ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, May 29, 2011

ဘရိတ်အုပ်ထားမယ် စောလားပွယ်





     ဒီတစ်ခါတော့ မနှစ်ကစပြီး မြဝတီ ၊ ဘုရားသုံးဆူကိစ္စတွေနဲ့ ရေပန်းစားလာခဲ့တဲ့ DKBA အဖွဲ့နဲ့
ခေါင်းဆောင်ဖြစ်သူ စောလားပွယ်တို့နဲ့ပတ်သက်လို့ နည်းနည်းရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။
အချို့ကိစ္စတွေမှာ ပြောဖို့စောသေးပေမယ့် အချို့နေရာမှာတော့ အချိန်အတိုင်းအတာအရ နည်းနည်း
ရုပ်လုံးပေါ်လာပြီမို့ ရေးသင့်တယ်လို့ ယူဆမိလို့ပါ ။

     ပထမဆုံး အနေနဲ့တော့ ကျနော်က ရင်းနှီးတဲ့ပုံစံနဲ့ “စောလားပွယ်” လို့ ခေါ်တာဟာ အချို့လူ
တွေအတွက်တော့ ရိုင်းနေနိုင်ပါတယ် ။ ဘာလို့လည်း ဆိုတော့ အချို့သူတွေအနေနဲ့ ဒီနာမည်ကို
မခေါ်ပဲ “အဖူး (အဖိုး)” လို့ ခေါ်ကြတာကိုကြည့်ရင် သူတို့ရဲ့ လေးစားမှုအတိုင်းအတာကို ကရင်
လူမျိုး တစ်ယောက်အနေနဲ့ ခန့်မှန်းနားလည်ကြည့်လို့ ရနိုင်လို့ပါ ။

     ကရင်လူမျိုးတွေမှာ တော်ရုံရာထူးရာခံ အဆင့်တွေကို ပြည်မက ခေါ်သလိုပဲ ဥက္ကဋ္ဌ ၊ အတွင်း
ရေးမှူး ဒါမှမဟုတ် ဆရာလို့ ခေါ်တတ်ကြပါတယ် ။ “အဖူး (ဖူ့)” လို့တပ်ပြီး အခေါ်ခံရသူတွေဟာ
တန်းမြင့်အရာရှိတွေနဲ့ အထက်ပိုင်းအဆင့်ရှိသူလို့ ယေဘုယျအားဖြင့် နားလည်သဘောပေါက်လို့
ရပါတယ် ။ ဥပမာ KNU က ဗဟိုကော်မတီ အဖွဲ့ဝင်အဆင့်မျိုးတွေမှာ ခေါ်ကြတာ တွေ့ရပါမယ် ။

     သမိုင်းမှာလည်း သထုံမနူဟာမင်းဆီမှာ ခစားခဲ့တဲ့ “ဖူ့ဒိုက်ကော်” အမတ် ၊ အင်းဝအထိ သွား
ရောက်ပညာသင်ယူပြီး ကနေ့ ကရင်ဘုန်းကြီးကျောင်းစာကို ပြန်ဖေါ်ထုတ်ပေးခဲ့တဲ့ ရဟန်းတော်
“ဖူ့တာမိုက်” ၊ ကော့ကရိတ် နယ်တဝိုက်မှာ အင်္ဂလိပ်တပ်တွေကို ဒါး ၊ လှံတွေနဲ့တင် ရဲရဲတောက်
တိုက်ရင်း ကျဆုံးသွားခဲ့တဲ့ “ဖူ့မာန်ပျံ” စသည်ဖြင့် တွေ့နိုင်ပါတယ် ။

     ဒီလောက်နဲ့ မရပ်သေးပါဘူး ။ ကရင်ဘုရင်တွေကိုလည်း ယေဘုယျအားဖြင့် နာမည်ရှေ့က ဂုဏ်
ပုဒ်အနေနဲ့ “ဖူ့(ဖူး)” လို့ပဲတပ်ပြီး ခေါ်ဝေါ်ကြပါတယ် ။ ဒါနဲ့ဆက်စပ်ရင် ကရင်တွေရဲ့ စကားအသုံးအ
နှုန်းမှာ you နဲ့ me လိုပဲ “နင်” နဲ့ “ငါ” လို့ သုံးကြတာမို့ ပြည်မက လူတွေအတွက် ရိုင်းကောင်းရိုင်း
နေမှာဖြစ်ပေမယ့် ခုလိုသိလာရင်တော့ နားလည်ပေးလို့ ရကြလိမ့်မယ်လို့ ယူဆပါတယ် ။ တဖက်က
လည်း ဒီကနေ့ခေတ် မျက်စိနဲ့ကြည့်ရင် ကရင်တွေအတွက် ဘာသာစကားချဲ့ထွင်မှုတွေ လိုအပ်နေ
သေးတယ်လို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ် ။ (ကျနော့် တစ်ယောက်ထဲ သဘောအရတော့
လိုတယ်လို့ ယူဆပါတယ်) ။

     စောလားပွယ်အကြောင်း ပြန်သွားရအောင် ။

     ပထမဆုံးအနေနဲ့ DKBA အဖွဲ့ကိုကြည့်ရင် ဖြည့်ဆည်းစရာ အများကြီးလိုနေသေးတဲ့အဖွဲ့လို့
ကြမ်းဖျင်းမြင်မိပါတယ် ။ သူချည်းတော့ ဘယ်ဟုတ်မလဲ ၊ အခြားဖက်တွေမှာ ချွတ်ချုံကျနေလို့
အဖတ်ဆည်စရာ အများကြီးလိုနေတဲ့ အဖွဲ့တွေလည်း တင်းကြမ်းပေါ့ ။ (အဲဒီကိစ္စကိုတော့ ဒုတိယ
ပို့စ်အနေနဲ့ ပြောပါမယ်) ။

