ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, March 12, 2012

မရေးဖြစ်လိုက်တဲ့ ဖေဖေါ်ဝါရီလ ဒိုင်ယာရီ

(၄)  ဆန့်ငင်ဆန့်ငင် ခြေလှမ်းသစ်

     လူမျိုးအကြောင်းတွေ ပြောနေတော့ လာဖတ်သူထဲက အချို့လည်း မသက်မသာ ဖြစ်ကြမယ်
ထင်ပါတယ် ။ ဒီနေ့တော့ အဲဒါတွေ ဖြတ်ထားလိုက်ပါ့မယ်ဗျာ ၊ နောက်ထပ်လှမ်းဖို့ ရည်ရွယ်ထား
တဲ့ ခြေတစ်လှမ်းအတွက် နည်းနည်းပြောပါ့မယ် ။ လမ်းခရီးဖြောင့်သွားအောင် အကြံပေးနိုင်သူများ
ရှိလည်း ရှိမလားလို့ပါ ။

     လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီ နောက်ဆုံးအပတ်မှာတော့ မိတ်ဆွေသုံးယောက် စုစည်းပြီး ဝက်ဘ်ဆိုဒ်
နာမည်တစ်ခု ဝယ်ဖြစ်ပါတယ် ။ Hosting လည်း ယူပြီးသွားပါပြီ ။ ဒါပေမယ့် webpage စာမျက်နှာ
၅ မျက်နှာပဲရပြီး လိုသလို ပုံဖေါ်လို့မရတာကြောင့် Joomla ကို ဒေါင်းလုပ် လုပ်ချလိုက်ပါတယ် ။
အညွှန်းမှာ server လိုတယ်ဆိုလို့ WAMP server ဆိုတာကြီးကို install လုပ်လိုက်ပြန်ပါတယ် ။
ဒီနေရာမှာတင် တစ်နေပြီး ၊ ရှေ့ဆက်တိုးလို့ မတတ်သေးဘူး ဖြစ်နေတယ် ။ ဝိုင်းဝန်းအကြံဥာဏ်
ပေးတဲ့သူတွေ မရှိရင်တော့လည်း မဖြစ်ဖြစ်အောင် တစ်နည်းနည်းကို စဉ်းစားရတော့မှာပေါ့ ။

     ခုလုပ်ချင်တဲ့ ဝက်ဘ်ဆိုဒ်က ပညာရေး ဆိုဒ်တစ်ခုပါ ။ မောက္ခ တို့လိုဆိုဒ်မျိုးနဲ့ ဆင်တူပါလိမ့်
မယ် ။ ကျောင်းတွင်းကျောင်းပြင် ပညာရေးနဲ့ အတွေ့အကြုံတွေကို သတင်း ဆောင်းပါးတွေနဲ့ တင်
ဆက်သွားနိုင်ဖို့ ရည်ရွယ်ထားပြီး ၊ လောလောဆယ် ဦးတည်တာကတော့ ပညာရေးပိုင်းမှာ လုပ်
ငန်းခွင်ဝင်နေရလို့ တန်းမြင့်ပညာ ဆက်မသင်နိုင်သူတွေနဲ့ ဗဟုသုတ ပွားများဖလှယ်လိုသူတွေ အ
တွက်ပါ ။

     လက်ရှိကျနော်တို့အဖွဲ့မှာ စောသာတော (နိုင်ငံတကာ ဖွံ့ဖြိုးရေး) ၊ စောဆယ်မြူရယ် (စီးပွား
ရေး) နဲ့ ကျနော်က နိုင်ငံရေးနဲ့ ပညာရေးဆိုင်ရာမှာ အနည်းအကျဉ်း တင်ပြနိုင်ဖို့ ကြိုးစားသွားမှာ
ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ ပညာဒါနပြုလိုသူ ၊ ဝန်းရံအားပေး ပါဝင်လိုသူတွေလည်း ရှိလာ
လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ နောက်ပြီး အခု လုပ်ကိုင်ရာမှာ ကိုယ်ထူကိုယ်ထ အိတ်စိုက်ဖြစ်ပါ
တယ် ၊ ဘယ်ပရိုပိုဇယ်မှ မပါဘူးဆိုတာလည်း ထန်းလက်နဲ့ ကြိုကာထားပါရစေ  :-)

     မကြာခင်ကာလမှာ ဖတ်ချင်သူ ၊ လေ့လာချင်သူတွေကို ကြိုတင်ဖိတ်ခေါ်လိုက်ပါတယ် ။
     လိပ်စာကတော့ "ပုရဝဏ်" ဖြစ်ပါတယ် ။ တက္ကသိုလ် ကျောင်းဝင်းလေးလို ပုံပမာပြုပြီး ဒီနာမည်
လေးကို ရွေးထားတာပါ ။ တတ်စွမ်းနိုင်တဲ့ အခါများကျရင် တိုင်းရင်းသား ဘာသာတွေနဲ့ တန်ဖိုးရှိတဲ့
ဆောင်းပါးတွေကိုလည်း တင်ပေးသွားဖို့ ဆန္ဒရှိပါတယ် ။ လောလောဆယ်တော့ ဘာမှ မထည့်ရ
မလုပ်ရသေးတာမို့ ပြင်ဆင်ပြီးမယ့် နောက်တစ်လအတွင်းလောက်မှာ ထပ်လာကြည့်ဖို့လည်း ကြို
တင် အသိပေးထားချင်ပါတယ် ။

