ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, October 2, 2012

ကရင်ကရင် ဘယ်လိုထင် ~ စောက်ရမ်းပဒဲကော အရိပ်တွေမြင်



  ခေါင်းစဉ်ကြမ်းတော့ လန့်သွားကြမလား မသိဘူး ။
   အမှန်တော့ ကိုယ့်ဖင်ကိုယ်လှန်ပြရတာ သိပ်ကောင်းလှတယ်တော့ မဟုတ် ။ အထူးသဖြင့်
ကရင်လို ရေးဖို့အဆင်မပြေလို့ လူလယ်ခေါင်ထွက်ပြီး လှန်ရတာ ပိုမကောင်းတာတော့ အသေ
ချာ ။ ဒါပေမယ့် ဆိုရေးက ရှိလာခဲ့ပြီကိုး ။ 

 တစ်လောကတော့ မန်းရောဘတ်ဇံတစ်ယောက် ကလို့ထူးဘော ဥက္ကဌရာထူးကနေ ရွေ့
လျောသွားတယ် ။ (လင့်)
 ခုတစ်ခါ ဘားအံမှာ ဆက်ဆံရေးရုံးဖွင့်ဖို့ KNU နဲ့ KNLA တို့ သိပ်အဆင်ပြေကြပုံမရ ။ (လင့်)

   ဘာတွေ ဖြစ်နေကြပြီလဲ ။ အမြင်မတော်တော့လို့ တစ်ယောက်ထဲအမြင်ကို ပြောကြည့်ပါမယ် ။

   ကရင့်အဖွဲ့စည်းတွေ ခုလိုဖြစ်နေကြတာကို နွားကွဲရင်ကျားကိုက်မယ်တို့ ၊ ဟင်္သာကိုးသောင်း
ဇာတ်ခင်းတာတို့ ၊ စစ်အာဏာရှင်တွေက သွေးထိုးခွဲထုတ်တာတို့ဆိုတဲ့ ဖန်တစ်ရာ ရိုးအီနေတဲ့
စကားတွေနဲ့ မခိုင်းနှိုင်းချင်ဘူး ။

   အရှင်းဆုံးနဲ့ အတိုဆုံးပြောရရင် - လက်နက်ကိုင်တော်လှန်ရေး အဖွဲ့စည်းတစ်ခုမှာ နိုင်ငံရေး
ဦးဆောင်သူနဲ့ စစ်ရေးအကောင်ထည်ဖေါ်သူတွေဆိုတာ တွဲလျက်ရှိတဲ့ အမွှာပူးတွေခေါ်ခေါ် ၊
ချက်ကြိုးဆက်နေတယ် ပြောပြော ၊ ပိုင်းခြားလို့ မရစကောင်းဘူးဆိုဆို အတူတူပါပဲ ။

   ဒီတော့ ကွဲကြမယ် ခွဲကြမယ်ဆိုရင် ဘာနဲ့တူမလဲ ….
   ကျနော့်ကိုယ်ပိုင် အတွေးအရတော့ ဒီလိုကွဲတာဟာ ရုပ်နဲ့ နာမ် (ကိုယ်ခန္ဓာနဲ့ ဝိညာဉ်) နှစ်ခု
ကို ခွဲထုတ်လိုက်တာနဲ့ သွားတူပါတယ် ။

   အငွေ့သဘောဆောင်တဲ့ နာမ်ဟာ ဦးဆောင်မှုတွေ ပေးနိုင်ပေမယ့် ထိရောက်တဲ့ လက်တွေ့
လုပ်ငန်းတွေ ဖက်မှာတော့ မစွမ်းဆောင်နိုင်လှသလို ၊ တစ်ဖက်က ရုပ်ခန္ဓာဟာလည်း နာမ်ကို
ထုတ်လိုက်တဲ့အခါ ရုပ်ရှင်ထဲက Zombie တို့ Vampire တို့လိုပဲ စွမ်းအားအင်မတန်မြင့်ပြီး လွယ်
လွယ်နဲ့ ဖျက်ဆီးလို့မရပေမယ့် ၊ အသိမဲ့ အတွေးခေါ်မဲ့တာကြောင့် သူတို့အတွက်လမ်းဆုံးဟာ
တိုတတ်ပါတယ် ။