     ဒါပေမယ့် စောလားပွယ်ခေါင်းဆောင်တဲ့ ဒီကနေ့ DKBA အဖွဲ့ကိုကြည့်တော့ လတ်တလော
အလွယ်တကူ မြင်မိတာတွေက -

**   မြဝတီနဲ့ ဘုရားသုံးဆူမှာ “အရပ်သား” တွေကိုညှာပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်သွားခဲ့တာ တွေ့
ရပါတယ် ။ (သူ့အဖွဲ့နဲ့ပတ်သတ်လို့ သိက္ခာချချင်လို့ဖြစ်စေ ၊ ဝါဒဖြန့်တာဖြစ်စေ ၊ ရှုတ်ချရေးထားတာ
တွေ ရှိနိုင်ပေမယ့် အဲဒါမျိုးတွေက ယုံဖို့အဆင်သင့်ဖြစ်နေသူတွေအတွက်ပါ ၊ ပိုင်းခြားမြင်နိုင်သူတွေ
အတွက်ကတော့ ချွင်းချက်အချို့ကလွဲရင် ကျနော်ပြောတာကို လက်ခံရတာ အခက်အခဲမရှိလှဘူးလို့
ယူဆပါတယ်) ။

**   ဒါတွေနဲ့ တစ်ဆက်ထဲမှာ ထုတ်ပြန်ချက် ၊ အင်တာဗျူးတွေလုပ်ပြီး နိုင်ငံရေးအရ အမြတ်ရယူနိုင်
ခဲ့တာ တွေကိုလည်း တွေ့ရပါတယ် ။ မကြာခင်က ဖတ်မိတဲ့ သူရဲ့ထုတ်ပြန်ချက် သဘောထားတွေ
ထဲမှာလည်း စစ်ရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အမြင်ရှိတယ်လို့ နားလည်လက်ခံလို့ရနိုင်တဲ့အချက်
တွေ အတော်အသင့်ပါတာ တွေ့ရပါတယ်) ။

**   နောက်ပိုင်း (ဖလူးဒေသအပါအဝင်) တိုက်ပွဲတွေမှာလည်း စစ်ရေးအရ အထက်စီးယူထားနိုင်
တာကို တွေ့ရတဲ့အပြင် ခုချိန်အထိလည်း ပြည်မစစ်တပ်ကို စစ်ရေးအရ ဆက်တိုက် ဖိအားပေးနေနိုင်
တာကို တွေ့နေရပြန်ပါတယ် ။

     ဒါတွေအားလုံးကို ခြုံကြည့်ရင် စောလားပွယ်အနေနဲ့ ရွေးချယ်လုပ်ကိုင်နေခဲ့တာတွေဟာ အောင်
မြင်တယ်လို့ မှတ်ချက်ပေးရမှာဖြစ်ပါတယ် ။ ဒါပေမယ့် ချီးကျူးထောပနာပြုဖို့ထက် ထောက်ပြဝေဖန်
ဖို့ကို စိတ်ဝင်စားလို့ မြင်တာတွေ နည်းနည်းပြောချင်ပါတယ် ။

     လိုရင်းကို ခြုံပြောရရင်တော့ “လက်ရှိဖြစ်နေတဲ့ အနေအထားရဲ့အရှိန်ကို ထိန်းထားသင့်တယ်
(တနည်းအားဖြင့်) ဘရိတ်နည်းနည်း အုပ်ထားသင့်တယ်” လို့ ပြောချင် အကြံပေးချင်ပါတယ် ။ ဒါ
ဟာ အားလုံးကို ရပ်တန့်လိုက်ဖို့ ပြောတာတော့မဟုတ်ပါဘူး ။ လက်ရှိရထားတဲ့ အောင်မြင်မှုကိုရေ
ရှည်ထိန်းထားနိုင်ဖို့နဲ့ ၊ ဖြစ်နိုင်ရင် ရှေ့တက်မယ့် ခြေလှမ်းတွေကို သိပ်မကျဲပဲ ၊ လိုအပ်နေတာတွေ
ကို ဟန်ချက်ညီညီ ထိန်းသိမ်းလုပ်သွားဖို့ပါ ။ ဒါ့ပြင် ဒီ “လိုနေတာတွေ” ဟာလည်း လက်ဖျောက်
တစ်ချက်တီး အချိန်အတွင်း ဖြစ်မလာနိုင်တာတွေမို့ အားလုံးကိုထည့်ပြီး ချိန်ဆတွက်ချက်တာမျိုး
တွေနဲ့ သတိထား ထိန်းချုပ် လုပ်ကိုင်ဖို့ကို ဆိုလိုတာပါ ။