     ကျန်းမာရွှင်လန်းပြီး လိုအင်ဆန္ဒတွေ ဖြစ်နိုင်သမျှ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ ။



(၃)  သမိုင်း တစ်ဖြတ်

     အရင်အပတ်တွေက အာရှသမိုင်း သင်္ခန်းစာတွေ စသင်ရတော့ ဆရာကြီးသန်းထွန်းပြောတဲ့ "မအ"
အောင် သမိုင်းသင်ဖို့ဆိုတာ သတိရတယ် ။

     အခု ကျောင်းမှာ စသင်နေရတာကတော့ တရုတ်သမိုင်းပါ ။ ရှေးအကျဆုံး သမိုင်းမဟုတ်ပေမယ့်
အာရှအရှေ့ပိုင်းရဲ့ သမိုင်းကြောင်းမှာ အကျိုးကျေးဇူး အများကြီးပေးနေတာကြောင့် လေ့လာသင့်တယ်
လို့ နားလည်မိတယ် ။ မှတ်မိသမျှထဲက ရှေးဦးနဲ့ အခုနောက်ဆုံး မျက်မှောက်ခေတ်နဲ့ပတ်သက်တာ
လေးအချို့ သိလာရတယ် ။

     တရုတ်တွေရဲ့ ပထမဆုံး အင်မတန်ပြည့်စုံတိကျတဲ့ သမိုင်းကျမ်း (Shiji/Records of the Grand
Historian) ကို စူးမာချင်ဆိုသူက ခရစ်မပေါ်မီ နှစ်ပေါင်း ၁၀၀ လောက်မှာ မှတ်တမ်းတင်ခဲ့တာ ဖြစ်
ပါတယ် ။ စိတ်ဝင်စားစရာအချို့ကတော့ စူးမာချင်ဟာ စာတွေပြုစုလို့ မပြီးခင်မှာ အင်ပါယာရှင်ရဲ့ အ
မျက်ရှခံရပြီး ဝှေးအသင်းခံခဲ့ရပါတယ် ။ ဒါပေမယ့် အဲဒီခေတ်မှာ ထုံးစံဖြစ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေ
တာမျိုး မလုပ်ခဲ့ပဲ မှတ်တမ်းကို ဆုံးခန်းတိုင်အောင် ပြုစုခဲ့ရာက တရုတ်ပြည်ရဲ့ မှတ်တမ်းရေးတဲ့ အစဉ်
အလာကို မျိုးစေ့ချပေးနိုင်ခဲ့ပါတယ် ။ အကျိုးဆက်ကတော့ သက္ကရာဇ်နဲ့ နေရာတွေတိကျတာကြောင့်
တရုတ်ရှေးဟောင်း အဆောက်အုံတွေကို ပြန်ရှာဖွေရုံမက ဘေးနားနယ်ပယ်တွေက သမိုင်းတွေကို
လည်း ဆွဲယူချိန်ထိုးကြည်တာနဲ့ အချို့နေရာမှာဆို သူတို့စာအတိုင်း အတည်ယူရတဲ့အထိပါပဲ ။ မြန်မာ
ပြည်နဲ့ ပတ်သက်လို့လည်း တရုတ်သမိုင်းကနေ အများကြီး ရနိုင်စရာရှိမယ် ထင်ပါတယ် ။ အချို့လည်း
သိကြပြီးသားပါ ၊ မသိသူတွေနဲ့ ဝေမျှတဲ့ သဘောပါ ။

     နောက်တစ်ချက်က ခရစ်တော် မပေါ်မီကတည်းကစပြီး တရုတ်နိုင်ငံမှာ စစ်အကြီးကျယ်တိုက်တာ
နဲ့ နယ်ပယ်သိမ်းသွင်းတာ သာမက အတွေးအခေါ်နဲ့ အုပ်ချုပ်ရေးစနစ်တွေပါ ချမှတ်အသုံးပြုခဲ့ကြပါ
တယ် ။ တစ်ကြိမ်မှာတော့ စစ်နိုင်ဘုရင်က အညံ့ခံတဲ့နယ်ရဲ့ စစ်သည်လေးသိန်းကို စံနမူနာပြ အပြတ်
ှင်းလိုက်ပါသတဲ့ ။ ဆက်စပ်နေတဲ့ အကျိုးဆက်ကတော့ - ကနေ့အချိန်မှာ တရုတ်နိုင်ငံမှာ ဟန်တ
ရုတ်လူမျိုး ၉၄% ရှိပါတယ် ။ ဟန်တရုတ်တွေ အများစုဖြစ်တဲ့အတွက်ကြောင့် လူမျိုးရေးပြဿနာ
နည်းတယ်လို့ ဆိုနိုင်ပါတယ် ။ အင်မတန်ကောင်းပါတယ် ။

     ဒါပေမယ့် မကြာခင်နှစ်တွေက စမ်းသပ်ချက်တွေအရ ဟန်တရုတ်တွေဆီမှာ DNA တွေ ၁၀ မျိုးအ
ထိ ကွဲနေပြီး အဓိကအနေနဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းသားတွေဟာ အတော်ကြီးကွဲပြားနေတယ်လို့
သိရပါတယ် ။ လိုရင်းကတော့ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်မှုတွေနဲ့ စုစည်းခဲ့တဲ့ တရုတ်ပြည်မှာ ၊
၉၄%သော ဟန်တရုတ်တွေဟာ တကယ်တော့ သူတို့ကိုယ်ကို ဘာလူမျိုးရယ်လို့ အတိအကျ မသိ
ကြတော့ပါဘူး ။ သူတို့ကိုယ်ကို ဟန်တရုတ်လို့ သတ်မှတ်နေကြလို့သာ ဟန်တရုတ် ဖြစ်နေကြတော့
တာပါ ။