   မခွဲခြားကောင်းတာကို ခွဲခြားလိုက်တာနဲ့ နှစ်မျိုးလုံးရဲ့ ပျက်စီးရာလမ်းဟာ အာမခံချက်တွေ
ရှိသွားပါပြီ ။

"ပဿနာက သူတို့ကို လေးစား မှီခို မျှော်လင့်နေသူတွေ ၊ သူတို့ကိုယ်စားပြုတယ် ဆိုသူ
တွေနဲ့ သူတို့အပေါ် တည်မှီနေတဲ့ အနာဂါတ်တွေပါ ။"

   ဒါတွေကို အပြည့်အစုံထည့်မတွက်ပဲ ထင်ရာစိုင်းကြရင်တော့ ကျနော့်ခေါင်းစဉ်လို စောက်ရမ်း
ပဒဲကော အရိပ်အယောင်တွေ မြင်ရတယ်ဆိုတယ် လွန်မလား ။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
  ဖြစ်နိုင်ရင်တော့ အဖွဲ့စည်းတစ်ခုလုံးကိုခြုံပြီး စေတနာရှေ့ထား ပြောလိုက်ချင်ပါတယ် ။
  ဒါပေမယ့် လူကြီးသူမနဲ့ လက်လှမ်းမီသူတွေက အဖွဲ့စည်းမှာ ချွတ်ယွင်းချက်တွေ ဗလပွနဲ့မို့
ဘယ်ကစပြောရမှန်း မသိဘူးလို့ ဆိုသူတွေက များပါတယ် ။ ဒါကိုထောက်ပြီး ပြောချင်တိုင်း
ပြောလို့လည်း မကောင်းပြန်လေတော့ အပေါ်ယံလျှပ်ပြီးပဲ ပြောပါ့မယ် ။

  ပထမ ကွဲကွာခွဲခွာတယ်ဆိုတာ မဖြစ်ခင်ကပဲ ပိုကာကွယ်ဖို့ လွယ်ပါတယ် ။ အဖွဲ့စည်းတစ်ခု
အတွင်း တစ်ကဏ္ဍနဲ့တစ်ကဏ္ဍ လေးစားနားလည် ဖေးမကူညီမှုတွေ အပြန်လှန်ထားတဲ့ အလေ့
အထ ထန်းသိမ်းနိုင်ကြရင်တော့ အကောင်းဆုံးပေါ့ ။ “လူကိုဖယ်ပြီး မူကိုတည်”ရင် ကွာဟမှုတွေ
မစေ့စပ်နိုင်ရင်တောင် တစ်နေရာမှာတော့ အချင်းချင်း တွဲဆက်နေနိုင်ပါလိမ့်မယ် ။

  ခုမတော့ များမကြာခင်က အဖွဲ့စည်းကို ခပ်ကြပ်ကြပ်ဆုပ်ကိုင်မယ့်သူ မရှိတော့တာကြောင့်
ပွင့်လင်းပြီး အများအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် လမ်းကြောင်းသစ်တစ်ခုကို ဖန်တီးလျှောက်
လှမ်းဖို့ အခွင့်လမ်း ပွင့်ခဲ့တယ် ။ တစ်ကယ်တန်းကျ ဒီအခွင့်လမ်းကို လက်လွှတ်လိုက်ကြပြီး
ကိုယ်ပိုင်အစွဲတွေကို ရှေ့တန်းတင် လာကြသလား ။ တစ်မိသားစု ၊ တစ်ရွာ ၊ တစ်စုတစ်ဖွဲ့အ
ရေးတွေများ လုပ်နေကြသလား မေးခွန်းထုတ်ချင်စရာတွေ ဖြစ်လာပြီ ။ ဒါပေမယ့် ဒါတွေကို
ယိုးမယ်ဖွဲ့ပြီး နိုင်ငံရေးခေါင်းဆောင်မှုတွေကို စွန့်ပစ်လိုသူတွေရှိရင်တော့ ကိုယ့်လည်ပင်းကိုယ်
ကြိုးကွင်းစွပ်မိသလို မိုက်မဲရာကျပါလိမ့်မယ် ။

   တစ်ဖက်မှာကလည်း စစ်ရေးမှာ တာဝန်ထမ်းသူတွေဟာ ပေးဆပ်မှုအများဆုံး ရှိခဲ့ကြတဲ့အပိုင်း
ကို အသိမှတ်ပြုဖို့ လိုပေမယ့် ၊ ငါတို့သာ အရေးအပါဆုံး ငါတို့လုပ်ရင် အားလုံးဖြစ်တယ်လို့ စိတ်
ထားတွေများ ဝင်လာကြသလားလို့ သံသယဖြစ်စေတဲ့ အပြုမူတွေက မြင်လာရပြန်တယ် ။

