စပ်ဖူးခဲ့ပေမယ့် အွန်လိုင်းပေါ်မှာ တွေ့ဆုံခဲ့ရတဲ့ ဘကျောက်ကတော့ သူ့ရဲ့ရုပ်ခန္ဓာကို ထားရစ်ခဲ့ပါပြီ ။
စိတ်ဝင်စားစရာအရေးအသားနဲ့ စုံလင်တဲ့အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ၊ ဘလော့ဂါအများစုနဲ့
စာလိုက်ဖတ်သူ အတော်များများကို ဆွဲဆောင်ရေးသားနိုင်ခဲ့တယ်လို့ ပြောလို့ရနိုင်မယ့် Nai Pe (ခေါ်)
ဘကျောက် (ခေါ်) အန်ကယ်နိုင် မရှိတော့တာမို့သူချန်ထားခဲ့တဲ့ ဘလော့ပို့စ်တွေထဲက ကျနော့်ရဲ့ပန်
ကြားချက်ကို တကူးတက ထည့်ရေးပေးခဲ့တဲ့ ပို့စ်လေးတစ်ပုဒ်ကို အမှတ်တရအနေနဲ့ ပြန်ဖေါ်ပြပြီး ပို့စ်
ကလေးတစ်ခုအဖြစ် တင်လိုက်ပါတယ် ။
R.I.P ပါ ဘကျောက် ။
ငှက်မသိတော့ ဇရက်ကို ဘဲထင်
ကိုကြီးကျောက်တို့ ရေးဖေါ်ရေးဖက် မန်းကိုကိုက ကိုကြီးကျောက်တယောက် ဗမာပြည်အထက်ပိုင်းက အကြောင်းတွေရေးပြီးရင် ကရင်ပြည်နယ်ကိုကျော်ပြီး တနင်္သာရီတိုင်းဖက် ရောက်သွားတာမို့
ကရင်ပြည်နယ်မှာ ကိုကြီးကျောက် field ဆင်းတာလေးများရှိရင် ရေးပါဦးတဲ့၊ အင်း....ကရင်ပြည်နယ်
မှာ ကိုကြီးကျောက်တို့ ဘဓရ မှာလုပ်စဉ်က field ဆင်းဖို့ အခွင့်အလမ်းမရခဲ့ပါဘူး၊ တနေရာကို field
ဆင်းမယ်ဆိုရင် ပထမဆုံး ကက(ကြည်း) နဲ့ နယ်မြေအေးချမ်းမှု၊ ကိုကြီးကျောက်တို့ လုံခြုံရေး...အစစ
ညှိနှိုင်းဆွေးနွေးရတာကိုး၊ ကိုကြီးကျောက်တို့ လုံခြုံရေးအတွက်နယ်မြေခံ အာဏာပိုင်တွေက ဘာမှ
စီစဉ်မပေးနိုင်ရင် ကိုကြီးကျောက်တို့ ကိုယ့်သဘောကို သွားလို့မရပါဘူး၊ ကရင်ပြည်နယ်မှာက ထုံး
ကျောက်တောင်တွေပဲရှိတော့ ဓါတ်သတ္တုရှာဖွေရနိုင်ဖို့ ဆိုတာက သိတ်မသေချာဘူးလေ၊
ဒါပေမဲ့လဲ လမ်းကြုံလို့ မြိုင်ကလေးဘိလပ်မြေစက်ရုံက ဘူမိဗေဒ သူငယ်ချင်းတယောက်ဆီ ဝင်ရင်း
နဲ့ သာမည ဆရာတော်ဘုရားကိုလဲ ဖူးခဲ့ရ၊ ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ်လို ထင်ရှားတဲ့ ဇွဲကပင်
တောင်ကိုလဲ တက်ခဲ့ရတာပေါ့၊ ခုလို တပေါင်းလမှာ ဇွဲကပင်တောင်ဘုရားပွဲဆိုတာတော့ ကိုကြီး
ကျောက်မှတ်မိတာပေါ့၊ အဲဒီတုန်းကတော့ မတ်စောက်လှတဲ့ဇွဲကပင်တောင်ကို ကရင်မလေးတွေနဲ့
တပျော်တပါးတက်ခဲ့နိုင်ပေမဲ့ ခုအရွယ်မှာတော့ တော်တော်ကြိုးစားရမယ်ထင်ပါရဲ့..၊ ကိုကြီးကျော်
ဇွဲကပင်တောင်ကို တက်ခဲ့စဉ်က မမေ့နိုင်တဲ့ အကြောင်းအရာထဲမှာ တောင်ခွတ်လပ်က ရေတံခွန်
