ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, January 5, 2013

အော်လှန်ရေး




   ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူ ၊ ဖိနှိပ်သူ ၊ ကျူးကျော်သူ ၊ အင်အားပိုကြီးသူတွေကို လက်
နက်ကိုင်ပြီး တန်ပြန်တော်လှန်သူတွေ ရှိခဲ့တယ် ။ အမိန့်အာဏာကို မလိုက်နာခြင်းအားဖြင့် အာ
ခံသူတွေလည်း ရှိခဲ့တယ် ။ တန်ပြန်တော်လှန်ဖို့ ၊ အာခံဖို့ ဆိုတာကလည်း အနည်းဆုံး လုပ်ရ
ကောင်းမှန်း သိမှ ၊ စဉ်ဆက်မပြတ် စွမ်းအားနဲ့ တွန်းအားတွေရှိမှ ၊ ဝိုင်းဝန်း အကာအကွယ်ပေးမှု
အတိုင်းတာတစ်ခုထိ ရှိပါမှလည်း လုပ်နိုင်ကြမှာဖြစ်တဲ့အတွက် လက်ဆင့်ကမ်း ဝေမျှသူ ၊ အား
သစ်လောင်းပေးသူတွေလည်း လိုအပ်နေခဲ့တာတော့ အမှန်ပဲ ။ ဒီလိုလူတွေဟာ ပုံစံအမျိုးမျိုး ၊
နည်းအမျိုးမျိုးနဲ့ ရှိခဲ့ လှုပ်ရှားခဲ့ကြရာမှာ အာဏာရှိတဲ့ အသိုင်းဝန်းထဲကပဲ ပေါ်ပေါက်ဖြစ်တည်
လာတတ်သလို ၊ သီးခြား အင်အားစုတွေ အဖြစ်နဲ့လည်း ရှိနေတတ်ကြပါတယ် ။

   ဒီစာစုမှာတော့ လက်လှမ်းမီရာလေးတွေထဲက တစ်ချို့ကို ထုတ်နှုတ်ထားပါတယ် ။ အဲဒီအထဲ
မယ် ငယ်စဉ်ဘဝကတည်းက သိခွင့်ရခဲ့တာမျိုးတွေ ရှိခဲ့ပေမယ့်လည်း မသိနားမလည်နိုင်ခဲ့တာ
ကြောင့် ခုနေမှပဲ သဘောပေါက်မိတာတွေလည်း ပါပါတယ် ။


(၁)  မြန်မာပြည် စစ်တပ်မှာ ပြည်သူ့ဆက်ဆံရေးတပ် လို့ခေါ်တဲ့ ဖျော်ဖြေရေး တပ်ဆွယ်တစ်ခု
      ကို သိသူတွေ များလိမ့်မယ် ။ တစ်နိုင်ငံလုံးလှည့်ပြီး တပ်တွင်းဖျော်ဖြေရေးနဲ့ ပြည်သူတွေ
ကြား ဆက်စပ် စည်းရုံးရေးတွေလုပ်တဲ့ အနုပညာသည်တစ်ပိုင်း စစ်သားတွေလို့ ဆိုရပါမယ် ။

   ငယ်စဉ်က တစ်ကြိမ်နှစ်ကြိမ် ကြည့်ခဲ့ဖူးပါတယ် ။ တကယ့် ဂျီသရီး (G3) သေနတ်တွေနဲ့ ပစ်
ဖေါက်ပြီး သရုပ်သကန် အမှန်လို လုပ်ပြတာရယ် ၊ အရှေ့ဖက်မှာ သနပ်ခါးဖွေးဖွေး မင်းသားဝတ်
စုံအပြည့်နဲ့ အဆုံးသတ်မတော့ အတွင်းခံဘောင်းဘီသာရှိတဲ့ နောက်ကျောကို ဘွားကနဲ လှည့်ပြ
တဲ့ ပြကွက်တွေကို ခုထက်ထိ သတိရတုန်းပါ ။ နောက်တစ်ခု ကောင်းကောင်း မှတ်မိနေသေးတာ
ကတော့ တပ်တွင်းပွဲအတွက် ကပြခဲ့တာတွေထဲက အတွဲဖြစ်ဆုံး သူငယ်ချင်း တပ်ကြပ်ကြီး တစ်
ဦးရဲ့သား ပြောပြခဲ့တဲ့ ပြကွက်တစ်ခုပါ ။

