ရေးသမျှတွေကို မှန်မှန်ဖတ်မိသူတွေတော့ သတိထားမိမယ် ။
ခေါင်းစဉ်ငယ်လေးတွေ တပ်ရင်းတပ်ရင်းနဲ့ ပို့စ်တစ်ပုဒ်တစ်ပုဒ်ဟာ အပိုင်းဆက် ဝတ္ထုရှည်တွေနဲ့
တူတူလာတယ် ။ အချို့ကျ အာရုံမရတော့လို့ ၊ အချိုမှာလည်း ရှည်လွန်းသွားလို့ ဖတ်တဲ့လူတွေ
ခေါင်းမမူးအောင် ဖြတ်ချလိုက်ရတာတွေ ရှိခဲ့တယ် ။ အခုရေးမှာတွေဟာ အဲသည်အဲသည်သော
ဆတ်တငံ့ငံ့များရဲ့ အဆက်တစ်ခုလို့ သဘောထားပြီး မျက်စိဒုက္ခာစရိယာ ဆက်ကျင့်ကြံကြပါလေ
ကုန် :-)
..........................................................................
လက်ရှိဖြစ်နေတာတချို့ကို ငယ်ငယ်တုန်းက အဖြစ်တစ်ခုနဲ့တွဲပြီး သတိရတယ် ။
ဘားအံမြို့ကမ်းနားဖက်မှာ ဇီးပင်တွေရှိတယ် ။
အချိန်ကျရင် ကလေးတွေက ဇီးသီးမှည့်လေးတွေကို တုတ်နဲ့ပစ်ချပြီး စားကြတာပေါ့ ။
ကိုယ်က ၇-၈ နှစ်လောက်ရှိပြီဆိုတော့ ကလေးဗိုလ်ကလေးအရွယ် ရောက်နေပြီ ။
တုတ်ချောင်းနဲ့ ကောင်းကောင်းပစ်နိုင်တာက ကိုယ်တစ်ယောက်ပဲရှိတယ် ။
ဒီလိုနဲ့ ကိုယ်ကတုတ်နဲ့ပစ်လိုက် နည်းနည်းကြွေလို့ ဝိုင်းလုကောက်စားလိုက်နဲ့ပေါ့ ။
တစ်ကြိမ်မှာ ဆီးသီးတွေ အငမ်းမရ ကောက်စားနေကြတာကို စိတ်မရှည်တော့ဘူး ။
ဒါပေမယ့် ကလေးဗိုလ်ဆိုတော့လည်း ရှောင်နိုင်ကြအောင် ၁-၂-၃ အော်ပေးရတာပေါ့ ။
ဒါပေမယ့် ကလေးဆိုတာက ဘာနားလည်မှာလည်း ၊ ၃ အထိရောက်လည်း မရွေ့ကြသေးဘူး ။
ကိုယ်လုပ်တာကလည်း သင်းတယ် ၊ ၃ အထိအော်ပြီးတာနဲ့ လက်ထဲကတုတ်နဲ့ သစ်ပင်ပေါ်ကို ပစ်
ထည့်လိုက်တယ် ။ တုတ်ကပြန်အကျမှာ အောက်က ကလေးတစ်ယောက်ရဲ့ခေါင်းနဲ့ ကွက်တိပဲ ။
လူကြီးတွေလည်း မရှိတဲ့နေရာမှာ ဘာတတ်နိုင်မှာလည်း ၊ ကလေးလေးမှာ ငိုရုံပေါ့ ။
ကိုယ်လည်း လုပ်ပြီးမှ မှားသွားမှန်း နားလည်မိတယ် ။
အချိန်ခဏလေး စောင့်လိုက်ရင် ပြီးတဲ့ကိစ္စ ၊ လွယ်တာမှ လွယ်လွန်းလို့ ။
ခုတော့ အသက်တွေလည်း ရလာပြီ ။
အဲ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူး ။ ရာထူးဌာနတွေမှာ တာဝန်ရှိသူတွေ အားလုံးလည်း အတူတူပဲ ။
မသိပါဘူး နားမလည်ပါဘူးလို့ ဆင်ခြေပေးရမယ့် အရွယ်တွေလည်း မဟုတ်ကြတော့ဘူး ။
သို့သော် ဖြစ်ပုံတွေက ကိုယ်ငယ်ငယ်တုန်းကထက်တောင် ဆိုးသေးတယ် ။
မြေကိစ္စ ၊ ဆန္ဒပြတဲ့ကိစ္စ ၊ တိုင်းရင်းသားတွေနဲ့ကိစ္စတွေ လက်ညှိုးထိုးပြလို့ မကုန်ဘူး ။
၁-၂-၃ အော်ပြီးရင် မီးခိုးဗုံးနဲ့ပစ်တာ ယူမလား ၊ လူတစ်ယောက်ကို ၁၀ ယောက်နဲ့ ဝိုင်းဖမ်းတာ ယူမ
လား ၊ လေယာဉ်နဲ့ပါ ဗုံးကြဲတာယူမလား ၊ ပြောရတာတောင် စိတ်လေတယ် ။
အင်္ဂလိပ်လိုပြောတော့ conflict resolution တွေဘာတွေနဲ့ စကားလုံးကြီးတွေ သုံးကြတယ် ။
အမှန်က ဘာမှမဟုတ်ဘူး ၊ နှစ်ဖက် အဆင်ပြေနိုင်မယ့် လမ်းကြောင်းလေးရှာ ၊ ကြေအေးလိုက်ကြရုံပဲ ။
ဒါကို မခက်ခက်အောင် လုပ်နေကြတယ် ။
တစ်ခါခါ ဖြစ်နိုင်ရင် ဖနောင့်နဲ့ ပြေးပေါက်လိုက်ချင်တယ် ။
လူတိုင်း (သို့မဟုတ် နှစ်ဖက်လုံး)ဟာ ပြဿနာရဲ့ အစိတ်ပိုင်းတစ်ခု ဖြစ်နေနိုင်တယ် ။
ဒါ လူတိုင်းလိုလို ပြောနေတဲ့ စကား ။
တကယ့်ပြဿနာက -
ဒီနေရာမှာ အထူးပြုပြောစရာ တစ်ခုရှိတယ် ။
အင်အား (သို့) ထုထည်ကြီးသူဟာ ပြဿနာထဲမှာ ပိုကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်တယ်
ဆိုတာပဲ ။
ဒါ မြန်မာပြည်မှာ အဓိက ဖြစ်နေတဲ့ ပကတိ အနေထားပဲ ။
အုပ်ချုပ်ရေးမှူး ၊ စည်ပင်အရာရှိ ၊ ဘာညာဌာနက ဘာညာအရာရှိ ဆိုတာမျိုးတွေကစလို့ နောက်ဆုံး
စစ်တပ်ကိုပဲကြည့်ကြည့် - ကျုပ်တို့က အကြိမ်ကြိမ် သတိပေးထားပြီးသား ၊ ဒါ ဥပဒေကြောင်းအရလုပ်
တာ ၊ သနားလို့ လျော်ကြေးပေးထားပြီးသား ၊ ဒါ နိုင်ငံတော်အတွက် ဆိုတာမျိုးတွေက မကြားချင်မှအ
ဆုံး ။
ဥပဒေကိုက ဘယ်ကမြစ်ဖျားခံသလဲ ၊ ဘယ်သူတွေက ပြဋ္ဌာန်းထားသလဲ ၊ တရားရဲ့လား ၊ နေရာနဲ့လူ
မရွေး အတူတူ သက်ရောက်မှု ရှိသလား ၊ တစ်ဖက်သားရဲ့ အကြောင်းပြချက်နဲ့ ငဲ့ညှာစရာတွေကကော
ဘာတွေရှိသလဲ ၊ အခြား ရွေးချယ်စရာလမ်းနဲ့ ဖြေရှင်းစရာနည်းတွေ မရှိတော့ဘူးလား - မေးခွန်းတွေက
အများကြီး ရှိနေပါတယ် ။ နောက်ဆုံး နိုင်ငံတော်ဆိုတာတောင် - နိုင်ငံတော်က ခင်ဗျားလား ၊ ကျုပ်တို့
ကဘာလဲလို့ မေးလို့ရတယ် ။
အချို့သော အဖြေတွေဟာ လက်တစ်ကမ်းမှာပဲ ရှိနေတယ် ။
အချို့ နည်းလမ်းတွေကတော့ အတွေ့ကြုံရှိသူတွေဆီက ကူးပွား လက်ဆင့်ကမ်းလို့ ရနိုင်တယ် ။