  ဒီနေရာမှာ စစ်ရေးခေါင်းဆောင်တွေဟာ ပြည်မက စစ်အာဏာရှင်တွေ လုပ်ခဲ့သလိုပဲ “ငါတို့မှ
ငါတို့”ဆိုရင်တော့ အတော်ပြဿနာရှိလာပြီ ။ ကိုယ် ကိုယ်စားပြုဖို့ ကြိုးပမ်းနေသူတွေ ဒုက္ခရောက်
ခဲ့ကြရတဲ့ အကြောင်းရင်းကိုလျစ်လျူပြီး ၊ ကိုယ့်ကို ဒီအခြေနေရောက်အောင် ပို့ပေးခဲ့တဲ့သူတွေကို
အတုခိုးသလို ဖြစ်နေမှာသေချာတယ် ။ လက်နက်နဲ့ လုပ်နိုင်တဲ့အရည်ချင်း ရှိရုံနဲ့လည်း အားလုံး
ကို ကိုယ်စားမပြုပါ ။ ဒီကြားထဲ ပြည်သူတွေနဲ့ တိုင်ပင်ပြီးမှ လုပ်တာပါလို့ ဆင်ခြေပေးသူများပါ
ရှိလာရင်တော့ အတော့်ကို လွဲနေပြီလို့ ပြောရမယ် ။

  အရင်ပြောခဲ့ဘူးပါတယ် ။ ကရင်လူမျိုးတွေ အခြေချရာ နေရာတွေဟာ အများကြီးကွဲနေပါတယ်။
ပြည်တွင်းပြည်ပနဲ့ နယ်စပ်ဆိုပြီ အကြမ်းဖျင်းခွဲလို့ရရာမှာ ပြည်တွင်းမှာတောင် ရေမြေ ဆက်စပ်မှု
အရ တနင်္သာရီ ၊ မွန် ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ နေသူတွေနဲ့ ရန်ကုန် ၊ မြစ်ဝကျွန်းပေါ်နေသူ
တွေလို့ ထပ်ခွဲနိုင်တယ် ။ ပြည်ပမှာလည်း ထိုင်းနိုင်ငံတွင်းမှာတင် ရှိနေတဲ့ သိန်းချီတဲ့သူတွေနဲ့ အ
ခြားနိုင်ငံပေါင်းစုံကို ရောက်နေသူ တွေဆိုပြီး ခွဲနိုင်သေးတယ် ။

  သေချာတာက အဲဒီထဲက ကရင်စကားတတ်တတ် မတတ်တတ် ၊ ဒုံးကလို့တတ်တတ် မတတ်
တတ် ၊ ကိုယ့်ကိုယ်ကို ကရင်လို့ မသတ်မှတ်ပဲ အခြားလူမျိုး အခြားနိုင်ငံသားလို့ပဲ ခံယူယူ သူတို့ရဲ့
အသားရေ ၊ အလေ့ထ ၊ မေးရိုးကားကား ခြေသလုံးကြီးကြီးတွေကို ပြောင်းလဲလို့မရပါဘူး ။ သူတို့
ကိုယ်ကိုသူတို့ ကရင်လို့မပြောလဲ ကရင်တွေပါပဲ ။

  အဲဒီတော့ အဲသည်လူစုတွေထဲက ဘယ်အစုကို ဘယ်သူတွေက တိုင်ပင်ပြီးပြီလဲလို့ မေးစရာရှိ
လာတယ် ။ အချို့အဖွဲ့စည်းတွေက သူတို့ထိန်းချုပ်ရာမြေထဲမှာ လူထုကို မေးပြီးပြီ တိုင်ပင်ပြီးပြီ
လို့ ဆိုနိုင်ကြတယ် ။ ဟုတ်ပြီ .. ဒါဆို ကျန်တဲ့သူတွေကကော ကရင်တွေ မဟုတ်ကြတော့ဘူး
လား ။ ကျယ်ပြန့်တဲ့အမြင် ရဖို့ခက်နေတဲ့ နယ်မြေတစ်ခုက နယ်မြေခံလူထုကို တိုင်ပင်ရုံနဲ့ လူထု
တစ်ရပ်လုံး ၊ လူမျိုးတစ်မျိုးလုံးကို ကိုယ်စားပြုမယ့် စကားတွေ ပြောဖို့မဖြစ်နိုင်ဘူးဆိုတာ အထွေ
ထူး ရှင်းပြစရာလိုမယ်မထင်ဘူး ။ ဒါတွေဟာ ပကတိ သဘာဝတွေနဲ့ အရှိတရားတွေပဲ ။ ဒါတွေ
ကနေ သွေဖည်ချင်ရင်တော့ ဗိုလ်စောက်ရမ်းတွေလို့ပဲ ရှင်းရှင်း နာမည်တပ်ရတော့မယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~