   သေနတ်သံ တဒိန်းဒိန်းနဲ့ တိုက်ပွဲဖြစ်နေပါတယ် ။ ဗိုလ်ကြီးလုပ်သူက ကြေးနန်းစက်ကို တတီ
တီနဲ့ ရိုက်နေတယ် ။ မကြာခင် တပ်ကြပ်ကြီးတစ်ယောက်က အော်ပြီးသတင်းပို့တယ် ။
“ဗိုလ်ကြီး .. မှန်တဲ့လူတွေ ကျကုန်ပြီ .. မှန်တဲ့လူတွေ ကျကုန်ပြီ .. မမှန်တဲ့လူတွေပဲ ဆက်တက်နေကြတယ်” ပါတဲ့ ။
   ပထမတော့ ဟုတ်တုတ်တုတ်ပါပဲ ၊ ဒါပေမယ့် အဲသည် တပ်ကြပ်ကြီးက မရပ်နိုင်ပဲ ၊ အဲသည်
အတိုင်း အကြာကြီးဆက်တိုက် အော်နေပါတယ် ။ ဗိုလ်ကြီး လုပ်သူကလည်း လုံးဝ ဂရုမစိုက်တဲ့
ပုံနဲ့ စက်ကိုပဲ တတီတီနဲ့ ဆက်ရိုက်နေပါတယ် ။

   သည်ပွဲကို ရှေ့ဆုံးက လာကြည့်နေသူက ဗျူဟာမှူးပါ ။ မရပ်မနား အော်နေတဲ့ ဇာတ်စင်ပေါ်
က တပ်ကြပ်ကြီးလုပ်သူကို “အေးပါကွာ ၊ ငါတို့သိပါပြီ ၊ တော်ပါတော့” လို့ လူလွှတ်ပြီး ပြောခိုင်း
မှပဲ ရပ်ပါတော့တယ် ။

   ပြောတဲ့အတိုင်းလုပ် ၊ ခံမပြောနဲ့ ၊ ရေဗူးပေါက်တာ မလိုချင် ရေပါတာပဲ လိုချင်တယ် ဆိုတာ
တွေနဲ့ လူသိများပြီး ၊ စစ်ဗိုလ်မဖြစ်ခင် အပိုးကျိုးအောင် စစ်ရုံးရှေ့က မြက်တွေအားလုံးနှုတ်ပြီး
မှ ပြန်စိုက်ခိုင်း ၊ ပါးနားရိုက် ၊ စစ်သားတွေဆိုရင် ဘာမဆို ခိုင်းလို့ရတဲ့ လူသားတစ်ဝက် သာသာ
တွေလို သဘောထားပြီး သီးခြားကမ္ဘာလေး တစ်ခုလို တည်ထောင်ထားတဲ့ စစ်တပ်အသိုင်းဝိုင်း
မှာလည်း အထက်ကပြောခဲ့သလို အုပ်ချုပ်သူတွေကို တနိုင်တပိုင် သတိပေးဖို့ ကြိုးစားတဲ့ ဖြစ်
ရပ်လေးတွေ ရှိခဲ့ဖူးပါတယ် ။