     အသေးစိတ်တွေကို နောက်ပို့စ်မှဆက်ရေးပါဦးမယ် ။ လောလောဆယ် အကြမ်းဖျင်းပြောရရင်
တော့ -

##   သူပုန်ဆိုတာလည်း တစ်ချိန်မှာ အစိုးရ သို့မဟုတ် အစိုးရရဲ့ အစိတ်ပိုင်းတစ်ပိုင်း ဖြစ်လာတတ်
တာမျိုးပါ ။ ဒီတော့ စစ်ရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ စီမံခန့်ခွဲရေး စသည်ဖြင့် ဘက်စုံလုပ်ကိုင်လှုပ်
ရှားနိုင်ဖို့ လိုပါတယ် ။ အရိုးရှင်းဆုံးပြောရရင်တော့ စစ်ရေးတစ်ခုထဲ အောင်မြင်ရုံနဲ့ မပြီးသေးပါ ၊
ပွဲသိမ်းတိုက်ပွဲကို နိုင်ငံရေးကပဲ ပေးနိုင်ပါတယ် ။ တစ်ချိန်ထဲမှာ စီးပွားရေးရှိမှလည်း ရပ်တည်နိုင်
မယ်ဆိုတာ အားလုံးအသိပါ ။

##   လက်ရှိအနေအထားမှာ အရှိန်ရတုန်း အခြားအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ၊ အရင်ကပျက်
ခဲ့တဲ့ DKBA ရဲ့နာမည်ကို အဖတ်ဆည်ဖို့ ၊ လက်ရှိ လှုပ်ရှားပြောင်းလဲနေတဲ့ နယ်ခြားစောင့်တပ်နဲ့
DKBA တွေကြားမှာ (ဟင်္သာကိုးသောင်းဇာတ် မဖြစ်အောင်) ညင်ညင်သာသာဖြစ် ကိုင်တွယ်နိုင်ဖို့ ၊
ထိုင်းနိုင်ငံနဲ့လည်း အနည်းဆုံး ဆက်ဆံရေးအဆင်ပြေနိုင်ဖို့ တွေအပါအဝင် လုပ်စရာတွေ ၊ လုပ်လို့
တာတွေ အများကြီး ရှိနေပါတယ် ။

##   ဒါတွေကို အကောင်အထည်ဖေါ်ရာမှာ ကရင်တိုင်းရင်းသားတွေအတွက်ချည်းမဟုတ်ပဲ မြန်မာ
ပြည်တစ်ခုလုံး ပြောင်းလဲပစ်ဖို့ကို ၊ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်တဲ့ အရည်အချင်း
ရှိသူ တစ်ယောက်အနေနဲ့ ၊ လုပ်နိုင်သလောက်ကို အမှားနည်းနည်းနဲ့ လုပ်နိုင်အောင် ကြိုးစားသွားဖို့ ၊
နည်းလမ်းရှာဖို့ကို စေတနာနဲ့ (ကြားကြား မကြားကြား) အဝေးကနေ လှမ်းအော်လိုက်ပါတယ်ဗျာ .......



ပြည့်စုံပါစေ (ဒေါင်ပိုင်လားဆိုင်ဒ်)

မန်းကိုကို
၂၈ ၊ ၀၅ ၊ ၂၀၁၁


**   ကျနော့်ပို့စ်ဖတ်ရင်း တွဲဖတ်ဖို့အတွက် အောက်ကလင့်တစ်ခုကို ထည့်ပေးလိုက်ပါတယ် ။ ဒီပို့စ်နဲ့ သိပ်မဆိုင်လှသလို
ဆောင်းပါးရှင် “ဖူးဒိုနဲ့လည်း သဘောထားတွေ အမြဲတိုက်ဆိုင်လှတယ် မဟုတ်ပေမယ့် သူရေးထားတဲ့ သုံးသပ်ချက်အချို့
က စိတ်ဝင်စားစရာကောင်းတာမို့ပါ ။ (Link)

9 comments:

  1. ကရင်သူငယ်ချင်းအချို့ရှိပါတယ်.. သူတို့ နဲ့ စကားပြောရင် နင်နဲ့  ငါနဲ့ ပြောရတာ ပို ရင်းနှိးသလိုခံစားရပါတယ်။

    ဒီကေဘီအေ နဲ့  ဦးစောလပွယ် အကြောင်းတော့ သိပ်မမှီပေမယ့် ပြောချင်တာလေးက

    ကရင်ပြည်နယ် ဆိုတာလေးပဲ ကွက်ကြည့်လို့  မရပါဘူး... ကရင်ပြည်နယ်တစ်ခုထည်း ရပ်တည်ဖို့ ဆိုရင် ဘေးနားမှာ ဆင်တွေ ၀ိုင်းနေတဲ့ နှမ်းစေ့လေးလိုပါပဲလို့ ။

    ငယ်ငယ်က ကရင်သူပုန်၊ ငပွေး ဘာညာ ဆိုပြီး ကြောက်လန့်လန့်နဲ့  ကြားဖူးခဲ့တဲ့ အဲ့သည် သူပုန်ဆိုတာတွေနဲ့  နေရာ အချို့မှာ (သူတို့ ဘာမှန်းမသိပဲ... နောက်မှသိတာ) လက်တွဲပြီး အလုပ်လုပ်ဖူးပါတယ်။ အတော်လေး ဝေ့လယ်ကြောင်ပတ် လုပ်တာမရှိပဲ (စိတ်ရင်းဖြောင့်မတ်စွာနဲ့  ) လက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးပါတယ်။ နောင်မှ ... အော်.. သူတို့ က ငါသိတဲ့ သူပုန်ဆိုတာတွေပါလားဆိုပြီး ၀ါဒဖြန့်ရိုက်သွင်းတဲ့ အစိုးရကို စိတ်ဆိုးမိတယ်။