   လုပ်ချင်ရာကို အရမ်းအရမ်းလုပ်ခဲ့ကြတဲ့ ဖြစ်ရပ်လေးနှစ်ခုကို နမူနာပြောချင်တယ် ။

   ပထမက စောဘဦးကြီးရဲ့ နောက်ဆုံးခရီးစဉ် ။
   သူ့ကို ရန်သူက ကျားကုတ်ကျားခဲ လိုက်ခဲ့သလို ၊ သူကိုယ်တိုင်ကလည်း နောက်ဆုံးကျည်ဆံ
တစ်တောင့်အထိ အကာကွယ်မယူပဲ မတ်တပ်ရပ်ရင်ဆိုင်ပြီး သူရဲကောင်းတစ်ယောက်ပီသစွာ စံ
နမူနာပြသွားခဲ့တယ် ။

   ဒီလိုခေါင်းဆောင်တစ်ယောက် အလဟဿဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့သလဲ ။ အတော်
များများက သစ္စာဖေါက် ကရင်တစ်ယောက်ကြောင့်ဆိုပြီး အပြစ်ဖို့ကြတယ် ။ မေးစရာက အဲသည်
သစ္စာဖေါက်ဆိုသူဟာ စောဘဦးကြီးကိုတောင်မှ သိခဲ့ရဲ့လား ။ နောက်တစ်ခုက အဲသည်လူက
ကရင်အချင်းချင်းကိုစိတ်နာပြီး ရန်သူတပ်ကို သတင်းသွားပေးရလောက်အောင် ဘယ်သူ ဘာ
အကြောင်းတွေက ဘယ်လိုတွန်းပို့ခဲ့သလဲ ။ အသေးစိတ်ကို နောင်ထွက်လာမယ့် မှတ်တမ်းစာ
အုပ်တွေမှာ ပါလာကောင်း ပါလာမှာမို့ အကျယ်မချဲ့ချင်ပေမယ့် လိုရင်းကတော့ စောဘဦးကြီးနဲ့
အတူလိုက်လာခဲ့သူတွေရဲ့ မဆင်မခြင် လုပ်ကိုင်ခဲ့မှုတွေကြောင့်ပါ ။

   ဒုတိယတစ်ခု ။
   ကရင်တော်လှန်ရေးရဲဘော်တစ်ယောက် ။ သူ့ရဲဘော်ရဲဘက် အချင်းချင်းတွေရဲ့ ရက်ရက်စက်
စက် စွပ်စွဲသတ်ဖြတ်တာကို ခံခဲ့ရတယ် ။ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းကပြန်လာတဲ့ သူရဲ့သား
က အကွယ်အကာတွေနောက်ကနေ ချောင်းကြည့်ပြီး တွေ့သွားခဲ့တယ် ။ အကျိုးဆက်က လက်
နက်ကိုင်တော်လှန်ရေး မျိုးဆက်ဖြစ်တဲ့ ဒီကျောင်းသားလေး မြို့ပေါ်တက်သွားခဲ့တယ် ။ အရွယ်
ရောက်တော့ ရန်သူ့တပ်ထဲဝင်ပြီး တစ်သက်လုံး တာဝန်ကျေကျေ စစ်မှုထမ်းပေးခဲ့တော့တယ် ။
သူ့ရဲ့ သားသမီးတွေလက်ထက်မှာ ဒီအမုန်းမီး တန့်သွားခဲ့ပြီး ဘားအံ မဲဆောက်တွေမှာ ကျင်
လည်နေကြပေမယ့် မေ့ပျောက်ဖို့တော့ မဖြစ်နိုင်ပါဘူး ။ သေတစ်ပန် သက်တစ်ဆုံး ဒီအသိကို
သယ်သွားကြမှာပဲ ။

