက်ကျဖို့ကို ဦးတည်စေနိုင်ပါတယ် ။ အထိခိုက် အပွန်းရှ အလွယ်ဆုံးစာရင်းမှာ ပါ
ပါတယ် ။

* ဆီကန် - ကိုယ်ထည်အောက်ပိုင်းမှာ ရှိတတ်တဲ့ ဆီကန်တွေဟာလည်း အားနည်းချက်လို့

အချို့က ဆိုပါတယ် ။ အကာကွယ် အတန်သင့် ရှိထားမယ်လို့လည်း မျှော်လင့်လို့ ရပါတယ် ။

* ကျန်တာကတော့ ကိုယ်ထည်ပိုင်းလို့ ခြုံပြောရပါမယ် ။ အများအားဖြင့် ရဟတ်ယာဉ်

အောက်ပိုင်းကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ကြပြီး ၊ တောင်ကုန်းတောင်တန်းတွေ
အတွက်ဆိုရင် သတ္တုပြား အပိုတွေပါ တပ်ဆင်တတ်ကြပါတယ် ။ ရှေ့ကာမှန်ဟာလည်း
လက်နက်ငယ်ကျည်ဆန် ခံနိုင်ရည် ရှိတာများပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်တွေမှာ စက်
သေနတ်ကြီးကိုပါ ခံနိုင်တယ်လို့ ဆိုပါတယ် ။

    တစ်ခု သတိထားစရာက စစ်ပွဲသုံး လက်နက်ငယ်တွေ ဆိုတာဟာ လူသားတွေအပေါ် ထိ

ရောက်အောင်သာ စီမံထားတာကြောင့် သိပ်ပြင်းထန်တယ်လို့ မဆိုနိုင်ပေမယ့် ၊ အမဲပစ်ရိုင်
ဖယ်တွေမှာတော့ ပိုပြင်းထန်တဲ့ ယမ်းအားတွေကို အသုံးပြုထားတာ သတိပြုဖို့ လိုကောင်း
လိုနိုင်ပါတယ် ။ နောက်ပြီး ပွိုင့်ဖိုက် (၀.၅ လက္မ) လို့ခေါ်တဲ့ စက်သေနတ်ကြီးဟာ အကာ
ကွယ်နည်းတဲ့ ရဟတ်ယာဉ်တွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ် ။ နောက်တစ်ခုက
အချို့နေရာတွေမှာ အသုံးပြုတတ်ကြတဲ့ ၂၅ နဲ့ ၃၀ မမ (mm) စက်အမြောက်ငယ် ကျည်
တွေနဲ့ပစ်ပြီး အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်တဲ့ ခြေလျင်တပ်သားသုံး အဝေးပစ် ခြေ
မှုန်းရေး (သေနတ်) လက်နက်တွေပါပဲ ။ RPG တွေကတော့ ပစ်လို့ ထိနိုင်လောက်တဲ့ အ
ကွာဝေးမှာဆို ထိရောက်တယ် ဆိုတာကို အီရတ်စစ်ပွဲက သက်သေပြနေပါတယ် ။ ဘယ်
လိုဆိုဆို အခြားတစ်ဖက်မှာလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အန္တရာယ်ပြုဖို့ နီးနီးကပ်
ကပ်ဖြစ်အောင် လုပ်ဖို့ မလွယ်တာကို သတိပြုရပါမယ် ။

    နောက်ဆုံး မှတ်ချက်ပြုချင်တာ တစ်ခုတော့ ရှိတယ် ။ ဒါတွေစုစည်းပြလို့ လေယာဉ်နဲ့ ရ

ဟတ်ယာဉ်တွေကို တဖုတ်ဖုတ် ကျလာတောင်တော့ တတ်နိုင်မှာ မဟုတ်ပါ ။ မပြိုနိုင်တဲ့ ခံ
တပ်တွေ မဟုတ်ဘူးဆိုတာ ထောက်ပြချင်ရုံပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~

    ဒီနေရာမှာ အဓိက ပြဿနာတစ်ခုက - လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ နိုင်ငံရဲ့ သယံ

ဇာတတွေ ရောင်းထုတ်တဲ့ ငွေတွေဟာ လူတိုင်းအတွက် အကျိုးဖြစ်ဖို့ မသေချာပေမယ့် ၊
ပစ်လိုက်တဲ့ အမြောက် ဒုံးကျည်နဲ့ အခြားစားရိတ်စက ၊ ပျက်ကျတဲ့ ယာဉ်တွေ ၊ သေဆုံးရ
တဲ့ လူတွေရဲ့ ဝန်တွေကိုတော့ ၊ မြန်မာပြည်ထဲက လူတိုင်းလိုလိုရဲ့ ပုခုံးပေါ်ကို ကျရောက်
လာမှာကတော့ သေချာပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~

    ဗီယက်နမ်စစ်ပွဲအတွင်း လယ်ကွင်းထဲ ၊ ချောင်းထဲ ၊ တောထဲ သာမန်အရပ်သားတွေလို

လုပ်ကိုင်နေထိုင် လှုပ်ရှားနေတဲ့ ဗီယက်ကောင်းတွေကနေ ၊ သူတို့အပေါ် ရဟတ်ယာဉ် ၊ လေ
ယာဉ်တွေ ဖြတ်ပျံတာနဲ့ ဖွက်ထားတဲ့ ရိုင်ဖယ်သေနတ်ထုတ်ပြီး မိုးပေါ် ထောင်ပစ်တတ်ကြ
တာကြောင့် ပျက်ကျသွားတဲ့ လေယာဉ်ပေါင်း အများကြီးရှိတယ်လို့ ဆိုကြတယ် ။ အဲသည်
တုန်းက ရဟတ်ယာဉ်ပေါင်း ၂၀၀၀ လောက် ပျက်ကျခဲ့ပြီး ၉၄% ဟာ လက်နက်ငယ်တွေ
ကြောင့်လို့ သိရပါတယ် ။ အာဖဂန်စစ်ပွဲမှာတော့ ဆိုဗီယက်လုပ် ရဟတ်ယာဉ်ပေါင်း ၇-၈၀
လောက် ပျက်ကျခဲ့ရာမှာ ဒုံးကျည်တွေရဲ့ အခန်းကဏ္ဍက တစ်ဝက်လောက်ပဲ ပါခဲ့ပါတယ် ။
အီရတ်မှာကတော့ အပါချီ ရဟတ်ယာဉ်တစ်စင်းကို လယ်သမားတစ်ယောက်က ရိုင်ဖယ်
သေနတ် အဟောင်းတစ်လက်နဲ့တင် ပစ်ချခဲ့တယ်လို့ ဆိုပါတယ် ။ အမေရိကန်ရဲ့ အီရတ်နဲ့
အာဖဂန်စစ်ပွဲမှာ ရဟတ်ယာဉ်ပေါင်း ၃၁% ကို လက်နက်ငယ်တွေကြောင့် ဆုံးရှူံးခဲ့ရတယ်
လို့လည်း သိရပါတယ် ။ အဲ .. အဆုံးသတ် ပြောချင်တာက - ကျနော်ပြောတာတွေကို ချင့်
ယုံကြပါ ၊ သိချင်ရင် ကိုယ်တိုင်လည်း ရှာကြပါလို့ သတိပေး ချင်ပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~

* Lesson Learned ~ Fire at a coordinated selected aiming point (football field method) in front of the aircraft so that it will fly into the "Curtain of Lead."