တောင် ဘုန်းကြီးကျောင်းမှာ စားခဲ့ရတဲ့ ပိန္နဲသီးပါပဲ၊ အိမ်မာအကြွပ်သီးကို ချိုမြနေတာမို့ ခုထိအမှတ်
ရဆဲပါပဲ၊
ဇွဲကပင်တောင်ကိုတက်တော့ တောင်ရဲ့အရှေ့ဖက် ခလောက်နို့်နယ်ဖက်ကနေတက်ပြီး ပြန်ဆင်း
တော့ တောင်အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒုံရင်းနယ်ဖက် ကိုဆင်းတာပေါ့၊ ခလောက်နို့နယ်က ဖားအံ
ကနေ သာမညကို သွားတဲ့လမ်း၊ ဖားအံကနေထွက်လိုက်တာနဲ့ ခလောက်နို့နယ်ထဲ တန်းရောက်
တော့တာပါပဲ၊ ခလောက်နို့နယ်ကို ကိုကြီးကျောက်က ငယ်ငယ်ကထဲက လူထုဦးလှရဲ့ ခလောက်နို့
ကရင်ပုံပြင်များစာအုပ်ကို ဖတ်ပြီးကထဲက ရောက်ဖူးချင်နေတာကလား၊ ခလောက်နို့ နယ်သားတွေက
အင်မတန် ဟာသဉာဏ်ရွှင်ပြီး အရာရာကို ပျော်ပျော်ပါးပါးပဲ ရင်ဆိုင်တတ်ကြတာမို့ ကိုကြီးကျောက်က
အလွန်သဘောကျပေါ့၊ ခလောက်နို့ကို ကရင်လို ခလို လို့ခေါ်သတဲ့၊ ခလို ဆိုတာ ဗမာလိုဘာသာပြန်
ရင် နတ်ချောင်းလို့ အဓိပ္ပါယ်ရသတဲ့၊ နတ်ချောင်းအနီးတဝိုက်က ရွာအုပ်စုကို ခလောက်နို့နယ်လို့
ခေါ်တာပေါ့၊
တခါက ခလောက်နို့နယ် ရွာတရွာက ရွာသားတယောက်က ခလောက်နို့နယ် နိုင်းကြာရွာမှာအိမ်
ထောင်ကျသတဲ့၊ အိမ်ထောင်ကျတော့ ယောက္ခအိမ်လိုက်နေရသတဲ့၊ ယောက္ခမအိမ်မှာ ယောက္ခမကြီး
တွေနဲ့ အတူထမင်းစားရတော့ ရဲရဲမနှိုက်ဝံ့ရှာဘူးတဲ့၊ အဲဒါနဲ့ သူ့ခမြာ ထမင်းမဝတဝနဲ့ ပြီးလိုက်ရသတဲ့၊
ညလယ်လောက်ရောက်တော့ ထမင်းကပြန်ဆာလာရောတဲ့၊ ဒါနဲ့ သူကတိတ်တိတ်လေးထပြီး မီးဖိုမှာ
စားစရာရှာသတဲ့၊ ထမင်းအိုးက ထမင်းကျန်အကပ်အသတ်လေးကို ချစ်ချုပ်စားနေတုန်း မီးဖိုထဲက
ချိုးချိုးချွတ်ချွတ်အသံကြားတော့ ယောက္ခမအဖိုးကြီးက သူခိုးထင်လို့ မီးဖိုထဲ မီးထွန်းကြည့်လိုက်တော့
သမက်အသစ်စက်စက် ဖြစ်နေသတဲ့၊ သမက်ကလဲ ထမင်းထစားတာ ယောက္ခမနဲ့မိသွားတော့ လန့်
သွားသတဲ့၊ ဒါပေမဲ့ သူက ဘာပြောရမှန်းမသိတော့ ထမင်းအိုးကို ခေါင်းစွပ်ပြီး " အဖေရေ ဘီလူးက
ကကြစို့လား " ဆိုပြီး ကပြတော့ အဖိုးကြီးက ဟက်ဟက် ပက်ပက် ရီပြီး " ဆာရင် ချက်စားကြတာပေါ့
ကွာ " လို့ပြောပြီးမီးမွှေးပေးသတဲ့၊ ခလောက်နို့မှာ အချက်မသိသေးခင်တော့ သမက်မှာသူခိုးအထင်
ခံရပါရောလား၊
ကိုကြီးကျောက်မှာ အိမ်နားနီးချင်း သူငယ်ချင်းမတယောက်ရှိတယ်၊ သူ့နာမည်က ခင်ချိုတဲ့၊ သူ့
