ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, September 17, 2010

ﮦ ဒိဋ္ဌိဖေဖေ ە


     အာဏာပိုင်တွေရောက်လာပြီး မေမေ့ရင်ခွင်ထဲကဆွဲခေါ်သွားချိန်မှာ ကျမအသက် ၄ နှစ်ပဲရှိပါသေး
တယ်။ အဲဒီအချိန်မှာ မေမေလုပ်နိုင်ခဲ့တာကတော့ အခြားအမျိုးသမီးများလိုပဲ ငိုကြွေးခြင်းတစ်ခုထဲရယ်ပါ။
ကျမရဲ့ ဦးတည်ချက်နဲ့ အဓိပ္ပါယ်ကင်းမဲ့တဲ့ဘဝဟာ အဲဒီအချိန်ကနေ စခဲ့ရပါတယ်။


     ကျမကိုပို့လိုက်တဲ့နေရာဟာ မြို့နဲ့ဝေးပြီး သီးခြားကမ္ဘာကလေးလိုလုပ်ထားတဲ့ နေရာကလေးပါ။
ကလေးအရွယ်အမျိုးမျိုးဖုံဖုံရှိပြီး ဘော်ဒါဆောင်လို့ခေါ်ရင်လည်း ရနိုင်ပါလိမ့်မယ်။ မနက်အိပ်ရာထချိန်
ကစပြီး တစ်နေ့တာကို စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ဖြတ်သန်းကြရပါတယ်။ ကစားချိန်၊ လေ့ကျင့်
ခန်းလုပ်ချိန်၊ စားချိန်၊ ရေချိုးချိန်နဲ့ အလုပ်ချိန်တွေဆိုပြီး ခွဲခြားထားတာတွေ ရှိကြပါတယ်။

     ကျမသိတတ်လာတဲ့အရွယ်ကစပြီး မေမေ့ကိုအရမ်းလွမ်းမိပါတယ်။ ဒါတင်မကပါဘူး၊ တခါတုန်းကမှ
မတွေ့ဖူးတဲ့ ဖေဖေ့ကိုလည်း အရမ်းတွေ့ချင်နေခဲ့မိပါတယ်။ နှစ်ပေါင်းအများကြီးကြာလာပေမယ့် ကျမ
တို့ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။ ပြောင်းလဲသွားကြသူတွေကတော့ ကျမ
ရဲ့သူငယ်ချင်းအချို့ပါ။ ကျမတို့အဆောင်ရဲ့မလှမ်းမကမ်း ခြံခတ်ထားတဲ့မြေကွက်ထဲမှာ ကျောက်တုံးနဲ့
စီထားတဲ့ သူတို့ရဲ့မြေပုံကလေးတွေကို ဒီကနေ့တိုင်မြင်တွေ့နေရဆဲပါ။

     အားလုံးကိုအုပ်ချုပ်ဖို့ တာဝန်ယူထားတဲ့၊ ကိန်းခမ်းခပ်ကြီးကြီးနဲ့ဆရာကြီးကတော့ ကျမရဲ့ဖေဖေဟာ
ကျမကိုထားပစ်ခဲ့တယ်၊ ဘယ်တုန်းကမှမဆက်သွယ်ခဲ့ဖူးလို့ ပြောပြတတ်ပါတယ်။ ဆရာ၊ ဆရာမတွေ
ကတော့ ကျမတို့တတွေ ဘယ်လိုနေထိုင်ရမယ်ဆိုတာနဲ့ အပ်ချုပ်တာအပါအဝင် ဗာဟီရတွေကိုဘယ်လို
လုပ်ရမယ်ဆိုတာ ပြောပြ၊ သင်ပြတဲ့အပြင် ဘုရားဘယ်လိုရှိခိုးရမယ်ဆိုတာကိုလည်း သင်ပြပေးကြပါ
တယ်။ သူတို့ပြောပြတတ်တာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ကျမရဲ့ဖေဖေဟာ ယဉ်ကျေးမှုမရှိတဲ့၊
ဘာသာအယူဝါဒမရှိတဲ့ မိစ္ဆာဒိဋ္ဌိတစ်ဦးဆိုတာပါပဲ။ ကျမရဲ့စိတ်ထဲမှာတော့ ဒီစကားတွေကို ဘယ်တုန်း
ကမှမယုံကြည်ခဲ့ပါဘူး။

     ဒီလိုနဲ့ ၁၀ နှစ်ကြာခဲ့ရပါတယ်။
     တနေ့မှာတော့ ကျမတို့ဆီကို လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ ကျမဆီကိုလာတာပါ။
     ဆရာကြီးက အဲဒါနင့်အဖေပဲလို့ ပြောပါတယ်။