(၂)   တေဇလူငယ် ၊ ရှေ့ဆောင်လူငယ် ၊ လမ်းစဉ်လူငယ် ၊ ကြက်ခြေနီ ၊ ဘင်ခရာ စတာတွေနဲ့
        ကြီးပြင်းလာပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သာလျှင် တစ်ခုတည်းသော မှန်ကန်သော လမ်း
စဉ်ရယ်လို့ နားလည်ကြီးပြင်းခဲ့ရပြီး ၊ မတူသူ လက်မခံသူ ဆန့်ကျင်သူ တော်လှန်သူ အားလုံးဟာ
သူပုန် သောင်းကျန်းသူ နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်းလုပ်မယ့် အဖျက်သမားတွေလို့
နားလည် မှတ်သားမိလေအောင် အထပ်ထပ် ရိုက်သွင်းခံထားခဲ့ရတဲ့ ငယ်စဉ်ဘဝမှာ - အဖေမသိ
အောင် ပီကင်းအသံလွှင့်ဌာနက လွှင့်ထုတ်ချက်တွေကို ရေဒီယိုနဲ့ အိမ်သာထဲမှာ သွားနားထောင်
တယ်ဆိုတဲ့ တစ်အိမ်ကျော်က ပါတီယူနစ် ကော်မတီဝင်ရဲ့သား သူငယ်ချင်းတစ်ယောက်ကို မျက်
လုံးအဝိုင်းသားနဲ့ ကြည့်နေခဲ့ဖူးတယ် ။ ရွာဖက်ရောက်လို့ အဖိုးတစ်ယောက်ကနေ ဘီဘီစီကို နား
ထောင်နေတာ တွေ့တော့လည်း ထူးဆန်းနေမိတယ် ။

   ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်ရောက်တော့ အတွဲဖြစ်ဆုံး သူငယ်ချင်းက သူ့အဖေဟာ အ
လုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေကြောင့် ထောင်ကျဖူးတဲ့အကြောင်း ၊ မိသားစု ရုန်းကန်ခဲ့ရ
ကြောင်း ပြောပြတော့လည်း အိပ်ယာဝင် ပုံပြင်တွေနဲ့မတူတဲ့ ပိုထူးကဲတဲ့ စိတ်ဝင်စားစရာတွေ
ကို ပေးခဲ့ပြန်တယ် ။ ဒီသူငယ်ချင်းကပဲ သူပုန်တစ်ယောက်အတွက် ရေးဖွဲ့ခဲ့တဲ့ သီချင်းတစ်ပုဒ်
အကြောင်းကို ပြောပြခဲ့တယ် ။ “ချယ်ရီပင်အောက်” ပါတဲ့ ။

   “ချယ်ရီပင်အောက် နောက်ဆုံးအကြိမ်နှုတ်ဆက်ဖို့ရယ် .. မလာနိုင်တော့တယ်” .. နဲ့အစချီပြီ
   “အချစ်ရေးထက် ပြည့်ရေးရာက ပိုခက်တော့ကွယ် …. အိပ်စက်အနားယူပြီ … ။” ဆိုတဲ့ သီ
ချင်းလေးဟာ ..  ဘာမှန်း အသေအချာ မသိနားမလည်ခဲ့ပေမယ့် ၊ “သူပုန် ၊ သောင်းကျန်းသူ အ
ဖျက်သမား ၊ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးသူတွေ” လို့ နားလည်ထားခဲ့ရတဲ့ လူတွေနဲ့ပတ်
သက်လို့ ဝိုးတဝါး တွေးစရာလေးတွေ ပေးခဲ့တယ် ။

   ဒါတွေကို ဖန်တီးခဲ့တဲ့ တေးရေးဆရာ စိုင်းခမ်းလိတ်နဲ့ ပီပြင်အောင် သီဆိုခဲ့တဲ့ စိုင်းထီးဆိုင်တို့
ကို -  သံကွန်ချာအောက်မှာ မျိုးဆက်သစ်တွေအတွက် တော်လှန်မှု မျိုးစေ့တွေကို မမေ့အောင် ၊
သိအောင် တစ်ဖက်တစ်လမ်း လက်ဆင့်ကမ်းပေးခဲ့တယ်လို့ တင်စားမယ်ဆိုရင် လွဲမယ်မထင်ပါ ။


