Saturday, July 31, 2010
မဟူရာကျိန်စာ အလွန်၊
“ရွှေမည်း”
“အမည်းရောင်သွေး”
ဘယ်လိုပင် တင်စားစေ လိုရင်းကတော့ “ရေနံ” ပင်။
ဤမျှလောက် တင်စားရအောင် ဘာတွေများ ထူးခြားသနည်း။
ယနေ့ လူအများ မကင်းနိုင်ကြသည့် ပလပ်စတစ်မှစ၍ အလှကုန်နှင့် လောင်စာဆီများအလယ်၊
လမ်းခင်းကတ္တရာအဆုံး ရေနံမှထွက်သော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုနေကြရလေသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ဝန်းကျင်မှ စတင်၍ အများအပြားထုတ်ယူ သုံးစွဲခဲ့ကြသော ရေနံသည်
လူတို့၏ နေ့စဉ်ဘဝအတွင်း အလွန်နက်ရှိုင်းစွာ ထိုးဖေါက်နေရာယူထားပေသည်။
မေးစရာ ဖြစ်လာသည်မှာ လူသားတို့သည် ယနေ့စွမ်းအင်ထုတ်လုပ်မှုများအတွက် အဓိကကျော
ထောက်နောက်ခံဖြစ်သည့် ရေနံကို မူးယစ်ဆေးဝါးသကဲ့သို့ စွဲမက်နေကြပြီလော၊ ရေနံအပေါ်
မှီခိုအားထားမှုများ အလွန်အကျွံဖြစ်နေမှုကြောင့် ရေနံမရှိလျင် မည်ကဲ့သို့ စခန်းသွားကြမည်လဲ
ဟူ၍ဖြစ်သည်။
မေးခွန်းထုတ်ရလောက်အောင်ပင် အကြောင်းရင်းခံများကလည်း ရှိပါသည်။
ရေနံသည် လူသားတို့အတွက် စွမ်းအင်အရင်းအမြစ်နှင့် အထောက်အကူ အသုံးအဆောင် ပစ္စည်း
များထုတ်လုပ်ဖို့ရာ အလွန်တန်ဖိုးရှိသော်ငြားလည်း ပြန်လည်အစားထိုး၍ရသော၊ လည်ပတ်သုံးစွဲ
၍ရသော အရင်းအမြစ်တစ်ခု မဟုတ်ပါ။ အချိန်တန်လျင် ကုန်ခန်းသွားမည်သာ ဖြစ်သည်။ မကုန်
ခန်းပဲ အရေအတွက် တိုးတက်လာမည်ကတော့ လူသားများပင်ဖြစ်သည်။ သို့ဖြစ်၍ ရှေ့တွင်ပိုမို
တိုးပွားလာမည့် လိုအပ်ချက်များနှင့် ယှဉ်ထိုးကာ လူသားတို့၏ လက်ရှိစွမ်းအင်သုံးစွဲမှုဆိုင်ရာ အမူ
အကျင့်များကို ဆင်ခြင်သုံးသပ်ရန် လိုအပ်လာပါသည်။
ရေနံနှင့်ပတ်သက်၍ အနည်းငယ် ပြန်ကြည့်ကြပါက လူသားတို့အတွက် အကျိုးများစွာ ဆောင်
ကြဉ်းပေးခဲ့သလို ဆိုးကျိုးများစွာကိုလည်း ပေးခဲ့သည်မှာ ကျိန်စာတစ်မျိုးဟု ခိုင်းနှိုင်းလျင်ပင်
ရကောင်းပေသည်။ လတ်တလော မက္ကဆီကို ပင်လယ်ကွေ့တွင်ဖြစ်ပွားနေသော ကမ်းလွန်ရေ
နံတွင်း ပျက်စီးယိုဖိတ်မှုကြောင့် လူနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားသော ထိခိုက်ဆုံး
ရှူံးမှုများ ဖြစ်နေစေခြင်းက မျက်မြင်ဒိဋ္ဌပင်ဖြစ်သည်။ မဝေးလှသော အီရတ် - ကူဝိတ်စစ်ပွဲနှင့်
