ခိုလှုံသူများ (Refugees) အကြောင်းစလိုက်ရင် ခိုလှုံခွင့်တောင်းသူများ (Asylum
Seekers) အကြောင်းမပါရင် မပြီးသလို၊ တဆက်ထဲ စပ်ဟပ်နေတဲ့ ခိုလှုံသူများ
ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စီမံခန့်ခွဲမှု၊ လက်တွေ့ဘဝ အခြေအနေများ
ကိုလည်း ချန်ထားရစ်လို့ မရကောင်းပါဘူး။
ဘယ်ခိုလှုံသူမဆို ရောက်ရှိရာနိုင်ငံမှာ အရင်ဆုံးသတ်မှတ်ပေးထားရာ နေရာတွေ
မှာ ခိုလှုံခွင့် အရင်တောင်းခံရပါတယ်။ ဒီအဆင့်မှာ ခိုလှုံခွင့်တောင်းခံသူ (Asylum
Seeker) သာဖြစ်ပြီး နောက်တစ်ဆင့် အသိအမှတ်ပြုခံရမှ ခိုလှုံသူ (Refugee)
ဆိုပြီး ဖြစ်လာကာ UN တို့လို သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ အကာအကွယ်၊ အ
ထောက်အပံ့ကို ရကြပါတယ်။ ဒါက အကျဉ်းချုပ်ပါ။
ခိုလှုံသူတွေကိုကြည့်ပြန်တော့ -
(၁) စစ်ကြောင့် ခိုလှုံလာသူ၊
(၂) နိုင်ငံရေးကြောင့် ခိုလှုံလာသူ၊
(၃) စီးပွားရေးကြောင့် ခိုလှုံလာသူတွေဆိုပြီး (ကွဲပြား) ခွဲခြားထားပါသေးတယ်။
ဒါ့ပြင် ပြဿနာဖြစ်ရာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံကို တိုက်ရိုက်ရှောင်တိမ်း ခိုလှုံ
သူတွေမဟုတ်ပဲ၊ ကြားခံတစ်နိုင်ငံကနေ တစ်ဆင့်ခံ (ရောက်ရှိ) ခိုလှုံခွင့်တောင်းခံ
တာမျိုးတွေကိုတော့ တစ်ဆင့်ခံရွေ့လျားမှု (Secondary Movement) ရယ်လို့
သတ်မှတ်ပြန်ပါတယ်။ ဒီလို တစ်ဆင့်ခံသမားတွေရဲ့ ရာခိုင်နှုန်းအတော်များများ
ဟာ ငွေကြေးအနည်းအကျဉ်းရှိသူတွေ၊ စီးပွားရေးကြောင့် ရောက်လာသူတွေဖြစ်
ကြောင်း နိုင်ငံအတော်များများနဲ့ UN တို့လို အဖွဲ့အစည်းများက ယုံကြည်ယူဆ
သို့မဟုတ် သတ်မှတ်ထားတတ် ကြပါတယ်။
တစ်ခါ သဘောတူညီချက်တွေကိုကြည့်ပြန်တော့ - ခိုလှုံသူများ အခြေအနေဆိုင်
ရာ ကုလသမဂ္ဂ သဘောတူညီချက် (၁၉၅၁) သာမက၊ နိုင်ငံတကာ မြို့ပြနှင့် နိုင်ငံ
ရေးအခွင့်အရေး အကာအကွယ်ပေးရေး သဘောတူညီချက် (၁၉၆၆)၊ ကလေး
အခွင့်အရေး သဘောတူညီချက်(၁၉၈၉) တွေလည်းရှိပါသေးတယ်။ ဒါတွေက စာ
အုပ်ကြီးထဲမှာ တရားဝင် တည်ရှိနေမှုတွေပါ။
လက်တွေ့ဘဝကိုကြည့်လိုက်ရင် စာတွေ့နဲ့ကွာခြားမှုတွေမှာ ဒေသ၊ နိုင်ငံ စတာ
တွေအပြင် လူမျိုး၊ ယဉ်ကျေးမှုနောက်ခံသမိုင်းတို့လို အချက်တွေကပါ သက်ရောက်
