ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, August 26, 2010

۞ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲ (သို့မဟုတ်) လက်ချည်ပွဲ ۞ (အပိုင်း ၂)

ခြည်ဖြူဖွဲ့ပွဲ ကျင်းပခြင်း

     ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) လက်ချည်ပွဲကျင်းပရာတွင် လိုက်နာရမည့်စည်းမျဉ်း
စည်းကမ်းများရှိလေရာ ဦးဆောင်သူ၊ ပါဝင်သူနှင့် ပါဝင်ရမည့်ဝတ္ထုပစ္စည်းအမယ်များအပေါ် သတ်မှတ်ထား
သည်များ အသီးသီးရှိကြပါသည်။

     အခြေခံအားဖြင့် ပွဲတော်ကိုပါဝင်ဆင်နွဲမည့်သူအားလုံးသည် ရိုးရာဝတ်စုံကိုအပြည့်အစုံ ဆင်ယင်ကြရပါ
သည်။ မင်္ဂလာပွဲဖြစ်သောကြောင့်လည်း မင်္ဂလာရှိသူ (ပြည့်စုံသူ) များကဦးဆောင်ကြရရာ၌ ဦးဆောင်သူ
ဘိုးဘွား သို့မဟုတ် လူကြီးသူမစုံတွဲများသည် ပထမအိမ်ထောင်ဖြစ်ရပြီး ကြင်ယာစုံ (လင်စုံ မယားစုံ) ဖြစ်
ရပါသည်။ ပွဲတော်အခမ်းအနားကျင်းပရတွင် အသုံးပြုရသော ဒေါင်းလန်း(လင်ပန်း သို့မဟုတ် ကြာကလာပ်
သကဲသို့ပြုလုပ်ထားသော သစ်သားဘန်း) ကိုလည်း မိစုံဖစုံကာလသားသမီးများမှ ကျားမစုံတွဲ၍ကိုင်တွယ်ချီ
မကြရပါသည်။

Sunday, August 22, 2010

♥ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲ (သို့မဟုတ်) လက်ချည်ပွဲ ♥ (အပိုင်း ၁)

     ကမ္ဘာပေါ်ရှိလူမျိုးတိုင်းဝယ် ထင်ရှားသောဝိသေသအမှတ်အသား၊ သမိုင်းနှင့် ဓလေ့ထုံးတမ်းအစဉ်
အလာများရှိကြလေရာ ကရင်လူမျိုးများတွင် ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) လက်ချည်ပွဲ
သည် ထင်ရှားသော၊ အရေးကြီးသောရိုးရာဓလေ့တစ်ခု ဖြစ်ပေသည်။

     လက်ချည်ခြင်းတွင် ကျယ်ပြန့်သောအနက်အဓိပ္ပါယ်များ ပါရှိရည်သန်သည့်အပြင် အမျိုးအစားအားဖြင့်
လည်း သုံးမျိုးသုံးစား ခွဲခြားထားရှိပါသည်။ ၄င်းတို့မှာ -

Thursday, August 19, 2010

□ မဲမပေးရေး လှုပ်ရှားမှု □


   မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမများ ခင်ဗျား၊

   မကြာခင်မှာ မြန်မာပြည်ရဲ့ရှေ့ရေး လမ်းချိုးတစ်ခုကို ရောက်လာတော့မှာဖြစ်ပါ တယ်။ ကိုယ့်တိုင်းပြည်ရဲ့
အနာဂါတ်အရေးကို သက်ရောက်မှုများစွာပေးမယ့် အချိုးအကွေ့တစ်ခုဖြစ်လို့ သတိထားပြီး အချိန်လည်း
နည်းနည်းပေး စဉ်းစားကြစေချင်ပါ တယ်။ အထူးသဖြင့် မဲဆန္ဒရှင်များရဲ့ ဆုံးဖြတ်ချက်ဟာ -

 မိမိသားစဉ်မြေးဆက်နဲ့ နိုင်ငံရဲ့အနာဂါတ်အပေါ် သက်ရောက်စေပါလိမ့်မယ်၊
 ကမ္ဘာမှာလည်း ဆင့်ကဲသက်ရောက်မှုတွေ ရှိစေပါလိမ့်မယ်၊

Saturday, August 14, 2010

ကူးရေးထားမိတဲ့ စာတစ်ပိုဒ်၊

   လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆရာဖေမြင့်ရဲ့ “စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသော စိတ်၏
စွမ်းအားများ” ဆိုတဲ့စာအုပ်ကလေးထဲက ကူးရေးမှတ်ထားတာကို ပြန်ဝေမျှလိုက်ပါတယ်။ အောင်မြင်မှု
ကို လိုလားမျှော်လင့်နေကြသူတွေ အားလုံးအတွက် အင်အားတစ်ရပ်ပေးနိုင်တယ်ဆိုတာ ယုံကြည်မိလို့
သတိလျော့နေသူတွေကို နှိုးဆွပေးတယ်လို့ယူဆရင်လည်း ရနိုင်ပါတယ်။

       အခွင့်အရေး

Thursday, August 12, 2010

ထိုင်မလား၊ ထမလား၊ သွားမလား

အားလည်းနာတယ်၊ ခင်လည်းခင်တယ်၊ ဒါပေမယ့် အချိန်လည်းမရှိပြန်ဘူး။
အောက်မှာ ပို့စ်အသစ်ရဲ့လင့်ကလေး ထည့်ပေးထားပါတယ်။ အန်ထုတ်ထားတဲ့ စာကလေးတစ်စုပါ။
စိတ်ဆန္ဒများရှိရင် သွားရောက်ဖတ်ရှုနိုင်ကြပါတယ်။

http://www.kicnews.org/?p=3466

တစ်ခါခါမှာတော့ ထိုင်နေတာပိုကောင်းပါတယ်။
မန်းကိုကို
၁၂၊ ၀၈၊ ၁၀