ပညာ ဗဟုသုတတွေကလည်း ဒါတွေကို လမ်းဖွင့်ပေးနိုင်တယ် ။
စိတ်ကို ဖွင့်ထားနိုင်ကြဖို့လိုသလို ၊ အကူညီပေးနိုင်သူတွေလည်း လိုကောင်းလိုမယ် ။
ဘယ်သူတွေ အဆင်သင့် ရှိနေကြပြီလဲ ။
အဆင်သင့် မရှိသေးသူတွေ ၊ လက်ထဲထည့်ပေးတာတောင်မှ လက်မခံနိုင်သူတွေ များနေသမျှတော့ -
'နေလေဦးတော့ မစပယ်ရယ်' ပေါ့နော ။
ဘယ်ငရဲသားမှ ငရဲက ပူလှချည်ရဲ့လို့ မညည်းကြဘူးလေ ။
၁၅ ၊ ၀၆ ၊ ၂၀၁၃
ဘားအံမြို့ကမ်းနားဖက်မှာ ဇီးပင်တွေရှိတယ် ။
အချိန်ကျရင် ကလေးတွေက ဇီးသီးမှည့်လေးတွေကို တုတ်နဲ့ပစ်ချပြီး စားကြတာပေါ့ ။
ကိုယ်က ၇-၈ နှစ်လောက်ရှိပြီဆိုတော့ ကလေးဗိုလ်ကလေးအရွယ် ရောက်နေပြီ ။
တုတ်ချောင်းနဲ့ ကောင်းကောင်းပစ်နိုင်တာက ကိုယ်တစ်ယောက်ပဲရှိတယ် ။
ဒီလိုနဲ့ ကိုယ်ကတုတ်နဲ့ပစ်လိုက် နည်းနည်းကြွေလို့ ဝိုင်းလုကောက်စားလိုက်နဲ့ပေါ့ ။
တစ်ကြိမ်မှာ ဆီးသီးတွေ အငမ်းမရ ကောက်စားနေကြတာကို စိတ်မရှည်တော့ဘူး ။
ဒါပေမယ့် ကလေးဗိုလ်ဆိုတော့လည်း ရှောင်နိုင်ကြအောင် ၁-၂-၃ အော်ပေးရတာပေါ့ ။
ဒါပေမယ့် ကလေးဆိုတာက ဘာနားလည်မှာလည်း ၊ ၃ အထိရောက်လည်း မရွေ့ကြသေးဘူး ။
ကိုယ်လုပ်တာကလည်း သင်းတယ် ၊ ၃ အထိအော်ပြီးတာနဲ့ လက်ထဲကတုတ်နဲ့ သစ်ပင်ပေါ်ကို ပစ်
ထည့်လိုက်တယ် ။ တုတ်ကပြန်အကျမှာ အောက်က ကလေးတစ်ယောက်ရဲ့ခေါင်းနဲ့ ကွက်တိပဲ ။
လူကြီးတွေလည်း မရှိတဲ့နေရာမှာ ဘာတတ်နိုင်မှာလည်း ၊ ကလေးလေးမှာ ငိုရုံပေါ့ ။
ကိုယ်လည်း လုပ်ပြီးမှ မှားသွားမှန်း နားလည်မိတယ် ။
အချိန်ခဏလေး စောင့်လိုက်ရင် ပြီးတဲ့ကိစ္စ ၊ လွယ်တာမှ လွယ်လွန်းလို့ ။
ခုတော့ အသက်တွေလည်း ရလာပြီ ။
အဲ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူး ။ ရာထူးဌာနတွေမှာ တာဝန်ရှိသူတွေ အားလုံးလည်း အတူတူပဲ ။
မသိပါဘူး နားမလည်ပါဘူးလို့ ဆင်ခြေပေးရမယ့် အရွယ်တွေလည်း မဟုတ်ကြတော့ဘူး ။
သို့သော် ဖြစ်ပုံတွေက ကိုယ်ငယ်ငယ်တုန်းကထက်တောင် ဆိုးသေးတယ် ။
မြေကိစ္စ ၊ ဆန္ဒပြတဲ့ကိစ္စ ၊ တိုင်းရင်းသားတွေနဲ့ကိစ္စတွေ လက်ညှိုးထိုးပြလို့ မကုန်ဘူး ။
၁-၂-၃ အော်ပြီးရင် မီးခိုးဗုံးနဲ့ပစ်တာ ယူမလား ၊ လူတစ်ယောက်ကို ၁၀ ယောက်နဲ့ ဝိုင်းဖမ်းတာ ယူမ
လား ၊ လေယာဉ်နဲ့ပါ ဗုံးကြဲတာယူမလား ၊ ပြောရတာတောင် စိတ်လေတယ် ။
အင်္ဂလိပ်လိုပြောတော့ conflict resolution တွေဘာတွေနဲ့ စကားလုံးကြီးတွေ သုံးကြတယ် ။
အမှန်က ဘာမှမဟုတ်ဘူး ၊ နှစ်ဖက် အဆင်ပြေနိုင်မယ့် လမ်းကြောင်းလေးရှာ ၊ ကြေအေးလိုက်ကြရုံပဲ ။
ဒါကို မခက်ခက်အောင် လုပ်နေကြတယ် ။
တစ်ခါခါ ဖြစ်နိုင်ရင် ဖနောင့်နဲ့ ပြေးပေါက်လိုက်ချင်တယ် ။
လူတိုင်း (သို့မဟုတ် နှစ်ဖက်လုံး)ဟာ ပြဿနာရဲ့ အစိတ်ပိုင်းတစ်ခု ဖြစ်နေနိုင်တယ် ။
ဒါ လူတိုင်းလိုလို ပြောနေတဲ့ စကား ။
တကယ့်ပြဿနာက -
တစ်ဖက်လူသာလျှင် ပြဿနာရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြင်တတ်ကြတဲ့ကိစ္စပဲ ။
ဒီနေရာမှာ အထူးပြုပြောစရာ တစ်ခုရှိတယ် ။
အင်အား (သို့) ထုထည်ကြီးသူဟာ ပြဿနာထဲမှာ ပိုကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်တယ်
ဆိုတာပဲ ။
ဒါ မြန်မာပြည်မှာ အဓိက ဖြစ်နေတဲ့ ပကတိ အနေထားပဲ ။
အုပ်ချုပ်ရေးမှူး ၊ စည်ပင်အရာရှိ ၊ ဘာညာဌာနက ဘာညာအရာရှိ ဆိုတာမျိုးတွေကစလို့ နောက်ဆုံး
စစ်တပ်ကိုပဲကြည့်ကြည့် - ကျုပ်တို့က အကြိမ်ကြိမ် သတိပေးထားပြီးသား ၊ ဒါ ဥပဒေကြောင်းအရလုပ်
တာ ၊ သနားလို့ လျော်ကြေးပေးထားပြီးသား ၊ ဒါ နိုင်ငံတော်အတွက် ဆိုတာမျိုးတွေက မကြားချင်မှအ
ဆုံး ။
ဥပဒေကိုက ဘယ်ကမြစ်ဖျားခံသလဲ ၊ ဘယ်သူတွေက ပြဋ္ဌာန်းထားသလဲ ၊ တရားရဲ့လား ၊ နေရာနဲ့လူ
မရွေး အတူတူ သက်ရောက်မှု ရှိသလား ၊ တစ်ဖက်သားရဲ့ အကြောင်းပြချက်နဲ့ ငဲ့ညှာစရာတွေကကော
ဘာတွေရှိသလဲ ၊ အခြား ရွေးချယ်စရာလမ်းနဲ့ ဖြေရှင်းစရာနည်းတွေ မရှိတော့ဘူးလား - မေးခွန်းတွေက
အများကြီး ရှိနေပါတယ် ။ နောက်ဆုံး နိုင်ငံတော်ဆိုတာတောင် - နိုင်ငံတော်က ခင်ဗျားလား ၊ ကျုပ်တို့
ကဘာလဲလို့ မေးလို့ရတယ် ။
အချို့သော အဖြေတွေဟာ လက်တစ်ကမ်းမှာပဲ ရှိနေတယ် ။
အချို့ နည်းလမ်းတွေကတော့ အတွေ့ကြုံရှိသူတွေဆီက ကူးပွား လက်ဆင့်ကမ်းလို့ ရနိုင်တယ် ။
ပညာ ဗဟုသုတတွေကလည်း ဒါတွေကို လမ်းဖွင့်ပေးနိုင်တယ် ။
