ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, May 27, 2013

လျှံကျခဲ့တဲ့ စကားတချို့ (၂) (ဝါ) ဒီမိုကရေစီ အက်ကြောင်းရှာပုံတော်



   "ဒီမိုကရေစီ အက်ကြောင်း ဟုတ်လား ၊ ဘယ်မှာလဲ" လို့မေးရင် - ခင်ဗျားနဖူးပေါ်မှာလို့ ဖြေဖြစ်
မလား မသိဘူး ။ ဟုတ်ကဲ့ မှန်ထဲတော့ သွားကြည့်မနေပါနဲ့ ၊ ထုံးစံအတိုင်း တင်စားပြောလိုက်တာ
ပါ ။ အဲ .. ဒါကလည်း ဖြစ်နေ ပျက်နေတာတွေကို မသိ (သို့မဟုတ်) မသိချင်ဟန်ဆောင်နေတာ
မျိုးတွေ ပွထနေတာ မြင်မိလို့ ပြောတာပါဗျာ ၊ 'ငါ့ကို ဦးတည်ပြီး ပြောနေပြီဟ' လို့တော့ လှေနံ ဒါး
မထစ်လိုက်ပါနဲ့ဦး ။

(၆)  ‘ဝ’ ရေးချ ‘ဝါ’

   ‘ဝါ’တယ်ဆိုတာ ကျနော်တို့ ဒေသထွက်စကားတော့ မဟုတ်ဘူးဗျ ၊ အညာသား မိတ်ဆွေကြီး
တစ်ယောက်က ပြောတာပဲ ။ အဓိပ္ပါယ်က ‘ဟ’ဝှာလုပ်တယ် ဆိုလားပဲ ။ အဲဒီ ‘ဟဝှာ’ဆိုတာ ဘာ
လဲ လာမမေးနဲ့ဗျို့ ၊ ညစ်ညစ်ပတ်ပတ်သာ မှတ်ယူလိုက်ကြပါ ။

   ခုမှ လိုရင်းကိုဆက်ရရင် ၊ ‘ဝ’တွေလည်း အ‘ဝါ’ခံရဖို့ တစ်လှမ်းပိုနီးလာပြီလို့ ပြောရမယ် ။ ဒါ
ပေမယ့် ထူးတယ်ဗျ ။ ထူးဆို သိပ်သည်းဆများလာတဲ့ လေမုန်တိုင်းက အရင်နဲ့မတူပဲ အကွက်
ပြောင်းလာလို့ပါ ။

   ကိုယ်ခံပညာမှာ ‘ကွက်ပျောက်’ဆိုတာ အချို့လည်း သိကြမယ် ။ စသင်စမှာ အကွက်တွေနဲ့ သင်
ရတာ ဓမ္မတာပါ ။ အဲသည်ကမှ ကျွမ်းကျင်လာတာနဲ့အမျှ အကွက်တွေကို ဖယ်ထုတ်ဖျက်ထုတ်ပြီး
လွတ်လွတ်လပ်လပ် ခုခံ တိုက်ခိုက်တတ်တဲ့ အဆင့်မြင့်သိုင်းသမား ဖြစ်လာကြရတာပေါ့ဗျာ ။

   ခုဖြစ်နေတာကြည့် ။ ‘ဝ’ကိစ္စမှာဆို ‘ကွက်ပျောက်’တင်မက နောက်တစ်ဆင့် ‘လေသိုင်း’အဆင့်
ကိုပါ ရောက်နေပြီလို့ ပြောရမယ့် အနေထားပဲ ။ အဆင့်က မြင့်လွန်းတော့ တရုတ်သိုင်းဝတ္ထုတွေ
ထဲကလို “မည်ကဲ့သို့ လုပ်လိုက်မှန်းမသိ ၊ လူဆယ်ယောက် တစ်ပြိုင်နက် လဲကျသွားလေ၏” ဆို
သလိုပဲဗျ ။ ဒါပေမယ့် ပိုထူးတာက - ခုဖြစ်နေတာဟာ လူဆယ်ယောက်ကို အလယ်က သိုင်းသ
မားကြီးကပဲ လုပ်လိုက်တာလား ၊ မဟုတ်ရင်လည်း အဲဒီလူတွေကပဲ ဟန်ဆောင် လဲကျသွားတာ
လား ၊ သို့တည်းမဟုတ် မူလလက်ဟောင်း သိုင်းဝိဇ္ဇာကြီးအချို့ကနေ အဝေးထိန်း အတွင်းအားနဲ့
လှမ်းဆော်လိုက်သလားတော့ သိပ်မသဲကွဲတာပဲ ။