     ဒါတွေရဲ့ အနာဂါတ်မှာ လူတွေရဲ့ တုံ့ပြန်ချက်ကို မပြောနိုင်ပေမယ့် ၊ ကနေ့ခေတ်အခါမှာတော့ တ
ရုတ်တွေလုပ်သလို ကြမ်းကြမ်းတမ်းတမ်းလုပ်လို့ မရတော့တာမို့ ၊ ပိုပြီးငြင်သာတဲ့နည်းတွေနဲ့ လူမျိုး
တစ်ခုကနေ အခြားလူမျိုးတွေကို ဝါးမျိုဖို့ ကြိုးစားနေကြတာမျိုးတွေကို တွေ့နေရပါတယ် ။ အခြား
တစ်ဖက်မှာလည်း ကိုယ့်လိပ်ပြာ ကိုယ်မလုံကြလေတော့ ၊ ကိုယ့်ထက် အင်အားများသူတွေက ကိုယ့်
ကိုဝါးမျိုသွားမှာ အသည်းအသန် ကြောက်လန့်နေတတ်ကြ ပြန်ပါတယ် ။ ဒါပေမယ့် ခက်တာက ပွင့်
ွင့်လင်းလင်းလည်း ပြောလို့လည်း မဖြစ်ပြန်တော့ ကြိတ်ပြီးသာ ခံစားကြ ၊ ဖုံးကြဖိကြ ၊ တစ်ခါတစ်ရံ
ကျတော့လည်း အမှန်ဖြစ်သယောင် တည်ဆောက်လာခဲ့တာတွေနဲ့ စွဲကိုင်ပြီး ဒေါသတွေကို ဖေါ်ထုတ်
နှစ်သိမ့် ရတာပေါ့ဗျာ ။

     အေးဗျာ ကျနော်လည်း သိလာတာတွေနဲ့ဆက်စပ်ပြီး အတွေးနယ်ချဲ့လိုက်တာ ရေးပြလို့မကုန်
တာမို့ အဖျားလေးဆွတ်ပြီး ပြောလိုက်တာပါ ။ နောက်နောင်မှ အကျယ်ချဲ့ပြောဆိုဆွေးနွေးဖို့ ဖြစ်နိုင်
မယ် ထင်ပါတယ် ။

     တစ်လက်စထဲ သတိရတုန်း ပြောချင်တာလေးတစ်ခု ရှိပါတယ် ။
     လူမျိုး ၊ စနစ် ၊ လူတန်းစားအလွှာ ၊ ဒေသ ၊ အဖွဲ့အစည်း စသည်ဖြင့် ပတ်သက်ရာပတ်သက်
ကြောင်း အမျိုးမျိုးအပေါ် အခြေပြုပြီး - ရှေ့က မတရားမှုတွေကို တန်ပြန်လိုက်ရမှ ၊ ကလဲ့စား ချေ
လိုက်ရမှ ဆိုတာမျိုးတွေ ဒုနဲ့ဒေး ဖြစ်နေတာတွေကိုတွေ့ရ တော့ ရင်များလည်း တစ်ခါတစ်ခါ အ
တော်လေးမိပါတယ် ။

     ကျနော်ပြောချင်တာက မေ့ပျောက်ပစ်ဖို့ မဟုတ်ပါ ၊ ခွင့်လွှတ်လိုက်ဖို့ မဟုတ်ပါ ။
     ဒါပေမယ့် ကြေအေးလိုက်ကြဖို့ ၊ ပြေငြိမ်းလိုက်ကြဖို့ လိုကောင်းလိုပါလိမ့်မယ် ၊ မာနတွေ ခဝါမချ
ရင်တောင် ဖိနှိမ်ထားဖို့ အနေထားတွေ ရှိနိုင်ပါတယ် ။ ကိုယ်ချင်းမစာလို့ မဟုတ်ပါ ၊ ဘယ်သူ့ကိုမှ
လည်း မတိုက်တွန်းပါ ။ "ကိုယ်မခံရတော့ ပြောနိုင်တာပေါ့" လို့ ဆိုချင်သူတွေအတွက် ကျနော်ဟာ
ရန်ပွဲတစ်ပွဲမှာ ဘေးကဝိုင်းဖျဉ်ပေးသူ တစ်ယောက်လို လုပ်နေရုံပါလို့ ပြောချင်ပါတယ် ။ ရန်ဖြစ်တဲ့
သူတွေ သူ့လူသူဆွဲသွားလိမ့်မယ်လို့ ဘေးကထိုင်ပြီး အိပ်မက်မမက်နေချင်လို့ ပြောဖြစ်တာပါ ။

