Saturday, December 25, 2010
Liberal Arts အမြည်း
Liberal Arts ဆိုတာနဲ့ ပတ်သက်လို့ အမြည်းသဘောလေး မိတ်ဆက်ပေးလိုပါတယ်။
မသိသေးသူတွေအတွက် ဗဟုသုတအဖြစ် ရည်ရွယ်သလို သိပြီးသူများအနေနဲ့လည်း လိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးဖို့ ဖိတ်ခေါ်ပါတယ်။ အခုပြောပြမယ့် Liberal Arts ဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က
Swinburne တက္ကသိုလ်ရဲ့ Liberal Arts Diploma Course ( ၂ နှစ်သင်တန်း) အပေါ်မူတည်ပြီး ပြောသွား
မှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ပြောရရင် သြစတြေးလျဟာ Liberal Arts နာမည်ကို အသုံးပြုသင်ကြားတဲ့ကျောင်း
ဆိုလို့ အမေရိကန်နဲ့စာရင် သိပ်မရှိလှပါဘူး။ မဲလ်ဘုန်းမြို့မှာသင်ကြားပေးတဲ့ ဒီ Diploma Course ဟာ
ဗစ်တိုးရီးယားပြည်နယ်တဝှမ်းမှာတော့ ပြည်နယ်ပညာရေးဋ္ဌာနရဲ့ သတ်မှတ်ချက်အရ သင်ရိုးခေါင်းစဉ်တွေ
ဟာ တသမတ်ထဲလို့ ပြောလို့ရပါတယ်။ ကျယ်ပြန့်လှတဲ့ ပညာရပ်တွေထဲက မိတ်ဆက်အနေနဲ့ ဘယ်အရာ
ဘယ်အပိုင်းကို ဘယ်ပညာရှင်ရဲ့စာအုပ်က ကူးယူ (သို့မဟုတ်) ရည်ညွှန်းပြီးသုံးမယ်ဆိုတဲ့ အသေးစိတ်သင်
ရိုးပုံစံတွေကိုတော့ သက်ဆိုင်ရာကျောင်းနဲ့ တက္ကသိုလ်တွေက သတ်မှတ်ပါတယ်။
ဆက်မသွားခင် Liberal Arts ကို အဓိပ္ပါယ်ဖွင့်တာလေး နည်းနည်းကြည့်ရအောင်။ “college or
university subjects such as history, languages and literature” လို့ Cambridge Advance
learner’s Dictionary မှာ ဆိုထားတာကြောင့် ယေဘုယျ “စာပေ၊ သမိုင်း၊ ဘာသာစကား စတာတွေ
အပါအဝင် ဘက်စုံသင်ကြားပေးတဲ့ ကောလိပ် သို့မဟုတ် တက္ကသိုလ်အဆင့် ဝိဇ္ဇာပညာရပ်သင်တန်း”
လို့ပဲ သုံးချင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ သင်ရိုးသတ်မှတ်ထားတာလေးတွေကို ကြည့်ကြရအောင်။
ပထမနှစ်အတွက်ဘာသာရပ်တွေကတော့ အောက်ကအတိုင်း တွေ့ရမှာဖြစ်ပါတယ်။
- Apply essential further study skills
- Research fields of study and enquiry
- Critique approaches to citizenship and the public sphere
- Analyse stories/narratives within cultures
- Analyse the human transformations of nature
- Research approaches to economy and society
- Analyse a range of texts
- Conduct online research
- Create electronic presentations
အောက်မှာကတော့ ဒုတိယနှစ်ဘာသာရပ်တွေပါ။
- Analyse tradition and modernity
- Undertake academic research
- Analyse sociological understandings of human relationships