အမက မခင်ညိုတဲ့၊ သူတို့အမေက မြင်းခြံမြောက်လက်က နဘူးအိုင်ဆိုတဲ့ ရွာကမူလတန်းကျောင်းမှာ
ကျောင်းအုပ်ဆရာမကြီး၊ ခင်ချိုက ကိုကြီးကျောက်တို့ ငယ်ငယ်ကခေသူတော့ မဟုတ်ပေဘူးဗျ..၊ ကို
ကြီးကျောက်တို့ငယ်ငယ်က သင်္ကြန်ဆိုရင် အရပ်ထဲက မိန်းကလေးများက ရေသဘင်မဏ္ဍပ်တွေထိုး
ပြီး ယိမ်းကကြတယ်၊ ယောင်္ကျားတွေကတော့ အတီးအမှုတ်တွေနဲ့ သင်္ကြန်အလှပြကားတွေ ထွက်ကြ
တာကိုး၊ အဲဒီအချိန်ကတော့ တိုင်းပြည်ကလဲ စီးပွားရေးကောင်းတုန်း၊ လူတွေကလဲ စားဝတ်နေရေး
ပြေလည်ကြတော့ ပွဲလမ်းသဘင်တွေ အားတက်သရော လုပ်နိုင်တာပေါ့၊
အဲ..ခင်ချိုက မိန်းကလေး ယိမ်းတွေမှာ ဝင်မကဘူး၊ သင်္ကြန်ကားတွေနဲ့မှ လိုက်ကသဗျ၊ အမယ်..
လိုက်ကတော့လဲ သူ့နာမည်ကို " ခင်ချိုချိုချောခက်ခက်ခိုင်ခန့် " လို့ ကြေငြာပေးရသဗျ၊ ကတော့လဲ
သင်္ကြန်ကားတစင်းလုံး သွက်သွက်ခါနေအောင် လှုပ်ယမ်းကနေတာများ ဟိုတလောက လူပြောများ
တဲ့ ဗီဗာဟိန်း ဆိုတဲ့ အဆိုမ လောက်ကတော့ အေးဆေးပဲ၊ သူကဗီဗာဟိန်းထက် သာတာက ခါး
သေးရင်ချီ ပဒုမ္မဏီလေးခင်ဗျ..၊
ဗီဗာဟိန်း ကနေတာမြင်ရတော့ ကိုကြီးကျောက်ကတော့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဆိုဗီယက်ပြန်
ဦးမောင်မောင်နဲ့ အာဇာနည်စန်းစန်း တို့ ဆပ်ကပ်အဖွဲ့ကို သတိရမိတယ်၊ ဦးမောင်မောင်ဆပ်ကပ်မှာ
ဂျွမ်းဘားတွေ ကောင်းကင်ဘားတွေ၊ ကြိုးတန်းလျှောက်တွေ၊ မျက်လှည့်တွေ၊ မျက်စေ့ကို အဝတ်စည်း
ပြီး ဒါးပေါက်တာတွေ ပြပြီးရင် ခွေးလိမ္မာ၊ မြင်းလိမ္မာ၊ ကျားလိမ္မာ၊ ဆင်လိမ္မာ တို့ အစွမ်းပြတာကိုး၊ ဗီဗာ
ဟိန်း ကနေတာ ဦးမောင်မောင်ဆပ်ကပ်ထဲက ဆင်မကြီး ကဗျာလွတ်နေသလိုပါပဲ၊ ကိုကြီးကျောက်ဖြင့်
ကြည့်ရင်းနဲ့ သားစိတ်မယားစိတ်တောင် ကုန်တယ်..တကယ်ပါပဲ ၊
ကိုကြီးကျောက်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းတွေကလဲ ခနခနပိတ်လေတော့ တချို့
သူငယ်ချင်းတွေလဲ ကျောင်းဆရာဝင်လုပ်ကုန်ကြတယ်၊ ခင်ချိုကလဲ သူ့အမေကျောင်းက တွဲဖက်ကျောင်း
ဖွင့်တော့ တွဲဖက်ကျောင်းဆရာမဝင်လုပ်နေတယ်၊ ကိုကြီးကျောက်သူငယ်ချင်းတချို့ကလဲ အဲဒီကျောင်း
မှာ ဆရာဝင်လုပ်နေကြတယ်၊ ကျောင်းလေးက ခြေတန်ရှည်ကျောင်းလေး ဆောက်ထားတာ၊ အပေါ်