     ရုတ်တရက်တော့ သန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့ ကျမနဲ့အသားအရေနဲ့ခပ်ဆင်ဆင်ဖေဖေ့ကိုကြည့်ပြီး
မှင်တက်သွားမိပါတယ်။ ပြီးတော့မှ “ဖေဖေ” လို့အော်ပြီးသူ့ခါးကိုပြေးဖက်လိုက်ပါတော့တယ်။ ကျမထင်
ထားခဲ့သမျှတွေဟာ အမှန်ဆိုတာကျမသိလိုက်ရပါပြီ … ။ ဖေဖေဟာကျမကိုချစ်ပါတယ်။ ဘယ်တုန်းကမှ
မစွန့်ပစ်ခဲ့ပါဘူး။ ကျမနဲ့တွေ့ဖို့ အမြဲတမ်းကျိုးစားနေခဲ့သူပါ။

     မကြာပါဘူး၊
     ကျမရဲ့ခေါင်းပေါ် ရေပေါက်တွေကျလာသလို ခံစားမိပါတယ် …
     မော့ကြည့်လိုက်တော့ ဖေဖေ့မျက်ရည်တွေဖြစ်နေတာ တွေ့လိုက်ရတယ် …

     သေချာသွားပါပြီ၊
     မှားနိုင်စရာ လုံးဝမရှိပါဘူး …
     ဖေဖေ၊ ကျမချစ်တဲ့ဖေဖေဟာ မိစ္ဆာဒိဋ္ဌိမဟုတ်ပါဘူး …


ကိုယ်နဲ့မတူ ကိုယ့်ရန်သူ၊ ကိုယ့်စံ ကိုယ့်ပေတံသာအမှန်ဆိုသူများ အားလုံးအတွက်၊
မန်းကိုကို
၁၆၊ ၀၉ ၊ ၂၀၁၀

- Australia နိုင်ငံရှိ ဋ္ဌာနေခံ Aborigine လူမျိုးများ၏သမိုင်းကြောင်းမှ Stolen Generation ဟုခေါ်သော (လူမျိုးရေးခွဲခြား
  ဆက်ဆံမှုများတွင်သားကောင်ဖြစ်ခဲ့ရသော) ဥရောပသားများနှင့် သွေးနှောသူများအကြောင်း မှတ်တမ်းတင်ရိုက်ကူး
  ထားသည့် “Experience the First Australians Journey” ဗီဒီယိုမှတ်တမ်းမှ အမျိုးသမီးတစ်ဦး၏ အတွေ့အကြုံကို
  သင့်တော်အောင်ရေးဖွဲ့ပါသည်။
- အချက်အလက်များအပေါ်အခြေခံသော ဒုတိယပိုင်းကို ကြိုးစားရေးသားသွားပါမည်။

16 comments:

  1. မိဘတွေကတော့ဘယ်သားသမီးကိုမှပြစ်ရိုးထုံးစံမရှိပါဘူး-
    အဖေကိုတောင်လွမ်းသွားတယ်ဗျာ-
    ဒါပေမဲ့အဖေကတော့ဘယ်ရောက်နေတယ်မသိတော့ပါဘူး-

    ReplyDelete
  2. ကိုမန်းကိုကိုရေ ဒီပို့စ်လေးကို ဖတ်ပြီး လူဖြူတွေ မိုက်ရိုင်းခဲ့တဲ့ Stolen Generation ရဲ့ ရက်စက်မှုသမိုင်း ဖြစ်စဉ်တွေကို ဌာနေတိုင်းရင်းသားတွေနဲ့ ထပ်တူခံစားသွားပါတယ်။

    ReplyDelete
  3. ဝင်လာပါသည် ဖတ်သွားပါတယ်

    ReplyDelete
  4. စိတ်မကောင်းစရာလေး ဖတ်သွားတယ်..
    လူသားတိုင်းစာနာတတ်ကြပါစေ..

    ReplyDelete
  5. ကိုမန်းကို rabbit proof fence ကြည့်ဖူးလား။ တကယ့်အဖြစ်အပျက်ကို ပြန်ရိုက်ထားတာ။

    ReplyDelete
  6. ဂျစ်တူး ( မုံရွာ ) - ကြားရတာစိတ်မကောင်းပါဘူးဗျာ၊ တခါတရံမှာတော့လည်း ဘဝမှာထိန်းချုပ်လို့မရတာတွေ ရှိနေပြန်တော့ ခက်နေပြန်ပါရော။ ဘယ်လိုဖြစ်ဖြစ် ပြန်တွေ့နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ။