အမေရိကန်နိုင်ငံ ပါဝင်လာမှုတို့သည်လည်း ရေနံကြောင့်ပင်။ ယနေ့ ဆူဒန်နိုင်ငံ ဒါဖါဒေသတွင်
လူမျိုးစုများအား မျိုးဖြုတ်မောင်းထုတ်နေခြင်းသည်လည်း အလားအလာကောင်းသော ရေနံ
ကြောများအတွက် ပါဝင်သည်ကို တွေ့ရမည်ဖြစ်ပေသည်။ မတူညီသော လူမျိုး၊ ဘာသာနှင့် ယဉ်
ကျေးမှုများ ဤပြဿနာအကြား ဝင်လာသောအခါ မီးလောင်ရာလေပင့်သလို ပဋိပက္ခများ အဆုံး
မသတ်နိုင်အောင် ဖြစ်တည်လာကြဖို့ရာ အကြောင်းရင်းခံတစ်ခု ဖြစ်လာတော့သည်။
လူသိများသူ ဘူမိသိပ္ပံပညာရှင် “Marion King Hubbert” စတင်အသုံးပြုခဲ့သော “peak oil
theory” ကိုမှီ၍ အဆိုပြုထားချက်တစ်ခုကို ကြည့်ပါက ရေနံရှာဖွေတွေ့ရှိ ထုတ်လုပ်မှုသည် ၂၀၁၀
ဝန်းကျင်လောက်တွင် အမြင့်ဆုံးရောက်လိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင်တဖြည်းဖြည်း ကျဆင်းသွား
လိမ့်မည် ဟုဆိုသည်။ ရေနံသိုက်များ ထပ်တွေ့မည်ဟု မျှော်လင့်ထားသည်များ အကောင်အထည်
ပေါ်လာနိုင်သော်လည်း လက်ရှိအနေအထားထက် ပို၍မြင့်မားသောရေနံထုတ်လုပ်မှုများ ရှိလာ
တော့မည်မဟုတ်ပဲ အကျဖက်သို့သာ ဦးတည်သွားမည်ဟု သတိပေးထားသည်။
သူ၏အဆိုကို ထောက်ခံမည့် အကြောင်းအချက်များလည်း ရှိပေသည်။ ကမ္ဘာ့အကြီးမားဆုံး ရေနံ
သိုက်ကြီများတွင် အပါအဝင်ဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံ ကမ်းလွန်ရေနံသိုက်အချို့၊ အမေရိကန်
နိုင်ငံ တက္ကဆက်ပြည်နယ်ဝန်းကျင်မှ ရေနံသိုက်များ၊ ယနေ့ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူဒေသတွင်
ထွက်ရှိခဲ့သော ရေနံများသည် ထွက်ရှိရာဒေသကို အလွန်စည်ကားတိုးတက်သော နေရာများ
အဖြစ် ထောက်ကူဖြစ်ထွန်းစေခဲ့သော်လည်း ယနေ့အချိန်တွင်မူ ရေနံများ ခန်းခြောက်သွားခဲ့ပြီဖြစ်
သည်။ ရေနံတူးစင်နှင့် အခြားပျက်စီးယိုယွင်းနေသော အဆောက်အဦများက တစ္ဆေများနှယ် တန်
ဆာဆင်ကျန်ရစ် နေကြသည်။
သို့သော် ရေနံတစ်မျိုးတည်းဟုဆိုလျင် ပြည့်စုံမည်မဟုတ်ပါ။ အပေါင်းအပါများအနေဖြင့် ကျောက်
မီးသွေးနှင့် သဘာဝဓါတ်ငွေ့တို့သည်လည်း စွမ်းအင်ထုတ်လုပ်ရန်နှင့် အခြား လူသားအသုံးအ
ဆောင်များအတွက် ရှာဖွေထုတ်ယူ သုံးစွဲနေကြသည်ဖြစ်၍ တချိန်တွင် ကုန်ဆုံးသွားကြမည်သာ