ပိုသိချင်ရင်တော့ -
- http://www.globalsecurity.org/military/library/report/call/call_2-88_chpt4.htm
- http://defensetech.org/2010/08/19/helicopters-equipped-with-acoustic-shot-detection-bound-for-afghanistan/
- http://www.nationaldefensemagazine.org/archive/2006/March/Pages/insurgency3015.aspx


၁၄ ၊ ၀၁ ၊ ၂၀၁၃ ညနေခင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



(၃)  နှုတ်ဆိတ်နေတဲ့ ဒုတိယ ဘုရားသခင်

   အမေမှ အမေဆိုသူတွေ နည်းနည်းတော့ နှာကစ်သွားနိုင်တယ် ။ သို့သော် ဓါတ်ပုံကြီးနဲ့ ထင်း
နေတဲ့ သူ့ကိုထောက်ခံသူတွေ တင်ထားတဲ့ နဖူးစည်း စာတန်းတစ်ခုကနေ ကူးယူလာတာမို့ သည်
ခေါင်းစဉ်လောက်နဲ့ အပြစ်တော့ မဖြစ်တန်ရာဘူးလို့ ယူဆတာပါပဲ ။ အောက်မှာကတော့ ကိုချို
တူးဇော်ဆီမှာ မှတ်ချက်သွားပေးထားတာပါ ။  
"မြင်တာကတော့ - ဒေါ်စုအနေနဲ့ ပြည်တွင်းစစ်ကို ကန့်ကွက်ဖို့ ၊ ရှုတ်ချဖို့ရာ တိုက်တွန်း
တာတောင် လက်ခံနိုင်ဖို့ ခက်ခဲနေသူတွေ အများကြီး ရှိနေပါတယ် ။

ဒါကိုမှီပြီး တစ်ယောက်ထဲရဲ့ သဘောကို ပြောရရင် - မလုပ်သင့်တာတွေ ရှိကြောင်း ၊ စစ်
ပွဲတိုက်ပွဲတွေ ရပ်ဖို့လိုကြောင်း သံတမန် စကားမျိုးတွေနဲ့ လူအများ သိကြားအောင် ပြော
တယ်ဆိုတယ် ဆိုရင်ပဲ လက်ခံမိမှာပါ ။

ခုထိ နှုတ်ဆိတ်နေတာဟာ ဒေါ်စုအနေနဲ့ နိုင်ငံရေးအရ အကျိုးမြတ်တွေ ရှိကောင်းရှိမှာ
ဖြစ်ပေမယ့် ၊ ပြည်သူပြည်သားတွေ သေကြေမှု ခက်ခဲဒုက္ခရောက်မှုနဲ့ စီးပွားရေးအရ
ဆုတ်ယုတ်မှုတွေကို လစ်လျူရာ ရောက်တာကြောင့် ၊ တစ်စုံတစ်ရာသော အကျိုးအ
မြတ်အတွက် အချို့သူတွေကနေ "အစတေး ခံကြရတာလား"လို့ မေးရမလို ဖြစ်နေပါ
တယ် ။"
   ဟုတ်ပါတယ် ၊ ဒေါ်စုဟာ အရင်ကလို အမှန်တရား ၊ ကိုယ်ကျင့်တရားနဲ့ ပြည်သူနှင့်ပြည်သူသာ
ပထမဆိုတဲ့ အနေထားမျိုးကနေ နိုင်ငံရေးသမားဘဝကို ရောက်နေပြီဖြစ်တာကြောင့် အရင်က စ
ကားဟဖူးတဲ့ ဒုတိယပင်လုံ ပျောက်သွားခဲ့တာမျိုး ၊ ကြားဖြတ်ရွေးကောက်ပွဲတုန်းက SNLD ကို
ရာဇဝင်ထဲမှာ ထားရစ်ခဲ့တာမျိုး ၊ အဓိပ္ပါယ် နှစ်မျိုးသုံးမျိုး ယူလို့ရတဲ့ စကားတွေကို ပြောလာတာ
မျိုး ၊ တလောက အင်တာဗျူးတော့ ကချင်ကိစ္စကို အာဏာပိုင်တွေရဲ့ ပုခုံးပေါ်ကို ပြန်တင်ပေးတာ
မျိုးတွေက မျှော်လင့်ထားရတော့မယ့် အသွင်သဏ္ဍာန်တွေလို့ သာသာထိုးထိုး ပြောရတော့ မှာ
ပေါ့ ။

   သည်တော့ ယ္ခင့် ယ္ခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လိုပဲ ၊ ခုလည်း ဗမာ့နည်းဗမာ့ဟန် ဒီမိုကရေ
စီစနစ်ကတော့ ပုံနည်းနည်း ပေါ်လာပြီလို့ ပြောရတော့မယ်ထင်တယ် ။ ဒါမျိုး မဖြစ်ပါစေနဲ့လို့ ဆန္ဒ
ပြုခဲ့ပေမယ့် လားရာနဲ့ ချိန်ခွင်က ယိုင်နေပါပြီ ။ မျှတမှုနဲ့ လူကျင့်ဝတ်တွေကို ဦးထိပ်ထားဖို့ ကြိုးစား
နေတဲ့ ၈၈ မျိုးဆက်များသာ ကျန်ပေမယ့် ၊ သူတို့ကို ဒုတိယဘုရားသခင်ရဲ့ နှုတ်ထွက်စကားနဲ့
ဘယ်လိုမှ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်ပါဘူး ။ တိုင်းရင်းသားတွေအတွက်တော့ “အသာတကြည် မျိုး
ဖြုတ်ခံမလား ၊ ခပ်ကြမ်းကြမ်း မျိုးဖြုတ်ခံမလား” ဆိုသလို ဖြစ်နေပြီလား ။ အင်းလေ ကိစ္စတော့
မရှိပါ ၊ သဗ္ဗေသတ္တာ ကမ္မသကာပေါ့ဗျာ ။
*   *   *

   အဲ .. သို့သော် သို့သော် ၊ မဆိုင်တာ တစ်ခုတော့ ရှိပါသေးတယ် ။
   ခရိုနီ ခရိုမဲတွေနဲ့ပတ်သက်လို့ ဒေါ်စု ပြောသွားတာတွေပါ ။ သူ့စကားတွေကို အတိကျ မ
ထောက်ခံပေမယ့် ၊ သူ့ရဲ့ ရပ်တည်ချက်ကိုတော့ ထည့်တွက်စရာတွေကို အခြေခံတွေးဆပြီး
ထောက်ခံပါတယ် ။

   ပထမဆုံး လွယ်လွယ်ကူကူ စဉ်းစားရအောင် ။
   ခရိုနီဆိုသူတွေဟာ အနည်းနဲ့အများ မတရားမှုတွေကို အခြေခံပြီး ချမ်းသာလာခဲ့ကြတာ မှန်
ပါတယ် ။ လက်ခံပါတယ် ။ ဒါပေမယ့် အရှင်းဆုံး လက်တွေ့ကျကျ မေးရရင် - သူတို့ကို ခုချက်
ချင်း ဘာလုပ်လို့ ရသလဲ ။ ဘာမှလုပ်လို့ မရဘူး မဟုတ်လား ။ ဒါဆို မဖြစ်နိုင်တာတစ်ခုကို စိတ်
ထဲမှာ အပင်ပန်းခံ ထမ်းပိုးထားရာကနေ ခဏလောက် ဘေးဖယ်ထားလိုက်ရင် မကောင်းဘူး
လား ။

