ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, June 8, 2012

မှတ်ချက် တိုရှည်




     လူတစ်ယောက်ဟာ သူ့ရဲ့ အမြင် ၊ သိနားလည်မှု ၊ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို ချရေးပြ
လိုက်တဲ့အခါ အခြားသူတွေအတွက်လည်း ကွဲပြားတဲ့အမြင် ၊ တူညီတဲ့ အခြေခံနဲ့ ပိုကောင်းမယ်
ထင်တဲ့ လမ်းကြောင်းတွေကို တင်ပြ ဖလှယ် သင်္ခန်းစာ ယူနိုင်ကြဖို့ အခွင့်အလမ်းတွေ ပေါ်လာ
တယ် ။ 

     ဒီသဘောတရားကို အခြေခံပြီး ပြောဆိုဆွေးနွေးခဲ့တာတွေထဲက မသိရင် မသိသလို ၊ သိရင်
သိသလို မှတ်ချက် ၊ ဆွေးနွေးချက် ၊ တင်ပြချက်တွေ လုပ်ခဲ့တာမှာ အတိုင်းတာတစ်ခုအထိ အ
ကျိုးသက်ရောက်ခဲ့ တယ်လို့ ပြောလို့ရတယ် ။ ကိုယ့်ရဲ့ အခြေမခိုင်တဲ့ လက်ခံထားတာတစ်ချို့ကို
ပြင်နိုင်ဖို့ အခွင့်ရေးရခဲ့တယ် ။ 

     အောက်မှာတော့ မှတ်ချက်တချို့ကို ပို့စ်အဖြစ် စုစည်းတင်လိုက်ပါတယ် ။ အချိန်ယူ ရေးထား
တာတွေ မဟုတ်ပဲ တစ်ထိုင်ထဲမှာ စိတ်ထဲ ပေါ်လာသမျှတွေကို ချရေးထားတာ များတာကြောင့်
ဆောင်းပါးတွေလို တိကျ ခန့်ထည် ပြည့်စုံမှာတော့ မဟုတ်ပါဘူး ။

     အသိပေးချင်တာက ကျနော်အပါဝင် လူတိုင်းရဲ့ မှတ်ချက်တိုင်းမှာ အားနည်းချက်တွေ ပါနိုင်
ပါတယ် ။ ဒါကို ဘယ်သူသာတယ် နာတယ်မဟုတ်ပဲ ၊ ကိုယ်ပိုင်အတွေးမြင်တွေကိုပါ ဝိုင်းဖြည့်
တွေးပေးနိုင်ကြရင်တော့ အကျိုးရှိကောင်း ရှိကြမယ်ထင်ပါတယ် ။ ကိုယ်ပိုင်အတွေးဆိုတာ ဒီမှာ
မှတ်ချက်အဖြစ် ရေးချမှ မဟုတ်ပါဘူး ။ ကိုယ့်စိတ်ထဲကိုယ် တွေးနိုင် အဖြေထုတ်နိုင်ကြပါတယ် ။


 

   လူအခွင့်အရေး....
   သာတူညီမျှရေး.....
   အသားအရောင်မခွဲခြားရေး.....
   တန်းတူညီမျှရေး....
   လိင်တူဆက်ဆံသူများအခွင့်အရေး....
   လူမျိုးရေးခွဲခြားခံရမူအရေး....
   ဘာသာရေးဖိနှိပ်ချုပ်ချယ်ခံရမူအရေး.....
   ဘာ...အရေး....
   ညာ......အရေး .....