- Analyse urban form and culture
- Analyse theories of the self
- Analyse literary texts and genres
ဒါတွေကြည့်ရုံနဲ့တော့ အပေါ်ယံပါးပါးလေးပဲ တွေ့ရမှာဖြစ်ပါတယ်။ ပထမနှစ်ဒီပလိုမာ (ခေါ်) တက္က
သိုလ်ဝင်တန်းနဲ့ မတိမ်းမယိမ်းလို့ဆိုနိုင်တဲ့ Liberal Arts Certificate IV (4) ရဲ့ အကျဉ်းရုံးကတော့
အောက်ကအတိုင်း ဖြစ်ပါတယ်။
(၁) Apply essential further study skills
“ရှေ့ဆက်ပညာသင်ကြားရန် မရှိမဖြစ်လိုအပ်သော တတ်ကျွမ်းမှုများကို လက်တွေ့အသုံးချခြင်း” လို့
အဓိပ္ပါယ်ရမယ် ထင်ပါတယ်။ ဒီဘာသာရပ်မှာ (ပညာရှင်တစ်ယောက်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကူးချမိတာမျိုး
က ရှောင်ရှားနိုင်အောင်) စာရေးတဲ့အခါ မှီးငြမ်းပုံ၊ ပညာရှင်သုတေသီတွေရဲ့ အစီရင်ခံစာနဲ့ စာစီစာကုံး
တည်ဆောက်ပုံတွေ၊ စာစု စာအုပ်တွေကို စနစ်တကျဖတ်ပုံ မြည်းစမ်းပုံ အသေးစိတ်လေ့လာပုံတွေ၊ ရှေ့
ထွက်စကားပြောဖို့ ပြင်ဆင်တာတွေ၊ ဘက်စုံကရလာတဲ့ အထောက်အထားတွေကိုသုံးပြီး စာရေးပုံတွေကို
မိတ်ဆက်ပေးပါတယ်။
(၂) Research fields of study and enquiry
“လေ့လာသင်ကြားရမည့် ဘာသာရပ်နယ်ပယ်များနှင့် စုံစမ်းမှုများကို သုတေသနပြုခြင်း” လို့ပြောနိုင်
မယ်ထင်ပါရဲ့။ နောက်နှစ်တက်ရောက်သင်ကြားဖို့ ရည်ရွယ်ထားတဲ့ တက္ကသိုလ် အထူးပြု ဘာသာရပ်တစ်
ခုနဲ့ပတ်သက်လို့ ဘယ်လိုတွေ့ကြုံသင်ကြားရမယ်၊ ကျောင်းတွေရဲ့နှိုင်းယှဉ် ရွေးချယ်မှုတွေ၊ ကုန်ကျစရိတ်
တွက်ချက်တာ၊ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တွေရဲ့ ပါဝင်တဲ့သင်ကြားရမှာတွေ၊ အနာဂါတ်အလုပ်ကိုင်
ရရှိနိုင်မှုအလားအလာတွေ၊ ပညာရပ်လမ်းကြောင်းနဲ့အဓိပ္ပါယ် စတာတွေကိုသုတေသနလုပ် ရှာဖွေတင်
ပြမှုတွေပါဝင်ပြီး လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့ ရှေ့ကဘွဲ့ရခဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်း အစီရင်ခံတင်ပြ
ရတာမျိုးတွေကိုလည်း လုပ်ဖို့လမ်းကြောင်းပေးပါတယ်။
(၃) Critique approaches to citizenship and the public sphere
“နိုင်ငံသားဖြစ်မှုနှင့် ပြည်သူ့အသိုင်းအဝိုင်းကို ဆန်းစစ်ချည်းကပ်ခြင်း” လို့ အဓိပ္ပါယ်ပြန်နိုင်မယ် ထင်
ပါတယ်။ နိုင်ငံသားများဆိုင်ရာဗဟုသုတတွေ အဓိကပါပါတယ်။ လူထုဆိုတာကို အတွေးအခေါ်ပညာရှင်
တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံ၊ ဒီမိုကရေစီစနစ်ဖြစ်ပေါ်ထွန်းကား ပြန့်ပွားလာပုံ၊ အစိုးရအဖွဲ့တည်ဆောက်ပုံ