    နောက်တစ်ခုက ကရင်အဖွဲ့ အစည်းနဲ့  ပတ်သတ်လို့  ထိုင်းနိုင်ငံဟာ အတော်လေး လွှမ်းမိုးမှုရှိတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ထိုင်းက သူတို့ ၇ဲ့ အကျိုးစီးပွားအတွက် ဒီကေဘီအေနဲ့  လက်လျိုပေါင်းသင်းနေတာ ဟာ အတော်လေးဆိုးရွားတဲ့ (မြန်မာပြည်၇ဲ့ အခြေအနေလို့  ထင်ပါတယ်)။

    မြန်မာစစ်တပ်မှာလည်း ကရင်နဲ့  ပတ်သတ်ရင် ကြောက်လန့် ကြတာ အများကြီးရှိပါတယ်။ လက်အောက်မှာ အချင်းချင်း ရင်းနှီးမှုရှိကြပေမယ့် နပတ ရဲ့ ကျဉ်းမြောင်းတဲ့ အမြင်အရ တိုက်ခိုက်နေကြတာကို ၂ ဖက်လုံးနားလည်ဖို့  လိုပါတယ်။

    နောက်ဆုံးတစ်ခုကတော့ ကရင်အဖွဲ့အစည်းတွေ အနေနဲ့  ကိုယ့်စီးပွားကို ကိုယ်မကြည့်ပဲ (အဓိက မှောင်ခိုလမ်းကြောပါ) ကရင်ပြည်သူလူထု အပြင် မြန်မာပြည်သူလူထု ငါ ကိုယ့်ပြည်သူလူထုပဲဆိုတာမျိုးနဲ့  လုပ်ကိုင်သင့်ပါတယ်လို့ 

    (လွဲနေတာရှိရင် ဝေဖန်နိုင်ပါတယ်) သေသေချာချာ နားမလည်တဲ့လူမို့ ပါ။ မိမိရဲ့ personal အမြင်ကို ဖော်ထုတ်ခြင်းသာ....။

    ReplyDelete
  2. သိသလောက် ဝင်ဆွေးနွေးပေးတာ ဝမ်းတောင် သာရမှာပါ ။ ဒါမှလည်း အချို့သိထားတာတွေကို လက်ဆင့်ကမ်းပေးလို့ ရသလို ၊ ဒီမှာလာဖတ်တဲ့ တိုင်းရင်းသားတွေ အနေနဲ့လည်း ဘေးလူအမြင်တွေကို သိခွင့်ရကြတာပေါ့ ။

    ကရင်ပြည်နယ် တစ်ခုထဲရပ်တည်ဖို့ ဆိုတဲ့ကိစ္စကတော့ လွယ်ပါတယ် ။ ဘာလို့လည်းဆိုတော့ ကနေ့အချိန်မှာ ပင်မရေစီးကြောင်းထဲက တန်းတူအခွင့်အရေး တောင်းနေသူတွေထဲမှာ ဘယ်သူမှ နိုင်ငံတစ်နိုင်ငံအဖြစ် ခွဲထွက်မယ်လို့ မတောင်းဆို (ဦးမတည်) ကြလို့ပါပဲ ။ ဒါပေမယ့် ကွဲပြားတဲ့ ပြောဆိုမှုတွေတော့ ရှိနေကြမှာ အမှန်ပါပဲ ။ ရှင်းပြဖို့ အတော်ရှည်ပြီး အချို့သူတွေ အတွက်လည်း အနာပေါ် တုတ်ကျသလို ဖြစ်နိုင်တာမို့ အတိုချုပ်အားဖြင့် အပေါ်က ပြောခဲ့တာကိုပဲ အတည်မှတ်ယူစေချင်ပါတယ် ။

    “သူပုန်” ဆိုတာကို ရှေ့လာမယ့်ပို့စ်မှာ နည်းနည်းရှင်းပေးပါ့မယ် ။ ထိုင်းနိုင်ငံနဲ့ ပတ်သက်လို့ကတော့ သူလည်း မြန်မာပြည်လိုပါပဲ ။ အခြေ အနေအထား မတူလို့သာ တမူထူးပြီး ကွာခြားသလို ဖြစ်နေတာပါ ။ အမှန်မှာက သူတို့မှာလည်း စိတ်ဓါတ်နဲ့ လူမှုရေးရာ အပိုင်းတွေသာမက အခြားပြဿနာတွေလည်း အများကြီး ရှိနေပါတယ် ။ တခါတရံ ဘန်ကောက်ပို့စ် သတင်းစာမှာ အသင့်အတင့် ဖတ်ရနိုင်ပါတယ် ။

    နောက်ဆုံးအပိုဒ်က မှောင်ခိုလမ်းကြော ဆိုတာနဲ့ပတ်သက်လို့တော့ နားသိပ်မရှင်းမိဘူး ။ ဒါပေမယ့် ယေဘုယျ ပြောချင်တာကတော့ နယ်စပ်ကိစ္စတွေဟာ အဝေးကနေတဲ့သူတွေ သိထားတာထက် အများကြီး ရှုပ်ထွေးပါတယ် ။ အဖွဲ့အစည်း တစ်ခုခုထဲ နက်နက်နဲနဲ့ မရောက်ပဲနဲ့ အသေအချာ ပြောရခက်တာမျိုးပါ ။