   နောက်တစ်ဆင့် ၊ ခရိုနီတွေဆီက ပိုက်ဆံနဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဆိုရှယ်လစ်ခေတ်တုန်း
ကလို လုယူသိမ်းဆည်းလိုက်ရင်ကော အားလုံး အဆင်ပြေသွားမလား ။ ဒီနေရာမှာ ကျနော့်ကို
ယုံကြည်စေချင်တယ် ။ အလကားမတ်တင်း ရတဲ့အရာတွေဟာ အလကား အလဟဿပဲ ဖြစ်
သွားကြမှာပါ ။ လွယ်လွယ်ရ လွယ်လွယ်ကုန်မှာပါ ။

   တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ခုယှဉ်ထိုးကြည့်ရအောင် ။
   အင်္ဂလိပ်ခေတ်က ငွေပင်ငွေရင်းအတွက် ချစ်တီးကုလားတွေကို အစိုးရက တင်သွင်းခဲ့တယ်လို့
ဆိုတယ် ။ ဒီနေရာမှာ ငွေတင်မက လုပ်တတ်ကိုင်တတ်တဲ့ လူတွေပါ ပါလာတယ်ဆိုတာ သတိ
ထားရပါမယ် ။ လုပ်တတ်လို့လည်း ကျောကော့အောင် ခံခဲ့ရသူတွေ ရှိခဲ့တာပေါ့ ။ ဘာလို့ ဒီလူ
တွေကို သွင်းခဲ့သလဲဆိုရင် အခြေနေအရ လိုအပ်လို့ပေါ့ဗျာ ။ အဲဒါကို နောက်တစ်ဆင့်မှာ ဆက်
ပြောပါ့မယ် ။

   စွန့်ဦးတီထွင် လုပ်ငန်းရှင် (entrepreneur) ဆိုသူတွေကို ကြားဖူးကောင်း ကြားဖူးကြမှာပါ ။
သူတို့ရဲ့ အရည်အချင်းက - အကွက်အလမ်း မြင်တယ် ၊ အခွင့်အလမ်းရဲ့ တန်ဖိုးကို သိနိုင်တဲ့ အ
ရည်ချင်းရှိတယ် ၊ လိုအပ်တဲ့ ငွေပင်ငွေရင်းကို ရှာနိုင်တယ် ၊ လုပ်ကိုင်ဖို့တွေကို စပ်ဟပ်ဖွဲ့စည်း
လုပ်ဆောင်တတ်တယ် ။ ဒါတွေကို ကြည့်ပါ ၊ ခရိုနီဆိုသူတွေမှာ အားလုံးလိုလို ရှိပါတယ် ။ ဒီ
တော့ သူတို့ကို ခေါင်းမဖေါ်နိုင်အောင် အကုန်ရှင်းရင် သူတို့နဲ့အတူ အရည်အချင်းတွေရော ၊
ကြွယ်ဝမှုတွေပါ ပါသွားမှာ သေချာပါတယ် ။ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ချစ်တီးတွေကိုသာ
မသွင်းခဲ့ရင် မြန်မာပြည်ရဲ့ ဆန်အများဆုံး တင်ပို့နိုင်ခဲ့တာမျိုး ဖြစ်မလာနိုင်ဘူးလို့ ယူဆရင် ရနိုင်
ပါတယ် ။

   နောက်ဆုံးတစ်ခုကတော့ ဒီခရိုနီတွေဆီမှာ လုပ်ကိုင်နေကြတဲ့ အနည်းဆုံး သောင်းကဏန်းရှိ
တဲ့ အလုပ်သမားတွေကိုလည်း ထည့်တွက်ပေးရပါမယ် ။ ကိုယ်ဖြစ်ချင်တာအတွက် သူတို့ကို စ
တေးမလား ဆိုတာဟာလည်း ကျနော်တို့ရဲ့ ကျင့်ဝတ်ပိုင်းနဲ့ သက်ဆိုင်နေပါတယ် ။ ခရိုနီတွေရဲ့
အဓိက ပြဿနာကိုက ကျင့်ဝတ် (ethic) မှာ ပျက်ယွင်းမှုပါ ။ ဒီတော့ တရားဥပဒေ စိုးမိုးလာတဲ့
တစ်နေ့မှာ ဘယ်လိုအဆင်ပြေအောင် ဖြေရှင်းကြမလဲလို့ မတွေးပဲ ၊ ခုနေချိန် စိတ်ခံစားမှုနောက်
လိုက်ရင်တော့ - မြန်မာပြည်ရဲ့ စီးပွားရေးကို ကျောက်ခေတ်ထိ မဟုတ်ပေမယ့် ၊ ဆယ်စုနှစ်ပေါင်း
အများကြီး နောက်ပြန်ဆုတ်သွားစေနိုင်တယ်လို့ သတိပေးချင်ပါတယ် ။

   နောက်ဆုံးမှ သတိရလာလို့ ဖြည့်ချင်တာက ၊ ဘယ်ခေတ်မှာမဆို ခရိုနီဆိုတာ ရှိနိုင်ပါတယ် ။
ကြီးတာ ငယ်တာ ဖြူတာ မည်းတာလောက်ပဲ ကွာပါလိမ့်မယ် ။

   အဆုံးသတ်အနေနဲ့ကတော့ - ဒါကို ကျိုးကြောင်းသင့်မယ်ထင်လို့ တင်ပြတာပါ ၊ မည်သူမဆို
သဘောမတူလည်း ပကတိတရားကို ပြောင်းလဲလို့ မရနိုင်ပါဘူးဆိုတာ သတိလေး ရှိကြဖို့ပါ ။

၁၅ ၊ ၀၁ ၊ ၂၀၁၃
~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၄)  စွမ်းရည်ပြောင်မြောက်စွာဖြင့် 

   လူမသိသူမသိ ကိစ္စတစ်ခုကို ရေးမယ်ကြံရင် မေးစေ့လက်ထောက်ပြီး အရင်စဉ်းစားရတယ် ။
သူများ ယုံပါ့မလား ၊ လက်ခံပါ့မလား ၊ ကျိုးကြောင်းသင့်ပါ့မလား စသည်ဖြင့်ပေါ့ ။ ဒီတော့ များ
စွာသော အခါတွေမှာ ၊ ကိုယ်သိထားတာတွေကို အသာ ငုံထားရတယ် ။ ထပြောရင် လိမ်တယ်
မဖြစ်ရင်တောင် ၊ ပေါ့နေတတ်တယ် ။

  ခုတော့ ‘ရွက်မွန်စာမျက်နှာ ဘလော့’က ‘ကိုဇော်မင်း’ရေးထားတဲ့ “လိုင်ဇာသို့ မာနယ်ပလော
သင်ခန်းစာ” ဆိုတဲ့ ဆောင်းပါးကိုတွေ့တော့ ရေးဖို့အကြောင်း ဖန်လာတယ် ။ အဓိကကတော့
ဆွီဒင်လုပ် လောင်ချာတွေ အသုံးပြုခဲ့တဲ့ကိစ္စ ။ သိခဲ့ရပုံက - ကိုယ်တွေ့ကြုံခဲ့ရသူ DKBA အဖွဲ့
ဝင်ဟောင်း ဦ္ပးဇင်းလူထွက် တစ်ဦးကနေ ပြောပြခဲ့လို့ ဖြစ်ပါတယ် ။ ပြောပြချက် အနီးစပ်ဆုံးကို
အောက်မှာ အတိုချုပ် ပုံဖေါ်ထားပါတယ် ။
     “အဲသည်နေ့က အစိုးရတပ်တွေနဲ့ ငါတို့တိုက်ပွဲဖြစ်တော့ ၊ ဒီကောင်တွေက ပုခုံး
ထမ်းလောင်ချာနဲ့ ငါတို့နေရာကို ပစ်တယ်ကွ ။ အဲဒီ လောင်ချာဗုံးသီးက လေထဲမှာ
တင် ကွဲကွဲသွားတယ် ။ ငါတို့ ဆက်သွယ်ရေးမြောင်းတွေမှာ အပေါ်က အကာအရံ
မရှိတော့ မထမ တစ်လုံးနှစ်လုံးမှာ ငါတို့ အယောက် ၂၀-၃၀ လောက်တောင် အစ
အနတွေ ထိသွားတယ် ။ တစ်လုံးဆို ပေါက်ပြီးတော့ ငါ့တပ်မှူးက ဘယ်သူတွေထိ
သေးလဲလို့ မေးတယ် ။ သူ့ကိုကြည့်တော့ အနားက သစ်ပင်ကနေ ကန်ထွက်လာ
တဲ့ သစ်စထိလို့ မျက်နှာတစ်ခြမ်းမှာ သွေးတွေနဲ့ ။ သူ့ဘာသူတောင် သတိမထား
မိဘူး ။