    မငယ်နိုင် - ကျနော်လည်း ဗီဒီယိုကြည့်ရင်း ဈာန်ဝင်ပြီး အတော်စိတ်မကောင်းဖြစ်မိတယ်။ တစ်ခုရှိတာကတော့ ဒီဇာတ်လမ်းကအမျိုးသမီး (မှတ်တမ်းရိုက်ချိန်မှာတော့ ၆၀ ကျော်လောက်ရှိမယ်ထင်တယ်) ရဲ့ဇာတ်လမ်းက စင်ဒရဲလားဇာတ်သိမ်းလိုမို့လို့ စိတ်ဖြေရာတော့ ရပါတယ်။ နောက်ပို့စ်ရေးဖြစ်ရင်တော့ အကျဉ်းရုံးရေးထည့်ပေးပါမယ်။ နောက်တစ်ခုရှိတာကတော့ ဒီပို့စ်ကို တစ်ဦးနဲ့တစ်ဦး ပိုမုန်းတီးဖို့ထက် ခံစားမှုတွေကို မြင်လာနိုင်ကြအောင်၊ အမုန်းတွေလျော့သွားနိုင်အောင် ရည်၇ွယ်ပါတယ်။ မျက်ရည်တွေ လျော့သွားကြတာကိုပဲ မြင်ချင်ပါတယ်ဗျာ။

    sosegado - လာဖတ်တာ ကျေးဇူးတင် ဝမ်းသာပါတယ်ဗျာ။

    အနမ်း - တောင်းတဲ့ဆုဆန္ဒတွေ ပြည့်ပါစေ။

    zizawa - မကြည့်ဖူးဘူးခင်ဗျ၊ ခုနကပဲ google ကြည့်လိုက်တော့ ဆက်စပ်လို့ရတာတွေ အများကြီးတော့ တွေ့မိပါတယ်။ ကြည့်ခဲ့တဲ့မှတ်တမ်းခွေထဲ မှတ်မထားမိလို့ ဒေသနဲ့ Chief Protector of Aborigines ပုဂ္ဂိုလ်တို့ အတူတူလားဆိုတာတော့ သိပ်မသေချာပါ။

    ဇာတ်လမ်းထဲပါတဲ့ native tracker တို့၊ ယုန်ကာခြံစည်းရိုးတို့၊ ကန္တာရဆန်ဆန်ဒေသတို့နဲ့ အခြားသမိုင်းကြောင်းအချို့ကိုတော့ အသင့်အတင့်သိမိတာလေးတွေ ရှိပါတယ်။ နောင်ကိုအခန့်သင့်ရင်တော့ ရေးပါအုံးမယ်။

    ReplyDelete
  7. သို့
    လူမလေးခွေးမခန့်စစ်ဗိုလ်များ

    ခင်ဗျားတို့ နိုင်ပါတယ်ဗျာ။ ဒီမိုသမားတွေက ဘလော့ပေါ်မှာတောင် အံတုနိုင်စွမ်းမရှိတော့ပါဘူး။ မတရားမှုတွေကို စကားလုံးလေးနဲ့တောင် ဆန့်ကျင်ပြောရဲသူတွေ မရှိတော့ပါဘူး။

    ☀ စစ်တပ်ကို မိမိကိုယ်ကျိုးအတွက် အသုံးပြုပြီး … အစိုးရတက်လုပ်နေတဲ့ ဦးသန်းရွှေကြီး သက်တော်ရာကျော်ရှည်ပါစေ။

    ☀ မိမိကသာ အဏာသိမ်းပြီး.. တခြားလူတွေက မိမိ အဏာပြန်လုမှာ ကြောက်တဲ့စိတ်နဲ့ … ရဲဘော်ရဲဘက်အချင်းချင်း နောက်ကြောမှ ဓါးနဲ့ထိုးရဲသူ… ဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေ သက်တော် ရာကျော်ရှည်ပါစေ။

    ☀ နိုင်ငံရေး အကျိုးအမြတ်ကိုသာကြည့်ပြီး … စစ်တပ်အထက်တန်းအရာရှိတွေကို ဖြုတ်ချင်တိုင်း ဖြုတ်ပြစ်သည့် … ဗိုလ်ချုပ်မှုးကြီး သက်တော် ရာကျော်ရှည်ပါစေ။

    ☀ အဏာတည်မြဲရေးအတွက် လက်အောက်ငယ်သားတွေကို မြှောက်ပင့်သင့်က မြှောက်ပင့်ပြီး.. ချကျွေးသင့်က စာနာစိတ် ကင်းမဲ့စွာချကျွေးရဲသည့် . . . ဗိုလ်ချုပ်မှုးကြီး သက်တော် ရာကျော်ရှည်ပါစေ။