စိတ်ကို ဖွင့်ထားနိုင်ကြဖို့လိုသလို ၊ အကူညီပေးနိုင်သူတွေလည်း လိုကောင်းလိုမယ် ။
ဘယ်သူတွေ အဆင်သင့် ရှိနေကြပြီလဲ ။
အဆင်သင့် မရှိသေးသူတွေ ၊ လက်ထဲထည့်ပေးတာတောင်မှ လက်မခံနိုင်သူတွေ များနေသမျှတော့ -
'နေလေဦးတော့ မစပယ်ရယ်' ပေါ့နော ။
ဘယ်ငရဲသားမှ ငရဲက ပူလှချည်ရဲ့လို့ မညည်းကြဘူးလေ ။
၁၅ ၊ ၀၆ ၊ ၂၀၁၃
===========================================
* (ကြားဖြတ်သတင်း)
ဒီကနေ့ပဲထွက်လာတဲ့ ထိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးပုံပါ ။
သေဟဲ့ နန္ဒိယလို့ကလွဲရင် ဘာပြောနိုင်ဦးမှာလဲ ။
လောလောလတ်လတ် ဒီမဂ္ဂဇင်းက ဖေါ်ပြထားတာ မြန်မာပြည်က ၃ ယောက် အထင်အရှားရှိတယ် ။
The good, the bad and the ugly တော့ မဖြစ်စေချင် ။
နူရာလဲ ဝဲရာသူခိုးမထောင်းစေချင်ပါ ။ ဘာမှတ်ချက်မှ အထွေထူး မပေးလိုပါ ။ (၂၁ ၊ ၀၆ ၊ ၂၀၁၃)
လောလောလတ်လတ် ဒီမဂ္ဂဇင်းက ဖေါ်ပြထားတာ မြန်မာပြည်က ၃ ယောက် အထင်အရှားရှိတယ် ။
The good, the bad and the ugly တော့ မဖြစ်စေချင် ။
နူရာလဲ ဝဲရာသူခိုးမထောင်းစေချင်ပါ ။ ဘာမှတ်ချက်မှ အထွေထူး မပေးလိုပါ ။ (၂၁ ၊ ၀၆ ၊ ၂၀၁၃)
(၂) မျိုးစောင့်ဥပဒေလား
သင်းခွဲအားထုတ်မှုလား
ပွဲတဆူဆူဖြစ်နေတဲ့ မျိုးစောင့်ဥပဒေအမည်ရ
အဆိုပြုမူကြမ်းအကြောင်းကို ကျနော် ဘယ်လိုမြင်မလဲ
သိချင်သူတွေလည်း ရှိကောင်းရှိမယ် ။
မမေးလည်း ပြောမှာပါပဲ ၊ သို့သော် စာဖတ်သူကြီး ကြားချင်တဲ့ပုံ
စံမျိုးတော့ ဟုတ်ချင်မှ
ဟုတ်မှာပေါ့ဗျာ ။
ပထမ တိုင်းရင်းသားနဲ့ လူနည်းစုတွေကိုပါ
ယှဉ်တွဲပြီး အချိုးအစားအလိုက် ကြည့်ကြရအောင်ဗျာ ။
ဗမာ% : တိုင်းရင်းသား% = ၆၅% : ၃၅%
(သို့သော် ၅၅% : ၄၅% လို့ အဆိုပြုချက်တွေ
ရှိတာကိုလည်း သတိပြုစေချင်ပါတယ်) ။
ဗုဒ္ဓဘာသာ% : အခြားဘာသာများ% = ၈၉% : ၁၁%
(ဒီနေရာမှာလည်း အချို့နိုင်ငံတွေကနေ
မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်မဟုတ်သူ ၂၀% အထိ ရှိနိုင်တယ်လို့ ချိန်ချိန်ဆဆ ပြောသွားခဲ့တာကိုလည်း
မမေ့သင့်ပါ) ။
နောက်ဆုံးတစ်ဆင့် မြန်မာပြည်က အမျိုးသားနဲ့
အမျိုးသမီးအချိုးကို ကြည့်ရအောင် ။
အမျိုးသား% : အမျိုးသမီး% = ၄၉.၅% : ၅၀.၅% (စီအိုင်အေ အစီရင်ခံစာရဲ့ အဆိုပါ)
ဒါကိုမှီပြီးပြောရရင် - တိုင်းရင်းသားနဲ့
ဘာသာခြားတွေဖယ်ပြီး ကျန်ရစ်တဲ့ ဗမာစစ်စစ်လို့ ခံယူသူ
တွေကြားမှာ ၊ အရေတွက် ထက်ဝက်ကျော်တဲ့
အမျိုးသမီးထုကို မျိုးစောင့်ဥပဒေ ဆိုတာကြီးနဲ့ ထက်
ခြမ်းခွဲထုတ်လိုက်သလို ဖြစ်သွားမယ်ဆိုရင်
၊ ဘယ်လိုလမ်းနဲ့ ဘယ်လိုစခန်း ဆက်သွားကြမလဲလို့
မေးခွန်းထုတ် ထောက်ပြချင်ပါတယ် ။
တစ်ခါ တိုင်းရင်းသားတွေထဲမယ် ဗုဒ္ဓဘာသာတွေ
ရှိပါသေးတယ်လို့ ဆင်ခြေပေးနိုင်ပါတယ် ။ မမှား
ပါ ၊ သို့သော် အရင်ကတည်းက ရင်ဝအကန်ခံထားရတဲ့
တိုင်းရင်းသားတွေအနေနဲ့ အားတက်သရော
လက်တွဲလာကြမှာလား ။ ကျနော်ကတော့ သိပ်မထင်ပါ ။ ရှေ့ဆက်တိုးလို့
နောက်ဆက်တွဲ မေးခွန်း
တွေဝင်လာရင် ၊ တော်ရုံလူလည်း ဖြေတောင်ဖြေချင်ကြမယ် မထင်ပါ ။
နောက်ပြီး အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ချင်တဲ့
အမျိုးသမီးတွေလည်း ရှိပါသေးတယ်
လို့ ထပ်ကွန့်လို့ရပါသေးတယ် ။ ဒါကလည်း ယောက်ျားသားတွေထဲတင်
သဘောမမျှသူတွေနဲ့ ဘဲစား
ဘဲခြေ လုပ်လို့ရနိုင်တဲ့ အနေထားမှာ ရှိနေတာကြောင့် ထိရောက်တဲ့
ထင်မြင်ချက်လို့ လက်ခံဖို့ ခက်ပါ
တယ် ။
ခြုံငုံပြီး နမူနာနဲ့ပြောရရင် - ဂေါ်ဖီထုပ်တစ်ထုပ်မှာ
အပေါ်က ညစ်ပတ်နေလို့ ၊ အချို့အဖတ်တွေက
ပုပ်နေလို့ ၊ အချို့အလွှာတွေက နွမ်းနေ မလှမပဖြစ်နေလို့ဆိုပြီး
တစ်ထပ်ပြီးတစ်ထပ် နွှာထုတ်လွှင့်ပစ်
ရင်း နောက်ဆုံးမတော့ အလယ်က နုနုထွတ်ထွတ်နဲ့ ပေါ့ရွှတ်ရွှတ်အရသာပဲရှိတဲ့
အဖူးအငုံလေးတစ်စု
သာ ကျန်ရစ်သလိုအဖြစ်မျိုးနဲ့ သွားပြီးဆင်တူနေပါလိမ့်မယ် ။
ဒီနေရာမှာ ဘာဖြစ်နေဖြစ်နေ ဒါမှဒါပဲလို့
ဆိုချင်သူတွေလည်း ရှိမယ် ။
အဲဒါကလည်း သရက်သီးကို နမူနာလုပ်ကြည့်မယ်ဗျာ
။ အခြားဟာတွေ မစဉ်းစားပဲ မျိုးဆက်ပြန့်
ပွားဖို့တစ်ခုထဲ စဉ်းစားရအောင် ။ ဒီတော့ ဘယ်က
အပင်ပေါက်လဲ ။ အစေ့ကပေါ့ ။ ဒါဆို အသုံးမဝင်
အရေးမပါတဲ့ သရက်ခွံ ၊ အသားနဲ့ အစေ့ခွံတွေကို
နဂို စသီးကတည်းက ဖယ်ထားလိုက်ပါ့လား ၊ မပါ
စေနဲ့ပါလားလို့ ဆန္ဒရှိတာနဲ့ သွားတူနေတယ်လို့
