ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, February 22, 2013

တို့မြေမှာ ငရဲမီးတွေ ကွက်ကြားရွာနေခဲ့တယ်


   ဒီစာကို မတင်ချင်ဘူး ။
   ထို့နည်းတူ ၊ ရေးထားတဲ့ အကြောင်းရာတွေဟာလည်း ဘယ်တုန်းကမှ မဖြစ်သင့်ခဲ့တာ အသေချာ ။

   လျှံကျနေတဲ့ နာကျည်းမှုတွေကို ဘယ်သူအတွေးထဲကိုမှ မစီးဆင်းစေချင်ဘူး ။
   ဒါပေမယ့် ၊ မမြင်ရာမှာ ရွာသွန်းနေတဲ့ ငရဲမီးမိုးတွေအတွက်လည်း ၊ စာနာမှု အမိုးအကာတွေ လစ်
ဟာ လိုအပ်နေတယ် ။

   ဆိုးရွားလွန်းတဲ့ သံသရာတွေကို ထပ်ထပ်ပြီး လည်မပတ်စေချင်ဘူး ။
   သို့သော် ၊ နတ်ဆိုးဝိဥာဉ်တွေကလည်း ၊ မြေပြင်အနှံ့မှာ ကခုန်နေကြတာမို့ ၊ ပူလောင်သံစဉ်တွေ
ထာဝရ မဖုံးလွမ်းရအောင် ၊ နှုတ်ကြမ်းကြမ်းနဲ့ ၊ အိပ်မက်နှိုး မိုးကြိုးပစ်သံတွေ လက်ဆင့်ကမ်းကောင်း
ကမ်းရမယ်  ။

   ဖြစ်နိုင်ရင် .. မနက်ဖြန် နေအပွင့်မှာ ၊ နှလုံးသား ကြမ်းရင့်နေသူတွေကို ၊ မေတ္တာလက်လှမ်း ကမ်း
ပေးလိုက်ချင်တယ် ။
   ဒီလို ကမ်းပေးနိုင်အောင်လည်း ၊ တင်းတင်းကုပ်ထားတဲ့ သူ့ရဲ့လက်ဆုပ်တွေကို ဖြည်ဖြုတ်ဖို့ နဲ့ ၊
ပေနေတဲ့ သွေးတွေကို ဝိုင်းကူသုတ်ပေးဖို့တော့ လိုကောင်းလိုလိမ့်မယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~           

(အောက်မှာ တင်ထားတဲ့စာဟာ ၊ Facebook ပေါ်က Shwe Kshee Wah ဆီကနေ share ထားတာ
ဖြစ်ပြီး ၊ မူရင်းကတော့ "ဝင်းခက် အွန်လိုင်းဂျာနယ်" က ဖြစ်ပါတယ်) ။


  • အရိုးပါရင်လည်း ဖယ်ပြီးတော့သာ စားသွားကြပါ ။
    ကိုယ်စိတ်ချမ်းသာဖို့ အရေးကြီးပါတယ် ။
  • ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်တွင်းစစ်တွေ ရပ်ပါတော့
====================
  လူတချို့က ကျနော်မျက်ရည်ကျတာကို အံ့သြတယ်။ စစ်ဗိုလ်စစ်သား တွေလည်း နှလုံးသားနဲ့လူပါ။
ငိုတတ်ရယ်တတ် ဝမ်းနည်းကြေကွဲ တတ်ပါတယ်။ အခုတော့ ကျနော့်မှာ ငိုစရာ မျက်ရည်တွေ ခမ်းနေ
ပါပြီ။ ကြေကွဲရလွန်းလို့လည်း ကျနော့် နှလုံးသားဟာ ထုံကျင်ယောင်ကိုင်း လို့နေပါပြီ။

  ကျနော်ဟာ ကော်သူလေးက စစ်ဗိုလ်တဦးပါ။ ဒါပေမယ့် စစ်ကို ကျနော်မုန်းပါတယ်။ စစ်ပွဲတွေ ရှိနေ
သ၍ အပြစ်မဲ့ပြည်တွေ သေကြပျက်စီး နေကြဦးမျာပဲဆိုတာ ကျနော်လက်ခံပါတယ်။ ကျနော်တို့ ပြည်
သူတွေ ဒုက္ခ သုက္ခတွေ ခံစားရတာကိုမြင်တိုင်း စစ်ကိုနာကျည်း မုန်းတီးမိတယ်။ ကျနော့်နည်းတူ ကျ
နော့်တို့ပြည်သူတွေ မငိုတတ်မရယ်တတ်ကြတော့ဘူး ထင်ပါရဲ့။ ကျနော်နဲ့ ဆုံခဲ့ရတဲ့မိန်းခလေး တဦး
ကတော့ သူ့ဘဝမှာ ငိုလို့ဝသွားပြီတဲ့။ သူမငိုနိုင်တော့ဘူး။ ဒါကြောင့်လည်း သူ့အမေနဲ့ ညီမလေးတွေ
ရဲ့ အလောင်းကို မြှုတ်တဲ့ နေ့က ခေါင်ရည်တွေမူးအောင်သောက်ပြီး အစီအစဉ် မကျတဲ့ ဓမ္မသီချင်း
တွေကို သူညည်းနေခဲ့တယ်။သူသောက်နေတဲ့ ခ်ေင်ရည်တွေဟာ သူတို့တောင်ယာသိမ်းဖို့အတွက်
သူ့အမေ ကိုယ်တိုင် လုပ်ခဲ့တဲ့ ခေါင်ရည်တွေပါ။

  သူဟာ မိသားစု (၇) ယောက်အနက်က ကံကောင်းလွန်းလို့ အသက်ရှင်ကျန်ရစ်သူပါ။ သူတို့ရွာထဲကို
နဝတ တပ်တွေဝင်ပစ်တော့ ပထမဆုံး သူ့အဖေဆုံးခဲ့ရတယ်။ သူတို့ ရွာသားအားလုံးလည်း ထွက်ပြေး
ခဲ့ရတယ်။ နေရာသစ်တောင်ယာတဲမှာတော့ သူ့အကိုနဲ့ မောင်လေးအသတ်ခံရပြန်တယ်။ နဝတ တပ်
တွေ တောင်ယာတဲမှာ နေသူတွေကို သူပုန်တွေလို့ သတ်မှတ်ထားတော့ သူ့အကိုမောင်လေးဟာ အ
မေးမြန်းမရှိ ပစ်သတ် ခံခဲ့ရတာပါ။ အခုနေရာ မှာတော့ သူ့အမေနဲ့ ညီမလေးနှစ်ယောက် ဆုံးခဲ့ရပြန်
ပါတယ်။

  အဲ့ဒီနေ့က သူတို့တဲပုန်းလေးမှာ သူမရှိနေခဲ့ဘူး။ သူဟင်းရွက်ရှာနေတဲ့ အချိန်မှာ သေနတ်သံတွေ

