ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, October 30, 2012

ရင်ကို လာရိုက်ခတ်သော ခွေးလှေးယားသီးများ



   ခုတစ်လောဖတ်ဖြစ်တဲ့ သတင်းတွေထဲက မှန်ရင်လည်းပြောစရာ လွဲရင်လည်းပြောချင်စရာ ဖြစ်
လောက်အောင် စေ့ဆော်တာလေးတွေထဲက အချို့ကို စုစည်းလိုက်ပါတယ် ။


(၁) □  တရားမဝင် ငြိမ်းချမ်းရေး 

  ငြိမ်းချမ်းရေးဆိုမှတော့ တစ်ကယ်လိုအပ်နေပြီမို့ အကျိုးစီးပွားပျက်မယ့်သူနဲ့ အတွေးခေါ် ချွတ်ချော်
နေသူ အချို့ကလွဲရင် လူအတော်များများက လိုလားကြသလို ပြည်မအာဏာပိုင်အချို့နဲ့ တိုင်းရင်း
သား လက်နက်ကိုင်အဖွဲ့တွေလည်း အပြန်အလှန် လုပ်နေကိုင်နေကြတာ လူတိုင်းလိုလိုအသိ ။

   သို့ပေမယ့် သတင်းထွက်လာစက သတိမထားမိပဲ တစ်နေ့ကမှ ကြည့်မိတဲ့ အောက်က Youtube
အတိုလေးကြောင့် ပက်လက်လန်သွားမိတယ် ။ အရင်ကြည့်ပြီးမှ ဆက်ပြောကြတာပေါ့ ။ ၂ မိနစ်
တောင် မပြည့်ပါဘူး ။




  ခင်ဗျားတို့တော့ မပြောတတ်ဘူး ၊ ကျနော်ကတော့ ဒါကိုနားထောင်ပြီး အရင်က အကောင်းမြင်ခဲ့
တာအချို့တောင် ပျောက်သွားတယ် ။ ဒီပုံနဲ့ဆို ငြိမ်းချမ်းရေးဆိုတာ အာဏာပိုင်လို့ ယူဆရတဲ့ လူ
တစ်စုလောက်နဲ့ပဲ အပြန်လှန်ယုံကြည်မှုယူ လုပ်နေကြတာဖြစ်ပြီး ၊ တရားဝင်ပုံလည်း မရ ၊ အာဏာ
ပိုင်အားလုံးကလည်း ဆန္ဒရှိပုံမရ ၊ လွှတ်တော်အပါဝင် ကဏ္ဍအသီးသီးကလည်း အဆက်စပ်ရှိကြပုံ
မရသလို ဖြစ်နေတယ် ။ နောက်တစ်ဆင့် ရှေ့အလားအလာကို မျှော်ကြည့်ဖို့လည်း ဘာမှမရေရာ
သလောက်ပဲ ။ သို့ပေမယ့် ဦးသိန်းစိန်တို့ ဦးအောင်မင်းတို့ကိုတော့ ယုံချင်ပါတယ် ။ ငြိမ်းချမ်းစေချင်
တာကိုး ။ 

  ဒီတော့ ဘာလုပ်ရမလဲ ။ 
  အလွယ်ဆုံးကတော့ "ဘုရားတရားကို အာရုံပြု"တို့ ၊ "ဆုများများတောင်း"တို့ ၊ “ကံပေါ့ကွယ်”တို့
စသည်ဖြင့်ပဲ ပြောလို့ရတော့မှာပေါ့ဗျာ ။


□  အဆီးအတားတစ်ချို့ 

  ငြိမ်းချမ်းရေးအတွက် ဘာတွေအတားဆီး ရှိနေသလဲဆိုတာ မေးဖို့ရာမှာ မာနနဲ့ အဖွဲ့စည်းအတ္တ
လုံးဝမချနိုင်ပဲ စစ်တိုက်ဖို့လောက် အားသန်တဲ့ စစ်ဗိုလ်တွေကို အသာထားပြီး ၊ သူတို့ ထွက်ပေါ်
လာတဲ့ ပြည်မအသိုင်းအဝိုင်းထဲကပဲ ဟိုတစ်စသည်တစ်စ လိုက်မွှေကြည့်ရအောင် ။

   အောက်မှာက Facebook မှာ ဘလော့ဂါချိုး ကိုညိုကြီးဆီက ရလာတာပါ ။
"‎"လိုနေတာ"

တိုင်းရင်းသားဒေသ(ပြည်နယ်)အတော်များများမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး
ယခုလည်း ကရင်ပြည်နယ်မှာတာဝန်ထမ်းဆောင်နတဲ့ အရပ်ဖက်အရပ်သား
အရာရှိတစ်ဦးက ပြောပြသည်မှာ-

"ငြိမ်းချမ်းရေးအတွက် အဓိကလိုနေတာက တိုင်းရင်းသားတွေကို အထက်စီးက
မဆက်ဆံဘဲ တန်းတူထားပြီး ဆက်ဆံဖို့ပဲ။ ကလိမ်ကကျစ်ကျတာ(လူလည်လုပ်
တာ)ကို တိုင်းရင်းသားတွေက မခံစားနိုင်ကြဘူး။ မပေးနိုင်တဲ့ကတိက၀တ်တွေ
ပေးပြီး တကယ်တမ်း လုပ်မပေးနိုင်တဲ့အခါမျိုးမှာ ယုံကြည်မှုပျက်ပြားတတ်တာ
မျိုးလည်း ရှိတယ်။"

Nyo Gyi"

   အဲဒီလိုမြင်သူသိသူ နားလည်လက်ခံသူတွေက နည်းပါတယ် ။ Facebook က နောက်ထပ်မှတ်
ချက်လေးတစ်ချို့ကို ဆက်ကြည့်ရအောင် ။

လိုင် ဇာ က လွဲ ရင် စင်္ကြာ ဝဠာ ပတ် ဆန္ဒ ပြ တယ် ။ တ ဖက် ရဲ့
မျက် ချေး ကို မ မြင် ပဲ တ ဖက် ရဲ့ မျက်ချေး ကို ပဲ မြင် တယ်။
.... ဘယ် လို ဆွေး နွေး ဆွေး နွေး နှစ် ချီ ကြာ အောင် ဆွေး နွေး
ရ မှာ ဖြစ်လို့ အ ခု က တဲ က အကေါင်း မြင် စိတ် နဲ့ဖွင့် ထါး တဲ့
 ငြိမ်း ဝိုင်း ပေါ် ခြေ တ လှမ်း တက်အောင် မ တိုက် တွန်း ဘူး
တ ဖက် လူ သိ က္ခာ ချ ဖို့ က မ္ဘာ ပတ် လမ်း လျောက် တယ်။
 ငြိမ်းချမ်း ရေး လို ချင် လွန်း လို့ ရန် ကုန် မှာ န ယူး ယောက် မှာ
လူ မျိုး ၊ သ မ္မတ ကို လိုက် ဆန္ဒ ပြ နေ ရ တယ် ဆို တဲ့ propaganda
ဝါ ဒ ကို ဗူး လုံး နား မ ထွင်း အ သုံး ပြု နေ ရင် တော့ မ ရိုး သါးဘူး၊ ...


ကချင်အရေးကို ကိုယ်ချင်းစာတယ် ကချင်လုပ်စားတွေ ကိုတော့
ရှုတ်ချတယ်ဗျာ ...  .. ပြည်ပက လူတွေ မလုပ်ကြပါနဲ့ ဗျာ ..
သိလို့ပြောတယ်လို့မှတ်ပါ ...

Mgchaint Wynn - ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ တိုင်းရင်းသားနဲ့
မဟာဗမာဆိုတဲ့ စိတ်ဓါတ်တွေ အရမ်းကိန်းအောင်းနေတာပါပဲ။ အကြောင်းအရာတစ်ခုကို
စတင်ဆွေးနွေးပြီဆိုရင် Compromise လုပ်မယ်။ ပြသာနာတစ်ခုကို ပြေလည်အောင် ဖြေရှင်း
မယ်ဆိုတဲ့ စိတ်ကို အရင်းတည်ပြီး ဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဆွေးနွေးပွဲဆီကို မလာကြ
ပါဘူး။ ..... ခင်ဗျားတို့ စိတ်ထဲမှာ အကြောင်းမဲ့ ရိုက်သွင်းခံထားရတဲ့ တိုင်းရင်းသား နဲ့ မဟာ
ဗမာဆိုတာ မေ့ထားလိုက်ပါ ....

