source : http://www.wikihow.com/images/8/87/
လုံးလုံးကြီးရွာတွင် ဖြစ်ပါသည်။
ဦးချုပ်ကြီး၏တူမ “မဘူး” မလှမ်းမကမ်းမှ ဦးဖြူမဲဝါတို့ခြံထဲသို့ ရောက်ရှိနေပါသည်။ ရည်ရွယ်ချက်
ကတော့ သူ့ဦးလေးခြံထဲတွင်ပေါက်သည့် ကြုံလှီနေသော အပင်များမှ ထွက်ရှိသည်များထက်
သာသည့် ဈေးကွက်ဝင်အသီးအနှံများ၊ အထူးသဖြင့် မုန်လာဥကို လာရောက်ခိုးတူးစားနေခြင်း
ဖြစ်ပါသည်။
ကံမကောင်း အကြောင်းမလှမှုက ပေါ်လာသည်။
ဦးချုပ်ကြီး ပစ်ပစ်ခါခါလုပ်ခဲ့သော သူ့ရပ်ဆွေရပ်မျိုးများမှ သိရှိသွားကာ ဦးဖြူမဲဝါကို အသိပေး
လိုက်သောကြောင့် ခြံတွင်းဝင်ရောက်စစ်ဆေးလိုက်ရာ “မဘူး” ကို မုန်လာဥကြီး ကိုက်လျက်ဖြင့်
မိသွားလေသည်။ လက်ပူးလက်ကြပ်ပင်ဖြစ်သော်ငြားလည်း ခြံရှင်သဘော ကောင်းသည်ကို သိ
ထားသောကြောင့် “ကျမလက်နဲ့ ကျမတူးစားတာပါ၊ ဦးလေးရဲ့ တူရွင်း၊ ပေါက်တူးတွေ ယူမသုံး
မပါဘူး” ဟု ပြန်ဖြေရှင်းလေသည် ဟူသတတ်။
သို့ပေမင့် ရပ်ရွာစည်းကမ်းရှိပါသည်၊ မုန်လာဥကို ခပ်တည်တည်ဖြင့် ဆက်စားလို့ မရတော့ပါ။
ဦးဖြူမဲဝါမှ မဘူးအား ဘာမှအပြစ်မပေးပဲ ဦးချုပ်ကြီးအိမ်သို့သာ ပြန်လွတ်လိုက်လေသည်။ မပြီး
သေးပါ။ ဦးဖြူမဲဝါခြံထဲမှ ကိုယ့်လူသူ့ဖက်သား သူရင်းဌားတစ်ဦးက ညှောင်နာနာဖြင့် ထအော်သည်။
မဘူးမှာ ဘာအပြစ်မှ မရှိရှာပါဘူးဗျာ၊ တစ်ရွာလုံးနဲ့ မတည့်တဲ့ သူ့ဦးလေးရဲ့ မိသားစုကြောင့် သူမ
ကို ဒီလိုရက်ရက်စက်စက် မလုပ်သင့်ပါဘူးဗျာ၊ တဲ့။ လူတွေမျက်စောင်း ဝိုင်းထိုးပေမယ့် မုန်လာဥ
တစ်ကိုက် ပေးကိုက်ထားသော ထိုသူရင်းဌားကတော့ ခပ်ပြောင်ပြောင်ပင်။
ပုံပြောနေတယ်လို့တော့ အတွေးမမှားစေလိုပါ။ မကြာခင်ကမှ သြစတြေးလျနိုင်ငံက အနှင်ခံခဲ့ရတဲ့
စစ်ခေါင်းဆောင်တစ်ဦးရဲ့ ရင်သွေးတစ်ယောက်အကြောင်း စိတ်ကူးယဉ်ပုံဖေါ်ကြည့်တာပါ။
ဒီသတင်းကိုဖတ်မိတော့ စိတ်ထဲတနုံ့နုံ့ဖြစ်နေမိပါတယ်။ သူတပါးသားသမီးကို ကိုယ်ချင်းမစာ မနာ