(၃)   မကြာခင်က အာဏာရှင်တွေကို ဟာသလုပ် ပျက်လုံးထုတ်ပြီး အာခံခဲ့ကြသူ မန္တလေးက
        နှုတ်ခမ်းမွှေး ပါပါလေးတို့ ညီအစ်ကိုများကို တွေ့လိုက်မိပါတယ် ။ သူတို့လိုပဲ အာဏာ
ချုပ်ကိုင်ထားသူတွေ သာသာနဲ့ ပြုံးပြုံးကလေး နာရအောင် ထောက်ပြပြီး ပြည်သူ့အချစ်တော်
အငြိမ့်လူရွှင်တော်အဖြစ် ထိထိရောက်ရောက် အသုံးခံခဲ့သူကတော့ ကိုဇာကနာပါ ။

   သူ့ပျက်လုံးတွေဟာ တစ်နိုင်လုံးမှာ ပြောစရာတွေ ဖြစ်စေခဲ့ပါတယ် ။ ပညာရေး ၊ စီးပွားရေးမှာ
ချွတ်ချုံကျပြီး ၊ အနှေးယာဉ် မောင်းသမားဘဝက တစ်ဖက် အချိန်ပိုင်း တရားသူကြီး ဘဝကတစ်
ဖက်နဲ့ နှစ်ဘဝပေါင်း ရှင်သန်ရသူတွေ ရှိခဲ့တဲ့ ခေတ်ကြီးမှာ သူ့ရဲ့ (ဦးဏှောက်မပါတဲ့ လွှတ်တော်
အမတ်မင်း တင်ဆက်ချက်တို့လို) မထင်မှတ်တဲ့ ပြောင်မြောက်တဲ့ အတွေးနဲ့ အထေ့တွေဟာ လူ
တွေကို ဖျော်ဖြေမှုသာမက ဆင်ခြင်စရာလေးတွေ အများကြီး ပေးနိုင်ခဲ့ပါတယ် ။ ဘားအံမှာ လာ
ကပြစဉ်က ပါတီကောင်စီ တာဝန်ရှိသူတွေကိုယ်တိုင် ရှေ့ဆုံးကနေ တဟားဟား ဖြစ်နေစေခဲ့တဲ့
ကိုဇာကနာကိုလည်း  "အော်လှန်ရေးသမား" စာရင်းထဲ မှတ်မှတ်ရရ ထည့်ထားချင်ပါတယ် ။



(၄)   ခုလို အရွယ်ရောက်တဲ့အခါမှ တီဗွီဆိုတာဟာ လူထုရဲ့ စိတ်နေစိတ်ထားအပေါ် အများကြီး
       သက်ရောက်မှုရှိတယ်လို့ သိလာရတယ် ။ ငယ်စဉ်ကတော့ ရုပ်ရှင်တွေနဲ့ပဲ ရှင်သန်ခဲ့ရတာ
ကြောင့် သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ ပြောစကားတွေဟာ ကျနော့်လို လူ
ငယ်တစ်ယောက်ကို အသိပညာပေး ပုံသွင်းမှုတွေ အနည်းနဲ့အများ ရှိခဲ့တယ် ။

   အဲသည်ဟာတွေထဲ မှတ်မှတ်ရရတစ်ခုက - အကယ်ဒမီ ဦးအံ့ကျော်ကြီး သူပုန်တစ်ယောက်အ
နေနဲ့ သရုပ်ဆောင်ခဲ့တဲ့ အခန်းပဲ ဖြစ်ပါတယ် ။ တကယ့် သောင်းကျန်းသူ အဖျက်သမား သူပုန်
ကြီးတစ်ယောက်ရဲ့ နေရာကို ရုပ်ရည်နဲ့ သရုပ်ဆောင်မှု လိုက်ဖက်လှတဲ့ ဦးအံ့ကျော်က အပီအပြင်
လုပ်ပြနိုင်ခဲ့တယ် ။