မှုရှိနေတာ တွေ့ကြရပါမယ်။ မြန်မာပြည်သားတွေ ခိုလှုံခွင့်တောင်းခံကြတဲ့ နိုင်ငံ
များကိုကြည့်ရင် အိန္ဒိယကလွဲရင် ဒီမိုကရေစီစနစ် အပြည့်အဝကျင့်သုံးတဲ့ နိုင်ငံ
ဆိုလို့ တနိုင်ငံမှ မရှိကြပါဘူး။ ခိုလှုံသူများကို လက်ခံဖို့လည်း နိုင်ငံတကာ သဘော
တူညီချက်တွေကို လက်မှတ်ထိုးတာထိုး၊ မထိုးတာတွေလည်း မထိုးထားကြသလို
နားလည်စာနာပေးရကောင်းမှန်းလည်း မသိကြပါ။ (နားလည်ရင်တောင်မှလည်း
ဂရုမစိုက်လှကြပါ။)
UN ဝန်ထမ်းပိုင်းကိုကြည့်ပြန်ရင် သုံးပိုင်းခွဲလို့ရတာ တွေ့ရပါမယ်။ (၁) UN ဋ္ဌာန
ချုပ်ကနေလွှတ်တဲ့ အရာရှိ၊ (၂) ဋ္ဌာနေခန့် အရာရှိနဲ့ (၃) သက်ဆိုင်ရာခိုလှုံခွင့်
တောင်းသူတွေရဲ့ ဘာသာစကားကို ပြောနိုင်တဲ့ စကားပြန်တို့လိုလူတွေ ပါဝင်ကြ
တာ တွေ့ရပါမယ်။ UN ဋ္ဌာနချုပ်ကနေလွတ်တဲ့ အရာရှိတွေအနေနဲ့ ဒေသအခြေ
အနေကို ဖြန့်ကျက်နားလည်ဖို့နဲ့ အုပ်ချုပ်ရေးပိုင်း ကျွမ်းကျင်ဖို့ လိုအပ်မှာနဲ့ ဒါတွေ
အတွက် သင်တန်းပေးတာမျိုးတွေရှိမှာ အထူးပြောစရာလိုမယ် မထင်ပါ။ ဒါပေ
မယ့် ဋ္ဌာနေခန့်အရာရှိတွေနဲ့ စကားပြန်တွေမှာကျတော့ အများအားဖြင့် ပြဿနာ
ရှိလာပါတယ်။ ဘက်လိုက်မှု၊ သဘောထားမကြီးမှု၊ အမြင်နဲ့ အတွေ့အကြုံ ကျဉ်း
မြောင်းမှုတွေ ရှိလာနိုင်ပါတယ်။
ဒီတော့ (အထူးသဖြင့် မလေးရှားလိုနေရာမျိုးမှာ) လက်ရှိအနေအထားကို လိုရင်း
ချပြရရင် -
(က) UN ဟာ ကိုယ်နိုင်ငံမှာ ဒုက္ခရောက်လို့ ထွက်ပြေးလာသူတွေကို ခိုလှုံနိုင်ဖို့
အကူအညီပေးတဲ့ အဖွဲ့စည်းကြီးတစ်ရပ်ဖြစ်ပေမယ့် အလုပ်သမားတွေရဲ့ ခိုလှုံ
ရာ မဟုတ်ပါ၊
(ခ) UN ထံမှာ နှစ်စဉ်ကောက်ခံရရှိတဲ့ နိုင်ငံအလိုက်ထည့်ဝင်ငွေတွေ ဘယ်သော
အခါကမှ မပြည့်တဲ့အတွက် UNHCR အတွက်လည်း လိုအပ်တဲ့လူအင်အား၊
ငွေအင်အားမလုံလောက်ပါ၊
(ဂ) UN ဟာ နိုင်ငံတကာက သဘောတူချမှတ်ထားတဲ့ အချက်တွေအပေါ်မူတည်
ပြီး ဒေသခံနိုင်ငံ၊ ဝန်ထမ်းတွေအပါအဝင် ခိုလှုံခွင်လာရောက်လျှောက်ထားသူ
မတစ်ထောင်ဘွားတွေနဲ့ တွေ့ဆုံလုပ်ကိုင်ရာမှာ လူသားများနဲ့လုပ်ကိုင်တာ
ဖြစ်လို့ လုပ်ကိုင်နိုင်မှုနဲ့ မှန်ကန်နိုင်မှု အတိုင်းအတာအကန့်အသတ် ရှိပါတယ်၊
(ဃ) မြန်မာပြည်က တိုင်းရင်းသားတွေရဲ့ တွေ့ကြုံနေရတဲ့ဒုက္ခတွေဟာ နိုင်ငံ