ထပ်မှာ အတန်းကြီးတွေနဲ့ အဝေးက ဆရာ လူပျို ၃ ယောက်နေကြတယ်၊ အောက်ထပ်မှာ အတန်း
ငယ်တွေ၊ အောက်ထပ်ကတော့ အကာအရံမရှိဘူး၊ ခင်ချိုတို့ သားအမိ ၃ ယောက်က အောက်ထပ်မှာ
အခန်းလေးဖွဲ့နေကြတယ်၊ ကိုကြီးကျောက်ကို ကျောင်းပိတ်ထားတုန်း သူငယ်ချင်းတွေက အလည်
ခေါ်ကြတော့ ကိုကြီးကျောက်လဲ နဘူးအိုင်ကို အလည်လိုက်သွားတာပေါ့၊
အဲဒီကျောင်းက ဆရာ ဆရာမတွေ အားလုံးက မြင်းခြံကများပေမဲ့ ဆရာကိုမြင့်ဆွေကတော့ မြစ်
အနောက်ဖက် မြောင်နယ် နဘက်က ၊ နဘက်ဆိုတဲ့ရွာမှာ အနောက်ဖက်လွန်မင်းတရားကြီး လက်
ထက်က ပေါ်တူဂီလူမျိုး ဇွင်ကာကူ လို့ခေါ်တဲ့ ဖီးလစ် ဒီဘရစ်တို ကိုရှင်းလင်းပြီး သူ့နောက်လိုက်
နောက်ပါတွေကို နေရာချထားတဲ့ရွာပေါ့၊ပေါ်တူဂီတွေလဲ ရွာခံတွေနဲ့ အိမ်ထောင်တွေကျကုန်ကြပြီး
သူတို့အဆက်အနွယ်တွေ ကျန်သေးတာပေါ့၊ သူတို့က ဘုရင်ဂျီဘာသာဝင်တွေ ဆိုတော့ နဘက်က
RC Church ကြီးဆိုရင် ဟိုး အဝေးကနေ လှမ်းမြင်ရတာကလား၊ မြင်းခြံမှာတော့ သူတို့အုပ်စုနေတဲ့
နေရာကို ဘုရင်ဂျီဝင်းလို့ ခေါ်တယ်၊ ကိုမြင့်ဆွေက ဘုရင်ဂျီဘာသာဝင်၊ မဲမဲ ထောင်ထောင်မောင်း
မောင်းနဲ့၊
ကိုကြီးကျောက် နဘူးအိုင်ရွာကို အလည်ရောက်ပြီး နောက်ညမှာပဲ....၊ ည နာရီပြန် တချက်
လောက်မှာ အောက်ထပ်ကနေ အသံနက်ကြီးနဲ့ ထိတ်လန့်တကြား အော်သံကြားရတော့တာပဲ...."
အမလေး.....လာကြပါအုန်း....သရဲ...သရဲ..မဲမဲကြီး.." ကုန်းအော်သံကြားတော့ ကိုကြီးကျောက်တို့
အကုန်လုံး ဝရုန်းသုန်းခပ် အောက်ထပ်ကိုဆင်းပြေးရတာပေါ့၊ အော်သံ ပိုင်ရှင်က ခင်ချိုတို့ အမေ
ဆရာမကြီး၊ အတူအိပ်နေတဲ့ ခင်ညိုတို့ ခင်ချို တို့ သမီးတွေလဲ လူးလဲထကြတာပေါ့..၊ ဆရာမကြီး
ဘယ်လိုဖြစ်တာလဲလို့မေးတော့ " အမလေး....ခြေထောက်ကို လာဆွဲလို့ရုတ်တရက် ကြည့်လိုက်
တော့ မဲမဲရှည်ရှည် အကောင်ကြီး၊ ကျမလဲ ကြောက်လို့ စောင်ခေါင်းမြီးခြုံပြီး အော်နေရတာ " တဲ့၊
ခင်ချိုကတော့ ရေခပ်ပြီး သူ့အမေကိုတိုက်ပြီး " အမေ အိပ်မက် မက်တာနေမှာပါ " တဲ့၊ သူ့အမေ
ကလဲ " တကယ်ပါအေ...ငါမျက်စေ့နဲ့မြင်ရတာပါ " တဲ့၊ အဲဒီညက အခန်းထဲမှာ အိပ်ရတာအိုက်လို့
ဆိုပြီး သားအမိတတွေ အပြင်ထွက်ပြီး ကွပ်ပြစ်ပေါ်မှာ တန်းစီအိပ်နေကြတာကိုး..၊ ဒါနဲ့ သူတို့လဲ
အခန်းထဲ ပြန်ဝင်ပြေးကြရော၊