   ကိုယ်နှစ်သက်ရာစွဲကိုင်ပြီး အော်ချင်ရာအော်ကြပါ။
   ကျနော့် တယောက်ထဲအမြင်ကတော့ အဲဒီလိုအော်နေကြတဲ့နိုင်ငံတွေမှာ immigration တွေ၊
   နယ်စပ်လုံခြုံရေးတွေ... နိုင်ငံနယ်နိမိတ်စည်းတွေကို ချိုးဖျက်ပြီး.... တနိုင်ငံကတနိုင်ငံကို
   Passport/ travel doc စတာတွေမပါပဲ လွတ်လွတ်လပ်လပ် ကူသန်းသွားခွင့်ပေးတဲ့ တနေ့
   ကြရင် လုံးဝဥသုန်ယုံကြည်လိုက်ပါမယ်။

   ဒါမှမဟုတ်ရင်တော့......... လူကြားကောင်းရုံ.... စားကောင်းရုံမျှသာ အသံကောင်းပေးနေ
   တယ်လို့ ယူဆပါမယ်။ 

   ကျေးဇူးပြု၍ လွတ်လပ်စွာ သဘောထားကွဲပါ။ 

6 people like this.

    • သန်းနိုင် စိုး တားတား က သဘောတူချင်တာ ဇွတ်ကွဲခိုင်းနေတော့ ခက်နေတာ ...ဟိ ။

    • Mahn Koko
      လူမှုရေးရာကို နိုင်ငံအုပ်ချုပ်ရေး (တစ်နည်းအားဖြင့် စီမံခန့်ခွဲရေး) နဲ့နှိုင်းပြီး အဖြေရှာဖို့ ကြိုးစားတာဟာ လမ်းလွဲနေတယ်လို့ မြင်ပါတယ် ။


      နှစ်မျိုးလုံးဟာ ပလေတိုကနေ master science လို့ နာမည်တပ်ခဲ့တဲ့ နိုင်ငံရေးဆို
      တဲ့ စကားလုံးအောက်မှာ ရှိနေပေမယ့် ကွဲပြားတဲ့ ကဏ္ဍတွေပါ ။

      သတင်းဋ္ဌာနတစ်ခုမှာ တွေ့ဖူးတဲ့ မှတ်ချက်တစ်ခုကို သတိရပါတယ် ။
      ရေးတဲ့လူက လုပ်ငန်းငယ်တစ်ခုလုပ်ပြီး အခွန်ကို မှန်မှန်ဆောင်နေသူပါ ။
      သူ့အမြင်အရ အလုပ်လုပ် ၊ အခွန်ဆောင် ၊ ကိုယ်ရသင့်တဲ့ အခွင့်အရေးကိုယူ ၊ ပြီးရင် နိုင်ငံရေးအပါဝင် လူမှုသိပ္ပံ ပညာရပ်တွေကို ဘာမှ သင်နေ လုပ်နေစရာ
      မလိုဘူးလို့ ဆိုတယ် ။

      သူ့တစ်ယောက်စာ မှန်ပါတယ် ။ ဒါပေမယ့် သူအပါဝင် လူတွေအတွက် နိုင်
      ငံရေးစနစ် ၊အခွန်နဲ့ အခြား အခွင့်ရေးနဲ့ ခံစားမှုတွေ ရလာဖို့ရာ ပညာရှင်တွေ
      က ပြောဆိုဖေါ်ထုတ်ပြီးလူမှုစီမံရေးနဲ့ လုပ်သင့်တဲ့ ကျင့်ဝတ်နဲ့ လုပ်ထုံးလုပ်
      နည်းတွေကို လူမှုသိပ္ပံ ပညာတွေကနေ နည်းလမ်းတွေ ရှာကြံဖေါ်ထုတ်ပြုစု
      ပြီး သူအခု နေနေရတဲ့ လူမှုအသိုင်းဝိုင်းကြီးကိုထူထောင်နိုင်ခဲ့ကြတာ သတိ
      ထားမိပုံ မရပါဘူး ။ သူ့တစ်ကိုယ်စာ သူအခွန်ဆောင်ရတာနဲ့ ပတ်သက်တာ
      တွေကိုပဲ တွေးပြီး မြင်ကြည့်လိုက်တာမို့ သူ့အနေထားကို နားလည်ပေးရ
      မယ့် သဘောရှိပါတယ် ။

