ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Showing posts with label Election. Show all posts
Showing posts with label Election. Show all posts

Friday, September 24, 2010

♦♣ ဆွဲထုတ်မိသမျှ ရွေးကောက်ပွဲအပိုင်းအစ ♠♥



     ဘယ်သူတွေဘယ်လိုပဲဆိုဆို မကြာခင်မှာကျင်းပဖို့ရည်ရွယ်ထားတဲ့ ရှားရှားပါးပါးရွေးကောက်ပွဲက
တော့ လုပ်ဖြစ်ဖို့နဲ့ လက်ရှိအာဏာဆုပ်ကိုင်ထားသူတွေကနေပြီး သူတို့လိုချင်တဲ့အဖြေကိုရအောင်အစွမ်း
ကုန်ကြိုးစားသွားမှာကတော့ လယ်ပြင်မှာဂေါ်ဇီလာသွားသလို အထင်အရှားနဲ့သေချာသလောက် ရှိနေ
ပါပြီ။ အချိန်နီးကပ်နေပြီး ငွေ၊ အာဏာ၊ လက်နက်တွေနဲ့ထောင့်စေ့အောင် ကျိုးစားကာကွယ်ထားတဲ့
ဒီရွေးကောက်ပွဲကို ရလဒ်ပြောင်းသွားအောင် ဘယ်လိုမှလုပ်လို့မရနိုင်တော့ဖူးလို့ ထင်သူတွေရှိနိုင်ပါ
တယ်။ ပြောင်းလဲလို့ရနိုင်ကောင်းမှရနိုင်မှာဖြစ်ပေမယ့် ကျိုးစားချင်သေးသူတွေ၊ နောင်အတွက် အသင့်
ပြင်လိုသူတွေအတွက်တော့ လွယ်လွယ်ကူကူစုစည်းလို့ရနိုင်သမျှအချို့ကို တင်ပြလိုက်ပါတယ်။