   ဒီဖြစ်ရပ်နှစ်ခုလုံးမှာ ဘယ်သူတွေက ဘယ်လိုလုပ်ခဲ့တာလို့ လုပ်ရပ်အတိကျတွေကို ဇာတ်ရှိန်
မြင့်အောင် စာမဖွဲ့ချင်ပေမယ့် ထင်ရာစိုင်းခဲ့ကြတဲ့ ကရင်တွေရှိခဲ့တယ်ဆိုတာ အရိပ်အမွက်တော့
ပုံပေါ်လိမ့်မယ်လို့ မျှော်လင့်တယ် ။

   ဒီတော့ ခုကော .. ဒီလိုစရိုက်မျိုးတွေ နောက်မှာကျန်ခဲ့ပြီလား … ဖက်တွယ်ပြီး ဆက်သယ်လာ
တုန်းလား ။ သေချာတာကတော့ ဖက်တွယ်ထားသူတွေ အတော်များများ ရှိနေသေးတာပဲ ။ ထစ်
ကနဲဆို သစ္စာဖေါက်လို့ စွပ်စွဲချင်ကြတယ် ။ ဒီလောက်နဲ့မပြီးပဲ အဲဒီလို အလွယ်သတ်မှတ်လိုက်
သူတွေအပေါ် ခြိမ်းခြောက်မှုတွေလည်း လုပ်တတ်ကြသေးတယ် ။ ဒီကြားထဲ ချောင်းနေတဲ့ ဒလန်
တွေက အဆင်းမှာ ဘီးတပ်ပေးလိုက်ရင် ရှူးရှူးရှားရှားနဲ့ အသိစိတ်တွေက ပျောက်ချင်ကြတယ် ။ 
ဒီတော့  ဒါတွေကို ပြောရင်းပြောရင်းနဲ့ နောက်ဆုံးမတော့ အေးအေးမနေနိုင်တဲ့ကိုယ်ပါ ထင်ရာ
စိုင်းသမားတွေထဲက တစ်ယောက်ဖြစ်ရပြီ ။

   ကရင်ရယ်လို့မှတော့မဟုတ် ၊ ဘယ်လူမျိုး ဘယ်ဘာသာကိုမှ မထိခိုက် မပျက်စီးစေချင်ပေမယ့် ၊
ကိုယ့်အရင်းချာမို့ နာနာထောင်းတော့ ခံရခက်သူတွေလည်း ရှိလိမ့်မယ် ။ ဒါပေမယ့် ချွတ်ယွင်းချက် ၊
အားနည်းချက်နဲ့ ကောင်းအောင်ပြင်ဆင် စရာတွေရှိရင် မြင်ရင် အချင်းချင်းပြောတာက ပိုသင့်တော်
တယ်လို့ ထင်တယ် ။ ရှမ်းတွေရဲ့အားနည်းချက်ကို ကရင်ကသွားပြောရခက်သလို ၊ ဗုဒဘာသာတွေ
လွဲချော်နေတာတွေရှိရင် ဟိန္ဒူတွေက ဝင်ပြောပေးဖို့ မသင့်သလိုပါပဲ ။ ဒီလိုအယူအဆတွေကို အ
ခြေခံပြီး ကိုယ့်ကရင်အဖွဲ့စည်းတွေအပေါ် တတ်နိုင်သမျှ ပွင့်ပွင့်လင်းလင်း ထောင်းထုတာကို နား
လည်ပေးနိုင်ကြမယ်လို့ မျှော်လင့်တယ် ။

=========================

   ဒီနေရာမှာ ပြီးခဲ့တဲ့ပို့စ်က မှတ်ချက်တစ်ခုကို ပြန်တင်ပြချင်တယ် ။

   သိလာကြုံလာခဲ့သမျှကို မူတည်ပြီး ခြုံငုံပြောရရင် -
ကရင်တွေဟာ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ဝန်ထမ်းကောင်းတွေဖြစ်ခဲ့တယ် ၊ ဒါပေမယ့်
နိုင်ငံရေးသမားကောင်းတွေ မဖြစ်ခဲ့ကြဘူး ။ စစ်တိုက်ကောင်းသူတွေဖြစ်တယ် ၊ ဒါပေ
မယ့် စစ်နိုင်အောင်တိုက်တတ်တဲ့ ဗိုလ်ချုပ်ကောင်းတွေ ဖြစ်မလာခဲ့ကြဘူး 
လို့ အကျဉ်းချုပ်ရပါလိမ့်မယ် ။