ဖြစ်သည်ကို သတိချပ်ကြရပေမည်။
ပြဿနာမှာ ဤမျှလောက် အရေးပါသောကိစ္စရပ်ကြီးကို လူအများ သတိမမူမိကြသည်သာမက
တာဝန်ရှိကြလေသော အုပ်ချုပ်သူအစိုးရများကပါ ပေါ်ပေါ်ထင်ထင် အရေးတယူလုပ်ဆောင်လာ
ကြဖို့ နှာစေးနေကြခြင်းပင် ဖြစ်သည်။ စွမ်းအင်အသုံးချမှုကို ဆင်ခြင်ရန်နှင့် သဘာဝပတ်ဝန်းကျင်
ကို ထိန်းသိမ်းဖို့ ဆော်သြရန် နှုတ်ဆွံ့နေကြသည်။ အရေးယူဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်
ရွက်ကြသည်ဖြစ်စေ အနာဂါတ်တွင် စွမ်းအင်နှင့် အချို့လူသုံးကုန်များ၏ တန်ဖိုးသည် ခေါင်မခိုက်
လျင်သော်မှ မြင့်တက်လာကြလိမ့်မည်ဖြစ်ရာ ယနေ့လူသားများ၏ လူနေမှုဘဝကို အကြီးအကျယ်
သက်ရောက်မှုများ ရှိလာဦးမည်မှာတော့ အမှန်ပင်။
နောင် အသုံးပြုရာတွင် ပင်မဖြစ်လာနိုင်သည့် လျှပ်စစ်စွမ်းအင်ကို အခြားပြန်လည်အစားထိုးဖြည့်
ဆည်းနိုင်သော အရင်းအမြစ်များဖြင့် ထုတ်လုပ်ခြင်းသည် အနာဂါတ်အတွက် အဓိကသော့ချက်
ဖြစ်လာနိုင်သည်။ ယနေ့ ကမ္ဘာတွင် လူသိများ၍ ဖြစ်နိုင်ခြေရှိသော အဓိကအစားထိုးစွမ်းအင်
အရင်းအမြစ်များမှာ -
၁။ (ရေလှိုင်းအား အပါအဝင်) ရေစွမ်းအား
၂။ လေစွမ်းအား
၃။ နေရောင်ခြည်စွမ်းအား
၎။ မြေအောက် အပူစွမ်းအား
၅။ အနုမြူစွမ်းအား
၆။ ဇီဝနှင့် အပင်ထွက်အရင်းအမြစ်များ (ကိုအခြေခံသောစွမ်းအင်) တို့ဖြစ်ကြသည်။
သို့သော် အခက်အခဲများမှာ - နည်းပညာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ထိန်းသိမ်းမှုနှင့် နောက်ဆက်
တွဲ ဆိုးကျိုးများပင်ဖြစ်သည်။ အထူးသဖြင့် ရေဆိုလျင် ကမ္ဘာ့လူဦးရေများပြားလာသည်နှင့်အမျှ
စိုက်ပျိုးရေးအတွက် လိုအပ်လာမှုများနှင့် နိုင်ငံအချင်းချင်း၊ ဒေသအချင်းချင်း အငြင်းပွားမှုများ များ
စွာကြုံတွေ့လာရန်ရှိနေပါသည်။ အနုမြူစွမ်းအင်မှာလည်း နည်းပညာ၊ မတော်တဆ အန္တရယ်နှင့်
စွန့်ပစ်ပစ္စည်းသိုလှောင်ရေး အခက်အခဲများ ရှိကြပါသည်။ အခြားစွမ်းအင်များမှာလည်း အနည်း
ဆုံး ထုတ်လုပ်မှုစရိတ် မြင့်မည့်အနေအထားများ ရှိကြပါသည်။ အချုပ်အားဖြင့် အနာဂါတ်တွင် လူ
သားများ၏ အသက်ရှင်ရပ်တည်ရေးနှင့် လူနေမှုဘဝများသည် ယခင်က ခက်ခဲခဲ့သည့်နည်းတူ