  မှတ်ချက်တွေကိုကြည့်ရင် စကတည်းက အပိတ်စကားနဲ့ စသူ ၊ အထင်နဲ့ပြောသူ ၊ မစာနာ
တတ်သူ ၊ လိုရာဆွဲပြောသူ စသည်ဖြင့် ဖတ်သူအချို့လည်း သတိထားမိကောင်း ထားမိပါလိမ့်
မယ် ။

  ဒါတောင် ရွေးထားတဲ့ မှတ်ချက်တွေဟာ  ပေါက်ကရကိုးဆယ် ရေးသူတွေကိုချန်ထားပြီး
သဘောထားပျော့ပြောင်းတယ်လို့ ဆိုနိုင်သူတွေကိုသာ အနည်းကျဉ်း နမူနာပြထားတာပါ ။
ဖတ်ရတာ ဟုတ်သလိုလိုရှိပြီး ရေးသူကိုယ်တိုင်လည်း သူ့ကိုယ်သူ မှန်ကန်မျှတတဲ့ ရပ်တည်
ချက်တွေရှိကြတယ်လို့ ယုံကြည်နေကြသူတွေချည်းပါ ။။ သဘောထားပျော့သူတွေတောင်
ဒီလိုဖြစ်နေရင် တင်းမာသူတွေရဲ့ အနေထားကတော့ ပြောရင် မောရုံရှိတော့မပေါ့ဗျာ ။

ဒီလိုလူတွေ မှိုလိုပေါက်အောင်ပေါတဲ့ ပြည်မနဲ့ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဆိုတာ တ
ကယ်ဖြစ်နိုင်ပါ့မလား ၊ တည်မြဲနိုင်ပါ့မလား ၊ မျှော်လင့်ချက်တောင် ရှိပါ့မလား ။


□  မျှော်လင့်ချက် 

   မျှော်လင့်ချက် လုံးဝမရှိတော့ဘူးလား ဆိုရင်တော့လည်း ၊ မဟုတ်ဘူးလို့ ပြောရပြန်မယ် ။
ဘာဖြစ်သလဲဆိုရင် ၊ အထူးသဖြင့် ဟိုတစ်လောက ပျဉ်းမနားမြို့သစ် (နေပြည်တော်) အထိ
တောင် ဆန္ဒသွားပြဖို့ ကြိုးစားခဲ့ကြတဲ့ လူအချို့ကိုကြည့်ရင် မျှော်လင့်စရာ ကျန်ပါသေးတယ်
လို့ မှတ်ယူရလိမ့်မယ် ။ ဒါ့ပြင် လုပ်ရဲကိုင်ရဲတဲ့ သူတို့ရဲ့စိတ်နဲ့ အဆုံးရှူံးခံတဲ့ အချိန်တွေ စွမ်းအင်
တွေအတွက်လည်း အဝေးကနေ အလေးထား အသိမှတ် ပြုပါတယ် ။



(၂) ကိုယ်ပျောက် ရန်သူ


  စာလေးဘာလေး လျှောက်ဖတ်ကြည့်ရင်း Myanmar Defense ဘလော့မှာ တွေ့မိတာတစ်
ခုက အောက်ကအတိုင်းပါ ။
"အိမ်နီးချင်း ရေတပ်များကိုသာ အထင်ကြီး ၊ အားကိုးမိသူများ ကြည့်ထားကြပါခင်ဗျာ"
ပါတဲ့ ။
   မြန်မာရေတပ် လေ့ကျင့်မှုအကြောင်း ရေးထားတဲ့ ပို့စ်တစ်ခုမှာပါ ။
   ကျနော်လည်း ဦးနှောက်စားသွားတယ် ။
   အထင်ကြီးတာဆိုရင်တော့ ဒါက သဘာဝပဲလေ ။ ပိုကောင်းတယ် အဆင့်ပိုမြင့်တယ်ထင်ရင်
အထင်ကြီးမှာပဲ ။ ကိုယ့်ဆီမှာရှိတာက တရုတ်ထုတ်သင်္ဘောတွေနဲ့ အရည်သွေးပိုင်းမှာ မေးခွန်း
ထုတ်စရာတွေ အများကြီးရှိနေတဲ့ ပြည်တွင်းထုတ်သင်္ဘောတွေချည်းလေ ။ ဒါပေမယ့် သူတစ်
ပါးကို အထင်ကြီးရုံနဲ့ ပြဿနာမဟုတ်ပါ ။

   အားကိုးတယ်ဆိုတာကျတော့ ကွာသွားပြီ ။ အနည်းဆုံး အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီး
ပွားတွေနဲ့ ဆိုင်လာရတော့မယ် ။ ဒါတွေကို အကာကွယ်ပေးမယ့်သူတွေဆိုရင်တော့ အားကိုး
ရမှာ သဘာဝကျပါတယ် ။ ဒါမှမဟုတ်ရင်တော့ စိတ်ကူးယဉ်နေပြီလို့ ပြောလို့ရတယ် ။ ဒီနိုင်ငံမှာ
နေပြီး အခြားနိုင်ငံကို အားကိုးမယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျ မဖြစ်နိုင်ပါ ။
 
  ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးနိုင်စေချင်တဲ့ လူ့သဘာဝအရ လူတိုင်းနီးပါး ကိုယ့်နိုင်ငံကို
အကောင်းဆုံး ဖြစ်စေချင်ကြတာ သေချာပါတယ် ။ ကျနော့်တစ်ယောက်ထဲ သဘောအရတော့
ပြည်မစစ်တပ်ကော တိုင်းရင်းသားတပ်တွေကော အားလုံးကို အဆင့်မြင့်မြင့် စည်းကမ်းရှိရှိ
နိုင်ငံကာကွယ်ရေးတာဝန်ကို ကြေစေချင်တယ် ။ ဒီစကားကလည်း အများကြီး ဆက်ရှင်းစရာ
လိုနိုင်ပါတယ် ။ တစ်ခုပဲ လိုရင်းပြောချင်တာက တိုင်းရင်းသားတပ်တွေလည်း တစ်ချိန်မှာ ပြည်
ထောင်စုတပ်ထဲ ဝင်ပါသင့်ပါရမှာပဲလေ ။ ကျနော့်စကား လွန်မယ်မထင်ပါ ။

   အတိုချုပ်မှတ်ချက်ပေးရရင်တော့ "အိမ်နီးချင်း ရေတပ်များကိုသာ ... အားကိုးမိသူများ" ဆိုတဲ့
စကားဟာ လက်ရှိစစ်တပ်ရဲ့ mentality ကို ထင်ဟပ်ပြနေတယ်လို့ မြင်ပါတယ် ။ တိုင်းပြည်ကို ငါ
တို့အချစ်ဆုံး ၊ ငါတို့ လုပ်ခဲ့တာ လုပ်နေတာသာ အမှန်ဆုံးနဲ့ အကောင်းဆုံး ၊ နိုင်ငံကို ငါတို့ပဲ ကာ
ကွယ်နိုင်တယ် ၊ နိုင်ငံကို ငါတို့ပဲ ဦးဆောင်နိုင်တယ် စတဲ့ရောင်ပြန်ဟပ်မှုမရှိတဲ့ အတွေးအမြင် ခံ
ယူချက်တွေအပေါ် မူတည်ပြီး သီးပွင့်လာတဲ့ စကားတွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ် ။

  ကျနော်ပြောတာ နည်းနည်းခံရခက်နိုင်ပါတယ် ။ ဒါပေမယ့် အမှန်ကို လက်မခံနိုင်ရင် လက်တွေ့
ဘဝနဲ့ကင်းကွာတဲ့ အဖွဲ့စည်းတစ်ရပ်အဖြစ် ဆက်ရပ်တည်သွားဖို့ပဲ ရှိပါတယ် ။



(၃) □ ပြည်တွင်း"အာ"သည် ပြည်တွင်းမှာသာရှိသည်

   အမြင်ကပ်ကပ်နဲ့ တမင်ရေးတယ်လို့ ပြောနိုင်ပါတယ် ။
   အကြောင်းရင်းကတော့ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည် တို့ ၊ ပြည်ပကဆိုရင်
ဆရာလုပ်ရုံပဲ တတ်ကြတယ် ကျီးအာသီးသာသာပဲဆိုတဲ့ အပုတ်ချ စကားတွေ့ကြောင့်ပါ ။ ဒါတွေ
နားထောင်မိရင် ပညာတတ်တွေ ရင်းနှီးမြှုပ်နှံလိုသူတွေ ပြန်လာကြပါလို့ အာမခံ မရှိပဲ ခေါ်နေသူ
လက်တစ်ဆုပ်စာတွေကိုတောင် ခေါင်းထဲ တစ်ချက်တစ်ချက် မေ့မေ့သွားတယ် ။

   လူတိုင်းမှာ မတူတဲ့စွမ်းအား ၊ ကွာခြားတဲ့နောက်ခံနဲ့ အသိအမြင် ဗဟုသုတ အတွေ့ကြုံနဲ့ ပညာ
ရေးတွေ ရှိကြတာပဲ ။ လက်တွဲ ဖလှယ် ပေါင်းစည်းလုပ်ကိုင်နိုင်မှ အကျိုးရှိမှာပေါ့ ။ ပြည်တွင်းက
လာဟ်ပေးလာဟ်ယူ ဝန်ထမ်း ၊ တစ်ရာသီပဲစိုက်တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ၊ လ္ဘက်ရည်ဆိုင်
ထိုင်ဖို့လောက်ကျွမ်းကျင်တဲ့ မြို့ပေါ်ကလူတွေနဲ့ ဒီမိုကရေစီစနစ်သုံးပြီး တိုးတက်ခေတ်မီတဲ့  နိုင်
ငံကြီးတည်ဆောက်မယ်ဆိုရင်တော့ ဟားတိုက်မရယ်ရင်တောင် မသိသလိုလုပ်ပြီး ရူးချင်ယောင်
ဆောင် မျက်နှာလွဲရမယ့်ကိန်းပဲ ။