အခြေခံ၊ သြစတြေးလျနိုင်ငံရေး၊ ပါလီမန်ယန္တယားလှုပ်ရှားပုံ၊ ဖက်ဒရယ်ပြည်ထောင်စုသမိုင်း၊ နိုင်ငံသူ
နိုင်ငံသားတွေနဲ့ လူတန်းစားတွေရဲ့ ဆင့်ကဲပြောင်းလဲလာတဲ့ အခွင့်အရေးတွေတိုးတက်လာပုံ စတာတွေ
ကို မိတ်ဆက်ပေးပါတယ်။
(၄) Analyse stories/narratives within cultures
“ယဉ်ကျေးမှုများအတွင်းရှိ ပုံ ဇာတ်လမ်းများနှင့် ဇာတ်ကြောင်းများကိုသရုပ်ခွဲခြင်း” လို့ ပြောလို့
ရနိုင်မယ်ထင်ပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာဟောင်း ပထမစာမျက်နှာကိုဖတ်ပြီး ခေတ်ဟောင်း
အင်္ဂလိပ်စာပေအရေးအသားကို လေ့လာတာမျိုး၊ ကမ္ဘာပေါ်မှာရှိတဲ့ (အထူးသဖြင့်အနောက်နိုင်ငံတွေက)
ဂရိဒဏ္ဍာရီတွေ၊ နတ်သမီးပုံပြင်တွေရဲ့အကြောင်းနဲ့ ဒါတွေရဲ့ နေရာ ဒေသ ယဉ်ကျေးမှုအရ ခေတ်အလိုက်
လူသားတွေနဲ့ဆက်စပ်နေပုံ ပြောင်းလဲတတ်ပုံတွေအပါအဝင် ပုံပြင်တွေရဲ့ တည်ဆောက်ပုံတွေ ပါဝင်
ပါတယ်။
(၅) Analyse the human transformations of nature
“လူသားများ သဘာဝအပေါ် သက်ရောက်ပြောင်းလဲစေမှုကို ပိုင်းခြားစိတ်ဖြာခြင်း” လို့ ဆိုပါစို့။ လူ
တွေရဲ့ ဖြစ်ပေါ်တိုးတက်လာမှုသမိုင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိတွေ့သက်ရောက်မှုတွေကို လေ့ လာတဲ့
ဘာသာရပ်ဖြစ်ပါတယ်။ ကမ္ဘာတစ်ခုလုံး (သို့မဟုတ်) ဒေသတစ်ခုအပေါ်သက်ရောက်မှုရှိတဲ့ (တောင်ယာ
ခုတ် မီးရှို့စိုက်ပျိုးတာမျိုးအပါအဝင်) ကိစ္စမျိုး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုစံနမူနာ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်း
သိမ်းရေးလှုပ်ရှားမှုနဲ့ လူတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် နားလည်လာမှုသမိုင်း စတာတွေကို မိတ်
ဆက်ပေးပါတယ်။
(၆) Research approaches to economy and society
“စီးပွားရေးနှင့် လူ့အသိုင်းအဝိုင်းသို့ သုတေသနပြု ချည်းကပ်ခြင်း” လို့ ဘာသာပြန်ရအောင်။ စီးပွား
ရေးဆိုတာကို မိတ်ဆက်ပေးပြီး ကမ္ဘာ့သမိုင်းအတွင်းက စီးပွားရေး၊ စက်မှုတော်လှန်ရေး၊ ကမ္ဘာ့စီးပွား
ရေးနဲ့ သယံဇာတွေ စွမ်းအင်ထုတ်လုပ်သုံးစွဲမှုတွေရဲ့ ဆက်စပ်နေတာ၊ globalization အကြောင်းနဲ့ ပတ်
သက်နေတာတွေကို မိတ်ဆက်ပေးပါတယ်။
(၇) Analyse a range of texts
“အမျိုးမျိုးသောစာသားများကို သရုပ်ခွဲခြင်း” ပါ။ စာပေနဲ့စကားလေ့လာရာမှာသုံးတဲ့ semiotics
ပညာရပ်မိတ်ဆက်၊ ကမ္ဘာ့နာမည်ရ စာအုပ်အချို့ရဲ့ရေးဟန်နဲ့ အမျိုးအစားတွေကို ခွဲခြားလေ့လာတာမျိုး၊
postmodernism လို ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေကို မိတ်ဆက်ပေးပါတယ်။