ကိုကြီးကျောက်တို့လဲ ဘယ်လိုသရဲပါလိမ့်ပေါ့ ၊ တယောက်တပေါက်ပြောရင်း ပြန်အိပ်ကြတာပေါ့၊
မနက်လင်းတော့ ကိုကြီးကျောက်တို့ လဘက်ရည်ဆိုင်မှာ ဒီအကြောင်းပြောတော့ ဆရာကိုမြင့်ဆွေက
ပြုံးစိပြုံးစိနဲ့ မျက်နှာပိုးမသေဘူး၊ အဲဒီမှာ သူကဖွင့်ပြောလာတယ်၊ သူနဲ့ ခင်ချိုနဲ့ ရည်းစားဖြစ်နေတာကိုး၊
ခါတိုင်း ညည ချိန်းတွေ့ကြရင် ခင်ချိုအိပ်ယာဘေးက ပြူတင်းပေါက်ကနေ အသာအချက်ပေးလိုက်ရင်
ခင်ချိုက သူ့အမေမသိအောင် တိတ်တိတ်လေး ထွက်လာနေကြပေါ့၊
အဲဒီ ညကမှ သားအမိ ၃ ယောက်လုံး အခန်းအပြင်ထွက်အိပ်ကြတော့ သူတို့ ၃ယောက်က မှောင်
ထဲမှာ ပုံပန်းသဏ္ဍန်ကလဲ ခပ်ဆင်ဆင်၊ ကိုမြင့်ဆွေကလဲ ခပ်ထွေထွေလေးဆိုတော့ သူထင်တဲ့ခြေ
ထောက်ဆွဲ နှိုးလိုက်တာ သူ့အမေဖြစ်နေပါရောလား..၊ မဲမဲရှည်ရှည် ကိုမြင့်ဆွေကို မှောင်ထဲရုတ်
တရက်မြင်လိုက်တော့ ဆရာမကြီးခမြာ အော်လိုက်ရတာ ငယ်သံများတောင်ပါလို့၊ အင်း...ဒါကြောင့်
လဲ ညက ခင်ချိုရော ကိုမြင့်ဆွေရော သူများတွေ စိတ်ဝင်တစားသရဲကြောင်းပြောနေတုန်း ဣနြေ္ဒရ
နေကြတာကိုး ၊ ဆရာမကြီးလဲ ငှက်မသိတော့ ဇရက် ကို ဘဲထင် သလို အချက်မသိတော့ သမက်ကို
သရဲထင် လိုက်ရရှာသကိုး....။
ပြီးခဲ့တဲ့အပတ်က ဂျပန်မှာ ငလျင်ကြီးလှုပ်ပြီး ဆူနာမီရေလှိုင်းတော့ ဖြစ်ပြီးနောက် ကိုကြီးကျောက်
လဲပစိဖိတ်၊မြောက်အမေရိက၊ ယူရေးရှား၊ အင်ဒိုဩစတေလျ ကျောက်လွှာချပ် ( plate ) တွေ စုဆုံရာ
ဂျပန်နိုင်ငံနဲ့ ကိုယ့်field အတွေ့အကြုံလေးနဲ့ ပေါင်းစပ်ပြီး postလေး တပုဒ်လောက်တော့ ရေးကြည့်
မယ်ဆိုပြီး ရေးလိုက်တာ ဖတ်မဲ့သူတော့မသိဘူး..ရေးတဲ့သူကတော့ ပညာရပ်ဆိုင်ရာတွေ ရေးရင်း
ပျင်းလိုက်တာ... ဒါနဲ့ ရေးလက်စကိုလွှင့်ပစ်လိုက်ပြီး ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးပဲ ခုမှတင်
ဖြစ်တော့တာပါပဲ၊
ကိုင်း..ဒါနဲ့ စကားမစပ် ကိုကြီးကျောက်ရဲ့ ဘလော့ဂ်ဂါ နှမတွေကိုတော့ ထောက်ခံမဲပေးလိုက်အုန်း
မယ်၊ ငလျင်တွေလှုပ်၊ မီးတောင်တွေပေါက်၊ ဆူနာမီတွေ ဖြစ်တာ လူတွေ အရိပ်နေနေအခက်ချိုးချိုး
လုပ်လို့ ကမ္ဘာကြီးက ရင်ထုငိုတယ်ဆိုတာဟုတ်လောက်သဗျ၊ လူတွေ မပေါ်ခင် နှစ်သန်းပေါင်းများ
စွာက ဒိုင်နိုဆောတွေကလဲ သစ်ပင်တွေ အရိပ်မှာနေပြီး အခက်တွေချိုးဖဲ့ စားကြတော့..ဟော..