     ဒီနေရာမှာ တလောက ဝန်ကြီးတချို့ရဲ့ ပြောစကားတွေအပါဝင် ၊ ငြိမ်းချမ်းရေးကို သုံးအတွင်း
ဖေါ်ဆောင်မယ်ဆိုတဲ့ စကားတွေဖတ်ရတဲ့အခါ အမေရိကန် ကာကွယ်ရေးဝန်ကြီး McNamara ရဲ့
စကားနဲ့ တွဲပြီးသတိရမိတယ် ။ “ငါတို့ရဲ့ရန်သူကို ငါတို့နားမလည်ခဲ့ဘူး ၊ စာနာနားလည်မှု ကင်းခဲ့
တယ် ၊ ငါတို့ဟာ ငါတို့ယူဆချက်တွေရဲ့ အကျဉ်းသားတွေ ဖြစ်ခဲ့ကြတယ် ၊ ကိုရီးယားမှာဆိုရင် ငါ
တို့ ခုထိ နားမလည်သေးဘူး” ပါတဲ့ ။ ကောင်းပါလေရဲ့ ၊ ကိုရီးယားစစ်ဖြစ်ခဲ့တာက နှစ်ပေါင်း ၆၀
လောက်ပဲ ရှိသေးတာကိုး ။ မြန်မာပြည်မှာတော့ သူ့ထက်သာတဲ့ အတွေးခေါ်ကောင်းတဲ့သူတွေ
များကြီးရှိမယ်လို့ မျှော်လင့်မိပါတယ်ဗျာ ။



(၂)  တစ်ကျော့ပြန် ရိုဟင်ဂျာနဲ့ တိုင်းရင်းသား ၁၃၅ မျိုး

     မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး ရှိသည်ဟု လူတိုင်းသိရှိထားပြီးဖြစ်ပါတယ်။
ဒီအထဲမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးမပါသေးပါဘူး။ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသားတဦးအနေနဲ့
လက်ခံသင့် မသင့်ကို မိတ်ဆွေအနေနဲ့ ဖြင့်ဆုံးဖြတ်ရမယ် ဆိုရင် ..

မြန်မာလူမျိုးအဖြစ် လက်မခံပါ။   293 votes
မေးခွန်းကိုတောင် လက်မခံနိုင်ပါ။   154 votes
Please no ROLINJA in our country, they all come from BANGALAR.   64 votes
Bottom Topလူမျိုး တစ်မျိုးအနေဖြင့် လက်မခံပါ။ နိုင်ငံသားအဖြစ်လက်ခံပါသည်။   17 votes
Top of Foဆုံးဖြတ်ပေးနိုင်ခြင်း မရှိပါ။   14 votes
မြန်မာလူမျိုးအဖြစ်အသိအမှတ်ပြုလက်ခံပါတယ်။   14 votes

     အပေါ်က တွေ့ရတာကတော့ ဖေ့ဘွတ်ထဲမှာ Bo Boo ဆိုသူဆီကတစ်ဆင့် “ကိုခိုင် ပုပ္ပါး” က
ကျနော့်ကို မေးခွန်းထုတ်ထားတာပါ ။ ခုထိ ပေါ်နေတဲ့ မဲအရ ၊ မြန်မာပြည်သားတွေရဲ့ သဘောထား
ကို ထင်ဟပ်တယ်လို့ ပြောနိုင်ပါတယ် ။ ကျနော့်အနေနဲ့ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေခဲ့ပေမယ့် စာ
ကြောင်းတစ်ကြောင်းကိုတော့ ထပ်ဖြည့်ပေးခဲ့ပါ တယ် ။ “  ဒီစစ်တမ်းကို ဆော်လမွန်ငါးတွေ
ပြန်လာမယ့် နောက် ၁၀ နှစ်လောက်မှာ ပြန်ကြည့်ရအောင်” ရယ်လို့ပါ ။ ပြောလာခဲ့ရတာတွေ
လည်း များခဲ့ပြီမို့ တိုက်ရိုက်ဖြေမထားပေမယ့် ခုနေချိန်မှာ သဘောထားတင်းမာသူတွေ ရှေ့တစ်
မျှော်တစ်ခေါ်ကာလမှာ ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်လို့ ယူဆတာမို့ ခုလိုထည့်ရေးလိုက်တာပါ ။
(ဆော်လမွန်ငါး ဆိုတဲ့ အသုံးနှုန်းကိုတော့ DVB ဝက်ဘ်ဆိုဒ်က ဆရာညိုရဲ့စကားကို ယူသုံးထားတာ
ပါ ၊ ကျနော်ထည့်တဲ့စာတို စာရင်းထဲမှာ မပေါ်တာတော့ ဘာဖြစ်မှန်း မသိပါ)။ (လင့်)

     နောက်တစ်ချက်ကတော့ ရိုဟင်ဂျာကိစ္စမှာ တိုင်းရင်းသားအများစုက ခပ်မဆိတ်သာ နေနေကြ
တာကို ဗမာတွေအနေနဲ့ သတိပြုမိကောင်း ပြုမိကြပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတာကို မမြင်သိ
နိုင်ကြသေးရင်တော့ မြန်မာပြည်ရှေ့ရေး သိပ်ပြီး မျှော်လင့်ချက် မရှိသေးပါဘူး ။   ။

