ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, August 14, 2010

ကူးရေးထားမိတဲ့ စာတစ်ပိုဒ်၊

   လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆရာဖေမြင့်ရဲ့ “စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသော စိတ်၏
စွမ်းအားများ” ဆိုတဲ့စာအုပ်ကလေးထဲက ကူးရေးမှတ်ထားတာကို ပြန်ဝေမျှလိုက်ပါတယ်။ အောင်မြင်မှု
ကို လိုလားမျှော်လင့်နေကြသူတွေ အားလုံးအတွက် အင်အားတစ်ရပ်ပေးနိုင်တယ်ဆိုတာ ယုံကြည်မိလို့
သတိလျော့နေသူတွေကို နှိုးဆွပေးတယ်လို့ယူဆရင်လည်း ရနိုင်ပါတယ်။

       အခွင့်အရေး



* သင့်အိမ်တံခါကို ကျွန်ုပ်လာခေါက်စဉ်
  “သင်နှင့် မကြုံကြိုက်ရသဖြင့် ကျွန်ုပ်မလာတော့ပြီ” ဟု
  ပြောနေသူများသည် ကျွန်ုပ်အား အထင်မြင်လွဲမှားနေကြသူများသာဖြစ်၏။


* နေ့စဉ်နေ့တိုင်း သင့်အိမ်တံခါးမှာ ကျွန်ုပ်ရပ်ကာ
  “နိုးလော့၊ ထ၍တိုက်လော့၊ အောင်ပွဲခံလော့” ဟု နှိုးဆော်မြဲ၊ နှိုးဆော်နေဆဲပင်။


* ဖြတ်ကျော်သွားခဲ့သည့် အဖိုးတန်အခွင့်အရေးများအတွက်
  ညဉ်းညူမြည်တမ်းခြင်း မပြုပါနှင့်။


* ဆုတ်ယုတ်လာသော ရွှေရောင်ကာလများအတွက်လည်း
  ငိုကြွေးခြင်း မပြုပါနှင့်။


* ညစဉ်ညတိုင်း ကျွန်ုပ်သည်
  တစ်နေ့တာမှတ်တမ်းများကို မီးရှို့ဖျက်ဆီးလိုက်စမြဲဖြစ်၍
  နေအာရုံတက်ချိန်ရောက်လျှင်
  ဝိဥာည်တိုင်း အသစ်မွေးဖွားကြသည်ပင်။
(ဝေါလ်တာမလုန်း - ၁၈၆၆-၁၉၁၅)

လူတိုင်းအတွက် ဘဝစာမျက်နှာသစ်တစ်ခုကို စတင်လိုက်ဖို့၊
အောင်မြင်မှုအတွက် တိုက်ပွဲသစ်တစ်ခုကို စတင်လိုက်ဖို့ ဘယ်တော့မှ နောက်မကျပါဘူးလို့
အားပေးထားတဲ့ စာပိုဒ်ကလေးလို့ နားလည်နှလုံးသွင်းမိပါတယ်။

တစ်ဆက်တည်း နောက်ဆက်တွဲစာပိုဒ်ကလေးပါ ထပ်ဆောင်းထည့်ပေးလိုက်ပါရစေ။

ဤစာကိုဖတ်ပြီး သိမ်းထားလိုက်လျှင် (သို့မဟုတ်) စိတ်ကူးတွေက ဆိုးတော့မဆိုးဘူး၊
တစ်နေ့ကျမှ လက်တွေ့အသုံးချကြည့်ဦးမယ် ဟုဆုံးဖြတ်မိလျှင် အချည်းနှီးအကျိုးမဲ့သာ ဖြစ်ပါမည်။
သင်ဘယ်တော့မှ တကယ်လုပ်ဖြစ်တော့မည် မဟုတ်ပါ။

* လောက၌ ပတ်ဝန်းကျင်ကို ရှုမြင်တတ်ရေးသည် အရေးကြီး၏။
* ကြည့်သောအရာကို ကောင်းစွာမြင်ရေးသည် ပို၍အရေးကြီး၏။
* မြင်သောအရာကို သဘောပေါက်ခြင်းက ထိုထက်တစ်ဆင့်မြင့်၏။
* တဖန် ထိုသဘောပေါက်နားလည်ထားသောအရာမှ သင်္ခန်းစာထုတ်ယူတတ်ရေးသည်
  လည်း အရေးကြီးပြန်၏။
  သို့သော် တကယ်အရေးအကြီးဆုံးကား ...
* ရရှိထားသည့် သင်္ခန်းစာအတိုင်း လက်တွေ့ကျင့်သုံးဆောင်ရွက်ရေးပင် ဖြစ်သည်။

သိပ်ကြိုက်မိတဲ့ စာသားစုကလေးကို မနေနိုင်လွန်းလို့၊ အောင်မြင်မှုတွေကို တစ်ယောက်ထဲ လောဘတကြီး
မရယူချင်လို့ အရာထင်အောင်စာတင်လိုက်ပါတယ်။ ဆန္ဒရှိသူများ အောင်မြင်ကြပါစေလို့ .. ဆန္ဒပြုရင်း ....

၁၄၊ ၀၈၊ ၂၀၁၀ 

2 comments:

  1. စာလာဖတ်ဖြစ်ပါတယ်ခင်ဗျာ
    ကျနော်ကြိုက်တဲ့ စာသားလေးလည်းရှိတယ်
    Comment မှာ ရေးထားခဲ့မယ်။

    Luck is what happens when preparation meets opportunity. တဲ့ ...

    ကံကောင်းခြင်းဆိုတာ ကြိုတင်ပြင်ဆင်ထားမှုနဲ့ အခွင့်အလမ်း တို့ ကြုံတဲ့ အခါမှာ ဖြစ်ပေါ်တဲ့ အရာ .......

    ကိုမန်း ကံကောင်းခြင်းတွေ ခဏခဏ ကြုံတွေ့ပါစေဗျာ
    လေးစားလျှက် (HRM)

    ReplyDelete
  2. HRM - လာလည်တာ ဝမ်းသာသလို အပေါ်ကစာသားကိုလည်း ကြိုက်ပါတယ်။
    ရေးထားတဲ့စာစုအတွက် ပြည့်စုံအောင်ဖြည့်ရေးပေးလိုက်သလိုပါပဲ။

    ကိုယ်တိုင်လည်း ပြင်ဆင်မှုနည်းနည်းကလေးရှိခဲ့ရုံနဲ့ အခွင့်အလမ်းကောင်း
    တစ်ခုကို ရခဲ့ဖူးတာကြောင့် သဘောတူလက်ခံပါတယ်။

    ခုချိန်မှာတော့ ဒုတိယအကြိမ် ပြင်ဆင်မှုတွေထပ်လုပ်နေပါတယ်။
    ပိုကောင်းတဲ့အခွင့်အရေးတွေ အချိန်တန်ရင်ရောက်လာရမယ်လို့လည်း
    ယုံကြည်ပါတယ်။

    ဖတ်မိသူတိုင်း ကိုယ့်ကံကိုယ်ကောင်းအောင် လုပ်ဆောင်နိုင်ကြပါစေ။

    ReplyDelete