(၈) Conduct online research
“အင်တာနက်ပေါ်တွင် သုတေသနပြုခြင်း” ဖြစ်ပါတယ်။ ဒီဘာသာရပ်မှာ အင်တာနက်ကိုအသုံးပြုပြီး
သုတေသနအဆင့်ဆင့်လုပ်ပုံ (အထူးသဖြင့် မှီးငြမ်းစရာဝက်ဆိုဒ်တွေကို ရှာဖွေတာ၊ တန်ဖိုးဖြတ်တာ
နဲ့ အသုံးပြုပုံတွေ) ဖြစ်ပါတယ်။ ဥပမာ - လက်တွေ့အနေနဲ့ ကမ္ဘာ့မှာထင်ရှားတဲ့ လူမှုရေးဆိုင်ရာ ကိစ္စ
ရပ်တစ်ခုကို အတန်းထဲမှာ (ဆရာနဲ့အတူ) သုတေသနပြုရင်း နိုင်ငံအချို့ရဲ့မတူညီတဲ့ တုံ့ပြန်မှုတွေအပေါ်
လေ့လာတာမျိုးပါ။
(၉) Create electronic presentations
“လျှပ်စစ်နည်းပညာအပေါ်အခြေခံတဲ့ တင်ဆက်မှုများကို ဖန်တီးခြင်း” လို့ ဆိုနိုင်ပါမယ်။ ဒါဟာလည်း
ကျောင်သူ ကျောင်းသားတွေအတွက် ရှေ့လျှောက်သင်ယူမှုတွေမှာ အဆင်သင့်ဖြစ်စေဖို့ လေ့ကျင့်ပေးတဲ့
ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ ဥပမာ - Microsoft Office ထဲက PowerPoint ကိုသုံးပြီး လူကိုယ်တိုင်
ပြောစရာမလိုပဲ ကြည့်ရုံနဲ့နားလည်နိုင်မယ့် စာမျက်နှာ ၁၂ ခုပါတဲ့ presentation တစ်ခု လုပ်ပါဆိုပြီးခိုင်း
တာမျိုး၊ presentation တစ်ခုအတွက်ပြင်ဆင်မှု အစီအမံ (plan) တစ်ခုဆွဲနိုင်ဖို့နဲ့ လူမှုရေးကိစ္စရပ်တစ်
ခုခုကို presentation အဖြစ် တဆင့်ချင်းတည်ဆောက်နိုင်အောင် သင်ပေးတာမျိုးတွေ ပါပါတယ်။
အပေါ်ကဘာသာရပ်အားလုံးမှာ အတန်းရှေ့ထွက်ပြောဆိုတင်ပြမှု (presentation), စကားပြေ
(စာစီစာကုံး)၊ ရေးဖြေ၊ အတန်းတွင်းသင်ကြားမှုမှာ ပါဝင်လှုပ်ရှားမှုတွေအပေါ်မူတည်အမှတ်ပေးပြီး
ကျောင်းသူကျောင်းသားတွေရဲ့ အရည်အချင်းကို (grade တွေနဲ့) သတ်မှတ်ပေးပါတယ်။ presentation
ဖြစ်ဖြစ်၊ စာစီစာကုံးစကားပြေရေးခိုင်းတာမျိုးဖြစ်ဖြစ် ပညာရှင်သုတေသီတွေရဲ့ထုံးစံအတိုင်း ခိုင်မာတဲ့
သက်သေသာဓက အထောက်အထားတွေကို သတ်မှတ်စည်းမျည်းတွေနဲ့အညီ ထည့်သွင်းတင်ပြကြ
ရပါတယ်။
ဒီပထမနှစ်ပြီးရင် ဒုတိယနှစ်ဆက်တက်ရင်တက်၊ မတက်ရင်လည်း တက္ကသိုလ်တစ်ခုခုကို လျှောက်
လို့ရပါတယ်။ စာမေးပွဲတွေမှာ ရတဲ့အမှတ်တွေဟာ တက္ကသိုလ်လျှောက်ရာမှာ သက်ရောက်မှုရှိတာများ
ပါတယ်။ သြစတြေးလျထိပ်တန်းတက္ကသိုလ် ၈ ခုမှာပါတဲ့ Monash University ဆိုရင် (Liberal Arts
Certificate IV အပါအဝင်) အသက်မွေးဝမ်းကျောင်းပညာ သင်တန်းတွေရဲ့ Certificate IV အဆင့်မှာ
ဘာသာစုံဂုဏ်ထူးထွက်မှ ကျောင်းသားအဖြစ်လက်ခံဖို့စဉ်းစားမယ်လို့ သတ်မှတ်ထားတာမျိုးရှိပါတယ်။
ဒါပေမယ့် သြစတြေးလျနိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့်လျှောက်ရာမှာ အထက်တန်းကျောင်း (၁၂ တန်း) က