   တစ်ခုပဲရှိပါတယ် ။ ဦးအံကျော်ရဲ့ သူပုန်တစ်ယောက်အနေနဲ့ ပြောသွားခဲ့တဲ့ စကားတွေဟာ အင်
မတန် ပီပြင်လွန်းလို့ သူပုန်ကို မုန်းရမယ့်အစား “ဟ .. တယ်စာတဲ့ ဆိုပါလား”လို့ ပြောရလောက်
အောင် သက်ရောက်မှုတွေက ပြောင်းပြန် ဖြစ်စေခဲ့တာကို သတိပြုမိခဲ့ပါတယ် ။ တစ်နည်းအားဖြင့်
သူပုန်မှာလည်း အသည်းနဲ့ ၊ သူပုန်မှာလည်း အတွေးအခေါ်နဲ့ ၊ သူပုန်ဟာလည်း လူသားတွေပါပဲ
ဆိုတာ ကျနော်တို့လို ကြည့်ရှု့သူတွေကို အမြင်တွေ အတိုင်းတာတစ်ခုအထိ ပေးနိုင်ခဲ့တယ် ။

   ဒါကို မပြောဖြစ်ခဲ့သလို နှစ်ပေါင်းလည်း ဆယ်စုနှစ်တွေ ကျော်ခဲ့ပါပြီ ။
   လွန်ခဲ့တဲ့ နှစ်များအတွင်းကတော့ ဦးအံ့ကျော်ရဲ့ ပါးစပ်ထဲကို အဲသည် စကားလုံးတွေ ခွံ့ပေးခဲ့သူ
နဲ့ ကြုံဆုံ စကားပြောမိရာက လက်သည်ပေါ်လာခဲ့ရပါတော့တယ် ။ တခြားသူမဟုတ်ပါ ၊ စာရေးဆ
ရာကြီး ဦးစင်ကြယ် ဖြစ်ပါတယ် ။ သူ့လိုပဲ တနိုင်တပိုင် လုပ်ကိုင်ခဲ့သူတွေ အများကြီးရှိခဲ့ရာမှာ အ
နီးစပ်ဆုံး ကိုယ်တွေ့တစ်ခုကို မှတ်တမ်းတင်ထားလိုက်တာပါ ။


(၅)  ငယ်စဉ်က ကရင်ပြည်နယ်နေ့ အခမ်းအနားကို တက်ခဲ့စဉ်က မှတ်မှတ်ရရ တစ်ခုရှိခဲ့ပါတယ် ။
       အခမ်းနားမှာ ကရင့်အမျိုးသား သီချင်းကို သီဆိုခဲ့ကြတဲ့ အစီစဉ် ကဏ္ဍဖြစ်ပါတယ် ။

      ကရင်စကားကိုတောင် မိဘတွေရဲ့ တွန်းအားပေးမှုကြောင့် အိမ်မှာပြောဖြစ်ခဲ့ပြီး ထ္မင်းစားရေ
သောက်ထက် နည်းနည်းလောက်ပဲ ပိုတဲ့အနေထားမှာ အမျိုးသားသီချင်း ဆိုတာဟာ နားလည်ဖို့ ၊
လိုက်ဆိုတတ်ဖို့ အသာထားလို့ ကြားတောင် မကြားဖူးခဲ့တာမို့ သီဆိုနေခဲ့ကြတဲ့ လူကြီးတွေကို
သာ တအံ့တသြနဲ့ ကြည့်ဖြစ်တယ် ။ သည်လူကြီးတွေနဲ့ အနေနီးခဲ့ပေမယ့် သူတို့ရဲ့အသိ ၊ သူတို့
ရဲ့အမြင် ၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ကျတော့ ဝေးနေခဲ့မိတယ် ၊ မသိခဲ့ဖူးလို့ပြောရင် ရပါလိမ့်
မယ် ။ သိလာတဲ့ အချိန်မှာလည်း အချိန်တွေ အများကြီး လွန်ခဲ့ပြီလို့ ဆိုနိုင်တယ် ။