လိုမုန်းတီးစိတ်တော့ မပါရေးချ မပါ။ သူမလို အခွင့်အရေးမရကြရှာသော မြန်မာပြည်သူ ပြည်သား
များအတွက်သာပါ။
သိမှတ်ထားမိသမျှ သြစတြေးလျနိုင်ငံမှာ ဥပဒေချိုးဖေါက်ပါက တရားရုံးမှာ ရင်ဆိုင်နိုင်ဖို့ရာ အခွင့်
အရေးရတယ်။ ဥပဒေအတိုင်း ထင်သာမြင်သာ တရားဆိုင်နိုင်တယ်၊ ရှေ့နေဌားနိုင်တယ်၊ တော်ရုံ
အမှုဆို အာမခံဖြင့် နေနိုင်တယ်၊ အချုပ်ထဲနေစရာမလို။ တခါ အမိန့်ချသည်ကို ကြည့်ပြန်တော့
သက်သက် ညှာညှာ။ အမှုစွဲခံရသူအတွက် ထည့်သွင်းစဉ်းစားမှုတွေကလည်း မပြည့်စုံရင်တောင်
အပြစ်ဆိုစရာ နည်းပါးလှပါတယ်။
အထက်က အမှုကိစ္စမှာ ဖြေရှင်းချက်တွေကို ကြည့်လိုက်တဲ့အခါ၊ အမှုစွဲခံထားရသူမှာ သူမရဲ့
မိဘတွေနဲ့ ဆက်စပ်မှုမရှိပါလို့ ဆိုပါတယ်။ မြန်မာပြည်သူ ပြည်သားတွေအတွက်တော့ လက်ခံရ
အတော်ခက်မယ့် အကြောင်းပြချက်တစ်ခုပါ။ အရင်ဦးခင်ညွန့် သူ့သားစင်္ကာပူသူနဲ့ယူလို့ အမွေ
ပြတ် ကြော်ငြာတာကို သွားသတိရကြနိုင်ပါတယ်။ ကဲ၊ ဖြစ်နိုင်သည်ပဲထားတော့၊ သူမဟာ ငွေရေး
ကြေးရေးအရ မိဘကိုအားထားမှုမရှိတဲ့အပြင် ကျောင်းကမဟာဘွဲ့ရတာနဲ့ အလုပ်ရတော့မည်တဲ့။
သြစတြေးလျမှာ ကျောင်းတက်သူတွေ တရားဝင်ဝင် မဝင်ဝင် အလုပ်လုပ်ကြတာနဲ့ ခန့်မယ်ဆိုတဲ့
အလုပ်ဆိုတာကလည်း လုပ်ယူလို့ရနိုင်တဲ့ဟာဆိုတာ သိထားသူတွေအတွက်ကတော့ ခပ်ထူထူ
အကွက်တွေပါ။ ရောက်နေတဲ့နိုင်ငံရဲ့ ဥပဒေနဲ့ အခွင့်အရေးတွေကိုသုံးပြီး ငါးကြင်းဆီနဲ့ ငါးကြင်း
ကြော်တဲ့ အကွက်ကလေးသာပါ။ မုန်လာဥ လက်ထဲလက်ပူးလက်ကြပ်မိတာကို မုန်လာဥထပ်လုပ်
(လိမ်) နေတာပါ။
ရုတ်တရက် အတွေးထဲဝင်လာတဲ့ အဖြစ်တစ်ခုရှိပါတယ်။
ဖားအံ (ဘားအံ) မြို့နယ်က NLD ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ထွေးမြင့်အကြောင်းပါ။
သူမဟာ အဖွဲ့ချုပ် အစည်းအဝေးတက်ဖို့ ရန်ကုန်မြို့ကိုသွားရင်း တရားမဝင်ဖြစ်စရာမရှိတဲ့ တိုင်း
ရင်းသား အဝတ်အထည်တွေကို သယ်ဆောင်သွားခဲ့ပါတယ်။ သထုံရထားဘူတာမှာ အာဏာပိုင်