ဒိုင်နိုဆောတွေရှိတုန်းကလဲ ကမ္ဘာကြီးက ရင်ဘတ်ထုငိုလိုက်လို့ မီးတောင်တွေပေါက်၊ ငလျင်တွေလှုပ်၊
ဆူနာမီတွေ ဖြစ်နဲ့..၊ နောက်ဆုံး ဒိုင်နိုဆောတွေ ပျောက်ကုန်တော့တာပဲ၊ ဒါပေမဲ့ ခက်တာက ဒိုင်နို
ဆောတွေက ကဗျာမရေးတတ်တော့ ကမ္ဘာကြီးက ရင်ဘတ်ကို ဘယ်လက်နဲ့ထုခဲ့သလား၊ ညာလက်
နဲ့ထုခဲ့သလားဆိုတာတော့ မကွဲပြားဘူးပေါ့ဗျာ ။ ။
ဘကျောက်
၁၈၊ ၀၃ ၊ ၂၀၁၁
(http://penai22.blogspot.com/2011/03/blog-post_18.html)
မှတ်ချက် - သူ့ဆီမှာကျနော် သွားပေးခဲ့တဲ့ မှတ်ချက်လေးတွေ အသင့်အတင့်ရှိလို့ စုစည်းချင်ပေမယ့်
တလောက ဝဲကိစ္စကြောင့် ကွန်မန့်တွေဖျြတ်ထားလို့ ရှာမရတာနဲ့ တွဲပြီးဖေါ်ပြချင်တာကို
မလုပ်နိုင်တော့ပါဘူး ။
ကိုမန်းကိုကိုရေ အန်ကယ်နိုင် မနေ့က ဆုံးတာ လုံးဝမသိဘူး ဒီနေ့ညနေ အပြင်ကပြန်ရောက်မှ သိရတယ်။ ပြီးထဲ့တဲ့ ၂၄ ရက်နေ့ကပဲ ပို့စ်တင်သေးတော့ မယုံနိုင်လောက်အောင်ကို ဖြစ်သွားတယ်။ အခုချိန်မှာတော့ ကောင်းရာသုဂတိ လားပါစေ လို့ပဲ ဆုတောင်းရတော့တယ်။
ReplyDeleteအင်း.. ဘကျောက်က.. သူကြီးမင်းတို့ နယ်ဘက်တင်မကဘူး။ မိုကန်းကန်းတို့ဘက်ပါ ရောက်သွားသေးသကိုး။ ခုလောက်ဆို မကိုဋ်သရဖူဆောင်းပြီး နတ်သမီးတစ်ဘက် ၅၀၀ လောက်နဲ့ စံစားနေလောက်ပြီ ထင်ပါရဲ့။
ReplyDeleteဘလော့လောကကြီးကို သတိရလှဲ့ပါဦး ဘကျောက်ရေ။
ဘကျောက်ရဲ့ နောက်ဆုံးပို့စ် တင်လိုက်တဲ့အချိန်မှာ သူ့ဓါတ်ပုံထဲက အသားအရေ အနေအထားနဲ့ ကြုံဖူးထားတာတွေအရ တိုက်ဆိုင်ပြီး မီးဇာမကုန်ခင် ထတောက်တတ်တဲ့ သဘာဝကို တချက်သတိရမိပါသေးတယ် ။ နောက်တော့ -
ReplyDelete“Nyi Nyi Myanmar said... ဘလော့ကာ ကျောက် ဆေးရုံးတွင် သူ့ဘဝ၏ နောက်ဆုံးအချိန်များကို ဖြတ်သန်းနေသည်။ သူ၏ သူငယ်ချင်းများ ဘလော့ကာ ကျောက် ဘဝကူးကောင်းရန် ဆုတောင်းပေးရုံမှ တပါး.....