      ပြန်ကောက်ရရင် အခွင့်အရေးစကား ပြောတာ တောင်းတာတွေဟာ ( နိုင်ငံ
      တစ်နိုင်ငံမှာ လူတွေရဲ့ အခြေခံ စိတ်သဘောထားကို ထင်ဟပ်နေပြီး) စီမံခန့်
      ခွဲမှုနဲ့ တိုက်ရိုက် မဆိုင်ပေမဲ့ ၊ သွယ်ဝိုက်ပြီးတော့ အချိုးကျနေတယ်လို့ ပြော
      နိုင်ပါတယ် ။

      စီးပွားရေး အတိုင်ပင်ခံတစ်ယောက်ရဲ့ အဆိုအရ စင်္ကာပူနိုင်ငံဟာ ဗြိတိန်နိုင်
      ငံရဲ့ စနစ်ကျတဲ့ အုပ်ချုပ်ရေး စနစ်ဟောင်းကို အခြေခံထားတယ်လို့ ယေဘုယျ
      ပြောနိုင်ပါတယ် ။ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ အခွင့်ရေးပိုင်း ဆိုင်
      ရာတွေကိုတော့ ထပ်မကူးချခဲ့ပါဘူး ။ ဒါကြောင့်လည်း ဒီမိုကရေစီ တစ်ပိုင်း
      တစ်စ နိုင်ငံတွေထဲမှာ စာရင်းဝင်နေတာပါ ။

      တစ်ဖက်မှာလည်း မြန်မာပြည်မှာ အခွင့်အရေးကအစ လူမှုရေးရာနဲ့ ပတ်
      သက်လို့ နောက်မှာ အများကြီး ကျန်နေတဲ့ကြားက ၊ ခုဆိုရင် ဖွံ့ဖြိုးပြီး ကမ္ဘာ့
      ဒေသတွေမှာ ဆုတ်ယုတ်မှုတွေ ထပ်ဆင့်ပြောင်းလဲမှုတွေတောင် ဖြစ်နေပြန်
      ပါပြီ ။ လေ့လာပြီး သင်္ခန်းစာတွေ အများကြီး ယူနိုင်ကာမှ မျှတအေးချမ်းပြီး
      အတန်သင့် ပြည့်စုံတဲ့ အနေထားတစ်ခုကိုယ့်ဆီမှာ ရလာနိုင်မှာပါ ။

      ဒါဟာ ကျနော်သိမှတ်ယူထားတဲ့ အတိုချုပ် အစိတ်ပိုင်းတချို့ကို ပြောပြတာ
      ပါ ။ ခုမှစပြီး လေ့လာသင်ယူဖို့ ပြင်ဆင်ဆဲ ကိစ္စတွေမို့ အသေးစိတ်တော့
      နောင်မှပဲ ပြောနိုင်ပါလိမ့်မယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အစလေး တစ်စလောက်
      ရှင်းသွားကောင်း ရှင်းသွားနိုင်မယ်လို့တော့ ထင်ပါတယ် ။


    • MrMaung KoThet အဲဒါကြောင့်မို့လို့လဲ ကျနော့်တယောက်ထဲအမြင်လို့ စ
      ကားခံထားတာပါခင်ဗျာ။

    • MrMaung KoThet
      Myat Thein Tun မည်သည့်ဘာသာတွင်မဆို ဘုရားဟော စာပေကျမ်းဂန်
      တို့သည်လူတို့အား ယဉ်ကျေးသိမ်မွေ့နုညံ့လာစေသော ဂုဏ်သတ္တိရှိ၏။ ယုံ
      ကြည်သက်ဝင်စေသော ဂုဏ်သတ္တိရှိ၏။ စည်းလုံးညီညွတ်ခြင်းအလို့ငှာ တိုက်
      တွန်းနိုင်သည့် ဂုဏ်သတ္တိရှိ၏။ အဆိုပါဂုဏ်သတ္တိတို့ကို အတ္တနှင့်ရောသမ
      မွှေလိုက်သည့်အခါ...ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းဟာ အရမ်းလေး
      စားစရာကောင်းပါတယ်။ ဒါကို လူတိုင်းလိုလိုလားလား လိုက်နာဖို့ဆိုရင် တစ်
      ကမ္ဘာလုံးဟာ နိုင်ငံတစ်ခုတည်းဖြစ်ဖို့လိုအပ်ပြီးတော့ အဲဒီနိုင်ငံသားတိုင်းဟာ
      အတ္တကင်းစင်ဖို့လိုပါတယ် (တတ်သလောက်မှတ်သလောက် ဗဟုသုတနဲ့
      တစ်ကိုယ်ရေတကာယတွေးကြည့်တာပါ)