   နမူနာတစ်ခု ပြောပြချင်ပါတယ် ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ပြည်တွင်းကို သက်ကြီးပိုင်းတစ်ဦးနဲ့
ဖုန်းနဲ့စကားပြောဖြစ်ပါတယ် ။ စစ်ဦးစီးချုပ်ဟောင်းတစ်ဦးနား နေခဲ့တဲ့ စစ်ဗိုလ်ဟောင်းဖြစ်ပြီး စ
လောင်းနဲ့ ပြည်တွင်းပြည်ပ သတင်းတွေကို အမြဲ စောင့်ကြည့်နေသူ တစ်ယောက်ပါ ။

   အတိုချုပ်ရရင်တော့ ကျနော်ကနေ မြန်မာအာဏာပိုင်တွေကို ပြည်ပအစိုးရတွေက ဆက်ဆံ
နေတယ်ဆိုတာဟာ နိုင်ငံရေးအရဖြစ်တယ် ၊ ဝိုင်းပယ်ထားမယ့်အစား ထိတွေ့ဆက်ဆံပြီး ပိုဆိုး
မသွားအောင် လက်တွဲခေါ်နေတာပါ ၊ လိမ်နေတာတွေကို မသိလို့ မဟုတ်ပါဘူး ၊ ဒါကိုကပဲ နိုင်
ငံရေးပါပဲ လို့ ပြောပြခဲ့ပါတယ် ။ တကယ်တော့ ဒါဟာ မြန်မာပြည်ပြင်ပမှာ နေသူတစ်ယောက်
အနေနဲ့ မဆန်းလှပါဘူး ။ ဒါပေမယ့် ကျနော့်နဲ့ စကားပြောခဲ့သူအတွက်တော့ သူအရင်က မသိ
ခဲ့တဲ့ အတွေးမြင်တစ်ခုကို ရလိုက်သလိုပါပဲ ။ ဝမ်းသာသွားပုံရတယ် ။ ဆိုတော့ကာ ကျနော်
“တော်”တာတော့ မဖြစ်နိုင်ပါဘူး ၊ သို့ပေမယ့် ပြည်တွင်းပြည်ပ ပူးပေါင်းလုပ်ကိုင်ကြဖို့ လိုအပ်
တယ်ဆိုတဲ့ နကိုရှိပြီးသား ယုံကြည်ချက်ကလေး ပိုပြီးတော့ ခိုင်မာလာစေတာတော့ အမှန်ပါပဲ ။



(၄) □ သစ္စာ


   တစ်ဆက်ထဲ ပြောချင်တာက "သစ္စာ"ဆိုတာနဲ့ ပတ်သက်ပြီးတော့ပါ ။ 

  ခုတစ်လော မျိုးချစ်ဆိုသူများက သစ္စာရှိရမယ် ၊ သစ္စာရှိပါ့မလား ၊ သစ္စာဖေါက် ဆိုတဲ့ မေးခွန်း
နဲ့ စကားတွေကို ဖေါဖေါသီသီ သုံးနေကြတာ တွေ့ရတယ် ။ အထူးသဖြင့် ခုနေခါမှာ မွတ်ဆ
လင်တွေကို “ဒီလူတွေ တိုင်းပြည်အပေါ် သစ္စာရှိမယ်လို့ ဘယ်လိုယုံရမှာလဲ”လို့ မေးခွန်းထုတ်
ကြတယ် ။

  ပကတိတရားနဲ့ နမူနာတစ်ချို့ကို ကြည့်ရအောင် ။
  မြန်မာပြည်မှာ စာရင်းမရှိအင်းမရှိ ၊ အတွေးခေါ်ပိုင်းဆိုင်ရာ ပညာရေးပြန့်ပွားမှု နည်းနေသေးပြီး
ကိုယ့်ရဲ့ မူလအတ္တအပေါ်ပဲ မူတည်ပြီး တွေးတောလုပ်ကိုင်နေကြသေးတယ်လို့ ယူဆလို့ရချိန်မှာ
တိုင်းပြည်အပေါ် ပြည်သူပြည်သား ဘယ်နှစ်ရာခိုင်နှုန်းလောက် သစ္စာရှိကြသလဲ ၊ ဒါက အခြေခံ
ကျတဲ့ မေးခွန်းတစ်ခု ။

  သစ္စာဆိုတာ အကောင်ထည်ပြလို့ ရတဲ့အရာမဟုတ်ဘူး ။ ဒါဆို သစ္စာရှိမရှိ ဘယ်လိုတိုင်းမလဲ ။
ဒါတွေက တစ်ကယ်တန်း အခက်ခဲပြဿနာကြီးတွေကြုံလာမှ လက်တွေ့သိနိုင် တိုင်းတာလို့ရမယ့်
ကိစ္စ ။

  ကျနော်အမြင်မှာတော့ တစ်ခုလွဲနေတယ်ဗျ ။
  အဓိကက သစ္စာခံ မခံ ဆိုတဲ့ အပိုင်းပါ ။
  နကိုကတည်းက သစ္စာမခံသူဟာ သစ္စာဖေါက်တယ်လို့ စွပ်စွဲလို့ရစရာကို အကြောင်းမရှိပါဘူး ။
ဒါပေမယ့် မြန်မာအသိုင်းဝိုင်းကြားမှာ စွပ်စွဲနေတာ အများကြီးရှိနေတယ် ။ ဘာကြောင့်လဲ ။

  အတိုဆုံးအဖြေက တစ်ဘို့ထဲကြည့်တဲ့ အတ္တစိတ်အရင်းခံကြောင့်ပါပဲ ။ ငါ့နိုင်ငံ ၊ ငါ့မြေ ၊ ငါပိုင်
….. တွေကစလို့ပေါ့လေ ။ ဒါတွေကပဲ တိုင်းရင်းသားတွေကို ရာစုနှစ်ပေါင်းအများကြီး ဒုက္ခပေးခဲ့
ပြီးပြီ ။ ခုလည်း အဲဒီဒုက္ခတွေကို မမြင်နိုင်သေး ၊ ကိုယ်ချင်းမစာနိုင်သေးတဲ့အပြင် ဆင့်ကဲဆင့်ကဲ
လုပ်ချင်နေကြတယ် ။ အလုပ်လွန်လို့ တစ်ပတ်လည်ပြီး ကိုယ့်ဘာသာ မဖြေရှင်းနိုင်တာတွေဖြစ်
လာမှ ဟုတ်ပေ့ဖြစ်နေမယ် ။

  ဒီကြားထဲ အချို့က အစိုးရဆိုတာ မိဘလိုပဲလို့ ဆိုသူတွေက အများသား ။
  တစ်ကယ်ပဲလား ။ မိဘဆိုတဲ့သဘောက သားသမီးကို ကျွေးမွေးပျိုးထောင်မယ် ၊ ကာကွယ်ပေး
မယ် ၊ လမ်းညွှန်ပေးမယ် စသည်ဖြင့် အနည်းဆုံးတော့ ရှိတာပဲ ။ အဲ ရိုက်ပုတ်ဆုံးမတာလည်း ရှိ
တတ်တယ်လို့ ပြောချင်ကြမယ် ။

  မြန်မာပြည်မှာ ၊ အထူးသဖြင့် တိုင်းရင်းသားနဲ့ လူနည်းစုတွေဖက်ကကြည့်ပါ ၊ အဓိက ရိုက်ပုတ်
ဆုံးမတာ တစ်ခုပဲရှိတယ်လို့ ပြောရလောက်အောင်ပါပဲ ။ မလိမ္မာလို့ ရိုက်ပုတ်ဆုံးမတာလို့ ပြော
ချင်ပြောကြမယ် ။ ဒါပေမယ့် သွေးမတော် သားမစပ် ၊ ကျွေးမွေးပျိုးထောင်မှုမရှိ ၊ အကာကွယ်
မပေး ၊ ကြီးပွားတိုးတက်အောင် လမ်းမညွှန်တဲ့အပြင် ရှိသမျှယူ ၊ ကိုယ့်အကျိုးအတွက်ချည်းခိုင်း
ပြီး စိတ်အလိုမကျရင် ရိုက်ပုတ်တယ်ဆိုတော့ ဘယ်သူက ကြည်ဖြူပါ့မလဲ ။ ဘယ်သူက သစ္စာခံ
ချင်ပါ့မလဲ ။ ဒီကြားထဲ ငါတို့အချင်းချင်းလည်း အရိုက်အပုတ် ခံရတာပဲ မင်းတို့က တမူးပိုမရှူချင်
ပါနဲ့လို့ အလံရှူးလုပ်သူတွေလည်း ပေါပါ့ဗျား ။