Regards,
ညီညီမြန်မာ
http://www.nyinyimyanmar.co.cc/ ”
ဆိုတာကိုတွေ့မိတော့ ပိုသေချာသွားပါတယ် ။
ဒီမနက်မှာပဲ ရုပ်မမြင်သံကြား “စင်္ကာက အဒေါ်ကြီး” က “ကိုကြီးကျောက် သတင်း အမှန်ပဲလား မသိဘူးနော်။စုံစမ်းကြည့်ပါအုံး။” ဆိုတာ တွေ့ရချိန်မှာ သေချာသလောက် ဖြစ်သွားပါပြီ ။
ဆက်ပြီး ဘကျောက်ဘလော့ကို သွားကြည့်တော့ “မယု” နဲ့ “မိုးချိုသင်း” တို့ရဲ့ မှတ်ချက်ကိုတွေ့ရချိန်မှာတော့ ထပ်ပြီးမေးစရာ မလိုလောက်တော့ဘူး ထင်ပါတယ် ။
အပေါ်မှာ တုံးဖလားသူကြီးပြောတဲ့ တဖက် ၅၀၀ ကိစ္စတွေတော့ ခုမှ ရှာဖွေလေ့လာဆဲမို့ မပြောတတ်ပါဘူးဗျာ ၊ ဒါပေမယ့် နောင်ဘဝဆိုတာ (ဘယ်ပုံစံနဲ့ဖြစ်ဖြစ်) အသေချာရှိမယ်ဆိုရင်တော့ ဘကျောက်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆန္ဒပြုပါတယ်ဗျာ ။
ကျနော် ဒီပို့စ်ကိုတင်တာဟာ ကျနော့်ကိုတုန့်ပြန်ပြီး ဘားအံအကြောင်းတွေ ရေးပြတာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး ။ ကျနော့်ဘဝရဲ့ အမှတ်တရ အဖြစ်အချို့နဲ့လည်း ဆက်စပ်နေတာ ပါပါတယ် ။
ReplyDeleteကျနော့်နဲ့ ဆွေမျိုးတော်စပ်သူတွေထဲမှာ အရက်ကြောင့် ဆုံးပါးသွားခဲ့ကြသူတွေ မှတ်မှတ်ရရ ၃-၄ ယောက်လောက် ရှိခဲ့ပါတယ် ။ အဲဒီအထဲမှာမှ ကျနော့်စိတ်ထဲ စွဲနေခဲ့တဲ့ ဦးလေးအရင်းတစ်ယောက်လည်း ပါပါတယ် ။ အရက်သမား ၊ ဘာမှ မစွမ်းနိုင်တော့တဲ့ သူတစ်ယောက်လို ဖြစ်နေခဲ့ပေမယ့် ကျနော့်အတွက် စိတ်ရဲ့လုံခြုံမှုရအောင် နှုတ်အားဖြင့် အင်အားတွေပေးခဲ့သူ တစ်ယောက်ပါ ။ ကျနော့်ဘဝမှာ အစားပြန်ရဖို့ခက်တဲ့ သူတစ်ဦးဆိုပါတော့ ။
ခုတော့ ဘကျောက်ကို ပြောပြခွင့်မကြုံတော့ပါဘူး ။ နောင်ကြုံရင်တော့ အကျယ်ချဲ့ရေးသွားပါဦးမယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဘကျောက်ကတော့ မရှိတော့တာတောင် အများဆီက မေတ္တာတွေကို ရယူဝေမျှနိုင်ဆဲပါ ။ ဒီအချက်ကို ထောက်ခံတဲ့အနေနဲ့ ဒီပို့စ်တင်ပြီး ကျနော့်ဆီ အလည်လာသူတွေ online မှာ အရေအတွက် နှစ်ဆဖြစ်လာတာက သက်သေခံနေပါတယ် ။
အားလုံးပဲ ချမ်းသာကိုယ်စိတ် မြဲနိုင်ကြပါစေ ။
ကိုမန်းရေ..
ReplyDeleteရောက်လာပါသေးသည်... အပြေးအလွားတော့ မဟုတ်ပေမဲ့... ပြေးလွားရသလို ခံစားရဆဲ..။
ကိုကျောက်တော့လား နောင်ဘဝတခုမှာ ပျော်နေပလား မသိဘူးနော်.. သူက အပျော်သမားမို့.. အရယ်အမောတွေနဲ့ ကိုကျောက် ဘဝရဲ့ ကောင်းမှုတွေ ပါသွားပါစေလို့ပဲ ပြောတက်တော့တယ်..။
ဒီပို့စ်က အခုမှ သေချာပြန်ဖတ်ဖြစ်ပါတယ်.. ၂ ခါဖတ်တော့ ပိုမှတ်မိသွားတာပေါ့....။
မဗေဒါ (၈၈)
ကိုကြီးကျောက် ကောင်းရာ မွန်ရာ ဘုံဘဝမှာ အစွဲကင်းစွာ နေနိုင်ပါစေဗျာ။ ကောင်းမှု အားလုံး ပြုသမျှကိုလည်း အမျှပေးဝေပါတယ် . . . အမျှ အမျှ အမျှ . . .ပါဗျာ။