ဆက်လက်၍လည်း ခက်ခဲသည်ထက် ခက်ခဲသွားရန်သာ ရှိသည်ဖြစ်သဖြင့် ဥာဏ်သတိနှင့်ယှဉ်
သော ကြိုးပမ်းအားထုတ်မှုများ၊ ပြင်ဆင်မှုများ လိုအပ်နေပြီဟူ၍ အဓိပ္ပါယ်ဖွင့်ရန်သာ ရှိပေတော့
သည်။
ထိုမျှဖြင့် မပြီးသေးပါ။
ဤဖြစ်စဉ်မှ မြန်မာပြည်သည်လည်း ကင်းလွတ်လိမ့်မည် မဟုတ်သဖြင့် ဆင်ခြင်တွေးတောကြဖို့ရန်
လိုအပ်လာပါသည်။ လတ်တလော ထွက်ရှိနေသော ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓါတ်ငွေ့
စသော စွမ်းအင်အရင်းအမြစ်များသည် မြန်မာပြည်သူ၊ ပြည်သားများအတွက် လုံလောက်ရုံသာမက
မိမိတို့ နောင်သားမြေးများအတွက်လည်း သင့်တော်သလို စီမံချန်ထားရစ် ပေးခဲ့ကြ၍ ရနိုင်သော
အခြေအနေတွင် ရှိနေပါသေးသည်။ ပြဿနာမှာ လူဦးရေနှင့် စွမ်းအင်အရင်းအမြစ်ပိုင်ဆိုင်မှု မမျှ
မတဖြစ်နေသည့် အိမ်နီးနားချင်း နိုင်ငံများတို့၏ လိုအပ်ချက်များနှင့်အညီ မြန်မာပြည်မှ လုပ်ကိုင်နိုင်
ခွင့်အာဏာကို ကိုင်စွဲထားနေကြသူတို့မှ ပြည်သူတို့မခံစားရသည့် ရေတိုအကျိုးအမြတ်များအတွက်
နိုင်ငံတွင်ရှိနေသည့် စွမ်းအားအရင်းအမြစ်များအပါအဝင် သယံဇာတများကို လိုလိုလားလား လဲ
လှယ်လိုနေခြင်းပင် ဖြစ်ပါသည်။
မြန်မာပြည်သည် စီးပွားရေး၊ နိုင်ငံရေးများတွင် ထာဝရ ရပ်တန့်နေမည်မဟုတ်ပဲ ပြောင်းလဲတိုးတက်
နေမည်သာ ဖြစ်ပါသည်။ သို့သော် နောင်တစ်ချိန်တွင် နိုင်ငံ့အကျိုးကို အပြည့်အဝ လိုလားသော၊
တာဝန်ယူမှုများနှင့် ပြည့်ဝသော အစိုးရမျိုး တက်ရောက်ရရှိလာချိန်တွင် စွမ်းအင်အရင်းအမြစ်များ
အပါအဝင် သယံဇာတများ ခန်းခြောက်နေခဲ့ပြီဆိုလျင် မိမိတို့၏သားမြေး နောင်လာနောက်သား
များအနေဖြင့် မည်ကဲ့သို့ စခန်းသွားကြမည်ကို ဆင်ခြင်သင့်ကြပေသည်။
မန်းကိုကို
၂၄၊ ၀၇၊ ၂၀၁၀
မှီးငြမ်း
- A Crude Awakening (DVD)
- 1500 by William Birnbauer, The Age
* ဟစ်တိုင် http://hittai.net/?show=rm&fileid=17&t=home6&id=6 မှာလည်း သွားဖတ်နိုင်ကြပါတယ်။
* ဒီစာစုကို ဘယ်နာမည်ကြီးသတင်းဋ္ဌာနမှ စိတ်မဝင်စားတာလည်း မှတ်တမ်းတင်ပါတယ်။
Labels:
Message
Subscribe to:
Post Comments (Atom)
ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ တဘက်ကကြည့်ရင် အကောင်းမြင်စရာ သိပ်မရှိဘူး ကိုမန်းကိုရေ..
