ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Friday, April 5, 2013
တွင်းနက်နဲ့ မှတ်စုတိုစများ
  ဒီစာရဲ့ ရည်ရွယ်ရင်းက တလောက မိတ္ထီလာအရေးနဲ့နွယ်ပြီး မြင်တာလေး အနည်းကျဉ်းကို တွဲစုပြီး
စာလေးတချို့ တို့ထားဖို့ပါ ။
  မြန်မာပြည် လူ့အသိုင်းဝိုင်းအတွင်းမှာ နီးလျက်နဲ့ဝေးပြီး ဒဏ္ဍာရီဆန်နေကြရာက ၊ သူ့အကြောင်း
ကိုယ်မသိ ကိုယ့်ကိုသူက သံသယပွား နေကြတာတွေထဲက တစ်ချို့တစ်ဝက်ကို နည်းကောင်းနည်း
အောင် လုပ်နိုင်လေမလားဆိုတဲ့ အတွေးလည်း ပါပါတယ် ။ ဒီနေရာမှာ ဘာသာရေး ၊ လူမျိုးရေး ၊
နိုင်ငံရေး တွေကစလို့ စုပေါင်းဖြစ်တည်လာခဲ့တဲ့ ကြိုတင်မျှော်မှန်းလို့ မရတဲ့ မုန်းတီးမှုအမိုက်မှောင်
ကြီးကို တွင်းနက်နဲ့ တင်စားထားလိုက်တာပါ ။
  ငယ်ငယ်တုန်းကတော့ ကြွက်တွင်းထဲ ရေလောင်းထည့်ဖူးတယ် ။ အချို့သိကြသလို ပြည့်ဖို့မလွယ်
တဲ့ ကြွက်တွင်းပါပဲ ။ သို့သော် ကျနော်က မလျှော့တမ်း ရေပိုက်နဲ့ လောင်းထည့်လိုက်တာ နောက်
ဆုံးတော့ တွင်းရေလျှံပြီး ကြွက်တွေ ပြေးထွက်လာခဲ့ဖူးတယ် ။ ခု အသက်ရလာတဲ့ အချိန်မှာတော့
အောင်မြင်မှုဟာ အဲသည်လောက် လွယ်မှာတော့မဟုတ်ပါ ။ အုတ်တစ်ချပ် သဲတစ်ပွင့်လောက်ပဲ
မျှော်လင့်လို့ ရပါလိမ့်မယ် ။
  များမကြာခင်က မိတ်ဆွေတစ်ယောက်နဲ့တွေ့ရင်း ကသုတ်ကယက် စကားနည်းနည်း ပြောဖြစ်
တယ် ။ သူက - ရခိုင်နဲ့စာရင် ဒီတစ်ခါ ဖြစ်တာ သိပ်မဆိုးကြောင်း ၊ ဝိုင်းဝန်းတားဆီးသူတွေ ရှိတဲ့
အကြောင်း ပြောပါတယ် ။ ကျနော့်မှာလည်း စကားတစ်ခွန်း အဆင်သင့် ရှိနေခဲ့ပါတယ် ။ အဲဒါက
တော့ - ခုဖြစ်သွားခဲ့တာဟာ ပြည်မထဲမှာဖြစ်လို့ ၊ တစ်နည်းအားဖြင့် ရခိုင်တုန်းက အဝေးကနေ
မမြင်ရပဲ အလွယ်တကူ မီးဝိုင်းတိုက်ခဲ့ကြပေမယ့် ခုတော့ ကိုယ့်ရှေ့တင် အနိဌာရုံတွေ ဖြစ်လာ
တာကြောင့် ထင်ရာစိုင်းဖို့ မဖြစ်နိုင်ပဲ အရှိန်သတ်ကြတာပါ - လို့ပါ ။ ဒါဟာ ပြည့်စုံတာတော့ မဟုတ်
ပါဘူး ။ အကျယ်ချဲ့ ရှင်းပြဖို့လည်း လိုတာ မှန်ပါတယ် ။ သို့သော် ဒါဟာ အမှန်တရား တစ်စိတ်
တစ်ပိုင်း ဖြစ်တာတော့ သေချာပါတယ် ။
(၁)  ဘယ်သူတွေ ဘာပြော
  အင်တာနက်ပေါ်က စိတ်ဝင်စားမိတဲ့ စကားစတစ်ချို့ကို စုစည်းထားပါတယ် ။ မပြည့်စုံပေမယ့်
အရေးကြီးတဲ့ အချက်တစ်ချို့ကိုတော့ ထင်ဟပ်နိုင်မယ်လို့ ယူဆပါတယ် ။
“မြန်မာပြည်ဟာ ဘာသာရေး လူမျိုးရေး မခွဲခြားတဲ့ တိုင်းပြည်ဆိုတာ တကယ်တမ်းတော့
မဟုတ်။ အထူးသဖြင့် အာဏာပိုင်များတွင် ခွဲခြားရေးစိတ် ပိုရှိသည်။ တောင်ပေါ် မြေပြန့်
လူမျိုးရေးလည်း ခွဲခြားသည်။ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန် တွေက မြန်မာနိုင်ငံအပေါ် သ
စ္စာမရှိသလိုလို၊ ရာနှုန်းပြည့်  မြန်မာနိုင်ငံသား မဟုတ်သလိုလိုလည်း လုပ်တတ်သေးသည်။"
"အခုလို အတိုင်းတာမရှိ ရေးနေ ဝေနေတာတွေ အကုန်လုံးက ကမ္ဘာ့အဖွဲ့စည်းတွေမှာ
ဘာသာပြန်တွေနှင့် ဖတ်နေတယ်။ ကမ္ဘာကြီးက မအဘူးဆိုတာ သိစေချင်တယ်။"
(ရဲမင်းထွန်း)
 Ko Watote - ကျနော် မြင်တာက ၉၆၉ ဆိုတာ တကယ်တော့ စစ်အုပ်စုက
တိုင်းပြည်ထဲ မွတ်စလင်ဆန့်ကျင်ရေးစိတ်ဓာတ် ဘယ်လောက်ရှိသလဲ survey
လုပ်တာလို့ ထင်နေတယ်။ အဲဒီ ဆာဗေးကိုကြည့်ပြီး မိထ္ထီလာလို အဖြစ်မျိုး ဖန်တီး
ဖို့ ဆုံးဖြတ်တာ။
- မြန်မာပြည်မှာ rules of law မရှိ … ဂဏန်းပုံပြင်ထဲကလို ဘယ်သူမှဆွဲချစရာ
  မလိုဘူး။ ကိုယ့်လူမျိုးတွေလုပ်ပေါက်နဲ့ပဲ ရှေ့တိုးဖို့ခက်နေပြီ။
- ဒီမိုကရေစီဆိုတာ ဘာမှန်းနားလည်ဖို့ အခြေခံပညာကအစ အားနည်းနေတဲ့လူ
  အုပ်ကြီးရဲ့ပြဿနာကို ပိုသတိထားမိဖို့ကောင်းနေပြီ။
- ဘုန်းကြီးတွေကိုလည်း IC လုပ်ထားပြီးသင်္ကန်းမှာဖြစ်ဖြစ်၊ နံပါတ်ထိုးထားဖို့
  ကောင်းနေပြီ။
- နယ်တစ်နယ်မှာ မူဆလင် ၁၀၀ လောက်သေတာဟာ ပျော်စရာကောင်းတယ်
  ထင်ရင်၊ နောက်တစ်နယ်မှာ ဗုဒ္ဓဘာသာ ၁၀၀ သေတာဟာလည်းပျော်စရာပဲ။
  နောက်တစ်နယ်မှာ ခရစ်ယာန် ၁၀၀ သေတာဟာလည်း ပျော်စရာပဲ။ နောက်
  ထပ်တစ်နယ်မှာ ဟိန္ဒူ ၁၀၀ သေတာဟာလည်းပျော်စရာပဲ။ နောက်ထပ် တစ်
  နယ်မှာ ဘာသာမဲ့ ၁၀၀ သေတာဟာလည်း ပျော်စရာပဲဖြစ်သင့်တယ်။ ဒီလိုမ
  ပျော်နိုင်ရင်တော့ လူ့အသိုင်းအဝိုင်းကို ကာကွယ်ရမယ်။
- အဲဒီလောက်အားနေတဲ့သူတွေ ရှိနေတာကိုက ကမ္ဘာ့အံ့ဖွယ်တစ်ရပ်လို့ထင်မိ
  ပါတယ်။ (The Gardener)
(၂)  ၉၆၉ နဲ့ ၇၈၆
  ပထမ ၇၈၆ ကို ပြောချင်တယ် ။
  ကျနော်မြင်တာတော့ မွတ်ဆလင်တွေ ၇၈၆ အားပေးတယ်ဆိုတာ အဓိက ထ္မင်းဆိုင်တွေပါ ။
အခြား ကုန်ပစ္စည်းတွေကတော့ အပြန်အလှန် ရှိတာချည်းပါ ။ ဘာသာရေးသတ်မှတ်ချက်အရ
ဟာလာ (halal) ဖြစ်တဲ့အစာကို လိုက်နာစားသောက်ဖို့ စိတ်သန်သူတွေအနေနဲ့ မွတ်ဆလင်
ဆိုင်ကိုမှ ရွေးချယ်စားကြတာကို ဘာမှ မှားတယ်လို့ မမြင်ဘူး ။ ဗုဒ္ဓဘာသာမှာ သာသနာဘောင်
ဝင်မှသာ ဝိနည်းတွေကို စောင့်ထိန်းဖို့ လိုအပ်လာပေမယ့် ၊ မွတ်ဆလင်မှာတော့ ဘာသာဝင်တိုင်း
အတွက် သတ်မှတ်ချက်ဖြစ်တာကြောင့် လိုက်နာဖို့ ကြိုးစားကြတယ်လို့ နားလည်မိတယ် ။ မွတ်
ဆလင် မိတ်ဆွေတွေထဲမှာ တစ်နေ့ငါးကြိမ်ဝတ်ပြုပြီး တရားစောင့်ထိန်းသူနဲ့ အတူနေဖူးသလို ၊
မနက်မိုးလင်းကတည်းက အသားပေါ်ကျရင်တောင် အသားကို လှီးထုတ်ပစ်ရမယ်လို့ သွန်သင်
ထားတဲ့ အရက်ကို ၊ မနက်ကတည်းက စသောက်တဲ့ ရခိုင်ဖက်က မဟာမေဒင် လုပ်ဖေါ်ကိုင်ဖက်
မျိုးနဲ့လည်း ကြုံဆုံခဲ့ရဖူးပါတယ် ။
  သူတို့ရဲ့ ကောင်းတဲ့အပိုင်းကို သင်္ခန်းစာယူပြီး အားကျမခံ လုပ်ချင်တယ်ဆိုရင် ဝိနည်း ၂၂၇ သွယ်
ကိုယူပြီး “၂၂၇” ထ္မင်းဆိုင်တွေ လုပ်ချင်သလား ၊ လုပ်လို့ရပါတယ် ။ ဒါမှ မကျေနပ်သေးရင် - ဘု
ရား တရား သံဃာ မိဘ ဆရာတွေကိုယူပြီး “၅” ၊ ငါးပါးသီလ “၅” နဲ့ ရှစ်ပါးသီလ“၈” တွေကိုပေါင်း
ယူပြီး “၅၅၈” ဆိုပြီး သတိဝိရိယ နည်းသူတွေကို သတိပေးတဲ့အနေနဲ့ လုပ်ရင်လည်းပဲ ကျနော့်အ
တွက်က ပြဿနာမရှိပါ ။ ဒါပေမယ့် သွေးထိုးတာတွေ ၊ ခြိမ်းခြောက်တာတွေ ၊ ခွဲခြားတာတွေ ဝင်
လာရင်တော့ ကျနော့်အနေနဲ့ မြင်မြင်တဲ့အတိုင်း ပြောမိမှာတော့ သေချာပါတယ် ။
  ဝမ်းနည်းစရာကတော့ - လက်တွေ့ဘဝမှာရော လူမမြင်ရတဲ့ အင်တာနက်ထဲမှာပါ ယဉ်ကျေးတဲ့
လူ့အဖွဲ့စည်းတွေနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ အင်မတန်နိမ့်ပါးတဲ့ အသုံးအနှုန်းတွေနဲ့ မြိန်ရည်ယှက်
ရည် သုံးစွဲပြောဆိုတဲ့အပြင် ၊ အပြင်မှာလည်း အကောင်ထည်ဖေါ်ဖို့ ကြိုးစားနေကြတာကိုပါ ။
  ဒီလို အခြေနေမျိုးမှာ သြဇာရှိတဲ့ သံဃာတွေရဲ့ ကဏ္ဍဟာလည်း အရေးပါလာပါတယ် ။ အနည်း
ဆုံးတော့ လောကီရေးရာမှာ ထဲထဲဝင်ဝင် ဝင်ရောက်ယှက်နွယ်တဲ့ သံဃာတွေကို ဖျောင်းဖျဖို့ လို
မလို တွေးချင့်သင့်သလို ၊ ၉၆၉ အမှတ်သားနဲ့ ပတ်သက်လို့လည်း သင့်၏မသင့်၏ကို တရားအ
မြင်နဲ့ မိန့်မှာမှုတွေ လုပ်သင့်လိမ့်မယ်လို့ ယူဆပါတယ် ။ သို့သော် အတူယှဉ်တွဲ နေထိုင်လာခဲ့ကြ
တဲ့ လူမှုအသိုင်းဝိုင်းတွေထဲ ၊ ဧည့်သည်-အိမ်ရှင် ဆိုတဲ့ အယူဆမျိုး ပေါ်လာစေခဲ့တာမျိုးကတော့
စိတ်မကောင်းစရာပါ ။
(၃) မွတ်ဆလင်တွေရဲ့ ကဏ္ဍ
  ပထမဆုံး ၊ ထင်သာမြင်သာမှု မရှိတာဟာ မြန်မာပြည်လူမှုအသိုင်းဝိုင်းထဲမှာ မူဆလင်တွေရဲ့ ပြ
ဿနာ သို့မဟုတ် စိန်ခေါ်မှုတစ်ခုလို့ ထောက်ပြချင်ပါတယ် ။ ကျနော်ကြုံတိုင်း ပြောဖြစ်တာက
တော့ - မွတ်ဆလင်တွေဆီမှာ ဘာသာနဲ့ ယဉ်ကျေးမှုဟာ တစ်ပေါင်းထဲ ဖြစ်နေတဲ့ ကိစ္စပါ ။ (ဒါ
ကျနော့်စကား မဟုတ်ပါ ၊ ပညာရှင်တွေက ပြောတာပါ) ။ ဒီနေရာမှာ စိန်ခေါ်မှုက စပါတယ် ။
  ဘာသာစကားနဲ့ပတ်သက်တဲ့ သုတေသနတစ်ခုအရ - အနောက်တိုင်းသားတွေဟာ ဒဲ့ဒိုးပြော
ပါတယ် ။ အာရှအရှေ့ဖက်က လိုရင်းမပြောပဲ လှည့်ပတ်ပြီးတော့ ရှည်ကြာနေလေ့ ရှိပါတယ် ။
အရှေ့အလယ်ပိုင်းက (အထူးသဖြင့် မွတ်ဆလင် အာရပ်) လူမျိုးတွေကျတော့ ဘာသာရေး စ
ကားတွေကို ကြားညှပ်ပြီး (အုတ်ကြွပ်မိုးလို) အလွှာလိုက် ပြောတတ်ကြောင်း တွေ့ရပါတယ် ။
  ဒီ မွတ်ဆလင်ဘာသာဝင် အာရပ်လူမျိုးတွေဆီက လက်ဆင့်ကမ်းရယူခဲ့တာကြောင့် ၊ မြန်မာ
ပြည် မွတ်ဆလင်တွေ စကားပြော စာရေးရာမှာလည်း အလားတူပဲ အချို့မြန်မာပြည်သားတွေ
နားမယဉ်တဲ့ စကားလုံးတွေ ပါလာတတ်တာ သတိထားမိပါလိမ့်မယ် ။ ယဉ်ကျေးမှုလည်း မနီး
စပ်လှတာကြောင့် (ဧစ်နေ့မှာ အလကားရတဲ့ အမဲသားတွေကို စားတာကလွဲရင်) ဗလီထဲလည်း
မရောက်ဖူးကြ ၊ မွတ်ဆလင်တွေနဲ့လည်း အတူမနေကြတာကြောင့် မွတ်ဆလင်တွေရဲ့ဘဝဟာ
ဘာသာခြားတွေအတွက် ဒဏ္ဍာရီဆန်လာပါတယ် ။ အာရပ်တွေရဲ့ မွေးမြူရေးနဲ့ အသက်မွေး ရှင်
သန်ခဲ့ကြတာကြောင့် အသားဟာ မရှိမဖြစ် အစာဖြစ်ပြီး ၊ ရေခဲသေတ္တာ မရှိခဲ့တဲ့ဒေသမှာ အပုပ်
မြန်စေတဲ့သွေးကို တိရိစ္ဆာန်တွေရဲ့ကိုယ်ထဲက အကုန်ထုတ်ယူတဲ့နည်း ဖြစ်တဲ့ လည်လှီးတာတွေ
ဟာလည်း မြန်မာပြည်မွတ်ဆလင်တွေဆီ ယဉ်ကျေးမှုအဖြစ် လက်ဆင့်ကမ်းလာတာမျိုးကို နား
လည်မှုတွေလည်း နည်းပါးကြတာ တွေ့နေရပါတယ် ။
(၄)  ကြောက်စိတ်လွန်ကဲမှု (phobia) နဲ့ အစွန်းရောက်မှု
  လောကမှာ ကိုယ်မသိတဲ့အရာတွေနဲ့ပတ်သက်ပြီး စိတ်ထဲဝင်လာတတ်လေ့ရှိတာကတော့
ကြောက်စိတ်လွန်ကဲမှု (phobia) ပဲ ဖြစ်ပါတယ် ။ ဒါဟာ သဘာဝပါ ။ ဒီအနေထားမှာ အစွန်း
ရောက်မှုတွေနဲ့ ပေါင်းစပ်မိတဲ့အခါ ၊ အကြမ်းဖက်မှုတွေအထိ ဖြစ်သွားတတ်တယ်လို့ ပြောလို့
ရပါတယ် ။ ဒါကြောင့်လည်း ဟိုးတစ်လောက မန္တလေးမှာ မွတ်ဆလင် ဘာသာရေးခေါင်းဆောင်
တွေကနေ အခြားဘာသာဝင်တွေကို ဗလီတွေဆီ လာကြည့်ကြဖို့ ဖိတ်ခေါ်ပြခဲ့တာဟာ လုပ်
သင့်တဲ့ အလုပ်တစ်ခုပါ ။
  ကြောက်စိတ်လွန်ကဲမှုနဲ့ အစွန်းရောက်မှုတွေအကြောင်းကို သိသမျှ အသေးစိတ်ရေးရင် အင်
မတန် ရှည်လျားနိုင်လို့ ကျနော့်ရဲ့ မှတ်ချက်ဟောင်းတစ်ခုနဲ့ပဲ ပုံဖေါ်ပြချင်ပါတယ် ။
"မွတ်ဆလင် အစွန်းရောက်မှုတွေ ၂၀ ရာစု အစပိုင်းကစပြီး ပေါ်လာခဲ့သလို ၊ ၂၀
ရာစုနှောင်းပိုင်းမှာ ဟိန္ဒူစစ်သွေးကြွတွေ ထုနဲ့ထည်နဲ့ ဖြစ်လာခဲ့တယ် ။ Rashtriya
Swayamsevak Sangh (RSS) လိုအဖွဲ့နဲ့ ပတ်သက်ပြီး documentary တွေ ကြည့်
ဖူးရင် အိန္ဒိယက ဟိန္ဒူ စစ်သွေးကြွတွေအကြောင်း နားလည်ဖို့ ပိုလွယ်ပါတယ် ။
မြန်မာပြည်က ညီအစ်ကိုများထဲက အချို့ကတော့ သိရိလင်္ကာ ဗုဒ္ဓဘာသာဝင် အချို့
နဲ့အတူ သမိုင်းသစ်ရေးဖို့ ကြိုးစားနေကြတယ် ။ အမည်းပေါ် အဖြူတစ်စက်တင်ပြီး
အဖြူလို့ ထင်စေချင်သလိုမျိုး ၊ သွေးဆာနေတဲ့ အစုအဖွဲ့တွေရဲ့အပေါ်မှာ ဘာသာရေး
ဆိုတဲ့ ငြိမ်းချမ်းရေးတံခွန်ကို လွှင့်ထူပြထားပြီး စင်ကြယ်သူတွေအဖြစ် မြင်စေချင်သူ
တွေ ရှိတယ် ။
သို့သော် ဘာသာရေး တစ်ခုထဲအပေါ် တည်မှီပြီး တွက်ချက်မယ်ဆိုရင်တော့ ပြည့်
စုံမှာတော့ မဟုတ်ဘူး ။ လူမျိုးရေးဆိုတာလည်း အများကြီး အရေးပါပါသေးတယ် ။
အခြား ဒေသ ၊ နောက်ခံသမိုင်း ၊ ထိတွေ့ ဆက်စပ် ကျင့်သုံးနေတဲ့ ဓလေ့ထုံးစံ
ယဉ်ကျေးမှုတွေကိုလည်း ပယ်ထားလို့ မရနိုင်တာ သေချာတယ် ။ အဲဒီကမှ အခြေ
ခံအကျဆုံး လူ တစ်ဦးတစ်ယောက်စီရဲ့ အတ္တအပေါ် အခြေခံတဲ့ စိတ်ထားတွေအ
ထိ တစ်စစီ ပိုင်းဖြာကြည့်နိုင်မှလည်း အဆုံးသတ်ကောင်းမယ့် အဖြေတွေ ထုတ်
နိုင်လိမ့်မယ် ။
အဲဒါတွေနဲ့ပတ်သက်လို့ ဥပမာ အိန္ဒိယဆိုတာဟာ princely states လို့ခေါ်တဲ့ မတူ
တဲ့ နယ်ပယ်ပေါင်း ၅၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားခဲ့တယ် ဆိုတာမျိုးကို သိရင် ၊ အယ်
ကေဒါလို ကျစ်လျစ်ပါတယ်ဆိုတဲ့ ယုံကြည်မှုပြင်းထန်တဲ့ အကြမ်းဖက်အဖွဲ့ကစလို့
မြန်မာပြည်အစိုးရနဲ့ ခန့်အပ်ထားတဲ့ဝန်ထမ်းအလယ် တော်လှန်ရေး လုပ်နေကြပါ
တယ်ဆိုတဲ့ အဖွဲ့စည်းတွေအဆုံး လူမျိုး ဘာသာ နယ်မြေ သွေးသားစပ်မှု စတာတွေ
အပေါ် အခြေခံပြီး အမျိုးမျိုး ဖြစ်ပျက်နေကြတာတွေကို ကြည့်မြင်တတ်ရင် နမူနာ
တွေ အများကြီးတွေ့နိုင်တယ် ။ ကြီးတာ သေးတာသာ ကွာတာပါ ။”
  ဒါဟာလည်း ကျနော့်က စုစည်းပြီး မှတ်ချက်အဖြစ် ရေးထားရုံပါ ။ ကျနော့် ကိုယ်ပိုင်တီထွင်
ထားတာတွေ မဟုတ်ပါဘူး ။
  အစွန်းရောက်ကြရာမှာ မြန်မာပြည်က လူများစု ဗုဒ္ဓဘာသာဝင်တွေထဲကတင် မကပါဘူး ။
မွတ်ဆလင်တွေထဲမှာလည်း Islamic caliphate ကို မျှော်လင့်နေသူမျိုးလည်း ရှိကြတယ်လို့
နားလည်ရပါတယ် ။ ကျနော် ထောက်ပြချင်တာကတော့ - အစ္စလာမ်ဘာသာဟာ ယဉ်ကျေး