  အကျိုးဆက်ကဘာလဲ ၊ အင်္ဂလိပ်-ဗမာစစ်ဖြစ်တော့ လမ်းပြတွေက ခေတ်အဆက်ဆက် အထု
ထောင်းခဲ့ခဲ့ရတဲ့ အောက်ခြေပိုင်း ကရင်တွေ အများစုလေ ။
  သစ္စာဖေါက်တွေလို့ ဗမာတွေဖက်ကတော့ ပြောမှာပဲ ။
  လက်တွေ့ဘဝမှာ တစ်ကယ်ဖြစ်နေတာက - ရာထူးရာခံနဲ့ အခွင့်အလမ်း ချမ်းသာမှုတွေရနေသူ
ကရင်တွေကတော့ ဘယ်သစ္စာဖေါက်ပါ့မလဲ ၊ ပြည်မ ဘုရင်ဖက်က အင်္ဂလိပ်ကို အပြင်းအထန် ခု
ခံခဲ့သူ ကရင်တွေလည်း အများကြီး ပေါ်ခဲ့တာပဲ ။ ဇက်ပြုတ်မှာ ကြောက်တာလည်း ပါတာပေါ့ ။

  ဒါပေမယ့် လုပ်လို့မရတာက အောက်ခြေမှာ ။ အစဉ်အဆက် ဒုက္ခခံခဲ့ရတဲ့ နင်းပြားတွေအတွက်
ကတော့ သစ္စာဆိုတာ ချိုနဲ့လားလို့တောင် မေးရလိမ့်မယ် ။ ဒီလိုလမ်းပြလို့ သင်္ခန်းစာပေးတဲ့အ
နေနဲ့ ရန်ကုန်မြို့နဲ့ မိုင်ငါးဆယ်ပတ်လည်က ကရင်ရွာတွေ အားလုံးဖျက်ဆီးခံခဲ့ရတယ် ။ ဒါတောင်
သမိုင်းရဲ့ တစ်စပဲရှိသေးတယ် ။ ဒီလိုလုပ်တော့ကော အောင်မြင်ခဲ့သလား ။ အစဉ်ဆက် စိတ်ထဲ
စွဲနေတဲ့ အကြောက်တရားနဲ့ အတင်းအုပ်ချုပ်ရင် ရမှာပဲလို့ နားလည်ကြိုးစားတော့ သဲထဲရေသွန်
သလိုပေါ့ ။ စာရင်းချုပ်တော့ ဘီလူးလေးလည်း ဘီလူးကြီးရဲ့ အစာ ဖြစ်သွားတော့တါပဲ ။

  ခက်တာက ဒီကနေ့အထိ ပကတိဖြစ်တတ်တဲ့ သဘာဝကို လက်ခံနိုင်တဲ့သူတွေ နည်းပဲနည်းနေ
သလား ၊ ငြိမ်ပဲငြိမ်နေကြသလားတော့ မပြောတတ်ဘူး ၊ အစဉ်မပြတ် ဖြစ်နေတုန်း ။

  ပွင့်ပွင့်လင်းလင်း ပြောရအောင်ဗျာ ၊ ခင်ဗျားက ကုလားတစ်ယောက်ကို ပါးတစ်ချက် အသားလွှတ်
ရိုက်ပြီး “ဟေ့ကောင် မအေပေးကုလား မင်းတို့ ငါတို့ကို သစ္စာရှိရမယ်လို့ပြောရင် သူကနေ ရိုရို
ကျိုးကျိုး ပြုံးပြုံးကလေးနဲ့ သစ္စာရှိရမှာလား ။ ရှင်းရှင်းကတော့ မြန်မာပြည်မှာ ဒီလိုကို ဖြစ်နေတာ ။
ဒီနေရာမှာ “ကုလားဆိုတဲ့ စကားလုံးနေရာမှာ “ဗမာ ဖြစ်စေ အခြားလူမျိုးတစ်စုဖြစ်စေ အစားထိုး
သုံးကြည့်ပါလား ၊ ဘယ်လိုဖြစ်မလဲ ၊ ခံစားရမလဲ ။

  အားလုံးကိုရောပြီး ကုလားခေါ်ခေါ် ၊ မြန်မာမူဆလင်လို့ပြောပြော ၊ ဟိန္ဒူတွေအပါဝင် ဒီလူတွေ
အနေနဲ့ နှစ်ပေါင်းရှည်ကြာ ဘယ်လိုရင်ဆိုင်ခဲ့ရသလဲ ဆိုတာ မသိချင်ဟန်ဆောင်နေသူတွေကို
တစ်ကယ်ဗျာ အံ့သြတယ် ၊ ပြေးစရာမြေမရှိ သွားစရာ နယ်မရှိသူတွေကို ဆက်ဆံကြ သဘော
ထားကြပုံများ ပြောရမှာတောင် ဘုရားတွေတရားတွေကို အားနာတယ် ။ ပျူဌာယဉ်ကျေးတဲ့ ရိုး
သားတဲ့ လှပတဲ့စိတ်ထားတွေနဲ့ … ဘာညာဘာညာ ဆိုတာတွေလည်း ဘေးသာ ချိတ်ထားလိုက်
စမ်းပါဗျာ ၊ တစ်ကယ်လည်း မဟုတ်ပဲနဲ့ ၊ ရှက်လို့ပါ ။

  ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေ အတော်များများမှာ အစိုးရကို မကြိုက်ဖူးလို့ ဗြောင်ပြောသူ
တွေ အများကြီးရှိသလို ၊ ဘယ်သူ့ကိုမှ သစ္စာမခံနိုင်ဘူးလို့ ပွင့်လင်းသူတွေ အများကြီးပါ ။ နိုင်ငံ
နဲ့ မှီတင်းနေထိုင်သူတွေကို ဒုက္ခအန္တရာယ်ရောက်အောင် လုပ်တယ်လို့ အခိုင်အမာမပြနိုင်ပဲနဲ့ ဒီ
လိုလူတွေကို ဘယ်သူမှ မောင်းလဲမထုတ်ပါ ၊ ထောင်လည်း အသားလွတ်မချပါ ။ အများစုက
ဆွေးနွေးညှိနှိုင်း ငြင်းခုန်ကြတာပဲ ရှိပါတယ် ။

  ကျနော်တို့ကော …. ရာစုနှစ်အများကြီး နောက်ကျန်ခဲ့ပြီလား … အခြေခံအကျဆုံး စာနာမှုတွေ
တောင် မထားနိုင်ကြတော့ဘူးလား … ။ လူတွေကို သစ္စာရှိအောင် ၊ သစ္စာခံချင်အောင် ကိုယ်နဲ့
နှိုင်းပြီး တန်းတူ သဘောထားပြီးပြီလား ၊ သူတို့အကျိုးကို ထည့်တွက်ပြီးပြီလား ၊ သူတို့သစ္စာရှိဖို့
ထက် ကိုယ့်ကိုမုန်းတီးပြီး ထွက်ပေါက်မရှာရှာအောင် တွန်းထိုး မောင်းထုတ်နေမိသလား ၊ သို့
တည်းမဟုတ် ချောင်ပိတ်ရိုက်နေမိသလား ။

  တပ်မတော်သည်အမိ တပ်မတော်သည်အဖဆိုတဲ့ ဆိုင်းဘုတ်အောက်မှာထိုင်ပြီး “မိဘမဲ့ ဖြစ်
ချင်လိုက်တာ”လို့ ညည်းနေတဲ့ အပေါ်က ကာတွန်းလေးကို တမင်ထည့်ပြထားတာပါ ။ အဲဒီကာ
တွန်းကို မှီပြီးပြောရရင် လက်ရှိ ဖြစ်နေတာတွေကြောင့် “လွတ်လပ်မယ့်အစား ကိုလိုနီသခင်
ဟောင်းတွေလက်ထဲမှာ ကျွန်ဖြစ်ချင်လိုက်တာ” ဆိုပြီး ပြောချင်သူများတောင် ပေါ်လာနိုင်
တယ်လို့ မျှော်မှန်းထားရင် မှားမယ်တော့မထင် ။

   ဒီလိုတွေပြောလို့ အာခေါင်းသံကြီးနဲ့ တက်တစ်ခေါက်ခေါက် ဒေါသတကြီး အော်ဟစ်ဆဲဆိုချင်
သူများလည်း ရှိမှာပဲ ။ သူတို့ မှန်တယ် ကောင်းတယ်လို့ လှေနံဒါးထစ် လက်ခံထားတာကို ထိခိုက်
လာပြီကိုး ၊ အတ္တနဲ့မာနကို အဖျားခတ်လာပြီကိုး ။ အဲဒါလည်း ခက်တာပါပဲ ၊ သည်လိုလုပ်လို့
လက်တွေ့အခြေနေတွေ ပိုဆိုးရုံကလွဲပြီး ကောင်းလာစရာက မရှိ ။ ကျနော့်ကို ရန်တွေ့လည်း မ
ထူး ၊ ကျနော်လည်း လူတွေသစ္စာရှိလာအောင် ဥုံဖွ လုပ်မပေးတတ် ။