ကြားရတော့ အမေနဲ့ ညီမလေးနှစ်ယောက်အတွက် သူစိတ်ပူခဲ့ရတယ်။ သူတို့နေတဲ့ တဲပုန်းလေးဆီ
သူပြန်မလာရဲဘူး။ (၂) ရက်တိတိ တောထဲမှာဘဲ အိပ်ခဲ့ရတယ်။ စစ်သားတွေ ထွက်သွားလောက်ပြီ
ထင်တဲ့အချိန်မှ သူပြန်လာခဲ့တယ်။ သူရောက်သွားတဲ့ အချိန်မှာတော့ သူတို့ပုန်းအောင်းနေထိုင်တဲ့
တဲ(၅)လုံးမှာ လူတွေတစ်ယောက်မှ အသက်ရှင်ပြီး ကျန်မနေတော့ဘူး။ ထိတ်လန့်ပြီး ခြေဦးတည်ရာ
ထွက်ပြေးရင်းကျနော်တို့နဲ့ တွေ့ခဲ့ရတယ်။ သူ့အမေ အလောင်းရှိရာ သူရောက်သွားတော့ သူငိုဖို့

မေ့နေခဲ့တယ်။

  ရန်သူဟာ ကျနော်တို့ လူမျိုးအပေါ် ရက်စက်လွန်းတယ်ဗျာ။ ဘယ်လိုမှ အသက်ရှင်နေထိုင်ခွင့် မရ
အောင် ကိုဖျက်ဆီးကြတယ်။ လူမျိုးပြုန်းသုတ်သင်မှု လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။ စနစ်တကျ
ကို မြေလှန်ဖျက်ဆီး နေခဲ့တာပါ။ ရွာတွေထဲမှာ မနေနိုင်အောင် နည်းအမျိုးမျိုးနဲ့ လုပ်တယ်။ ရွာတွေ
ပျက်ပြီးတောတောင်တွေထဲ ကစဥ့်ကလျား နေထိုင်ကြပြန်တော့လည်း အမေးအမြန်းမရှိ အကုန်
ပစ်သတ်တယ်။စားပင်သောက်ပင်တွေကိုလည်း အမြစ်ကအစ ခုတ်လှဲတယ်။ စားမကုန်သောက်
မကုန်တဲ့ ကြက်ဝက်တွေကိုလည်း ဟိုတကောင်ဒီတကောင် ပစ်သတ်ပြီး ထားခဲ့ကြတယ်။

  ကျနော်တို့ တောင်ပေါ်ရွာက ကြက်တွေဟာ သိပ်ယဉ်ပါးတယ်။ စပါးတဆုပ်လောက် ပက်ကျွေးလိုက်
ရင် လူရှိရာကို အားလုံးဝိုင်းလာကြတာ။ ဒီအထာနပ်နေတဲ့ စစ်သားတွေက စပါးတဆုပ်လောက် ပက်
ကျွေးပြီး ကြက်တွေကိုဖမ်း လည်လိမ်ချိုးပြီး မြေပေါ်မှာ ဒီအတိုင်းပဲထားခဲ့ကြတာ။ ရွာသားတွေ ရွာနား
ပြန်ကပ်ချိန် မှာတော့ ပုပ်ပွပြီးလောက်တွေ တက်နေပြီ။ ရွာသားတွေကို အသက်ရှင်ခွင့် မရအောင်ကို
သူတို့လုပ်နေကြတယ်။ စက်သတင်းတွေကလည်း ကျနော်တို့ကြားရတာပဲ။ ရွာတရွာကို သူတို့ဝင်ပြီး
ရင် အထက်ကို သတင်းပို့တယ်။ ရွာထဲကို ဝင်ပြီးပြီ။ အားငြိမ်ကုန်ပြီ။ ဘာဆက်လုပ်ရမလဲလို့ မေးရင်
ဟိုကနေ ပြန်အမိန့်ပေးတာက ‘အားလုံးကို အရောင်ပြောင်းပစ်လိုက်’ တဲ့။ ဒီတော့တရွာလုံးကို မီးတင်
ရှို့တော့တာပဲ။

  မပြေးမလွှားနိုင်လို့ ကျန်ခဲ့တဲ့လူကိုလည်း လူလိုမသတ်ဘူး။ တဲတလုံးမှာ အသက်(၇၀)ကျော် မျက်

မမြင်အဖွားကြီးတယောက် မပြေးနိုင်လို့ ကျန်ခဲ့တယ်။ ဒါကို ကျည်ဆံအကုန်ခံပြီး မပစ်သတ်ဘူး။ တဲ
အောက်ကနေ အသာလေး မီးတင်ရှို့လိုက်တော့ လူဟာ မီးတင်ရှို့ပြီးသား ဖြစ်သွားတယ်။ ကျနော်
တို့ ရောက်သွားတော့ လူကတောင့်ပြီး မချိမဆန့် အသက်ထွက်နေတာကိုတွေရတယ်။

  ဝက်တွေစားပုံကလည်း တကယ်စံနစ်ကျတယ်။ ဝက်တကောင်လုံးကို တံစို့ထိုးကင်ပြီး သားရေမြေ

မှာခင်းပြိး အတွင်းသားတွေကိုပဲ နှိုက်စားကြတယ်။ မစားချင်တဲ့ ခေါင်းနဲ့သားရေကိုတော့ ဒီအတိုင်းပဲ
ထားခဲ့တယ်။ ဒါတွေကို ပြန်မြင်ရတဲ့ ပိုင်ရှင်ရွာသားတွေ ဘယ်လိုခံစားရမလဲ ဆိုတာတွေး ကြည့်ကြ
ပါတော့။

  တောင်ယာစပါးခင်း တွေကို ဖျက်ဆီးကလည်း တကယ့်ကို စံနစ်ကျပါတယ်။ မီးရှို့ဖျက်ဆီးတာမျိုး
မလုပ်ဘူး မြေက အစိုဓါတ်ရှိတော့ မီးရှို့ရင်လည်း တပင်နဲ့တပင် မီးကူးဖို့လည်း သိပ်မလွယ်ဘူး။ ဒီ
တော့ စစ်ကြောင်း(၂) ကြောင်း (၃) ကြောင်းလောက်နဲ့ စပါးခင်းထဲဝင်ပြီး သစ်ခက်တွေနဲ့ လိုက်ရမ်း
ပစ်တယ်။ စပါးစေ့တွေ အကုန်ကြွေကျကုန်တာပေါ့။ အဝေးကကြည့်ရင် အိမ်တွေ တိရ စ္ဆာန်တွေ မ
ရှိတော့ပေမယ့် စပါးခင်း တွေကျန်သေးတယ် လို့ထင်ရတယ်။ အနီးရောက်သွားတော့မှ စပါးစေ့မရှိ
တော့ပင်ထောင်တွေကိုပဲ တွေ့ရ တယ်။ စစ်တပ်ထွက်သွားရင် ထွက်သွားရင် ထွက်ပြေးကြတဲ့ ရွာ
သားတွေဘယ်နည်းနဲ့မဆို သူတို့တဲတွေဆီ ပြန်ကပ်မှာ ဘဲဆိုတာ ရန်သူက တွက်လို့ထိတယ်။ ဒီ
တော့ တဲတွေနားမှာ တောင်ယာစပါးခင်းတွေထဲမှာ မိုင်းထောင်ထား ခဲ့တယ်။ ပွဲချင်းပြီးသေတဲ့သူနဲ့
မသေမရှင် ဒုက္ခိတဖြစ်ရသူနဲ့ ဘဝတွေပျက်ရတာလည်း များလှပါပြီ။