မှုနဲ့ တွဲလျက်ရှိနေတာ မှန်ပါတယ် ။ သို့သော် ရှည်ရှည်ဝေးဝေးမဟုတ်ပဲ ၊ အရှေ့တောင် အာ
ရှကိုပဲကြည့်ရင် ၊ ဒေသအလိုက် ဓလေ့ထုံးတမ်း စိတ်နေစိတ်ထား နိုင်ငံရေး အခြေနေတွေက
ဘယ်လိုမှ Islamic caliphate တစ်ခု ဖြစ်တည်လာဖို့ အခွင့်အလမ်း မရှိနိုင်တာ သတိပြူဖို့
လိုပါတယ် ။ ကြီးပြင်း ရင့်ကျက်လာကြတာနဲ့အမျှ ၊ စိတ်ကူးယဉ်အိပ်မက် (fantasy) တွေကို
အားလုံးအတူတူ လျှော့ချကြဖို့ လိုပါတယ် ။
  ကျနော် ပြောချင်တာက ၊ အဲဒါတွေကို လျှော့ချနိုင်ကြဘို့ဆိုတဲ့ ဖြေရှင်းရေးဖက်ဦးတည်တဲ့ လမ်း
ကြောင်း ။ လက်ခံသူများရင် ၊ မသိသလို လုပ်နေသူတွေများရင် ဒီလိုလူတွေကို အသိုင်းဝိုင်းထဲ
မှာ နေရာပေးတာနဲ့ အတူတူပါပဲ ။ လူတိုင်းလိုလို လက်ချင်းချိတ်ဆက်ပြီး လက်မခံကြောင်း ပြ
နိုင်ရင် ၊ တားဆီးနိုင်ရင် ဒီလိုလူတွေ မှေးမှိန်သွားမှာ သေချာပါတယ် ။ ဒီနေရာမှာ အဲသည်လူ
တွေကို စွန့်ပစ်ဖို့လိုက်ဖို့နဲ့ တိုက်ခိုက်ဖို့တော့ အားမပေးပါဘူး ။
(၅)  လေသူရဲကောင်းများ
  အင်တာနက်မယ် ဝက်သားတုတ်ထိုးပုံတွေတင်ပြီး မွတ်ဆလင်တွေကို ကလေးကလားဆန်ဆန်
တိုက်ခိုက်မှုမျိုးတွေ တွေ့ဘူးကြမှာပါ ။ တကယ်တန်းပြောရရင် ဒါဟာ အော့နှလုံးနာစရာပါ ။ ကျ
နော့် တစ်သက်တာမှာ ဗုဒ္ဓဘာသာဝင်တွေထဲတင် သက်သတ်လွှတ်စားသူ ၊ ဝက်သားမစားသူ ၊
အမဲသား မစားသူ ၊ ငါးမစားသူ ၊ ကြက်ရေခွံကစလို့ အသားငါးအစိတ်ပိုင်း ရွေးရှောင်သူကအစ ၊
ခရစ်ယာန်တွေလို အစာစားကာနီးတိုင်း အာရုံပြုဆုတောင်းသူတွေ အမျိုးမျိုး ကြုံဖူးပါတယ် ။ အ
ကျိုးအကြောင်းနဲ့ အစွဲအမျိုးမျိုး ကိုယ်စီနဲ့ပါ ။ ခင်ဗျားတို့ ကျနော်တို့တစ်တွေ ၊ သည်လိုလူတွေကို
ပါ တစ်ယောက်ချင်း တစ်စုချင်းစီ ခွဲထုတ်ပြီး ၊ ကိုယ့်စိတ်အာသာပြေစေဖို့ ဟာသလုပ် ရှုတ်ချကြ
ဖို့တော့ သင့်မယ်မထင်ပါ ။
  နောက်တစ်ခု ၊ ယေဘုယျပြောရရင် မြန်မာပြည်တွင်းကနေ မထွက်ခွာဖူးသူတွေအနေနဲ့ အတွေ့
ကြုံ အကန့်သတ်ရှိပြီး ၊ လူမျိုး ဘာသာ ယဉ်ကျေးမှု ခြားနားသူတွေကို စာနာဖို့ရာ ပိုပြီး ခက်ခဲ
မယ်လို့ ပြောလို့ ရနိုင်ကောင်းပါတယ် ။ ဒါပေမင့် နိုင်ငံရပ်ခြားမှာ ရောက်ရှိနေထိုင်ပြီးကာမှ မရင့်
ကျက်နိုင် ၊ ကိုယ်ချင်း စာနာစိတ်တွေ မမွေးနိုင်တဲ့အပြင် ၊ ဆူပွက်အောင် သွေးထိုးပေးတဲ့ ရေး
သားလှုံ့ဆော်မှုတွေကို အားတက်သရော လုပ်နေကြတာတွေ့ရတော့ ၊ မြင်ရတာ စိတ်အားတော့
လျော့စရာပါ ။
  ထင်ရှားတဲ့ နမူနာအချို့အနေနဲ့ - ထိုင်းနိုင်ငံ အနုပညာတက္ကသိုလ်တစ်ခုမှာ တက်နေသူလို့ ဆိုထား
တဲ့ ရဲရဲတောက်တစ်ဦးတို့လို ၊ သြစတြေးလျလို လူ့အခွင့်ရေး ကောင်းမွန်တဲ့ နိုင်ငံမှာနေပြီး တိုင်း
ရင်းသားနဲ့ မွတ်ဆလင်တွေကို အင်္ဂလိပ်လို ကြိုးစားပမ်းစား အပုပ်ချနေတဲ့ ကလေးစစ်သားဟောင်း
ကြီးတစ်ဦး တွေကစလို့ ၊ ပြည်တွင်းက ဝါဒဖြန့်ဆိုဒ်တွေနဲ့ အားတက်သရော ကူးယူဖေါ်ပြနေကြ
သူတွေကလည်း ဒုနဲ့ဒေးပါ ။
  ဒါတွေဟာ စနစ်ကြောင့်လို့ အလွယ်တကူ အပြစ်ပုံချလို့ ရပါတယ် ။ သို့သော် စနစ်ဟာ ဖြစ်စဉ်
တစ်ရပ်ကို ပုံဖေါ်နိုင်ပေမယ့် ၊ လူသားတိုင်းရဲ့ ရှာဖွေသိမြင်နိုင်မှုနဲ့ တွေးခေါ်မြှော်မြင်နိုင်စွမ်းတွေကို
မတားဆီးနိုင်တာကြောင့် လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု မဟုတ်တာကိုတော့ သတိထား
စေချင်ပါတယ် ။
  တစ်ဆက်ထဲမှာ သတိပြုစရာက - တိုင်းရင်းသားတွေဟာလည်း မျက်စိဒေါက်ထောက် ကြည့်
နေကြပါတယ် ။ မြန်မာပြည်ကို ဗမာဗုဒ္ဓဘာသာဝင်တွေအတွက် သီးသန့်ဖြစ်စေဖို့ ကြိုးပမ်းချက်
မျိုးတွေဟာ ၊ နိုင်ငံရဲ့ တည်ငြိမ်မှု ငြိမ်းချမ်းမှုနဲ့ တည်မြဲမှုတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါ
တယ် ။ ဒါကိုလျှော့တွက်ပြီး ၊ အမြဲလိုပဲ အင်အားသုံးပြီး နှုတ်ပိတ်ပစ်ရင် ရတာပဲဆိုတဲ့ စိတ်ထား
အခြေခံမျိုးနဲ့ကတော့ ၊ ဆန့်ကျင်ဖက် အဖြေနဲ့ ရလာဒ်တွေကိုသာ ဦးတည်ပါလိမ့်မယ် ။
ဒါတွေနဲ့ ပတ်သက်လို့ မှတ်သားစရာ စာလေးတစ်ပိုဒ်ကို ကူးယူထားပါတယ်။
“How can you have peace and democracy when one-third of the
country hates you?”
(နိုင်ငံရဲ့ သုံးပုံတစ်ပုံကနေ ခင်ဗျားတို့ကို မုန်းတီးနေချိန်မှာ ခင်ဗျားတို့ကနေ ငြိမ်း
ချမ်းရေးနဲ့ ဒီမိုကရေစီကို ဘယ်လိုရနိုင်မှာလဲ) ။ (Tom Kramer)
  တစ်ဆက်ထဲ တိုင်းရင်းသားတွေရဲ့အမြင်ကို အပြည့်ဝ ကိုယ်စားမပြုပေမယ့် ၊ သတိပြုစရာ အ
မြင်လေး တစ်ခုကိုလည်း အောက်ကအတိုင်း တွေ့မိပါတယ် ။
“ကျနော်တို့ကနေ ညီမျှတဲ့ နိုင်ငံသားတွေအဖြစ် ဆက်ဆံခံရဖို့ မျှော်လင့်ခဲ့တယ် ။
ပြီးတော့ ကျနော်တို့ ဘာသာရေး လွတ်လပ်မှုအချို့ ရမယ်လို့ မျှော်လင့်ခဲ့တယ် ။
ကျနော်တို့ မျှော်လင့်ခဲ့တာ သိပ်များသွားတယ်” ။
(၆)  ၾသစေၾတးလ် နမူနာ
  ကိုယ်တွေ့အပေါ် မူတည်ပြီး ပေးထားတဲ့ အတိုချုပ် မှတ်ချက်တစ်ခုကို ကူးယူလာပြီး အောက်
မှာ အမြည်းသဘောလေး ထည့်ပေးထားပါတယ် ။
"သြစတြေးလျလည်း ဘုန်းဘုန်း(Ven Ravika) ပြောသလိုပါပဲ ၊ (ဘာသာရေးနဲ့
ပတ်သက်ပြီး) အသံနဲ့ လုပ်ပုံကိုင်ပုံတွေအပေါ် သတ်မှတ်ချက်တွေ ရှိပါတယ် ။
အထူးသဖြင့် လူနေရပ်ကွက်ထဲက ဘုရားကျောင်း ၊ ဘုန်းကြီးကျောင်း ၊ ဗလီ
ဘယ်ဘာသာရေးကျောင်းမဆို သတ်မှတ်ထားတဲ့ အသံစံနှုန်းကို ကျော်ခွင့်မရှိ
ပါဘူး ။ ပြီးရင်လည်း (ဘာသာရေး အဆောက်အဦကို) အသုံးပြုချိန် ၊ တစ်နည်း
အားဖြင့် လူစုလူဝေးလုပ်ချိန်ကိုလည်း ည ၁၂ နာရီ ထင်ပါတယ် ၊ ကျော်လွန်
လို့ မရပါဘူး ။
 ဒီမှာ အကယ်၍များ ၊ ဟာ .. ငါတို့ ခရစ်ယာန်က လူများစုကွဆိုပြီး ခေါင်းလောင်း
ကြီးတွေနဲ့ ဒေါင်ဒင် ဒေါင်ဒင်လုပ်ပြီး သွေးတိုးစမ်းလို့ကတော့ ၊ ရဲကနေ လာသတိ
ပေးပါလိမ့်မယ် ။ လူစုလူဝေး ထိန်းချုပ်ရေး လုပ်ငန်းစဉ် စလာပါလိမ့်မယ် ။ ဘယ်
ဘာသာ အဖွဲ့အစည်းမှလည်း နာမည်ပျက် မခံကြပါဘူး ။ တူညီတဲ့ ဥပဒေနဲ့ အ
ပြန်လှန် လေးစားမှုတွေအောက်မှာ ကိုယ်ယုံကြည်ရာကို ဆည်းကပ် ကျင့်ကြံကြ
တာပါပဲ ။
နောက်ထပ် တွေ့မိတာကတော့ ၊ တက္ကသိုလ်တွေမှာလည်း ဘာသာရေး ဝတ်ပြု
ဆောင်တွေ ထားပေးပါတယ် ။ တစ်ခု ထူးတာက ၊ ဘာသာတစ်ခုအတွက် သီးခြား
ထားပေးတာ မဟုတ်ပဲ ၊ ဘုံပိုင်သဘောမျိုး သတ်မှတ်ထားပေးတာပါ ။"
(၇)  ထိုင်းတောင်ပိုင်း
  ပြောချင်တာ ကြာပြီဖြစ်ပေမယ့် ခုမှ တစ်လက်စထဲ တွဲထည့်လိုက်ချင်တာက ထိုင်းနိုင်ငံတောင်
ပိုင်း ကိစ္စပါ ။ အချို့လူတွေကနေ ဒီကိစ္စကို ဘာသာရေးအနေနဲ့ မြင်ကြ ပြောကြတာကြောင့် နား
လည်လွယ်အောင် အလွယ်တကူ တွေ့နိုင်တာတွေထဲက ခိုင်မာတဲ့ တင်ပြမှုအချို့ကို ရွေးချယ်စု
စည်းထားလိုက်တာပါ ။
  ဒီကိစ္စကို ၁၉၉၀ ကျော်တွေလောက်မှာ မလေးရှားနေစဉ် ထိုင်းနိုင်ငံရဲ့ နောက်ဆုံးလက်ကျန် (မ
လေးလူမျိုး) မူဆလင်သူပုန်တွေ လက်နက်ချလိုက်တယ်ဆိုတဲ့သတင်း ဖတ်မိရာကစပြီး သတိ
ထားမိခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ်ကစပြီး ထိုင်းစစ်တပ်လက်နက်တိုက် အစီးခံရတာ ၊ မလေးလူမျိုး
ဆန္ဒပြသူတွေ အစုပြုံလိုက်သေခဲ့တာ ၊ လူသိများတဲ့ မလေးမွတ်ဆလင် ရှေ့နေတစ်ဦး ပြန်ပေး
ဆွဲခံရပြီး ပျောက်သွားတာ ၊ ရဲအထိခိုက်များတဲ့ အကြမ်းဖက်သမားလို့ နာမည်တပ်ခံထားရတဲ့
ဝရမ်းပြေးတချို့နဲ့ ပစ်ခတ်မှုတွေ ၊ ၂၀၀၁ ကစပြီးလည်း စီးပွားရေးအားသန်တဲ့ ဝန်ကြီးချုပ် တပ်ခ်
ဆင် (Taksin) လက်ထက်မှာ လူမှုစီမံခန့်ခွဲရေး လွဲချော်လာတာတွေနဲ့ ဌာနေလူထုနဲ့ဆက်ဆံရေး
တင်းမာလာပြီး ပဟေိဆန်တဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတာတွေအဆုံး ၊ သတိထား စောင့်ကြည့်
နေမိခဲ့ပါတယ် ။
   အချို့ မွတ်ဆလင်တွေကနေ ဗုဒ္ဓဘာသာဝင်တွေကို သတ်နေတယ်ချည်း ထင်နေသူတွေအ
တွက်လည်း - မလေးလူမျိုးတွေ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေစဉ် ကားနဲ့ဖြတ်သွားရင်း သေနတ်နဲ့
ပစ်သွားခံရတာတွေ ၊ ဗလီထဲအထိ စနစ်တကျ တိတ်တဆိတ်ဝင်ပြီး သတ်ဖြတ်သွားတာတွေ ၊
အသံတိတ် သေနတ်တွေသုံးပြီး အိမ်ပေါ် တက်လုပ်ကြံသွားတာတွေ ၊ အာဏာပိုင်တွေရဲ့ စွဲချက်
မတင်ပဲ ဖမ်းဆီးထိမ်းသိမ်း နှိပ်စက်တာတွေကစလို့ ပြောပြလို့မကုန်တဲ့ သတင်းတွေကို နှစ်ရှည်
ကိုယ်တွေ့ဖတ်ခဲ့ရသူ ၊ ထိုင်းနိုင်ငံအတွင်း ၁၀ နှစ်ဝန်းကျင် ကျင်လည်ကြုံတွေ့ခဲ့ဖူးသူ တစ်ယောက်
အနေနဲ့ ၊ ထိုင်းနိုင်ငံတောင်ပိုင်း ကိစ္စဟာ ကိုယ်လိုရာဆွဲပြောသူတွေ ပုံဖေါ်ပြသလို မွတ်ဆလင်-
ဗုဒ္ဓဘာသာ ပြဿနာသန့်သန့် မဟုတ်ဘူးဆိုတာ ရဲရဲပြောရဲပါတယ် ။
  လုံးဝ မသိသေးသူများအတွက် အတိုဆုံး ပြောရရင်တော့ - ၁၉၀၂ ခုနှစ်မှ စီယမ်(ထိုင်း)နိုင်ငံထဲ
သွတ်သွင်းခံခဲ့ရတဲ့ ဒီထိုင်းတောင်ပိုင်း ဒေသတွေဟာ ၊ မွတ်ဆလင်ဘာသာဝင် မလေးလူမျိုးကွဲ
တွေ နေထိုင်ကြပါတယ် ။ ကနေ့ အကြမ်းဖက်မှု ပြဿနာတွေဟာ အဓိကအားဖြင့် အမျိုးသားရေး
ပြဿနာဖြစ်ပါတယ် ။ ဘာသာရေးအပေါ်ချည်း စုပုံချလို့ မရပါဘူး ။ လူဦးရေပိုများတဲ့ ထိုင်းလူမျိုး
တွေရဲ့ ချဲ့ထွင်လာတဲ့ နေထိုင်မှု ၊ မလေးရှားနဲ့ထိစပ်နေတဲ့ ဒေသတွေက တရားမဝင် စီးပွားရေး
တွေဟာလည်း ပြဿနာ အရင်းခံတွေထဲမှာ ပါပါတယ် ။
  ကျနော့်အနေနဲ့ ဒါကို တရားလက်လွှတ် ပြောဆိုတာမဟုတ်ကြောင်း သေချာစေဖို့ရာ ခိုင်မာတဲ့
လင့်တွေကို အောက်မှာ ထည့်ထားပေးပါတယ် ။ အချိန်ရရင် လေ့လာနိုင်ကြပါတယ် ။
* http://www.cfr.org/thailand/muslim-insurgency-southern-thailand/p12531
* http://www.apcss.org/Publications/APSSS/Ethnic%20Separatism%20in%20Southern%20Thailand.Storey.pdf
* http://asiapacific.anu.edu.au/newmandala/wp-content/uploads/2010/01/Anatomy-of-Southern-Thailand%E2%80%99s-Insurgency.pdf
* http://www.defence.gov.au/adc/docs/Publications2012/SheddenPapers12_120306_ConflictinThailand_Nurakkate.pdf
* http://www.lowyinstitute.org/files/pubfiles/Liow_and_Pathan,_Confronting_ghosts_web.pdf
* http://www.amnesty.org.au/images/uploads/news/amnesty-thailand-report-sept11.pdf
* http://www.une.edu.au/asiacentre/PDF/No26.pdf
* http://www.ndu.edu/inss/docUploaded/Strategic%20Perspectives%206_Abuza%20.pdf
* http://www.independentaustralia.net/2013/international/southern-thailands-escalating-insurgency/
* http://www.malaysiakini.com/letters/31339
* http://thediplomat.com/2011/02/24/thailand%E2%80%99s-forgotten-conflict/
Common Sense
   အဆုံးသတ်အနေနဲ့ကတော့ ၊ ဖြစ်နိုင်ရင် လူတိုင်းကို common sense လေး ကပ်စေချင် တာပါပဲ ။
   ဟိုမှာဖြင့် ဘုန်းကြီးတစ်ပါး အသတ်ခံရပြီ ၊ ဟော ဟိုးမှာဖြင့် ဘယ်လို ဖြစ်သွားပြီဆိုပြီး သွေးဆူ
လွယ်ကြပေမယ့် ၊ တကယ်ဟုတ်ရဲ့လားတို့ ၊ သင်္ကန်းဝတ်ပြီး ပြဿနာ မီးမွှေးတာလားတို့ ၊ သူများ
ကို ဒုက္ခသွားပေးရာက အရှိန်လွန်သွားပြီး ပြန်ခုခံတာနဲကြုံရာက ခံလာရတာလားတို့ ၊ အစိုးရတစ်
ရပ်လုံး နောက်ကွယ်မှာ မရှိပေမယ့် ကားအစီးလိုက် တစ်မြို့ပြီးတစ်မြို့ကူးပြီး အကြမ်းဖက်နိုင်မှတော့
နောက်ကွယ်ကလူတွေဟာ အာဏာရှိသူတွေ ဖြစ်တယ်ဆိုတာတို့ ၊ ဒီခေတ်ဒီအခါဟာ လူသတ်ပြီး
ဖြေရှင်းရတဲ့ခေတ် မဟုတ်တော့ဘူးတို့ ၊ ကိုယ့်အလှည်မဟုတ်ရင်တောင် ကိုယ့်နဲ့ပတ်သက်သူတွေ
ရဲ့ အလှည့်လည်း ရှိတတ်သေးတယ်တို့ ၊ ပြောလို့ မကုန်နိုင်တဲ့ အလွယ်တကူ တွေးဆလို့ ရနိုင်တာ
တွေက အများကြီးပါ ။ တွေးကြ ချင့်ချိန်ကြဘို့လည်း အားပေးချင်ပါတယ် ။ ငါတို့ ဘာပြောပြော
ဘာလုပ်လုပ် ၊ ကမ္ဘာက ယုံမှာပဲ လက်ခံမှာပဲလို့ အလွယ်တကူထင်ပြီး ၊ စိတ်ကူးယဉ် အိပ်မက်ထဲ
တဝဲဝဲ မလည်ကြဖို့ လိုပါတယ် ။ ကျနော့်ရဲ့ မပြည့်စုံလှတဲ့ စုစည်းမှုလေး တစ်ခုပါဗျာ ။ ဒီနေရာအထိ
စိတ်ရှည်လက်ရှည် ဖတ်လာသူကို ကျေးဇူးတင်ပါတယ် ။
မန်းကိုကို
၀၅ ၊ ၀၄ ၊ ၂၀၁၃
29 comments:
  1. လူလူချင်း တစ်ယောက်ကိုတစ်ယောက် လူလိုပဲမြင်ပြီး
    သူ.နေရာမှာ ငါသာဆိုရင်ဆိုတဲ. ကိုယ်ချင်းစာတရားရှိကြမယ်
    ဆိုရင်ဖြင်.ဘယ်ဘာသာတရားမှတောင်ရှိနေစရာ မလိုဘူး...