တွေရဲ့ အနှောင့်အယှက်ပေးတာကို ခံခဲ့ရပြီး ပြန်လည်ဖြေရှင်းဖို့ ကြိုးစားမှုဟာ တာဝန်ဝတ္တရား
နှောင့်ယှက်မှုသာ ဖြစ်သွားပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ တစ်ဖက်မှာကျတော့ လုပ်ပိုင်ခွင့်
အာဏာထက် ပိုလွန်လုပ်ကိုင်မှု၊ အလွဲသုံးစားမှုတွေ ဘယ်တုန်းကမှမရှိ။ ဒါတွေဟာ မြန်မာပြည်
သူ ပြည်သားတွေ မြင်နေ၊ ကြုံနေရတာတွေထဲက (ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ ရေခဲတောင်
ထိပ်) အစွန်အဖျားလေးသာသာပါ။
မြန်မာပြည်တရားရေးကိုကြည့်ရင် ၈၈ ခုနှစ်ရှေ့ပိုင်းနဲ့ နောက်ပိုင်းမှာတောင် ကွာတာတွေ တွေ့
ရနိုင်ပါသေးတယ်။ (မဆလ ကောင်းတယ်လို့ မဆိုလိုပါ)။ ရန်ကုန်မှာ သေနတ်နဲ့ ရမ်းကားခဲ့တဲ့
“ဝ” အမျိုးသားအချို့ရဲ့အမှုမှာ အရင်က အကြီးလေးဆုံး လူသတ်မှုအတွက်ချမှတ်ခဲ့တဲ့ အနှစ်
၂၀ အမိန့်မျိုးကို ကျော်လွန်ပြီး စုစုပေါင်းအနှစ် ၅၀ စသည်ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့တာကို တွေ့ရ
နိုင်ပါတယ်။ (တကယ်တန်း ပြစ်ဒဏ်ကျခံရ မခံရကိုတော့ သက်ဆိုင်သူတွေပဲ သိမှာပါ)။
အပေါ်က ပြောခဲ့တဲ့တာတွေကိုထောက်ပြီး ကြည့်လိုက်ရင် မြန်မာပြည်မှာ ဖမ်းဆီးထောင်ချခံ
နေကြရတဲ့သူတွေ၊ အထူးသဖြင့် နိုင်ငံရေးသမားများမှာတော့ လက်ပူးလက်ကြပ် မိမိမမိမိ အဓိက
မဟုတ်၊ အာမခံနဲ့လွတ်ပေးသည်မျိုးကဝေး၊ မုန်လာဥလုပ်ဖို့ မဆိုထားနဲ့ ရှေ့နေဌားခွင့်တောင်
မလွယ်ကြပါ။ မရှိတဲ့အမှုကို ရှိလာအောင် အလုပ်ခံရတဲ့ နေရာမှာတော့ ပြောစရာတောင်မလို၊
ချမှတ်လိုက်တဲ့ ပြစ်ဒဏ်များကလည်း ၆၅ နှစ်၊ နှစ်တစ်ရာကျော်၊ ကြားလို့ မြင်လို့သာ ယုံရတော့
တယ်၊ မြန်မာပြည်သူ ပြည်သားအများစုမှာ ဥပဒေရေးရာကို ရိုးရိုးသားသားတွေးရင်ဖြင့် ဥာဏ်ပင်
မှီနိုင်ကြတော့မှာ မဟုတ်ပါ။ ဒီတော့ သူတို့အတွက် ကြုံတွေ့နေရတာတွေကိုတော့ သံလက်သီး
နဲ့သာ နှိုင်းလိုပါတော့တယ်။
နိုင်ငံရေးအရ သဘောမတူသူများရဲ့ အပြစ်ဟာ ဒီလောက်ကြီးမားကြတယ်လို့ ယူဆ နှိပ်ကွပ်နေ