အောင်လို့လျှောက်တဲ့သူတွေနဲ့ Liberal Arts တို့လိုအပါအဝင် အသက်မွေးဝမ်းကျောင်းပညာရယ်၊ သက်
ကြီးကျောင်းသားတွေအပါအဝင် ဝင်ခွင့်လျှောက်ထားသူတွေရယ်လို့ အကြမ်းဖျင်းနှစ်မျိုးကွဲပြီး တက္ကသိုလ်
အလိုက် ထပ်ပြီးသတ်မှတ်ချက်အမျိုးမျိုး ကွဲပြားတတ်တာမို့ အဲဒါကိုတော့ နောင်အလျင်းသင့်မှ ထပ်ရေး
ပါအုံးမယ်။
အပေါ်ကဟာကိုဆက်ရရင် ဒုတိယနှစ် Liberal Arts ပြီးသွားလို့ ဒီပလိုမာရပြီးရင် တက္ကသိုလ်တွေ
ရောက်တဲ့အခါ ဝိဇ္ဇာဘာသာရပ်ပိုင်းမှာ ခြောက်လကနေ တစ်နှစ်အထိကင်းလွတ်ခွင့် (credits) ပေး
တတ်တာမို့ ၃ နှစ်သင် ဘွဲ့တစ်ခုကို ၂ နှစ်၊ ၂ နှစ်ခွဲပဲ တက်ကြရပါတော့တယ်။ ဒါပေမယ့် ၁၂ တန်းပြီး
ချိန်က စတက်ရင်တော့ အချိန်ပိုကုန်တာမို့ တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲအမျိုးမျိုးရှိသူတွေသာ
အတက်များကြသလို သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ကိုယ်လိုချင်တဲ့ဘာသာရပ်တက်ဖို့ ပေါင်းကူးတံ
တားအနေနဲ့ တက်ကြတာလည်း ရှိပါတယ်။ ဥပမာ Swinburne တက္ကသိုလ်မှာ နာမည်အသင့်အတင့်
ရှိတဲ့ Psychology ဘာသာရပ်ကိုကြိုက်လို့ တက်ချင်သူများ ဒီသင်တန်းလာတက်တာမျိုး ဖြစ်ပါတယ်။
Swinburne တက္ကသိုလ်ရဲ့အဆိုအရတော့ Liberal Arts ဟာ Humanities and Social Sciences,
Community Development, Social Work, Professional and Creative Writing fields, Law,
Psychology, Education, Human Movement, Public Relations စတဲ့ ပညာရေးလမ်းခွဲတွေအတွက်
ပြင်ဆင်ပေးပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် Liberal Arts ဟာ အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်တဲ့
(ဝိဇ္ဇာပညာရပ်ဆိုင်ရာ) အခြေခံအသိတွေပေးနိုင်တာကြောင့် စိတ်ဝင်စားသူများ အတွက်တော့ Course
ကောင်းတစ်ခုဖြစ်တယ်ဆိုတာ သတင်းပါးလိုက်ရပါသဗျာ။
မန်းကိုကို
၂၅၊ ၁၂၊ ၂၀၁၀
မှီငြမ်း - http://courses.swinburne.edu.au/
မှတ်ချက်။ ။ ကျနော်ကတော့ တက္ကသိုလ်မှာဝိဇ္ဇာဘာသာရပ်တွေထဲက ရွေးချယ်သင်ယူနိုင်ဖို့ရာ မိတ်
ဆက်အနေနဲ့ မြည်းစမ်းကြည့်နိုင်တဲ့ အခွင့်အရေးကို သဘောကျမိပါတယ်။ (အချိန်မနှ
မျောသူတွေအတွက်ကို ဆိုလိုတာပါ။) နောက်ပိုင်းမှာလည်း Liberal Arts က စကားပြေ
(စာစီစာကုံး) နဲ့ အစီရင်ခံစာပုံစံကလေးတွေကို အမြည်းသဘော တင်သွားပေးပါဦးမယ်။
Labels:
Education
Subscribe to:
Post Comments (Atom)
နောက်တင်ပေးမယ့် စာတွေလဲဆက်ဖတ်မယ်.. နံပါတ် (၈) ကို မြန်မာပြည် အွန်လိုင်းသုံးလူငယ်တွေ ဖတ်မိစေချင်တယ်..