  လူ့အခွင့်အရေးအဖွဲ့တွေ NGO တွေ သတင်းသမားကိုလည်း ကျနော်ပြောချင်ပါတယ်။ ဒီလိုအခြေ
အနေတွေဖြစ်သွားပြီး လေးငါးရက်လောက်ကြာရင် ဒီအဖွဲ့တွေရောက်လာကြပြီး၊ ဗီဒီယိုတွေ ဓါတ်ပုံ
တွေ အဖြတ်ဖြတ်ရိုက်ကြ၊ အင်တာဗျူးတွေ အမျိုးအမျိုးလုပ်ကြ၊ ပြီးတော့လည်း သူတို့ပြန်သွားကြ
တာပဲ။ ကျနော်တို့ပြည်သူတွေက လူ့အခွင့်အရေးဆိုတာ မသိဘူး။ သတင်းဆိုတာကို နားမလည်ဘူး။
ကျနော်တို့ပြည်သူတွေ လိုနေတာက ထမင်း၊ ပြည်သူတွေငတ်နေတာကလည်း ထမင်းဘဲ။ ဒါကြောင့်
ထမင်းစားရဖို့ကို သူတို့မျှော်လင့်တယ်။ဒီလိုမျှော်လင့်တာလည်း သူတို့အတွက် သဘာဝကျတယ်လို့
ထင်တယ်။

  သူတို့မျှော်လင့်တာပြန်မရတောလည်း သူတို့ခံစားချက်တွေ သူတို့ဘဝအကြောင်းတွေကို မပြော

ချင်တော့ဘူး။ ဘဝရဲ့အဖြစ်ဆိုးတွေ ကြေကွဲဖွယ်ရာတွေကို အကြိမ်ကြိမ် ပြောပြနေရတဲ့ကိစ္စကလည်း
သူတို့ရင်ကို ဓါးနဲ့မွှန်းသလို သူတို့ခံစားရတယ်။ ကျနော်တို့ပြည်သူတွေရဲ့ ခံစားချက်အပေါ် စာနာနား
လည်သင့်တယ်လို့ ထင်ပါတယ်။

  နောက်ထပ် သတင်းဆိုးတခုလည်း မကြားချင်ပဲ ကြားခဲ့ရတယ်၊ သားသမီး(၄)ဦး နဲ့ ကိုယ်ဝန်ဆောင်
ဇနီးသည် ပစ်သတ်ခံလိုက်ရတဲ့ ရွာသားတဦး ။ သူဒုက္ခသည်စခန်းကို ရောက်တော့ သတင်းသမားတွေ
နိုင်ငံခြားသားတွေက သူ့ကို မေးခွန်းအမျိုးမျိုး မေးကြတယ်။ ကြာတော့ အဲ့ဒီလူ စခန်းကနေ ပျောက်
သွားတယ်။ ဘဝတွေနဲ့ရင်းခဲ့ရတဲ့ အဖြစ်အပျက်တွေကို ထပ်ထပ်ခါခါ ပြောပြနေရတော့ သူတို့ဘယ်လို
ခံစားနေရမယ်ဆိုတာ ကျနော်တွက်လို့ထိပါတယ်။ လူတယောက်မှာ နှလုံးသားအပိုမပါဘူး ဆိုတာ အဲ့
ဒီလူတွေ နားလည်ဖို့ ကောင်းပါတယ်။

  ကျနော်တွေ့ခဲ့ရတဲ့ ကျနော်တို့ပြည်သူတွေဟာ သူတို့အသက်ကို သူတို့အတတ်နိုင်ဆုံး ရှာကြံပြီးတော့
ဆက်နေကြရတဲ့ ဘဝပါ။ တောင်ယာ ခုတ်လို့မရတော့တဲ့အဆုံးမှာ မှိုတို့ မျှစ်တို့ အသီးအရွက်တို့ ဖုတ်
တလှည့် ပြုတ်တလှည့် စားကြတယ်။ ဒါပေမယ့် ဘာအသီးအနှံမှ မရနိုင် ဟိုမရောက် ဒီမရောက် ရာ
သီမှာတော့ သူတို့ ဒုက္ခအကြီးအကျယ် ရောက်ကြတယ်။

  ကျနော့်အတွေ့အကြုံအရ ဒီနှစ်အတွင်းမှာ ဆန်တောင်းစားတာ (၂) ခါလောက်ကြုံဘူးတယ် ခရီး

သွားရင်းနဲ့ အမျိုးသမီးတဦး ကျနော်တို့နဲ့ လမ်းမှာလာဆုံတယ်။ သူ့ကလေးတွေ ထမင်းမစားရတာ
(၁၀)ရက် ရှိပြီ။ ဖျားလည်းဖျားနေကြတယ်။ သူတို့ပုန်းတဲ့ အနီးတဝိုက်မှာလည်း မှိုတို့မျှစ်တို့ တော
ငှက်ပျောပင်တို့ရှာလို့မရတော့ဘူးလို့ ပြောပြတယ်။ ဆန်သွားရှာမယ်လို့ပြောပြီး ထွက်သွားတဲ့ သူ့
ယောက်ျားလည်း ပြန်မလာတော့ဘူးတဲ့။ လမ်းမိုင်းပဲ နင်းမိသလား။ နအဖတပ်နဲ့တိုးလို့ အဖမ်းခံရသ
လားဆိုတာ သူလည်းသေသေချာချာ မပြောနိုင်ဘူးတဲ့။ ကျနော်နဲ့ ရဲဘော်တယောက်မှာ ဆန်တကြိုး
စီပါတယ်။ ဒီတော့ သူ့ကို ဆန်ကြိုးတကြိုးပဲ ကျနော်တို့ပေးနိုင်ခဲ့တယ်။

  အဲ့ဒီနေ့က ခရီးဆက်ထွက်ခဲ့ရပေမယ် ကျနော်တို့ စိတ်နှလုံးတွေ လေးလံအုပ်ဆိုင်း လို့နေခဲ့တယ်။