ReplyDeleteပြောခဲ့သလိုပဲ သဘာဝအရင်းအမြစ်တွေက အကန့်အသတ်ပဲရှိတယ်။ တဘက်က သုံးစွဲအားကို မလျှော့ချင်ကြဘူး။
ရေနံဆိုရင် ဒီနှစ်ထဲမှာ ရေနံသိုက်တချို့  ထပ်တွေ့တယ်ဆိုပေမယ့် တကယ်တမ်းမှာ ဒီရေနံတွေကို မြေကြီးပေါ်ရောက်အောင် စုပ်ထုတ်ဖို့ ကုန်ကျတဲ့ စရိတ်က ပိုပိုကြီးလာတယ်။ supply နည်းလားပီး demandက ကျမသွားတော့ အကျိုးဆက်အားဖြင့် ကျောက်ဖြစ်ရုပ်ကြွင်းကရတဲ့ စွမ်းအင်ဟာ ပိုပိုဈေးကြီးဖို့ပဲ ရှိတယ်။ ဒီတော့ တနေ့တခြား နည်းလာတဲ့ သဘာဝသံယံဇာတတွေကို လုကြယက်ကြရာကနေ တိုက်ကြခိုက်ကြတာတွေ ဖြစ်လာနိုင်တယ်။
အဲ တဘက်မှာလည်း အကောင်းမြင်ကြည့်လို့ရတာ ရှိနိုင်မယ်ထင်တယ်။ လောလောဆယ်မှာ ကိုမန်းကို ပြောတဲ့ renewable energy ပြန်အစားထိုး ပြန်လည်ပတ်သုံးစွဲနိုင်တဲ့ စွမ်းအင်ထုတ်လုပ်မှုတွေက အစိုးရတွေရဲ့ subsidy အိတ်စိုက်အမတော်ကြေးမပါဘဲ အမြတ်မထွက်နိုင်ဘူး။ ကျောက်မီးသွေးတို့၊ ရေနံတို့သုံးပီး ထုတ်တဲ့စွမ်းအင်က ဒီအစားထိုးစွမ်းအင်ထက် ဈေးသက်သာတော့ အစားထိုးစွမ်းအင် အတွက်က economic incentive မရှိဘူး။ ရေနံတို့၊ ကျောက်မီးသွေးတို့ဈေးက အရမ်းကြီးလာပီး အစားထိုးစွမ်းအင်ကိုသုံးတာက ဈေးပိုသက်သာရင် ဒီအစားထိုးစွမ်းအင် အသုံးပြုမှုများလာနိုင်စရာ ရှိတယ်။ ကမ္ဘာကြီးက အဲ့လောက်ခံပါ့မလားဆိုတာပဲ မေးစရာပါ :D
ReplyDeleteတကယ်တော့ စွမ်းအင်တင်မဟုတ်ပါဘူး။ အစားအစာတွေလည်း ပိုပိုဈေးကြီးလာမယ်လို့ ခန့်မှန်းနေကြတာပဲ။ ပါးစပ်ပေါက်တွေတိုးလာတယ်။ အာသီသတွေ ပိုပြင်းပြလာတယ်။ တဘက်မှာ ကောက်ပဲသီးနှံဈေးတွေက နိမ့်လွန်းလို့ ဘယ်သူမှ လယ်သမားမလုပ်ချင်ဘူး။ အာဖရိကမှာ တရုတ်တို့၊ ကိုရီးယားတို့က သူတို့ food security အတွက် ခြေလှမ်းသွက်သွက်လှမ်းနေတာတွေကိုသာကြည့်။
တဘက်မှာ ကျွန်တော်မတင်မကျဖြစ်နေတာတခုရှိတယ်။ အဲဒါက ခုအနောက်နိုင်ငံတွေမှာ အမေရိကန်တို့၊ အင်္ဂလန်၊ ပြင်သစ် စသဖြင့်ပေါ့ဗျာ။ ဒီနိုင်ငံတွေမှာ အ၀လွန်တဲ့လူတွေ ပိုပိုများလာနေတယ်၊ ဟုတ်တယ်မလား။ တချို့ လေ့လာချက်အရဆိုရင် ကမ္ဘာမှာ အ၀လွန်တဲ့လူ အရေအတွက်ဟာ အစားအစာ မလောက်မငစားရသူထက်တောင် ပိုများတယ်ဆိုတယ်။ အမေရိကန်နဲ့ အင်္ဂလန်မှာတော့ ဒါအမှန်ပဲဗျ။ ဒီတော့ ၀တဲ့လူတွေကို အခွန်ကောက်ပီး ရတဲ့ ပိုက်ဆံကနေ အစားအစာ ၀၀မစားရသူတွေကို ထောက်ပံ့ရင် မကောင်းဘူးလားလို့...