   ငယ်စဉ်က ကျနော်တို့ရွာက မြင်းလှည်းသမား တစ်ယောက်ကို ထောက်လှမ်းရေးက ဖမ်းပါ
တယ် ။ သူပုန်တွေကို မောင်းပို့ပေးခဲ့တယ်လို့ ဆိုပါတယ် ။ အခကြေးငွေယူပြီး ပို့ဆောင်ပေးတဲ့
သာမန် ဝန်ဆောင်မှု တစ်ခုသာပါ ။ ဖမ်းရခြင်း အကြောင်းရင်းကတော့ သိလျှက်နဲ့ သတင်းမပေး
လို့ ဖြစ်ပါတယ် ။ ဒီလိုနဲ့ ရွာကနေ ရှေ့နေဖြစ်သွားသူတွေရဲ့ အကူညီတွေကို ယူမယ်လုပ်တုန်းပဲ
ရှိသေးတယ် ၊ အမျိုးမျိုး အစစ်ခံရပြီး ဟုတ်တယ်လို့ ဝန်ခံပြီးသွားပြီလို့ ကြားမိပါတယ် ။ နောက်
ပိုင်းတော့ ထောင်ကျသွားတယ်လို့ ထင်ပါတယ် ၊ သိပ်မသိတော့ပါ ။ (ခုနေတော့ ပြန်တွေးမိတာ
က သူပုန်တွေကသာ အဲသည်လို ပြန်လုပ်မယ်ဆိုရင် အပြစ်ပေး ခံရမယ့်သူတွေက တစ်ရွာလုံး
လိုလိုပါ ။ ဒီတော့ လူထုနဲ့ ပိုနီးစပ်ပုံရတဲ့ ၊ လက်တုန့်ပြန်မှု နည်းပါးတဲ့ သူပုန်တွေကိုပဲ အမှတ်အ
သာပေးရမလို ဖြစ်နေပါတယ်) ။

   ဒီအဖြစ်အပျက် ဖြစ်စဉ်တုန်းက ကျနော် မသိလိုက်ပေမယ့် နောင်မှ ပြန်သိလာခဲ့ရတာကတော့
- ပုန်ကန်မှု ၊ သူပုန်အားပေးမှု အပါအဝင် အမှုပေါင်း သောင်းခြောက်ထောင်နဲ့ စစ်တပ်နဲ့ ထောက်
လှမ်းရေးကနေ ဥပဒေမဲ့ ဖမ်းဆီးတာတွေ အများကြီး ရှိခဲ့ လုပ်ခဲ့ရာမှာ တစ်ခါတစ်ရံမှာတော့ အ
ရပ်ဖက်တရားရုံးတွေဆီ လွှဲပေးတတ်တာကိုပါ ။

   ထူးခြားမှုကတော့ အမှုမခိုင်လုံလို့ တရားရုံးကနေ တရားသေ ပြန်လွှတ်လိုက်တယ်ဆိုရင် ၊ အဲ
သည် အစွပ်စွဲခံရသူဟာ ရွာပြန်မရောက်တော့ပါဘူး ။ မသိသူအချို့နဲ့ မသိချင်ဟန်ဆောင်သူ အ
ချို့ကိုတော့ အဲသည်လူတွေ ဘယ်ရောက်သွားသလဲ ပြောပြချင်ပါတယ် ။ ဟုတ်ကဲ့ ၊ မြေကြီး
အောက် ရောက်သွားတာပါ ။