     တစ်လက်စထဲမှာပဲ Bo Boo ရဲ့ Post တစ်ခုကိုပါ အောက်ကအတိုင်း ကူးယူလာခဲ့ပါတယ် ။

မြန်မာတိုင်းရင်းသား ၁၃၅ မျိုး စာရင်း

* ၁- ကချင် * ၂- ကယား(ကရင်နီ) * ၃- ကယမ်း(ပဒေါင်) * ၄- ကရင်ဖြူ (?)
* ၅- ကလင်တော(လူရှေ) * ၆- ကော် * ၇- ကိုးကန့် * ၈- ကွီ * ၉- ခမီ * ၁၀- ခေါနိုး
* ၁၁- ခေါင်းအိုင်ချင်း * ၁၂- ခန္တီးရှမ်း * ၁၃- ချင်း * ၁၄- ချောင်းသား * ၁၅- ခွါဆင်းမဲ
* ၁၆- ခွန်လီ ခေါ်ဆင်းမ် * ၁၇- ဂဒူး * ၁၈- ဂဏန်း * ၁၉- ဂေခို * ၂၀- ဂေဘာ
* ၂၁- ဂုံ (ခွန်ရှမ်း) * ၂၂- ဂျိန်ဖေါ့ * ၂၃- ဂွေးသဲ * ၂၄- စကောကရင် * ၂၅- စနော
* ၂၆- စမူ * ၂၇- စုံ(သဲ) * ၂၈- ဆလိုင် * ၂၉- ဆလုံ * ၃၀- ဆင်ထန် * ၃၁- ဆိုင်ထန်
* ၃၂- ဇယိန်း * ၃၃- ဇာထောင် * ၃၄- ဇိဖေ * ၃၅- ဇိထုံး * ၃၆- ဇို * ၃၇- ဇိင်ဝါး
* ၃၈- ဇိန်ညှပ်(ဇန်နီယပ်) * ၃၉- ဇွန်း * ၄၀- တပေါင် * ၄၁- တလယ်ပွါ * ၄၂- တာဒိုး
* ၄၃- တီးတိန် * ၄၄- တေဇန် * ၄၅- တောရ် * ၄၆- တောင်ရိုး * ၄၇- တိုင်ချွန်း
* ၄၈- တိုင်းခန္တီး * ၄၉- တိုင်းဆာ (မိုင်းသာ) * ၅၀- တိုင်းလေ * ၅၁- တိုင်းလိုင် (တိုင်းလျန်)
* ၅၂- တိုင်းလုံ * ၅၃- တိုင်းလွယ် * ၅၄- တန်ဒူး * ၅၅- ထမံ * ၅၆- ထားဝယ် * ၅၇- ဒင်မ်
* ၅၈- ဒိုင် (ယင်ဒူး) * ၅၉- ဒိုင်းနက် * ၆၀- ဓနု * ၆၁- နာဂ * ၆၂- ပနမ်း * ၆၃- ပရဲ (ဘရဲ)
* ၆၄- ပလေဂီး * ၆၅- ပလေး * ၆၆- ပလောင် * ၆၇- ပသျှူး * ၆၈- ပအိုဝ့် (အီကော)
* ၆၉- ပါကင်းမ် * ၇၀- ပိုးကရင် (အနောက်) * ၇၁- ပိုးကရင် (အရှေ့) * ၇၂- ဖိုပွါ
* ၇၃- ဖုန် (ဖွန်) * ၇၄- ဖျင် * ၇၅- ဗမာ * ၇၆- ဘန်ဂဲ * ၇၇- ဘွဲ့ * ၇၈- မကန်း
* ၇၉- မရူ * ၈၀- မနူမနော * ၈၁- မဟူ * ၈၂- မာရင် * ၈၃- မီရမ် (မရာ) * ၈၄- မီအဲ
* ၈၅- မောရှမ်း * ၈၆- မော်နေပွါ * ၈၇- မိုယ့်ထိုင် (ကသဲ) * ၈၈- မြို * ၈၉- မြောင်ဇီး
* ၉၀- မြိတ် * ၉၁- မွင်း * ၉၂- မွန် * ၉၃- ယော * ၉၄- ယင်းကြား * ၉၅- ယင်းတလဲ
* ၉၆- ယင်းနက်* ၉၇- ယင်းဘော် * ၉၈- ယွန် (လာအို) * ၉၉- ရခိုင် * ၁၀၀- ရဘိန်
* ၁၀၁- ရဝမ် * ၁၀၂- ရီရန် * ၁၀၃- ရောင်ထု * ၁၀၄- ရှမ်း * ၁၀၅- ရှမ်းကလေး
* ၁၀၆- ရှမ်းကြီး * ၁၀၇- ရှမ်းဗမာ * ၁၀၈- လရှီ * ၁၀၉- လာချိတ် * ၁၁၀- လားဟူ
* ၁၁၁- လီစူး * ၁၁၂- လီရှော * ၁၁၃- လု * ၁၁၄- လူရှိုင်း (လူရှေ) * ၁၁၅- လေးမြို့
* ၁၁၆- လော်ဝေါ် * ၁၁၇- လောက်ထူ * ၁၁၈- လင်လဲ * ၁၁၉- လိုင် * ၁၂၀- လိုင်ဇို
* ၁၂၁- လမ်း * ၁၂၂- လျင်းထု * ၁၂၃- လွယ်လ (ဝ) * ၁၂၄- သက် * ၁၂၅- ဟွားလ်ငို
* ၁၂၆- အခါ * ၁၂၇- အဇီး* ၁၂၈- အနူး * ၁၂၉- အနန်း * ၁၃၀- အရှိုချင်း (မြေပြန့်)
* ၁၃၁- အောဝခမီ * ၁၃၂- အူပူ * ၁၃၃- အိုက်ကွယ် * ၁၃၄- အင် * ၁၃၅- အင်းသာ:

Credit to Gypsy Doll (MMCP)

