‘ဖထီး’ရေ
၊ စာမလာတာကြာလို့ စိတ်များတောင် ကွက်နေသလား ။
‘ယာ’လည်း
ဘဝသစ်မှာ တစ်ဆစ်ထပ်ချိုးနေရလို့ မရေးဖြစ်တာပါ ။
ခဏခဏရေးပြီးလည်း
ဖထီးနဲ့ ဖထီးရဲ့ အဖွဲ့စည်းကြီးကို တကျီကျီ နားမပူစေချင်ဘူးလေ ။
ခုရေးတာကိုလည်း
နားနဲ့မနာပဲ ၊ ဖဝါးနဲ့ဖြစ်ဖြစ် ကျောကုန်းနဲ့ဖြစ်ဖြစ် ဇက်ပိုးနဲ့ဖြစ်ဖြစ် အဆင်ပြေသလို
နာပေးပါနော ။
ယာလည်း
ရေးချင်ပြောချင် တွေ့ချင်မေးချင် ဆွေးနွေးချင်တဲ့စိတ်တွေက အများသားပါ ။
ဒီလိုနဲ့ပဲ
ကာလရှည်ကြာ ကြိမ်ဖန်များစွာဖြစ်လာတော့ ၊ ပြောရမှာတောင် လည်ပင်းမှာ ငါးရိုးစူးသလိုလို
ဧရာမနှမ်းစေ့ကြီး နင်နေသလိုလိုပါပဲ ။
ခက်သည်က
သည်လို ဖထီးရဲ့ ။
ဖထီးလုပ်ကိုင်နေတဲ့
ကရင့်အဖွဲ့စည်းကြီးရဲ့ လုပ်ပုံကိုင်ခန်းတွေက ၊ ပြောချင် ပြူးချင် စွေစောင်းစောင်းနဲ့
ကြည့်ချင်စရာတွေက အများသားမို့လား ။