    ReplyDelete
    Replies
    1. ကိုယ်ချင်းစာနာတရား ရှိကြဖို့ကို လက်ခံပါတယ် ။
      တစ်ခုရှိတာက ဘာသာတရားနဲ့ ငြိမ်းအေးသာယာပြည့်စုံမှု နှစ်ခုဟာ ၊ ကြက်ဥနဲ့ကြက်မ ဘယ်ဟာက အရင်'စ'လာသလဲလို့ အဖြေရှာရသလို ဖြစ်နေမလားလို့လည်း တွေးမိပါတယ် ။
      Anonymous ကို ကန့်လန့်တိုက်တာတော့ မဟုတ်ပါဘူး ။
      စိတ်ထဲပေါ်လာတာကို ပြောပြရုံပါ ။
      Delete
  2. မန်းကိုကိုလဲ စာမရေးခင်။ မူစလင်ဘာသာမှာ ဘာတွေ သင်ကြားလဲအရင်လေ့လာစေချင်တယ်။ မူစလင်ဟာ တခြားဘာသာတွေကို သတ်ဖြတ်ဖို့ အတိအလင်းသင်ကြားပေးတဲ့အချက်။ မူစလင်ကနေ ထွက်ရင် သတ်ပစ်ရမယ်ဆိုတဲ့ အချက်တွေအပါအ၀င် လူတွေကို သတ်ဖြတ်ဖို့ အများကြီးပဲရေးထားတဲ့ ကုရ်ကျမ်းကိုလေ့လာစေချင်တယ်။ အဲဒါကို မလေ့လာပဲ။ မူစလင်ကလဲ ဘာသာတစ်ခုပဲ။ ငြိမ်းချမ်းဖို့သင်ပေးတဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိနူတွေနဲ့ တန်းတူထားရေးမယ်ဆိုရင် ခင်ဗျားစာက အုပ်မြစ်မရှိပဲဆောက်ထားတဲ့ အိမ်နဲ့တူနေလိမ့်မယ်။ ဦးဏှောက်ရှိတဲ့သူဆိုရင် အနည်းဆုံးတော့ မူစလင်တွေ ဘယ်ဘာသာနဲ့မှ အတူတူနေလို့မရတာဘာကြောင့်လဲဆိုတဲ့ စဉ်းစားချက်လေးရှိရင် အခုလို ပေါ့ပျက်ပျက်ဆောင်းပါးမျိုးရေးမည်လို့ မယူဆပါ။
    ReplyDelete
    Replies
    1. ဒါက ဖေ့စ်ဘွတ်ခ်မှာ ရေးထားခဲ့တာလေးပါ ။
      =============================
      "Mahn Tunnaing - They are still staying in Stone Age. Back to the past! Just my thought."
      "Mahn Koko - ဒါတွေနဲ့ ပတ်သက်လို့ ၊ လူတစ်ကိုယ် အမြင်တစ်မျိုးစီ ရှိကြပါတယ် ။
      ခရစ်ယာန်ဘာသာနဲ့ ယှဉ်ပြီးပြောရရင် ၊ သူတို့တွေဟာ အမှောင်ခေတ် တစ်ခုကို ကျော်ဖြတ်နေကြတယ်လို့ ပြောလို့ရပါတယ် ။ တစ်နည်းအားဖြင့် စိမ်ခေါ်မှု ကြီးကြီးမားမားတွေ ကြုံနေကြရတယ်လို့ ပြောနိုင်ပါတယ် ။
      သေချာတာကတော့ ၊ ကျနော်တို့တတွေ သူတစ်ကန့် ကိုယ်တစ်ကန့် နေထိုင်လို့ ရတဲ့ခေတ် မဟုတ်တော့ပါဘူး ။ ဥပမာ အရင်တုန်းက စစ်အစိုးရဆိုရင်လည်း ကမ္ဘာက စင်းလုံးချော လက်ခံလို့ မရပေမယ့် ၊ ထိတွေ့ဆက်ဆံရတာပါပဲ ။ ဒီတော့ ဘာသာရေးဖြစ်စေ ၊ လူမျိုးရေး လူမှုရေးတွေဖြစ်စေ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံ လမ်းကြောင်းပေးတာတွေကို လုပ်ကိုင်ကြရပါလိမ့်မယ် ။ ဒါပေမယ့် အစွန်းရောက်မှုကို အစွန်းရောက်မှုနဲ့ ရင်ဆိုင်ရင် ၊ ပိုပြီးအစွန်းရောက်ကြရုံသာ ရှိပါတယ် ။ ဒါကို လူတိုင်းလက်ခံဖို့ ခက်ပေမယ့် ၊ အခြားလမ်းလည်း မပေါ်သေးတာကြောင့် ၊ လုပ်စရာရှိတာ ဖြစ်သင့်တာကို ဆက်လုပ်နေကြရမှာပါ ။"
      ====================================
      ဦးဏှောက်မရှိသူရဲ့ ပေါ့ပျက်ပျက်ဆောင်းပါးကို လာဖတ်ရလို့ ကုန်သွားတဲ့ အချိန်တွေအတွက်တော့ အားနာပါတယ် ။ ဒီလိုပါပဲ ၊ လူတိုင်း အမှားမကင်းလေတော့ ၊ ဖြစ်တတ်ပါတယ် ။ တစ်ခါတစ်ရံ ကျပြန်တော့ ၊ "အမှားတစ်ခု"မှာ ဖြည့်ဆည်းပေးသူ ရှိလာတဲ့အခါ ၊ "အမှားတစ်စုံ" ဖြစ်သွားပြီး ပိုပြည့်စုံသွားတတ်ပြန်ပါတယ် ။ လောကကြီးမှာ ကိုယ်တစ်ယောက်ထဲ မှားနေတာမဟုတ်ဘူးလို့ သင်္ခန်းစာတစ်ခုလည်း ရလိုက်ပါတယ် :-)
      Delete
  3. အားပါး ကိုမန်းလဲ မျက်မှောက်ရေးရာ ၀င်ပါလိုက်ရင် ကိုးသင်္ချိုင်းက စိန်ခေါ်သံတို့  ၊ ၀က်ကော်မှာ ရေတပ်က ဘော်ဖါပစ်သလို အတွဲလိုက်ဆွဲတာတို့ နဲ့  မိနေပါလားဗျ
    ဒါတွေ သိနေလို့ ကျွန်တော့ ကြွက်တွင်းထဲက အမြီးတောင်မဖေါ်တာ
    :P
    ReplyDelete
    Replies
    1. အေးဗျာ ဆရာတင့်တို့လို ဓမ္မကထိကတွေက တွင်းအောင်းနေမှတော့ ၊ ကျနော်တို့လို လူမှုရေး ခံကုတုတ်တွေက ထပြီး မြန်မာပြည်ကြီး လူ့ကျင့်ဝတ်တွေ ဒေဝါလီ မခံရလေအောင် ဝိုင်းပြီး ကျားကန်ပေးရတာပေါ့ဗျာ :-)
      ဒီကိစ္စက အပိုင်းလေးတွေ ခွဲပြီး ပြောရမယ်ထင်တယ် ။
      ပထမ ၊ လူကို လာတိုက်ခိုက်တာတွေကိုကြည့်ရင် - ဘာရေးထားမှန်း မဖတ်ပဲ ဝါးလုံးရှည်နဲ့ ရမ်းသွားတာ ၊ ဘာသာရေးကို ဗန်းပြပြီး ဘာသာရေးရဲ့ အသွန်အသင်တွေနဲ့ မကိုက်ညီတာတွေကို သုံးနှုန်းလုပ်ကိုင်တာ ၊ တစ်ဖက်သားကို အထင်သေးတာ ၊ လူလုံး မပြရဲတာတွေနဲ့ ပြည့်နေတာကို တွေ့ရမယ် ။ ဒီထဲမှာမှ သူတို့ရေးတဲ့စာတွေ spam ထဲဝင်သွားရင် ၊ သူတို့စာတွေကို နည်းနည်းပြင်ပြီး ကိုယ့်ဆေးကိုယ် ပြန်ကျွေးလိုက်ရင် ၊ အခြားသူတွေ အနှောင့်ယှက်ဖြစ်လာလို့ ban လိုက်ရင် ဆွေ့ဆွေ့ခုန်ကြပြန်တယ် ။
      ဒီလိုလူတွေထဲမှာ ထူးခြားပြီး အတိုင်ဖေါက်ညီညီ ဝင်လာတတ်သူတစ်မျိုး ရှိသေးတယ် ။ လေသံထူးခြားလို့ တစ်ခါတစ်ရံ IP စစ်ကြည့်လိုက်တဲ့အခါ ၊ မြန်မာပြည်ရဲ့ ရှမ်းပြည်မြောက်ပိုင်းက လာသကိုးဗျ ။ အဲဒီ IP မျိုးက လွန်ခဲ့တဲ့နှစ်တွေထဲ မြန်မာပြည်ကနေ c-box တွေထဲမှာ မှတ်ချက်ပေးလို့ မရခင် ကာလကတည်းက ထူးထူးခြားခြား မှတ်ချက်တွေ ဝင်ဝင်ပေးနေတာ ဘလော့ဂါတချို့လည်း သတိပြုမိကြပါတယ် ။ အရင်းစစ်တော့ အမြစ်မြေကပေါ့ဗျာ ၊ ခန့်မှန်းသာကြည့်ပါတော့ ။
      ဒုတိယ ၊ ဆရာတင့်ပြောတဲ့ ကိုးသင်္ချိုင်းက စိန်ခေါ်သံဆိုတာက အရိပ်လောက်ပဲ တွေ့ရသလို ၊ ဘော်ဖါကြီးကလည်း အဆံမပါတဲ့ စစ်ရေးပြကျည်တွေလောက်ပါဗျာ :-)
      ကျနော်ကတော့ ကိုယ့် ‘မူ’တွေဖြစ်တဲ့ ၊ ကျိုးကြောင်းကျဖို့ ၊ စာနာဖို့ ၊ တရားသဖြင့် ဖြစ်စေဖို့ ၊ ကိုယ်သိတတ်တာတွေကို ဝေမျှဖို့ဆိုတဲ့ ဘောင်တွေထဲကပဲ ခပ်ဆဆ ရောင်ပြန်ဟပ်ရတာပါပဲ ။ သူများ တရားပျက်တာကြောင့် ကိုယ်ပါ လိုက်ပျက်ပြရရင်တော့ ၊ ဘလော့ပါပိတ်ပြီး အင်တာနက်တခွင် ပြဲပြဲစင်အောင် အိုးမဲလိုက်သုတ်စရာပဲ ရှိတော့တယ် ။ တစ်ဖက်မှာလည်း ၊ အရှိတရားနဲ့ ကိုယ့်အမြင်တွေကို မတင်ပြချင်အောင် နှုတ်ပိတ် ဒုက္ခပေးဖို့လူတွေ ရှိနေတာကိုက ၊ ကိုယ်ဟာ အတိုင်းတာတစ်ခုအထိ ထိရောက်တဲ့ အင်အားတစ်ခု ဖြစ်နေတယ်လို့ ယူဆနိုင်ပြီး ၊ ကိုယ့်ခံယူချက်အတိုင်း ဆက်လုပ်နေတာက ကောင်းမယ်ထင်ပါတယ် ။
      Delete
    2. နောက်တစ်ခုက ၊ ကျနော်လည်း ဘယ်လောက်ညှစ်တွေးတွေး ဘယ်လိုမှ မပြည့်စုံနိုင်တာကြောင့် ၊ လတ်တလော သတိထားမိတဲ့ လင့် (၄) ခုကိုပါ ထည့်ထားပေးလိုက်ပါတယ် ။ မတူတဲ့ အမြင်နဲ့ အချက်လက်လေးတွေပါ ။
      - မြန်မာ-မွတ်စလင် မုန်းတီးမှုတွေ ဘယ်လို အမြစ်တွယ်ခဲ့သလဲ (MM thinker)
      (၈၀% လောက် လက်ခံလို့ရမယ့် စာတစ်စုပါ) ။
      http://mmfreethinker.wordpress.com/2013/04/09/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%99%E1%80%BC%E1%80%90%E1%80%B9%E1%80%85%E1%80%9C%E1%80%84%E1%80%B9-%E1%80%99%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%90%E1%80%AE%E1%80%B8/
      - ဘာသာတရားဟာ ပြဿနာ မရှိပေမယ့် ဘာသာရေးဟာ ပြဿနာ ဖြစ်တယ်။ (Kachin Dua)
      “ဘာသာတရားတခုကို တပါးသူတွေ စိတ်ဝင်စားလာဖို့ ဆိုသည်မှာ အဲဒီ ဘာသာတရားကို လက်ခံယုံကြည်တဲ့ လူမျိုး၊ လူပုဂ္ဂိုလ် တဦချင်းစီရဲ့ အပြုအမူ၊ အကျင့်စရိုက် ဘယ်လောက် ကောင်းလာသလဲ ဆိုတဲ့ အပေါ်မှာ မူတည်လာပါတယ်။”
      http://kachinduwa.blogspot.com/2013/04/blog-post_10.html
      - ကိုဒေဝဖတ်ဖို့စာ (မျိုးမြင့်ချို)
      http://myo-myo-myintcho.blogspot.com/2013/04/blog-post_8.html
      - ရန်ကုန်တိုင်း အတွင်းမှာ အသိအမှတ်ပြုထားတဲ့ ဘာသာရေး အဆောက်အဦး ၅၅၀၄ ခု ရှိ (Moe Zay Nyein)
      (ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၄၈၅၃) ခု၊ ခရစ်ယာန်ဘုရားကျောင်း (၂၇၄) ခု၊ ဟိန္ဒူဘုရားကျောင်း (၁၅၉) ခု၊ အစ္စလာမ်ဗလီ (၁၁၉) ခု၊ တရုတ် ဘုံကျောင်း (၉၉) ခုတို့ပဲဖြစ်ပါတယ်။)
      http://komoethee.blogspot.com/2013/04/blog-post_8218.html
      နောက်ဆုံး အနှစ်ချုပ်ကတော့ ၊ ကျနော့်အနေနဲ့ လူမှုရေး ဘာသာရေးတွေအကြောင်း ရေးနေတာဟာ အားလုံး အကျိုးရှိအောင်လို့ ရည်ရွယ်တာပါ ။ မြန်မာပြည် လူမှုအသိုင်းဝိုင်း လုံးပါးပါး မပြိုကွဲအောင် ၊ နိုင်ငံနဲ့လူမျိုးတွေ သိက္ခာမကျအောင် ၊ ပြည်တွင်းပြည်ပမှာ လုံခြုံရေး မယိုယွင်းအောင် ၊ စီးပွားရေး မနစ်နာအောင်တွေကစလို့ အရှည်မျှော်ပြီး သဲတစ်ပွင့်စာ ကွက်လပ်ဝင်ဖြည့်တာပါ ။ ဆရာတင့်လည်း ဆန္ဒသာ ရှိမယ်ဆိုရင် ၊ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး တရားဖက်ကအမြင်နဲ့ ဝင်ဖြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျာ ။
      (spam ထဲဝင်နေတဲ့ ဆရာ့ ကိုးသင်္ချိုင်းက အရိပ်တစ်ရိပ်ရဲ့ စာကိုလည်း မှတ်ချက်ထဲဝင်အောင် ထည့်ပေးလိုက်ပါ့မယ် ။ ဆရာနဲ့ အခြားဧည့်သည်တွေ မြည်းစမ်းဖတ်ပြီးလောက်တဲ့ မနက်ဖြန်ကျရင် ပြန်ဖျက်လိုက်ပါ့မယ် ။ အကျိုးမရှိတာမို့ပါ) ။
      Delete
    3. ကိုမန်းက လှော်တက်နဲ့ ဘေတာ ခံဘို့  အဖေါ်ညှိတာလားဗျ
      ခုပြဿနာက တရားတော်လောက်ထိ ချပြဘို့ မလိုသေးဘူးဗျ။
      ကျွန်တော်မြင်နေတာက ကျွန်တော်တို့  ဗမာ လူ့ အဖွဲ့ အစည်းမှာ ပိုနေတာတွေ ရှိနေတာ ။
      နဲနဲလေးတို့ ထိ ကြည့်ရအောင်ဗျာ။
      အိမ်တအိမ် သူခိုးတက်တယ် ဆိုပါတော့ ။အရပ်ကသိလို့ ဝိုင်းလာပြီ ။ မိပြီဆို အဲသူခိုး ဗမာပြည်မှာ ဘယ်လိုနေလဲ။ ဥပဒေအရဆို သေဒါဏ်ထိုက်တဲ့ အမှုလား
      ရပ်ကွက်ထိပ်မှာ ကလေးတယောက်လမ်းမပေါ်ထွက်ဆော့နေတယ်၊ကားတစီးကအရှိန်မထိန်းနိုင်တော့ တိုက်မိရော၊ အရပ်ထဲက လူတွေ ဘာလုပ်ကြလဲ ၊ဥပဒေအရဆို သေဒါဏ်ထိုက်သလား
      ဗမာပြည်က နျူရိုဆာဂျင်ကြီးဗျာ၊ (ကိုမန်းအသိပါ ) သားကြောဖြတ်တာက စအကုန်ခွဲသဗျ။ အဲကျွန်တော် စကော့တလန်ရောက်တော့ စကော့ အော်သို တွေရဲ့ ဘိုးအေ ဆရာသမားနဲ့ တူတူ ဆေးခန်းထိုင်တော့ လက်မလာပြတဲ့  လူနာကို ကြည့်နေတုန်း ဟိုလူက သူ့ ခြေမနာတာလေးပါကြည့်ခိုင်းသဗျ ။ အဲတင် ဆရာက ခြေမဆို နောက်တယောက်လွှဲဆို ခိုင်းသဗျ ။
      တခါ ကျွန်တော်တို့ တီဗီမင်းသားကြီးဗျာ၊ ဘွဲ့ ရတာတော့ဘာနဲ့ ဆိုတာ ကျွန်တော်မသိပါဘူး ။ သို့ သော် တံတားဆောက်တာ ၊ လမ်းဖေါက်တာ တိုက်တည်တာ ၊ ပန်းခြံလုပ်တာက စပြီး စက်ရုံတည် ၊ ဘုန်းကြီးဆွမ်းးကပ် ဘုရားထီးတင် ၊ ကလေးပညာရေးကစလို့  ဘွဲ့ လွန် ဒေါက်တိုရိပ်ထိ လိုအပ်သည်များကို မှာကြားစားသောက် နိုင်သဗျ၊ အဲလောက်စွယ်စုံရတဲ့သူ ကမ္ဘာမှာတွေ့ ဘူးလား
      မျှမျှတတလေးပြောရရင် ကျွန်တော်တို့ ဒီမို တပင်တိုင်မင်းသမီးကြီးဗျာ ။
      ဟော စင်တင် စတိတ်ရှိုးကစလို့ ဘောကန်တာအလည် ၊ ကျန်းမာရေးအောက်ကထလဲမလွတ်စေရ ၊ ကုန်သွယ်စီးပွါးပါမကျန် အောဝါဒ လေရိုက်သဗျ၊