မြင်တယ် ။ အဲဒါတွေမရှိရင် နဂိုကတည်းကလည်း အ
စေ့ဆိုတာလည်း ရှိကိုရှိမလာနိုင်တာ မြင်ကြည့်ဖို့လိုပါတယ်
။ လိုရင်းပြောချင်တာက ဘာမှမရောတဲ့
သီးသန့်စစ်စစ်ကလေး ဖြစ်ချင်တာဟာ လက်တွေ့မကျဘူး ၊
အနှောင်အဖွဲ့ကင်းတဲ့ လူမှုအဖွဲ့စည်းမျိုး
မရှိသလို ၊ အတင်းအကြပ် ကင်းကွာအောင်လုပ်တဲ့
လုပ်ရပ်မှန်သမျှဟာလည်း အပေါက်ကြီးကိုပိတ်
ရင်း ဘေးအပေါက်သေးသေးတွေက နေရာအနှံ့ ယိုစိမ့်ထွက်အောင်လုပ်မိတဲ့
ကြိုးပမ်းချက်တွေသာ
ဖြစ်သွားတတ်တယ် လို့ပါ ။
ကျနော့်အမြင် မှားနေတယ်ထင်ရင်လည်း ကိစ္စတော့မရှိပါ
။ ကမ္ဘာပေါ်မယ် အဲသည်လိုတွေ ကြိုး
ပမ်းသွားရင်း ဘယ်တုန်းကမှ ဖြစ်မလာပဲ ၊ ကြိုးပမ်းလူတွေသာ
မြေကြီးထဲ ဝင်ဝင်သွားခဲ့ကြတာ ငြင်း
လို့မရပါ ။ တစ်ခုပဲရှိတာက သူတို့ကြောင့် မူလထက် ပိုဆိုးရွားသွားတဲ့
အခြေအနေတွေကို ဖန်တီးသွား
နိုင်တာမျိုးတော့ ရှိတာပေါ့ ။
အဲဒါနဲ့ ပတ်သက်ပြီး ပြောချင်တာက - မည်သူမဆို
ကိုယ်မှန်တယ်ထင်ရာ လုပ်ခွင့်ရှိကြပါတယ် ။
သို့သော် လမ်းဆိုးဖက် ဦးတည်နေတာဆိုရင်တော့
၊ လမ်းခုလတ်မှာ ကန့်လန်ခံနေသူတွေထဲ ကျ
နော်လည်း တစ်ယောက်အပါအဝင် ဖြစ်နေနိုင်တာပေါ့ဗျာ
။ တတ်နိုင်ဘူးလေ ၊ ဇွတ်မှဇွတ်ဆိုသူတွေ
ရှိနေမှတော့လည်း ကိုယ်လည်း တစ်နိုင်တစ်ပိုင်ပေါ့နော
။
(မှတ်ချက်တစ်ခု ပြုလိုတာက - ကျနော်ရေးသမျှတွေထဲ အမျိုးသမီးအခွင့်အရေး ၊ လူ့အခွင့်အရေး
တွေ တစ်ခုမှ ထည့်မထားပါဘူး ။ ထောက်ခံတယ် ကန့်ကွက်တယ်ဆိုတာထက် ၊ သူသူကိုယ်ကိုယ်
နားလည်လွယ်တဲ့ အခြေခံကျတဲ့ အမြင်တွေအပေါ်မှာ ပိုအားသန်လို့ပါ) ။
=================================
(၃) ခုတ်တလွဲ ရှတခြား - ဦးသိန်းစိန်ရဲ့ စိန်အောင်မင်းဇတ်ပွဲ
ကဲ ဒီတစ်ခါတော့ စာဖတ်သူလည်း ကျနော့်နဲ့ သဘောထားကွဲဖို့ ပြင်ထားဗျာ ။
ကျနော် သူများပြောတာနောက် လိုက်မယောင်သလို
၊ စာဖတ်သူအကြိုက်လည်း လိုက်ပြောဖို့ ပြင်
မထားပါ ။ သဘောတူချင်လည်းတူ မတူချင်လည်း မတတ်နိုင်
၊ ကိုယ်က ဒီလိုပဲမြင်ပြီး မှန်ဖို့နီးစပ်တယ်
လို့လည်း ယူဆနေတယ် ။
ခုပြောမှာတွေထဲ - ယေဘုယျ အခြေပြု ပန္နက်တည်ထားတာက
လက်ရှိအစိုးရ ။
အဓိက ဇတ်ဆရာက ဦးသိန်းစိန် ။
အဓိက ရှေ့ထွက်မင်းသားက ၊ သမ္မတရဲ့ သူ့ရုံးကို
ဆွဲစိပြီးသုံးထားတဲ့ ဦးအောင်မင်း ။
ကတဲ့ဇာတ်က ပြုပြင်ပြောင်းလဲရေး ။
(ဒီနေရာမှာ အမာအဖွဲ့ ၊ နောက်ကွယ်လက်မည်းကြီး
၊ အခြားဝန်မင်းတွေနဲ့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်း
လဲရေး ဇာတ်လမ်းကြီးဟာ လန်ကြုတ်ကြီးပါလို့
အဆိုပြုထားတာတွေကို ထည့်တွက်မထားဘူးနော်) ။
ကျနော် ပြောပြချင်တဲ့အမြင်က - အစိုးရအဖွဲ့ထဲက
ဦးသိန်းစိန်နဲ့ သူ့ရဲ့ အနီးကပ်လူတစ်စုတို့ရဲ့ ပြည်
သူလူထုဆီကို ဘာသတင်းစကားမျိုးတွေ
ပို့ချင် (သို့မဟုတ်) ပုံဖေါ်ဖို့ ကြိုးစားနေသလဲ ဆိုတာတစ်ခုထဲ
ကို ကွက်ကွက်လေး သုံးသပ်ခန့်မှန်းကြည့်တာပါ
။
ပထမတစ်ခု ။
လူပြောအင်မတန်များတဲ့ ဦးအောင်မင်းရဲ့
လက်ပံတောင်းတောင် သပိတ်စခန်းမှာ ပြောသွားတဲ့ စ
ကားတွေ ။ မှတ်မိသမျှ မမှားဘူးဆိုရင်တော့ - “တပည့်တော်တို့က
တရုတ်လည်းကြောက်ရပါတယ်
ဘုရား” တဲ့ ။
ကျနော် ၊ လူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုပြီး
ကြိုးစားမြင်ကြည့်တယ် ။
(၁) တရုတ်ကို တကယ်မကြောက်ရဘူးလား ။
အမှန်က တကယ်ကိုကြောက်ရတယ် ၊ ဒီတော့ လုပ်ချင်သလို
အရမ်းလုပ်လို့ မရဘူး ။
ဒါ အမှန်တရား ၊ အရှိသဘော ။ ဒါကိုသူက ပွင့်ပွင့်လင်းလင်း
ပြောသွားတယ် ။
(၂) ကာလံ ဒေသံ ။
ဦးအောင်မင်း စကားပြောနေခဲ့တာ ဘယ်သူတွေနဲ့လဲ
။
သံတမန်တွေနဲ့လား ၊ အောက်ခြေလူတန်းစားအလွှာနဲ့လား
။
“ခုဖြစ်နေတဲ့ အရေးအရာနဲ့ အခင်းအကျင်းမှာ ၊ သားတပည့်တော်တို့
နိုင်ငံတော်အစိုးရရဲ့ လူးလွန့်
လို့ရတဲ့ အတိုင်းအထွာနဲ့ သက်ရောက်မှု အကျိုးတာတွေကို ချင့်တွက်ရာမှာ
၊ စိနပြည်ကြီးရဲ့ သဘော
လိုအင်တွေကို လျစ်လျူရှုဖို့ရာ အကန့်အနှောင်များက အခွင့်အလန်းမျက်နှာသာ
မပေးလှဘူးဆိုတာကို
အရှင်ဘုရားတို့ထံ လျှောက်ထားချင်ပါတယ် ဘုရား” လို့ သံခင်းတမန်ခင်းလိုပြောမလား
၊ သို့တည်းမ
ဟုတ် အပေါ်ကလိုပဲ လိုရင်းကို ပြောမလား ။
အဖြေတွေက ရှင်းပါတယ်လို့တော့ ထင်တာပါပဲ
။
ဦးအောင်မင်းအနေနဲ့ လူတွေကို သိစေချင်တာ
ပြောပြချင်တာတွေ ရှိနေတယ် ။