   သဲလွန်စရယ်လို့ ပြောရခက်ပေမယ့် မြင်ရတာတွေကတော့ တမူကို ထူးနေတာပါပဲ ။
   ပထမတစ်ချက် ၊ သူများစကား ဌားပြောရရင် - ဦးသိန်းစိန် နိုင်ငံခြားထွက်ပြီဆိုရင် တစ်ခုခုတော့
ဖြစ်ပြီဆိုတာပါပဲ ။ အလိုတူအလိုပါလုပ်ပြီး ရှောင်ထွက်သွားတာ ဟုတ်မဟုတ်တော့ ကျွန်ုပ်လည်း
မသိ ။

   ဒုတိယတစ်ချက် ၊ ‘ဝ’တွေ ရဟတ်ယာဉ် ၅ စီး ရတယ်ပြောတယ် ။ ဝေဟင်ကနေ ဝေဟင်ပစ်တဲ့
ဒုံးကျည်တွေပါ အဆစ်ပါလိုက်သေးတယ် ။ ဒါပေမယ့် ရဟတ်ယာဉ်က တိုက်ရဟတ်ယာဉ် မဟုတ်
ဘူးလို့လည်း ပြောထားပြန်တယ် ။ နောက်ပြီး တစ်ဖက်က ဓါတ်ပုံထွက်လာတော့လည်း ရဟတ်
ယာဉ်က အင်ဂျင်မပါဘူး ။ ဘယ်သူမှန်လဲဆိုတာ အမေရိကန်တွေ အီရတ်ကိုဝင်တိုက်ပြီး ကိစ္စတွေ
အားလုံးပြတ်မှ ဘာအန္တရယ်ကြီးတဲ့ လက်နက်တွေမှ မတွေ့ခဲ့ရသလို အဖြစ်မျိုးနဲ့ ဆင်တူယိုးမှား
ဖြစ်သွားရင်တော့ သိပ်လည်း မအံ့သြကြနဲ့ပေါ့ဗျာ ။

   တတိယတစ်ချက် ၊ ‘ဝ’တွေအပေါ် စွတ်စွဲမှုတွေ အမျိုးစုံရှိနေတဲ့အနက် ၊ နောက်ဆုံး အပြင်းထန်
ဆုံး တစ်ချက်ကတော့ - 'ခွဲထွက်မယ်' ဆိုတဲ့စကားပါပဲ ။ အချို့ မျိုးချစ်ဆွေချစ်များအတွက် အသည်း
ထဲကို ခိုက်စေတဲ့ စကားပေါ့ ။

   နောက်ဆုံးတစ်ချက် ၊ ဒီတစ်ခါ ‘ဝ’တွေကို လက်သီးလက်မောင်း တန်းနေတဲ့လူတွေကိုကြည့်
တော့ ၊ အရင်လို ‘ဖွဆရာ’တွေချည်း မဟုတ်တော့ဘူး ။ ဒီမိုကရေစီကို ကိုယ့်ထက်မြတ်နိုးသူ ရဲရဲ
တောက်ကြီးတွေပါ ပါလာတယ် ။ (ငုပ်လျိုးအတွင်းအားတွေ ပေါ်လာတာလားတော့ မပြောတတ်
ပါ) ။

   ဒီလိုနဲ့ပဲ ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီစနစ်အရ တက်လာခဲ့တဲ့ အစိုးရကနေပြီးတော့ ခွဲထွက်
ဖို့ကြိုးစားသူ ဝသောင်းကျန်းသူများအား ချေမှုန်းသုတ်သင်ရလေတော့၏ ဆိုတဲ့ ဇာတ်လမ်းမျိုးလေး
ကို ဖန်တီးမိလျက်သား ဖြစ်နေကြပြီလား ။ အဆင့်မြင့် ကွက်ပျောက် လေသိုင်းဆရာကြီးများတို့
နောက်ကွယ်မှာ ခိခိခစ်ခစ် ဖြစ်နေကြလောက်ရော့မလား ။

   ဒီအခြေနေမှာ မတူညီတဲ့ ဖြစ်နိုင်ခြေရှိတဲ့ဖက်ကကော စဉ်းစားကြည့်ကြဖို့ မကောင်းဘူးလား ။


   ပထမ ၊ 'ဝ'တွေ ပြည်နယ်တောင်းတာနဲ့ပဲ 'ခွဲထွက်မယ်'ဆိုတာကိုပါ တွဲစပ်စွပ်စွဲတာဟာ ၊ အရင်
မဆလခေတ်က ဆီရောင်းတဲ့အခါ ဆပ်ပြာပါ အတင်းထည့်ရောင်းသလိုပါပဲလို့ ပြောရမယ်ထင်
တယ် ။ တိုင်းရင်းသားတွေကို အဲသည်လောက် အခွင့်အရေး မပေးခဲ့ဖူးတော့ ၊ နှလုံးသား ဆူးစိုက်
သလို ခံစားရသလားတော့ ကိုယ်တိုင်ပဲ သိကြမှာပဲလေ ။ ဝတွေအနေနဲ့ ခုလည်း ကိုယ်ပိုင်အုပ်ချုပ်
နေတာပါပဲ ။ ပြည်နယ်တောင်းတယ်ဆိုတာက ပြည်သူတွေကို ကိုယ်စားပြုနေပါပြီလို့ ကြွေးကြော်
ထားတဲ့ အရပ်သားအစိုးရ နာမည်ခံထားသူတွေဆီက လူသိရှင်ကြား တရားဝင် အသိအမှတ်ပြုဖို့
ပြောနေတာလို့ မြင်ကြည့်ဖို့ကော မဖြစ်နိုင်ဖူးလား ။