      အဲလိုထူးချွန်တာနော် ၊ ဗမာဘဲရှိတယ်
      ဟော လာပဗျ။
      လောကီစိတ်ကုန်လို့ မဂ်ဖိုလ်ကိုရွယ် သင်္ကန်းရယ်လျှော်တေတဲ့ တောမှီတဲ့ ဘုန်း
      မနက်ဆို ရေဒီယိုလေးနဲ့  ဘီဘီစီလေးဖွင့် ၊ ဆွမ်းခံမကြွခင် ထောင်ထားတဲ့  အ်ဂျီအို မိတင်းလေးထိုင် နေ့ ခင်းကျ နိုင်ဂံယေးလေးအာရိုက် ညနေကျ ဘာသာပေါင်းစုံ မိတင်းကြွ ၊ညကျတော့ တီဗီလေးကြည့် ။ ဖေ့စ်ဘုတ်မှာ နေ့ ချုပ်က ပြေးတဲ့ တင်ရသေး ၊ အိပ်ခါနီးကျ အရပ်ထဲက ဗုဒ္ဓဘာသာကလေးတွေ ဘာသာခြားမဖြစ်အောင် အောဝါဒပြရ အမလေးများလိုက်တဲ့ အလုပ် ၊ ဘယ်မလဲ စာသင်စာချတဲ့  အချိန် ၊ဘယ်မလဲ လောကီကလွတ်ရာ၊ ဘယ်မလဲ မဂ်ဥာဏ်သို့ ထောက်ပံ့သော ၀ိပဿနာ လုပ်ချိန် ။ ( ဒါတောင် မြို့ ကိုရောက်လာတဲ့  ဒီမိုမယ်တော်ကို ရမ်ဘို စတိုင် စတစ်ကာတွေကပ် ဆိုင်ကယ် ၃ယောက်စီးပြီး စင်အောက်က သွားငေးတဲ့ အချိန် မထည့်သးဘူးနော် )
      အဲတွေက မှန်နေသလား
      အခု မိတ္ထီလာ နဲ့  ပဲခူးနယ်ဖြစ်တယ်ဆိုတာ အဲအမှိုက်တွေက ပြဿဒ်မီးလောင်တာလေ။
      နောက်ဆုံးတော့ ကျွန်တော်တို့ က ဗမာပီပီ ဗမာ့နည်းဗမာ့ဟန်နဲ့  ဆော်ဘလန်တေနေတာ ခုမှမဟုတ်ပါဗျာ။
      အဲမှတ်မှတ်ရရ ဆို ၁၉၅၈လောက်က ဆရာရန်ကုန်ဘဆွေ ယိုးဒယားပြန် ဒေါ်အမာစိန် နဲ့ တခြား ဒါရိုက်တာကြီးတွေ ပါတဲ့ ဗမာအဖွဲ့ဟာ တရုပ်ပြည်မှာ ပင်လယ်ပျံလွှားမလေး နဲ့ တွေ့ တော့ အကွဲကြီးကွဲခဲ့ ဘူးသဗျ ။
      နောက်ဆုံးချုပ်ရရင်တော့ဆရာရန်ကုန်ဘဆွေရဲ့ စကားလေးနဲ့ဘဲ ချုပ်ပရစေတော့
      ကျုပ် ခုထွက်လာတာ ရည်မှန်းချက်တခုကို ရအောင်တိုက်ယူဘို့  ၊ အဲရည်မှန်းချက်ကို ပျက်ခံပြီး တွေ့ ကရာ လျှောက်တိုက်နေရင် ကျုပ်ခွေးဖြစ်မဗျတဲ့ 
      ခုလဲ ဗမာပြည်သားတိုင်း ဗမာပြည်သားတိုင်း ငါ လူဖြစ်လာတာ ဘာလုပ်ချင်တာလဲ ဆိုတဲ့  အဓိက အချက်လေးကို တွေးလာခဲ့ရင်
      Delete
    4. နောက်တချက်တွေးစရာလေး ချပြရရင်
      ကျွန်တော်တို့ ဗမာ့နည်း ဗမာဟန်နဲ့  အရက်လေးချနေတဲ့ သောတာပန်ကြီးဆရာကြီးရွှေဥဒေါင်းရဲ့  ရှုမ၀ဦးကျော်ကိုဝေဘန်ချက်လေးကသွေးထွက်အောင်မှန်တာလေးပြောရမဗျ
      သူရေးထားပုံလေးက ဦးကျော်သည်တဲ့  စာရေးဆရာတယောက်ကို အထင်ကြီးမိက သူ့ လည်ပင်းကင်ဆာပေါက်တောင် ထိုစာရေးဆရာကိုပြချင်ပေမည်တဲ့ဗျ
      အဲစကားက သွေးထွက့်အောင်မှန်သဗျ
      စာရေးဆရာက စာဘဲရေးတတ်သဗျ ၊ ဆေးကုတာ သူနဲ့  မဆိုင် ၊
      ထို့ အတူ ဆရာဝန်က ဆေးဘဲကုတတ်သဗျ ၊ ကားပြင်တာ သူ့ အလုပ်မဟုတ် ၊
      ဘုန်းကြီးက တရားဘဲဟောတတ်သဗျ ဆေးကုရင်အာပါတ်တောင်သင့်သေး
      အဲ နိုင်ဂံယေးသမားဆိုတာ အာဘဲရိုက်တတ်သဗျ ဈေးရောင်းတဲ့ ထဲဝင်ပါ ထမီတောင်ပေါင်သွားရစေမဗျ
      ခု ကျွန်တော်တို့ ဆီဖြစ်နေတာက လူတိုင်းမဆိုင်တာ လုပ်ချင်နေတာ အကျင့်ကြီးကပါနေပြီ
      ခုဖြစ်တာလဲဒါဘဲလေ
      လူတိုင်းက ပလိပ်၊စစ်သားး တရားသူကြီး နဲ့  အင်မိုင်ဂရေးရှင်း ရဲ့ အလုပ်တွေကို တယောက်ထဲ တာဝန်ခံပြီး ၀မ်းမင်းရှိုး ၀မ်းဝူးမင်းရှိုးနေသမျှတော့ ဒီလိုဘဲ ပွစိပွစိနေမှာဘဲဗျ
      အဲထဲ လိုက်ပြောနေ ကိုယ်ောင်ထမင်းနပ်မှန်အောင်စားရမှာမဟုတ်ဘူး အလုပ်ပျက်လွန်းလို့ 
      Delete
    5. ဟုတ်တယ် ဆရာတင့်ရေ ၊ လှော်တက်နဲ့ သမခံရဖို့ ရာခိုင်နှုန်းများလို့ သေဖေါ်ညှိလိုက်တာ ရမှရပါ့မလားလို့ ၊ ခုလို ခေါင်းထိုးဝင်ခံပေးတာ ကျေးဇူးပါဗျာ :-)
      ကျနော့်အနေနဲ့ လူသိများတဲ့ ပုံပြင်ထဲကလိုပဲ ၊ သစ်ကိုင်းတစ်ချောင်းထဲကို ချိုးရလွယ်ပေမယ့် သစ်ကိုင်းအစည်းလိုက်ကိုကျ ချိုးရခက်တဲ့ သဘောတရားအတိုင်း ၊ ဆရာတင့်ကိုဖိတ်ခေါ်ပြီး အားယူဖို့ကြိုးစားလိုက်တာပါ ။ တကယ်တန်းမှာ ကျနော်က မှို့သားသစ်ပွချောင်းလို ဖြစ်နေတော့ ၊ ဆရာ့လို သစ်မာသားချောင်းတွေကို အကူညီတောင်းတယ်လို့ တင်စားရလိမ့်မယ်ထင်တယ် ။
      တစ်ဆက်ထဲ ဝန်ခံရမှာက ၊ လက်ရှိကိစ္စတွေမှာ တရားတော်တွေ ချပြရလောက်အောင် မလိုတာကို သဘောပေါက်ပါတယ် ။ သို့သော် ‘မျက်နှာကြီးရာ ဟင်းဖတ်ပါ’ ဆိုသလိုပဲ ၊ ရွာထိပ်က ချောင်းသေးသေးလေးကို ဖြတ်ကူးဖို့ရာ ကိစ္စမှာ ၊ ရေကူးချန်ပီယံ ‘ညောင်ဦးဖီး’ကို ဆွဲသွင်းသရုပ်ပြပါမှ လက်ခံနိုင်ပါမယ် ဆိုသူတွေအတွက် ၊ ဓမ္မကထိကခေါ်ပြီး သက်သေပြဖြေရှင်းဖို့ ကြိုးစားတာလို့လည်း ပြောလို့ရမယ် ထင်ပါတယ် ။ အထူးသဖြင့် သံဃာတွေပါ ပါလာတဲ့ကိစ္စမှာ ၊ သြကာသ သြကာသလောက်ပဲ အလွှတ်ရတဲ့ အဆင့်လောက်နဲ့ ထပြောဖို့ရာ ခက်နေလို့ပါ ။
      ကျနော်လည်း အမြင်မတော်တာနဲ့ မဖြစ်သင့်တာတွေကို တွေ့မိဖတ်မိပြီး စာတွေ ချချရေးနေမိတာ ။ စာကြမ်းတွေလည်း လေးငါးခြောက်ပုဒ်လောက် အချောသပ်ရုံပဲ ကျန်တော့တယ် ။ ဒါတောင် စိတ်လျှော့ထားလို့ ။
      ဒါပေမယ့် ဆရာတင့်ရဲ့စာကို ဖတ်မိတော့ ၊ စိတ်ထဲ အတွေးတွေ ဝင်လာတယ် ။ ဘရိတ်အုပ်ပြီး ကိုယ့်ဘာသာ ပြန်စဉ်းစားနေမိတယ် ။
      မြန်မာပြည်ထွက်တို့ရဲ့ သဘာဝအတိုင်း နိုင်ငံရေးကို စိတ်ဝင်စားမိတော့ ၊ မရသေးတဲ့ဘွဲ့ကို ဝိဇ္ဇာနဲ့ယူဖို့ အိပ်မက်မက်မိတယ် ။ အဲဒီကမှ ဖြန့်ကျက်ရှာဖွေလိုက်တော့ ၊ နိုင်ငံရေးနဲ့ သိပ်မဆိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ အတိုအစလေးတွေ မြည်းစမ်းမိပြန်တယ် ။ တစ်ခါ ဝိဇ္ဇာဘွဲ့နဲ့ ထ္မင်းအိုးပြည့်ဖို့ မလွယ်မှန်း နားလည်လာတော့ စီးပွားရေးဖက် လှည့်ဝိုက်ရင်းနဲ့ ၊ ဘဝအတွေ့ကြုံတွေနဲ့နွယ်ပြီး ယှဉ်ထိုးပြောချင်စရာတွေက မှိုလိုနီးပါး ပေါက်လာတယ် ။ ဒီအချိန်မှာ ဆရာတင့်ပြောတဲ့ one man show တွေကြားမှာ လစ်လပ်ရွှဲ့စောင်းနေတာတွေကြည့်ပြီး စိတ်ထဲ ကလိကလိဖြစ်လာတာ အတော်ဆိုးတာပဲဗျ ။
      စာရင်းချုပ်တော့ - ကိုယ့်အတွက် အဖြစ်သင့်ဆုံးတွေထဲက တစ်ခုဟာ ‘ကိုယ့်ကိုယ်ကို ပြုပြင် ထိန်းချုပ်ခြင်း’ပဲ ဆိုတာ သိပေမယ့် ၊ အများနဲ့ ဒီရေတောထဲ မျှောလိုက်နေရတာ ခုံမင်နေမိတယ်လို့ ဝန်ခံရလိမ့်မယ် ထင်တယ် ။ ခုလို ဆရာတင့်ပြောလိုက်မှ ကိုယ့်မူလအမြင်ကို အတည်ပြု အားပေးသလိုဖြစ်ပြီး ၊ လုပ်သင့်တာကိုလုပ်ဖို့ ခွန်အားနဲ့ အတန်သင့်ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု အမြတ်ထွက်လာတယ်လို့ အမှန်တိုင်း ပြောရတော့မှာပဲ ။
      ဒီတော့ ဆရာတင့်ကို ကျေးဇူးတင်စကားပြောရင်း ၊ ကြုံကြိုက်ပြီး အချိန်လည်း ရမယ်ဆိုရင် တရုတ်ပြည်မှာ ပင်လယ်ပျံလွှားမလေးနဲ့တွေ့ပြီး အကွဲကြီး ကွဲခဲ့ရတယ်ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ အခြား အတွေ့ကြုံတွေကို ပြောပြပေးသွားပါဦး လို့ ။
      Delete
    6. သြော် ကိုမန်းစိတ်ဝင်စားလို့ လားဗျ
      အကျယ်သိချင်ရင်တော့ ဆရာရေးခဲ့တဲ့  အဖတိုင်းပြည်ကြီးအတွက်လွမ်းတေးဆိုတဲ့  စာအုပ်သာ ဖတ်ကြည့်ပေတော့ဗျာ
      အတိုကတော့ ပေါက်ဖေါ်တိုင်းပြည်ကို ဆရာနဲ့ တကွ ဗမာအနုပညာသည်တစု လရှည် ( ၆လလောက်ထင်တာဘဲ ) ချစ်ကြည်ရေးနဲ့  တရုပ်မြန်မာနယ်စပ်စာချုပ်အောင်ပွဲ အထိန်းအမှတ်သွားကကြသဗျ အဲတင် မင်းသမီးတွေကို အနီးကပ်ပြုစုဘို့ ဆို တရုပ်မလေး၂ယောက်နဲ့  မင်းသားတွေအတွက် တရုပ်လေးတယောက် ထည့်ပေးကိုးဗျ
      သာမန်ဘဲ သူတို့ ဝတ်စားပုံ နေထိုင်ပုံကလဲ အင်မတန်မှ ကုတ်ကုတ်လေးဆိုတော့ ဘယ်သူမှ သတိမထားမိဘူးပေါ့ဗျာ ။
      အမှတ်မထင်တရက် ရထားပေါ်မှာ အသားကပ်ဝတ်စုံတွေနဲ့ ဗမာအကကို ချွေးပြိုက်ပြိုက်ကျအောင်ကျင့်နေတော့လဲ ဟာ ဒီတရုပ်မတွေ တယ်ကိုယ်လုံးလှတာဘဲ လောက်တွေးမိသတဲ့ 
      နောက်တော့ သိလာရတာက အဲ အရပ်ရှည်ရှည်နဲ့  မင်းသမီးတွေခိုင်းစေတာ လုပ်နေတဲ့  တရုပ်မလေးဟာ ယွီဟန်ရမ်းခေါ် ( ပင်လယ်ပျံလွှား ) တရုပ်ယဉ်ကျေးမှု ကျောင်းမှာ ဆရာမလေးဖြစ်ပြီး တရုပ်အကပေါင်း ( မနဲ ) နဲ့  ကမ္ဘာ့နိုင်ငံပေါင်း ၅၀ကျော်က အကတွေကို ကျွမ်းကျင်သူ ပညာရှင်ဆိုတာ သိလာရတာပါဘဲ
      အဲ ကွဲပုံက ဒီလိုဗျ
      ပီကင်းကျတော့ ဆရာတို့ ရဲ အဲကပွဲကြီးကို ဒေါက်ကျူမင့်ထရီရိုက်ပါလေရော
      အဲတင် ဒေါ်အမာစိန်ခမျာ ကင်မရာမထောင်ရသေးခင် ရီဟာဇယ် အခါပေါင်း ရာနဲ့  ချီကရတော့ပါဘဲ
      ကလိုက် ပေါက်ဖေါ်ဒါရိုက်တာက ပြန်ကပါအုံး ခိုင်းလိုက်
      တနေကုန်ပါလေရော
      နောက်နေ့  လဲ ထိုနည်း၎င်း
      ဒီတင်မသင်္ကာလာတဲ့  ဆရာက ပေါက်ဖေါ်ဒါရိုက်တာနားမှာ မှတ်စုတအုပ်နဲ့  ကွိစိကွစိပြောနေတဲ့  မဟန်ရမ်းကို ခဏရပ်ခိုင်းပြီးစကားပြန်ခေါ်ပြီး သူဘာပြောတာလဲမေးတော့တာကိုး
      အဖြေကတော့ ဒေါ်အမာစိန်ကတာကို ရုပ်ရှင်ရိုက်မရပါတဲ့ 
      အကြောင်းကတော့
      ကစဉ်မှာ တခါကတာနဲ့  တခါကတာမတူတဲ့ 
      ကမ္ဘာနဲ့ ပေါက်ဖေါ်တေါနားလည်ထားတဲ့ အကဆိုတာက စက္ကန့် ရဲ့ အပိုင်းလေးတောင်အလွဲမခံကိုးဗျ
      ခုတော့ ဟိုက ပေါက်ဖေါ်မကထောက်တာက အမာစိန်ကတာမှာ တခါက ခေါင်းကို ၁၅ဒီဂရိငုံ့ ပြီး နောက်ခါကျ ၄၅ ထိငုံ့ သတဲ့  လက်တွေကလဲ ဘယ်တော့မှမမှန်တဲ့ 
      အဲတင် ဗမာဒါရိုက်တာအပေါင်းရော အကသင်ဆရာ ( ရွှေဒေါင်းညိုထင်တာဘဲ ) ပါ မျက်စေ့မျက်နှာပျက်အကွဲကြီး ကွဲတော့တာပေါ့ဗျာ ။
      ခုလဲ ကျွန်တော်မြင်နေတာက အဲလိုဘဲဗျ
      ကျွန်တော်တို့ဆော်ဘလန်တေနေတာ ထိုနည်း၎င်း ထိုနည်း၎င်းပါဘဲ
      လူမှုရေးတွေ ခဏထား
      ငွေကိုင်သော်အာပါတ်သင့်စေ ( င့ါ့ဘုန်းကြီး ညက တရားဟောတာ ရလိုက်တဲ့ ပိုက်ဆံ ၊ ဘုန်းကြီးကွ မနေ့ က ဘာဖေါင်ဒေးရှင်းအတွက်လှူတာ သိန်း ဘယ်နှရာ )
      ဒကာဒကာမတို့ ၏ ကိစ္စကို အစေအပါးခံသော်အာပါတ် ( ဒကာမကြီးရဲ့ ဘုန်းကြီး နက်ဖန် ရန်ကုန်ကြွမဗျ ၊ ဘာပေးလိုက်မတုန်း )
      ဒကာမနဲ့  လူမြင်ရာ လူမမြင်ရာ ၂ယောက်ထဲထိုင်သော် အာပါတ် ( ဒါတော့မပြောပါနဲ့ တော့ )
      ဒကာမတဦးထဲကို သက်သေခံနိုင်လောက်သော ယောကျားအနားမရှိဘဲတရားတော်ကို ၆ခွန်းထက်ဟောမိသော်အာပါတ် ( ဒကာမနဲ့ ဘုန်းကြီး ဘယတွေတိုင်ပင်တယ်မသိ ည၀က်ကျော်ရော)
      ဆေးကုသော်အာပါတ် ( ဟိုဘက်ရွာက ဘုန်းဘုန်းဆေးကောင်းပုံက ကင်ဆာပျောက်သတဲ့  )
      လူသေစေအောင်ပယောဂပြုသော် ပါရာဇိက ( ငါ့ဘာမှတ်တုန်း လက်ထဲက ဒါးကြည့် )
      အဲတွေက ခုထိလဲ လူဖြစ်တဲ့  ကျွန်တော်တို့  က မပြောသာလို့ ပါးစပ်ပိတ်နေရတာထားပါလေ၊ အဓိက ဖြစ်တဲ့ မဟာနာယကလဲ ပြောမနိုင်ဆိုမနိုင်မို့  ( ပြောမိရင်လဲ မုန်းကြွပ်ငှက်ငယ်အသံလေးမျိုးနဲ့  မီဒီယာပေါင်းစုံတက် ငိုပြကြ ဗုဒ္ဓဘာသာဆိုတာ စလုံးတောင်မှန်အောင်မပေါင်းတတ်တဲ့  ၀ိဇယမင်းသားနောက်လိုက် ၄၀ က အော်ကြဆူကြနဲ့ မို့  နားအူမခံနိုင်လို့ ဆက်မပြောနဲ့  ) ခု မိတ္ထီလာမှာကြောက်ဘွယ်ရယ်ကြုံလက်နက်ရယ်စုံအညီနဲ့  ပြည်တော်ပြန်ဘုန်းတွေနဲ့ တွေ့ တော့မှ ရွှေဥကြမ်းညှပ်အော်ကြတာကိုးဗျ