   အဲဒါနဲ့ ကြည့်တော့ ၊ ပစ်တဲ့ကောင်က ကျွန်းပင်တစ်ပင်နောက်မှာ ပုန်းနေပြီး ထွက်
ထွက်ပစ်နေတာကိုး ။ အဲဒါနဲ့ RPG သမားနဲ့ ဒီကောင်ထွက်လာမယ့်နေရာကို ချိန်ပြီး
တော့ စောင့်နေတာ ၊ ထွက်လာတာနဲ့ ထုထည့်လိုက်တာ လူတော့ ဘယ်ရောက်သွား
မှန်း မသိဘူး ၊ လောင်ချာကတော့ ကျွန်းကိုင်းပေါ်မှာ သွားချိတ်နေတယ် ။ ဒါနဲ့ ငါတို့
လည်း အဲဒီလောင်ချာတစ်လက် သိမ်းမိသွားတယ် ။

   ဒါနဲ့ ဘယ်ကမလဲ ၊ ဗိုလ်ဂျော်နီ (ဗိုလ်ချုပ်ဂျော်နီ) တို့လည်း တစ်လက်ထပ်ရသေး
တယ် ။ ပထမ သူတို့စခန်းကို အဲဒီလောင်ချာအပါအဝင် လက်နက်ကြီးတွေနဲ့ အသား
ကုန်ထုနေတာ ။ နောက်တော့ ဗိုလ်ဂျော်နီတို့က ဆုတ်ပေးလိုက်တယ် ။ စခန်းရပြီဆို
ပြီး ဒီကောင်တွေ အောင်ပွဲခံနေတုန်း ဘေးကနေပန်းပြီး အမိန့်ပေးနေတဲ့ကုန်းကို တက်
ဆော်ပစ်လိုက်တာ ၊ ဒီကောင်တွေ တပ်ရင်းမှူးလည်းကျ အဲဒီလောင်ချာမျိုးလည်း တစ်
လက်ထပ်ရပြန်ရော ။

   အဲဒီလက်နက်တွေက ပြည်တွင်းစစ်မှာ သုံးလို့မရဘူးလို့ ပြောတယ် ။ အဲဒါကို လူကြီး
တွေက သတင်းထောက်တွေ ဘာတွေနဲ့ပြပြီး ဓါတ်ပုံတွေဘာတွေတော့ ရိုက်သွားကြ
တာပဲ ။ ဘာဆက်ဖြစ်လဲတော့ ငါလည်း မသိတော့ဘူး ။”
   ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တာပါ ။
   သတင်းတွေမှာ ပြန်ရှာကြည့်ပေမယ့် အလွယ်တကူ ရှာလို့မရဘူး ဖြစ်နေတယ် ။ ခု ကချင်မှာ
တော့ သတင်းခေတ် ရောက်နေပြီလေ ။ သူများတွေ မသိလောက်ဘူးဆိုပြီး ကြိတ်သုံးနေတဲ့သူ
တွေမှာ ဟတ်ကော့ကြီးပေါ့ ။

   ပြည်တွင်းစစ်မှာ အာဏာယူထားသူနဲ့ တွန်းလှန်သူ အဖွဲ့ငယ်တွေဟာ ဆင်နဲ့ဆိတ်လိုပါ ။ အ
ပေါ်စီး ယူထားသူကတော့ ကိုယ်ခံရစဉ်က “လက်နက်အင်အား လူအင်အားမမျှတသော်လည်း
ရဲဝံ့စွာဖြင့်” ဘာညာပေါ့ ။ ကိုယ်အထက်စီးနဲ့ ဆော်တဲ့အခါကျတော့ “စွမ်းရည်ပြောင်မြောက်
စွာ ခြေမှုန်းတိုက်ခိုက်သည်” ပေါ့ ။ ကျနော်ကတော့ စစ်စည်းမျဉ်းတွေကို မကျွမ်းကျင်သော်
လည်း သေချာတာတစ်ခုကတော့ - ကိုယ်ဒီလိုလုပ်ရင် အခြားတစ်ဖက်ကလည်း လူတွေပဲမို့ ၊
ရင်ဆိုင်ဖို့ နည်းလမ်းနောက်တစ်မျိုး ရှာမှာပါပဲ ။ အင်အားကြီးလို့ ၊ မီဒီယာကို လက်ဝါးကြီးအုပ်
ထားခဲ့လို့ ခပ်တည်တည်နဲ့ လူမှန်ကြီး လုပ်နေလို့ ရတဲ့ခေတ် မဟုတ်တော့ပါဘူး ။ ပြီးရင် အစိုး
ရလို့ ခံယူထားရင်လည်း မီးကျိုးမောင်းပျက် သူပုန်တွေထက်ကို စောင့်ထိန်းရပါတယ် ။ နိုင်ငံ
တကာ ဥပဒေနဲ့ သဘောတူညီချက်တွေကို အလေးထား လိုက်နာဖို့ လိုပါတယ် ။ အခြား နိုင်
ငံနဲ့ လူတစ်ဦးချင်းစီရဲ့ ဝေဖန်မှု ၊ ပြစ်တင်ရှုတ်ချမှုတွေကို မျှော်လင့်ထားရပါမယ် ။ အခန့်မသင့်
ရင် အခြားသော အင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ အထိပါ မျှော်မှန်းထားရပါမယ် ။

   ပြည်တွင်းစစ်မှာ နိုင်ရင်ပြီးရော ၊ သမိုင်းကို ပြောင်းမယ် လှည့်မယ် ၊ အဖြစ်မှန်ကို လိမ်မယ် ၊
ဝါဒဖြန့်မှုတွေကို စည်းလွတ်ဘောင်လွတ် လုပ်မယ် ၊ စစ်ရေးရော နိုင်ငံရေးရော ပြောချင်တာ
ပြောပြီး လုပ်ချင်တာကို လုပ်နေမယ်ဆိုရင်တော့ …. လူတိုင်းအပေါ် သက်ရောက်မှုတွေရှိမယ့်
ပရမ်းပတာ အထိန်းအကွပ်မဲ့ ဖြစ်ချင်တာတွေ ဖြစ်လာလိမ့်မယ်လို့ အနည်းဆုံး မျှော်လင့်နိုင်ပါ
ကြောင်း ........... ။


၁၇ ၊ ၀၁ ၊ ၂၀၁၃

12 comments:

  1. "ကေအိုင်အေ ထိန်းချုပ် နယ်မြေထဲမှာ ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီ ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည် အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက် ပါနေသလဲဆိုတာ သေသေချာချာ စိစစ် သင့်တယ်လို့ ထင်ပါတယ်"ဟု ဦးရဲထွဋ်က 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောပါသည်။