   မယုံသူတွေအတွက်တော့ - ရှေ့ပို့စ်တွေမှာတုန်းက ကိုယ်တိုင်လုပ်ခဲ့သူတွေရဲ့ ဝန်ခံချက်အချို့
ကို ပြောပြခဲ့ပြီးဖြစ်သလို နောင်ကိုလည်း လက်လှမ်းမီသလောက် ပြောပြပါမယ် ။ ခုနေ ကွင်းဆက်
မရှိပဲ ချပြလိုက်ရင် တန်ဖိုး မဲ့သွားနိုင်တာကြောင့်ပါ ။ ထပ်ပြီး ဆက်စပ်ရရင် ဒီလို တရားလက်လွတ်
လုပ်ခဲ့တာတွေကြောင့်လည်း တပ်တွင်း ၊ ထောက်လှမ်းရေး အဖွဲ့စည်းအတွင်းမှာ တစ်ဦးကိုတစ်ဦး
သစ္စာရှိဖို့ဟာ အရေးကြီးလာပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် မကြေနပ်မှု သိပ်ကြီးလာရင်
အားလုံး ဒုက္ခရောက်နိုင်စရာ ရှိပါတယ် ။ ဒီအတွက် အချင်းချင်း ကျေနပ်နိုင်စေဖို့ရာ လုပ်ကိုင်ရင်း
ဖြည့်ဆည်းပေးရင်း အလိုလိုက်ရင်း အဖက်ဖက်က ပိုဆိုးခဲ့ပြီး သည်ကနေ့ အခြေနေဆိုးမျိုးဆီ တွန်း
ပို့ခဲ့တယ်လို့လည်း တစ်ဖက်တစ်လမ်းက ယူဆသော် ရနိုင်ပါတယ် ။

   အပေါ်ကအစကို ပြန်ဆွဲရရင် - တရားရုံးက နယ်ခံတရားသူကြီး အချို့မှာတော့ ကိုယ့်နယ်သား
တစ်ယောက် အပြစ်မရှိပဲ သူ့ဘဝကို စစ်တပ်ကနေ မတရား အဆုံးသတ် လိုက်တာမျိုးကို မခံရ
လေအောင် နည်းလမ်း ရှာကြရပါတော့တယ် ။ သည်တော့ အပြစ်ရှိရှိ မရှိရှိ ထောင်အရင် ချပြစ်ရ
ပါတယ် ။ ပြီးတော့မှ လူယုံနဲ့ဖြစ်စေ ၊ ဆွေမျိုးသားချင်းကို လက်တို့ပြီးဖြစ်စေ အယူခံ ဝင်စေရပါ
တယ် ။ သည်တော့မှ တရားသေ လွှတ်စေဆိုပြီး လုပ်ပေးလိုက်ပါတယ် ။ အဲသည်တုန်းက ဘား
အံမြို့မှာ ထောင်မရှိလေတော့ ၊ ထောင်ကျသူတွေကို မော်လမြိုင်ထောင် ပို့ရပါတယ် ။ အဲဒီကမှ
ဘားအံမဖြတ်တဲ့ အခြားလမ်းနဲ့ ရွာအပြန် ဖြောင့်ပါတယ် ။ သို့သော် အတော်များများကတော့ ရွေး
စရာလမ်း သိပ်မရှိလှပဲ ၊ ထိုင်းနိုင်ငံကူးပြီး အလုပ်လုပ်ရင်လုပ် ၊ မဟုတ်ရင်လည်း စိတ်နာပြီး သူ
ပုန်အစစ်အမှန် ဖြစ်သွားခဲ့ကြမှာ အသေအချာပါ ။

   ဒီဖြစ်စဉ်မှာလည်း အဓိကအားဖြင့် အာဏာပိုင် အစိတ်ပိုင်း တစ်ရပ်ဖြစ်တဲ့ တရားရေးမှာ နေပြီး
တော့ ဗဟိုကို အာခံဖို့ မဖြစ်နိုင်ပေမယ့် ၊ တစ်ဖက်တစ်လမ်းကနေ လူတွေကို အကာကွယ်ပေးဖို
ထောက်ပင့်ပေးဖို့ ကြိုးပမ်းခဲ့ကြသူ အချို့ ရှိခဲ့တယ်ဆိုတာကို မီးမောင်းထိုးပြချင်တာပါ ။

