(၁) မာ့က်စ်ဝါဒီများနှင့် ကျနော်
များမကြာခင်က ဖတ်မိတဲ့ သရော်စာဆန်ဆန် စာစုတစ်စုကတော့ "ဘိုဘိုလန်းစင်" ရေးတဲ့
"ဂျပန်ခေတ်က မဟဝှါ" ပါ ။ Facebook ပေါ်မှာ share လုပ်ရင်း ရေးဖြစ်ခဲ့တာကတော့ အောက်က
အတိုင်းပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~
~ သရော်စာကောင်း တစ်ပုဒ်လို့ မြင်တယ် ။
တစ်ဆက်ထဲ မှတ်ချက်တစ်ခု ပြုချင်တယ် ။
မာ့က်စ်ဝါဒကို လက်မခံပဲ ဘာကြောင့် သူ့နောက် ယုံကြည်လိုက်လျှောက် နေသူတွေနဲ့ကျ ပလဲ
နံသင့်ပုံ ရနေသလဲလို့ မေးချင်သူတွေ ရှိကောင်းရှိမယ် ။
ကျနော့်အဖြေက - ကမ္ဘာမှာကြည့်ရင် အချို့သော အလယ်ယိမ်းတဲ့ အချို့သော အစုအဖွဲ့တွေက
လွဲရင် မာ့က်စ်ဝါဒဟာ ယေဘုယျအားဖြင့် ဆုတ်ယုတ်နေတဲ့ ဝါဒတစ်ခုဆိုတာ မှန်ပါတယ် ။ ဒါဟာ
လက်တွေ့ကျတဲ့ အဖြေပါ ။