      ကိုယ့်အကျိုးသင့်နေတုန်းက ဂွေးတက်အောင်ကဘို့ မြှောက်ပေးခဲ့ကြသူပေဘဲ ခု ကရောင်းနှက်တော့မှ ပြောင်းဖူးရိုးနဲ့ ထုချင်ကြတာ ထိန်းရထင်မလားဗျ
      နောက်ဆုံးတော့ သီတာမောင်နှမ သဘောကျသူတွေ နွားကျောင်းသား နန်းရင်းဝန်နဲ့  ညားတာ မဆန်းပါဗျာ
      Delete
    7. ဆောရီး ဆရာတင့်ရေ ၊ ကျေးဇူးတင်စကား ပြောဖို့တောင် အချိန်မပေးနိုင်သလို ဖြစ်နေပြီ ။
      ဆရာ့ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာကောင်းသလို ၊ ရှက်ချင်ရင်လည်း ရှက်စရာကိုးဗျ ။ နောက်ပြီး မျက်နှာပျက်စရာကလည်း တစ်ပိုင်းပေါ့လေ ။
      ကျနော့်အနေနဲ့ကတော့ ဗမာနဲ့တရုတ်ကြားမှာ ဆွဲစေ့လို့ မရလောက်အောင်ပဲ ယဉ်ကျေးမှု ဓလေ့ စိတ်ဓါတ်နဲ့ ပညာပိုင်းဆိုင်ရာတွေက ကွာခြားနေတာကို စိတ်ထဲပြေးမြင်မိတယ် ။
      ကျနော်တို့ဆီမှာက တစ်ခုကောင်း နှစ်ခုကောင်း ပညာတွေနဲ့ ဆရာတစ်ဆူ လုပ်ဖို့လွယ်ပေမယ့် ၊ သူတို့ဆီမှာက နှစ်ပေါင်းထောင်ချီခဲ့တဲ့ နောက်ခံတွေက ဒီကနေ့ အနေထားကို ပုံဖေါ်ထားတာကြောင့် လူတွေအနေနဲ့ တော်ရုံလောက်နဲ့ ရှင်သန်ဖို့မလွယ်တဲ့ အနေထားတွေ ရှိနေခဲ့တယ်လို့ နားလည်မိတယ် ။ (ဒီတော့ လူတွေ ကြိုးစားတာ တော်တာတွေဟာ မဆန်းဘူးလို့ ပြောရမယ်ထင်တယ်) ။
      အခြေခံအကျဆုံး တစ်ခုကိုပြောရရင် ၊ ကျနော်တို့ဆီမှာ ငတ်ပြီးသေတာ မကြားဖူးသလောက် ဖြစ်ပေမယ့် ၊ သူတို့ဆီမှာက ခေတ်အဆက်ဆက် ငတ်သေတာ သဘာဝအန္တရာယ်နဲ့သေတာ စစ်မက်ကြောင့် သိန်းတွေသန်းတွေနဲ့ချီပြီး သေခဲ့ရတာတွေက အများကြီးရှိခဲ့တယ် ။ ငတ်မသေအောင် ၊ လူတန်းစား တစ်ဆင့်မြင့်အောင် ၊ ရှင်သန်အောင်ဆိုတာတွေက သွေးချွေးတွေနဲ့ ရင်းခဲ့ကြရတယ် ၊ ကြိုးစားရုန်းကန် ခဲ့ကြရတယ် ။ နိုင်ငံရေးမှာဆိုလည်း လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်ကတည်းက လက်အောက်ခံနယ်မြေတလွှား ပြည်မက အုပ်ချုပ်ရေးအရာရှိတွေ ပို့လွှတ်အုပ်ချုပ်မှုမျိုး စတင်ခဲ့တာ ၊ အာဏာရှင် ဖြစ်တည်ဖို့အားပေးတဲ့ အပြင်ပန်းက ကွန်ဖြူးရှပ်သဘောတရားတွေ ဖုံးထားပြီး အတွင်းက ဥပဒေဝါဒီစိတ်ဓါတ် ရှိကြတာ ၊ အုပ်ချုပ်ရေးမှာ ဘုရင်အတွက် အလေးသာစေတဲ့ အရာရှိရွေးချယ်ရေး စာမေးပွဲစနစ် သုံးစွဲခဲ့တာ ၊ ကြီးကျယ်တဲ့ ဘုရင်ရဲ့ အာဏာနဲ့ သူ့ပတ်လည်က ဧရာမဖွဲ့စည်းပုံစနစ်ကလည်း ယဉ်ကျေးမှုကစလို့ တွန်းအားနဲ့ အမွေနှစ်တွေ အများကြီး ထွန်းကားပေါ်ထွက်ခဲ့တာ ၊ အင်မတန်များပြားတဲ့ လူဦးရေ စတာတွေကိုကြည့်ရင်တော့ - ရှက်တဲ့အပိုင်းလည်း ရှက်ပြီး ၊ 'ကိုယ့်ထက် ပကတိ သာနေတဲ့ လူ့အသိုင်းဝိုင်းတစ်ခုကို လိုက်မမီတာ'လို့ အရှိကို အရှိအတိုင်း ဖြေသိမ့်လို့ ရတဲ့အပိုင်းလည်း ရှိမယ်ထင်ပါတယ် ။
      နောက်တစ်ခု ၊ ဆရာတင့်ပြောလိုက်မှ ဘုန်းဘုန်းများ အကြောင်းကတော့ ကွက်ကွက်ကွင်းကွင်းပါပဲ ။
      သို့သော် ကျနော်ကတော့ အခြားဟာတွေမှာ ကြောက်ကြောက်နဲ့ အထုပ်ဖြည်ဖြည်ပြနေပေမယ့် ၊ ဒါလေးတွေကျ ပြောရမှာ အတော်တွန့်တယ်ဗျ ။ ဒီကြားထဲ သေနတ်ခါးကြား ထိုးတာမျိုးတွေပါ ရေးရင်း ပါလာအုံးမှာမို့ ၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတဲ့ အဆင့်ကျော်ပြီး အပ်နဲ့ထိုးတာမျိုး ဖြစ်နေမှာလည်း စိုးရသေးတယ်လေ ။ နောက်ပြီး မကောင်းတော့ ကျောင်းပို့သလို လူမျိုးရေးဖက် ပုံချတာမျိုးကလည်း တွဲကပ်ပြီး ပါလာနိုင်ပြန်သေးတယ် ။
      ဒါပေမယ့် ဒါတွေက မကျော်ဖြတ်ပဲလည်း ပြီးသွားမှာမျိုး မဟုတ်ပြန်ဘူး ။
      သာမန် သူသူကိုယ်ကိုယ် မြင်နိုင်တဲ့ ယထာဘူတ ပိုင်းခြားကြည့်ရင်သော်၎င်း ၊ အုပ်ချုပ်ရေး စီးပွားရေး စီမံခန့်ခွဲမှုနဲ့ မူဝါဒတွေအတွက် ချိန်ထိုးကြည့်ရင်သော်၎င်း ပြောစရာ ထောက်ပြစရာ အချက်ကလေးတွေ အနည်းအကျဉ်းတော့ ရှိပါတယ် ။ အမှန်တော့ အချို့လူတွေလည်း ဟိုတစ်စ သည်တစ်စ ထောက်ပြထားပြီးသား ၊ ကျနော်လည်း သွယ်ဝိုက်ပြောခဲ့ဖူးတာမျိုးတွေ ပါပါတယ် ။ ဘယ်လိုဖြစ်ဖြစ် တည့်တည့် ရေးချလိုက်ဖို့တော့ အတော် ဝန်လေးနေမိတုန်းပါ ။
      ကဲဗျာ .. ဆရာသာ ဆက်ဆော်ပါတော့ … :-)
      Delete
    8. ကိုမန်းက ဖြစ်နေတာ ခုမှဆိုလို့  ကျွန်တော်က ကင်ဆာဆိုတာ ဆဲလ်လေးတလုံးကစတာပါလို့  ပြောလိုက်မိတာပါဗျာ ။
      ဒါတွေ့ လို့ သာသနာကို နဂိုရ်ကမှ မကြည်ညိုနိုင်သူတွေ ပိုသဒ္ဓါဆွ့ံတော့မလားပါဘဲ ။
      အဲမှာ စာလေးတကြောင်းပေါ့ဗျာ ။ ရိုက်ဒါဟတ်ဂတ်ကြီးရဲ့  စုန်းမဦးခေါင်းထဲက ယူပြောရရင် နှင်းဆီမှာဆူးကားကားကြီးတွေ ရှိတာကို ဒေစီပန်း အပြစ်မတင်ပါနဲ့ ဆိုတာလေး
      ခေတ်အဆက်ဆက်က သာသနာမှာ အစစ်အမှန်ကတော့ ရှိစမြဲဗျ ။
      နဲတာ တခုဘဲ
      တောင်ဖီလာဆရာတော်တို့  ရွှေဥမင်ဆရာတော်တို့  တောရ၀င်ကြ နိဿယတွေ အပြိုင်ရေးနေစဉ်မှာ ပန်းသင်္ကန်းတလွှားလွှားနဲ့  စင်ပေါ်တက် လက်ဝှေ့ သတ်ကြတဲ့  ရဟန်းတွေ မနဲခဲ့ပါ။
      မန်လည်တို့  လယ်တီဆရာတော်တို့  တရားတော်တွေကို အပြိုင်စာသ်စာချ အားထုတ်နေခိုက်မှာ မန္တလေးမှာ ရဟန်းပျိုတွေဘယ်လောက် ဖြစ်ပျက်နေတယ်ဆိုတာ မဟာဆွေ ရဲ့ ဈေးချိုသူနဲ့  (ဦး( သိန်းဖေ(မြင့်) ရဲ့ တက်ဘုန်းကြီးတို့ သာရှုပါတော့
      အဲလို ကွန်ပါယ်ရာအမ်ဒ်ကွန်ထရပ်စ်ကို ဆရာဦးဖိုးကျားကလဲ သာသနာ ရန်စူးရန်ညှောင့်နဲ့  သာသနာပြု ကိုယ်တော်လေးဆို စာတအုပ်ရေးခဲ့ဘူးပါဗျ
      ခုခေတ်လို အင်င်္ဂျအိုဖုန်းဖုန်း ၊ ရမ်ဘို ဘုန်းဘုန်း ၊ ဘာမှန်းမသိတဲ့ ဘုန်းဘုန်းတွေကြားမှာ မုန်လည်ဆရာတော် ၊ မဟာစည်ဆရာတော် တို့ လို သာသနာကို တည်ငြိမ်စွာထိန်းကျောင်းနေသူများလဲ မနဲလှပါခင်ဗျ
      တခုရှိတာက ဗုဒ္ဓဘာသာဝင်တွေ အတုနဲ့ အစစ်ခွဲကိုးကွယ်တတ်ဘို့ လှူတတ်ဘို့  ဆုတောင်းမိပါတယ်ဗျာ
      Delete
    9. ကျွဲရောင်းလာကြတဲ့ ပိတ်သတ်ကြီးကို နိဂျုံးခုတ်ရမှာဆိုတော့
      ခုခေတ်အခါနဲ့  အကိုက်ပေါ့ဗျာ ၊
      ကျွန်တော်တို့ ဒီမိုမာမီကြီးကလဲ ဆရာသော်တာဆွေရဲ့ ကြခတ်ဝရုံမြတခက်ရဲ့ ညီမလေး ခင်မမကို ပြန်လည်ဆန်းသစ်နေတဲ့  အခါသမယကြီးမို့ 
      ကျွန်တော်လဲ ခုနေခါမှာ အဖကားလ်မတ်ခေးတော်မူလို့  အဖစတာလင်မှာအိပ်ပျော်နေကြပြီဖြစ်တဲ့ ဆရာမြသန်းတင့်တို့ ဆရာကြည်လင်တို့ ရဲ့  စာပေသစ်အယူအဆကိုပြန်လည်ဆန်ူးသစ်ပြီး အသုံးမကျတာတွေဘ၀အမောတွေဘဲ မပြောဘဲ ထွက်ပေါက်လမ်းပြ လက်ထောက်ချမှ စာပေသစ်ဖြစ်မှာမို့  နဲနဲလေး လေပန်းမဗျာ ၊
      တောင်မြို့ ဆရာတော်ဆိုရင်တော့ မြန်မာပရိဿတ်ကမသိမရှိပါဘူး ၊ ရဟန်းတော်တွေအတွက် ဘာသာဋ္ဋီကာတွေ ၊ လူတွေအတွက်အခြေပြုတရားတော်တွေကို စက်နဲ့ လှည့်ထုတ်သလိုရေးတော်မူခဲ့တဲ့ သာသနာအာဇာနည်တပါးပါဘဲ ။
      လူသိနဲသေးတာက ဆရာတော်ရဲ့  ပညာညီတော်လဲဖြစ် မုန်သောက်မာတင်ပညာရှင်လဲဖြစ် ၊ တချိန်က သာသနာ့ရန်စူးရန်ညှောင့် လူသေလူဖြစ်ဦးဥက္ကဋ္ဌရဲ့  ၀ါဒကို အပြတ်ရှင်းရာမှာ ထိပ်ဆုံးကဥိးဆောင်တော်မူခဲ့သော ဒုတိယ မြောင်းမြဆရာတော်ပါဘဲ
      ဒီနေရာမှာ တင်ပြလိုတာက အဲဆရာတော် ညီနောင် ၂ပါးကိုမွေးထုတ်ခဲ့သော ပထမမြောင်းမြဆ၇ာတော်ရဲ့  တပည့်မွေးပုံကိုတင်ပြလိုတာပါ
      ကိုရင်ထဲက ဖြစ်နိုင်တဲ့  ဥာဏ်ကောင်းတဲ့  တပည့်တွေကို အနီးကပ် စာသင်စာချ သင့်ရာအပ်ပို့ ရုံမက ဘာသာခြား အင်္ဂလိပ်စာ ဟင်ဒိစာတွေပါ သင်စေ ၊အင်းဒီယားထိလွှတ်ပြီး တတ်မြောက်တဲ့ထိ သင်ခြ့တာကြောင့် ဆ၇ာတော် ၂ပါး နေလ ၂ဆူလို ထင်ရှားလာတပါ ။ ဒါပေမဲ့ အခြေခံက ကြိုးကျလှတော့ နိုင်ငံခြားဘဲပြန်ပြန် နိုင်ငံခြားဘဲ ရောက်ရောက် လွတ်ထွက်မသွားဘဲ ၀ိနည်းလဲလေးစား ထေရ၀ါဒဆ၇ာစဉ်ဆက်ကိုလဲ နာခံတဲ့ တကယ်သာသနာ့ အာဇာနည်တွေအဖြစ်နဲ့  ထီးထီးမားမားပျံလွန်တဲ့ထိ ရပ်တည်သွားကြကြောင်းပါ ။
      ခခုထိလဲ ဆရာတော် ၂ပါး လက်ရင်း မဟာဂန္ဓာရုံကျောင်း နဲ့  မြောင်းမြကျောင်းများဟာ သာသနာအ၀န်းအ၀ိုင်းမှာ လူနဲ့ မရော သံဃာ အလုပ်သာ တည်ငြိမ်စွာ ရပ်တည်နေပါ့ဗျာ ။ ပထမမြောင်းမြဆရာတော်ကြီးရဲ့ ဆရာကောင်းပီသပုံဟာ အနာဂါတ်သာသနာအတွက် ထွက်ရပ်လမ်းတခုလို့ မြင်မိပါခဗျားလို့  တင်ပြ ( ဖေါ်ပြ၊ မပေါ်တပေါ်ါ်လေးပြ ) ဆောရီးပါ သင်္ကြန် ပုံတွေ ကြည့်မိလို့ ပါ ၊ လိုက်ရပါခညာ
      Delete
    10. ဟမ် .. ကျနော်ရေးတဲ့အထဲ ခုမှ ဖြစ်နေတာလို့ အဓိပ္ပါယ်များ ရောက်သွားသလား ဆရာ ။ ကျနော် ရှင်းပြတာညံ့လို့ ဖြစ်မယ်ထင်တယ် ။ ကျနော့်အနေနဲ့ - ဒီလူမှု အသိုင်းဝိုင်းထဲက ဒီလိုဟာတွေ ဖြစ်လာမယ်လို့ မျှော်မှန်းထားနိုင်တယ်ဆိုတာ ရေးခဲ့မိတယ် ထင်တာပါပဲ ။ တစ်ခါ ၊ အဲသည် လူမှုအသိုင်းဝိုင်းရဲ့ လမ်းကြောင်းနဲ့ အလေ့တွေကတော့ ကာလရှည်ကြာ တည်ဆောက်ခဲ့တာမို့ လက်တန်း ချရေးလို့တော့ ကုန်မယ်မထင်ဘူး ။
      အဲသည် ကျနော့်ညံ့ချက်တွေကို အသာထားပြီး ၊ ဆရာ့ရဲ့ သာသနာရေး အမြင်နဲ့ ဗဟုသုတလေးတွေကို ကျေးဇူးတင်ပါတယ်ဗျာ ။ ပြီးရင်လည်း ဆရာပြောတဲ့ သင့်တော်မှန်ကန်တဲ့ ဆရာကောင်း သံဃာကောင်းတွေကို အခြေခံတဲ့ ထွက်ရပ်လမ်းကိုလည်း လူသိသူသိအောင် ၊ ရောင်ဝါထင်ရှားအောင် ၊ ပြန့်ပွားပြီး လက်ခံလာအောင် လုပ်ဖို့ရာ ဆရာတို့ကျနော်တို့လို လောကီဂျိုးတွေကနေ ဝတ္တရားတွေ ခွဲဝေယူသင့်ကြတယ်လို့ ထင်ပါတယ် ။ နို့မိုကတော့ လောကီဖားတစ်ပိုင်းငါးတစ်ပိုင်းတွေချည်း အားကောင်းနေရင် ၊ တစ်နည်းအားဖြင့် ရေအေးထက် မီးခဲတွေက ပိုအားကောင်းနေရင် အားလုံးကို ပူမှာ လောင်မှာ ဒုက္ခပေးမှာ ဆရာရဲ့ ။ ကိုယ်လည်း မလွတ်ဘူး ။
      [ဆရာက ‘တင်ပြ’ ဆိုတာ သုံးသွားလို့ သတိရမိတာက ၊ အရင်က သူငယ်ချင်းတစ်ယောက် ပြောသလို ၊ မင်းတင်ပြတာ မကြည့်ချင်ဘူး ၊ ကောင်မလေးတွေ တင်ပြတာပဲကြည့်ချင်တယ် ဆိုသလို ဖြစ်နေဦးမယ် :-) ]
      တစ်ဖက်မှာလည်း အချို့က ကျနော့်ကို - အခြားဘာသာတွေကိုတော့ လုပ်ချင်သလိုလုပ်ဆိုပြီး မပြောပဲထားတယ်လို့ ထင်နိုင်ပြန်တယ် ။ ကျနော့်သဘောကတော့ ဘယ်ဘာသာနာ ဘယ်သွန်သင်ဆုံးမမှုမျိုးနဲ့ဖြစ်ဖြစ် ၊ အများသူငါကို ပျက်စီးစေမယ့် လုပ်ရပ်မျိုးဆိုရင် ဘယ်လိုမှ လက်ခံမှာ မဟုတ်ပါဘူး ။ ဒါ့ပြင် နောက်တစ်ဆင့် ၊ မဖြစ်သေးတဲ့ ပြဿနာကို မဖြစ်ဖြစ်အောင် မီးထိုးပေးတဲ့ (မနှဲလေး မအော်အော်အောင် အောက်ကနေ ညှပ်ညှပ်ပေးနေတဲ့ ကဏန်းမျိုးလို) လူတွေနဲ့ လုပ်ရပ်တွေကိုလည်း အခါခွင့်သင့်သလို ထောက်ပြမိပြောမိမှာပါ ။ [သို့သော် အပေါ်မှာ ဆရာ့ကို ပြောခဲ့သလို ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်မယ်ဆိုတဲ့ စကားကိုလည်း မမေ့ပါဘူး :-) ]
      Delete