     ဒီစာရင်းကိုကြည့်ရင် -

* ၁- ကချင် - ဆိုတာ “ဂျင်းဖော” ကို ပြောတယ်ထင်ပါတယ် ။ အတူနေကြတဲ့ “လီဆူး” ကျ ဘာ
လို့ နံပါတ် ၁၁၁ ကို ရောက်နေရသလဲဆိုတာ အဖြေထုတ်လို့ မရမိသေးပါဘူး ။

* ၇၀- ပိုးကရင် (အနောက်) * ၇၁- ပိုးကရင် (အရှေ့) - စကားနည်းနည်းကွဲရုံနဲ့ ခွဲစတမ်းဆိုရင်
တော့  အင်း ... မန္တလေးဗမာ ၊ မော်လမြိုင်ဗမာ ၊ အညာ/မြေလတ်ဗမာ ဆိုပြီး ဆက်ခွဲသင့်ပါတယ် ။

* ၁၃- ချင်း - * ၄၃- တီးတိန် - ချင်းမှာ ၅၂ မျိုးခွဲတာတော့ မှတ်သားဖူးပါတယ် ၊ ခွဲတယ်ဆိုရင်
လည်း “ချင်း” ဆိုပြီး သီးသန့်ထပ်ထည့်ထားတာမျိုးဟာ ယုတ္တိမတန်ပါဘူး ၊ “တီးတိန်” ဆိုရင်လည်း
“တီးတိန်ချင်း” ၊ “ခနီး္တ ချင်း” ဆိုလည်း “ခနီး္တချင်း”လို့ရေးမှ လူတိုင်းနားလည်နိုင်ပါမယ် ၊ မပြည့်စုံတဲ့
နာမည်တွေကို နေရာအနှံ့ခွဲထည့်ပြီး မလိမ့်တပတ် မလုပ်သင့်ပါဘူး ။

* ၅၆- ထားဝယ် - * ၉၀- မြိတ် - ထားဝယ်သား ၊ ဘိတ် (မြိတ်) သားဆိုပြီး ခေါ်ဝေါ်ကြတာ ရှိပါ
တယ် ။ စကားမှာလည်း နည်းနည်းကွဲတာ မှန်ပါတယ် ။ ဒီလိုဆို တစ်လက်စထဲ “ကော့သောင်း” ကို
ပါ ထည့်သင့်ပါတယ် ။ ကရင်ဆိုရင်လည်း ထားဝယ်ပိုးကရင် ၊ လှိုင်းဘွဲမြို့နယ်ပိုးကရင်နဲ့ ဘားအံပိုး
ကရင် ၊ နောက်ဆုံးကုန်ကုန်ပြောရင် ဘားအံမြို့အရှေ့အနောက်တောင်မြောက်က နယ်သားတွေ
စကားပြောတာ နည်းနည်းစီကွဲတာကြောင့် သီးခြားခွဲထုတ်ရရင် ကောင်းမလား ။

* ၁၀၇- ရှမ်းဗမာ - ဟုတ်ကဲ့ ကျနော်လည်း ရှမ်းနဲ့ကရင်စပ်လို့ ရှမ်းကရင်”တစ်ယောက်ပါ ၊ ကျ
နော်လည်း လူမျိုးတစ်မျိုး ဖြစ်ချင်ပါတယ် ။ မြန်မာပြည်မှာ လူမျိုးစု ၁၀၀၀ လောက်ရှိပြမှ မပြိုကွဲ
အောင် ကာကွယ်ရမယ်လို့ ပြောရတာ ပိုကောင်းသွားမယ် ထင်ပါတယ်

* လူမျိုးစုခွဲငယ် ကလေးတွေ (sub-tribe) တွေကို နာမည်အပြည့်စုံမဟုတ် ၊ တစ်ဆက်ထဲမဟုတ်ပဲ
နံပါတ်တွေ အများကြီးခြားပြီးမှ စာရင်းထဲထည့်ထားတာ ၊ လူမျိုးစုခွဲငယ်တွေကိုယ်တိုင်က အချင်းချင်း
မခွဲခြားပဲ ဒီစာရင်းထဲမှာတော့  ခွဲခြားထားတာတွေ တွေ့ရပါတယ် ။ နောက်ပြီး ဒီစာရင်းဟာ ပွင့်လင်း
မှုမရှိတဲ့ ၊ စောတက တက်လို့မရတဲ့ ခေတ်ကာလမှာ ထွက်ပေါ်ခဲ့တာ သတိပြုရပါမယ် ။ ဒီတော့ မ
စွပ်စွဲချင်ပေမယ့် စာရင်းပြုစုသူတွေရဲ့ စိတ်စေတနာကို သံသယဖြစ်စရာ အများကြီးရှိနေပါတယ် ။

     ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ တင်ပြလာသူကို ကျေးဇူးတော့တင်ပါတယ် ။ တကူးတက လိုက်ရှာစရာမလို
ပဲ ၊ ကိုယ့်ရှေ့ရောက်လာအောင် ယူဆောင်လာပေးခဲ့လို့ပါ ။ ပြည်ထောင်စုကြီး အထွန့်(အတက်) ရှည်
စေဗျာ ... :-)

(၁)  Capacity (လုပ်နိုင်စွမ်းအား)

     ဖေဖေါ်ဝါရီလလို့ ခေါင်းစဉ်တပ်ပြီးမှ ဒီနေ့ ဖေ့ဘွတ်မှာ တွေ့မိတာတချို့ကို အရင်ထည့်လိုက်ပါတယ် ။