      11 hours ago · · 1

    • Mahn Koko
      ဘာသာရေး ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ခေါင်းစဉ်ကြီးသုံးခုကို စာတစ်ပိုဒ်
      ထဲမှာထည့်ထားတာပါလား ။


      လက်လှမ်းမီသလောက် ပြောရရင်တော့ ဘာသာရေးဟာ ယေဘုယျအားဖြင့် ကောင်းကြပါတယ် ။
      တစ်ဖက်မှာလည်း ပထမတစ်ချက် အနေနဲ့ ဘယ်ဘာသာမှ လူတွေအတွက်
      အဖြေအားလုံးကို မပေးနိုင်ပါဘူး ။ (သိပ္ပံပညာလည်း ထို့နည်း၎င်းပါပဲ) ။ နောက်
      တစ်ချက်ကနမူနာအနေနဲ့ ဘာသာကြီးတစ်ခုကို နိုင်ငံရေးနဲ့ ခွဲထုတ်ဖို့ ကြိုးစား
      စဉ်က သေလိုက်ကြလိုက်ကြတာ မနည်းပါ ၊ ခုတော့ အောင်မြင်သလောက်ရှိ
      ပါပြီ ။ ဘယ်လိုဖြစ်ဖြစ် ဒီဘာသာကို လူတိုင်းက ကောင်းတဲ့ ၊ ငြိမ်းချမ်းတဲ့ဘာ
      သာလို့ မြင်နိုင်ကြမလား ။ (ဒါပေမယ့် မရမက မြင်ယူလိုက်ကြတာပါပဲ) ။

      ခုနေမှာ နောက်ထပ် ဘာသာကြီးတစ်ခုလည်း အဲဒီလမ်းကြောင်းကို သွားဖို့
      ဦးတည်နေပြီး လူတွေလည်း အများကြီး သေကြေနေကြပါတယ် ။ နောက်ထပ်
      ပျော့ပြောင်းတယ်လို့ ယူဆရတဲ့ ဘာသာကြီး နှစ်ခုကလည်း သမိုင်းမှာ စစ်ပွဲ
      ကြီးတွေနဲ့ ပတ်သက်ခဲ့တာတွေက အများကြီး ရှိခဲ့သလို ကနေ့အချိန်မှာလည်း
      မသိမသာ အစွန်းရောက်သူတွေ မွေးထုတ်ပေးနေတာကို မြင်နေရတာပါပဲ ။

      ဒီလိုပြောရင် လူတွေကြောင့်လို့ ပြောတတ်ကြတယ် ၊ ဒါဆိုရင် ဘာသာရေးရှိ
      လို့ လူတွေရှိလာတာလား ၊ မဟုတ်ရင်လည်း လူတွေရှိလို့ ဘာသာရေးရှိလာ
      တာလားလို့ မေးစရာ ဖြစ်လာတယ် ။ တချို့လည်း လူဆိုးတချို့ကြောင့် ဘာသာ
      တရားတွေကို မကောင်း မပြောသင့်ဘူးလို့ ပြောကြတယ် ၊ ဒီမှာတင် တန်ပြန်
      ပြောသူတွေကလည်းဘောလုံးပွဲတစ်ပွဲမှာ အသင်းတစ်သင်းကို ကစားသူနဲ့
      အားပေးတဲ့လူတွေအပေါ် မူတည်ပြီး မြင်ကြတာပဲ ၊ ရမ်းကားကြရင် အသင်းဆိုး
      အဖြစ် နာမည်တွင်မှာပဲ စသည်ဖြင့် ဆိုကြပြန်တယ် ။