   သို့သော် တစ်ဖက်မှာလည်း ထည့်တွက်စရာအနေနဲ့ အခြား မူရင်းဒေသခံတွေ ၊ အထူးသဖြင့် ရှမ်း
တွေကိုလည်း လစ်လျူလို့တော့ မရဘူးပေါ့ ။ ဆွေးနွေး အဖြေရှာမှုတွေ ရှိရပါမယ် ။ ပျဉ်းမနားမြို့သစ်
အစိုးရနဲ့လည်း ညှိနှိုင်းမှုတွေ လုပ်ရပါမယ် ။ ဒါကိုက နိုင်ငံရေးပါပဲ ။ ဟာ .. ဒါလူပါးဝတာ ၊ မရဘူး
အပြုတ်ကိုဆော်ရမှ ဆိုရင်တော့ ၊ နိုင်ငံရေးဆိုတာကို သိပ်ကြောက်တဲ့ အာဏာရှင်တွေရဲ့ အတွေး
ခေါ်တွေ ကိုယ့်စိတ်ထဲမှ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေမိသလား ပြန်ဆန်းစစ်ဖို့ လိုကောင်းလိုနိုင်
ပါတယ် ။ ဒါမှမဟုတ်ရင်တော့ ခေတ်အဆက်ဆက် ယုံကြည်မှု မရှိခဲ့ကြတာတွေကို သတ္တုချ သက်
သေပြချက်နောက်တစ်ခု ဖြစ်ရုံပေါ့ ။

   တစ်ခါ 'ဝ'လို့ပြောလိုက်တာနဲ့ အရူးအမဲသား စားဖူးသွားသလို 'မူးယစ်ဆေးဝါး'ကိစ္စကိုပဲ လက်ညှိုး
ထိုးမယ့်သူတွေက တန်းစီနေတယ် ။ ကျနော်ကိုယ်တိုင်လည်း မူးယစ်ဆေးဝါးကို အားပေးသူ မဟုတ် ။ သို့သော် အချုပ်ခန်းထဲ ရောက်နေတဲ့ သူခိုးတိုင်းကို ခိုးချင်လွန်းလို့ ခိုးတာပါလို့ စွပ်စွဲတာမျိုးနဲ့ တစ်
တန်းထဲ ကျမနေအောင် တစ်ဆင့်ကျော်တက်ပြီး စဉ်းစားဖို့တော့ လိုမယ် ။

   သမိုင်းကြောင်းတစ်လျှောက်လုံး မူးယစ်ဆေးဝါးတွေရဲ့ အရင်းအမြစ်ကို ပြန်ကြည့်ရင် .. အဲ ..
အဲဒါ ရှည်လွန်းပါတယ် ။ အနီးဆုံး ဘိန်းအစားထိုး သီးနှံတွေဖြစ်ထွန်းအောင် ဘယ်လောက်အထိ
အထောက်အကူတွေ ပေးနိုင်ခဲ့ပြီလဲ ဆိုတာမျိုးအပါဝင် ပြဿနာဖြေရှင်းရေး လမ်းစဉ်တွေကို ထည့်
စဉ်းစားကြရပါမယ် ။ တိုင်းရင်းသား လူမျိုးစုတွေ ခါးစည်းခံနိုင်ရင် ခံနိုင်သမျှ ပြည်မက မလွှတ်တမ်း
ဖိထားခဲ့တာတွေကိုလည်း မသိချင် ယောင်ဆောင်လို့ မရပါဘူး ။ ရွေးစရာလမ်း မရှိသူတွေအတွက်
ရှင်သန်ရပ်တည်ရေးကြောင့် ထွက်ပေါက်ရှာရတတ်တယ်ဆိုတာ နားလည်နိုင်ရင် အဖြေက သိပ်မ
ခက်ပါဘူး ။ အနီးဆုံး ဥပမာအနေနဲ့ တရုတ်ကို အားကိုးခဲ့ရတဲ့ မြန်မာပြည် အာဏာရှင်တွေကို ကြည့်
လို့ရပါတယ် ။