  စာကလည်း စိတ်ထဲရှိတာတွေချရေးရင်း ဝတ္ထုရှည်တစ်ပုဒ်လိုတောင် ဖြစ်နေပြီ ၊ ဒီမှာပဲ ရပ်ထား
ပါဦးမယ်ဗျာ ၊ ကျန်တာ နောက်တစ်ပုဒ် ထပ်ခွဲလိုက်တော့မယ် ။ အဲဒီကျ မွတ်ဆလင်ဆိုတာနဲ့ ဝါး
လုံးရှည်နဲ့ သိမ်းကြုံးရိုက်ရင်း ထိုင်းနိုင်ငံက အရင်းခံပြဿနာတွေကို နားမလည်ပဲ ရမ်းသမ်းပြော
နေတဲ့ ကရင်လူငယ်အချို့ကိုလည်း အနည်းကျဉ်း ရှင်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ် ။


 မန်းကိုကို
၃၀ ၊ ၁၀ ၊ ၂၀၁၂ 

==============================


နောက်ဆက်တွဲ ~ သစ္စာရှိသူ မဲ့သူတစ်ချို့

  မြန်မာပြည်က လူသိများသူနဲ့ အဖွဲ့တစ်ချို့ကို ကြည့်ရအောင် ။

ဗိုလ်မှူးစိုင်းသိန်းဝင်း - စစ်တပ်ကို သစ္စာဖေါက်တယ် ၊ နိုင်ငံနဲ့ လူထုကိုကော သစ္စာဖေါက်တယ်လို့
                            ပြောလို့ရပါ့မလား ။
ဗိုလ်မှူးအောင်လင်းထွဋ် - အပြစ်မရှိတဲ့လူ အစုလိုက်အသတ်ခံခဲ့ရတာကို ဖေါ်ထုတ်ခဲ့တယ် ၊ အ
                                 ခြားအချက်လက်တစ်ချို့လည်း ထုတ်ပြောခဲ့တယ် ။ ဘယ်သူ့ကို သစ္စာ
                                 ဖေါက်တယ်လို့ ခေါ်မလဲ ။
ယ္ခင်စစ်ထောက်လှမ်းရေးအဖွဲ့ - ထင်ထင်ရှားရှား လူရှေ့ထွက်ပြီး ကျနော်တို့ ဘာတွေလုပ်ခဲ့ပါ
                                          တယ် ၊ ဘာတွေမှားခဲ့ပါတယ်လို့ ဘယ်သူမှ ထွက်ဝန်ခံတာ မ
                                          တွေ့ဖူးသေးဘူး ။ သူတို့ကြောင့် လူတွေဘယ်လောက် ဒုက္ခ
                                          ရောက်ခဲ့သလဲ ၊ သေခဲ့သလဲဆိုတာ စာရင်းမရှိအင်းမရှိ ၊ အသတ်
                                          ခံခဲ့ရတဲ့ လူတစ်ယောက်အကြောင်းကို ကျနော်လည်း ရေးပြခဲ့ပြီး
                                          ပြီ ။ သမာဓိ ရှိချင်မှရှိမှာဖြစ်ပေမယ့် သစ္စာတော့တော်တော် ရှိကြ
                                          တယ်ဗျ ၊ ကောင်းသလား ။
ဦးတင်ဦး (NLD) - လွတ်လပ်ရေး ရပြီးကတည်းက ကုလား တရုတ်နဲ့ တိုင်းရင်းသားတွေ ဘယ်
                         လောက်အထိ ခံခဲ့ရသလဲ သိတာပေါ့ဗျ ။ Mr. Know All လို့တောင် ကွယ်ရာ
                         မှာ အခေါ်ခံခဲ့ရသူပဲ ။ သူလည်း နစ်နာခဲ့သူတွေအကြာင်း ခုထိ တစ်ခုမှ ထုတ်
                         မပြောခဲ့သေးဘူး ။ သစ္စာရှိတယ် ။ အထူးသဖြင့် နိုင်ငံတော်ကို သစ္စာရှိတယ်
                         လို့ ပြောချင်သူတွေ ရှိမယ် ၊ ခင်ဗျား ဘယ်လိုယူဆမလဲ

13 comments:

  1. You may be somewhat biased when it comes to certain cases.
    We as burmese never hate or hold animosity towards ethnics.In fact all of us suffered and opressed under such government. BUT,you guys stills hold the view point about မဟာဗမာ and all,think about it!,does that represent less than 10 people who are in control,or ~60 millions who are just as miserable as all of you?
    Not all burmese are liars!,crooks!,thieves!sick ones who commit genocide! as you ethnics would like to believe/want to believe. We know and accept that we all suffer under these kind of government no matter who we are,BUT obviously you guys dont! Come on,please accuse millions because of few rotten(may be less than 10 persons who holds gun and power).!!!

    ReplyDelete
    Replies
    1. Anonymous ပြောတာ မှန်ပါတယ် ။ ကျနော် အချို့ကိစ္စတွေမှာ တစ်ကယ်ကိုပဲ ဘက်လိုက်တတ်ပါတယ် ။
      အထူးသဖြင့် အားနည်းတဲ့သူ ၊ ဖိနှိပ်ခံရတဲ့သူတွေဖက်နဲ့ မှန်တယ်လို့ ထင်တဲ့ဖက်တွေဘက်က နေတတ် လိုက်တတ်ပါတယ် ။

      သတိရတာ တစ်ခုရှိပါတယ် ။ Youtube မှာတင်ထားတဲ့ talk show တစ်ခုကို ကြည့်မိဖူးပါတယ် ။ အဲဒီထဲမှာ မဟာလူဖြူစိတ်ထားရှိသူ ဗလကောင်းကောင်း လူဖြူလူငယ်တစ်ဦးနဲ့ အမေးအဖြေလုပ်တဲ့ အစီအစဉ်ပါ ။ အမေးဖြေလုပ်ပြီး မကြာခင်မှာပဲ တက်လာတဲ့ ပရိသတ်ထဲက လူဖြူ လူမဲ လူဝါ လူညိုအားလုံးက သူ့ကို ဝိုင်းပြီးရှုတ်ချ ပြောဆိုကြတဲ့အပြင် လက်ရုံးရည်ယှဉ်ဖို့ စိတ်ခေါ်သူတွေပါ ပေါ်လာပါတယ် ။ ဒါမျိုးကို ကျနော်ကတော့ လုံးဝမကြိုက်ပါဘူး ၊ ဒါဟာ အမှန်တရားဖက်က ရပ်တည်တယ်ဆိုတာထက် အုပ်စုဖွဲ့ ဝိုင်းအနိုင်ကျင့်တာသာဖြစ်ပြီး လူ့ကျင့်ဝတ်တွေကို ရှေ့တန်းတင်ဖို့ ကြိုးစားကြတာလည်း မဟုတ်တော့ပါ ။ ဒီလိုဆိုတော့ ကျနော်ဟာ မဟာလူဖြူဝါဒကို ထောက်ခံအားပေးသူ ဖြစ်သွားပြီလားလို့မေးရင် ၊ မဖြစ်ပါဘူး ၊ မတရားမှုကို မတရားမှုလို့ မြင်တာသာ ဖြစ်ပါတယ် ။

      ဒီလို စကားတွေကြိုခံပြန်တော့ Anonymous ကို မှားတယ်ပြောဖို့ ၊ အနိုင်ယူဖို့ မဟုတ်ပါဘူး ။ ကျနော့် ထင်မြင်ချက် ယူဆချက်နဲ့ ရပ်တည်ချက်တွေ လက်လှမ်းမီသမျှ ဥပမာတွေ အချက်လက်တွေနဲ့ ချပြရုံပါ ။ Anonymous လည်း ကိုယ်ပိုင်အတွေးနဲ့ ပြန်ဆန်းစစ်ကောင်း ပြန်ဆန်းစစ်မှာဖြစ်သလို အခြားလာဖတ်သူတွေကလည်း နှိုင်းယှဉ် ချင့်ချိန်သွားကြမှာပဲလို့ ယုံပါတယ် ။

      ပထမဆုံးတစ်ချက်က ကျနော်ဟာ ကိုယ့်ကိုယ်ကို ကရင်တစ်ယောက်လို့ ခံယူထားပေမယ့် ၊ ကရင်တွေကို ကိုယ်စားပြု ပြောနိုင်တဲ့ အနေထားမှာ ရှိမနေပါဘူး ။ Anonymous အနေနဲ့လည်း ဗမာတွေအားလုံးအတွက် ပြောပေးဖို့ မဖြစ်နိုင်ပါဘူး ။ ကျနော်တို့ ပြောသမျှ ဆွေးနွေးသမျှ တင်ပြသမျှတွေကို ကျနော်တို့နဲ့ ဘာမှအဆက်အစပ်မရှိတဲ့ တတိယအမြင်နဲ့ ဝင်ကြည့်ပေးသူတွေကသာ ပြောသွားတာတွေထဲက ဘယ်လောက်ထိ လက်ခံနိုင်စရာ ရှိသလဲဆိုတာ ပြောနိုင်ကြပါလိမ့်မယ် ။