    ☀ နိုင်ငံရေးအကျိုးအမြတ်ကိုသာကြည့်ပြီး တိုင်းပြည်နဲ့ တပ်မတော်သိက္ခာကို ထိခိုက်ခံကာ ၀တရုတ်တွေရဲ့ ဖင်ကိုရက်ပေးနေတဲ့ . .ဗိုလ်ချုပ်မှုးကြီး သက်တော် ရာကျော်ရှည်ပါစေ။

    ☀ မိမိအဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲအနီးမှာ လျှပ်စစ်မှန်မှန်ပေးနေသော. . . တိုင်းပြည်ခေါင်းဆောင်ကြီး ဦးသန်းရွှေ သက်တော် ရာကျော်ရှည်ပါစေ။




    မသူတော်ကြီးမှ မတရားအုပ်ချုပ်နေတာကို ပျော်ပျော်လက်ခံမည့်
    မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


    (p.s. ၀န်ထမ်းကျင့်ဝတ်ကို ဖေါက်ဖျက်ပြီး နိုင်ငံရေးလုပ်နေသော ဗိုလ်ချုပ်မှုးကြီးကို စစ်သားများမှ ဖင်ပိတ်ထောက်ခံ အားပေးရန် နှင့် ဥပဒေနဲ့အညီ နိုင်ငံရေးပါတီထောင်ပြီး နိုင်ငံရေးလုပ်နေသူ NLD များ ကို ရန်သူလို သဘောထားပါရန်။သို့မှသာ ပြည်သူ့တပ်မတော်သား စစ်စစ်ဟု သဘောထားပါမည်။ ဒန်..ဒန်..ဒန်)

    ReplyDelete
  8. မိစ္ဆာဒိဋ္ဌိ
    ကိုမန်းရေ
    ဒီကိစ္စမှာ ဒီစကားလုံးယူသုံးတာတော့ ကန့် ကွက်တယ်ဗျာ ။
    မှန်းကြည့်တာယ်
    Heathen or alien ဆိုတာကို ပြန်ယူလိုက်တာထင်တယ် ။
    မုန်းစရာလူ ဒါမှမဟုတ် လူ့ အပြင်ကလူလို့  ပြန်သင့်တယ်ထင်တယ်ဗျို့ 

    ReplyDelete
  9. ဆရာတင့်၊

    ဆရာကန့်ကွက်တော့လည်း ပြန်စဉ်းစားရမှာပေါ့ဗျာ၊
    ဒါပေမယ့် လောလောဆယ်တော့ သရုပ်ဖေါ်တဲ့ စာပေသဘောသဘာဝနဲ့ လက်တွေ့ကိစ္စတွေဟာ အပြင်ကတကယ့်အဖြစ်အပျက်၊ ဒါကိုမှီပြီးပေါ်လာတဲ့ fairy tale နဲ့ ဟောလိဝုဒ်မှာသရုပ်ဖေါ်ရိုက်တဲ့ ကာတွန်းကားတွေကို ယှဉ်ပြေးပြီးသတိရမိသဗျ။

    ReplyDelete
  10. အေးဗျာ ။ ကျွန်တော်သတိ၇တဲ့ ပုံပြင်(တကယ်ဖြစ်ခဲ့တာလေး ) သတိရမိပါတယ်။
    သခင်ဘသောင်းဆို ဒို့ ဗမာအစည်းအရုံးစထောင်တဲ့  သူလို့ လူသိများကြတယ်၊( သိတောင်သိကြသေးလားမသိ ။ )
    စာရေးဆရာကြိးတယောက်အနေနဲ့  သိကြတဲ့ သူ နဲမယ်ထင်ပ ။
    သူရေးးတဲ့ စာတွေထဲ မှတ်မှတ်ရရရှိနေတာတွေက
    Tess ( Thomas Hardy ) ကို ပြန်တဲ့ ပန်းသာမစာဥ။ 1 thousand and 1 nights ထဲကဆွဲထုတ်တဲ့ ပသီပုံပြင်များ။နောက် တအုပ်က George Orwell ရဲ့  animal farm ကိုပြန်တာ ။ (နာမည်မေ့နေပြီ ) ထားပါ ။
    ပြောချင်တာက ပန်းသာ မစာဥ ။ မူရင်းနာမည်က မခါဥတဲ့ ။ အဲကို စာပြင်ဆရာက ခါော့မဖြစ်နိုင် စာနဲ့ ဥဆိုပြီး စာဥဖြစ်သတဲ့  ။ ( ဒါက လမ်းကြုံသတိ၇တာ ။ ) တကယ့်ဟာက ခုမှလာပြီ
    တရက်တဲ့ ဗျာ ဋ္ဌာနတခုမှာ ဋ္ဌာန magazine ထုတ်ဘို့  သြ၀ါဒခံယူပွဲလုပ်သတဲ့  ။ အဲတင် ခုနဆရာကြိးကို ဋ္ဌာနဆိုင်ရာအရာရှိတယာက်က သြ၀ါဒပေးဘို့ ရာတောင်းပန်တော့
    ဆရာကြီးရယ် ဆရာကြီးကျွန်တော်က အန္တေ၀ါသိက (တ ပည့်ရင်း ) မှတ်ပါတယ်(စကားမှန်က အာစရိယ ) သြ၀ါဒပေးပါဆိုသဗျ ။
    ကျွန်တော်တို့ တွေ မူလမြန်မာစာနဲ့  မပြောကြဘဲ ပါဠိတွေပါဠိပျက်တွေနဲ့  ချော်ချော်နေတတ်ကြတာ ပြောပါတယ် ။
    ( Buddhism ) အပြင်မှာ ပါဠိစကားလုံးတွေငှားသုံးတော့ ရှုပ်ကုန်တာတွေ မနဲဘူးဆိုတာ တွေးမိလို့ ပါ ။