    'Crimes against humanity ဆိုတဲ့ လူသား မျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဆိုတာ နိုင်ငံတကာ အတိုင်းအ၀ိုင်း နဲ့ ကင်းကွာ နေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက်တော့ စိမ်းနေအုံးမှာပါ။

    လက်နက်ကိုင် တပ်ဖွဲ့ရဲ့ မိသားစုဝင်များ အားလုံးကို ပစ်မှတ်ထားရေး၊ သုတ်သင်ရေး ဆိုတာ ဖက်ဆစ် ၀ါဒ ဖြစ်ပါတယ်။'

    kachinduwa.blogspot.com/2013/01/blog-post_17.html

    ReplyDelete
    Replies
    1. ဘားအံမှာ တစ်ခါဖြစ်ဖူးပါတယ် ။
      ၁၉၉၀ ကျော် စစ်တပ်က ထိုးစစ်တွေဆင်နေတုံးက စစ်သားတွေအားလုံး ရှေ့တန်းထွက်နေတုံး ၊ နောက်တန်းက စစ်တပ်ဝင်းကို KNU က အပြင်ကနေ ဝိုင်းထားပြီး သေနတ်ဖေါက်ပြခဲ့ပါတယ် ။ ခရီးရှည် ထိုးဖေါက်နိုင်ကြောင်းနဲ့ နောက်တန်းကို ဘယ်လိုလုပ်လို့ရကြောင်း ပြနိုင်ခဲ့ပါတယ် ။

      တကယ်တန်းသာ အဲဒီတုန်းက အစောင့် ၄-၅-၁၀ ယောက်လောက်ရှိတဲ့ စစ်တပ်ဝင်းထဲသာ ဝင်လုပ်သွားရင် ၊ ကြက်ကလေး ဌက်ကလေးတွေလို လုပ်လို့ရပါတယ် ။ ဒါပေမယ့် စစ်ရဲ့စည်းမျဉ်းတွေကို သူပုန်လုပ်သူက စောင့်ပြသွားခဲ့ပါတယ် ။ ဒါပေမယ့် KNU အနေနဲ့ နာမည်ကောင်းတော့ မရခဲ့ပါဘူး ။ နိုင်ငံပိုင် သတင်းစာကနေ အပြစ်ဖြစ်အောင် ရေးခဲ့ပါသေးတယ် ။ ဒီလောက်နဲ့ပဲ တော်ထားတာ ကောင်းမယ်ထင်ပါတယ် ။

      Delete
  2. အေးဗျာ
    ခုနှစ်ပိုင်းမအားတာနဲ့  ကိုမန်းဆီတောင်မရောက်တာကြာဘီ
    ရွှေပြည်ကြီးမှာလဲ
    တထီထီ နဲ့  ဆော်ဆဲ နှက်ဆဲ
    မြို့ ပေါ်မှာလဲ တီးဆဲ ချဆဲ
    နိုင်ဂံယေးအာနာယှင်ကြီးတွေ နဲ့  နောင်အခါမှာ အာနာ ရမှာသေချာတယ်လို့  ဘေဒင်ချာဂျီးတွေဟောထားတဲ့ သူတွေကလဲ ဆရာဝန်ဆိုတဲ့  လူတွေဟာ တသက်လုံး လူမွှေးလူတောင်မပြောင်စေနဲ့  ဆိုတဲ့  အပြစ်ကြီး ပေးသင့်တဲ့ ရာဇ၀တ်သားတွေလို့  ယူဆဆဲ ပြောဆိုဆဲ
    အခမဲ့  အလကားကျောင်းတွေမှာ ၁၅နှစ်သမီးတွေ ဇီးတင်ခံရမြဲ
    အသစ်အဆန်းလေးများ ကိုမန်းရေးမလားလာကြည့်တော့ ကိုမန်းခမျာလဲ လွန်ခဲ့  တဲ့  အနှစ် ၄၀လောက်က ကျွန်တော်တို့  ရွာလေးမှာ ပြဇာတ်ကတော့ မရှိတာ အားပေးရတဲ့  ရွာသားတွေလိုဘဲ လက်ခုတ်လေးတိးလိုက် ပြောင်းဖူးရိုး ။ ပုဇွန်ကျစ်စာနဲ့  စင်ပေါ်ထုလိုက် နဲ့  ပါဘဲလားဗျာ ။
    စင်ပေါ်ကလူတွေ အားပေးတာတော့ မထူးပါဘူး ။ ဒါပေ့ ရွာပြဇာတ်ဖြစ်ပုံက ပိုက်ဆံမရှိတော့ ငှားလာက ချီးဘူး ဋ္ဌေးဝင်း နဲ့  အံ့ကျော်တဲ့ ဗျ ။ ;P

    ReplyDelete
    Replies
    1. အေးဗျာ ဆရာတင့်လုပ်ကာမှ ကျနော်လည်း ချီးဘူးဖြစ်ရတော့တယ် :-)

      ခုနေ ညဥ့်လည်းနက် ၊ ကလေးတစ်ဖက်နဲ့မို့ မနက်ဖြန်မှ စာပြန်ပါရစေ ။

      Delete
    2. ဟာဗျာ ဆရာမန်းရယ်
      အထင်တော်မလွဲလိုက်ပါနဲ့ 
      ကျွန်တော်ဆိုလိုတာက ဗမာပြည်အခင်းအကျင်းမှာ နိုင်ဂံယွေးသမား ဆော်လှန်ရေးသမားဆိုတဲ့ လူတွေကို လက်ခုတ်တီးလိုက် ပြောင်းဖူးရိုးနဲ့  ထုလိုက်လုပ်နေတဲ့  ကိုမန်းအဖြစ်က လူကြမ်းတွေချည်းကနေတဲ့  ပြဇာတ်ကို အားပေးနေတဲ့  လူနဲ့ တူနေတယ်ပြောတာပါဗျာ။
      အဲ ကျွန်တော် တခါပြောခူးတဲ့ ပုံလေးဘဲပြန်ပြောရတော့မှာဘဲ
      မန္တလေးမြို့ ကြီးတည်တော့ လှည့်ဆင့် လှေဆင့် လူဆင့် ချောတွေဆွဲဆိုကိုးဗျ
      အဲမှာ ဘုရင်ကတော့ တနေ့ တကျပ်ဆိုသလားပေးခိုင်းသတဲ့  အဲတင်ကြားက လူတွေဘုံးတာနဲ့ ရွာသားတွေ ၅မူး ၆မူးရကံကောင်းတဲ့ ဗျ ။ အဲတနေ့ ကျ ကနောင်က ရုပ်ဖျက်ပြီး အဲရွားသားစုထဲ တောင်မေးမြောက်မေးမေးဆိုကိုး ဒီတင်အဘ တယောက်က သူကတော့ မင်း ဘယ်နှဆက်ဆိုလဲ မီဆိုကိုးဗျ ။ အဲတင်ကနောင်က အဘရယ်ဘယ်မင်းများကောင်းလဲဆိုတော့ ဟိုကဖြေသတဲ့  ။ ဘယ်အမေ--- မှ မကောင်းပါဘူးကွာတဲ့ 
      ခုလဲ ရွှေပြည်ကြီး ကယ်တင်ချင်နေကြတဲ့  လူတွေ ကယ်လီဘာကြည့်ရတာ ကျွန်တော့အမြင်တော့ အဘနဲ့  တထပ်တည်းပါဘဲ