ကျနော်တို့ စိတ်ရှိလက်ရှိအော်ပြီး ငိုပစ်လိုက်ချင်တယ်။ သေနတ်ထမ်းနေတဲ့ ကျနော်ကိုယ် ကျနော်
လည်းရှက်နေမိတယ်။ ကျနော်သေနတ်က ကျနော်ပြည်သူတွေအတွက် ဘာမှအထောက်အကူ မ
ဖြစ်ခဲ့ဘူး။အသုံးလည်း မဝင်ဘူး။ ကျနော်တို့ ပြည်သူတွေလိုနေတာက ထမင်း။ ကျနော်တော်တော်
လေး ကြေကွဲခဲ့ရတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ကျနော်တို့ ပြည်သူတွေရဲ့ ဘဝဟာ မတွေး
ဝံ့စရာပါပဲ။

  ကျနော်တို့ အကြိမ်ကြိမ် ကြားရပါတယ်။ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုက

ရေစီအရေး၊ အမျိုးသားတန်းတူရေး၊ လူ့အခွင့်အရေး၊ စတာတွေပေါ့လေ။ဒါတွေက ဘယ်တော့လာ
မှာလဲ။အခြေခံပြည်သူတွေဟာ နိုင်ငံရေးဆိုတာကို နားမလည်ကြဘူး။ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်
စားသောက်ဖို့လောက်ပဲ သူတို့သိတယ်။ တကယ်တော့ ပြည်သူတွေဟာ အပြစ်မဲ့ပါတယ်။ ကျွဲနှစ်
ကောင်ခတ်တဲ့ကြားက မြေဇာပင်တွေကို သနားကြပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။

  စစ်ပွဲတွေကို ကျနော်မုန်းလှပြီ။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မတတ်သာလို့ ကိုင်ထားရတဲ့ သေနတ်

ကို နာကျည်းမုန်းတီးလှပါပြီ။ ပြည်တွင်းစစ်တွေ ရပ်ပါတော့လို့ပဲ ကျနော်ပြောချင်ပါတယ်။

းးးးးးးးးငါ့သွေးတစက်
ငါ့အသက် တချောင်း
ငါ့အလောင်းမှ
ထောင်သောင်းမြောက်များ
သွေးသစ်ပွားအံ့
ငါကားဘယ်မှာ သေမည်နည်း။

ကိုလေးမောင် (ကိုကိုးကျွန်းအာဇာနည်သူရဲကောင်းတဦး)

Top of Form
25Like · · Unfollow Post · Share · Promote
------------------------------------------------------

Adam Htoosay - အားလုံးဝတ်လည်ကြလိမ့်မယ်.... ဒီဒုက္ခသံသရာထဲမှ လွတ်နိုင်ဖို့ အား
လုံးမှာ တာဝန်ရှိတယ်။ ကိုယ့်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်လုပ်ကြရင် ဒီသံသရာထဲကနေ
လွတ်မြောက်နိုင်ကြမှာပါ။

Nay Chi - like နှိပ်ချင်စိတ်မရှိတော့လို့ ဖတ်သွားကြောင်း အသံပေးခဲ့တယ်ဗျာ...။

Mahn Koko - @ Adam Htoosay - "ဒီဒုက္ခသံသရာထဲမှ လွတ်နိုင်ဖို့ အားလုံးမှာတာဝန်ရှိတယ်။ ကိုယ့်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်လုပ်ကြရင် ဒီသံသရာထဲ
ကနေ လွတ်မြောက်နိုင်ကြမှာပါ။" - Like

@ Nay Chi - "Like" မလုပ်တာ စိတ်ထဲ ဘာမှမထားပါနဲ့ ။ အသိအမြင် တစ်ခုခု ရဖို့နဲ့ ၊ ဖြစ်နိုင်ရင်
လက်ဆင့်ကမ်းပေး နိုင်ဖို့မျိုးတွေက ပိုအရေးကြီးပါတယ် ။ နောက်တစ်ဆင့် ဖြစ်သင့်တာကတော့ ၊
ဒီစာထဲမှာပါတဲ့ "အမုန်းနဲ့ နာကျည်းမှု"ဆိုတဲ့ အရိုးတွေကိုဖယ်ပြီး ၊ နောင်လာ နောက်သားတွေကို
အသားတွေချည်း ချကျွေးနိုင်အောင် ၊ သင်္ခန်းစာယူဖို့နဲ့ သံသရာကို လက်တွေ့ ဖြတ်နိုင်အောင် တ
နိုင်တပိုင် ဝိုင်းကြိုးစားဖို့ပါ ။

ဒါက စာတွေ့ ပြောတာပါ ။ လက်တွေ့မှာတော့ - ဘယ် စိတ်မဝင်စားသူတွေကိုမှ အပြစ်တင်နေလို့
မထူးပါ ၊ ဖိုးသူတော်က သူ့ဘာသာ ထရပ်ရမှာပဲ ၊ တောင်ဝှေးက လာဝိုင်းထူပေးလိမ့်မယ်လို့ သွား
မျှော်လို့ မရပါဘူး ။

Mahn Koko - စာပြန်ရေးပြီးမှ ထပ်စဉ်းစားမိတယ် ။
ကိုယ်ကတော့ ကိုယ်တိုင်မခံရလို့ ရွှေပြည်အေးတရား ဟောနိုင်တယ် ။ ကိုယ်တိုင် ခံရသူတွေ နေရာ
ကနေ ခံစားကြည့်ရင် ဘယ်လိုနေမလဲ လို့ပါ ။

ဒါပေမယ့် ကြားက ဖြန်ဖြေပေးသူ ၊ ညှိနှိုင်းပေးနိုင်ဖို့ ကြိုးစားပေးချင်သူ တစ်ယောက်အနေနဲ့ ၊ ခံစား
ချက်တွေ မကူးစက်ဖို့လည်း သတိက ပြန်ရှိရပြန်တယ် ။ ကိုယ်မပါပဲတောင် သံသရာ မရပ်နိုင်ပဲ ဖြစ်
နေတာ ၊ ကိုယ်ပါ ထပ်ရောပါဖို့က တော်တော် မသင့်တဲ့ ကိစ္စပဲ ။

ခက်တာကလည်း ၊ ဒီအသိုင်းဝိုင်းတွေကြားက ထွက်လာတဲ့ လူတစ်ယောက်အနေနဲ့ ဒီအသိုင်းဝိုင်း
တွေကိုပဲ ဖြန်ဖြေပေးဖို့ ကြိုးစားတယ်ဆိုရင် ရနိုင်ပါ့မလား ။ ဒါကလည်း မလွယ်တဲ့ အလုပ်တစ်ခု
ပဲ ။ အထူးသဖြင့် ကြားနေဖို့ ကြိုးစားရတာဟာ ၊ ပင်ပန်းပြီး ခက်လည်း ခက်ခဲတတ်တယ် ။ (ဒါကြောင့်
လည်း တတိယ အင်အားစုတို့ ၊ အားကြီးသူက တစ်ချက်လွှတ် စကားနဲ့ ရပ်ခိုင်းရတာတွေ ကမ္ဘာမှာ
ဖြစ်နေတာလို့ ပြောနိုင်လိမ့်မယ်) ။