    ReplyDelete
  11. ဆရာတင့်ပြောမှပဲ ပါဠိပျက် ၃ လုံးနဲ့တစ်ပိုင်းလောက်သိတဲ့ ကျနော့်လိုလူက သွားပဲဖြဲပြရမလို ခုခေတ်လူငယ်တွေ ရိုးရိုးစာလုံးပေါင်းတွေတောင် မမှန်နိုင်ကြတာနဲ့ယှဉ်ပြီး လက်ခမောင်းပဲခတ်ရမလိုပါပဲ၊ (ကိုယ့်ကျတော့ မှားရင်တောင် စနစ်တကျမှားတာမို့လား) :-)

    ကလေးတွေမသိလည်း ဆရာကြီးဦးဘသောင်းကိုတော့ ကောင်းကောင်းကြားဖူးပါတယ်ဗျာ။ ငယ်စဉ်ကသတိနည်းခဲ့တော့ သခင်ဘသောင်းနဲ့ တွဲမတွေးမိတာတစ်ခုတော့ ရှိပါတယ်။ ပသီပုံပြင်များနဲ့စာရင်တော့ တစ်ထောင့်တစ်ညပုံပြင်အပြည့်ကိုပဲ ဖတ်ဖြစ်ခဲ့ပါတယ်။ စာတွေကိုမုန့်လိုကျွတ်ကျွတ်ဝါးဖတ်ခဲ့တော့ အနှစ်အရသာတွေမကျန်တာကိုနှမျောမိပေမယ့် အပေါ်ယံလောက်ဖြောင့်တန်းအောင် ရေးနိုင်တာကိုပဲ ဝမ်းသာရပါတော့မယ်။

    ဆရာကမူလမြန်မာစာဆိုလို့ နည်းနည်းတော့ တွေးမိတယ်ဗျ။ နည်းနည်းလည်းရှုပ်ပါတယ်။ အဆိုများအရတော့ ဗမာစာကို အနော်ရထာ သထုံကိုသိမ်းချိန်မှာ မွန်တွေဆီကယူတယ်၊ အချို့အက္ခရာတွေကို ဖြုတ်ခဲ့လို့ မွန်အက္ခရာက ဗမာထက်တစ်လုံး နှစ်လုံးပိုတယ်လို့ ဆိုပါတယ်။ မွန်တွေနဲ့ယှဉ်တွဲနေခဲ့တဲ့ ကရင်စာမှာလည်း အက္ခရာတွေပိုပါတယ်။ နောက်တစ်ခုက ယိုးဒယားပြည်ထောင် = အယုဒ္ဓယ (Ayutthaya) မြို့သိမ်းပြီး အက္ခရာအပါအဝင် ယဉ်ကျေးမှုတွေယူဆောင်လာခဲ့တယ်တဲ့။ တခါ အိန္ဒိယဖက်ကနေ အေဒီ ၈ ရာစုလောက်မှာ ပင်လယ်ဆိပ်ကမ်းမြို့(ယနေ့ကုန်းတွင်း) သထုံမြို့ကို စာအရေးအသားအက္ခရာတွေ ရောက်လာခဲ့ပြီး စာပေစတင်ခဲ့တယ်ဆိုပြန်တယ်။ ဒါပေမယ့် မွန်ပြည်ဟာ အရင်ကမ္ဘောဒီးယားမှာ တန်ခိုးထွားခဲ့တဲ့ မွန်ခမာတွေနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာကလည်း ဆက်စပ်ဖို့လိုပါလိမ့်မယ် (စာပေရော သမိုင်းပါအပါအဝင်)။ ကရင့်သမိုင်းတွေအရလည်း ကနေ့ထိုင်းဖက်က လူတွေကိုမွန်တွေတိုက်ထုတ်ခဲ့တယ်ဆိုတာရှိပြန်တယ်။ သမိုင်းအရဆို အဲဒီအချိန်က ထိုင်းတွေဆင်းမလာကြသေးပြန်ဖူး ဆိုတော့ မွန်တွေက သူတို့(စာပေအပါအဝင်) ယဉ်ကျေးမှု၊ လူမျိုးလည်းတူတဲ့ မွန်ခမာတွေကိုပဲ တိုက်ထုတ်ခဲ့တာလား။ အချို့ကလည်း ပျူကျောက်စာတွေဖက်လက်ညှိုးထိုးကြပြန်တယ်။ (သေချာတာကတော့ မြန်မာပြည်အနေနဲ့ Archaeology အပိုင်းမှာ အများကြီးလေ့လာစရာတွေ ရှိနေပါသေးတယ်၊ သမိုင်းမဝင်သေးတာတွေက အများကြီးပါ၊)