      Anonymous ရဲ့ မှတ်ချက် အဆိုတွေကို နည်းနည်းပြန်ပြောပါရစေ ။
      ပထမတစ်ချက် ဗမာတွေကနေ တိုင်းရင်းသား လူမျိုးစုတွေကို မမုန်းဘူးဆိုတာဟာ ယေဘုယျ ဆန်လွန်းပါတယ် ။ ဒါပေမယ့် မှားတယ်လို့လည်း ကျနော် မပြောပါဘူး ။ တစ်ဖက်မှာကလည်း မေးစရာအချို့ ဖြစ်လာပါတယ် ။ လူကို မမုန်းဘူးဆိုတော့ တိုင်းရင်းသားတွေရဲ့ ဘာသာစကား ယဉ်ကျေးမှု သမိုင်းနဲ့ တန်းတူညီမျှမှုတွေကိုသာ မုန်းတာလား ၊ တိုင်းရင်းသားတွေရဲ့နယ်က သယံဇာတနဲ့ အခြားအခွင့်အလမ်းတွေကို ရွေးချစ်တာလား စသည်ဖြင့်ပေါ့လေ ။ စကားကို စည်းလွတ်ဝါးလွတ် တည့်တိုးပြောတတ်တဲ့ ဒေါက်တာဇာနည်ကတော့ ဗမာကိုလိုနီဝါဒ ဆိုလားပါပဲ နာမည်တပ်ပြောတာ ဖတ်မိလိုက်ပါတယ် ။

      ဒုတိယတစ်ချက် ဗမာအပါဝင် ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်တွေအောက်မှာ အတူတူ ဒုက္ခရောက်ကြရတယ်ဆိုတာ တစ်ကယ်လား ကြည့်ရအောင် ။ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရေးတဲ့ ကွန်မန့်အရှည်ကြီးတွေထဲက မှတ်မိတာတစ်ချို့က ပြည်မမှာ တရားလက်လွတ်လူသတ်တာ ၊ မုဒိမ်းကျင့်တာ ၊ ရွာမီးရှို့တာ ၊ ပေါ်တာဖမ်းတာ ၊ စည်းလွတ်ဝါးမဲ့ သယံဇာတ တူးတာထုတ်တာမျိုးတွေ မရင်ဆိုင်ရဘူးလို့ ထောက်ပြသွားပါတယ် ။ ဒါတွေကို ပြည်မမှာ နိုင်ငံရေးလုပ်လို့ ထောင်ကျ ဒုက္ခခံရတာတွေနဲ့ တသမတ်ထဲ တစ်တန်းတစ်စားထဲ ရောနှောသတ်မှတ်ဖို့ကတော့ Anonymous ရဲ့ ကိုယ်ပိုင်အခွင့်ရေးပါ ၊ ကျနော့်အတွက်ကတော့ လုံးဝဥဿုံမဟုတ်ပေမယ့် ကွဲပြားခြားနားမှုတွေရှိတယ်လို့ ယူဆပါတယ် ။

      နောက်တစ်ခုကတော့ မဟာဗမာဆိုတဲ့ အသုံးအနှုန်းပါ ။
      Anonymous အနေနဲ့ စိတ်ကျေနပ်အောင် ကျနော့်ဘလော့တစ်ခုလုံး ရှာကြည့်လိုက်ပါ ။ ဗမာတွေကို ကျနော့်အနေနဲ့ ဒါမျိုး မသုံးနှုန်းဖူးပါဘူး ။ ဒါပေမယ့် သင့်တင့်တဲ့ အတိုင်းတာတစ်ခုအထိတော့ မှားတာတွေကို ထောက်ပြတာမျိုး ၊ အဖြေရှာဖို့ ဆွေးနွေးတင်ပြတာမျိုးတွေကိုတော့ တွေ့မှာပါ ။ ကျနော့်စကား ပိုလွန်သွားတာ ၊ မှားယွင်းစော်ကားမိတာမျိုးတွေကို တွေ့မိရင်လည်း ညွှန်နိုင်ပါတယ် ။

      တစ်ဆက်ထဲ ပြောလို့ရတာတစ်ခုက စစ်တပ်ရဲ့ ကြိုးကိုင်နေသူ ထိပ်ဆုံးက ၁၀ ယောက်လောက်ကိုပဲ မတရားမှုတွေအားလုံးအတွက် တာဝန်ပုံချရင်တော့ ကျနော့်အနေနဲ့ ဘယ်လိုမှ လက်ခံဖို့ မလွယ်ပါဘူး ။ ဘယ်နေရာ ဒေသမှာမဆို ထိပ်ပိုင်းကို တက်လာသူတွေအားလုံးဟာ သူတို့ရဲ့ နောက်ခံလူမှုအသိုင်းဝိုင်းကို အတိုင်းတာတစ်ခုအထိ ကိုယ်စားပြုတယ်ဆိုတာ တော်ရုံလူတိုင်း တွေးနိုင်ပါတယ် ။ လက်ခံတာ လက်မခံတာ ၊ ထုတ်ပြောတာ ထုတ်မပြောတာပဲ ကွာတာပါ ။

      Delete
    2. ဒီတော့ ဆက်ပြောနိုင်တာက ဒီခေါင်းကြီးပိုင်းကောင်းအောင် ပြောင်းအောင်ဆိုတာက အခြေခံအကျဆုံး သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းကို ပြုပြင်ဖို့လိုတယ်ဆိုတာ လူအတော်များများ ပြောနေကြတဲ့ကိစ္စပါ ။ ကျနော်က ဒါကို အတိုင်းတာတစ်ခုအထိ လက်ခံပေမယ့် အမြင်တော့ကွဲပါတယ် ။ လူဆိုတာ ဥုံဖွဆိုပြီး စိတ်ပြောင်းသွားအောင် လုပ်လို့ရနိုင်တာမျိုး မဟုတ်တာကြောင့် မတူတဲ့ အသိအမြင်နဲ့ ပညာဗဟုသုတတွေ သိနိုင်ခွင့် သင်နိုင်ခွင့် လေ့လာနိုင်ခွင့် ဖလှယ်နိုင်ခွင့်တွေကို လစ်ဟာလိုအပ်တဲ့နေရာတွေမှာ တတ်အားသ၍ ဝိုင်းဖန်တီးပေးတာသာ လုပ်ဖို့လိုတယ် လုပ်သင့်တယ်လို့ ယုံကြည်ပါတယ် ။

      နောက်တစ်ခု ပြောချင်တာက Anonymous ပြောတဲ့အထဲမှာ ဗမာအားလုံးကို လူလိမ်လူညာ ၊ သူခိုးဓါးပြနဲ့ လူမျိုးတုန်း သတ်ဖြတ်သူတွေအဖြစ် သတ်မှတ်လို့ မရဘူးဆိုတဲ့အထိ မှန်ပါတယ် ။ ဒါဟာ ပကတိ အဖြစ်မှန်ပါပဲ ။ သို့ပေမယ့် ခင်ဗျားတို့ထင်တာမျိုး ၊ ထင်ချင်တာမျိုး မဟုတ်ဘူးတို့ ၊ ကျုပ်တို့လည်း ခင်ဗျားတို့နဲ့ ထပ်တူခံစားနေရတာပဲတို့ ၊ တစ်ကယ်တန်းမှာ ခင်ဗျားတို့ တိုင်းရင်းသားတွေကသာ အမြင်စောင်း အတွေးချော် အမှတ်မှားနေတာလို့ ပြောချင်ရင်တော့ Anonymous အနေနဲ့ အပေါ်ပို့စ်ထဲက Mgchaint Wynn ဆိုသူဆီက နမူနာမှတ်ချက်တစ်ခုနဲ့ အနေထားချင်း နီးစပ်လာပါပြီ ။ လူများစု အုပ်စုဝင်တစ်ယောက်အနေနဲ့ သဘောထားကြီးရမယ့်အစား ချောက်ကမ်းပါးနှစ်ခုကို လုံးဝမကူးနိုင်အောင် တံတားကို ကြိုဖျက်ထားတာနဲ့သာ တူပါလိမ့်မယ် ။

      ကမ္ဘာပေါ်မှာကြည့်ရင် စီးပွားရေးအတွက် ဘာမဆိုလုပ်မယ့် တရုတ်မှာဖြစ်စေ ၊ ကြမ်းကြုတ်မှုမှာ နာမည်ရှိတဲ့ ရုရှဖြစ်စေ ၊ ဈေးဝယ်တာတောင် နည်းနည်းဆစ်လိုက် စကားလေးရှည်လိုက် လှည့်လိုက်ရမှဆိုတဲ့ အိန္ဒိယဖြစ်စေ ကြည့်လိုက်ရင် ၊ ဘယ်လိုပဲ မကောင်းဘူးလို့ပြောပြော ကိုယ့်နဲ့ ယဉ်ကျေးမှုဓလေ့ မကိုက်ညီလို့ မကြိုက်ကြိုက်ဘူးပြောပြော ၊ ကောင်းတာလေးနဲ့ ကောင်းသူတွေလည်း ဒုနဲ့ဒေးရှိပါတယ် ။
      မြန်မာပြည်ကို ကြည့်လိုက်ရင်ကော … Anonymous ပြောသလိုပဲ အားလုံးကို ဝါးလုံးနဲ့ သိမ်းကြုံးလို့မရတာ သေချာပါတယ် ။ တစ်ဖက်မှာလည်း တိုင်းရင်းသားတွေဆိုရင် မတရားတာတွေကို ခေါင်းငုံ့ခံတာများပေမယ့် ဗမာတွေကျတော့ ဆတ်ဆတ်ထိမခံတတ်တဲ့ သဘော သဘာဝမျိုးကနေအစ ကွာခြားချက်မျိုးစုံကိုလည်း ထည့်တွက်ဖို့ လိုပါမယ် ။