ဆိုပါစို့ ၊ ဝရုန်းသုန်းကားတွေကြားမှာ "တော်ကြပါတော့ဗျာ" လို့ပြောရင် ၊ ဘယ်သူတွေက နားထောင်
မလဲ ။ တကယ် ရန်ဖြစ်နေသူတွေ အတွက်တော့ အံကြိတ်သံတွေကိုကျော်ပြီး ဘယ်လိုမှ ကြားအောင်
မလုပ်နိုင်ဖို့က ပိုများတယ် ။

ဒါဆိုလည်း ရန်ဖြစ်နေတဲ့သူတွေရဲ့ ကြားထဲဝင်ပြီး ၊ အသံမြင့်မြင့်နဲ့ "ဟေ့ ၊ တော်ကြတော့ကွာ ၊ မင်းတို့
တွေ လွန်နေပြီ" လို့ပြောမိရင်ကော ဘာဖြစ်မလဲ ။

ဖြစ်နိုင်ခြေ အများဆုံးက "တော်ကြတော့ကွာ" ဆိုတဲ့စကားကို အရေးလုပ်သူက တော်တော်နည်းမယ် ။
"ဟေ့" ဆိုတဲ့စကားကိုကျ "ဟာ ဒီကောင် ဒို့ကို အသံမာမာနဲ့ အော်တယ် ၊ လာကြောတယ် ၊ လူပါးဝ
တဲ့ကောင်" လို့ထင်တတ်ပြီး ၊ "မင်းတို့တွေ လွန်နေပြီ" ဆိုတာကိုကျတော့လည်း "ဒါ ငါတို့ကို တစ်ဖက်
သတ် လာပြောတာ ၊ ဒီကောင် ဟိုဖက်ကလူ ၊ ဒီကောင့်ကိုပါ ချကွာ" စသည်ဖြင့် အနည်းဆုံး သဘော
ထား တတ်ကြပြန်တယ် ။

ဒီတော့ များသောအားဖြင့် ၊ ဖြန်ဖြေရေး စကားပြောချင် သူတွေအတွက်တော့ ဆုပ်လည်းစူး ၊ စားလည်း
ရူး ၊ ရှူလည်းမူးရတဲ့ ၊ ကြီးတော်နွားကို အလကားမတ်တင်း ကျောင်းပေးရသူတွေလိုပါပဲ ။

ဆက်စပ်တွေးကြည့်တာပါ ။ အခြေနေတိုင်း ၊ လူတိုင်းအတွက်တော့ အံဝင်ချင်မှ ဝင်ပါလိမ့်မယ် ။

Blossom Blessing - သားသမီး(၄)ဦး နဲ့ ကိုယ်ဝန်ဆောင် ဇနီးသည် ပစ်သတ်ခံလိုက်ရတဲ့
ရွာသားတဦး ။ သူဒုက္ခသည်စခန်းကို ရောက်တော့ သတင်ူသမားတွေ နိုင်ငံခြားသားတွေ
က သူ့ကိုမေးခွန်း အမျိုးမျိုးမေးကြတယ်။ ကြာတော့အဲ့ဒီလူ စခန်းကနေ ပျောက်သွားတယ်။
ဘဝတွေနဲ့ရင်းခဲ့ရတဲ့ အဖြစ်အပျက်တွေကို ထပ်ထပ်ခါခါ ပြောပြနေရတော့ သူတို့ဘယ်လိုခံစားနေရ
မယ်ဆိုတာ ကျနော်တွက်လို့ထိပါတယ်။ လူတယောက်မှာ နှလုံးသား အပိုမပါဘူးဆိုတာ အဲ့ဒီလူတွေ
နားလည်ဖို့ကောင်းပါ တယ်။



5 comments:

  1. ကော်သူးလေစစ်တပ်တို့ စိတ်ဓါတ်ကျဆင်းပြီး လက်နက်ချအောင် ကြံပြီးရေးထားတာကို ဆင့်ပွါးပြီး ဖတ်သမျှလူတွေ ငရဲမိုးမိအောင် ဆက်ကြိုးစားပါ။
    (ကျနော်သေနတ်က ကျနော်ပြည်သူတွေအတွက် ဘာမှအထောက်အကူ မဖြစ်ခဲ့ဘူး။ အ
    သုံးလည်ူမဝင်ဘူး။ ကျနော်တို့ ပြည်သူတွေလိုနေတာက ထမင်း။ ကျနော်တော်တော်လေး ကြေကွဲခဲ့ရ
    တယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ကျနော်တို့ ပြည်သူတွေရဲ့ ဘဝဟာ မတွေးဝံ့စရာပါပဲ။)

    ဒီစာသားလေးဟာ ဘယ်လိုလူကရေးပြီး ဘာကိုဆိုလိုလို့ ဘယ်လိုဖြစ်စေလိုတယ်ဆိုတာ အတွေးအခေါ်ပညာရှင် ဆရာမန်းကိုကိုတို့ သဘောပေါက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

    ReplyDelete
    Replies
    1. Anonymous ကို တတ်နိုင်သမျှ ဖြေပေးပါ့မယ် ။

      ပထမဆုံး Anonymous အနေနဲ့ စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ရေးလိုက်တာလို့ နားလည်ရပါတယ် ။ ကရင်တွေထဲမှာ မြို့နေ ၊ နယ်နေသူ ၊ ရှေးကတည်းကလို အေးအေးချမ်းချမ်း နေလိုသူ ၊ လက်နက်ကိုင် တော်လှန်ရေး လုပ်သူတွေကစလို့ ၊ နယ်မြေဒေသ အသိုင်းအဝိုင်းကိုလိုက်ပြီး မတူတဲ့ ပတ်ဝန်းကျင်ရယ် ၊ နီးမလိုနဲ့ ဝေးနေတဲ့ အမြင်တွေ စိတ်ထားတွေက အမျိုးမျိုးရှိတာကို သဘောက်ပေါက်ပါတယ် ။ ဒါကြောင့်လည်း Anonymous ရဲ့အမြင်ဟာ ၊ အချို့လူတွေအတွက် အစွန်းဖက် ယိမ်းနေသလို ဖြစ်နေနိုင်ပေမယ့် ၊ ကျနော်ကတော့ ခုလို ပြောထုတ်တာကိုပဲ ကြိုဆိုပါတယ် ။ မပြောရင် ဘယ်လိုမှ အမြင်တွေ မဖလှယ်နိုင်သလို ၊ ပိုကောင်းအောင် သတိနဲ့ ပြင်ဆင်ဖို့လည်း အခွင့်ရေးတွေ လက်လွှတ်သွားရနိုင်ပါတယ် ။