ReplyDeleteဝတဲ့သူတွေဆီကတော့ အခွန်ကောက်ဖို့ မလုပ်လိုက်ပါနဲ့ ဆရာရယ်၊ နိုင်ငံရေးသမားတွေအတွက် မီးခဲလက်ထဲထည့်ပေးသလို ဖြစ်နေပါ့မယ်။ အစားအစာကတော့ ဟုတ်တယ်ဗျ၊ ဥပမာ ဆော်ဒီအာရေဗျ ဆိုရင်လည်း ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်း လာလုပ်ဖို့ကြိုးစားနေတာမျိုးတွေ တွေ့လာရပြီ။ ဒါ့ပြင် နောင်ကိုစွမ်းအင်အရင်းအမြစ်တွေ ရှားသွားတဲ့အခါ ပြောင်းဖူးက bio-diesel ထုတ်တာမျိုးတွေလည်း နည်းတစ်နည်းမို့ အစာဈေးနှုန်းတွေ ခေါင်ခိုက်လာနိုင်တယ်။ သယ်ယူပို့ဆောင်စရိတ်ကလည်း တစ်ကဏ္ဍပေါ့။ နောက်ပြီး ကိုဝတုတ်ပြောသလိုပဲ ရေနံ၊ သဘာဝဓါတ်ငွေ့တွေကို ပိုပြီးနက်နက်တူးမှရလာတာတွေ၊ အရင်ကရေနံအကျဲတွေတင်ထုတ်ရာက အခုရေနံအပျစ်တွေပါထုတ်၊ ကျဲအောင်လုပ်ပြီး သုံးလာကြတာတွေ စသည်ဖြင့် အသေးစိတ်တွေက အများကြီးဗျ။ ဆောင်းပါးမို့လို့ အတိုချုပ်ရေးရတာနဲ့ လူကြိုက်များမယ့်အရာလည်း မဟုတ်ပဲကိုးဗျ။ လူတစ်ချို့ သတိကလေးများ ဝင်လာရင်ပဲ ရေးရကျိုးနပ်ပါပြီဗျာ။
ReplyDeleteအရှေ့နိုင်ငံတွေမှာ ချမ်းသာတဲ့သူက ၀ပြီး (ဆီဦးထောပတ်စားလို့) အနောက်နိုင်ငံတွေမှာ ဆင်းရဲတဲ့သူတွေကမှ ၀တာ (junk food စားလို့ )လို့ကြားဖူးတယ်။ ထပ်တော့ အခွန်မကောက်လိုက်ပါနဲ့ ကိုဝတုတ်ရယ် ....
ReplyDeleteဆောင်းပါးလေးနဲ့ စေတနာအတွက်ကျေးဇူးပါ မန်းကိုကို။ ကျမကတော့ နေရောင်စွမ်းအင်ကို အကြိုက်ဆုံး။ ပေါလို့။ global warming ကြောင့် ပိုတောင်ပေါလာသေးထင်ပါ့။ လူတစု အသိဝင်ဖို့တော့လား။ အင်း ....... (အသံအရှည်ကြီးဆွဲသွားသည်)