      ကျနော့်အနေနဲ့ ဒါတွေ အဆုံးဖြတ်ပေးနိုင်လောက်တဲ့ အနေထားမှာ မရှိပါဘူး ။
      ဒါပေမယ့် ဘာသာရေးနဲ့ ပတ်သက်လို့ မဆုံးနိုင်တဲ့ အမြင်နဲ့ တွေးစရာတွေ ရှိ
      တယ်ဆိုတာနည်းနည်း ပြောပြတာပါ ။

      လူ့အခွင့်ရေး ကြေငြာစာတန်းကို အသေးစိတ် မသိပေမယ့် ကိုယ်ပိုင်အမြင်
      အရတော့အများကနေ လိုက်နာကျင့်သုံးဖို့အတွက် စံတစ်ခု သတ်မှတ်လိုက်
      တာသာဖြစ်ပြီး ကြိုးစားလိုက်နာဖို့ အပိုင်းမတော့ တစ်ဦး တစ်ဖွဲ့ချင်းစီနဲ့ အ
      ခြေနေ အနေထားပေါ် မူတည်နိုင်ကြတယ်လို့ နားလည်ထားပါတယ် ။ ရွှေစစ်
      စစ်ရဖို့ မလွယ်သလို အခြား စပ်ထားတာတွေ များရင်များသလို အများကနေ
      ဝိုင်းပြီး တန်ဖိုးဖြတ်တာကို ခံကြရသလိုပါပဲ ။

      2 hours ago · · 1

    • Mahn Koko
      နောက်ဆုံးတစ်ခု နိုင်ငံတစ်နိုင်ငံထဲ ဖြစ်ဖို့လိုအပ်တယ် ဆိုတာကို ကြည့်တဲ့အ
      ခါ အတိုဆုံးကတော့ မဖြစ်နိုင်ဖူးလို့ ဖြေရမှာပဲ ။
      အနီးဆုံးအနေနဲ့ အပေါ်က မတူတဲ့ ဘာသာတွေကို မြင်နိုင်တယ် ။ ဘာသာတရားတွေဟာ ကောင်းတာချည်းပဲလို့ ပေါ့ပေါ့လေး ရောချလို့ လွယ
      ပေမယ့် ၊လက်တွေ့မှာ မရပါဘူး ။ ဒီလိုပဲ မတူတဲ့ ရေမြေ ယဉ်ကျေးမှု နောက်
      ခံနဲ့ စိတ်ဓါတ် အခြေခံတွေကို အမိုးကာ တစ်ခုထဲရဲ့အောက်ကို ဆွဲထည့်ဖို့က
      တော့ မဖြစ်နိုင်ပါဘူး ။ (ဥရောပ သမဂ္ဂရဲ့ ပြန်ပြိုကွဲဖို့ ဦးတည်နေတာ နမူနာပါ) ။

      ဒါပေမယ့် အတိုင်းတာ တစ်ခုအထိ ဖြစ်နိုင်အောင် လုပ်ထားတာတွေလည်း
      ရှိပါတယ် ။ အနီးဆုံး မြန်မာပြည်ကိုပဲကြည့်ပါ ၊ မတူတာတွေကို အင်အားသုံး
      ပြီး ဆွဲစပ်ထားတာကို တွေ့နိုင်ပါတယ် ။ (ဒါမျိုးကို ဝါဒအရ ၊ ဘာသာရေးအရ ၊
      လူမျိုးရေးအရ အခြေခံ လုပ်ထားတာတွေလည်း ကမ္ဘာမှာ တွေ့နိုင်ပါတယ်) ။
      ဒီလိုပြောတော့ အင်အားကို တရားဝင်အသုံးပြုလို့ရတဲ့ အစိုးရတို့ ၊ ဘာလို့
      တရားဝင်ရတာလဲတို့ ၊ နောက်ပြီး မတူတဲ့ အစုတွေကြားမှာ ကိစ္စများမြှောင်
      အတွက် ညှိနှိုင်းရတာတို့ စတာတွေကို နားလည်အောင် လုပ်တဲ့ လေ့လာတဲ့
      အဖြေရှာတဲ့ နိုင်ငံရေးသိပ္ပံဆိုတာ ပေါ်လာရတယ် ။ ဒါပေမယ့် ဒီပညာဟာ
      လည်း လူတွေအတွက် အသုံးဝင်ပေမယ့် master key လို အသုံးချလို့ မရပြန်
      ပါဘူး ။