ရင်ဖြင့် လက်ရှိအာဏာ ဆုပ်ကိုင်ထားသူတွေရဲ့ ဘဝတွေများ အခုနေ အထက်အောက် ပြောင်းပြန်
ဖြစ်ခဲ့သော် မခက်ပေဘူးလားလို့ ကြံဖန်တွေးမိတယ်။ ကြက်သီးများတောင်ထချင်စရာ ကောင်းမှာ
တော့ အမှန်ပါ။ ဒါကြောင့်ပဲ မိုက်တွင်းများ ဆက်ပြီး နက်သထက်နက် နေကြသလား။ ဒီလိုပဲ မထူး
ဇာတ်ခင်းနေပြန်ရင်တခါ ဇတ်တူသား အစားခံရတာတွေနဲ့ အဆုံးသတ် ကြရတာတွေကလည်း
ရှိနေခဲ့တာ သတိပြုစရာပါ။
အချုပ်ဆိုရရင်တော့ မြန်မာပြည်သူ ပြည်သားတွေမှာ အထက်က “မဘူး” လို အခွင့်အရေးတွေ
အလိုအလျောက် ရလာဖို့ရာ ခုထက်ထိတော့ လမ်းစမမြင်ပါ။ သံလက်သီးကို ရင်ဆိုင်ပြီး ရအောင်
ယူကြဖို့ နည်းလမ်းသာ မြင်မိပါတယ်။ ခုချိန်မှာ အချို့က လူမှုရေး လှုပ်ရှားမှု၊ အချို့မှာတော့ ဆန္ဒမဲ
သပိတ်မှောက်ဖို့၊ နိုင်ငံရေး ဗဟုသုတ ဖြန့်ဝေဖို့၊ အမိန့် အာဏာ ဖီဆန်ဖို့၊ ပြည်တွင်း ပြည်ပကဖိအား
တွေပေးဖို့၊ အချို့မှာတော့လည်း မြေအောက်လှုပ်ရှားမှု၊ လက်နက်စွဲကိုင်တာတွေ စသည်ဖြင့် ရွေး
ချယ်ကြပါတယ်။ မိမိကိုယ်ရဲ့ အရှင်သခင်တွေဖြစ်ကြတဲ့ ခင်ဗျားတို့ကကော၊ ဘာဆက်လုပ်ကြမလဲ။
အကောင်းဆုံး ဖြစ်ချင်မှ ဖြစ်နိုင်မှာဆိုပေမယ့် အသင့်တော်ဆုံးနဲ့ အမှန်ကန်ဆုံး ကိုယ်ပိုင်လမ်းတွေ
ကို ရွေးချယ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ….
မန်းကိုကို
၀၄၊ ၀၆ ၂၀၁၀
** ဟစ်တိုင် ရသကဏ္ဍမှာ ဒီစာစုကို ဖေါ်ပြထားပါတယ် - http://hittai.net/?show=rm&fileid=12&t=home9&id=9
သေချာ ဖတ်သွားတယ်
ReplyDeleteစဉ်းစားသွားတယ်
ဆရာမန်းရေ ခရီးထွက်နေလို့ ခုမှလာဖတ်ဖြစ်တယ်ဗျာ။ ကျွန်တော်လည်း 'မဘူး' ကို သြော်ဇီက ၀င်ခွင့်မပြုတဲ့ သတင်းကို ကြားတယ်။ မဘူး တွေတယောက်မကဘူးဗျ။ ဒီဘက်မှာလည်း ဒီလို case တွေကြားဖူးတယ်။ ဒါတရားလား၊ မတရားဘူးလားဆိုတာ ဆွေးနွေးစရာပဲ။ ကျေနပ်လောက်တဲ့ ဆွေးနွေးမှုမျိုးရရင် post တင်မယ် စိတ်ကူးတယ်ဗျာ။
ReplyDelete