    ဒီဖက်ခေတ်ကျပြန်တော့ မြန်မာ(ဗမာ)စာ အသုံးအနှုန်းအရေးအသားမှာ ရေးတော့အမှန်ဖတ်တော့အသံလို့ ဆိုကြသလို၊ ဆရာမောင်စင်ကြယ်ရဲ့အဆိုအရ အရေးနဲ့အသံတစ်ထပ်တည်းဖြစ်ရမယ်ဆိုပြီး ကျိုးပမ်းခဲ့တဲ့ မြန်မာစာဆရာကြီးတွေလည်း ရှိခဲ့ဖူးပြန်တယ်လို့ဆိုပါတယ်။ ဒီကြားထဲ အပေါ်ကဆရာပြောသလိုပဲ ပါဠိ၊ ပါဠိပျက်တွေ တတ်ယောင်ကားထည့်တဲ့ ကျနော်တို့လိုလူတွေကြောင့် လူငယ်တွေအတွက်တော့ ခက်ကြပြီပေါ့ဗျာ :-)

    ပြောရင်းနဲ့ရှည်ကုန်ပြီဆရာရေ၊ တရားစခန်းဖွင့်ရလောက်အောင် တရားကြေတဲ့ဆရာ့ကို ပါဠိဖက်မှာ အားကိုးပါရစေဗျာ၊ နောင်လည်း ငယ်ထိပ်ကို များများသာထုပါ၊ ထုပြီးရင် အဖြေလည်းပြောသွားအုံးနော :-)

    ReplyDelete
  12. အချွန်ကြီးက မနဲပါလား။ ပါဠိတော့မကြေဘူးဗျာ။
    ကိုယ့်ဟာကိုယ်လဲ အဲလိုမကြေတဲ့ ပြဿနာကို မကျေနပ်လို့  အဖြေရှာနေတာကြာလှဘီ ။ အဖြေကတော့ညံ့သေးလို့ လို့ ဘဲထွက်ထွက်နေလို့  :P
    ဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိဆိုတဲ့  စကားကို အရပ်ထဲမှာ ဘာသာတ၇ားမကိုင်းရှိုင်းတဲ့ သူလို့  အလွယ်လှယ်ယူနေကြတာ ဘယ်ခေတ်ကဆိုတာကိုလိုက်မရဘူး ။ကြာလှပြီ ။
    အဲကနေ Heathen ( unbeliever of Gospel and /or God ကိုပါ မိစ္ဆာဒိဋ္ဌိဆိုပြီးဆော်ထည့်ပြန်ရော ။
    အဲတော့ စကားတလုံးထဲက အနက်အမျိုးမျိုးဖြစ်နေရော။
    မူရင်းအသုံးက သမ္မာဒိဋ္ဌိ နဲ့  ဒိဋ္ဌိဆိုပြီးလာတယ်ဗျ။
    သမ္မာဒိဋ္ဌိ(အယူမှန်) ။ ဒိဋ္ဌိ(အယူလွဲ ) အဲကနေ ပိုနက်နဲစေချင် (ပိုနှိပ်နယ်ချင်တာများလား ) မိစ္ဆာဒိဋ္ဌိ (မှားသောအယူလွဲ ) ဆိုပြီး သုံးတာတွေ့ လာရတယ် ။
    မူရင်းက လူသတ္တ၀ါ ကိုမဆိုဘူး ။ မှားသောအယူ (အယူလွဲ)ကိုသာ ဆိုတာ ။
    ဒိဋ္ဌိ နဲ့ ပါတ်သက်ပြီး အကျယ်အပြန့် လာတာက သုတ္တန်မှာ ဗြဟ္မဇာလသုတ်ဆိုတာ ဒီဃနိကယ်အရှည်ဆုံးသုတ်ဘဲ ၊ ၆၂ပါးသော ဒိဋ္ဌိလို့ လာတယ် ။
    နောက်အဘိဓမ္မာမှာတော့ သူ့ ကို ကိလေသာ ၁၁ပါး ၊ သံယောဇဉ် ၁၀ပါး၊ အကုသလစေတသိက် ၁၄ပါးထဲ အ၀င်ပြတယ်ဗျ။
    သူကဘယ်တော့ပြတ်လဲဆိုတော့ သောတာပန်ဖြစ်မှ ပြတ်တယ်
    အဲတော့ သာမန် ပုထုစဉ်ကျွန်တော်တို့ အကုလုံးက ဒိဋ္ဌိဘဲဖြစ်နေတယ်။ ဒါက Buddhism အမြင်။
    ခုန Heathen ကိုဒိဋ္ဌိပြန်တော့ ဘယ်လိုမှညှိမရတော့ပါဗျား