တကာက အသိအမှတ်ပြုထားပြီး ဒီအချက်ကို ကျော်လွန်ပြီးလုပ်ကိုင်ဖို့ရာ UN
လိုအဖွဲ့စည်းကြီးတွေမှာ မလွယ်လှပါ၊
(င) သာမန်အချိန်မှာ လက်မခံဘူးလို့ ဘယ်လိုပြောပြော မြန်မာနိုင်ငံက လူသိ
သူသိ နိုင်ငံရေးလှုပ်ရှားသူတွေကို UN ရုံးတွေကနေ လက်ခံပေးပါတယ်။ ၈၈
အရေးအခင်း၊ ဒီပဲယင်း အရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး တွေမှာပါဝင်
ခဲ့သူတွေ (အထူးသဖြင့် ခေါင်းဆောင်တွေ) အားလုံးလိုလို ရောက်ရှိရာနိုင်ငံ
များမှာ UN ကနေ ခိုလှုံသူများအဖြစ် အသိအမှတ်ပြုတာ ခံကြရပါတယ်။
(စ) သေချာတာကတော့ ၈၈ အရေးအခင်းမှာပါခဲ့သူ အများစုကဟာ့ ၁၉၉၂-၉၃
ကတည်းက UN အစီအစဉ်နဲ့ ရာ၊ ထောင်နဲ့ချီပြီး တတိယနိုင်ငံရောက်သွားခဲ့
ကြပြီးသွားပါပြီ။ လမ်းပျောက်သွားသူတွေနဲ့ ခံယူချက်ကြောင့် ထွက်မသွားခဲ့တဲ့
လက်ကျန်အချို့သာရှိပါတော့တယ်။
(ဆ) ခိုလှုံသူအများစုဟာ (ရိုဟင်ဂျာအများစုကလွဲရင်) မြန်မာပြည်ရဲ့ အိမ်နီးချင်း
နိုင်ငံတွေကိုသာ အဓိကရောက်ရှိသွားကြတာ UN သိပါတယ်၊ ဒါတောင်
ပြည်တွင်းပုန်းရှောင်၊ ရွှေ့ပြောင်းနေကြသူ တစ်သိန်းကျော် မပါသေးပါဘူး။
မလေးရှားမှာတော့ -
(၁) မလေးရှားဟာ ဒီမိုကရေစီပြည့်ဝတဲ့နိုင်ငံ မဟုတ်သလို ခိုလှုံသူတွေနဲ့ ပတ်
သက်တဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးမထား (ဂရုလည်းမစိုက်) တဲ့နိုင်ငံ
ဖြစ်ပါတယ်၊
(၂) မြန်မာပြည်မှာ ထောင်ကလွှတ်ပေးလိုက်တဲ့ အမှန်အကန် နိုင်ငံရေးအကျဉ်း
သားနဲ့ ပြည်တွင်းမှာ ပုန်းရှောင်နေသူများဟာ ရာဂဏန်းထက် မပိုပါဘူး၊ ကံ
ကောင်းထောက်မသူအချို့သာ မလေးရှားလို နိုင်ငံမျိုးကို ရောက်ရှိတတ်ကြ
ပါတယ်၊
(၃) “လိမ်စင်” တွေကို UN က မသိလို့မဟုတ်ပါ၊ အမှန်အကန်တွေအတွက် ညှာ
တာကာ ရောယောင်ပြီး အခြားသူတွေကိုပါ ရောကောသောကော လက်ခံ
စောင့်ရှောက်နေတာဖြစ်ပါတယ်၊
(၄) လူမျိုးစုအချို့ရဲ့ လောဘနဲ့ အာဃာတကို ရှေ့တန်းတင်ပြီး လက်ဝါးကြီးအုပ်
သလို လုပ်မိနေခဲ့ကြတာကိုတော့ အတော်အတန်ကြာခဲ့ပြီလို့ ဆိုရပါမယ်။
မှတ်သားစရာကတော့ သက္ကရာဇ် ၂၀၀၀ ရှေ့ပိုင်းမှာ ခိုလှုံသူတွေဆိုလို့
ရိုဟင်ဂျာအချို့ပဲ ရှိခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ -
* တတိယနိုင်ငံရောက်သူများထဲမှာ မလေးရှားကတစ်ဆင့် ရောက်လာသူတွေဟာ