   လှည်းဆွဲနေတဲ့နွား နွံထဲနစ်နေတာကို ကြိမ်နဲ့ပဲ တရစပ်ရိုက်ပြီး ၊ ကိုယ့်ဘာသာ ရုန်းမထွက်ရ
ကောင်းလား ခိုကပ်ရကောင်းလား ကြိမ်းမောင်း၊ ပြီး မရတဲ့အခါကျတော့ ဒီနွား ပေါင်ကျိုးနေပြီ
သတ်စားမှပဲ ဆိုတာမျိုးတော့ မဖြစ်ကြစေနဲ့ပေါ့ဗျာ ။

   နောက်ဆုံးတစ်ချက် မမေ့သင့်တာက - ဘယ်သူပုန်အဖွဲ့မှ နောက်ဆုံးပေါ် ပြည်မက သုံးရောင်
ချယ်အလံကို သူတို့အခမ်းနားတွေမှာ ထည့်မသုံးပါ ။ ဝတစ်ဖွဲ့ပဲ အဲဒါကြီးကို အလံကိုင်တွေနဲ့ ဝေ
ဝေဆာဆာ ချီတက်ပြ လုပ်ပြနေတာ ရှိပါတယ် ။

   အဲ ထပ်ဖြည့်စရာလေးတစ်ခုက -  'ဝ'တွေကို အမြင်မကြည်တဲ့ တိုင်းရင်းသားတွေ ၊ အထူးသဖြင့်
ကရင်တွေကို ပြောချင်တာက ၊ 'ဝ'နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတွေကြားမှာ အ
တိုင်းတာတစ်ခုသော ဆက်ဆံရေးတွေ ရှိနေတယ်ဆိုတာပါ ။ 'သူဖြစ်သူခံ'ဆိုပြီး သဘောထားရ
လောက်အောင် အနေထားတွေက ပြတ်သားမှု မရှိပါဘူး ။ ဘုမသိဘမသိ လက်သီးလက်မောင်းမ
တန်းမိခင် ဆင်ခြင်နိုင်ကြအောင် ပြောပြတာပါ ။

   နောက်ထပ်တစ်ခုကတော့ - ကိုယ်အသာရမှ အနိုင်ရမှ သဘောတော်တွေ့တတ်တဲ့ ပြည်မသား
အချို့အတွက်ပါ ။ ဝတွေနဲ့ တိုက်ဖြစ်ရင် ၊ အဖွဲ့စည်းဂုဏ်သိက္ခာအတွက် အတတ်နိုင်ဆုံးထိန်းသိမ်း
ပြီး အကန့်အသတ်နဲ့သာ တုန့်ပြန်ခဲ့တဲ့ ကေအိုင်အေတုန်းကလို အခြေနေမျိုးကို မမျှော်မှန်းပါနဲ့ ။
လူမျိုးစု ရပ်တည်နိုင်ရေးအတွက် ကျားကုတ်ကျားခဲ ပြန်ရင်ဆိုင်မှုမျိုးနဲ့အတူ ၊ မမျှော်မှန်းမိခဲ့တဲ့  ပေး
ဆပ်ရမှုတွေ ကြုံရနိုင်တယ်လို့ အသိပေးချင်ပါတယ် ။

   ကဲ လုကံ ဝကံ နှစ်ယောက်ကန်လို့ ခြင်ထောင်ပြဲရမယ့်ဇာတ်လမ်းကို ဒီမှာ ရပ်ထားပါ့တော့မယ် ။
အခြား မူလီကလီစီ အက်ကြောင်းလေးတွေ ကြည့်ပါအုံးစို့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၇)  ဗိုက်ဟောင်းလောင်းနဲ့ ဟာကြူလီ

   အောက်က မှတ်ချက်ကတော့ ဖေ့စ်ဘွတ်ထဲမယ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ရဲ့ ပို့စ်
တစ်ခုအောက် ပေးခဲတဲ့မှတ်ချက်ပါ ။ အထူးသဖြင့် ဒီလိုနေရာက တာဝန်ရှိသူတစ်ဦးကနေတောင်
စိတ်ကူးယဉ် ဆန္ဒတွေနဲ့ လွှတ်ကင်းပုံမရလို့ ဝင်ပြောဖြစ်ခဲ့တာ ဖြစ်ပါတယ် ။
  • Mahn Koko ဦးရဲထွဋ်ခင်ဗျား - အပေါ်က ပုံတွေနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း
    ထဲက “ကျွန်တော်တို့ တိုင်းပြည် တကယ်စစ်တိုက်မယ့်အချိန်မျိုးမှာ လူတစ်သန်း စစ်
    တပ်အင်အားရှိရမယ်” ဆိုတာနဲ့ တွဲဖက်ရည်ညွှန်းထားတာ တွေ့လိုက်မိပါတယ် ။