ချွတ်ယွင်းမှု တစ်ခုကတော့ - ဦးအောင်မင်းအနေနဲ့
ဒီထက်ကောင်းတဲ့ ကြိုတင်ပြင်ဆင် စီစဉ်မှုတွေ
လုပ်ခဲ့ပုံ မရတာပဲ ။ ကိုင်တွယ်မှုနဲ့ ဆက်သွယ်ပြောဆိုမှု
အနုပညာကို ကောင်းကောင်းအသုံးမချနိုင်ပဲ ၊
သတင်းစာနယ်ဇင်းတွေရှေ့မှာ စကားလုံး တုံးတိကြီးနဲ့
လုပ်လိုက်မိတော့ ဂွိသွားတာပေါ့ ။ ဒါ့ပြင် တရုတ်
ကျေးဇူးဆိုတဲ့ စကားမျိုးကို ထပ်ဆင့်မှားလိုက်တာက
အပိုဆုပေါ့ ။
သို့သော် ဘယ်လိုဂွိဂွိ အခြေနေမှန် အရှိတရားကို
မျက်ကွယ်ပြုဖို့ မသင့်ဘူး ။ ဒါက တစ်ခု ။
နောက်ထပ် ဦးအောင်မင်းရဲ့ လူသိရှင်ကြား
ပြောခဲ့ သတင်းပါးခဲ့တာလေးအချို့ကို ထပ်ကြည့်ရအောင် ။
(က) အပစ်ခတ်ရပ်စဲရေးတွေအတွက် အစိုးရမှာ ဘာအသုံးစရိတ်မှ
မရှိဘူး ။ (လွှတ်တော်က ချမပေးဘူး) ။
(ခ) ‘ကျနော်တို့တတွေ ဘာမှမသိ မတတ်သေးဘူးဆိုတာ တွေ့လိုက်ရတယ်’လို့
ပြောသွားချက် ။
(ဂ) ခိုလှုံသူ (ဒုက္ခသည်) တွေ ရှိကြောင်းကအစ များစွာသော
ပွင့်လင်းဝန်ခံစကားတွေ ။
ဒါတွေကိုခြုံငုံပြီးကြည့်ရင် ဦးသိန်းစိန်နဲ့သူ့အစုဟာ
လူထုကို ဘာပြောချင်နေတာလဲ။
ကျနော့်အယူအဆအရတော့ - “ကျနော်တို့ အစိုးရသစ်ဟာ
ဘာမှမသိ မတတ်ပါဘူး ။ လုပ်ရကိုင်ရ
တဲ့ နေရာတွေမှာလည်း အကန့်အသတ်တွေ ရှိနေပါတယ် ။ လုပ်ချင်ကိုင်ချင်တာတွေအတွက်လည်း
ငွေကြေးချို့တဲ့နေပါတယ် ။ သို့သော် ကျနော်တို့ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း
ပြောပြ
နေပါတယ် ။ လုပ်လို့ရသမျှ ဘောင်အတွင်းကလည်း လုပ်နေပါတယ် ။ ပြည်သူတွေအနေနဲ့ ကျနော်တို့
အခက်အခဲကို
နားလည်ပေးပါ ။ ကျနော်တို့ရဲ့ ရထားတဲ့အခွင့်အရေးတွေကို အကောင်ထည်ဖေါ်နိုင်ဖို့
ဝန်းရံပေးကြပါ”
လို့ ပြောချင်နေတာ ဖြစ်နိုင်ပါတယ် ။ ဒါကို ပြည်သူတွေသိအောင် အခြေနေအပေါ်မူ
တည်ပြီး သွယ်ဝိုက်ဖေါ်ပြ
သတင်းပို့ပေးနေတာလို့ ယူဆလို့ရနိုင်ပါတယ် ။
သို့သော် လူများစုက တရုတ်ကို မုန်းတဲ့စိတ်
၊ စစ်တပ်က လာသူဆိုရင် မယုံသင်္ကာ လက်မခံချင်တဲ့
စိတ် ၊ အခြားအခြားသော စိတ်အစွဲတွေကို လက်မလွှတ်ချင်တာတွေအပေါ်
အခြေခံပြီး ၊ မျက်နှာသာ
မပေးတဲ့ အမြင်တွေနဲ့ ကြည့်မြင်ဝေဖန် တွန်းထုတ်လွှတ်နေကြတာ များနေတယ်လို့
ထောက်ပြချင်ပါ
တယ် ။
ကျနော့်အမြင် အယူအဆသာ မှန်နေမယ်ဆိုရင်
၊ ဒီအချိန်မှာ ဦးသိန်းစိန် ဦးအောင်မင်းတို့တစ်သိုက် ၊
ဘာဖြစ်နေကြမယ် ထင်ပါသလဲ ။
သူတို့တွေ ကုလားထိုင်ကိုယ်စီမှာ ခြေပစ်လက်ပစ်ထိုင်နေကြရင်း
၊ “အင်း .. သေလိုက်ပါတော့ ၊ ငါ
တို့တတွေ ဒီမိုးဒီလေ ဒီလူတွေနဲ့ ခက်နေပါပြီ ၊ ဒီငပိန်းတွေဆီ
ငါတို့ဘယ်လိုများ စကားပေါက် သတင်း
ရောက်အောင် လုပ်လို့ရနိုင်ဦးမှာပါလိမ့်” လို့ စိတ်ပျက်လက်ပျက်
ဖြစ်နေကောင်း ဖြစ်နေနိုင်ကြပါတယ် ။
ကျနော့်ရဲ့ ကွက်ကျားမိုး အမြင်လေးပါ
။
မှားရင်လည်း တာဝန်တော့ မယူနိုင်ပါဘူးလို့
ကြိုပြောထားချင်ပါတယ် ။
မန်းကိုကို
၂၄ ၊ ၀၆ ၊ ၂၀၁၃
===================================
(၄) အချို့သူများအတွက်
ဝမ်းမြောက်ဖွယ်ရာ ပကတိအခွင့်အလမ်းတစ်ခု
မိမိ၏ ဘာသာတရားသာလျှင် အမှန်ဖြစ်ကြောင်း
သိရှိ၍ ယုံကြည်ကိုးကွယ် ဆည်းကပ်နေတဲ့အပြင် ၊
ဘာသာတရားကို ကိုယ့်အသက်ထက်ပင် တန်ဖိုးထားပြီး
အခြားသူများကိုလည်း တရားထူးတရားမြတ်
တွေ ရယူလက်ခံလိုက်လျှောက်စေလိုသူ သာသနာ့အာဇာနည်များအတွက်
လက်တွေ့အသုံးဝင်နိုင်မယ့်
အခွင့်အလမ်းတစ်ခုကို တင်ပြချင်ပါတယ် ။
ပထမတစ်ဆင့်အနေနဲ့ -မိမိဘာသာမှလွဲပြီး အခြားဘာသာတွေဟာ မှားယွင်းကြောင်း တစ်ကမ္ဘာလုံးသိလောက်အောင် သက်သေပြလိုက်ပါ ။
ဒုတိယအဆင့်အနေနဲ့ -မိမိဘာသာဟာ ဝေဖန်ထောက်ပြစရာ မရှိလောက်အောင်ကို လုံးဝမှန်ကန်ကြောင်းတစ်ကမ္ဘာလုံးသိစေအောင် သက်သေပြလိုက်ပါ ။
ဒီလုပ်ရပ်နှစ်ခုရဲ့ နောက်ဆက်တွဲအနေနဲ့
ကမ္ဘာ့အဝှမ်းကလူတွေဟာ မိမိရဲ့ဘာသာထဲကို အလုံးအ
ရင်းနဲ့ ဝင်ရောက်လာကြမှာ ဖြစ်တဲ့အတွက်ကြောင့်
၊ လက်ကမ်းကြိုဆိုဖို့ အသင့်ပြင်ဆင်ထားရန်လည်း
လိုအပ်ပါမယ် ။
တစ်ကမ္ဘာလုံးမှာ စူနာမီထက်တောင် အင်အားကြီးစွာ
ဖြစ်တည်လာမယ့် သာသနိက အဆောက်အ
ဦတွေ ၊ သာသနာ့ဝန်ထမ်းတွေအတွက်လည်း ပြင်ဆင်ထားသင့်ပါတယ်
။
လူတွေအားလုံး ဘာသာတစ်ခုထဲရဲ့ အသွန်အသင်အောက်မှာ
ရှိကြရတော့မှာမို့ ၊ တစ်ဦးနဲ့တစ်ဦး
မုန်းတီးစရာတွေလည်း အလွန်တရာနည်းပါးသွားပြီး စစ်ပွဲတွေကအစ
ပြဿနာတွေနည်းပါးသွားမှာ