    11. ဒါနဲ့ကြုံတုန်း ဆရာ့အမြင်တစ်ခုလောက် ပေးနိုင်မလားလို့ မေးချင်တယ် ။
      ပုဂံခေတ်က အရည်းကြီးတွေအကြောင်းပါ ။
      ကျနော်မြင်တာတော့ အနိမ့်ဆုံး အခြေခံအနေနဲ့ ၊ လက်ရှိ အရည်းကြီးဝါဒနဲ့ပတ်သက်လို့ ကျနော်တို့ သင်ခဲ့ရသမျှ သိထားသမျှဟာ - ဘာမှ ပြန်မပြော ဖြေရှင်းခွင့် မရှိတော့တဲ့ ကိုးကွယ်ယုံကြည်မှုတစ်ခုကို ဗီလိန်ဖြစ်အောင် တစ်ဖက်သတ် အပုပ်ချထားတဲ့ဖက် ဦးတည်နေသလားလို့ ။
      ကျနော်တို့သိထားတဲ့ ပန်ဦးဆက်တာဟာ တကယ်အတူအိပ်တာ ဟုတ်ရဲ့လား တို့ ၊ မီးလှုံတာ မဟာယန ဘုန်းကြီးတွေ သိုင်းကျင့်သလိုမျိုး မဖြစ်နိုင်ဘူးလား တို့ ၊ ဖန်ခုန်တယ်ဆိုတာကို မှားတယ်ဆိုပြီး ဘယ်ပေတံနဲ့ တိုင်းမှာလဲဆိုတာတို့လို အဖြေမရှိတဲ့ အငြင်းအခုန်မျိုးထက် ၊ ကျနော် တကယ်တန်း စိတ်ဝင်စားတာက - အရည်းကြီးဆိုတာ ဟိန္ဒူဘာသာထဲ အကျုံးဝင်တဲ့ အစိတ်ပိုင်းတစ်ခုလား ၊ အိန္ဒိယနဲ့ ဆက်နွယ်မှုတွေ ရှိနေပြီး အရှေ့တောင်အာရှမှာ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုး ရှိခဲ့ကြရာမှာ အရည်းကြီးလို့ နာမည်တပ်ထားတဲ့ ကိုးကွယ်မှုတစ်ခုဟာ သီးခြားမြန်မာပြည်မှာပဲ ပေါ်ထွန်းခဲ့တာမျိုး ဖြစ်နိုင်ပါ့မလား ခုခေတ်မှာ ဘယ်မှာတွေကနိုင်မလဲ ၊ အရင်က ကိုယ်ကိုးကွယ်ခဲ့ပြီး ခုမှ မကိုးကွယ်တော့ပဲ အပြစ်ဖို့တာမျိုးဟာ ဖြစ်သင့်သလား (သို့မဟုတ်) ဒါဟာ ဘာသာရေးထက် လူတွေရဲ့ လူမှုရေးရာ စိတ်ခံစားချက်တွေနဲ့ ဆိုင်မသွားဘူးလား စသည်ဖြင့် စသည်ဖြင့်မျိုးတွေပေါ့ဗျာ စိတ်ထဲမှာ မေးခွန်းလေးတွေ တန်းစီနေမိတယ် ။
      အဲသည်ထဲက အတွေးတစ်ချို့က မလေးရှားမှာ ခရီးသွားခဲ့စဉ်တုန်းတွေက ကားတွေပေါ်မှာနဲ့ ရုပ်မြင်သံကြားမှာ ရံဖန်ရံခါ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တွေရဲ့ သက်ရောက်မှုတွေလည်း ပါတယ်လို့ ဝန်ခံရမယ် ။ မှတ်မှတ်ရရ ပထမတစ်ခုမှာ - မလေးမွတ်ဆလင်ရွာတွေကို အခြား ဟိန္ဒူ (သို့) ဗုဒ္ဓဘာသာရွာတွေကနေ လာတိုက်ခိုက် ဒုက္ခပေးတဲ့ ရိုက်ကွက်မျိုးတွေပေါ့ဗျာ ။ အပေါ်က မေးခွန်းမျိုး ပြန်မေးရရင် ၊ အရင်က သူတို့လည်း အဲသည်ဘာသာတွေ ကိုးကွယ်ကြတာပဲလေ ၊ မွတ်ဆလင်တွေ ဖြစ်သွားကြပြီးတဲ့နောက် အရင်ဘာသာနဲ့ ကိုးကွယ်တဲ့လူတွေကို ဗီလိန်လို ပုံဖေါ်ထားတာဟာ ကျနော့်မျက်စေ့မှာတော့ ကိုယ့်အရပ်ကိုယ့်ဇာတ်နဲ့ ကိုယ့်ဘာသာ စိတ်ချမ်းသာအောင် အားပေးဖို့ကြိုးစားတဲ့ ဝါဒဖြန့်မှုလိုပါပဲ ။ ကိုယ့်ဘာကိုယ်တော့ ဟုတ်နေတာပါပဲ ။ နောက်တစ်ခုကျပြန်တော့ - ခရူးဆိတ်စစ်ပွဲတွေကို မွတ်ဆလင်ဖက်ကနေ ရိုက်ပြတဲ့ ဇာတ်ကားရှည်ကြီးပါ ။ အဲ့အထဲမတော့ ဟောလိဝုဒ်နဲ့ဆန့်ကျင်ဖက် ၊ မွတ်ဆလင်တွေက ကိုယ့်အမျိုးဘာသာ နယ်မြေကို ကာကွယ်သူတွေပေါ့ဗျာ ။ ဒါတင်မက ပထမ ဒုတိယကမ္ဘာစစ်အကြောင်း ရုပ်ရှင်တွေကို ကြည့်ပြန်ရင်လည်း ဂျာမန်တွေသေတာများ အတုံးရုန်းပေါ့ ။ သို့သော် စာရင်းအင်းကိုကြည့်မှ ပိုသေတာက မဟာမိတ်တွေဖက်ကကိုး ။ လူတွေရဲ့ အထင်နဲ့ လက်တွေ့က အတော်လေး 'ဟ'နေတယ်လို့ သွားမြင်တယ်လေ ။
      ဘယ်လိုဖြစ်ဖြစ် ရှည်လျားတဲ့ နောက်ခံနဲ့ သင်္ခန်းစားတွေကနေဆွဲပြီး ထုတ်ထားပေမယ့် ၊ မေးခွန်းတွေကျတော့ ခပ်နည်းနည်းလေးပါဗျာ ။ အဆင်သင့်ရင်တော့ အတွေးလေး နည်းနည်းမျှပေးသွားပါဦး ။ အချွန်နဲ့ ‘မ’ပေးတယ်လို့တော့ သဘောမထားပါနဲ့ :-)
      Delete
    12. အစတစ ထပ်ဆွဲတာလားဗျ ဆရာမန်းရ ။
      ကျွန်တော်လဲ ပြောသာပြောနေရ ဘယ်တော့ ကိုးသင်္ချိုင်းက စိန်ခေါ်သံနဲ့  တွေ့ မလဲ တထိပ်ထိပ်ဘဲဗျ
      နောက်အစလေး မဖြေခင် အပေါ်ကဟာ လက်စသတ်ပရစေ ၊
      ဆရာနဲ့  တပည့် ပြဿနာက ထင်သလောက်တော့လဲ မလွယ်ဗျ
      ကျွန်တော်မှတ်မိနေတာ ၂ခု
      တခုက ဆရာသော်တာဆွေ ပြောတာလေးပါ ။ ဆိုဗီယက်ရုရှ သူရောက်တော့ စာရေးဆရာသင်ကျောင်းဆိုတွေ့ သတဲ့  အဲမှာသူကမေးတာပေါ့ ၊ဒီကျောင်းတက် စာရေးဆရာဖြစ်သလားဆိုတော့ ဟိုကဖြေတယ်မဟုတ်ဘူးတဲ့ ဒါပေမဲ့  စာရေးဆရာဖြစ်မဲ့သူကိုတော့မြန်မြန်ဖြစ်အောင်ကူညီနိုင်သတဲ့ဗျ
      နောက်တခုကတော့ ကာယဗလဦးရှိန် ၊ ဦးဇော်ဝိတ် နဲ့  ဦးထွန်းမောင်တော့ သူလုပ်တာ ဖြစ်သား၊ နောက်တပည့်တွေကျ အဲလောက်မလာတော့ဘူး
      အဲ ဦးထွန်းမောင်လဲ ဦးရှိန်နဲ့တွဲနေတုန်းက ဟုတ်သလိလို နောက်ဆရာတွေ နဲ့ ကျ အဲလောက်မလာတော့ဘူးလေ
      အရည်းကြီးအကြောင်းကတော့ ကျွန်တော်လိုက်ရသမျှ မပြောခင် ဒီမှာဗျ ကိုယ်တွေ့ တွေ့ဘူးသူရဲ့ စာလေးကြည့်ကြည့်ဗျာ
      https://www.facebook.com/notes/soe-min/%E1%80%A1%E1%80%AD%E1%80%95%E1%80%B9%E1%80%99%E1%80%80%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9/10151865680933902
      Delete
    13. ကျွန်တော်နားလည်တာပေါ့နော် အဋ္ဌရဿ ၁၈ရပ်ဆိုတဲ့  ရှေးက ပညာရေးမှာထိပ်ဆုံးပညာတွေဟာ အခြေခံလိုက်လိုက်ရင် အာရှတတိုက်လုံးရဲ့  ဆို့ စ်ဟာ ဟင်ဒီ ဗြဟ္မဏဆရာကြီးတွေဘဲ ၊ သူတို့ ရဲ့ ပညာတွေထဲမှာ တခုက မန္တရ ယန္တရ နဲ့ တန္တရဆိုတဲ့  ပညာဆက်တွေဘဲ
      မန္တရ ဆိုတဲ့  ဂါထာ မန္တန်တွေ
      ယန္တရဆိုတဲ့  လက်နေလက်ထား နတ်ဘုရားတွေကို ပူဇော်မှုတွေ နဲ့ တူတူ
      တန္တရဆိုတဲ့  သဘာအင်အားကို မိမိ အတွက်အသုံးချရေးဆိုတဲ့  ပညာတွေလဲ ပါလာရယ်
      တန္တရရဲ့  အစိတ်အပိုင်းတခုက ကျားမ လိင်ဆက်ဆံရေးကို မိမိပညာအတွက်အသုံးချခြင်းဆိုတာဘဲ ၊ ခုထိ တန္တရာဇ်ဟာ အကျင့်တခုအနေနဲ့  ကမ္ဘာအနှံ့ အပြားရှိနေသေးတယ်
      ဗုဒ္ဓဘာသာဟာ အဲဟင်ဒီအခြေခံကနေ ရုန်းထလာတဲ့ အခါကျတော့ အဓိက ပြောင်းပစ်ခဲ့တာ ၃ခုဗျ
      ၁)အနတ္တ
      ၂) ပြင်းထန်တဲ့ တပ္ပအကျင့်ဆိုတဲ့ အစွန်းတဘက်နဲ့  လိင်မှု အပါအ၀င်စည်းစိမ်ခံစားမှုဆိုတဲ့  အစွန်းတဘက်ကို ရှောင်ပြီး မဇ္ဈမပဋ္ဋိပဒါ
      ၃) ပိုစနစ်ကျလာတဲ့  သမထအကျင့်တွေနဲ့  ထူးခြားတဲ့  ၀ိပဿနာ
      ဒါပေမဲ့  နောက် နှစ်ရာနဲ့ ချီလာတော့ အင်ဒီးယားမှာကို ဗုဒ္ဓဘာသာထဲ ခုန ဟင်ဒီတန္တရာဇ်ပြန်ရောလာတယ်
      ဟင်ဒီမှာက တန္တရာဇ်ကျင့်သူရှိသလို မကျင့်ဘဲ မန္တရ ယန္တရနဲ့ ဘဲ နေတဲ့ တောမှီရသေ့တွေလဲ ရှိနေတာဘဲဗျ
      ဒါပေမဲ့ သူတို့  ၂စုဟာ သီးခြားကြီး သတ်သတ်ကြီးအဲလိုလဲမဟုတ်ပြန်ဘူး
      တဦးထဲကဘဲ တချိန်မှာ တခုကျင့်ပေမဲ့ နောက်တချိန်မှာ နောက်တခုထဲရောက်နေပြန်တတ်သဗျ
      ကျွန်တော် သေချာတာကတော့ ပုဂံခေတ်လည်ခေါ်တဲ့  အနော်ရထာမတိုင်ခင်လေးမှာ တန္တရာဇ်အကျင့်ရော တောမှီရသေ့ရောဟာ လောကီပညာဆရာတွေအဖြစ်နဲ့  တည်နေပြီဆိုတာဘဲ ၊ မိန်းစထ၇င်းကတော့ တန္တရာဇ်ဝါဒီတွေက အားကောင်းပုံရတယ် မျက်နှာကြီးတွေက သူတို့ ပိုကြိုက်တယ်ပေါ့တယ်ဗျာ ၊ တောမှီရသေ့ဂိုဏ်းက အားနဲပုံဘဲ
      နောက်တခုသေချာတာက ဗုဒ္ဓဘာသာဟာ (ပုံစံတမျိုးမျိုးနဲ့ ထေရ၀ါဒ ဟုတ်ချင်မှဟုတ်မယ်) သရေခေတ္တရာမှာ ရှိနေခဲ့ပြီဆိုတာကို စေတီပျက်ဋ္ဌာပနာ တွေမှာတွေ့ ရတဲ့  ယေဓမ္မာချီ အုတ်ခွက်စာတွေအရသိရတယ်
      တခုမသေချာတာက ပုဂံ တန္တရာဇ်ဟာ ဟင်ဒီလား ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတခုလားဆိုတာတော့ မသေချာတာပါဘဲ
      ဆိုးသလား မဆိုးသလားဆိုတော့ ပြောရခက်သဗျ၊
      သူ့ လူ့ အဖွဲ့ အစည်းက လက်ခံတာ မခံတာဘဲ လို့ ပြောရမှာဘဲ
      သူ့အရပ်နဲ့  သူ့ ဇာတ်ဟုတ်နေတာလဲဖြစ်နိုင်သလို ခုခေတ်လိုပေါ့ဗျာ
      ဟုတ်လား
      တကယ်စေတနာနဲ့  ဘုရားတည်ကျောင်းဆောက် လှူနေသူတွေရှိသလို အကြောင်းကြောင်းကြောင့် အောင့်အောင့်ညှစ်ညှစ်နဲ့  လှူ၇တဲ့သူတွေလဲ ရှိနိုင်သဗျ
      အနော်ရထာက မကြိုက်ဆိုတာမှာ ဘာသာရေးထက်ဘုရင်ပီပီ နိုင်ဂံယေး ပိုများထင်ပါရဲ့ 
      ဒါကိုကျွန်တော်ရမ်းပြောတာမဟုတ်ပါ
      လူထုအကုန်မပါတာကို ပြနေတာက သူအပျောက်ရှင်းချင်ခဲ့တဲ့  ကိုးကွယ်မှုအဟောင်း တွေထဲအပါအ၀င်ဖြစ်တဲ့  နတ်နဲ့ နဂါး ဟာ ခုထိ ကျွန်တော်တို့ လူ့ အဖွဲ့ အစည်းမှာ ပူးတုန်းခွါတုန်း ကနားပေးတုန်းဘဲဆိုတာ က သက်သေပြနေပါသဗျ ထို့ အတူ ဘိုးတော်ဆိုတာတွေ ဘော်တိုးအောင် တခြိမ်းခြိမ်းညာနေတာ ဒီနေ့ ထိ
      ဗေဆိုတဲ့ဒင်ဆရာတွေကရောဗျာ ၊ ဒါလဲ အရည်းကြီးလက်ကျန်တွေပါခဗျ
      (အင်းကိုမန်းဒီတခါမတဲ့ အချွန်က မသေးဘူး ၀ိုင်းဆဲမဲ့ လူတွေက စာရင်းတောင်လုပ်မရတော့ဘူး
      ဗမာဆိုတာ ရှေးထဲက သီးသန့် ကြီးနေပြီး အဋ္ဌာရဿ ၁၈ရပ် ဆရာမရှိသူ့ အလိုလို တတ်လာတာ ဆိုသူတွေ ၊ ကိုကြီးကျော်နဲ့ မာမီနှဲ မပါဆိုသူတွေ ၊ ကယ်ပါ ဘိုးဘိုးပြောင် ဆိုသူတွေ ၊ ဘုရားစောင်းတန်းကနေ တိုက်ကြီးပေါ်အဆုံးကဗါဒံဆရာတွေ ၊ အနော်ရထာလိုသာသနာပြုမင်းလုပ်ချင်သူတွေနဲ့  အဲသာသနာပြု မင်းမှီတုတ်ချင်သူတွေ ၊ နောက်ဆုံး အောင့်ညှစ်ညှစ်နဲ့ သတင်းစာထဲ ကိုယ့်မက်ခွက်ကြီးပါအောင် သိန်းရာချီထည့်လိုက်ရသူတွေ ၊ ကိုမန်းရာ ဒီစာလေးရေးမိတာကျွန်တော်တော့ မြောက်ကိုးရီယား နရွက်တတွေးစွတ်မိပြီလားမသိပါခညာ )
      Delete
    14. “အချွန်နဲ့ ‘မ’ပေးတယ်လို့တော့ သဘောမထားပါနဲ့” လို့ ပြောထားပေမယ့် ၊ အဲသည်အချွန်ကိုက ပိုပိုလို့ ကြီးတယ်ဆိုတာ သဘောပေါက် နေမှတော့လည်း မထူးပါဘူး ၊ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရတော့မှာပဲ :-)
      ကျနော်လည်း ပထမ ဆရာတပည့်ကိစ္စ အဆုံးသတ်ရရင် ၊ တပည့်ကောင်းမှ တပည့်မွေးမယ်လို့တော့ သဘောထားလို့ ဘယ်ရမလဲဗျာ ၊ အရေအတွက်ထဲက အရည်အချင်းတချို့ ထွက်လာဖို့ပဲ မျှော်မှန်းရတာပေါ့ ။ အချို့နေရာမှာ ဆရာကိုယ်တိုင်က ပါရမီ မပြည့်လေတော့ တပည့်ကို ပျိုးထောင်ဖို့ကလည်း လွယ်တာတော့ မဟုတ်ဘူးလေ ။ တရုတ်ပြည် နမူနာကိုပဲကြည့်ရင် ၊ ဥပမာ ဂျက်လီ တို့လို ကမ္ဘာကျော်တစ်ယောက် ပေါ်ထွက်လာဖို့ရာ သန်းနဲ့ချီတဲ့ လူငယ်တွေ ခေတ်အဆက်ဆက် သိုင်းပညာကို လေ့လာဆည်းပူးပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြတဲ့ အကျိုးဆက် အမွေပဲဆိုတာ မြင်နိုင်ပါတယ် ။ ကံ ဥာဏ် ဝိရိယ ပေါင်းဆုံမိတဲ့အခါ ဖြစ်လာမှာပါ ။
      အရီးတို့ကိစ္စဖက် ပြန်လှည့်ရရင် - အဲသည် ကိုစိုးမင်းဆိုသူ ရေးတာတွေနဲ့ ပုဂံခေတ်bအရည်းကြီးတွေကို ယေဘုယျ သဘောကလွဲရင် ၊ တိုက်ရိုက် ဆက်နွယ်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ ကျနော်တို့လည်း ဆုံးဖြတ်ပေးဖို့ မလုံလောက်ဘူး ထင်တာပါပဲ ။ အမြင်ကိုတော့ ပြောလို့ ဖလှယ်လို့ ရတာပေါ့လေ ။
      အဲဒါနဲ့ ဆက်စပ်နေတဲ့ ဟိန္ဒူဘာသာ အကြောင်းကတော့ ၊ အခြေခံအားဖြင့် ပြောရရင် ၊ များများတော့ မသိပါဘူး ဆရာရယ် ။ ဟိုဟိုသည်သည် တို့တိတို့တိလေးတွေနဲ့ ပြောရမှာကလည်း သိပ်တော့ မကောင်းလှပေဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် လက်လှမ်းမိသလောက်တော့ ချရေးထားလိုက်ပါ့မယ် ။