      ပထမဆုံး ပြောချင်တာက အပေါ်ကဆောင်းပါးဟာ ၊ ကျနော်ရေးတာ မဟုတ်ပါဘူး ။
      ဒီတော့ နမူနာ ပြောရရင် ၊ ကျနော်က သူများချက်ထားတဲ့ တာလပေါ့ဟင်း သိပ်ကောင်းလို့ ၊ ဝေဌစားဖို့ ပြန်သယ်လာပြီး ၊ ကိုယ့်ဆီက ငပိထောင်းလေးနဲ့အတူ ချကျွေးသလိုပါပဲ ။ အငြိမ့်သား ထိုင်စောင့်ပြီးစားတဲ့သူက - တာလပေါ့က ကောင်းတော့ကောင်းတယ် ၊ ဒါပေမယ့် သဲတွေ နည်းနည်းပါနေတယ် ၊ မျှစ်ကို ရေနဲ့ အသေချာ မဆေးဘူးလား ၊ ငါးပိကလည်း အနံ့ပုတ်လိုက်တာလို့ အပြစ်တင်ချင်ရင်တော့ ၊ ဖြေရှင်းရတာ နည်းနည်းခက်ပါတယ် ။ အထူးသဖြင့် တာလပေါ့က သူများချက်ထားတာကို ယူလာတာမို့ ၊ ပိုပြီးတောင် ခက်နေပါတယ် ။

      နောက်တစ်ခု ဆောင်းပါးမှာပါတဲ့ ဆိုလိုချက်တွေကို ပုံဆောင်ပြီး ထပ်ပြောရရင် - အိမ်မှာ စပါးလုံးတွေ ခဲတွေ ဆန်ကွဲတွေ ရောနေတဲ့ ဆန်ပဲရှိတာကို ၊ သန့်သန့်ကလေး စားရအောင်ဆိုပြီး ၊ ထမင်းကိုတောင် ခပ်မစားတော့ပဲ ဝါးစရာမလိုတဲ့ ထ္မင်းရည်ချည်း ခပ်သောက်ကြမှာလား ။ ထ္မင်းကို စပါးလုံးတွေ ခဲလုံးတွေ ရွေးမစားနိုင်ရင်တော့ ၊ ပါးစပ်မညောင်း သွားမပဲ့ပေမယ့် ၊ မကြာခင် အားနည်းပြီး လုံးပါးပါးရမယ့်ကိန်းကို ဆိုက်လာပါလိမ့်မယ် ။

      ဒါမှမဟုတ်ပဲ ၊ ဖြစ်နိုင်ရင် ကိုယ်တတ်နိုင်သလောက် တို့စရာလေးခူးလာ ဟင်းတွေဝိုင်းချက်ပြီး ၊ စပါးလုံးကောက် ခဲလုံးတွေရွေးရင်းနဲ့ ထ္မင်းဝိုင်းဆုံ စားနိုင်ကြရင် ပိုမကောင်းဘူးလား ။ စိတ်ကူးပေါ်တာကို ပြောတာပါ ။ ကရင်တွေကြားမှာ ဒါတွေက ဖြစ်နိုင်ခဲတယ်ဆိုတာ လက်ခံထားပြီးသားပါ ။

      နောက်ဆုံးပိတ်အနေနဲ့ ကျနော့်ကို အတွေးအခေါ်ပညာရှင်လို့ ဝိသေသ တပ်ထားတာကတော့ ၊ နောက်ပြောတာလား တကယ်ပြောတာလား မသိပေမယ့် ၊ တကယ်ပြောတာဆိုရင်တော့ ပြဿနာနည်းနည်း ရှိပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျနော်ဟာ ကိုယ်တွေးမိသမျှ စိတ်ကူးထဲ ပေါ်လာသမျှတွေကို မျှဝေဖလှယ်တဲ့ သာမန်လူတစ်ယောက်အဆင့်သာ ရှိတယ်လို့ ခံယူထားပါတယ် ။ ဒီတော့ ကျနော့်လို လူတစ်ယောက်ကို အတွေးခေါ် ပညာရှင်အဆင့်အထိ ယုံကြည်လက်ခံသူတွေ ကရင်တွေထဲမှာ အတော်များများသာ ရှိနေမယ်ဆိုရင်တော့ ၊ ကရင်တွေအတွက် ဘာရှေ့ရေးမှ မရှိတော့သလောက်ပဲလို့ အာမခံချက် ရထားသလိုဖြစ်မှာ သေချာပါတယ် ။ သေချာတာမှ ၁၁၀% လောက်ကို သေချာတာပါ ။

      Delete
    2. သူများချက်ထားတဲ့ တာလပေါက အဆင့်မီတဲ့ တာလပေါပါ။

      ဆိုလိုတာက ဖေါ်ပြထားတဲ့ လူထုတွေရဲ့ အခြေအနေနဲ့ ဒုက္ခအခက်အခဲတွေဟာ မှန်ကန်ပါတယ်။ ယိုးမယ်ဖွဲ့ ကွန့်ကားရေးထားတာ မရှိပါဘူး။
      သတင်းသမားတွေရဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ အပြုအမူတွေလည်း အမှန်ပါ။ သတင်းသမားရဲ့ဦးတည်ချက်နဲ့ ခံစားရသူတွေရဲ့ မျှော်လင့်ချက် နှစ်ခုတို့ရဲ့ ကွာခြားချက် စပ်ဟပ်လို့မရတဲ့ အနေအထားဟာလည်း တကယ်ဖြစ်နေတာပါဘဲ။
      မျိုးချစ်ရဲဘော်အများစုတို့ရဲ့ ပြည်သူလူထုအပေါ်ထားရှိတဲ့ စေတနာနဲ့ ခံစားချက်တွေကလည်း မှန်ပါတယ်။ ဆောင်ပါးရဲ့ ဖေါ်ပြချက် အဖြစ်အပျက်တွေဟာ စစ်မှန်တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။

      ဒါပေမယ့် တာလပေါဟင်းမှာ အဆိပ်ခပ်ထားတယ်။
      ဆိုလိုတာက ဆောင်းပါးရဲ့ နောက်ပိုင်းမှာ ( အဲ့ဒီနေ့က ခရီးဆက်ထွက်ခဲ့ရပေမယ် ကျနော်တို့ စိတ်နှလုံးတွေ......ဆိုတဲ့ အပိုဒ်ကနေ နောက်ပိုင်း) ကော်သူးလေးစစ်ဗိုလ်ဆိုတဲ့သူရဲ့ စဉ်းစားခန်းတွေကျတော့ အဆိပ်တွေဖြစ်ပါတယ်။ ကော်သူးလေးက လက်နက်ကိုင် စစ်တိုက်လို့ ပြည်သူတွေ ခုလို ဒုက္ခရောက်နေရတယ်ဆိုတဲ့ အဓိပါယ်မျိုးဖြစ်နေပါတယ်။ လက်နက်ကိုင် တော်လှန်ရေးမလုပ်ခဲ့ရင် ပြည်သူတွေ ဒီလို ဒုက္ခရောက်မှာမဟုတ်ဘူးလို့ ဆိုလိုနေသလိုဖြစ်နေပါတယ်။ ဟုတ်မလိုလိုနဲ့ လက်ခံလို့မရနိုင်တာမျိုးဖြစ်နေပါတယ်။