      ပထမဆုံး ၊ ဦးရဲထွဋ်အနေနဲ့ အဲသည်စာသားကိုြ
    ကိုက်နှစ်သက်လို့ သုံးစွဲထားတယ်
    လို့ပဲ ယုံကြည်ချင်ပါတယ် ။ အကောင်ထည်ဖေါ်သင့်တဲ့ အရာရယ်လို့ ၊ မယူဆဘူးလို့
    လည်း ထင်ပါတယ် ။ လူကြီးလူငယ် အတော်များများလည်း ဒါနဲ့ပတ်သက်လို့ ထောက်
    ပြပြောဆိုသွားခဲ့ပြီးပြီမို့ ၊ ကျနော်မြင်တာလေး အနည်းကျဉ်းပဲ ထပ်ဖြည့်ချင်ပါတယ် ။

    (၁)  အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်သာမက ၊ နိုင်ငံတကာနဲ့ယှဉ်ရင်လည်း မြန်မာ
    ပြည်ရဲ့ လက်ရှိ (စာရွက်ပေါ်က) စစ်သည်အင်အား အချိုးအစားဟာ အများကြီးပိုမြင့်
    နေတယ်ဆိုတာ သတင်းအချက်လက်တွေနောက် လိုက်လျှောက်သူတိုင်းလိုလို သိ
    ကြတဲ့ကိစ္စပါ ။

    (၂)  တိုင်းပြည်အင်အားရှိမှ (ကြွယ်ဝပြည့်စုံမှ) ၊ တိုင်းပြည်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ စစ်တပ်ဟာလည်း အင်အားရှိလာရစမြဲပါ ။ ဒါကို ပြောင်းပြန်လုပ်ဖို့ ကြိုးစားတဲ့အခါ ၊ ရှင်
    သန်နေထိုင်ဖို့ရာ မလုံလောက်တဲ့ အသက်မွေးမှုအလုပ်ကိုင်တွေနဲ့ အဖွဲ့စည်းတွေကို
    မွေးထုတ်သလိုဖြစ်ပြီး ၊ တိုင်းပြည်ဆုတ်ယုတ်ရတတ်တာ ထောက်ပြသူတွေ အများကြီး
    ရှိခဲ့ပြီးပါပြီ ။

    (၃)  လွန်ခဲ့တဲ့ ရာစုနှစ် တစ်ဝက်လောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသိအမြင်နဲ့ မိန့်
    ခွန်းတွေဖြစ်စေ ၊ ကရင့်ခေါင်းဆောင် စောဘဦးကြီးရဲ့ မူ(၄)ချက်မျိုးဖြစ်စေ သူ့ခေတ်သူ့
    အခါအတွက် ရည်ရွယ်ခဲ့တာကြောင့် ၊ တရားသေ ဆုပ်ကိုင်ဖို့ထက် အကျိုးရှိဖို့ရှေ့ရှုပြီး
    ရွေးချယ်လုပ်ကိုင်သင့်ပါတယ် ။

       ဓါတ်ပုံတွေနဲ့ ပတ်သက်လို့ကတော့ -

    (က)   ကားနဲ့ဆွဲတဲ့ (အင်မတန် ရိုးရှင်းတဲ့) အမြောက်ငယ်တွေကို တွေ့ရတာဟာ မြန်မာ
    ပြည်ရဲ့ ဘယ်ခေတ်မှာ ကျန်ရစ်နေသလဲဆိုတာ ဖေါ်ပြနေတယ်လို့ မြင်ပါတယ် ။

    (ခ)   အပေါ့စား သံချပ်ကာ အမြောက်တင်ယာဉ်ကလည်း ဗီယက်နမ်စစ်ပွဲလက်ကျန် 
    RPG တွေကိုတောင်မှ ခံနိုင်ပါ့မလား သံသယဖြစ်စရာပုံစံမျိုးပါ ။ ကျူးကျော်လာမယ့် 
    ခေတ်မီစစ်တပ်တွေကို ရင်ဆိုင်ဖို့ထက် ၊ မီးကျိုးမောင်းပျက်ကိုင်သူတွေကို အမှုန့်ချေဖို့
    ရည်ရွယ်တယ်ဆိုရင်တော့ ထိရောက်ကောင်းထိရောက်မယ့် တန်ဆာပလာတွေလို့
    နာမည်တပ်ရမလို ဖြစ်နေပါတယ် ။
Mahn Koko - ချုပ်ရရင် ၊ မြန်မာပြည်စစ်တပ်ဟာ စစ်ပွဲကြီးတွေ မတိုက်ခဲ့ဖူးပါ ။
ပြောရရင် တကယ့် artillery barrage တွေကိုတောင် တစ်ခါမှ ကောင်းကောင်း
မခံရဖူးပါ ။

  ဒီတော့ ဥပမာ တရုတ်တို့လို အခေါဘဏီတပ်ကြီးနဲ့ ချီလာရင် ဘာမှပြည့်မစုံတဲ့
တပ်အင်အား တစ်သန်းဆိုတာဟာ ပြားပြားဝပ်ရမှာပါ