     ပထမတစ်ခုက ဦးဘိုဘိုဘိုကျော်ငြိမ်းဆီကပါ ၊ သူ့ရဲ့ “ကပယ်စီတီ ဆိုသည်မှာ ... ” ဆိုတဲ့ စာစုက
လေးကို သဘောကျမိပါတယ် ။ သူရေးထားတာတွေအားလုံး သဘောတူတာချည်း မဟုတ်ပေမယ့် အ
ကျိုးရှိမယ့် သင်္ခန်းစာတွေပါတာကြောင့် ဖတ်သင့်တဲ့ စာစုကလေးလို့ ညွှန်းချင်ပါတယ် ။ "လင့်"ကိုလည်း
ထည့်ထားပေးလိုက်ပါတယ် ။

     အဲဒီအထဲက သဘောကျတဲ့ ခေါင်းစဉ်နဲ့ စာသားတချို့ကတော့ -
* စာရေးသူ အတွက်ကတော့  (Knowledge) နဲ့ (Analysis) ပေါင်းလိုက်မှ Capacity ဆိုတာကို ရပါ
တယ်။
* (Knowledge) နဲ့ (Analysis) မတူပါ။
* စာတတ်တာနဲ့ ပညာတတ် လည်းမတူပါ။
ပညာရှင်နဲ့ ပညာတတ်လည်း တခါတရံ မတူပါ။
* ကပယ်စီတီကြောင့် ပါတီ တွေပျက်ခဲ့ရတာ
* ကိုယ့်လက်ထဲမှာ Ace (၃) လုံး ကိုင်ထားတာတောင် ထုတ်ရှိုးရမှာကို မသိတဲ့နောက် ဘာကြောင့်
များ ဖဲသမား အမည်ခံနေဦးမှာလည်း။  - စတာတွေပဲ ဖြစ်ပါတယ် ။

     ဆက်စပ်ပြီး တိုင်းရင်းသားအပါဝင် အခြားအဖွဲ့အစည်းတွေကိုလည်း ယှဉ်တွဲတွေးမိပါတယ် ၊
ဘယ်သူတွေ ဘယ်နေရာမှာ ကပယ်စီတီ လိုနေသလဲ လို့ပါ ။ တိုင်းရင်းသား အဖွဲ့စည်းကြီးတစ်ခုက
လူကြီးတစ်ဦးက ကျနော့်ကို ပြောဖူးပါတယ် ။ လိုရင်းက “တော်လှန်ရေးကို စစ်ဘုရင်တွေလို လုပ်နေ
လို့ မရဘူး” ပါတဲ့ ။ ဒါပေမယ့် စစ်ဘုရင်လို ပြုမူနေသူတွေကို သူလည်း မထိန်းချုပ်နိုင်ဘူး ဖြစ်နေပါ
တယ် ။ ဒီနေရာမှာ ကျနော်နားလည်မိတာက အချို့အဖွဲ့အစည်းတွေမှာ ကပယ်စီတီရှိသူတွေ အ
တိုင်းတာတစ်ခုအထိ ရှိကြပါတယ် ။ မညံ့ကြပါဘူး ။ ကျော်လွှားလို့မရတဲ့ အခက်အခဲတချို့ကြောင့်
သာ လက်ပိုက်ကြည့်နေ ကြရတာပါ ။

     တစ်ဖက်မှာကြည့်ရင် ဦးသိန်းစိန်ကို မြင်နိုင်ပါတယ် ။ အကြံပေးဆိုပြီး ပညာရှင်တွေကို ဆွဲစား
ထားတာ အများကြီးပါ ။ အလုပ်လည်း ဖြစ်နေပါတယ် ။ ဒီတော့ စစ်ဘုရင်လို ကျင့်ကြံနေသူတွေအ
ပါဝင် အဖွဲ့စည်းအချို့က တာဝန်ရှိသူအချို့ကို “နိုင်ငံရေး” ကသာ အဆုံးသတ်ပွဲသိမ်းအဖြေကို
ပေးနိုင်မှာဖြစ်တာကြောင့် ပူးပေါင်းညှိနှိုင်းလုပ်ကိုင်မှုနဲ့ ဝန်းရံသူတွေရှိပါမှ တော်ကာကျလိမ့်မယ်လို့
ပြောလိုက်ချင်ပါသဗျာ .... ။ (အမှန်ကတော့ ပြောလည်း မပြောချင်ပါဘူး ၊ ဝိုင်းအုပ်ကြမှာနဲ့ ကြား
လည်းမကြား နားလည်းထောင်ကြမှာ မဟုတ်လို့ပါ )။


မန်းကိုကို
၀၉ ၊ ၀၃ ၊ ၂၀၁၂


... အားရင် အားသလို ခုခေါင်းစဉ်အောက်မှာပဲ ထပ်ဆက်ပါဦးမယ် ။

6 comments:

  1. ဗျဉ်းအစဉ်လိုက် ရေးထာတာပါ။(က)ကနေ (အ)အထိကို အစဉ်လိုက်ရေးချတာလေ

    ReplyDelete
    Replies
    1. ရေးပြီးသွားမှ ပြန်ဖတ်ကြည့်ရာက သတိထားမိပါတယ် ၊ ပြန်မပြင်တော့ပါဘူး ။
      ဒါပေမယ့် ဒီစာရင်းဟာ ကုန်ပစ္စည်းစာရင်း မဟုတ်ပါဘူး ၊ လူမျိုးစု စာရင်းပါ ။
      ပြုစုခဲ့သူတွေဟာလည်း ပညာရှင်တွေ ဟုတ်မဟုတ် မသေချာပေမယ့် ၊ အာဏာရှင်တွေ ဖြစ်တာတော့ သေချာပါတယ် ။
      ဒီတော့ ဒီကိစ္စဟာ အခက်အခဲတစ်ခု မဟုတ်ပါဘူး ၊ ပြဿနာတစ်ခုလို့သာ မှတ်ချက်ချရမှာပါ ။