ဖြစ်တာကြောင့် ၊ မေတ္တာရိပ်အောက်မျာ အေးချမ်းပြီး လူတိုင်းလာဟ်လာဘရွှင်တဲ့
ပဒေသာပင်ခေတ်
ကြီးဆီကို မနှေးအမြန် ရောက်ကြရမှာ အသေချာပါ ။
ဒီလို လူတိုင်းအတွက် အကျိုးရှိကောင်းမွန်ပြီး
ချီးကျူးထောပနာပြုကြမယ့် အနာဂါတ်သစ်ကြီးအ
တွက် ၊ အထူးထူးသော သာသနာ့အာဇာနည်ကြီးများဟာလည်း
ခုနေခါမှာ အသင့်အနေထားမှာ ရှိ
နေကြမယ်လို့ မျှော်လင့်ပါတယ် ။ မနှေးအမြန်သာ ရင်ကော့ပြီး
ပွဲလယ်တင့်မယ့် သက်သေပြချက်
တွေကို ချပြကြဖို့ မျှော်လင့်တကြီးနဲ့ ဖိတ်ခေါ်လိုက်ပါတယ်
။
(အရေးကြီးတဲ့ မှတ်ချက်တစ်ခုအနေနဲ့ ပြောချင်တာက
အပေါ်ကစာဟာ ဘာသာအားလုံးက လူတွေ
ကို ရည်ရွယ်ပါတယ် ။ ဘာသာအားလုံးလို့ဆိုရာမှာ ဘာသာမဲ့ကိုလည်း
ဘာသာတစ်ခုအဖြစ် ထည့်
တွက်ထားတယ်လို့ ပြောချင်ပါတယ် ။ သူတို့တတွေဟာလည်း နှစ်စဉ်လိုလို
စုရုံးတွေ့ဆုံကြတာ ၊ အ
ခြားဘာသာတွေ ဘယ်လိုအားနည်းချက်ရှိပြီး ဘယ်လိုမှားကြောင်း အချင်းချင်း
ထုတ်ဖေါ်ပြောဆို ဟော
ပြောကြတာ ၊ သူတို့ထဲမယ် အနည်းဆုံး အုပ်စုသုံးစုလောက် ခွဲခြမ်းသတ်မှတ်လို့
ရတာတွေကစလို့
စိတ်ဝင်စားသူတွေရှိရင်တော့ ၊ အင်တာနက်မှာတင် အလွယ်တကူရှာလို့ရကြောင်းလည်း
အသိပေး
လိုပါတယ်) ။
……………………………………………………………………………………
အဲ .. ကျနော်လား … ၊
ကျနော်ကတော့ - အားကိုးရာရှာတတ်တဲ့ လူသားရဲ့သဘာဝအတိုင်း
၊ နှုတ်ကထုတ်မပြောသော်မှ
ကိုယ့်ထက်သာသူတွေကို မှီခိုအားထားလိုစိတ် ရှိပါတယ် ။ ရွာထိပ်ကနတ်ကွန်းကနေစလို့
ရွာလယ်က
ကွက်စိပ်ဆရာလို လူတွေကိုတောင် အားကိုးချင်စိတ် ပေါ်မိတတ်ပါတယ် ။ ဒီတော့ ဘာသာတရားတွေ
ဆိုရင်တော့
အတိုင်းထက်အလွန်ပေါ့ဗျာ ။ အပြစ်ပြောဖို့ မဆိုထားနဲ့ ၊ အားလုံးဟာ သူ့နေရာနဲ့သူ သူ့
မြင်တဲ့ဖက်ကနေသူ
အသီးသီးအသက မှန်ကြတယ်လို့ ယုံကြည်ယူဆပါတယ် ။ အလေးထား ဦးညွှတ်
ပါတယ် ။ ဒီတော့ မှားကြောင်းသက်သေပြဖို့ရာမတော့
ကျနော်မပါရဲတာ သေချာပါတယ် ။
ဒီတော့ (ဘာသာဝင်တွေကို ကလွဲရင်) ဘာသာအားလုံးကို
မကိုးကွယ်သော်ငြားလည်း ၊ အားလုံးအ
ပေါ် ဆည်းကပ်အားကိုးတဲ့ကျနော့်ကို မှားယွင်းတယ်လို့
စွပ်စွဲသူတွေလည်း ရှိမယ်လို့ မယုံကြည်ပါဘူး ။
အထူးသဖြင့် ကျနော့်ကို မှားတယ်လို့ပြောမယ်ဆိုရင်
၊ ပြောသူရဲ့ဘာသာဟာ မှားနေသယောင်ယောင်
ဆိုလိုရာရောက်နိုင်တာကြောင့်လည်း ၊ အနည်းဆုံးတော့
ကျနော့်အပေါ် ဘာမှမပြောပဲ ထိန်းသိမ်းကြ
လိမ့်မယ်လို့လည်း ယူဆမိပါတယ် ။
သူများဘာသာမှားပြီး ကိုယ့်ဘာသာသာမှန်ကြောင်း
သက်သေပြနိုင်တဲ့ သာသနာ့အာဇာနည်တွေ
မပေါ်လာမချင်းတော့ ၊ ကျနော့်သဘောထားဟာ ဒီလိုပဲ ရှိနေဦးမယ်လို့
မျှော်လင့်ရပါတယ် ။ အဲ .. ဒါ
ကို လက်မခံနိုင်ဘူး ၊ သတ်မယ် ဖြတ်မယ်ဆိုရင်တော့လည်း တစ်မျိုးစဉ်းစားပါ့မယ်
။
အားလုံးကို အစဉ်အလေးထားလျက် ၊
မန်းကိုကို
၂၉ ၊ ၀၆ ၊ ၂၀၁၃
(၅) စီးပွားစီမံ
များမကြာခင်က ရှမ်းအမျိုးသားမိတ်ဆွေတစ်ယောက်ဆီမှာ ပေးဖြစ်ခဲ့တဲ့ မှတ်ချက်တစ်ခုကို အချို့
လူတွေကို ပြောပြချင်လို့ ၊ ကူးလာပြီး ထည့်ထားလိုက်ပါတယ် ။ တိုင်းရင်းသားတွေအတွက် အဓိက
ထား ရည်ရွယ်ပေမယ့် နေရာအတော်များများ အကျုံးဝင်မယ်လို့ နားလည်မိတယ် ။
ဒီလိုရေးရာမှာ အမြဲတန်းတော့ စီရရီ ထွက်လာတာမဟုတ်ပါဘူး ။
တွန်းအား (သို့မဟုတ်) ဆွဲအားရှိမှသာ အတွေးတွေလည်ပတ်အလုပ်လုပ်ပြီး ချရေးဖြစ်တာမျိုးပါ ။
ဒါကြောင့် ဒီစာတိုလေးအတွက် ဆွဲအားဖန်တီးပေးခဲ့တဲ့ ကိုစိုင်းခမ်းထွန်းကိုလည်း ကျေးဇူးတင်ပါတယ် ။
၀၇ ၊ ၀၇ ၊ ၂၀၁၃
========================================
(၅) စီးပွားစီမံ
များမကြာခင်က ရှမ်းအမျိုးသားမိတ်ဆွေတစ်ယောက်ဆီမှာ ပေးဖြစ်ခဲ့တဲ့ မှတ်ချက်တစ်ခုကို အချို့
လူတွေကို ပြောပြချင်လို့ ၊ ကူးလာပြီး ထည့်ထားလိုက်ပါတယ် ။ တိုင်းရင်းသားတွေအတွက် အဓိက
ထား ရည်ရွယ်ပေမယ့် နေရာအတော်များများ အကျုံးဝင်မယ်လို့ နားလည်မိတယ် ။
ဒီလိုရေးရာမှာ အမြဲတန်းတော့ စီရရီ ထွက်လာတာမဟုတ်ပါဘူး ။
တွန်းအား (သို့မဟုတ်) ဆွဲအားရှိမှသာ အတွေးတွေလည်ပတ်အလုပ်လုပ်ပြီး ချရေးဖြစ်တာမျိုးပါ ။
ဒါကြောင့် ဒီစာတိုလေးအတွက် ဆွဲအားဖန်တီးပေးခဲ့တဲ့ ကိုစိုင်းခမ်းထွန်းကိုလည်း ကျေးဇူးတင်ပါတယ် ။
- Mahn Koko - ကျနော် တစ်ခုပြောကြည့်မယ်နော် ။
ပထမ လူနဲ့ နယ်မြေရှိတယ် ။