  ဒါကြောင့်လည်း အချို့ပြောကြသလို မြန်မာစစ်ခေါင်းဆောင်တွေဟာ ရန်သူကို
တပ်ကျွံအောင်လုပ်ပြီးမှ ပြည်သူ့စစ်အသွင်နဲ့ တိုက်ဖို့ပြင်ဆင်ထားတယ်လို့ ဆို
ကြတာဟာ ယုံကြည်ရလောက်တဲ့ သုံးသပ်ချက်လို့ ယူဆပါတယ် ။

  ဒီတော့ လက်ရှိ မြန်မာပြည်ရဲ့ စစ်အင်အားဟာ ၊ အချင်းချင်း နှိပ်ကွပ်သတ်ဖြတ်ဖို့
လုံလောက်ရုံကလွဲရင် သိပ်ပိုလှတယ် မဟုတ်ဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပါ
တယ် ။ ကျနော့်အနေနဲ့ ဦးရဲထွဋ်အပါဝင် ဒါတွေကို နားလည်သူတွေ အများကြီး
ရှိတယ်လို့ ယုံကြည်ပါတယ် ။

  ကျနော်တို့ဆီမှာ ရွေးချယ်စရာလမ်းတွေ ရှိပါတယ် ။
လက်လှမ်းမီသလောက် သိမ်းကျုံးဖက်တွယ် အပိုင်စီးဖို့ထက် ၊ ရိုးသားတဲ့ အလုပ်
တွေနဲ့ပြပြီး ၊ အားလုံး ဝေယူမျှစား တိုးတက်ကြီးပွား လုံခြုံစေမယ့်လမ်းမျိုးကို ၊ သိ
လည်းသိသလို ရွေးချယ်ပြီးလည်း လျှောက်လှမ်းနိုင်အောင် ဝိုင်းကြိုးပမ်းဖို့ အကြံ
ပေးချင်ပါတယ် ခင်ဗျား ။

  မိကျောင်းမင်း ရေကင်းပြရာ ရောက်နိုင်သော်လည်း ၊ ပညာရှိ သတိဖြစ်ခဲဆိုတာ
မို့ ၊ မမေ့မလျော့အောင် ဝင်ရောက်ပြောဆိုပေးတာလို့သာ သဘောထားစေချင်ပါ
တယ် ။
   ရေးပြီးမှ ထပ်ဖြည့်ချင်ခဲ့တာတစ်ခုက - ဥပမာ တရုတ်ကနေ မြန်မာပြည်ကို ကျူးကျော်လာပြီ
ဆိုကြပါစို့ ။ အပေါ်မှာ ပုံပမာပြုထားသလို အခေါဘဏီတပ်ကြီးနဲ့ ချီလာမယ်လို့ တစ်ထစ်ချ ယူ
ဆလို့တော့ မရပါဘူး ။ စစ်အင်အား ပါးလျတဲ့နေရာ ၊ သယ်ယူပို့ဆောင်ရေး သင့်တင့်တဲ့နေရာ ၊
မဟာဗျူဟာ လမ်းကြောင်းသင့်မယ့် နေရာတွေကိုရွေး ၊ ထောင်ကဏန်းလောက်ရှိတဲ့ အစုအဖွဲ့
တွေလောက်နဲ့ ယာဉ်ယန္တယား အမြောက်လက်နက် လိုအပ်တဲ့ လေကြောင်းအကူအပါဝင်
ဘက်ညီတဲ့ လှုပ်ရှားမှုတွေသုံးပြီး မြန်မာစစ်တပ်ကို ဖြိုချသွားလို့ ရပါတယ် ။

   ဒီဖက် စစ်သား တစ်သန်းရှိလို့ သူတို့လည်း စစ်သားတစ်သန်းနဲ့ လာစရာမလိုပါဘူး ။ တစ်သန်း
ဆိုတာဟာ တစ်ပြည်လုံးကို ဖြန့်ချထားရမှာကြောင့် ထောင်ကဏန်းတွေပဲ ခွဲချထားလို့ ရပါမယ် ။
ရုတ်တရက်ဖြစ်တဲ့ အခြေနေမျိုးမပြောနဲ့ ခုနေခါ ပြည်တွင်းစစ်မှာတောင် နေရာချပြီး ကျွံထားပြီး
သား တပ်တွေကို နှုတ်ချင်သလိုနှုတ် ပို့ချင်သလိုပို့ လုပ်လို့ မရပါ ။ စီးပွားဘဏ္ဍာ နည်းပါးတဲ့နိုင်ငံ
မှာ ယန္တယားတွေ နည်းပါးတာကလည်း လိပ်နဲ့အပြေးပြိုင်ရသလို အခြေနေမျိုးကို တွန်းပို့ပါတယ် ။
ဦးရဲထွဋ်အနေနဲ့ ဒါတွေကို မသိလို့မဟုတ်ပါ ၊ သို့သော် ဘသားယိမ်းပြီး ဒီမိုကရေစီစနစ်ဆီ သွား
နေရင်းက ၊ ဦးထိပ်ကနေ ဦးဏှောက်အက်ကြောင်းလေးတွေ ရှိနေတယ်ဆိုတာ မှတ်တမ်းတင်
ထားလိုက်တာပါ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 (၈)  Wonder Woman