      အချုပ်ဆိုရရင် အပေါ်က ပြောခဲ့သလို ဗမာဆိုရင်အမှားချည်းဖြစ်ပြီး တိုင်းရင်းသားတွေကျ သူတော်စင်တွေလို့ ဆိုလို့မရတာ သေချာပါတယ် ။ ကျနော့်အနေနဲ့လည်း လက်တွေ့ကျသလောက် ကိုယ့်လက်လှမ်းမီရာ တိုင်းရင်းသားတွေရဲ့ အားနည်းချက် ပြစ်ချက်တွေကို ထောက်ပြနေတာ Anonymous လိုက်ဖတ်ကြည့်ရင် တွေ့နိုင်သလို ၊ ဖြစ်နိုင်ရင် Anonymous အနေနဲ့လည်း ပကတိအခြေနေတွေကို ချင့်ချိန်လက်ခံနိုင်ဖို့ တိုက်တွန်းချင်ပါတယ် ။

      Delete
  2. Actions of the ruling class does not necessarily represent the greater population. First of all,even in highly developed or democratized countries this is simply not the case,as the leaders need to convince or persuade to the public that their ambitions or agendas are for everyone's own good(for instance,part of presidential campaign based on promised/better health-care).
    Now for the dictatorship style case,the only common and lowest denominator between the ruler and people is : (1)same racial identity i.e. being Burmese ,(2)same religious identity i.e. Buddhism. This exactly where the similarities stopped,period. It is a simple logic and fact that,we,Burmese as greater population,do not have any responsibilities over the ideological or actions and practices which imposed by the controlling group upon anyone,including all ethnic minority.
    For obvious example, does 2007 saffron revolution implies that the way of thinking,be it ideological or social,and following actions of the ruling class reflect that of ordinary citizens?
    No. Such an atrocities,that ordinary person either religious or not,wouldn't even dare to just think in own mind,let alone commit,which probably equate to eternal sin in other religions,anyway.
    The views of majority on ethnics,conduct an empirical survey anywhere,social network like facebook or community forum,this is the likely outcomes.We are living together in this land,they are our brothers,quite general. So specifically,we think (insert_ethnicity) are honest,straight,friendly and reliable.
    They are good brothers of ours. This is what it meant by Burmese does not hate them. How do we get such a conclusion? Because,we know from real life that it is true,so we have no problem accepting it,even lowest class can get it by gut feeling. In addition,we are not influenced,by society,by education to systemic hating of minority.
    Again here to reiterate that ruling class may write their own history with blood,not only of ethnics but also of monks. Simply not us greater Burmese population. Does this seems logical and reasonable ?

    On the other hand,the leaders of minority,does not give any awareness to those who would not know any better. Instead they are taught whether deliberately or otherwise,minority that ALL Burmese are the same,do such and such unto us. So always keep in mind and be suspicious or alert in any case. Correct or amend this by all means and accounts.

    This is roughly how it goes and thanks for reply and discussion.

    ReplyDelete
  3. ပဒို.. ကွန်မန့်တွေ စုပြီး ပို့စ်တခုတင် ဦးဗျာ။

    ReplyDelete
    Replies
    1. ဖေ့ဘွတ်နဲ့ အချို့မှတ်ချက်တွေကိုတော့ ပို့တစ်ခုလုပ်မယ် စိတ်ကူးပါတယ် ဒါတွတ်ရယ် ။

      အပေါ်က Anonymous နဲ့ ဖေ့ဘွတ်က ဦးဘိုဘိုကျော်ငြိမ်းတို့ကိုလည်း ပြန်ရေးချင်တာ အနည်းကျဉ်းရှိပေမယ့် သိပ်မအားတာကြောင့် မရေးဖြစ်သေးတာပါ ။

      ဒါနဲ့ ဒါတွတ်က သူများချည်း တွန်းလွှတ်နေတယ် ၊ ကိုယ်တိုင်တော့ အသာဒိုင်ရှိုနေတာချည်းပဲ :-)

      Delete
    2. ကလေး ၂ ယောက်နဲ့ မအားလို့ပါဗျာ။ ပဒိုတို့ ရေးတာ ဆွေးနွေးတာ ဖတ်လို့ကောင်းလို့ပါ။ ကိုယ်တိုင်ဝင် ဆွေးနွေးချင်ပေမယ့် ဆွေးနွေးနေတဲ့ အထဲမှာ ကိုယ်နဲ့ သဘောထားတိုက်ဆိုင်တာ၊ ကိုယ်မမြင်တဲ့အရာတွေပါပြီး ပိုပြည့်စုံနေလို့ မဆွေးနွေးဖြစ်သေးတာပါ။ အခွင့်ကြုံရင် ခွက်ချင်းဆိုင်ပြီး အဲလေ မျက်နှာချင်းဆိုင်ပြီး စကား ပြောချင်ပါသေးတယ်။

      Delete
  4. ကိုမန်းရေ...Very good တယ်ဗျာ။

    ReplyDelete
  5. ဧရာဝတီမှာ သွားရေးထားတာ. မှတ်ချက်ထဲထည့်ပေးမလား မထည့်ပေးဘူးလားတော့ မသိ ဟိဟိ :) :)
    ***************************************************************

    မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာသိလျှင် ပြီးပါသည် ဦးဌေးဇော်။
    =====================================
    မှ - မူးစော် (ခွေးသေဝက်သေ ကျဆုံးခဲ့ရသူတစ်ဦး)

    (၁) သမ္မတရုံး ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဦးဇော်ဌေးမှ မိသားစု အစုံအလင်ဖြင့် ဘူးသီးတောင် မောင်တောဒေသတွင် အစွန်အဖျားကျေးရွာများအထိ သွားရောက်နေထိုင်ခဲ့ဖူးသည်ဟု ယူဆရ၍ ဝမ်းသာဂုတ်ယူမိပါသည်။

    (၂) ပြီးလျှင် ရခိုင်တိုင်းရင်းသားပြည်သူများနှင့် လက်ပွတ်တတီး နေကြည့်ခဲ့ဖူးသည်ဟု ယုံကြည်ပါသည်။ (ရခိုင်စကား တတ်ကျွမ်းကြောင်းလည်း ယုံကြည်ပါသည်)

    (၃) ရိုဟင်ဂျာဘင်္ဂလီများနှင့်လည်း လက်ပွန်းတတီး နေခဲ့ကြည့်ဖူးကြောင်း နားလည်မိသဖြင့်လည်း ဆီးဝမ်းများ သာမိပါသည်။ (ဘင်္ဂလီစကားလည်း တတ်ကျွမ်းကြောင်း သိရှိရသဖြင့် ဂုတ်ယူမိသည်)

    (၄) သံဃာတော်များနှင့် အသေးစိတ် ဆွေးနွေးကြည့်ဖူးပြီဟု ထင်ပါသည်။

    (၅) အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် အသေးစိတ်ဆေးနွှေးကြည့်ပြီးပြီဟု နားလည်မိပါသည်။

    (၆) အင်တာနက်အင်တာတိမ်များတွင် ပြည်ပပညာရှင်များ ရေးသားထားသော သမိုင်းသုတေသန များကိုသာမက တူရွန်းဂေါ်ပြားများဖြင့် တူးဆွ၍ သမိုင်းမှတ်တမ်း အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲပြီဟု ယူဆပါသည်။ (ပလေးဘွိုင်းသန်းနိုင်၏ သီချင်းနှင့်မဆိုင်ပါ)

    (၇) ဘာသာရေး၊ လူမျိုးရေးနှင့် သမ္မတရုံးများအား အဓိကရုဏ်းဟု အမည်ပေး ကင်ပွန်းတပ်ခြင်းများကို သတိဖြင့် ဆင်ခြင်ခဲ့သည်များအတွက်လည်း ဂုတ်ယူပါသည်။ (ဦးဌေးဇော် ဖွခဲ့သည်များကို scree shoot ဖမ်းထားခဲ့သူများအားလည်း ဝိုင်းဆဲရန် လိုအပ်ပါက အကူအညီပေးပါမည်)

    (၈) ပြဿနာဇစ်မြစ်များကိုရှာတွေ့ပြီး အတွင်းဒဏ်ရာများကိုပါ ကုစားပေးနေပြီဟု နားလည်မိသဖြင့် ဝမ်းသာပါသည်။