ReplyDeleteစိတ်ဝင်စားတဲ့သူရှိတော့လည်း ဆက်ရေးရတာပေါ့။
ReplyDeleteဒါပေမယ့် သြစတြေးလျလိုနိုင်ငံမျိုးမှာ လေ့လာစရာ စာအုပ်၊ ဗီဒီယို၊ စုံစမ်းဖေါ်ထုတ်တတ်တဲ့ သတင်းနဲ့စာနယ်ဇင်းတွေရှိတာက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့ အထောက်အကူပေးတာမို့ ကွာခြားချက်တွေတော့ အများကြီးရှိနိုင်ပါတယ်။
သုတေသနလုပ်ဖို့ နမူနာတစ်ခုကတော့ အင်္ဂလန်က အသက်အငယ်ဆုံး လူသတ်သမားတွေအဖြစ် အပြစ်ရှိကြောင်းဆုံးဖြတ်ခံခဲ့ရတဲ့ Thompson နဲ့ Venables တို့ရဲ့ ၂ နှစ်သားလေး James Bulger ကို သတ်ဖြတ်ခဲ့တဲ့အမှုမျိုးပါ။ တစ်နှစ်အကြာမှာ ဆင်တူလူသတ်မှုမျိုး နော်ဝေနိုင်ငံမှာဖြစ်ခဲ့ပြီး Silje ဆိုတဲ့ ကလေးမလေးတစ်ယောက် သေဆုံးခဲ့ရပါတယ်။
နှစ်နိုင်ငံရဲ့ ဥပဒေကြောင်းအရ ဆုံးဖြတ်ပုံ၊ သတင်းတွေထဲမှာ တင်ပြပုံဖေါ်တာ၊ ကလေးငယ်တွေကို ကိုင်တွယ်လမ်းကြောင်းပုံတွေမှာ အင်မတန်ကွာခြားခဲ့တာ တွေ့နိုင်ပါမယ်။ အင်္ဂလန်ကိစ္စဟာ သတင်းတွေရဲ့မျက်နှာဖုံးမှာ ဖေါ်ပြခံရပြီး ကလေးတွေရင်ဆိုင်ကိုင်တွယ်ဖို့ မလွယ်တဲ့ မတန်တဆအတွေ့အကြုံ တွေနဲ့ ဖြတ်သန်းစေခဲ့ရာက လူသတ်တဲ့ကလေးငယ်နှစ်ဦးကို နောက်ဆုံးထောင်ချခဲ့ပါတယ်။ နော်ဝေကိစ္စမှာတော့ တိတ်တဆိတ်နဲ့ပဲ ပြီးဆုံးသွားပြီး ရဲဖက်ကအရေးယူဖို့ မကြိုးစားပဲ လူမှုရေးဝန်ထမ်းနဲ့ စိတ်ပညာရှင်တွေရဲ့ လူသတ်ခဲ့တဲ့ ကလေးငယ်နှစ်ယောက်ကို လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်နိုင်ဖို့လုပ်ကိုင်နေခဲ့ကြတာ တွေ့ရပါမယ်။ အသတ်ခံရတဲ့ကလေးမလေးရဲ့ အမေနဲ့ ရပ်ရွာအသိုင်းအဝိုင်းတို့ရဲ့ ထားတဲ့စိတ်ထားဟာလည်း အင်္ဂလန်နဲ့ကွာခြားပုံဟာ လူမှုရေးဘာသာရပ်ကို လေ့လာလိုသူတွေအတွက် စံနမူနာကောင်းပါပဲ။ (http://www.guardian.co.uk/uk/2000/oct/30/bulger.simonhattenstone)
နံပါတ် (၈) မှာ လောပြီးရေးထားလို့ နည်းနည်းလွဲသလိုဖြစ်နေတဲ့ အရေးအသားကိုတော့ ပြန်ပြင်ထားပါတယ်။ နောင်ကို ဝက်ဘ်ဆိုဒ်က အချက်အလက်တွေယူရာမှာ ထားတဲ့စံတွေကို ရေးသွားဖို့ ကြိုးစားပါအုံးမယ်။
IMO, current Melbourne Model is heading
ReplyDeletethe University of Melbourne into a big
liberal arts college plus professional
schools: law, medicine, engineering,and
business and graduate schools. Some say
it is merely a smart ploy to charge full
or higher fees to local students.
http://en.wikipedia.org/wiki/Melbourne_Model
In US, at 4 years colleges, liberal arts
education is integrated into any bachelor
degree.