    ရေရာတဲ့ အဖြေတွေကို တိုတိုရှင်းရှင်း မပေးနိုင်သေးတာတော့ စိတ်မရှိပါနဲ့ ။ အချို့အချက်တွေဟာ အပြင်မှာ ကိုယ်တိုင်ဆုံပြီး ရှင်းပြသလို မဟုတ်ပဲ ၊ ပို့စ်အတော်များများနဲ့ ဆွေးနွေးချက် အတော်များများကို ဖတ်မိမှ နည်းနည်း ဇာတ်ရည်လည် လာနိုင်တာမျိုးမို့ပါ ။

    ကျေးဇူးပါ ။

    ReplyDelete
  3. ဒီကနေ့ညမှ နည်းနည်းလေး အားလာလို့ ၊ စီပုံးက စာအချို့နဲ့ မငယ်နိုင်ဘလော့က ကွန်မန့်တစ်ခုကိုပါ စုပြီး တင်ထားလိုက်ပါတယ် ။

    >> said ..

    သူပုန်ကိုလုပ်မှ ငါတို့ကရင်ကို လုပ်တယ်ဆိုပြီး မငိုနဲ့။
    ဗမာတွေက ဒီနေ့အထိ နအဖကို လုံးဝထောက်ခံတာမဟုတ်ဘူး။ ဒါတောင် KNU ထိုင်းထဲမှာ ခွေးပြေးဝက်ပြေးလုပ်နေရတာ။
    ဘယ်နိုင်ငံမှမဆို သူပုန်ရှိတဲ့ဒေသက မတိုးတက်ဘူး။ နှစ်ပေါင်း ၆၀ကျော် ဒုက္ခရောက်နေတာလဲ သူပုန်ကို လူမျိုးရေးကြည့်ပြီးထောက်ခံနေတုံး။


    ** Anonymous says: May 29, 2011 7:54 AM Reply (မငယ်နိုင် ဘလော့မှ)

    သိပ်ပြီးရိုးသားတဲ့ ကရင်ဘိုးတော်ကြီးရေးထားတဲ့ စာကို ဖတ်ကြည့်ပါဦးဗျာ။ ခေါင်းစဉ်လေးကို ကြည့်တော့ ကရင် သူပုန်ကို
    ပြစ်ပြစ်နစ်နစ် ဝေဖန်တော့မယ်ဆိုတဲ့ အထာပဲ။ ဗမာတွေ နအဖကို ဝေဖန်သလိုမျိုး ရေးထားသလားလို့ အထင်ကြီးပြီး ဖတ်
    လိုက်ပါတယ်။ ဗမာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သလို ပြစ်ပြစ်နစ်နစ်ပြောလေမလားလို့ ဖတ်လိုက်ပါတယ်။ ဟိဟိ။
    နောက်ဆုံးတော့ ကရင်အချင်းချင်း မြှောက်ပင့်ထားတာ ဖြစ်နေတယ်။ သူတို့ ကရင်တွေ ရေးလိုက်တိုင်း ကရင် သူပုန်တွေ
    ဆိုးချက်တစ်ခုမှ မရှိဘူး။ ကရင် သူပုန်တွေ လုပ်သမျှ ကောင်းတာချည်းပဲ ဆိုပဲ။ ကရင်တွေက ရိုးရိုးသားသားလေးတွေဆိုတော့ အမှန်အတိုင်းပဲပြောတာနေမှာပါ။ ကရင်သူပုန်တွေ လူမျိုးရေး အခြေခံပြီး ဗမာတွေကို သတ်တာတွေ။ ကရင်အချင်းချင်း
    မတရားလုပ်တာတွေ မရှိလို့ပဲမရေးတာဖြစ်မှာပါ။ ရိုးသားတဲ့ တိုင်းရင်းသားတွေကို အထင်မလွဲပါနဲ့နော်။

    ကရင်သူပုန်တွေ သေနတ်ကြီးကိုင်ထားပြီး လုပ်ချင်တိုင်း လုပ်လို့ရတဲ့ နယ်စပ်မှာ အဲလောက် ရိုးသားဖြူစင်နေတာ သာမန်လူတော့
    မဖြစ်နိုင်ပါဘူး။ သူတော်စင်တွေပဲ ဖြစ်ရမယ်။ (ကရင် သူပုန်သေရင် ငရဲမလားဆိုတဲ့ ဆောင်ပုဒ်လေးတောင် ရေးရမလိုပဲ) ဟဲဟဲ..
    သူပုန်တွေက ဘုရားထက်တောင် ဖြူစင်နေသလိုပဲ။ ကရင်တွေ ဘုရားကို မကိုးကွယ်ပါနဲ့တော့။ ဘုရားစင်ပေါ်မှာ ကရင် သူပုန်တွေရဲ့
    ဓါတ်ပုံကို တင်ပြီးကိုးကွယ် ကြပါကွာ။


    ** ဘားအံက အဒေါ်ကြီး said ..

    စောလားပွယ်ကို ဘရိတ်အုပ်ခိုင်းတဲ့ ဆောင်းပါးလာဖတ်သွားတယ်။ စေတနာအပြည့်နဲ့ ရေးထားတယ်လို့ နားလည်မိပါကြောင်း။။။။။

    ReplyDelete
  4. ကျနော်ကတော့ အဲ့လောက် အစွန်းရောက်တာ မကြိုက်လှဘူး... ကိုယ်တိုင်လည်း ဒါမျိုး ပြောဆို ဝေဖန်မှာမဟုတ်ဘူး (ဝေဖန်ချင်ရင်တောင်) အားလုံးမှာ ကွဲလွဲခွင့်ရှိပါတယ်...။