ReplyDeleteကောင်းရာ မွန်ရာ နေရာသစ်မှာ ပျော်နေပါလိမ့်မယ်။
ReplyDeleterevision တွေဘဲပြန်နေရတော့မှပေါု့ကိုကျောက်ရယ်။ အသစ်ရေးလှဲ့ပါဦး။
ReplyDeleteသူကတော့မေ့ပြီပေါ့။
ReplyDeleteဝမ်းနည်းကြေကွဲရပါသည်၊
ReplyDeleteကျနော် ဆားချက်တဲ့ပို့စ်လေးကိုပဲ တကူးတက လာကြည့်ကြတာ ကျေးဇူးတင်ပါတယ်ဗျာ ။ ကွန်မန့် ရေးခဲကြသူတွေပါ ဝင်ရေးကြပြီး အမှတ်တရလေးတွေ ချန်ရစ်ပေးထားခဲ့လို့လည်း ပိုကျေးဇူးတင်ပါတယ် ။ မခင်ဦးမေနဲ့ ကိုအောင် (ပျူနိုင်ငံ) တို့ကနေစပြီး ကိုအန်ဒီတို့ရဲ့ WeSheMe မှာ လင့်ချိတ်ပေးလိုက်ရာက ကျနော့်ရဲ့ လူလာနည်းတတ်တဲ့ ဘလော့လေး hit အရေအတွက် ၃၀၀ လောက်ရောက်အောင် ဖြစ်သွားခဲ့လို့လည်း သူတို့အပါအဝင် ဘလော့ဂါတွေနဲ့ ဘကျောက်ရဲ့ အများမေတ္တာ ခံယူရရှိပုံတွေကို အသိအမှတ် ပြုပေးပါတယ် ။
ReplyDeleteတမလွန်ဘဝကနေ ပြန်ကြည့်နိုင်မယ်ဆိုရင်လည်း ဘကျောက်တစ်ယောက် သူ့မိတ်ဆွေတွေရဲ့ သံယောဇဉ်နဲ့ မှတ်မှတ်ရရ တမ်းတမှုတွေကို ကျေနပ်ကြည်နူး နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။
တဖက်ကလည်း အမေရိကန်လိုနေရာမှာ ဒုက္ခဝေဒနာ နည်းနည်းနဲ့ နောက်ဆုံးအချိန်ပိုင်းတွေ ဖြတ်သန်းခဲ့ရတယ်လို့ နားလည်မိတာမို့ အတိုင်းအတာ တစ်ခုအထိ စိတ်သက်သာရာ ရမိပါတယ် ။
သူ့လိုပဲ တတ်နိုင်သမျှ သက်သာပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို မဖြတ်သန်းနိုင်မယ့် သူတွေကိုလည်း သတိရမိပါတယ် ။ ကိုယ်သံယောဇဉ်ရှိတဲ့ မိတ်ဆွေတစ်ယောက်လိုပဲ မရေတွက်နိုင်တဲ့ ဒုက္ခဝေဒနာတွေကြားက လူတွေမှာ ဘယ်လိုများ ရှိနေကြမလဲ ။
ကံကြုံရင်တော့ တနေ့မှာ သူတို့ရဲ့ ဒုက္ခဝေဒနာ တံပိုးတွေကို လျော့အောင် လုပ်ပေးနိုင်ကောင်းပါရဲ့ ။
ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်...။
ReplyDeleteဘကျောက်ကိုတော့ လွမ်းမိတာ အမှန်ပဲ။
ReplyDeleteဘကျောက်တစ်ယောက် အထက်ဘုံမှာ ပျော်ပျော်ကြီး စံမြန်းနိုင်ပါစေဗျာ။
နောက်ကျသွားတဲ့ သတင်းလေးတစ်ခုပါ ။
ReplyDeleteမှတ်စုအနေနဲ့ တင်ထားလိုက်ပါတယ် ။
မငယ်နိုင် ဘလော့ကနေ ရလာတာပါ ။
-----------------------------------------
Sein Lay says:
May 4, 2011 3:14 PM
Reply
Washington DC, Maryland & Virginia နေ မြန်မာများ ခင်ဗျာ။
ဒီမိုကရေစီလိုလားသူ ဦးနိုင်ဖေအောင် (၅၃ နှစ်) (ဘလော့ဂါ ရွှေရတုမှတ်တမ်း ခေါ် ကိုကြီးကျောက်) ၏ funeral service ကို အောက်ပါ အစီအစဉ် အတိုင်း လုပ်ပါမည်။
နေ့ရက် - ၂ဝ၁၁ ခုနှစ်၊ မေလ ၄ ရက်
အချိန် - နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ
နေရာ - Advent Funeral & Cremation Service
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ ရဲဘော်များ နှင့် မိတ်ဆွေများ ကြွရောက်ကြပါရန်။