In UK, now or very soon in British (only English) universities, there will not be subsidies for liberal arts majors.
So it can be claimed that liberal arts education is on decline or perishing!
However, Singapore which traditionally
ignore liberal arts education will set up
a liberal arts college with the help of
Yale (not real Yale degree in Singapore)
but Yale is used to legitimize and mitigate
the liability of newness of that programme.
It has some benefits, such as it can train
dentists who know history, engineers who
can discuss philosophy, accountants who can
talk about politics, well rounded graduates.
But US is now heading to 3 years degrees to
follow Bolonga model, agreed in Italy years
ago. Soon there may be cheaper and shorter
US degrees, but since most of first year US
students less prepared compared to British
or Australian counterparts. It is not sure
adding Liberal Arts components (and making
degree programmes longer) will be good for
a poor country like Burma. Specialization,
the current degree model, may serve Burma
better in future too!
ဝင်လာပြီးဖြည့်စွက်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။
ReplyDeleteပထမတစ်ချက် သြစတြေးလျမှာ အဆင့် ၁ - ၂ မှာပြေးနေတဲ့ မဲလ်ဘုန်းတက္ကသိုလ် နဲ့ပတ်သက်လို့ အပြောင်းအလဲအချို့ကို သတိတော့ထားမိပါတယ်။ အထူးသဖြင့် ကိုယ်စိတ်ဝင်စားတဲ့ ဝိဇ္ဇာဖက်အခြမ်းမှာ အခြားမဆီမဆိုင်ဋ္ဌာနတွေက စိတ်ဝင်စားရာ ဘာသာရပ်တစ်ခုကို နှစ်စဉ် အခြေနေအပေါ်မူတည်ပြီး (ရွေးချယ်သင်ယူပြီး) အသိအတတ်ပညာကို သာမန်ထက်တိုးချဲ့လို့ ရတာတွေ့လို့ သဘောတော့ ကျမိပါတယ်။ ဒါ့ပြင် ဒီကျောင်းမှာသင်တဲ့ ဝိဇ္ဇာဘာသာရပ်တွေထဲမှာ ကျနော်သဘောကျတာ အတော်များတာကို တွေ့မိတယ်။ အခြားတက္ကသိုလ်တွေမှာတော့ ဘာသာရပ်တွေသာများတာ စိတ်ကြိုက်ရွေးစရာ သိပ်မရှိသလိုပဲ။
ထားပါတော့ မဆီမဆိုင်တွေ ပြောနေမိပြီ။ ကျောင်းလခအပြည့်ယူဖို့ လုပ်တယ်ဆိုတဲ့ကိစ္စကတော့ ကျနော်လည်းသိပ်မသေချာဘူး။ ဒီအတိုင်းလည်း အစိုးရက ငွေကြေးခွဲတမ်းနဲ့ ထောက်ပံ့နေတော့ ဘယ်လိုကွာသလဲ အတိအကျသိမှ ပိုသေချာမယ်ထင်ပါတယ်။ သေချာတာတစ်ခုကတော့ အပေါ်ပို့စ်မှာပါတဲ့ liberal arts Certificate IV ဟာ သီးခြားရပ်တည်သင့်တဲ့နေရာမှာ Swinburne တက္ကသိုလ်က ဒီပလိုမာသင်တန်းထဲ ရောစပ်ပေါင်းထည့်ပြီး ကျောင်းလခကို အများကြီးပိုရအောင် လုပ်ထားတာတော့ မြင်မိတယ်။ (ပညာရေး ထောက်ပံ့မှုကြောင့် ချက်ချင်းပေးစရာမလိုပေမယ့် သာမန်အားဖြင့် အခမဲ့နီးပါး ဖြစ်ရမယ့်အရာဟာ A$ ၂၀၀၀ လောက်သွားကျနေတယ်။)