      အရင်ဆုံး တစ်ချက်အနေနဲ့ ဟိန္ဒူဘာသာဟာ တကယ်တော့ ဘာသာတစ်ခုမဟုတ်ပဲ ယုံကြည်မှုတွေ စုပေါင်းထားတဲ့ အစုအဖွဲ့တစ်ခုသာဖြစ်တယ်လို့ ဖတ်မိပါတယ် ။ ၁၉ ရာစုအထိ ဘာသာတရားတစ်ခုအဖြစ် သတ်သတ်မှတ်မှတ် မရှိလှပဲ ၊ အိန္ဒု (Indus) မြစ်ဝှမ်းတစ်လျှောက် နေထိုင်သူတွေကိုသာ ခေါ်တာလို့ ဆိုပါတယ် ။
      God is not one ဆိုတဲ့ စာအုပ်မှာတွေ့ရတဲ့ ဟိန္ဒူဘာသာကို အတိုဆုံး ပုံဖေါ်ပြပုံက Hinduism: The way of devotion ပါတဲ့ ။ အနောက်နိုင်ငံရောက် ဟိန္ဒူတွေကတော့ Hinduism is a way of life လို့ အဓိပ္ပါယ် ဖေါ်ကြပါတယ်တဲ့ ။
      ဒါကြောင့် ကနေ့ ဟိန္ဒူတွေဆီမှာ (တူညီတာဆိုလို့ ကျမ်းအချို့နဲ့ အကြီးမြတ်ဆုံး နတ်ဘုရား အချို့ကလွဲရင်) ရေတွက်လို့ မကုန်နိုင်တဲ့ နတ်ဘုရားတွေရှိသလို ၊ ဗုဒ္ဓမြတ်စွာဘုရားကိုလည်း ဦးချရှိခိုးကြတာပါပဲ ။ အဲဒါမြင်လို့ မကြည်နူးနိုင်ခင် ခရစ်တော်နဲ့ကြုံပြန်တော့ ရှိခိုးကြပြန်ပါတယ် ။
      ဟိန္ဒူအယူဆ ယုံကြည်မှုတွေကို ဟိန္ဒူမဟုတ်တဲ့ နိုင်ငံတွေထဲမှာတော့ ထိုင်းနိုင်ငံထဲ အများဆုံး တွေ့ရတယ်လို့ ပြောနိုင်မယ်ထင်တယ် ။ သူတို့ဆီမယ် ဘုရင်လယ်ထွန်မင်္ဂလာကို ပုဏ္ဏားတွေက စီစဉ်ကြတုန်းပဲ ။ ဘန်ကောက်နားမှာ ဆင်နတ်ဘုရားကြီးပုံက ဟီးနေပြီး လာသူတွေက အိန္ဒိယဟိန္ဒူတွေ မရှိသလောက်ပဲ ၊ ထိုင်းတွေချည်းပဲ ။ နာမည်ကြီး ဗေဒင်ဆရာကြီးတွေဆိုလည်း ဝန်ကြီးချုပ်တွေ ပါတီခေါင်းဆောင်တွေကအစ သွားတွေ့ကြ ဗျာဒိတ်တွေယူကြတယ် ။ အဆောင်အယောင်တွေ ဆောင်ကြပုံများကတော့ အချို့လူတွေများ လည်ပင်းမှာ အင်္ဂုလိမာလ ကျနေတာပဲ ။ ကိုစိုးမင်းပြောတဲ့ “ဖေဇော်ဂျီရဲ့ ဆေးကြိမ်လုံး” ကြီးတွေကလည်း ဆိုင်အတော်များများမှာ ရှိကြတယ် ၊ ဒါကို ဦးအောင်ဇေယျ လုပ်သွားတာလို့ ဂုဏ်ယူဖို့ လုပ်နေကြသူ မြန်မာပြည်သားတွေကလည်း ဒုနဲ့ဒေး ။
      မြန်မာပြည်နဲ့ ပတ်သက်လို့တော့ ဆရာပြောသလိုပဲ အနော်ရထာက အရီးတို့ကို နိုင်ငံယေးအရ ရှင်းထုတ်ခဲ့တာလို့ အရင်ကလည်း ဘယ်မှာမှန်းမသိ တစ်ကြိမ်တွေ့ခဲ့ဖူးပါတယ် ။ ကျနော့်အတွက်တော့ ဟုတ်မယ်လို့ ယုံကြည်နိုင်ဖို့ရာ အလေးသာပါတယ် ။ သို့သော် အကောင်းဖက်ကို မတော်တဆပဲဖြစ်ဖြစ် ဦးတည်သွားခဲ့ဖို့ အခြေနေဖြစ်လာခဲ့တာ ဆိုရင်တော့လည်း (စစ်တိုက်လို့ သထုံလိုနေရာမှာ သေကြေပျက်စီး ကြရတာကလွဲရင်) ဝမ်းသာရမှပေါ့ ။
      (ဒီနေရာမှာ တစ်ခုသတိရတာက ကျနော့်ဦးလေးတစ်ယောက်ရဲ့ အတွေ့ကြုံအရ ၊ ထားဝယ်သားတွေက သူတို့ကိုယ်ကို ‘ဗမာ’တွေပါတဲ့ ။ အဲ ဗမာတွေကိုတော့ ‘ဂံ’လို့ ခေါ်ပါသတဲ့ ။ ပုဂံသားတွေလို့ ဆိုချင်တာလား အတိကျ မဝေခွဲတတ်ပေမယ့် ကြားဖူးနားဝကို ပြောပြတာပါဗျာ ။ ထားဝယ်သားတွေနဲ့ ပညာရှင်တွေ ပူးပေါင်းလုပ်ရမယ့် အပိုင်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်) ။
      အင်းဗျာ ဆရာတင့်လည်း သိတာတွေပြော ၊ ကျနော်လည်း မှတ်မိတာတွေ ပြောချင်ရာပြောနဲ့တော့ ဟုတ်နေပါပြီ ၊ ဗမာဆိုင်းဝိုင်းနဲ့ ကရင်ဒုံးယိမ်း ထကနေမိသလို ဖြစ်နေပြီလား မသိဘူး :-)
      နောက်ဆုံး ဆရာ့မှတ်ချက် အောက်ဆုံးမှာပြောသလို မြန်မာပြည်ထွက် စူပါမင်းတွေကတော့ အံ့မခန်းပါပဲဗျာ ။ ဒီနေ့တောင် မနေနိုင်လွန်းလို့ အွန်လိုင်းက ဂုရုငယ်ကလေးများရဲ့ သူများဘာသာကို လူတတ်ကြီးလုပ်ပြီး သူများကျမ်းနဲ့ သွားပြီး ကိုးကားပြနေလို့ ဝင်ပြောမိသေးတယ် ။ လှူတာ တန်းတာကတော့ ၊ ကျနော်တို့မြို့က အသိတစ်ယောက်တောင် တီဗီထဲ ပါချင်လို့ပါဆိုပြီး ဆရာပြောတဲ့ အလုံးစုံတတ် တီဗီမင်းသားကြီးအဖွဲ့တွေ ရောက်လာစဉ်မှာ လိုလိုလားလား သွားလှူခဲ့တာလည်း သိခဲ့ရဖူးပါတယ်ဗျာ ။
      ကဲ ဆရာတင့်ရေ ၊ မသိဘူးဆိုပြီး လျှာရှည်တာတောင် အတော်များသွားပြီ ။ တော်ထားပါဦးမယ် ။
      Delete
  4. သိန်းစိန်လောက်တောင် လွတ်လပ်စွာပြောဆိုခွင့်မပေးရဲတဲ့သူတွေက ဒီမိုကရေစီစကားပြောနေတာ ရှက်ဖို့ကောင်းတယ်နော်။ မိမိကို သတ်မှ ကုသိုလ်ရမယ်ဆိုတဲ့ မူစလင်ကို လူရာသွင်းတဲ့ အကြောင်း မဖြေရှင်းရဲရင် တိတ်တိတ်လေးနေစေချင်ပါတယ်
    ReplyDelete
    Replies
    1. ဒီမိုကရေစီကိုတောင် နားမလည်ပဲနဲ့ မီးစတစ်ဖက် ရေမုတ်တစ်ဖက် လုပ်နေတဲ့ ဦးသိန်းစိန်ကို ဦးထိပ်ထားပြီး ဒီအထိလာပြောတာ ရှက်စရာကောင်းတယ် မပြောချင်ပေမယ့် ၊ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ စိတ်ထဲ အတွေးမဝင်မိဘူးလား ။ သူတစ်ပါးကို ထိန်းချုပ်ဒုက္ခပေးနိုင်တဲ့ အာဏာ ၊ ကာယ ဥာဏနဲ့တွဲပြီး ပင်ပန်းဆင်းရဲအောင် လုပ်လိုတဲ့ဆန္ဒတွေ မရှိတဲ့အပြင် ၊ တာဝန်ယူမှုနဲ့ လူမှုကျင့်ဝတ် စောင့်ထိန်းခြင်းဆိုတဲ့ 'မူ'တွေကို ယုံကြည် အကောင်ထည်ဖေါ်ဖို့ ကြိုးစားနေသူ ၊ လာဖတ်သူ လူအများရဲ့ အကျိုးကို ရှေ့ရှုတဲ့ ဆိုဒ်ပိုင်ရှင် တစ်ယောက်အနေနဲ့ ကိုယ်ပိုင်'စံ'တွေ ရှိတယ်ဆိုတာတော့ သဘောပေါက်မယ်လို့ ယူဆပါတယ် ။
      လူအားလုံးကို လူရာသွင်းသူ တစ်ယောက်အနေနဲ့ မွတ်ဆလင်တွေကနေ ကိုယ့်ကိုသတ်မယ်လို့ ခြိမ်းခြောက်တာ မခံရပေမဲ့ ၊ မေတ္တာရှင်ရဲ့ အရိပ်ကို ဒိုင်းလုပ်ခိုနေသူ အချို့ကတော့ အမှန်တရားနဲ့ မေတ္တာကို ပစ်ပယ်ပြီး မသင့်တော်တာတွေ လုပ်နေတာတွေ့ရလို့ ၊ အခြားသူတွေ တိုက်ရိုက်မထိခိုက်နိုင်တဲ့ ကိုယ်ပိုင်ရာနေရာမှာ ကိုယ့်အမြင်တွေကို လွတ်လွတ်ကင်းကင်း ချပြနေတာပါ ။ အကယ်၍ မြန်မာပြည်ပေါက် မွတ်ဆလင်တွေအကြောင်းကို မွတ်ဆလင်တွေ ကိုယ်တိုင်ထက် ပိုနားလည်တယ်ထင်ရင် ၊ သူတို့နဲ့ မျက်နှာချင်းဆိုင်ပြီး ပြောကြည့်သင့်ပါတယ် ။ အခန့်သင့်ရင် တမန်တော်အသစ် ပေါ်တယ်ဆိုပြီး ၊ ဝမ်းမြောက်ဝမ်းသာ လက်ခံကောင်း လက်ခံကြမှာပါ ။
      Delete
  5. အင်းး ဆိုဒ်အသစ်တစခုကို အလည်ရောက်သွားမိတာ။ တစ်ခုတော့ပြောပြချင်တယ် ကျွန်တော် post အားလုံးဖတ်ကြည့်ပါတယ် ဆရာတို့ ရဲ့စာဖတ်အားနဲ့ ဗဟုသုတတွေကိုတော့ လေးစားပါတယ် ဒါပေမယ့် အမြင်နဲ့ သုံးသပ်ချက်တွေကတော့ နဲနဲတစ်ဖက်သတ်ဆန်နေမယ်ထင်တယ် ဘာသာခြား နဲ့ တိုင်းရင်းသား တွေဒုက္ခ သယ်တွေကိုကိုယ်ချင်းစာလို့ရပါတယ် ဒါပေမယ့် သူတို့ကို ခေါင်းဆောင်ပြီး မြန်မာမုန်းတီးရေးဝါဒမှိုင်းသွင်းနေတဲ့ ချမ်းသာချင်တိုင်းချမ်းသာနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြောင့် ငြိမ်းချမ်းမှုမရတာ တိုင်းပြည်အစိတ်စိတ်ကွဲသွားနိုင်တာ လည်းထည့်ရေးသင့်တယ် အဲ ကရင်ခေါင်းဆောင်တွေကမှ သူတို့လူမျိုးကို အမျိုးချစ်စိတ်ရှိသေးတယ် ကချင်တို့ ရှမ်းတို့ ဝတို့ ကတော့ ဘိန်းကုန်သည်တစ်ပိုင်းတွေဘဲလေ။ မူဆလင်ကိစ္စကလည်း သူတို့ မော်လဝီ ဆရာတွေထဲမှာလည်း ပြည်အထောက်အပန့်ယူပြီး သွေးထိုးလှုံ့ဆော်နေသူတွေ အများကြီးရှိမှာပါ။ ရောမကိုရောက်ပြီး ရောမလိုကျင့် မဖြစ်တဲ့ဘာသာတရားကို ကိုးကွယ်မိပြီး ရင် အတတ်နိုင်ဆုံး လိုက်လျောညီထွေ မနေတတ်တဲ့ လူတစချို့ ကြောင့်လည်းအဓိကပါ ပါတယ်။ မြန်မာတွေကတော့ သွေးဆူလွယ်တဲ့လူမျိုးဆိုတော့ မီးပွားလေးတစ်ခုကျရင် ဘာမှန်းညာမှန်းမသိ ပေါက်ကွဲချင်ကြတာ လှုံ့ ဆော်ချင်သူတွေရဲ့ အကြိုက်ဖြစ်ရတာပေါ့။ လူမျိုးစု ဖြစ်ဖြစ် ဘာသာရေးဖြစ်ဖြစ် နှစ်ဖက်စလုံးမှာ ချို့ယွင်းချက်ရှိ လို့ပါဗျာ။
    ReplyDelete
    Replies
    1. ပြည်ချစ်သူရဲ့မှတ်ချက်ကို လက်လှမ်းမီသလောက် ပြန်ပေးပါ့မယ် ။
      ပထမ နောက်ဆုံးစာကြောင်းကနေ စပြီး ပြန်ပြောရရင် ၊ လူမျိုးစုဖြစ်ဖြစ် ဘာသာရေးဖြစ်ဖြစ် နှစ်ဖက်လုံးမှာ ချို့ယွင်းချက်ရှိလို့ဆိုတာ လက်ခံပါတယ် ။ အဲသည် ချို့ယွင်းချက် အက်ကြောင်းတွေကိုလိုက်ပြီး အတိမ်းအစောင်း မခံနိုင်ကြရင် ၊ အမြင်မကျယ် မထိန်းသိမ်းကြရင်တော့ ပြဿနာ ရှိလာပါတယ် ။ အထူးသဖြင့် လူများစုက ပိုထိန်းသိမ်းရမှာ ဖြစ်သလို ၊ တာဝန်ရှိ အာဏာရှိသူတွေကလည်း ဝန်းရံပေးမှ တည်ငြိမ်တဲ့ လူ့အဖွဲ့စည်းကို တည်ထောင်နိုင်မှာပါ ။
      ဘာသာရေးနဲ့ ပတ်သက်လို့ကတော့ ပြည်ချစ်သူရဲ့ သိနားလည်ထားတာတွေအပေါ် မူတည်ပါတယ် ။ ပထမတစ်ချက် ရောမကိုရောက်ရင် ရောမလိုကျင့်ဖို့ဆိုတာ အင်မတန်ကောင်းတဲ့ ပုံဆောင်စကားဖြစ်ပေမယ့် ၊ လက်တွေ့ဘဝမှာကျတော့ ဘာသာတရားလို အလျှော့အတင်း လုပ်ရအင်မတန်ခက်တဲ့ အပိုင်းတွေမှာတော့ အတော်ခက်ပါတယ် ။ အသေးစိတ်ရှင်းမှ ပိုရှင်းမှာဖြစ်ပေမယ့် ဒီလောက်ပဲ ပြောချင်ပါတယ် ။
      နောက်တစ်ချက်ကတော့ မြန်မာပြည်ရဲ့ ဓလေ့အရ ဗုဒ္ဓဘာသာတွေဟာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ရပ်တည်ကြပါတယ် ။ ဒါ့ပြင် အချို့ အာရှနိုင်ငံနဲ့ အနောက်တိုင်းတွေလို အတွေးခေါ် ပညာရှင်နဲ့ စနစ်အမျိုးမျိုး မထွန်းကားခဲ့ဖူးတာကြောင့် ၊ အစိုးရ လုပ်သူတွေကိုယ်တိုင် ပြည်သူအတွက် တာဝန်မယူပဲ ၊ လမ်း တံတား ဘုန်းကြီးကျောင်းတွေကအစ ကိုယ်ထူကိုယ်ထစနစ်အပေါ် အားသန်ခဲ့ကြတာဟာ ကနေ့အထိပါပဲ ။ တစ်ချိန်ထဲမှာလည်း အခြား ဘာသာရဲ့ ပိုကျယ်ပြန့်တဲ့ ကွန်ယက်ဆန်ဆန် စနစ်တကျ စီမံကိုင်တွယ်ရင်း ငွေကြေးတွေကိုလည်း များရာကနေ နည်းရာကို စီးဆင်းစေတတ်တာမျိုးကိုလည်း ပြည်ပအထောက်ပံ့ယူတယ် ညွှန်ကြားချက်တွေ ပေးတယ်ဆိုပြီး ယူဆတတ်ကြသလို ၊ အစိုးရပိုင်းမှာလည်း အခွန် စနစ်တကျ စီမံခန့်ခွဲ ကောက်ခံတာမျိုးတွေနဲ့လည်း အကျွမ်းမဝင်ကြသေးပဲ အမျိုးမျိုးတွေး အမျိုးမျိုး ရေးနေကြတာ တွေ့နေရပါတယ် ။ ကိုယ့်အချင်းချင်း ပြောဆိုဖို့အတွက် ပြဿနာ မရှိလှပေမယ့် ၊ နိုင်ငံတကာ အဆင့်မှာတော့ မှတ်ကျောက်တင် မခံနိုင်တာ သေချာပါတယ် ။
      လူမျိုးကိစ္စကတော့ တစ်ကြိမ်မှာ ဖတ်ခဲ့ဖူးသလို "လုပ်တဲ့သူအတွက် မသိသာပေမယ့် ခံရတဲ့သူတွေအတွက်တော့ သိသာပါတယ်" ဆိုတဲ့စကားကို သတိရပါတယ် ။ ဒီစကားက အခု ကျနော်ပြောမယ့်ဟာတွေရဲ့ ရာခိုင်နှုန်း အတော်များများကို ကိုယ်စားပြုနိုင်တဲ့ စကားပါ ။
      ပထမ 'တိုင်းပြည် အစိတ်စိတ် ကွဲသွားနိုင်တယ်' ဆိုတဲ့စကားကို အရင်ကြည့်ရအောင် ။
      ယေဘုယျအားဖြင့် တိုင်းရင်းသားတွေ အနေနဲ့ တိုင်းပြည်သစ် တစ်ပြည် ခွဲထွက်ချင်သလားလို့ မေးကြည့်ဖို့ လိုလာပါတယ် ။ ခံရပါများလို့ ၊ ဒုက္ခဆင်းရဲ ရောက်လွန်းလို့ အတူမနေပဲ ခွဲထွက်တာကပဲ ပိုကောင်းတယ်ဆိုပြီး ဒေါသနဲ့ ပြောကောင်းပြောမှာဖြစ်ပေမယ့် ၊ လက်တွေ့ဘဝမှာတော့ ကုန်းပိတ်ရေပိတ် နိုင်ငံသေးသေးလေး တစ်နိုင်ငံထောင်ဖို့ဆိုတာ ဒီခေတ်မှာ မဖြစ်နိုင်သလောက်ပဲဆိုတာ တိုင်းရင်းသားခေါင်းဆောင်တွေ သိကြပါတယ် ၊ မလုပ်ကြပါဘူး ။ သို့သော် ခွဲထွက်သွားကြလိမ့်မယ် ခွဲထွက်သွားကြလိမ့်မယ်ဆိုပြီး ကလေးတွေကို ဒေဝေါကြီးနဲ့ချောက်သလို ထပ်ခါထပ်ခါ ခေါင်းထဲရိုက်သွင်းပြီး အတင်းကာရော တိုက်ပွဲတွေဆင် ၊ ဒုက္ခတွေ အကြီးအကျယ် ပေးနေမှတော့ ခွဲထွက်မယ် ပြောသူတွေကို တစ်ခါတစ်ရံ ကျနော်တို့ကိုယ်တိုင် .. "အေးဗျာ ခွဲသာခွဲဗျာ ၊ နောင်လာ နောင်ခါဈေးပေါ့"လို့ ပြောချင်ရလောက်အောင်ပါပဲ ။