      ပြည်သူတွေဟာ နှစ်ဖက်တိုက်နေတဲ့ စစ်ပွဲတွေအကြားမှာ မတော်တဆ မြေဇာပင်ဖြစ်ရတာမျိုး မဟုတ်ပါဘူး။ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးဗျူဟာအရ မြေလှန်ချေမှုန်းဖို့ ရည်ရွယ်ထားခံရတဲ့ အနက်ရောင်နယ်မြေက အဓိကပစ်မှတ်တွေထဲက တခုဖြစ်နေပါတယ်။ အဲဒါဟာ ယုတ်မာတဲ့ ဗျူဟာတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီယုတ်မာတဲ့ ဗျူဟာကို ကော်သူးလေးဖက်က ကာကွယ်နိုင်ဖို့ ထိရောက်တဲ့နည်းလမ်းတွေ မရှိသေးတာကြောင့် ရန်သူရဲ့ ထိရောက်တဲ့ဗျူဟာလို့ဘဲ ၀န်ခံထားရမှာဖြစ်ပါတယ်။
      ဆောင်းပါးမှာ ဖေါ်ပြထားတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေဟာလဲ အဲဒီမြန်မာ့တပ်မတော်က လုပ်လို့ ဖြစ်လာရတဲ့ ဒုက္ခတွေဖြစ်တယ်ဆိုတာလဲ ထင်ရှားပါတယ်။

      ကိုင်း အဲဒီပြဿနာကိုပြေလည်စေနိုင်မယ့်အဖြေကို ရှာရအောင်ဆိုတော့ စာရေးသူရဲ့ အဖြေရှာပုံကြီးက မြေအိုးထဲခေါင်းဝင်စွတ်နေတဲ့ ဆိတ်သိုးပြဿနာအဖြေထုတ်သလိုဖြစ်နေပါတယ်။ ပထမ မချိမဆန့်ရုန်းနေတဲ့ ဆိတ်ကြီးငြိမ်သွားအောင် ဆိတ်ခေါင်းကိုဖြတ်၊ ပြတ်သွားပြီးတော့လဲ ဆိတ်ခေါင်းကို ထုတ်လို့မရလို့ မြေအိုးကို ရိုက်ခွဲ သလိုမျိုး ဆိတ်လဲသေ မြေအိုးလဲကွဲ ဆိုတဲ့ အဖြေမျိုးပါဘဲ။

      ကိုယ်ကိုင်ထားတဲ့လက်နက် အပေါ် အဓိပါယ်ဖွင့်ထားတာကလဲ တော်လှန်ရေးရဲ့ လက်နက် (သေနတ်) သဘောတရားရေးကို လုံးဝနားမလည် သို့မဟုတ် တလွဲအဓိပါယ်ဖွင့် ထားတဲ့ ညံ့ဖျင်းတဲ့ စစ်ဗိုလ် တစ်ဦးလိုဖြစ်နေပါတယ်။ (ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မတတ်သာလို့ ကိုင်ထားရတဲ့ သေနတ်..... တဲ့)

      ဖိနှိပ်ခံရလို့ တော်လှန်၊ တော်လှန်လို့ အဖိနှိပ်ခံရ၊ ဖိနှိပ်မှုကို သက်သာအောင် မတော်လှန်၊ မတော်လှန်လို့ ဆက်ပြီး အဖိနှိပ်ခံရ.. မုန့်လုံးစက္ကူကပ် နေတာမျိုးပေါ့။ ဖိနှိပ်မှုနဲ့ တော်လှန်ရေး ဆိုတဲ့နှစ်ခုမှာ ဖိနှိပ်မှုဆိုတဲ့အရာကို မရှင်းဘဲ တော်လှန်တဲ့ အရာကို သွားရှင်းနေလို့ ကတော့ ဘယ်တော့အဖြေထွက်လာမှာမဟုတ်ပါဘူး။

      ဖိနှိပ်သူဖက်က သေနတ်ကို မသိမသာဖုံးထားပြီး တော်လှန်တဲ့သူဖက်ကသေနတ်ကို အပစ်မြင်ပြီး စိတ်ပျက်သလိုလို ညည်းပြနေတာကတော့ ရိုးသားတဲ့ သဘောထားလုပ်ရပ်မဟုတ်လို့ ကျွန်တော့်အနေနဲ့ တာလပေါဟင်းမှာ အဆိပ်ပါတယ်လို့ ပြောတာဖြစ်ပါတယ်။

      ဆိုက်ကားနင်းတဲ့သူကို ဆိုက်ကားဆရာ။ ကားမောင်းသူကားမမောင်းရင် ကားမောင်းတတ်မတတ် မသေခြာပေမယ့် ကားပေါ်ကခရီးသည်တွေကိုငွေသိမ်းသူကို စပယ်ယာလို့ ခေါ်နေတဲ့ ထုံးစံတွေအရ အတွေးအခေါ်စာစုတွေကို ကိုယ်ပိုင် ဘလော့ဖွင့်ရေးနေသူကို အတွေးအခေါ်ပညာရှင်လို့ ၀ိသေသတတ်မိတာဟာလည်း ကရင်တွေရဲ့ ရှေ့ရေးတွေဘာတွေနဲ့ တွေးမပူသင့်ပါဘူးလေကွယ်။

      ဘာဘဲဖြစ်ဖြစ် ဆွေးနွေးရတဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်လို့ မှန်ကန်ရိုးသားစွာ ပြောပါရစေ။

      မပြီးသေးတဲ့ တော်လှန်ရေးခရီးက
      Anonymous

      Delete
    3. ခုလို အသေးစိတ် ပြန်ရှင်းပြတာ ဝမ်းသာပါတယ် ။ ကရင် တိုင်းရင်းသားတွေအတွက် လိုနေတာတွေထဲမှာ ၊ Anonymous လုပ်သလို ကိုယ့်စကား (သို့မဟုတ်) မှတ်ချက်ကို အကြောင်းရင်းခံတွေနဲ့ ရှင်းပြဆွေးနွေးတာမျိုးဟာ အင်မတန် လိုအပ်နေတဲ့ အလုပ်မျိုးပါ ။ အများစုက Anonymous အပေါ်က မှတ်ချက်ပေးခဲ့သလိုပဲ ၊ အရင်းမရှိ အဖျားမရှိနဲ့ ၊ ကိုယ့်ခံစားချက်ကို တည့်တည့်ပြောပြီး ပြီးသွားကြတာ များပါတယ် ။ အကျိုးဆက်အနေနဲ့ - ပြဿနာ အခက်အခဲတွှေအတွက် ဘာအဖြေမှ ထွက်မလာပဲ ၊ မကျေနပ်မှုတွေ အနေနဲ့ပဲ စိတ်ထဲမှာ ကိန်းအောင်းသွား တတ်ကြပါတယ် ။ နမူနာ ပေးရရင် ၊ ဒါဟာ အနာနဲ့ တူပါတယ် ။ အချိန်တန်ရင် ပေါက်ထွက်ပြီး ၊ ပြည်တွေ ကုန်သွားမှ အနာကျက်ပါတယ် ။ အဲဒီလို မဟုတ်ပဲ ၊ မြုံသွားရင် အကျိုးဆက်မကောင်းတာ ခန့်မှန်းလို့ ရမှာပါ ။