   အချုပ်အနေနဲ့ - ဆိုခဲ့တဲ့ အဖြစ်အားလုံးမှာ သူ့ကဏ္ဍနဲ့သူ ဗဟိုအာဏာပိုင်တွေကို တန်ပြန်တော်
လှန်ဖို့ ၊ အာခံဖို့ကို တိုက်ရိုက်သော်၎င်း ၊ သွယ်ဝိုက်ပြီးတော့သော်၎င်း လက်ဆင့်ကမ်း ဝေမျှသူ ၊
အားသစ် လောင်းပေးသူတွေ ၊ တတ်စွမ်းသ၍ ကာကွယ်ပေးသူ စသည်ဖြင့် အုတ်တစ်ချပ်စာ ပါ
ဝင်ခဲ့ကြသူတွေ ရှိတယ်ဆိုတာကို သိကြားအောင် စုစည်းမျှဝေ ပေးလိုက်ပါတယ်ဗျာ ။


မန်းကိုကို
၀၅ ၊ ၀၁ ၊ ၂၀၁၃

2 comments:

  1. ပထမအဆုံးအကြိမ် လာရောက်ဖတ်ရှုသွားပါတယ်။ ညက်ညောပြေပြစ်တဲ့ အရေးအသားတွေကို သဘောကျမိပါတယ်။ ကျွန်တော်တို့ရဲ့ သံလွင်အိပ်မက် (www.thanlwin.com) ကိုလည်း အဆင်ပြေရင် စာမူပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်။ editor@thanlwin.com ကို ပေးပို့နိုင်ပါတယ်။

    ခင်မင်ရင်းနှီးစွာဖြင့်
    အေးချမ်း(သံလွင်)

    ReplyDelete
    Replies
    1. လာဖတ်တဲ့အတွက်ကော ဖိတ်ခေါ်တဲ့အတွက်ပါ ကျေးဇူးတင်ပါတယ် ။

      စာမူပို့ဖို့ အပိုင်းကတော့ နည်းနည်း စဉ်းစားရတဲ့ အပိုင်းပါ ။
      ပထမ ကျနော့်အနေနဲ့ အချိန် အကန့်အသတ်ကြောင့် စာတွေ ပြည့်စုံပြေပြစ်ဖို့ အဓိက သိပ်မထားတော့တာက တစ်ကြောင်း ၊ စာမူတစ်ခု ပို့ဖြစ်ရင် ကိုယ့်စာ သုံးမသုံး ဆိုတာကလည်း စိတ်ဒုက္ခ ပေးတတ်တာက တစ်ကြောင်းနဲ့ အခြား စုံစီနဖာ အကြောင်းများကြောင့် ၊ ယတိပြတ် မပြောနိုင်ပေမယ့် ပို့ဖြစ်ဖို့တော့ ခက်ခဲနိုင်ပါတယ် ။

      သို့သော် ကျနော့်စာတွေဟာ ကျယ်ပြန့်တဲ့ ပရိသတ်ဆီ မရောက်နိုင်တာကြောင့် ၊ ပိုကျယ်ပြန့်တဲ့ ပရိသတ် နောက်ခံရှိတဲ့ သံလွင်အိပ်မက်အတွက် ကြိုက်နှစ်သက်တာတွေ့ရင် အပုဒ်လိုက်ဖြစ်စေ အပိုင်းလိုက်ဖြစ်စေ ၊ မူရင်းဖြစ်စေ ပြင်ဆင်ပြီးဖြစ်စေ ၊ ကျနော့်အမည် ဖေါ်ပြသည်ဖြစ်စေ မဖေါ်ပြသည်ဖြစ်စေ ယူငင်သုံးစွဲနိုင်ပါတယ် ။ ကျနော် မသိသူတွေအတွက် ဖျော်ဖြေမှုသော်၎င်း ၊ ဗဟုသုတသော်၎င်း ရသွားနိုင်ရင်ပဲ ကျေနပ်ပါတယ် ။

      Delete