      Delete
    2. နောက်တစ်ခု ၊ မြန်မာမုန်းတီးရေးဝါဒ မှိုင်းသွင်းနေတဲ့ ချမ်းသာချင်တိုင်း ချမ်းသာနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြောင်း ဆက်ကြတာပေါ့ ။
      ပထမ အဲသည် မြန်မာမုန်းတီးရေးဝါဒတွေ ရှိနေတဲ့ ခေါင်းဆောင်တွေကို ကြည့်ရအောင် ။
      ပြည်ချစ်သူအနေနဲ့ အဲသည်ခေါင်းဆောင်တွေရဲ့ ဘဝတစ်လျှောက်မှာ ဗမာတွေရဲ့ဒဏ်ကို ဘယ်လောက်ခံခဲ့ရသလဲ သိပါသလား ။ အားလုံးမဟုတ်ပေမယ့် အများစုဟာ လူသတ် ၊ မုဒိမ်းကျင့် ၊ မီးရှို့တာကအစ ဒါးပြတိုက် အတင်းခိုင်းစေတာတွေအဆုံး ကိုယ်တိုင်ကြုံခဲ့ကြရသူတွေက အများစုပါ ။ အလိမ်ခံရတာတွေက ပါပါသေးတယ် ။ ဒီတော့ ဒီလိုလူတွေ သူတို့နောက်လိုက်နဲ့ ကလေးတွေကို ဘယ်လိုသွန်သင်မလဲ ခန့်မှန်းသာကြည့်ပါ ။ အဲသည်လိုပဲ ရှေ့တန်းနဲ့ နယ်ဒေသတွေမှာ ဘာတွေဖြစ်နေမှန်းမသိတဲ့ မြို့သူမြို့သားနဲ့ အေးချမ်းတဲ့ဒေသက လူတွေကို ပြည်မအာဏာပိုင်တွေက တစ်ဖက်သတ်ပြောတာတွေကို ယုံကြည်ပြီး ၊ ကိုယ့်ကိုမုန်းတဲ့သူတွေကို ပြန်မုန်းကြရင်း ဒုက္ခထပ်ပေးကြရင်း သံသရာတွေက လည်နေတာပါ ။ ဒါတွေကို ရပ်ဖို့မလွယ်ပေမယ့် ၊ အရှိန်လျော့အောင် ကိုယ်သိသမျှ တွေးမိသမျှတွေကို လက်ဆင့်ကမ်းရင်း တစ်ဖက်တစ်လမ်းက ကြိုးစားဖို့ ကျနော်ကြိုးစားနေတာပါ ။
      တစ်ဆက်ထဲ ချမ်းသာတဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့က - သူတို့လည်း လူထဲကလူတွေမို့ အာဏာယစ်မူးသွားသူ ၊ လုပ်စားသူ ၊ အမြင်မကျယ်သူတွေလည်း ပါမှာ ရှိမှာပါပဲ ။ ခု မီဒီယာခေတ် ပွင့်လင်းခေတ်မှာ တဖြည်းဖြည်း လျော့သွားဖို့တော့ မျှော်လင့်ပါတယ် ။ တစ်ဆက်ထဲ ငွေကြေးချမ်းသာတာကလည်း ကိုယ်ကျိုးသုံးတာ ဖြစ်နိုင်သလို ၊ ပုန်ကန်သူ ခေါင်းဆောင်တွေအနေနဲ့ သူတို့မှာ ဘဏ်တို့ ဘဏ္ဍာရေးဌာနတို့မျိုးတွေ မရှိတာကြောင့် ပုံစံအမျိုးမျိုးနဲ့ ထိန်းသိမ်းထားရာက ချမ်းသာနေတယ်လို့ ပြည်မအာဏာပိုင်တွေက သတင်းလွှင့်တာနဲ့ ဟုတ်နေသလိုလို ဖြစ်နေတာတွေလည်း အများကြီးပါ ။
      နောက်ဆုံးက မူးယစ်ဆေးဝါး အပိုင်းပါ ။
      ကျနော့်အနေနဲ့ ဒါတွေကို အားမပေးပါ ။ အဲဒီလိုပဲ မူးယစ်ဆေးဝါးကို အားမပေးတဲ့ KNU အဖွဲ့ကို ကြည့်ပါ ။ သိက္ခာပဲကျန်ပြီး စားစရာထ္မင်း အနိုင်နိုင်ဖြစ်နေရတာတော့ လက်တွေ့ပါ ။ တစ်ဖက်မှာတော့ စီးပွားရေးတောင့်အောင် နည်းအမျိုးမျိုးနဲ့ လုပ်နေခဲ့တဲ့ အဖွဲ့တွေမှာကျ ခပ်တင်းတင်း လုပ်နေနိုင်ကြတယ် ။ ဒီနေရာမှာ ကျနော့်အမြင်က - အရာရာကို လက်ဝါးကြီးအုပ်ထားတဲ့ ပြည်မအာဏာပိုင်တွေရဲ့ တွန်းအားကလည်း ပုန်ကန်သူတွေ လက်နက်ကိုင် အဖွဲ့တွေအတွက် မူးယစ်ဆေးဝါးဖက်ကို တွန်းပို့ခဲ့တာပါ ။ ပြီးရင်လည်း မဆလအစိုးရလက်ထက်မှာ ရွှေတြိဂံဒေသက ဘိန်းတွေဟာ အမေရိကန်မှာ လမ်းသွားဆုံးမယ်လို့ တွက်ဆပြီး လွှတ်ထားပေးခဲ့တဲ့ မူဝါဒတွေကြောင့်လည်း ပြည်မအာဏာပိုင်တွေမှာ ခြောက်ပစ်ကင်း မစင်ပါ ။
      ရေးတာလည်း ရှည်ပြီမို့ ဒီလောက်နဲ့ ရပ်ပါဦးမယ် ။ မပြည့်စုံသော်လည်း အသင့်တင့် ရှင်းသွားလောက်မယ် ထင်ပါတယ် ။
      Delete
  6. ခုရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေထဲက စိတ်ထဲ သိမ်းထားဖို့ မသင့်လောက်တော့ဘူးထင်လို့ Facebook ပေါ်မယ် ချရေးဖြစ်ခဲ့တဲ့ note လေး တစ်စနဲ့ မှတ်ချက်အချို့ကို ကူးလာလိုက်ပါတယ် ။
    တဖြည်းဖြည်းနဲ့ လုပ်နေကြတာတွေဟာ ကိုယ့်ကိုယ်ကို ကြိုးကွင်းပြန်စွပ်သလို ဖြစ်နေပြီး ၊ မည်သူမပြု မိမိမှု ဖြစ်နေတာတောင် အခြား လူနည်းစုတွေအပေါ် ပုံချနေကြသေးတာတွေကို ပြောသင့်တယ် ထင်လို့ပါ ။
    =====================================
    - အော်ပြောလိုက်တော့မယ် -
    - ၉၆၉ တရားပွဲကို ထိုင်းနိုင်ငံမှာ သွားလုပ်တယ် ။
    - ထိုင်း ၃ ယောက်ကို ဝိုင်းရိုက်လွှတ်လိုက်တယ် ။
    - ၉၆၉ ဟာ ဘာသာရေးသက်သက် မဟုတ်ဘူး ၊ လူမျိုးရေးနဲ့ နိုင်ငံရေးတွေပါ ရောနေတယ် ။
    - ဗမာနဲ့ပတ်သက်လို့ ထိုင်းလူမျိုးတွေရဲ့ စိတ်ထဲမှာ အကြိတ်အခဲတွေရှိတယ် ။
    - ဒီတော့ အတိုဆုံး ခပ်ရိုင်းရိုင်း အနှစ်ချုပ်ရရင် ၊ ကိုယ့်လူတွေကို "မျိုးကန်းစေချင်လို့လား"လို့ မေးရမလို ဖြစ်နေတယ် ။
    - လူအုပ်များလို့ တစ်ခါစာ လူပါးဝလို့ ရပေမယ့် ၊ ရေရှည်ကျရင် အမှည့်ချွေ အချွေခံရလိမ့်မယ် ။
    - ထိုင်းနိုင်ငံမှာ တရားမဝင် သေနတ်တွေဆိုတာက သိန်းကဏန်းနဲ့ရှိတယ် ။
    - ငါတို့က လူအများကြီးပါကွ ၊ လုပ်လို့မရပါဘူးလို့ မတွက်လိုက်နဲ့ ။
    လောကသဘာဝအရ - ကြောက်သွားအောင် လုပ်လိုက်ရုံပဲ ။
    အယောက် တစ်ရာနှစ်ရာလောက်ကို လုပ်ပြလိုက်ရုံနဲ့ အတုန်းအရုံး ပြေးကြရမှာ ။
    ပြီးရင် စိတ်ဆင်းရဲ ဒုက္ခရောက်ရတာတွေက တန်ဖိုးနဲ့ တွက်ဆလို့ မရနိုင်ဘူး ။
    - မလေးရှားမှာကလည်း တစ်မျိုး ။
    လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက အင်ဒိုနီးရှားက မသိမသာကော သိသိသာသာကော ဝင်လာပြီး နေနေတဲ့သူဦးရေက တစ်သန်းလောက် ရှိတယ် ။ မကြာခင်ကမှ အင်ဒိုနီးရှားက ဗမာသံရုံး ဗုံးခွဲဖို့ ကြိုးစားတာနဲ့ ဆက်စပ်စဉ်းစားကြည့်ပါ ။ အနာဂါတ်မြင်ကွင်းက မလှဘူး ။
    - ပြည်ပရောက်နေတဲ့ မြန်မာပြည်သူပြည်သား ၅ သန်းထဲက တစ်ဝက်လောက်ပဲ မြန်မာပြည် ပြန်ရတယ်ထားဦး ၊ ပြည်တွင်းမှာ အရင်က အမေရိကန်နဲ့ ဥရောပက စီးပွားရေး ပိတ်ဆို့အရေးယူတာထက် ဆိုးသွားလိမ့်မယ် ။ စီးပွားရေးအရကော လူမှုရေးနဲ့ ဘာသာရေးအရကော ပိုပြီး ဆူပွက်သွားလိမ့်မယ် ။
    - ဒီပုံအတိုင်း ဆက်သွားရင်တော့ တစ်ခုခုကို ဖြစ်တော့မယ် ။
    ကျုပ် အစိုးရိမ်လွန်လို့ ၊ ကန့်လန့်ပြောဖို့ ကြိုးစားနေတာ မဟုတ်ဘူး ။
    ဘယ့်နှယ်ကွာ ၊ တော်ရုံတန်ရုံ တော်ရောပေါ့ ၊ ခုတော့ အတောကို မသတ်နိုင်ကြဘူး ။
    ဒါ ကျုပ်အခု မေတ္တာရပ်ခံနေတာလည်း မဟုတ်ဘူး ၊ တည့်တည့်ပြောနေတာ ။
    ခင်ဗျားတို့ ကျုပ်တို့အားလုံး စောက်မျိုးတွေ ကန်းသွားနိုင်တာကို မြင်လို့ ပြောနေတာ ။
    ခင်ဗျားတို့ ကျုပ်ပြောတာကို လွတ်လပ်စွာ သဘောကွဲခွင့်ရှိတယ်တို့ ၊ ကြိုက်တယ် မကြိုက်ဖူးတို့ လာပြောမနေနဲ့ ။ ကျုပ်ပြောတာတွေ ဖြစ်လာပြီဆိုရင် ကြိုက်တာ မကြိုက်တာတွေ ဘေးချိတ် ၊ အားလုံးခံရမှာ ။ ဒိထက်ရှင်းအောင်လည်း မပြောတတ်တော့ဘူး ။
    http://www.heintinzaw.com/2013/05/blog-post.html
    khinmaungsoe11.blogspot.com/2013/05/blog-post.html
    ================================
    (တစ်ဆက်ထဲ ပြောချင်တာတစ်ခုက ၊ ၉၆၉ နဲ့ပတ်သက်ပြီး လွန်ကျွံလာတာတွေကိုပဲ ကျနော့်အနေနဲ့ ထောက်ပြ ပြောချင်တာပါ ။ အချို့လူတွေကနေ ၉၆၉ ကို ရိုင်းရိုင်းစိုင်းစိုင်း သုံးစွဲပုတ်ခတ်တာတွေကို မြင်ရတာလည်း စိတ်မချမ်းသာမိပြန်ဘူး ။
    ပထမတစ်ချက်က ၉၆၉ ထောက်ခံသူတွေကို ပိုအစွန်းရောက်အောင် လုပ်နေတာနဲ့ တူလို့ပါ ။
    ဒုတိယတစ်ချက် အခြားတစ်ဖက်မှာလည်း အစွန်းရောက်နေသူတွေ ရှိနေပြီး ၊ တုန့်ပြန်ဖို့ အသင့်ရှိနေကြတယ်ဆိုတာ သိရလို့ပါ ။ မီးကို မီးနဲ့ရင်ဆိုင်ရင် ရလာဒ်တွေက သိပ်မကောင်းနိုင်တာ လူတိုင်းလို သိနိုင်တာပါပဲ ။ ကျနော်က ဒါတွေကို မပြောဖြစ်တဲ့ လူတွေရဲ့နေရာမှာ စကားလုံးတွေအဖြစ် ချပြရုံပါ ။)
    ReplyDelete
    Replies
    1. Khin Maung Kyi · မရှင်းလို့ ၉၆၉ က ဘာလို့ထိုင်းကိုရိုက်ရတာလဲ
      ---------------
      Mahn Koko - ဟုတ်ကဲ့ ၊ သတင်းကတော့ ဖတ်တဲ့နေရာအပေါ် မူတည်ပါတယ် ။
      ကုလားတွေ ပိုက်ဆံပေးလို့ ခိုင်းပါတယ်လို့ စွပ်စွဲတာကနေစပြီး ၊ ထိုင်းလူမိုက်တွေ မိုက်ကြေးလာခွဲလို့ ဝိုင်းရိုက်လွှတ်လိုက်ပါတယ် အလယ် ၊ လူငယ်ချင်း စကားများကြရုံပါ ဆိုတာလို ထိန်းသိမ်းရေးတာမျိုးအဆုံး အမျိုးမျိုး တွေ့ရနိုင်ပါတယ် ။
      ကျနော့် တစ်ကိုယ်စာအနေနဲ့တော့ ကိုခင်မောင်ကြည်သုံးသလို '၉၆၉ က ထိုင်းကိုရိုက်တယ်'လို့တော့ မသုံးချင်ဘူး ။ တရားပွဲနဲ့ လာတက်တဲ့လူတွေကို ခွဲခြားလို့ မရကောင်းပေမယ့် နားလည်မှုတွေ ချော်ကုန်မှာ စိုးလို့ပါ ။
      ကျနော်တင်ထားတဲ့စာရဲ့ ဆိုလိုရင်းတစ်ချက်က - ကိုယ့်ဆီမှာ လက်သီးလက်မောင်းတန်းရုံနဲ့ အားမရပဲ ၊ သူများနိုင်ငံအထိသွားပြီး "သခင်မျိုးဟေ့ ဒို့ဗမာ"လို့ သွားကြွေးကြော်မိသလို ဖြစ်နေမှာ (သို့မဟုတ်) တစ်ဖက်က မြင်သွားမှာကို စိုးရိမ် ထောက်ပြတာပါ ။
      ဟိုးယခင် တရားဝင် နေထိုင်လို့ မရတရ အချိန်ကတည်းက လုံချည်ဝတ် ၊ သနပ်ခါး အဖွေးသား ၊ မန္တလေး ဖိနပ်စီးပြီး ဒေသခံတွေကို မျက်စေ့နောက်အောင် လုပ်နေခဲ့ရာက ၊ သူတို့နယ်မှာ လုပ်ချင်သလို လုပ်လို့ရတယ်တဲ့ ပုံစံမျိုးပေါက်သွားအောင် ဖြစ်သွားခဲ့မယ်ဆိုရင် အကျိုးဆက်တွေက သိပ်မကောင်းပါ ။
      ကျနော် ထိုင်းနိုင်ငံမှာ ၁၀ နှစ်ကျော် ကျင်လည်လာခဲ့တာကို သင်္ခန်းစာယူပြီး ပြောလို့ရတာတွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် ရှည်လျားနေမှာနဲ့ အချိန်လည်း မပေးနိုင်တာမို့ ကွက်ကျားလောက်ပဲ ခြုံငုံထောက်ပြနေတာပါ ။ ဥပမာ တစ်ခုပြောရရင် - တစ်ကြိမ်မှာ နယ်ဖက်မှာ အလုပ်လုပ်တဲ့ ကျနော့်အမျိုးတစ်ယောက်ကနေ နှစ်သစ်ကူး ဖဲလာရိုက်တဲ့ ထိုင်းလူမျိုးတစ်ယောက်ရဲ့ ငွေလိုလို့ သူ့နှစ်လုံးပြူးပြောင်းတိုသေနတ်ကို ပေါင်(သို့မဟုတ်) ရောင်းမယ်ဆိုပြီး လုပ်နေတာမျိုးကို ကြုံဖူးပါတယ် ။ ထိုင်းဘတ်ငွေ ၄၀၀၀ (လခ တစ်လစာ)လောက်နဲ့ သေနတ်တစ်လက် ရမယ့်ကိန်းပါ ။
      ဒါက အောက်ခြေ အဆင့်မှာပါ ။ ကျနော်တို့ တကယ်တန်း သုံးသပ်ကြည့်ကြတဲ့အခါ ၊ အနီးအဝေး အကြီးအသေးနဲ့ အခြေနေ အရပ်ရပ်ကို ထည့်တွက်ရမှာ ဖြစ်ပါတယ် ။
      ကြုံတုန်း အဖြစ်တစ်ခုကိုလည်း ပြောပြချင်ပါသေးတယ် ။
      လွန်ခဲ့တဲ့ ၈ နှစ်ဝန်းကျင်လောက်က ဘန်ကောက်နားမှာ ကရင်နှစ်သစ်ကူး ပွဲတစ်ပွဲ လုပ်ခဲ့ပါတယ် ။ လူပေါင်း သောင်းနဲ့ချီပြီး ရောက်လာကြတဲ့နောက် အခန့်မသင့်တာနဲ့ ရဲတွေလိုက်ဖမ်းလို့ လူပေါင်း ၇၀၀ လောက် အဖမ်းခံရပြီး အများစုက မြန်မာပြည် ပြန်အပို့ခံရပါတယ် ။ နှိုင်းချိန်ကြည့်နိုင်ဖို့ပါ ။
      Delete
  7. နောက်ဆုံးကုလားနဲ့တရုတ်ကိုအဖေတော်လိုက်ကြပေါ့
    ReplyDelete