    (၉) အချုပ်အားဖြင့် ဤပဋိပက္ခသည် မျက်ခွက်စာအုပ်တွင် ဖွသည်ထက် များစွာ ကျယ်ဝန်းနက်ရှိုင်း ကြီးမားခက်ခဲရှုပ်ထွေးပါသည်။ (ဧရာဝတီတိုင်းတွင် နာဂစ်ဝင်ပြီး ဒုက္ခကြုံနေသူများကို မျက်နှာလွဲပြီး သေဆုံးသူများ၏ မဲဆန္ဒကိုရယူခဲ့ခြင်းမျိုး မဟုတ်သလို ရခိုင်ပြည်တွင် ဂီရိဝင်ကာ စာနာထောက်ထား၍ ကူညီမှုများကို ဖြတ်အုပ်ရသည်မျိုးလည်း မဟုတ်ပါ။)

    (၁၀) အပင့်အကော်ဦးဌေးဇော်နှင့် ဧရာဝတီ အပြန်အလှန် Blame Game လုပ်နေရုံမျှဖြင့် ပြေလည်သွားမည်ဆိုလျှင် ယခုအခြေအနေအထိ ဆိုက်ရောက်မည် မဟုတ်ပါ။ လူတစ်ကိုယ် လက်ညှိုး(၂)ချောင်းစီနှင့် ဦးဌေးဇော် fan page မှ ၂ သောင်းကျော်သော လူများတွင် လက်ညှိုး(၂)ချောင်းစီ ရှိပါသည်။ ကြိုက်သလို ထိုး၍ မွှေ့၍ ရပါသည်။

    (၁၁) အပြူးသဘောဖြင့် ထောက်ပြခြင်းကို အစဉ်အမြဲ ကြိုဆိုပါသည်။ အာလုံး ပါဝင်သော ငြိမ်ချမ်းရေလုပ်ငန်းစဉ်ကို ကူညီဖော်ဆောင်လိုပါသည်။ (ဧရာငတီအပါအဝင်ဖြစ်ပါသည်) အဲ အဲ ပြည်တွင်းပြည်ပ မီဒီယာအားလုံး အပါအဝင် ဖြစ်ပါသည်။ ပြီးတော့ ဟို ဟို ဘဲဥအစ ရှာမရပဲ မဲမဲမြင် ဆဲချင်နေသော မျက်လျှမ်းမျိုးချစ်များလည်း အပါအဝင် ဖြစ်ပါသည်။

    ရဲဘော် ပဲလှော် အဲ အဲ မူးစော်

    ReplyDelete
    Replies
    1. ဦးဝင်းတင်က ပြောတယ် -

      "စစ်မှန်တဲ့ ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားရေးဆိုတာ ဘာလဲ ဆိုပြီး ဗမာဆိုတာ အပါအ၀င် တိုင်းရင်းသားတွေ အားလုံးကြားမှာ တော်တော် စကားပြောလာရတဲ့ကိစ္စ ဖြစ်လာတယ်။"

      "အမျိုးသားရေးနဲ့ လူမျိုးရေးဆိုတာ မကွဲဘဲ ဖြစ်လာတယ်။"

      ယဉ်ကျေးမှုနဲ့ အနုပညာပြိုင်ပွဲတွေလုပ်တယ်။
      တိုင်းရင်းသားတွေက တိုင်းရင်းသားဝတ်စုံဝတ်ပြီး ဗမာသီချင်း အဆိုပြိုင်ကြရတယ်။

      ဗမာတွေက "တိုင်းရင်းသားတွေဟာ ညီအစ်ကိုမောင်နှမတွေပါ" တဲ့။
      တိုင်းရင်းသားတွေ ဒုက္ခရောက်တော့ ဗမာတွေကပြောတယ်၊ "ငါတို့လည်း မင်းတို့လိုပဲ အတူတူခံရတာပဲ" တဲ့။
      လူမသိသူမသိ သေဆုံးခဲ့ရတဲ့ တိုင်းရင်းသားတွေရဲ့ ဝိဥာဉ်တွေက ခေါင်းထောင်ကြည့်ကြတယ်။

      ကျော်ဟိန်းက သီချင်းဆိုတော့ ဟောသည်လို ဆိုခဲ့တယ် "တို့မယုံဘူး" တဲ့။
      သဲလွန်စ နည်းနည်းလောက် ရလာပလား။
      မရသေးဘူး ဟုတ်လား။
      ကောင်းဗျား ကျုပ် သေသင့်တယ် :-)

      Delete
    2. ဟကောင်ရ ဖြစ်နိုင်ရင် ဝေးဝေးနေစမ်းပါကွာ ၊ မင်းငါ့ဆီ အခြားက မှတ်ချက်တွေ လာလာထည့်နေတာ ငါလည်း ခေါင်းကျိန်းတယ် ။ ပြီးရင် ငါ့လိုတာတွေကို ဝိုင်းထောက်မပြနိုင်ပဲနဲ့ ငါ့စကားတွေကျ ဟိုတစ်လုံးညှပ်သုံး ဒီတစ်လုံးညှပ်သုံးနဲ့ ။

      မင်းငါ့ကို အကျိုးမပြုပဲ အဆိုးပဲ လာလာပြုနေရင်တော့ ရွေးစရာ-၄-ခုပဲ ပေးမယ် ။
      - ငါ့ကွန်ပြူတာ ပေးမသုံးပဲ နေလိုက်ရမလား ၊
      - မင်းအကိုကို ငါပြောလိုက်ရမလား ၊
      - မင်းဘော်ဒါတွေကြား ချောက်ချပေးလိုက်ရမလား ၊
      - မင်းမိန်းမကို တို့မီးရှို့မီး လုပ်ပေးလိုက်ရမလား ဒါပဲ ပြော ... :-)

      Delete
  6. ကို မန်းကိုကိုရဲ့ အတွေးအခေါ် အယူအဆ တွေကို ကြိုက်တယ်... ဆက်ကြိုးစားပါ။

    ReplyDelete
    Replies
    1. Facebook မှာ celebrity တစ်ယောက်လိုဖြစ်နေတဲ့ ဒူးဝါကချင်ရဲ့ အားပေးတာကို ဝမ်းသာ ကျေးဇူးတင်ပါတယ် ။ ကျနော့်အနေနဲ့ကတော့ ဒူဝါလို နိုင်ငံရေးသမားလို့ မခံယူပေမယ့် ဖတ်မိလေ့လာမိတာတွေထဲက လက်ခံတာလေးအချို့နဲ့ ကိုယ့်အတွေးတွေကို ပေါင်းစပ် စာတင်ရုံလေးပါ ။ ပညာရေးကတော့ နောက်တစ်ကဏ္ဍပေါ့ ။

      ဒူဝါရဲ့ အရေးအသား အများစုကတော့ ကျနော့်အနေနဲ့ အားလုံးသဘောတူဖို့ မဖြစ်နိုင်သည့်တိုင်အောင် ကြိုက်ပါတယ် ။ မတူတဲ့ ချက်ကျတဲ့ အတွေးအမြင် စိတ်ကူးတွေကို တင်ပြပေးထားတာတွေဟာ အတော်ကောင်းတယ်လို့ပဲ ပြောချင်ပါတယ် ။
      အောက်မှာတော့ မနေ့ကမှ ဒူဝါဆီကတွေ့တဲ့ စာတစ်ပိုဒ်ကို လာဖတ်သူတွေအတွက် ကူးထည့်ပေးလိုက်ပါတယ် ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      ** အပြစ်ကျူးလွန်တဲ့ လူကိုစွပ်စွဲတာ မလွန်ပါ။ **

      ကချင် လက်နက်ကိုင်အဖွဲ့လုပ်ရင် ကချင်သောင်းကျန်းသူတွေ
      ကရင် လက်နက်ကိုင်အဖွဲ့လုပ်ရင် ကရင်သောင်းကျန်းသူတွေ
      မွန် … ရှမ်း … ကယား … စသည်ဖြင့် လူမျိုးအစွဲပြု အပြစ်တင်တယ် ....

      ဗမာစစ်တပ် လုပ်ရင်တော့ … ဗမာမဟုတ်ဘူး … မြန်မာ့တပ်မတော်တဲ့ …
      ဒီတော့ … မုဒိမ်းမှုဖြစ်တယ် … ဥပဒေမဲ့ လူသတ်တယ် … လူ့အခွင့်အရေး ချိုးဖေါက်တယ် … ကလေးစစ်သား စုဆောင်းတယ်ဆိုတဲ့ မြန်မာပြည်မှာ …
      ဗမာဆိုတဲ့ လူမျိုးစု တစ်ခုထဲသာ ပြစ်မှုမှတ်တမ်း တစ်ခုမှမရှိတဲ့ စင်းလုံးချော လူမျိုးများ ဖြစ်နေပါတယ် ... တဲ့။

      ဘာလို့လဲဆိုတော့ မြန်မာ့တပ်မတော်ဆိုတာ တိုင်းရင်းသားပေါင်းစုံ ပါတယ်တဲ့လေ ...
      ဗမာ အမျှဝေသမျှ သာဓုဝိုင်းခေါ်နေရအုံးမှာလား ....
      ဒါကြောင့် ကချင်တွေက ဗမာ စစ်တပ်လို့ပဲ သုံးပါတယ် ....


      *(ဗမာလူမျိုးကို ပြောတာ မဟုတ်ဘူး.. ဗမာ စစ်တပ်ကို ပြောတာ...)

      ဒူဝါကချင်

      Delete