      ချုပ်ရရင်တော့ အကန့်အသတ်ရှိတဲ့အသိ ၊ အကန့်အသတ်ရှိတဲ့ ပညာတွေနဲ့
      ကျနော်တို့ လူသားတွေဟာ အကန့်သတ်တစ်ခုအထိ ကောင်းစေဖို့ပဲ လုပ်နိုင်
      ကြမှာမို့ ၊ ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်သလောက်လေး လုပ်သွားနိုင်ကြရင်ပဲ
      လက်တွေ့ကျပါလိမ့်မယ် ။

      (အပေါ်က status ကနေစပြီး ဒီမှတ်ချက်အထိ စာတွေကို ဘလော့မှာ အခြား
      လူတွေ ဖတ်နိုင်အောင် တင်လိုက်မယ်လို့ စိတ်ကူးပါတယ် ။ အများဖတ်လို့ရ
      အောင် တင်ထားတာတွေမို့ ခွင့်တောင်းဖို့ မလိုလောက်ဘူး ယူဆပေမယ့် အ
      သိပေးရင် ပိုသင့်တော်မယ် ယုံကြည်လို့ပါ ။ ကျနော်တို့တတွေ ရေးထားတာ
      အားနည်းချက်တွေ ရှိကောင်း ရှိကြမှာပါပဲ ။ ဒါပေမယ့် ဆွေးနွေးဖြစ်တာတွေကို
      အခြားသူတွေ ဖတ်နိုင်ခြင်းအားဖြင့် ပိုကျယ်ပြန့်တဲ့ အမြင်တွေ ထပ်ဖြည့်လိုသူ
      တွေရှိရင် ဖြည့်နိုင်အောင် ၊ အကျိုးရှိအောင်ရယ်လို့ပါ) ။
      ၈ ၊ ၀၆ ၊ ၂၀၁၂

6 comments:

  1. အကိုကြီးမန်းကိုကုကတော့ကွာ ကရင်ထဲမှာဆိုရင် စားအရေးအသားတကယ်ကောင်းတဲ့သူလို့ ပြောလို့ ရနိုင်ပါတယ်

    ReplyDelete
    Replies
    1. သိပ်မမြှောက်နဲ့ ၊ သဘောကျလို့ အကလွန်ပြီး ဟဝှာပါ တက်သွားဦးမယ်.. :)

      ဖြစ်နိုင်ရင်တော့ ကရင်လို ရေးချင်ပါတယ် ၊
      နောင်ကို ဖြစ်ကောင်း ဖြစ်လာဖို့ပဲ မျှော်လင့်ရတော့မှာပဲ ။

      Delete
  2. အားလုံးကောင်းပါတယ်

    ReplyDelete
    Replies
    1. မျက်စေ့လျှမ်းသွားလို့ ဖြစ်ပါလိမ့်မယ် ၊
      ကိုယ့်ဘာသာကိုယ်တောင် ပြန်မပြင်ချင်တော့လို့
      ဒီအတိုင်း ထားလိုက်တော့တာ အများကြီးပါ :)

      Delete
  3. ကရင်လို တင်ရေးနိုင်ရင်တော့ သဲုး၀၀်၀၀် အင်းဟှးလင် ဖႜုံဍုံယာန် ပေါ့

    ReplyDelete
    Replies
    1. လာမယ် ၊ ကြာမယ် ။ (တော်တော်ကြီးကို ကြာမယ်) ။

      ခုထိတော့ "က"ဖာဒူး ၊ "ခ"ခဝေါင်တောင် အကြိတ်အနယ် ဖတ်နေရတာ :)

      Delete