မြေကတော့ သက်မဲ့မို့လို့ လူ့အရင်းအမြစ်ကို တိုးတက်မြှင့်တင်ရင် ပိုလက်တွေ့ကျမယ် ထင်ပါတယ် ။လူမှာ လူမှုရေး ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ အုပ်ချုပ်ရေး ၊ စစ်ရေး စသည်ဖြင့် ရှိကြမယ် ။
အုပ်ချုပ်ရေးဆိုတာကို နိုင်ငံရေး စစ်ရေး စတာတွေနဲ့တစ်ဆင့် တည်ဆောက်ယူလို့ ရကောင်း ရနိုင်မယ် ။
ဒါတွေကိုတစ်ခါ ပိုအခြေခံကျတဲ့ စီးပွားရေး လူမှုရေး (ယဉ်ကျေးမှု အပါဝင်) တွေနဲ့အခြေပြု စုစည်း ထောက်ခံ တည်ဆောက်ကြရတယ် ။
စီးပွားရေးအပိုင်းကို ထပ်ပိုင်းခြားလိုက်ရင် -
- စိုက်ပျိုးရေး ၊
- ကုန်ထုတ်လုပ်မှု နဲ့
- ဝန်ဆောင်မှု (ကူးသန်းရောင်းဝယ်ရေး အပါအဝင်) တို့တတွေ ရှိကြမယ် ။
ပထမ စိုက်ပျိုးရေးက အကန့်အသတ်ရှိပါတယ် ။
ဆိုချင်တာက လူနဲ့လုပ်အား ပိုများလာအောင် လုပ်ဖို့ မလွယ်ဘူး ။
စိုက်ပျိုးရေးပညာနဲ့ စက်ကရိယာ အကူညီတွေ တည်ဆောက်ယူရမယ် ။
ဒုတိယ ကုန်ထုတ်လုပ်မှုမှာ လုပ်လို့ရနိုင်တာက - ကိုယ်ထူကိုယ်ထ လုပ်ငန်းတွေထောင်ကြဖို့ ၊ အပြင်လူတွေ ဖိတ်ခေါ်ဖို့ ၊ ပြင်ပကနေ တတ်မြောက်လာတဲ့ လုပ်ငန်းတွေကို ပြန်သယ်ယူလာပြီး စုပေါင်း လုပ်ကိုင်ကြဖို့တွေ ရှိမယ် ။
တတိယ ဝန်ဆောင်မှုဆိုတာက ရှေ့က ပြောခဲ့တဲ့နှစ်မျိုး ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်လို့ ရနိုင်တဲ့ ကဏ္ဍ ။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံတွေဆီမှာ ဒီကဏ္ဍဟာ ပိုကြီးမားလေ့ ရှိပါတယ် ။ ကူးသန်းရောင်းဝယ်ရေး ၊ ခရီးသွားလုပ်ငန်း ၊ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတွေ စသည်ဖြင့် ပါပါတယ် ။
ဒါတွေအားလုံး (အထူးသဖြင့် လက်တွေ့ကျမယ့် တတိယကဏ္ဍ) ကို အတိုင်းတာတစ်ခုအထိ တိုးတက်အောင် လုပ်နိုင်ရင် ၊ မူးယစ်ဆေးဝါးအပါအဝင် အခြား မဖြစ်သင့်တာတွေအပေါ် မှီခိုမှုတွေ လျော့နည်းသွားစေနိုင်ပါတယ် ။
နောက်တစ်ဆင့်က ဒါတွေကို ဘယ်လိုလုပ်မှာလဲဆိုတာ မေးစရာ ဖြစ်လာတယ် ။
လုပ်လို့ရမှာက (၁) ကိုယ်တိုင် (၂) အခြားသူရဲ့ စွမ်းအားအကူညီတွေနဲ့လို့ ပြန်ခွဲလို့ရလိမ့်မယ် ထင်ပါတယ် ။
အခြားသူတွေကို အသုံးချဖို့ရာ ၊ ကိုယ်ကလည်း ပြန်ပေးဆပ်ရတာတွေ ရှိနိုင်ပါတယ် ။ဥပမာ - ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်တာမျိုးပါ ။ ငွေရင်းနဲ့ အတတ် အသိပညာတွေဝင်လာပြီး ၊ ကိုယ်ဆီကလည်း အလုပ်အကိုင်တွေ ရလာနိုင်တာမျိုးပါ ။ (သဘာဝဝန်းကျင် ပျက်စီးတာ ၊ လူမှုဘဝ အပြောင်းအလဲတွေက ပေးဆပ်စရာတွေထဲက တချို့ပါ) ။
ကိုယ်တိုင်ကျပြန်တော့ အချိန်နဲ့ အားထုတ်မှုတော့ ရင်းရပါလိမ့်မယ် ။
ပညာနဲ့ ဥစ္စာကို ကိုယ့်ဘာသာ ရအောင်ရှာပြီး ၊ လက်ဆင့်ကမ်းပေးတာတွေ ကိုယ်လိုချင်တဲ့နေရာမှာ တည်ဆောက်မှုတွေပြန်လုပ်တာ စသည်ဖြင့်ပေါ့ ။
ကျနော်ကတော့ ကိုယ်တိုင် အားထုတ်ရတာမျိုးကို သဘောကျပါတယ် ။
ဒီအတွက် အခွင့်ရေးရခိုက် စီးပွားရေးဆိုင်ရာ ပညာလေးတွေကို တစ်နိုင်စာ သင်ယူဖို့ကြိုးစားနေပါတယ် ။ နောင်မှာ entrepreneurship လို့ခေါ်တဲ့ စွန့်ဦးစီးပွားလုပ်ငန်းဆိုင်ရာဘွဲ့ကို ယူပြီး ၊ ကိုယ်တိုင် ရပ်တည်ဖို့နဲ့ အခြားသူတွေကိုလည်း ဖေးမနိုင်ဖို့ရည်ရွယ်ထားပါတယ် ။
ကိုယ်ပိုင် အတွေ့ကြုံပေါ်မူတည်ပြီး တွေးလို့ရသမျှလေးပါ ။
ကိုယ်ပိုင်အတွေး အတွေ့ကြုံတွေနဲ့ ထပ်ဆင့်ပွားများ အသုံးချနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၆) လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး
တမြန်နေ့လောက်ကတက်လာတဲ့ သတင်းတစ်ခုနဲ့
အတိအလင်းရှိပြီးသား ကိစ္စတစ်ခုကိုတွဲပြီး
ပြောချင်တယ် ။ ပထမသတင်းက ရွှေတိဂုံဘုရားပေါ်မယ်
သတင်းထောက်တစ်ယောက် လုံခြုံရေး
တစ်ယောက်ကြောင့် ဒဏ်ရာအနာတရ ရသွားခဲ့ပြီး ၊ ကင်မရာလည်း
ပျက်စီးမှုလေးတွေ ရှိသွားခဲ့
တာပါ ။ ဒုတိယကတော့ ဒေါ်စုကနေ အတိအလင်း မကြာခဏပြောလို့ လူတိုင်းလိုလို
သိနေပြီး
ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကိစ္စပါ ။ သိကြားခဲ့ရသမျှနဲ့ တွဲဆက်စပ်ကြည့်ပါမယ်
။
ဘုရားပေါ်ကကိစ္စကို ခြုံငုံကြည့်ရင် ဒဏ်ရာအနာတရ
ဖြစ်ခဲ့ပေမယ့် ၊ ရဲစခန်းက အမှုဖွင့်မပေးခဲ့
တာကိုကြည့်ရင် တရားဥပဒေစိုးမိုးမှုအပိုင်းမှာ
လစ်ဟာမှုတချို့ ရှိနေပြီလို့ မှတ်ချက်ပေးချင်ပါတယ် ။
အထူးသဖြင့် လူလူချင်း တန်းတူဆက်ဆံမှု
၊ လုံခြုံမှုရှိတဲ့ လူ့အသိုင်းဝန်းနဲ့ အခွင့်ရေး ညီမျှဖို့ရှေးရှု