      Delete
    3. ဟုတ်တယ် ဆရာတင့်ရေ ၊ ငါမှမကယ်ရင် မဖြစ်တော့ဘူးဆိုတဲ့ အခြေနေ မဟုတ်ပေမယ့် ၊ အခြေနေတွေက အတော်လေး ဆိုးနေတယ်လို့ မြင်တာကြောင့် လက်လှမ်းမီရာ ပုဇွန်ကျစ်စာတွေနဲ့ ထုရပြုရသပေါ့ဗျာ ။ နို့မို့ဆို နကိုကတည်းကမှ ပြည်တော်ကြီးက ကျောက်ခေတ်ဖက် နောက်ပြန်ဆွဲချင်ချင် ဖြစ်နေရတဲ့ကြားထဲ ၊ ဗေထိ ဗေထိတွေက ဆူညံနေတာ ၊ တော်ကြာ မကွဲစေချင်လို့ပါဆိုတဲ့ အတင်းဆွဲစေ့ခံနေရတဲ့ ပြည်ထောင်စုကြီး သေချာပေါက်ကို မီးမကျက်တဲ့ မြေအိုးလိုဖြစ်မှာ စိုးရိမ်မိလို့ပါဗျာ ။

      မနေ့က စာပြန်ရေးမယ်လို့သာ ပြောမိတာ ၊ ဆရာတင့် ဆိုလိုတာတွေကို သိပ်ကြီး သဘောပေါက်လှတယ်တော့ မဟုတ်ဘူးဗျို့ ။
      ထင်ရာမြင်ရာနဲ့တင် ပြန်ရေးရရင်တော့ - ဆရာဝန်တွေကို “သမ”ထားတဲ့ စာတွေကို အများကြီး တွေ့မိသလို ၊ တန်ပြန်ချေပဖို့ ကြိုးစားတဲ့ စာတွေကိုလည်း အသင့်တင့် တွေ့မိပါရဲ့ ။ သို့သော် ကိုယ်အကျွမ်းဝင်တဲ့ဖက် မဟုတ်လေတော့ ၊ ဦးမလှည့်ဖြစ်တာလို့ ဆင်ခြေပေးရမယ် ထင်တယ် ။

      ဆရာဝန်တွေနဲ့ ပတ်သက်လို့ အတွေ့ကြုံတွေနဲ့ယှဉ်ပြီး နားလည်ထားတာတွေတော့ ရှိပါတယ် ။
      ပထမတစ်ချက် - ကျနော်အပါဝင် တော်ရုံလူတွေအနေနဲ့ ဆရာဝန်တစ်ယောက်ရဲ့ ကြိုးစားမှု ၊ (အလေ့ကျင့်ကြောင့်လည်း ဖြစ်နိုင်တဲ့) ဥာဏ်ရည် ထက်မြက်တာတွေကို ယှဉ်လို့မရတာတော့ သေချာတယ် ခင်ဗျ ။ အဲ လူ့သဘာဝကတော့ - မယှဉ်နိုင်ရင် အမြင်မကြည်တာ ဖြစ်တတ်တဲ့ သဘောပေါ့ဗျာ ။ Australia မတော့ tall poppy syndrome ဆိုလားပါပဲ ။ ခေါင်းတစ်လုံးပိုသူတွေကို ဝိုင်းနှိပ်ကွပ်ကြတဲ့ အလေ့ပေါ့ ။

      အဲသည်ကမှတစ်ဆင့် ဆရာဝန် အတော်များများ ငွေကြေးအဆင်ပြေတာ တွေ့ရတော့ ၊ မြန်မာအသိုင်းဝိုင်းမှာ ရေပေါ်ဆီ လူတန်းစားလို့ မြင်တာ မနာလိုတာတွေလည်း ရှိတယ်လို့ ယူဆလို့ ရပါလိမ့်မယ် ။ နောက်ဆုံးတစ်ခုက ဆရာဝန် ဆိုတာကလည်း ကိုယ့်အလုပ်နဲ့ကိုယ် အာရုံစူးစိုက်နေရလို့ ဘာမှ လှည့်မကြည့်အားတဲ့ကြားထဲ ၊ လက်နက် အပါအဝင် လုပ်ပိုင်ခွင့်အာဏာတွေနဲ့ ဝေးသူတွေ ဖြစ်လေတော့ ၊ “သမ”ဖို့ရာ ပြည့်စုံတဲ့ သားကောင်တွေ ဖြစ်တာကြောင့်လည်း ပါမယ်ထင်ပါတယ် ။ ဆရာတင့်ကော ဘယ်လို ယူဆသလဲဗျ ။

      နောက်တစ်ခု - "အခမဲ့ အလကားကျောင်း"တွေ အကြောင်းကိုတော့ ဘာများလဲ မသိဘူး ။ လူကုန်ကူးတာ ၊ လွှတ်တော်မှာ စွတ်အော်နေတဲ့ ပြည့်တန်ဆာဥပဒေတွေကို ဆိုလိုတာများလား ။ လူကုန်ကူးတာတွေက ဝင်စွက်ရင် အူပွင့်မှာမို့ ၊ အသိပညာတွေ ဖြန့်ဝေတာပဲ လုပ်ပါရစေ ။ ပြည့်တန်ဆာ ဥပဒေကလည်း နွားရှေ့ထွန်ကျုးသလို ဖြစ်နေပေမယ့် နောင်လည်း လုပ်ကိုလုပ်ရမယ့် အရာတစ်ခုပါပဲ ။ ပြောမယ့်သာ ပြောရတာ ၊ ဆရာတင့် ပြောချင်တာတွေနဲ့ ဆိုင်လှမယ်တော့ မထင်ဘူး ။

      အဆုံးသတ်ကတော့ - အဆန်း မဟုတ်ပေမယ့် ၊ အသစ်ရေးဖို့တွေ ဟန်ပြင်ထားတာတော့ ရှိပါတယ် ။ ဝါယမနည်းသလို ၊ ဥာဏကလည်း သိပ်မလိုက်နိုင်လို့ ဘာသာပြန်ဖို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတာတစ်ခုက “Entrepreneur မိတ်ဆက်” ပါ ။ အခြား တိုလီမုတ်စတွေ ရှိပေမယ့် ၊ စာမတင်လောက်တာလေးတွေမို့ ထည့်မရေးတော့ပါဘူး ။ ဆရာတင့် လမ်းကြောင်းပေးချင်တာလေးများရှိရင် ပြောလို့ရပါတယ်ဗျာ ။