      ဒါပေမယ့်တစ်ခါ ၊ ခုလို ပြောမယ့်သာ ပြောရတယ် ၊ ကရင်တွေထဲမှာ စာဖတ်သူ ဘယ်နှစ်ယောက် ရှိသလဲလို့မေးလိုက်ပြန်ရင် ၊ အင်မတန် အားမရစရာပါ ။ စာဖတ်ဖို့ စိတ်ရှိပြီး ဗမာလိုလည်း ဖတ်တတ်ပါဦးမှ ။ ပြီးရင်လည်း ကိုယ့်ဆီလာဖတ်တာတောင် ၊ သူတို့စိတ်ထဲက မနေနိုင်လွန်းလို့ မှတ်ချက်တိုတစ်ခု ရေးဖို့ဆိုတာ ၊ မျှော်လင့်လို့တောင် မလွယ်တဲ့အရာ ။ ဒီတော့ ရေးသွားတယ် ဆိုရင်ကိုပဲ ကျေးဇူးတင်နေရတော့တယ် ။

      Anonymous ရဲ့ မှတ်ချက်ကို ပြန်ပြောရရင်တော့ - ပထမဦးဆုံး Anonymous ဟာ တော်လှန်ရေးသမား (သို့မဟုတ်) တော်လှန်ရေးသမားအဖြစ့် ခံယူထားသူ တစ်ယောက်ဖြစ်တယ်လို့ ၊ မှတ်ချက်အဆုံးသတ်မှာ တပ်ထားတဲ့ ဂုဏ်ပုဒ်ကို ကြည့်ခြင်းအားဖြင့် ခန့်မှန်းမိတယ် ။

      ဒီနေရာမှာတင် ကျနော်တို့ရဲ့ မြင်ကြတဲ့ ရှုထောင့်တွေက ကွာသွားပါပြီ ။
      Anonymous က အဆိပ်လို့ မြင်တာကို ၊ ကျနော်က ခဲလုံး သဲလုံးလေးတွေလို့ ပုံဖေါ်တယ် ။
      Anonymous ရဲ့ ညံ့ဖျင်းပြီး မရိုးမသား အဆိပ်ခပ်တယ်လို့ ယူဆတဲ့ စစ်ဗိုလ်မျိုးကို ၊ ကျနော်ကလည်း ဒီလိုလူမျိုးတွေလည်း ရိုးသားစွာ ရှိနေ(existed) ဖြစ်နေနိုင်တယ်လို့ တွေးပါတယ် ။
      Anonymous ကနေ တော်လှန်ဖို့ လိုအပ်တယ်လို့ လက်ခံထားချိန်မှာ ၊ ကျနော်ကတော့ တော်လှန်တယ်လို့ နာမည်တပ်မထားတဲ့ အခြားနည်းလမ်းတွေ မရှိနိုင်ဘူးလားလို့ စဉ်းစားနေပါတယ် ။

      တစ်ဖက်မှာကလည်း ၊ ကျနော်တို့နှစ်ယောက် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ၊ ခုလို ရေးပြီး ဆွေးနွေးတာကိုကပဲ ၊ တာလပေါ့ဟင်းအပြင် လိုက်ပွဲ (အဆိပ်ပြေ) ကန်ဇွန်းရွက်ပြုတ်တစ်ပွဲ ပြင်ဆင်ပေးပြီးသား ဖြစ်သွားကောင်း ဖြစ်နိုင်ပါတယ် ။ ဖတ်တဲ့လူတွေအပေါ်တော့ မူတည်မှာပေါ့လေ ။

      ချုပ်ပြောရရင် - Anonymous ပြောတဲ့ ပြည်မစစ်တပ်ရဲ့ လူထုကို တမင်ဦးတည်ပြီး ပစ်မှတ်ထားတယ်ဆိုတာ လက်ခံပါတယ် ။ အခြားတစ်ဖက်ကလည်း သူတို့ဗျူဟာ ထိရောက်တယ်လို့ ဝန်ခံရုံနဲ့မပြီးပဲ ၊ ဘယ်လို ဖြေရှင်းရမလဲ နည်းလမ်းရှာဖို့လိုမှာကို လက်ခံမယ်လို့ ယူဆပါတယ် ။ ဆောင်းပါးရေးတဲ့ စစ်ဗိုလ်ဆိုသူရဲ့ အတွေးတွေဟာ တော်လှန်သူတစ်ယောက်ရဲ့ ပျော့ညံ့မှုတွေ (သို့မဟုတ်) တစ်စုံတ်ရာ သွေးထိုးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ၊ ကိုယ့်လူတွေအတွက် ထွက်လမ်း ရှာမပေးတတ်သူ တစ်ယောက်အနေနဲ့ ဒီလိုပဲ စိတ်ဓါတ်ကျတဲ့ အတွေးတွေ ပေါက်လာနိုင်တာကိုလည်း နားလည်ပေးပြီး ကုစားပေးနိုင်ဖို့ ဝိုင်းကြိုးပမ်းသင့်တယ် ဆိုတာမျိုးကိုလည်း လက်ခံဖို့ လိုပါမယ် ။

      ကျနော့်အနေနဲ့ တစ်စစီ အသေးစိတ် ပြန်ရေးဖို့ရာ အကန့်အသတ်တွေကြောင့် ဒီလောက်ပဲ တော်ထားပါရစေ ။
      =====================================

      [ကျနော့်ကို အတွေးခေါ် ပညာရှင်လို့ နာမည်တပ်တာကြောင့် ၊ ကရင်တွေ ရှေ့ရေးအတွက် ရင်လေးကြောင်း ပြန်ရေးရတာဟာ - ယေဘုယျ မှတ်ချက်ဆန်တဲ့ မှတ်ချက်တစ်ခုကို ၊ ဟာကွက် အနည်းဆုံးဖြစ်မယ့် ယေဘုယျဆန်ဆန် မှတ်ချက်မျိုးကို ရွေးရေးလိုက်တာပါ ။ ခုတော့ Anonymous ရဲ့ ကျိုးကြောင်းနဲ့ ပြန်ရေးရေးတဲ့စာကြောင့် ၊ မူလ ၁၁၀% ကနေ ၉၅% အထိ ပြန်လျှော့ပေးလိုက်ပါတယ် ။ :-) ]

      Delete
    4. lee ma kway sis tat tway

      Delete