      Delete
  2. ပွဲလူမိုး ကိုမတွေ့ မပါပါလား ပွဲ(ဘွဲက၇င်)ကိုပြောတာလေ

    ReplyDelete
    Replies
    1. sorry အစတော့မတွေ့လို့ ၇ှိသားပဲ ကျွန်တော်ကဘွဲက၇င်လူမိုးပါ။ အခုလိုတင်ပြတာကျေးဇူးတင်ပါတယ်

      Delete
  3. ။ ကရင်ဆိုရင်လည်း ထားဝယ်ပိုးကရင် ၊ လှိုင်းဘွဲမြို့နယ်ပိုးကရင်နဲ့ ဘားအံပိုး
    ကရင် ၊ နောက်ဆုံးကုန်ကုန်ပြောရင် ဘားအံမြို့အရှေ့အနောက်တောင်မြောက်က နယ်သားတွေ
    စကားပြောတာ နည်းနည်းစီကွဲတာကြောင့် သီးခြားခွဲထုတ်ရရင် ကောင်းမလား ။
    ကျေးဇူးတင်ပါတယ် အရင်က ကျနော်တို့နိုင်ငံမှာတိုင်းရင်းသား ၁၃၅ မျိုး ရှိတယ်ဆိုတာ သိခဲ့ပေမယ့်ဘယ်လိုစာရင်းမျိုးလည်း ဆိုတာမသိခဲ့ပါဘုး၊…အခုဒီစာရင်းကလက်ရှိအစိုးရရဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းအမှန်ဖြစ်ရင်တော့မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများစာရင်းကိုပြန်လည် စဉ်းစားရမှာဖြစ်ပါတယ် ၊ ဥပမာ ဂေခို ၊ ဂေဘား ၊ဘွဲ ၊ ပလေခီး ၊ မော်နေပွါ စတာတွေက ကရင်ပြည်နယ် သံတောင်မြို့နယ်ထဲက ကရင်တွေဖြစ်ပြီး သူတို့ရဲ့ မှတ်ပုံတင်တွေမှာလည်း တိုင်းရင်းသားဆိုတဲ့နေရာမှာကရင် လို့ရေးမှာဖြစ်ပါတယ် စကောကရင် ၊ပိုးကရင်(အရှေ့) ၊ပိုးကရင် (အနောက်) တွေလည်း ကရင် တမျိုးတည်းပါ

    ReplyDelete
    Replies
    1. ဟုတ်ပါတယ် ၊ မှတ်ပုံတင်မှာ ကရင်လို့ပဲ ရေးမှာဖြစ်သလို ၊ အတွေ့အကြုံအရတော့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကို သွားမေးရင်လည်း လူမျိုး ၁၃၅ မျိုးကို မှတ်ပုံတင်ထဲ ထည့်ပေးဖို့နေနေသာသာ သူတို့ကိုယ်တိုင်လည်း မသိကြပါဘူး ။ တကယ်တန်းမှာ နားလည်မိသမျှကတော့ ပိုးကရင် စကားပြောအုပ်စုနဲ့ စကောကရင် စကားပြောအုပ်စု နှစ်ခုပဲ အဓိက ရှိပါတယ် ။ ပိုးကရင်တွေကို မွန်တွေနဲ့ နေခဲ့တာမို့ မွန်ကရင်လို့ ခေါ်တတ်ကြပြီး စကောကရင်တွေကျတော့ ဘုရင်ခေတ်ကတည်းက တောင်ငူလို နေရာတွေမှာ ဗမာတွေနဲ့ ယှဉ်တွဲနေခဲ့တာမို့ ဗမာကရင်လို့ ခေါ်ကြတယ်လို့လည်း သိထားရပါတယ် ။ ဒါကြောင့်လည်း ပိုးကရင်စကားမှာ မွန်အသုံးအနှုန်း တချို့ပါသလို စကောကရင်မှာလည်း ဗမာစကားလုံးအချို့ မွေးစားထားတာ ရှိပါတယ် ။

      ကယားဖက်က လာတဲ့သူတွေ အတော်များများမှာ ချွင်းချက်အချို့ကလွဲရင် သူတို့ကိုယ်ကို ကရင်လို့ပဲ သဘောထားကြတာ သိရပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ၊ ခုနေမှာ သိလာကြတဲ့အခါ ဘယ်လိုတွေ တူကြလို့ ဘာတွေ ပူးပေါင်းလုပ်လို့ ရကြမယ်ဆိုတာ စဉ်းစားမိကြရင်တော့ အကျိုးအမြတ် ရှိကြမှာပါ ။
      (sawthanlwin ရဲ့ မှတ်ချက်တွေက အပေါ်က ဘွဲဆရာ "AnonymousMar 10, 2012 06:37 PM" အတွက်လည်း ဆက်စပ်သလို ဒီမှတ်ချက်ကလည်း သူ့အတွက် တစ်စိတ်တစ်ပိုင်း ရည်ရွယ်ပါတယ်) ။

      Delete