တဲ့ ဒီမိုကရေစီစနစ်ကို
တည်ဆောက်နေပါတယ်လို့ ပြောနေတဲ့အချိန်မျိုးမှာ ၊ တကယ်ကို “တရား”
ပြီး “မျှတ”တဲ့ ဥပဒေတွေ
စိုးမိုးဖို့ရာ လိုအပ်ပါတယ် ။ သတိထား ဆင်ခြင်စရာဖြစ်ပြီး ၊ ထောက်ပြ
ပြင်ဆင်ကြဖို့လည်း
အခွင့်လမ်းတစ်ခု ဖြစ်ပါတယ် ။
ဒါနဲ့ယှဉ်ပြီး သြစတြေးလျက သင်္ခန်းစာယူလို့ရနိုင်မယ့်
နမူနာနှစ်ခုကို ပြောပြပါမယ် ။
ပထမတစ်ခုက လုံခြုံရေးဝန်ထမ်းတွေနဲ့
ပတ်သက်လို့ပါ ။
မနှစ်က ကျနော့်အတန်းဖေါ် Serbian တစ်ယောက်ဟာ
လုံခြုံရေးကုပ္မဏီတစ်ခုမှာ အလုပ်သွား
လျှောက်ခဲ့ပါတယ် ။ လုံခြုံရေးဝန်ထမ်းဆိုတာဟာ ပွဲလမ်းအခမ်းနားတွေသာမက
၊ bar တွေ club
တွေ ကာစီနိုတွေ စသည်ဖြင့် နေရာစုံမှာ လုပ်ကိုင်ရနိုင်ပြီး ၊ အရင်ကတော့
အပေါက်စောင့်လူမိုက်
(bouncer) လို လူမျိုးတွေပေါ့ ။
ကျနော့်အတန်းဖေါ်ဟာ မေးခွန်းပေါင်း ၅၀၀
လောက်ကို ဖြေဆိုခဲ့ရပြီး ၊ အများစုကတော့ စိတ်
နေစိတ်ထားနဲ့ပတ်သက်တဲ့ မေးခွန်းတွေပါ ။
လုံခြုံရေးဝန်ထမ်းလုပ်မယ့် လူတစ်ယောက်ရဲ့ ဘယ်
လောက်အထိ စိတ်ထားတတ် သည်းခံနိုင်သလဲ ၊
အကြမ်းမဖက်ပဲ နှုတ်နဲ့ဖြေရှင်းနိုင်သလဲ ၊ ကျိုး
သင့်ကြောင်းသင့် တွေးခေါ်နိုင်သလဲ ၊ ကုပ္မဏီက
ချမှတ်ထားတဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းနိုင်
သလဲ ဆိုတာတွေကို စာတွေ့နဲ့ စစ်ဆေးတာလို့
ပြောနိုင်ပါတယ် ။ ဒါဟာ အကြောင်းမဲ့မဟုတ်ပါ ၊
လက်တွေ့မှာလည်း မြို့လည်ကဆိုင်တစ်ဆိုင်မှာ
၊ လာရစ်နေတဲ့ လူတစ်ယောက်ကို ဥပေက္ခာပြု
တန်ပြု ၊ ပြန်ပြောတန်ပြောလောက်ပဲလုပ်နေတဲ့ အစောင့်တစ်ယောက်ကို
မြင်ခဲ့ရဖူးပါတယ် ။
ဒါတင်မက ရဲတပ်ဖွဲ့မှာလည်း ပြဿနာလုပ်နေသူတွေကို
ရင်ဆိုင်ရာမယ် ၊ စကားနဲ့ အရင်ဆုံး
ရင်ဆိုင်ဖို့ကို ညွှန်ကြားထားရုံမက ၊ သင်တန်းပို့ချမှုတွေအထိ
လုပ်နေတာကို သတင်းတွေထဲမှာ
တွေ့နေရပါတယ် ။ ခုနေခါ ယဉ်ကျေးတဲ့ လူ့အသိုင်းဝိုင်းတွေကို
ဆင့်ကဲဆင့်ကဲ တည်ဆောက်
လာချိန်မှာ ပြောင်းလဲလာနေတဲ့ ပြယုဂ်တွေလို့ဆိုရင် မှားမယ်မထင်ပါဘူး
။ ရွှေတိဂုံလုံခြုံရေးတွေ
ကို ဒီလိုဖြစ်ဖို့တော့ မျှော်လင့်လို့မရတာ သိပါတယ် ။ ဒါပေမယ့်
ကမ္ဘာရဲ့ အခြားတစ်ဖက်မှာ ဖြစ်နေ
တာတွေနဲ့ ယှဉ်တွဲသိနိုင်ရင် ၊ ဘယ်လိုဖြစ်သင့်သလဲ လုပ်လို့ရနိုင်မလဲဆိုတာ
လမ်းစရေးရေးလေး
မြင်ကောင်းမြင်နိုင်အောင်ရယ်ပါ ။
နောက်တစ်ခုက တရားဥပဒေနဲ့ ပတ်သက်လို့ပါ
။
ဒီမှာ ခိုးမှု မူးယစ်ဆေးမှုတို့လို အမှုတွေမှာ
အားလုံးလိုလိုကို အာမခံနဲ့လွှတ်ပေးပေမယ့် ၊ လူ
တစ်ယောက်ကို နာကျင်စေမှုကတော့ အလွယ်တကူ
ခွင့်လွှတ်ပေးတဲ့အပြုအမူမျိုး မဟုတ်ပါဘူး ။
ဥပဒေဟာလည်း တပြေးညီသက်ရောက်ပါတယ် ။
ဒါကို ၂၀၀၈ မှာ အတိအလင်း တွေ့မြင်ခဲ့ရဖူးပါတယ်
။ အဲဒီနှစ်မှာ ပီကင်းအိုလံပစ်ကို သတိရ
ကြမှာပါ ။ ဥရောပဖက်မှာ အိုလံပစ်ဆီမီးတိုင်ကို ဝင်လုသူတွေပေါ်လာပြီးနောက်
၊ တရုတ်လုံခြုံ
ရေးတွေက ဆီမီးတိုင်ကိုင်သူကို ဝိုင်းရံထားပေးခဲ့ကြပြီး ၊ ဝင်လုဖို့ကြိုးစားသူတွေကို
အတင်းတွန်း
ထိုးလွှတ်တာကို သတင်းကြည့်သူတွေ မြင်ခဲ့ဖူးမှာပါ ။ တရုတ်ဖက်က မှန်တာမမှန်တာအပထား
၊
ဘယ်သူမှ ထိပ်တိုက်မဝေဖန်ခဲ့ကြပါဘူး ။
သို့သော် သြစတြေးလျကို ရောက်မလာခင်မှာတော့
၊ ဒီကရဲချုပ်ကနေ သတင်းစာရှင်းလင်းပွဲ
တစ်ခုမှာ အတိအလင်းပြောလိုက်တာ ရှိပါတယ် ။ အဲဒါကတော့
“မီးရှူးတိုင်တွေနဲ့ အတူလိုက်ပြေး
တဲ့ တရုတ်လုံခြုံရေးအဖွဲ့ဝင်တွေအနေနဲ့ လူတစ်ယောက်ကို
လက်နဲ့ကိုင်လိုက်တာနဲ့ ကိုယ်ထိ
လက်ရောက်မှုနဲ့ ထိန်းသိမ်းခံရမယ်” ဆိုတာပါပဲ ။ ခရီးစဉ်တစ်လျှောက်
ဘာမှမဖြစ်ခဲ့ပေမယ့် ၊ ဒီ
နိုင်ငံမှာ လူတိုင်းအပေါ် တူညီတဲ့သက်ရောက်မှုရှိတဲ့ တရားဥပဒေတွေကို
ဖေါ်ဆောင်နေတယ်ဆို
တာ ၊ လူဦးရေ သန်း ၂၀ ကျော်ပဲရှိတဲ့နိုင်ငံကနေ အနာဂါတ်အင်အားကြီးနိုင်ငံတစ်ခုကို
ကမ္ဘာသိ
အောင်ပြောခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ ကဗျည်းတင်ရစ်ပါတယ် ။
ဒီလို တရားဥပဒေကို တစ်ပြေးညီကျင့်သုံးဖို့
ကြိုးစားတဲ့ နိုင်ငံတွေရဲ့ အတွေ့ကြုံတွေရှိခဲ့တဲ့ ဒေါ်စု
အနေနဲ့ ၊ တရားဥပဒေစိုးမိုးဖို့
ပြောနေတာဟာ အလဟဿမဟုတ်ဘူးလို့ ၊ သင်္ခန်းစာယူစရာလေး
တွေနဲ့အတူ လက်ဆင့်ကမ်းလိုက်ပါရစေ ။
၀၇ ၊ ၀၇ ၊ ၂၀၁၃
No comments:
Post a Comment