    တိုင်းရင်းသား ဆိုတာတွေကို တိုးတက်အောင် လုပ်မပေးနိုင်ခဲ့တဲ့ (လုပ်မပေးတာလဲ ဖြစ်ချင်ဖြစ်မှာပါ.. ဥပမာ.. ရခိုင်ပြည်နယ်) နအဖ မှာ တာဝန် အပြည့်အ၀ရှိပါတယ်။ ဒီလိုပြောရင် နအဖ ကလည်း ပြန်ပြောပါလိမ့်မယ်... ကားလမ်းလာဖောက်ပေးတာကို အင်ဂျင်နီယာ တစ်ဖွဲ့ လုံး သတ်ပစ်တာတို့ ၊ စာလာသင်တဲ့ ဆရာ ဆရာမတွေကို ရှင်းပစ်လိုက်တာတို့  ဆိုပြီး လက်ညိုးထိုးပါလိမ့်မယ်...။

    ဖြေရှင်းလေ မဆုံးလေမို့  လက်ငင်း အခြေအနေ ကိုသာ ဦးစားပေး စဉ်းစားပြီး လုပ်ကိုင်ကြ၊ ရေးကြ၊ ဝေဖန်ကြ၊ ပြောကြ ဆိုကြတာ အကောင်းဆုံးပဲလို့  ထင်ပါတယ်..။

    သူပုန်အကြောင်း စောင့်မျှော်နေပါတယ်... ဖတ်ချင်ပါတယ်ဗျာ။

    ReplyDelete
  5. Reading your blog is enjoyable. But I got to
    say what I have to say. I think Saw Lar Bwe
    is just a war lord who suddenly acts like a freedom fighter when he could not get what
    he wants from Burmese government.

    I like DKBA and as a Burmese I like to see
    Karens got full rights like Burmese. But I
    think both KNU and Burmese army, governments
    to be blamed for all the mess. KNU is also
    full of crooks, scum bags, and shit heads.

    ReplyDelete
  6. @ Anonymous
    ပထမအပိုဒ်မှာ ပြောသွားတာတွေကို မှားတယ်လို့ အတိအကျ ပြောလို့ မရပေမယ့် အားလုံးမှန်တယ်လို့လည်း ထောက်ခံရခက်ပြန်ပါတယ် ။

    ဒုတိယအပိုဒ်မှာပါသလို နှစ်ဖက်လုံးကို အပြစ်တင်သင့်တာတော့ မှန်ပါတယ် ။ ဒါပေမယ့် ရင့်သီးတဲ့ စကားလုံးတွေနဲ့ စွပ်စွဲတာကတော့ ဖတ်မိသူတွေအတွက် အထောက်အကူမဖြစ်တာ သေချာပါတယ် ။

    “စွပ်စွဲတာ” လို့ သုံးရတာကလည်း အကြောင်းတော့ ရှိပါတယ် ။ ဘာလို့လည်းဆိုတော့ Anonymous အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို မသိဘူး ၊ မဆက်ဆံဘူးတာ ထင်ရှားနေလို့ပါ ။ သူတို့အထဲမှာ ပညာတတ်လို့ ခေါ်နိုင်သူတွေ အများကြီးပါသလို ၊ စီးပွားထိုင်ရှာ နေကြသူများလည်း မဟုတ်ကြပါဘူး ။
    အကယ်၍ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တွေးခေါ်ဦးဆောင်မှုတွေဟာ လမ်းချော်နေတယ်လို့ ပြောရင်တော့ ငြင်းရအတော် ခက်ပါလိမ့်မယ် ။

    နောက်ပြီး တစ်ခုပြောချင်တာက ၊ ဒီဘလော့ဟာ တိုင်းရင်းသား (ကရင်) တွေအကြောင်းကို အတော်များများ ရေးနေတယ်ဆိုပေမယ့် ဘက်လိုက်ဖို့တော့ မဟုတ်ပါဘူး ။ ဆွေးနွေးပြောဆိုပြီး မြန်မာပြည်ဖွား လူတွေကြားမှာ လူတိုင်းအကျိုးရှိမယ့် (win-win) ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့ တစ်ဖက်တစ်လမ်းက ကြိုးစားနေတာလို့ ဆိုနိုင်ပါတယ် ။

    ဒီလိုလုပ်ရာမှာ Anonymous သုံးနှုန်းတာမျိုးတွေက မီးမွှေးတာမျိုးဖက် ပိုဦးတည်နိုင်တာမို့ (စိတ်သိပ်မရှည်တဲ့ အခါမျိုးတွေကလွဲရင်) အားလုံး နားထောင်ကောင်းအောင် သုံးနှုန်းရတာပါပဲ ။ ဥပမာ “နွား” ကို “တိရိစ္ဆာန်” လို့ ပျစ်ပျစ်နှစ်နှစ် ပြောလို့ ရပေမယ့် “လယ်သမားတွေရဲ့ မိတ်ဆွေ” သို့မဟုတ် “လူတွေရဲ့ ထမင်းရှင်” လို့ ခေါ်တာဟာ အဓိပ္ပါယ်တူပေမယ့် သက်ရောက်မှု မတူတဲ့သဘောမျိုးလိုပါပဲ ။