liberal arts ဟာ ဆုတ်ယုတ်နေတာမှန်ပါတယ်။ ဒီတော့ ဈေးတွက်တွက်လာကြတဲ့ အစိုးရရဲ့ထောက်ပံ့မှု လျော့လာတာဟာ မဆန်းလှဖူးလို့ ပြောရမယ်ထင်ပါတယ်။ ထပ်ဆင့်အနေနဲ့ သြစတြေးလျ တက္ကသိုလ်တွေရဲ့ နိုင်ငံတကာမှာ ရထားတဲ့ အဆင့်တွေဟာလည်း နိမ့်ကျလာတာကို ဒီနှစ်ပိုင်းတွေအတွင်းမှာ တွေ့လာရပါတယ်။ အဲဒီတော့ မဲလ်ဘုန်းတက္ကသိုလ်အနေနဲ့ သူ့ရဲ့အပြောင်းအလဲ လုပ်ဆောင်ချက်တွေကို အကြောင်းပြလို့ကောင်းတဲ့ အချက်တစ်ခုဖြစ်လာပြန်ပါရော။
စင်္ကာပူကျောင်းကိစ္စကတော့ အဓိပ္ပါယ် ကျယ်ကျယ်ပြန့်ပြန့် ကောက်လို့ရမယ်လို့ ထင်ပါတယ်။ liberal arts ကျောင်းတွေဟာ သာမန်ပညာရေးစနစ် မပေးနိုင်တဲ့ အကျိုးအမြတ်အချို့ ပေးနိုင်တာမို့ အာရှနိုင်ငံတွေမှာ ရှိလာတာဟာ ကောင်းတဲ့အလားအလာတစ်ခုလို့ မြင်ပါတယ်။
ထွေရာလေးပါး ဆက်ပြောနေရင်တော့ ရှည်သွားနိုင်ပါတယ်။
လိုရင်းပြောရရင်တော့ နှစ်တိုတိုနဲ့ ဘွဲ့တစ်ခုရနိုင်အောင် ချုံ့လိုက်ရင်လည်း ကောင်းတဲ့အခြမ်းတွေ ရှိတာပါပဲ။ မြန်မာပြည်အတွက် အထူးပြုသင်ရိုးတွေက ကောင်းတာမှန်ပေမယ့် မရှိမဖြစ်လိုအပ်တဲ့ ဝိဇ္ဇာပညာရပ်တွေမှာ အင်မတန် အားနည်းနေတာကြောင့် မျှတမယ့် စီမံခန့်ခွဲတာတွေ အတော်လေး လိုအပ်နေတယ်လို့ မြင်မိပါတယ်။
အစက liberal arts ဆိုတာကို contemporary arts, installation arts တို့လို ဟာမျိုးတခုခုမှတ်နေတာဗျ ။ အတော်ဝေးတာပဲ။ ကိုယ့် Field နဲ့လုံးလုံးမဆိုင်သလိုဖြစ်နေတာနဲ့ exposures နည်းတာနဲ့ ဘာမှန်းအသေချာမသိခဲ့ဘူး။ အခုတော့ ကကြီးခခွေးလောက်တော့ သိသွားပြီ။ ကျေးဇူးပဲ
ReplyDeleteဟုတ်ကဲ့၊ “ဃကြီး”နဲ့ “င” တွေအထိလောက်တော့ ထပ်လာဖို့ ရှိပါသေးတယ် :-)
ReplyDeleteမဆိုင်တာကို မသိတာ မဝေးပါဘူးဗျာ၊ liberal arts ဒီပလိုမာ ရထားတဲ့သူကို science အကြောင်းသွားမေးရင် ကွန်ပြူတာ အကြောင်းလောက်ကလွဲရင် သွားပြန်ဖြဲပြမှာပေါ့ :-)
ကျနော်လည်း စိတ်ဝင်စားပေမယ့် ဒုတိယနှစ်မှာ သင်တဲ့ဘာသာတွေနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံသိဖို့ အခွင့်အရေး ရှိချင်မှ ရှိနိုင်တော့မှာမို့ အားမလို အားမရတော့ ဖြစ်မိတယ်။ အဲဒီအဆင့်ကမှ သီအိုရီပိုင်း အခြေခံတွေ စပါလာမှာကိုးဗျ။ ပြီးတော့ ဒီပလိုမာမှာ သင်တာတွေက တက္ကသိုလ်တွေနဲ့စာရင် အဆင်သင့်ခွံ့ပေးသလို ဖြစ်တာကြောင့် သဘောကျတာပါ။
အပေါ်က ကျော်ထင် လိုမျိုးထင် ခဲ့တယ်။ ကျေးဇူးပါ။
ReplyDelete