      Delete
    4. အဟေးဟေး
      အေးဗျာ
      ဆရာဝန်တွေကိစ္စကတော့ ခုနေ အရှည်ရေးချင်ပေမဲ့ အချိန်လုနေရတော့ထားလိုက်ပါဗျာ အချိန်ရတဲ့ တနေ့ ကျ ဗမာပြည် ဘွဲ့ ရဆရာဝန်တယောက်ရဲ့  ၁၀နှစ်တာ ဘ၀ ခရီးနဲ့  အင်္ဂလန် မှာ ၁၀နှစ်တာ ဘ.်လိုဆိုတာ ကွန်ပယ်ရာ အင် ကွန်စ်ထရပ်စ် ဒီမိုမိခင်ကြီးသိအောင်ရေးပြမယ် စိတ်ကူးပါရဲ့ 
      ၂၀၁၄-၁၅ တရားဝင်ဖါတန်းဆိုတာလဲ ဖါကျွန်းကျင်သူတွေ ဆွေးနွေးပါစေဗျာ ။
      ကျွန်တော် ပြောချင်တာ နဲ့ အရေးတကြီး ဖြစ်သင့် လုပ်သင့်တာက ဂျာနယ်တခုမှာပါလာတဲ့  ပန်းဘဲတန်း အင်လဒဖွင့်တဲ့ ကျောင်းမှာ ၁၅နှစ်သမီးက အဲကျောင်းက အကောင်တကောင်က ဂျိပေဂျိလိုက်တဲ့ ပြဿနာပါ။
      ကလေးကတိုင်တဲ့  အခါကတော့ ကျောင်းကိုဖွင့်ထားတဲ့  သတ္တ၀ါတွေရော ကျောင်းရဲ့ ပင်မအာနာပိုင်ပါတီကြီးကပါ ရီးစားမို့  ဂျိပေဂျိသတဲ့ ဗျာ ။
      ကဲ သူတို့  လိုချင်နေတဲ့  ဒီမိုနိုင်ငံကြီးတွေမှာ ကလေးတွေကို သင်ကြားစောင့်ရှောက်ရတဲ့  ၀န်ထမ်းတွေကို ရွေးချယ်ပုံ ထိန်းသိမ်းပုံ နဲ့  ပြဿနာဖြစ်လာရင် ကိုင်တွယ်ပုံကြည့်ရအောင်

      Delete
  3. ၁) ၀န်ထမ်းအဖြစ်ရွေးခံရတာတဲ့  သန့် ရှင်းရေးထမင်းချက်က စလို့ ကျောင်းအုပ်အဆုံး ပုလိပ်မှတ်တမ်းရှိမရှိစစ်ရပါတယ် ။ ဒီအလုပ်တွေအားလုံးဟာ ထောင်ကျ ပြန်လည်ထူထောင်မှုနဲ့  Equal opportunity နဲ့ မသက်ဆိုင်ရလို့ သီးသန့် ကာကွယ်ထားတာမို့  ပုလိပ်မှတ်တမ်းရှိသူများကျောင်းနား မသီရပါ
    ၂) ခန့် ပြီး အပြီးမဟုတ် ။ ပုလိပ်မှတ်တမ်းကို ၃နှစ် တခါစစ်နေရပါတယ်
    ၃) ပြဿနာ သန့် သန့် ကြားရသော် ကလေး ကသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မုဒိန်းမှုမြောက်ပါတယ် ( Age of consent ) လုပ်ခဲ့ တဲ့  ငမိုက်သား ချက်ချင်း ပုလိပ်ချုပ် အလုပ်က ရပ်ဆိုင်းပါတယ်
    အစိုးရကျောင်းဖြစ်သော် ကျောင်းအုပ်နဲ့  သက်ဆိုင်ရာနယ်မြေတာဝန်ခံ ရုံးတက် ရပါတယ် ။ ပရိုက်ဗိတ်ကျောင်းဖြစ်သော် ကျောင်းအုပ်နဲ့ အဲအဖွဲ့ ရဲ့ ဒါရိုက်တာ ရုံးတက်ရပါတယ်
    ဘာကြောင့်ဒီလို လုပ်ရလဲဆိုတော့ ကလးတယောက် ဒီအသက်မှာ အစော်ကားခံရရင် တသက်လုံး ဘ၀ပျက်နိုင်လို့ ပါ
    ဖြစ်ခဲ့တဲ့ ကလေးကိုလဲ
    ဖြစ်တာ သိတာနဲ့  ကာလသားရောဂါရှိမရှိနဲ့  အသည်းယောင်ပိုး HIV ချက်ချင်းစစ် နောက်တခါ ၆ပါတ်က ၈ပါတ်ွင်းပြန်စစ်ရပါတယ်
    ကလေးစိတ်ပညာကျွမ်းကျင်သူနဲ့  counselling ပေးရပါတယ်
    လုအပ်သလို ပြန်လည်ထူထောင်ပေး၇ပါတယ်
    ဒီအမှုဟာ ဗမာပြည်က ခုန ပါတီ လကြီးတွေ ထင်သလို ပေါ့သေးသေး မဟုတ်ပါကြောင်းနဲ့ီမိုးကရေစီးချင်တယ်ဆိုရင် ခုထဲက ပြင်ရမှာ ဖြစ်ပါကြောင်း

    ReplyDelete
    Replies
    1. အင်း .. ဆရာ့ဇာတ်လမ်းက လာလတ္တံ့သော ကာလဝယ် ပွားများလာဦးမယ့် အရာတွေလို့ မျှော်လင့် ထားသင့်တာတွေပါပဲ ။ Link များရှိရင်လည်း တဆိတ်လောက် မျှပါဦး ။

      "အလိုတူ အလိုပါ" ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာကိုတွဲပြီး ၊ တရားဥပဒေကို နံပြား ပလာတာတို့လို လုပ်ခဲ့ကြတာတွေထဲမှာ ခု ဆရာတင့်ပြောတဲ့ အဖြစ်က နမူနာကောင်း တစ်ခုပေါ့ဗျာ ။ ဒီကြားထဲ အာဏာရပါတီဂျီးပါ ပါဝင်နေတော့ ပိုပြီး လေးနက် အရေးပါတာ သေချာပါတယ် ။ ကျနော်လည်း ခပ်ဆင်ဆင် ကိစ္စတစ်ခုကို နောက်တော့ ထည့်ရေးပါဦးမယ် ။

      ဒီအဖြစ်မှာမှာ - အနည်းဆုံးတော့ အသက်ငယ်ရွယ်သူတွေမှာ ဒီလိုဖြစ်သွားတယ်ဆိုရင် လူမှုရေးအရကော ၊ စိတ်ဓါတ်အရပါ ပျက်ပြားသွားနိုင်တာက သာမန် တွေးဆလို့ ရတဲ့ကိစ္စပါ ။ အဲသည်ကမှ ဆက်စဉ်းစားရင် - ပထမဆုံး အနေနဲ့ ၊ အဖြစ်မှန်သာဆိုရင် အသက် မပြည့်သေးသူ ဆိုကတည်းက ဘာဆင်ခြေမှ တက်လို့ မရသင့်တော့ပါဘူး ။ နောက်တစ်ခု ၊ မြန်မာပြည်လို ထစ်ကနဲဆို အချုပ်ထဲထည့်တတ်တဲ့ နိုင်ငံမှာ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ အလေ့ထကလည်း အရိုးစွဲနေသေးတာက တစ်မှောင့် ။ ငယ်စဉ်ကတော့ ကိုလိုနီခေတ်မှာ "ငွေများ တရားနိုင်" ဆိုလားပဲ ၊ ခုမှ "အာဏာရော ငွေရောများမှ တရားနိုင်"မှန်း သိကြရတော့တာကိုး ။

      နောက်ပြီး ဆရာတင့်ပြောတဲ့ အပိုင်းနဲ့ယှဉ်တွဲပြရရင် - ဒီမှာလည်းပဲ ကျောင်းမှာ လုပ်ကိုင်သူတိုင်းသာမက ကလေးငယ် ၊ ဆယ်ကျော်သက် ၊ ကလေးရှိတဲ့ မိသားစုတွေနဲ့ အလုပ် လုပ်ရသူတိုင်းလိုလို working with children check ဆိုတဲ့ ကဒ်ပြားလေး ရှိရပါတယ် ။ တစ်ခါတစ်ရံမှ ထိတွေ့မှုရှိတဲ့ ကျနော့်လိုလူတောင် ရှိရပါတယ် ။ ၅ နှစ်တစ်ခါ သက်တမ်းတိုးရပါတယ် ။ ပြဿနာ ဖြစ်ပြီဆိုရင် “အာမခံ” ရနိုင်ပေမယ့် ၊ အပြစ်ကင်းကြောင်း မသေချာမချင်း အလုပ်ကနေ နားထားရတာ ၊ ၁၆ နှစ် မပြည့်သေးသူနဲ့ဆို နှစ်ဦးသဘော တူသော်မှ ဥပဒေအရ ဘယ်လိုမှ လက်မခံတာတွေ အများကြီးပါပဲ ။