အခြားနိုင်ငံက ရောက်ရှိအခြေချ လာသူတွေနဲ့စာရင် ကိုယ့်ရလာတဲ့အခွင့်အရေး
ကို တန်ဖိုးသိပ်မထားတာ မြင်နိုင်ပါတယ်၊ အချို့လည်း ငွေကြေးပေးပြီးလာရလို့
အသာကုပ်နေတာမျိုး၊ ဒုက္ခတကယ်ရောက် နေကြသူများအတွက် ခံစားချက်သိပ်
မရှိကြတာမျိုးလည်း တွေ့နိုင်ပါတယ်။
* မလေးရှားလိုနိုင်ငံမျိုးမှာ ခိုလှုံသူအဖြစ် အသိမှတ်ပြုခံရဖို့ကျိုးစားကြရာမှာ အဝေ
မမျှလို့ ရန်ဖြစ်နေကြသလို အခြေအနေတွေကြောင့် ရေရှည်မှာ အားလုံးကို ထိ
ခိုက်လာနိုင်တာကို ပြေးကြည့်စရာမလိုပါ၊ တွေးကြည့်သင့်ကြပါတယ်။ ခဏတာ
သာ အကျိုးအမြတ်ရှိနိုင်တဲ့ မာန်တွေ၊ မာနတွေ၊ အာဃာတတွေ လျှော့သင့်ကြ
ပါတယ်။
အားလုံးပဲ ရောင့်ရဲ့နိုင်စရာ ဘဝကိုယ်စီနဲ့ ပျော်ရွှင်နိုင်ကြပါစေ။
စာကြွင်း - (က) အထက်စာမှာ တတ်နိုင်သမျှအချက်အလက်တွေကို အတိုချုံး
စုစည်းတင်ပြထားတာသာဖြစ်ပြီး အသေးစိတ်ဆွေးနွေးထားခြင်းမဟုတ်
တာကိုတော့ သတိချပ်စေလိုပါတယ်။ ဥပမာ - ရိုဟင်ဂျာကိစ္စ၊ နိုင်ငံ
တကာ သဘောတူညီမှုများ စတာတွေဖြစ်ပါတယ်။
(ခ) နောက်တစ်ချက် ထည့်သွင်းဆွေးနွေးထားခြင်း မရှိတာကတော့
ခိုလှုံသူတွေရောက်ရှိနေတဲ့ နိုင်ငံရဲ့ဥပဒေနဲ့ အုပ်ချုပ်သူအဆင့်ဆင့်
ကြောင့် ဖြစ်ပေါ်နေတဲ့ လုပ်ကိုင်နိုင်မှုအကန့်အသတ်တွေ ဖြစ်ပါတယ်။
မန်းကိုကို
၁၆၊ ၀၅၊ ၂၀၁၀
http://mahnkoko.blogspot.com/
- ဟစ်တိုင် - http://hittai.net/?show=rm&fileid=7&t=home6&id=6 - မှာလည်း သွားဖတ်နိုင်
ကြပါတယ်။
မန်းကိုကို အကိုက ဘာဖြစ်လို့ ဆီဗုံးမထည့်ထားတာလဲဟင်း ။ လာတဲ့သူတိုင်း စကားလေး ပြောဖို့ ကျေးဇူးပြုပြီး ဆီဗုံးလေး လုပ်ပေးစေလိုပါတယ် ။ အကိုမန်းကိုကို ပျော်ရွှင်နိုင်ပါစေ............. :)
ReplyDeleteဟလို ကိုမန်းရေ..
ReplyDeleteဖတ်သွားတယ်.. သိတယ် အများကြီးပဲ.. ပြောပြလို့မတက်အောင် စိတ်မချမ်း မသာ ဖြစ်မိပါတယ်..။ အင်း... အခွင့်အရေးကို ကိုယ့်ဘာသာ ဖန်တီးယူရင်း ပြဿနာတွေ ကြီးသထက်ကြီးလာ ကြလိမ့်မယ်..။ သနားစရာေ၇ွမြန်မာများသာ မဟုတ် ကမ္ဘာလုံးဆိုင်ရာ ပြဿနာပါ ကိုမန်းရေ..
မဗေဒါ (၈၈)
ဟုတ်ပါတယ် ကိုမန်း ရေ.. :)
ReplyDeleteအခုလို ဖတ်လိုက်ရတော့ ဗဟုသုတ အတော်လေး ရသွားတယ်။
ReplyDelete