□ အို လောက □
အောင်မြင်သောအခါ
သူပါ ကိုယ်ပါ
အားလုံးပါ၍
ရှယ်ယာများစွာ
ဆူညံစွာဖြင့်။ ။
ဆုံးရှုံးသောအခါ
သူလဲမပါ
ကိုယ်မပါ၍
ရှယ်ယာမရှိ
တိတ်ဆိတ်ဘိ၏။ ။
သင်သိ။ ငါသိ။ အားလုံးသိကြ ။
အို လောက။ ။
မောင်စင်ကြယ်
( “ပန်းကြာခိုင်” ကဗျာစု )
◊ “ပြန့်ကျဲနေသော ကဗျာပွင့်များအား ကောက်ယူ သိမ်းဆည်းထားမိသည်၊” (မောင်စင်ကြယ်)
◊ ဤကဗျာကို စာရေးဆရာကြီး မောင်စင်ကြယ်၏ ခွင့်ပြုချက်ဖြင့် သူ၏ “ပန်းကြာခိုင်” ကဗျာစုပါ
ကဗျာတို၊ ရှည် ၄၉ ပုဒ်အတွင်းမှ ကူးယူဖေါ်ပြသည်။
ကဗျာရဲ့ အနှစ်သာရလေးကို မှတ်သားသွားပါတယ်။ အချွေအရံများတာ လာတ်တပါး ဆိုပေမဲ့ မိမိ အောင်မြင်နေချိန်မှာ အချွေအရံဆိုတာ တကယ်လာတ်လို့ ပြောလို့မရပါဘူး။ မိမိဆုံးရှုံးနေချိန်မှာ မိမိအနားမှာ ရှိနေသေးတဲ့ ရှိတဲ့အချွေအရံကိုပဲ အစစ်အဖြစ် မှတ်ယူလို့ ရနိုင်လိမ့်မယ်။
ReplyDeleteဆုံးရှုံးသောအခါ
ReplyDeleteသူလဲမပါ
ကိုယ်မပါ၍
ရှယ်ယာမရှိ
တိတ်ဆိတ်ဘိ၏။ ။
တော်သေးတာ ပေါ့။ တချို့ဆို ရင် မအောင်မြင်ပဲ ဆုံးရှုံး ခဲ့တဲ့ အခါကျ မှ မင်း ကြောင့် ဆိုပြီး ၀ိုင်းပြီး ဝေဖန် ရှုံ့ချ ကဲ့ရဲ့ တာလဲရှိတယ်လေ။
မန်းကိုကိုရေ
ReplyDeleteကဗျာလေးပြောတာမှန်တယ်နော်