    ခုမှ ကြည့်မိလို့ မှတ်ချက်တိုလေးနဲ့ ရှယ်လိုက်ပါတယ် ။

    ပထမဆုံး - ကော်မရှင် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပြောပုံဆိုပုံတွေကို ကြည့်မိတာ နည်းနည်း
လန့်သွားတယ် ။ (အမှန်ကတော့ တော်တော်လေး လန့်သွားတာပါ) ။ ပြောသွားတာတွေက ရန်မ
တွေ့ရုံတမယ်ပဲ ။ မျှမျှတတ သဘာဝရှိရမယ့်သူ တစ်ယောက်အနေနဲ့ 'ဂရုစိုက်စရာ မလိုဘူး' ဆိုတဲ့
စကားမျိုးအပါဝင် အထင်တွေရော အမြင်တွေပါ ရောပြောသွားတာ သတိထားမိတယ် ။ ဒီလိုလူ
တွေနဲ့ ကော်မရှင်ဖွဲ့ရင်တော့ တစ်ဖက်ဖက်က နစ်နာရဖို့ အခွင့်အလမ်း အင်မတန်များတယ် ။

    ဒုတိယ - တရုတ်ပြည်မှာ ယူနက်စကို ဌာနေကိုယ်စားလှယ် သွားလုပ်ခဲ့ဖူးတဲ့ သူတစ်ယောက်

အနေနဲ့ မတူညီတဲ့ ဓလေ့တွေ ၊ ပဋိပက္ခ ဖြေရှင်းမှု အလေ့အထ လုပ်ငန်းစဉ်တွေကို နားလည်လက်
ခံမှု နည်းပါးနေတယ်လို့ မြင်ပါတယ် ။ (ကွင်းလုံးကျွတ် မှားနေတယ်လို့ ပြောတာတော့ မဟုတ်ပါ) ။

    တတိယ - လူဟောင်း ၊ စနစ်ဟောင်း ၊ ဥပဒေဟောင်း ၊ စိတ်ဓါတ်ဟောင်းတွေကို ရောင်ပြန်ဟပ်

ပြသွားတယ်လို့ သုံးသပ်မိတယ် ။

    ခြုံငုံပြောရရင်တော့ ပဋိပက္ခကို ခုလို ဒေါင်းတင်မောင်းတင်နဲ့ ဘွိုင်လာအိုးမီးထိုးသလို ဟန်ပန်

မျိုးနဲ့ ဖြေရှင်းဖို့ မသင့်တော်ပါ ။ မငြိမ်းနိုင်ပါ ။

    ထပ်ဆင့် မှတ်ချက်ပေးချင်တာက -
 
     *  ကိုယ့်ဖက်က ပိုင်ပြီဆိုရင် - နိုင်ငံတကာအလယ်မှာ ဘင်္ဂလားဒေ့ရှ်ကို ဗြောင်စိန်ခေါ်ပစ်

        လိုက်ပါ ။
     *  ခိုးဝင်လာခဲ့တယ် ဆိုရင် ၊ သူတို့မျိုးဆက်တွေကို ဘယ်လို လုပ်မှာလဲ ။ လူကို လူလိုမထင်

        တဲ့ နိုင်ငံဖြစ်ကြောင်း သက်သေထပ်ပြဖို့ လုပ်ဦးမှာလား ။
     *  ဗမာစကား မပြောတာ အပြစ်လား ။

 
     *  ကျိုးကြောင်းနဲ့ ဖြေရှင်းပါ ။ ဥပမာ - နတ်စားသူကို သူတို့နတ်စင်ရှိတဲ့ ရွာထိပ်က လက်ပံ

        ပင်ကြီးကို ခုတ်လှဲလိုက် ၊ အပင်က အိုနေပြီ ၊ အန္တရာယ်ရှိတယ်လို့ - အစမရှိ အဆုံးမရှိ
        သွားလုပ်လို့ မရပါ ။ နတ်မကိုင်ကြောင်း ၊ နတ်မကိုင်အောင် လုပ်လို့ရကြောင်း ၊ လိုအပ်
        တာတွေ ကူညီပေးပါမယ် စသည်ဖြင့်မှ အထောက်ကူ မပေးနိုင်ပဲနဲ့တော့ ကိုယ့်အိမ်မှာ
        ကိုယ်ထိုင်နေတာက ပိုကောင်းပါတယ် ။
 