    @ ရာဇာသုဂ်ဓံင့် said (မန်းကိုကိုလဲ အခုတလောစောလါးပွယ်ဖက် နဲနဲယိုင်လာပြီးထင်တယ် အရင်ကအသုံးအနှုန်းတွေလိုမဟုတ်တော့ဘူးနော် ထင်တာနော် အတည်ပေါက်မဟုတ်သေးဘုး နောက်တခါစောင)

    အပေါ်မှာ ရေးခဲ့တာတွေဟာ တချို့တဝက် ပြန်ဖြေပြီးသားလို့ ထင်ပါတယ် ။
    သတိပြုစရာကတော့ ဖတ်ရှုသူအားလုံး နားဝင်ပီယံဖြစ်အောင် ကြိုးစားရေးရင်း ကြည့်တဲ့ဖက်အပေါ်မူတည်ပြီး မန်းကိုကိုဟာ အားလုံးဖက်ဆီကို ယိုင်နေတယ်လို့ မြင်နိုင်ပါတယ် ။

    အစွန်းအားလုံးနဲ့လွတ်ပြီး ကိုယ်ပိုင်အမြင်တွေကို ကြိုးစားပုံဖေါ်ရာမှာ ချွတ်ယွင်းချက်တွေ ရှိမှာတော့ သေချာပါတယ် ။ ကိုယ့်မျက်ချေး ကိုယ်ပြန်ရှာရတာက သူများကို ပြောရတာထက် ခက်ပါတယ် ။ ဒါကြောင့် မြင်မိတဲ့ ချွတ်ယွင်းချက် ၊ ရှေ့နောက်မညီ ဖြစ်နေတာတွေကို ဖေါ်ထုတ်ထောက်ပြရင်တော့ မှန်တစ်ချပ်လိုပဲ အကျိုးများစေဖို့ အခွင့်အလမ်း ရှိတာကြောင့် ၊ မည်သူမဆို ပြောစရာရှိတာ ပြောသာပြောလို့ ဖိတ်ခေါ်ချင်ပါတယ် ။

    ReplyDelete
  7. @ ...အလင်းစက်များ
    အမှန်တော့ အပေါ်က ကွန်မန့်တိုတွေဟာ ပြန်ပြောသူရှိရင် ပိုကဲလာပြီး ဆဲကြတာနဲ့ အဆုံးသတ်ရတဲ့ အခင်းအကျင်းမို့ လိုက်နင်းစရာအကြောင်း မရှိပေမယ့် ဒီလိုလူတွေ ရှိနေတယ်ဆိုတာ ထင်ရှားအောင် နမူနာ ချပြပေးတာပါ ။ လူငယ်မို့ ၊ အဖွဲ့အစည်း စိတ်ဓါတ်နဲ့မို့ ယစ်မူးတယ် ၊ အလွန်အကျွံပြောတယ် ပဲနာမည်တပ်တပ် အကျိုးမများတာမို့ အတိုချုပ်တာပဲ ကောင်းပါတယ် ။

    ပထမ ကွန်မန့်ကိုဖတ်ပြီး “ရခိုင်”အကြောင်းပါ ပါလာလို့ ပို့စ်တစ်ခုအဖြစ်တောင် တင်ဖို့ စဉ်းစားပါသေးတယ် ။ ဒါပေမယ့် သက်ဆိုင်သူတွေ ရေးတာက ပိုသင့်တော်မယ်ထင်လို့ ဒီကွန်မန့် နေရာကနေပဲ ပြောဆိုဆွေးနွေးလိုက်ပါတယ် ။

    ပထမဆုံး ရခိုင်တွေရဲ့ စိတ်ဓါတ်ဟာ ယေဘုယျအားဖြင့် ပြင်းထန်တယ်လို့ ပြောလို့ရမလားပဲ ။
    ဒါနဲ့ ဆက်စပ်ပြီး ၊ မလိုလားအပ်တာတွေ ရှိခဲ့နိုင်ပါတယ် ။
    ဒါပေမယ့် ဒါတွေက လက်ရှိမြင်ရတာတွေပါ ၊ တကယ်တန်းမှာတော့ အပေါ်ယံမကပဲ အကြောင်းရင်းခံ တစ်လွှာလောက် တူးဆွကြည်ဖို့ လိုအပ်တယ်လို့ ယူဆပါတယ် ။

    ဥပမာ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ လမ်းဖေါက်ရင် သူတို့အကျိုးရှိလို့ ဖေါက်ခဲ့တာလို့ အတော်များများက ဆိုကြပါတယ် ။ ပညာရေးစနစ် တည်ထောင်ပြန်တော့ သူတို့ကို လုပ်ကျွေးဖို့ရယ်လို့ ပြောကြပြန်ပါတယ် ။ အခု အချင်းချင်းအလှည့်ကျတော့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်ရဲ့ စေတနာလို့ မကြာခဏ တဖက်သတ် media နဲ့ ရိုက်သွင်းပါတယ် ။ စဉ်းစားစရာပါ ။

    သမိုင်းသစ်စာစောင်ကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ် ။ ကရင်နဲ့ ရခိုင်အချို့ကနေ ထုတ်တဲ့စာစောင်ပါ ။ အဲဒီအထဲမှာ ရခိုင်တွေ သန်းကဏာန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ကြရတယ်လို့ အဆိုပြုပါတယ် ။ မှန်တယ်လို့ မထောက်ခံဝံ့သလို ၊ မှားတယ်လို့လည်း သက်သေပြစရာ မရှိပါ ။ ဒီတစ်ချက်လောက် ကြည့်ရုံနဲ့ ပြဿနာအရင်းခံ ဘယ်လောက်ရှိမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ် ။