    ReplyDelete
  13. ကျနော်လည်း သာမန်အရပ်သားပေမို့ ကိုယ့်လိုလူတွေအတွက်ရည်ရွယ်ပြီး သုံးလိုက်တယ်လို့ လောလောဆယ်အကြမ်းဖျင်း ဆိုကြပါစို့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် အဘိဓမ္မာဆရာကြီး“ဒေါက်တာတင့်ဦး”ပါ ကိုယ်တွေနဲ့အတူ ဒိဋ္ဌိစာရင်းဝင်နေသေးတာတော့ အားရှိမိပါတယ်ဗျာ။

    ReplyDelete
  14. ဟားဟား
    ခုမှ ကောင်းရောဆိုတာလိုဘဲ ။
    ဟိုရက်က ဓမ္မလောဖြစ်တာတော့ ရီလဲရီချင်ပါ ။
    ပစ္စည်းမဲ့ ဒေါသတွေ မဆိုင်တဲ့ နေရာလာပေါက်ကွဲနေလို့  နားလည်နိုင်မဲ့ သူတယောက်လောက်များပါမလားလို့ ဧည့်ထောက်ခံမိပါတယ် ။ ဘာမျဆက်မဖတ်ဘဲ ဆက်ပြီးပေါက်ကွဲနေတာနဲ့  အသာလေးလက်ရှောင်နေလိုက်တယ် ။
    ကိုမန်းကို အရှိပကတိအတိုင်း ပြောပြတော့ အားတက်သွားပြန်တယ်ဆိုတော့ ခင်ကြီးပေါက်နဲ့ များတွေ့ ပြန်မလားထင်ရပြန်ရော ။
    ခင်ကြိးပေါက်ဆိုတာတော့ ကြားဘူးမယ်ထင်ပ
    ဦးပေါ်ဦးပြောတဲ့ ပုံတခုပေါ့ ( ဦးပေါ်ဦးပါးစပ်ထဲ ကိုပြောချင်တာ နောက်ပညာရှိတယောက်ကထည့်ပေးလိုက်တာလား?? )
    တခါကတဲ့ ခင်ကြီး(ဘုန်းကြီး)ပေါက်ဆိုတောထွက်ကြီးတယောက်က ဘုရားဆုပန်ဆိုကိုး။ အဲတော့ ထုံးစံအတိုင်း ဘုရားလောင်းလာဖူးတဲ့  လူတွေခြေချင်းလိမ်ရောဆိုကိုး ။
    ဒီတင်ခတ်နောက်နောက်အရက်သမား၂ယောက်က မူအောင်သောက်ပြီး ရှေ့ သွားသံချပ်ထိုးဆိုကိုး
    ရင့်မှာတကျိတ် နု ၅ရာဟေ့
    နောင်လာ ၈သောင်း ဘုရားပေါင်းဟေ့
    ဘုရားပေါင်းနောက် ဒို့ ၂ယောက်လကွယ်
    ဒို့ ၂ယောက်နောက်မှ ခင်ကြီးပေါက်ဟေ့
    အဲလိုလဲကြားရော
    ခင်ကြီးလဲတွေးသတဲ့ 
    ဟ ငါ့နောင်တော်တွေတောင် မူးကောင်းတုန်း။ ငါလဲ လုပ်နေမထူးပါဘူး လူထွက်မိန်းမယူမှပါဘဲဆို မိန်းမယူရောဆိုဘဲ ။
    ဟီးဟီး
    မလုပ်ချင်တဲ့ သူဆင်ခြေကိစ္စပြောတာပါ။ :P
    ဒီဋ္ဌိပြုတ်ဆိုတာကတော့ မဖြစ်နိုင်တဲ့  ကိစ္စလို့ တော့မယူပါနဲ့ ဗျာ ။
    တချိန်ထဲလဲ ပြုတ်မပြုတ်ဆိုတာ စစ်လို့  လွယ်လွယ်လေးရနိုင်တာမို့  မပြုတ်ဘဲနဲ့  ၀ါဘို့ တော့ အိပ်မက်တောင်မမက်ရဲပါဗျာ