     *  တိုင်းရင်းသားနဲ့ နိုင်ငံသား ဘာအခွင့်ရေး ကွာသလဲဆိုတာ ရှင်းပေးနိုင်ရင် ပိုကောင်းပါမယ် ။

        အရည်မရ အဖတ်မရ တိုင်းရင်းသား မဟုတ်ကြောင်း ငြင်းနေကြရတာ အကျိုးမရှိပါ ။ (အ
        ပေါ်က ဗီဒီယိုထဲကလို မဖြေရှင်းဖို့တော့ လိုနိုင်ပါတယ်) ။
     *  အခြားနိုင်ငံတွေမှာ (အထူးသဖြင့် ထိုင်းနိုင်ငံမှာ) မွေးဖွားသူတွေအတွက်လည်း စဉ်းစားကြ

        ပါ ။ သူတို့လည်း အခွင့်လမ်းတွေ အများကြီး ဆုံးရှူံးနေတယ် ။ နောက်ပြီး ဟိုမှာမွေးပြီး ဟိုမှာ
        ကြီးပြင်းသူတွေကို တစ်ဖက်သတ်ချည်း ချစ်ပြနေလို့ မရပါ ၊ သူတို့ရောက်နေတဲ့ နိုင်ငံဟာ သူ
        တို့ဘဝပါပဲ ။


          ဆိုချင်တာက လူမှုရေးဆိုင်ရာ ဖြေရှင်း ညှိနှိုင်းစရာတွေက သောင်းခြောက်ထောင်ပါ ။ ၉၆
        ပါးပျောက်ဆေးလို ဖြေရှင်းနိုင်တဲ့ အဖြေတွေ မရှိသေးတာကြောင့် ရခိုင်တစ်ဖက်ပဲ အာရုံစိုက်
        မနေပဲ ၊ တကယ်လိုအပ်တဲ့ နေရာတွေကိုလည်း ဝိုင်းတွေးကြပါ လို့ပါ ။

(ရခိုင် အမျိုးသားတွေကိုလည်း အားနာတယ် ။ သို့သော် ချကြ သတ်ကြ ဆဲကြ မဆက်ဆံကြရုံနဲ့ ပြီးမသွားနိုင်တာကြောင့် ထွက်ပေါက်တွေကို ရှာရဖွေရမှာတော့ အမှန်ပဲမို့ စိတ်အေးအေးထားဖို့ လိုတယ်ဆိုတာတော့ သေချာပါတယ် ။ နွံတောထဲမှာ ရုန်းကန်တွန်းထိုးရင် မြုပ်ပြီးရင်းမြုပ်နိုင်ပြီး ၊ အသာအယာ လှုပ်ရှားမှသာလျင် သက်သာရာရတာမျိုးကို နမူနာယူလို့ ရနိုင်ကောင်းပါတယ်) ။


  (ထပ်သိလာရတဲ့ အချက်အလက်တွေအရ ၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ်ဟာ နာမည်ကြီး ကိန်းဘ
ရစ်ခ်ျတက္ကသိုလ်ဆင်း ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ၊ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ချွေးမတော်ခဲ့တယ်
လို့ ဆိုပါတယ်) ။ 

၁၄.၀၅.၂၀၁၃
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


1 comment:

  1. ကိုးဒီသွေးကမှတ်ချက်။

    အပေါ်မှာကြည့်။
    စိတ်အ၇င်းခံတွေနဲ့ ဆွေးနွေးသွားကြတာ။

    စိတ်ထားမှန်မှန် သတိ၇ှိ၇ှိနဲ့ ဆွေးနွေးယိုင်းပင်းကြ၇င် အကောင်းဆုံးပဲ။
    အကျိုးလည်း၇ှိတယ်၊ ကြားက အဆင်းဘီးတပ်ပေးတဲ့ကောင်တွေလည်း အလုပ်မဖြစ်ဘူး။

    က၇င်တွေ စည်းလုံးဖို့မလိုဘူး၊ စိတ်ဝမ်းမကွဲဖို့ပဲလိုတယ်။
    သွားတဲ့လမ်း တူစ၇ာမလိုဘူး၊ ဦးတည်၇ာ တစ်ဖက်ထဲဖြစ်၇င်၇ပြီ။
    သူများကိုစောင့်စ၇ာမလိုဘူး၊ ကိုယ်လုပ်သင့်တာလုပ်၇င် ပြည့်စုံပြီ။
    ကိုယ့်ကိုဒုက္ခပေးဖို့ကြိုးစားသူတွေကို ပြန်ဒုက္ခပေးစ၇ာမလိုဘူး၊
    ကိုယ့်ကိုယ်ကိုကာကွယ်၇င်၊ အချင်းချင်းယိုင်းပင်း၇င် လုံလောက်ပြီ။

    အောဆွန့်လားဆိုက်ဒ် ထီသိုသီး
    Anonymous 1

    ReplyDelete