      ဒါပေမယ့် မြန်မာပြည်လို နေရာမျိုးမှာက ဒါမျိုးတွေ မဆိုထားနဲ့ ၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ လူမှုဖူလုံရေး ဆိုတာမျိုးတွေကိုတောင် သိပ်အကျွမ်း မဝင်ကြသေးတာကြောင့် ၊ လူများစုက သိလာ နားလည်လာ လက်ခံလာအောင် ၊ အခွင့်အရေးနဲ့ ဥပဒေတွေ ရှိရကောင်းမှန်း အစိုးရက တာဝန်ယူရမှန်း တောင်းဆိုဖို့ လိုမှန်းတွေကို အသက်ဝင်လာအောင် ၊ အရင်ဆုံး ကိုယ်သိတာတွေကို လက်ဆင့်ကမ်းပြီး ဖလှယ်ဝေမျှပေးဖို့လည်း လိုမယ်ထင်ပါတယ် ။

      အဆုံးပိုင်းအနေနဲ့ ဆရာတင့် ရေးပြချင်တဲ့ ဆရာဝန်တွေ အကြောင်းကို ဒီမိုမိခင်ကြီး သိအောင်ဆိုတာကိုလည်း ဖတ်ချင်ပါတယ်ဗျာ ။ အခြား ပြင်စရာ ၊ ဆင်စရာ ၊ ဖာစရာတွေကိုလည်း မြင်သမျှ ရေးချဖို့ကိုလည်း အားပေးလိုက်ချင်ပါတယ်ဗျာ ။

      Delete
  4. ဖတ်ပီးပီလား- kachinduwa.blogspot.com/2013/01/blog-post_8332.html

    (၁)ရှမ်းမိသားစုတွေက သူတို့ ကလေးတွေ သူများနဲ့ ရန်ဖြစ်လာတယ် ထင်ပြီး သူတို့ ကလေးတွေကို ဆူကြတယ်။ တုတ်ကိုင်တဲ့ (ဗမာ) ကောင်လေးရဲ့ အဖေက အနားမှာ သူ့သားရဲ့ လုပ်ရပ်အပေါ် ချီးကျူးတဲ့ အပြုံးနဲ့ ကြည့်နေတယ်။ ပြီးတော့ သူ့သားကို ဂုဏ်ပြုတဲ့ အနေနဲ့ အာပွားပေးပြီး ကောက်ချီလိုက်တယ်။

    (၂)ကရင်တော်လှန်ရေး စလာတာကလဲ ဖဆပလ ပါတီတွေကနေ အင်းစိန် ခ၀ဲခြံမှာ ရှိသော ကရင် အမျိုးသား အစည်းအရုံးကို ၀င်ရောက် တိုက်ခိုက်ခဲ့လို့ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

    ReplyDelete
    Replies
    1. ယာတောလည်မှာ ငါပြောမယ် ရွှေရှင်ဘုရင် ရဲ့  နင်ဆင်ခြင်အုံးးးးးးးးး

      Delete
  5. သိချင်သူ:- ကိုကိုမန်းေ၇ သိန်းစိန်တို့အဖွဲ့က အစိုး၇လို့သူတို့ကိုသူတို့ပြောနေကြမေမဲ့ ကချင်စစ်မြေပြင်မှာ အစိုး၇တ၇ပ်လို့ခံယူထာနေတဲ့ တပ်တွေကေ၇ှ့တန်းက ကချင်တပ်တွေလောက် ပွင့်လင်းမူမ၇ှိဘူးနော် ဘာကြောင့်ပါလိမ့်။
    ----------------

    မန်းကိုကို: - မေးသင့်တဲ့ မေးခွန်းပါပဲ ။
    အဲဒါ ဆက်မသွားခင် ၊ ပိုအခြေခံကျတဲ့ မေးခွန်းနှစ်ခုကို ထုတ်ပြချင်တယ် ။

    (၁) မြန်မာပြည် အစိုးရဟာ ဒီမိုကရေစီ အစိုးရလား ၊ အာဏာရှင် အစိုးရလား (သို့မဟုတ်) ဒီမိုကရေစီခရီး ဘယ်လောက် အတိုင်းအတာ ရောက်နေပြီလဲ ။
    (၂) မြန်မာ့ လူမှုအသိုင်းအဝိုင်းရဲ့ အသိအမြင်နဲ့ နားလည်ခံယူမှုတွေ ဘယ်လောက်အထိ ကျယ်ပြန့် ပွင့်လင်း လွတ်လပ်နေပြီလဲ ။ - ဆိုတာတွေပါ ။

    အဲဒါတွေကို မှီပြီးမှ ၊ ဖြစ်နေတဲ့ ဖြစ်လာတဲ့ အနေအထား တွေဖြစ်တဲ့
    (၁) စစ်တိုက်ပုံ - ဥပမာ ပေါ်တာဆွဲတာ ၊ လူသတ်တာ ၊ မီးရှို့တာ ၊ မုဒိမ်းမှုတွေ ။
    (၂) လူသားအရင်းမြစ် ၊ ဥပမာ - သေဆုံး ကျဆုံးမှု အခြေအနေ ။
    (၃) စီးပွားရေး သက်ရောက်မှု ၊ ဥပမာ - စစ်အတွက် ကုန်ကျငွေနဲ့ စစ်ပွဲကြောင့် ဆုံးရှူံးရတဲ့ တန်ဖိုးတွေပါ ။

    ဒါတွေကို ဒီမိုကရေစီ စနစ်ကို ယုံကြည်တဲ့ အစိုးရက လုပ်မလား ။ နိုးကြားပြီး အသိ ဗဟုသုတတွေ ကြွယ်ဝတဲ့ ပြည်သူတွေက လက်ခံမလား ။ ဒါတွေကို မှတ်ကျောက်လို သဘောထား တိုင်းတာလိုက်ရင် အဖြေတွေက ပြောစရာ လိုမယ် မထင်ပါ ။

    သို့သော် နိုင်ငံတော်ဆိုတာ ဘာ ၊ နိုင်ငံတစ်နိုင်ငံ ဘယ်လို ဖြစ်တည် ပေါ်ပေါက်လာသလဲ ဆိုတဲ့ နိုင်ငံရေး ကအစ ၊ လူမျိုးကြီး ဝါဒဆိုတာ ဘာလဲ - စတဲ့ လူမှု သိပ္ပံပညာနဲ့ အတွေးအခေါ် အမြှော်အမြင်တွေ မပြန့်ပွား အမြစ်မတွယ်သေးတဲ့ နိုင်ငံနဲ့ လူမှုအဖွဲ့စည်းမှာ အဆိပ်ပြေဖို့အတွက် ၊ ဆေးအလီလီနဲ့ အချိန်ကာလ အတိုင်းအတာက အတော် စောင့်ရဦးမယ်လို့သာ ပြောလို့ရပါမယ် ။

    မေးခွန်းကို တိုက်ရိုက်ဖြေသလို မဖြစ်ပေမယ့် ၊ အတိုင်းတာ တစ်ခုအထိ သက်ဆိုင်လိမ့်မယ်လို့ ယူဆပါတယ် ။

    ReplyDelete