    ReplyDelete
  15. ဓမ္မထိပ်ခေါင်တစ်ယောက် ဓမ္မလောဖြစ်တာ နားလည်ပေးလို့ရပါတယ်ဗျာ။
    ဒါနဲ့ ခင်ကြီးပေါက်က ဘယ်သူ့ကိုဆိုလိုတာတုန်း၊ ကျနော်ကလည်း တစ်ခါခါခပ်ထုံထုံရယ်။ ကျနော်ကတော့ ခင်ကြီးပေါက်ထက် ရှေ့ကနောင်တော်နှစ်ပါးထဲက တစ်ပါးပါးဖြစ်ဖို့များသဗျ။

    ဆရာတင့်သိချင်သိမယ် ကရင်တွေသေစာကြိုက်ကြတာကိုလေ။ အခုရှေ့တန်းမှာ တိုက်ခိုက်နေကြတဲ့နေရာတွေမှာ တိုက်ပွဲထဲကျ(သေ) တာကနည်းနည်း၊ အရက်ကြောင့် အသည်းကျွမ်းသူ၊ မူးပြီးရေနစ်သေတာနဲ့ မတော်တဆမှုတွေက ပိုတောင်များမလိုလို လို့ပြောကြသဗျ။ (ကျနော်တော့မပါပါဘူး၊ ကြာကြာမှတစ်ခါ အပေါင်းအသင်းတွေကို အားပေးရုံသက်သက်ပါ။)

    ဆရာဒိဋ္ဌိတကယ်ပြုတ်တဲ့တနေ့တော့ မိတ်ဆွေများကို ကယ်ချွတ်ဖို့လည်း သတိလေးရပါဗျာ၊ တကယ်စိတ်ဝင်စားပါတယ်။ ဒါပေမယ့် စိတ်ဝင်စားတာက ဆရာတင့်ဖြစ်စေချင်သလိုတော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ တစ်ခုရှိသေးတာက illusion တွေ တွေ့ကြုံရတာမျိုးဆိုရင်လည်း ဖောက်သည်ချပါအုံး။ လောလောဆယ်အထိတော့ ကျနော်ဟာ ထာဝရဒိဋ္ဌိလို့ပဲ ဆိုကြပါစို့။

    ReplyDelete
  16. ဟင် .. ဆရာတင့်ကလည်း ကိုယ်“ထာဝရဒိဋ္ဌိ”ပဲ ဆိုတာနဲ့ ပျောက်သွားတော့တာပဲ။ ချွတ်လို့ မရတော့ဖူးလို့ စိတ်လျှော့လိုက်ပုံရတယ် :-)

    ကျနော်လည်း တခါခါ စိတ်ကူးကြည့်ပါတယ်၊ အကယ်၍များ ကိုယ်သာ ငရဲကျရင် ရှိတဲ့ငရဲရှစ်ထပ်မှာ ကိုယ့်ကိုယ်ကို အတော်လေး ပိုတွက်မိကြတဲ့ သူတွေရဲ့ အထက်တစ်ထပ်လောက်မှာ သွားကျမလားလို့ :-)

    ပေါက်ပေါက်ရှာရှာတွေပါ ဆရာရယ်၊ ဒါနဲ့ ဖေ့ဘုတ်လေးဘာလေး လင့်လာပေးထားပါအုံးဗျ၊ လန့်တော့ မလန့်ပါနဲ့။ ဟီး ပြောမှပဲ ကိုယ်အဖမ်းခံရဖူးတဲ့ အကြောင်းကို သတိရမိတယ်။ (မလန့်နဲ့အုံးနော်၊ မြန်မာပြည် ထုံးစံပေါ့ဗျာ၊ ရာဇဝတ်မှု မဟုတ်ပါဘူး။) နောင်မှပဲ အဲဒီအကြောင်း ပို့စ် မဟုတ်ရင် ဆောင်းပါး ရေးပါအုံးမယ်ဗျာ။ ဒါပေမယ့် မသေလို့ ရေစက်ရှိလို့ ဆရာ့အပါအဝင် လူတွေနဲ့ လာပြန်ဆုံရတော့ တာပါပဲ :-)

    ReplyDelete