    ဒါတွေဟာ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ရှာဖွေလေ့လာ သုတေသန လုပ်သင့်တာတွေပါ ။ မှန်နေရင် ရှေ့ရှောက် ဘယ်လိုရှောင်ကြမယ် ၊ သင်္ခန်းစာယူကြမယ် ၊ မှားနေရင်လည်း သံသယတွေ အနည်းနဲ့အများ ရှင်းသွားနိုင်မယ် ၊ စသည်ဖြင့် အကျိုးမျှော်ပြီး လုပ်သင့်တယ်လို့ ပြောတာပါ ။ ဒါပေမယ့် ဒီမိုကရေစီစနစ် တည်ထောင်နေတာကို လွှတ်တော်ထဲတောင် သတင်းထောက်တွေ ပေးမဝင်တဲ့ ခေတ်ကြီးမှာတော့ မနီးစပ်နိုင်သေးပါဘူး ။

    ချွင်းချက်တော့ ရှိခဲ့ပါတယ် ။ အခု အာဏာပိုင်တွေဆီက တိုင်းရင်းသားတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံမှုတွေ ရှိခဲ့ပါတယ် ။ ခက်တာက ပွင့်ပွင့်လင်းလင်း အပေါ်စီးက နေတဲ့ပုံစံတွေမို့ တိုင်းရင်းသားတွေရဲ့ မယုံကြည်မှုတွေကို ထပ်ဆင့်အတည်ပြုပေး နေခဲ့ပါတယ် ။

    ဒီလိုပြောတော့ သက်သေရှိသလားဆိုတော့ ၊ မရှိဘူးလို့ ပြောရပါမယ် ။ ဒါပေမယ့် သက်သေတော့ ပြလို့ရပါတယ် ။ ဥပမာ - လက်ရှိ လက်နက်ကိုင် အဖွဲ့တွေနဲ့ သတ်မှတ်ချက် တစ်ခုပဲထားပြီး ဆွေးနွေးကြည့်လိုက်ပါ ၊ အဲဒီ သတ်မှတ်ချက်ကတော့ media တွေအရှေ့မှာ ဆွေးနွေးဖို့ပါပဲ ။ အဖြေတွေ အားလုံးနီးပါး ထွက်လာမှာပါ ။

    ရေးကောင်းကောင်းနဲ့ ရေးနေတာ ရှည်သွားပါပြီ ။ အမှန်က ရခိုင်ဆိုလို့ ရိုဟင်ဂျာအကြောင်းတွေပါ နည်းနည်းပြောလို့ ရသေးပေမယ့် ဒီလောက်နဲ့ ရပ်ထားပါဦးမယ် ။

    ReplyDelete
  8. ဖတ်မှတ်သွားပါတယ် အကိုရေ... ကျေးဇူးပါ...။

    ReplyDelete
  9. အရင်အပတ် ဗုဒ္ဓဟူးနေ့ကတော့ သတင်းတစ်ခုထူးလာပါတယ် ။
    DKBA ကနေပြီးတော့ ကားလမ်းပိတ်ပြီး အလှူငွေတောင်းတယ် ဆိုတဲ့ကိစ္စပါ ။

    လိုရင်းအနေနဲ့ကတော့ သူတို့တတွေ ခြေလှမ်းချော်သွားတယ်လို့ ယဉ်ယဉ်ကျေးကျေး ပြောရပါလိမ့်မယ် ။
    သတိပြုစရာကတော့ ခြေလှမ်းအချော်များလာရင်တော့ ပေးလာခဲ့တဲ့ အခွင့်အရေးကို အသုံးချပြီး ခက်ခက်ခဲခဲ ယူထားခဲ့ရတဲ့ နိုင်ငံရေးအမြတ်တွေဟာ ဒီလိုကိစ္စတွေကြောင့် ရေစုန်မြောသွား နိုင်တာကိုပါပဲ ။ နိုင်ငံရေး ၊ စီးပွားရေး ၊ စစ်ရေးနဲ့ လူမှုရေး ကဏ္ဍတွေကို မဏ္ဍိုင်တစ်ခုစီ သီးခြားမရပ်တည်ပဲ ၊ တစ်ခုနဲ့တစ်ခု မှီခိုရပ်တည်ဖို့ ကြိုးစားရင် ၊ တစ်တိုင်ယိုင်တာနဲ့ ကျန်တဲ့တိုင်တွေလည်း ရပ်တည်ရခက်တတ်ပါတယ် ။

    နောက်ရက်တွေမှာ အချိန်ရရင် တော်လှန်ရေးဆိုတာနဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် မေးခွန်းထုတ် အကြံပြုတဲ့ ပို့စ်တစ်ပုဒ်ရေးဖို့ စဉ်းစားထားပါတယ် ။ သက်ဆိုင်သူတွေကနေ ကြားနိုင်ကြမယ် ၊ ထည့်စဉ်းစား နားထောင်ကြမယ်လို့ မယုံကြည်ပေမယ့် ပြောရရာရှိတာတွေကိုတော့ တတ်စွမ်းသ၍ ပြောသွားဖို့ ဆုံးဖြတ်ထားပါတယ် ။

    (အမှတ်တရ မှတ်တမ်းမှတ်ချက်လေး ရေးထားလိုက်တာပါ) ။

    ReplyDelete