*************************************


   ဘယ်သို့ပင်ဖြစ်စေ မျှော်လင့်ချက်အားလုံး ကုန်ဆုံးနေသလားဆိုရင်တော့ … မကုန်သေး မဆုံး
သေးပါဘူးလို့ ဆိုရမယ် ။ ကံ ဥာဏ် ဝိရိယတွေအပေါ်မူတည်ပြီး သမိုင်းကို ပြင်ဆင်ဖို့ လမ်းကြောင်း
ပေးနိုင်တာလေးတွေ ရှိတယ် ။ သဘောထားသော်၎င်း လက်တွေ့သော်၎င်း ကွဲကွာခွဲခွာတယ်ဆို
တာကို ပေါင်းစုစည်းရုံးဖို့ အခွင့်လမ်းတစ်ခုအဖြစ် သဘောထားနိုင် အကောင်ထည်ဖေါ်လို့ ရနိုင်
တယ် ။

   အဲဒါတွေနဲ့ပတ်သက်ပြီး သီအိုရီ(ပုံသေနည်း)တစ်ခု ပြောပြချင်တယ် ။ “စနစ်တကျ ကစဥ့်
ကလျားဖြစ်ခြင်း” လို့ ခေါ်နိုင်ပါတယ် ။ ပုံပျက်ပန်းပျက်နဲ့ ဆက်စပ်လို့မရလောက်အောင် ကွဲပြား
ဖြစ်တည် လုပ်ကိုင်နေကြပေမယ့် အသေချာ ခြုံငုံသုံးသပ်မြင်နိုင်ရင် အရာရာဟာ သူ့အစုနဲ့သူ စ
နစ်တကျ ဘောင်အတိုင်းတာ တစ်ခုအတွင်းမှာသာ ပရမ်းပတာဖြစ်နေပြီး အားလုံးရဲ့ ဦးတည်ရာ
လမ်းကြောင်း ၊ သဘောသဘာဝနဲ့ ရလဒ်တွေမှာ တစ်ထပ်ထဲနီးပါး ရှိနေတတ်တဲ့ အခြေနေတစ်
ခုနဲ့ပတ်သက်လို့ ပုံသေနည်း အဆိုပြုချက်တစ်ခုပါ ။ တစ်စုတစ်စည်းထဲ ဘယ်လိုမှ မဖြစ်နိုင်ကြတဲ့
အနေထားမှာ ဖြစ်နိုင်ခြေ အနေထားဖြစ်စဉ်တစ်ခု လို့ဆိုနိုင်ပါတယ် ။

   ဆက်စပ်ပြောလို့ရတာက သေချာပြီး တူညီတဲ့တဲ့ ဦးတည်ချက်တစ်ခုဆီကို တစ်ညီတစ်ညွတ်
တည်း မဟုတ်ပေမယ့် တစ်ယောက်တစ်ပေါက် ထိထိရောက်ရောက် လုပ်ကိုင်ကြခြင်းအားဖြင့် အ
ဆုံးမှာ ပန်းတိုင်ဆီ အတူရောက်နိုင်တယ်ဆိုတဲ့ သဘောတရားပါ ။

   ဒီလိုပဲ လက်ရှိ လက်နက်ကိုင် တော်လှန်ရေးအပါဝင် အဖွဲ့စည်းတွေဟာ ကွဲတန်ကွဲ ခွဲတန်ခွဲ ၊
တစ်ခါတစ်ရံလည်း ပေါင်းတန်ပေါင်း စုတန်စုပြီး အင်အားစုကလေးတွေအနေနဲ့ အားကြိုးမာန်
တက် ရပ်တည်လုပ်ကိုင်ကြမယ်ဆိုရင် သွေးခွဲသပ်ရှိုသူတွေ ဘာမှမတတ်နိုင်လောက်အောင်
ရှုပ်ထွေးခက်ခဲတဲ့ အနေထားတစ်ခုကို ဖန်တီးနိုင်ပြီး ၊ အများနဲ့ အသင့်တော် အဆင်ပြေဆုံး ပန်း
တိုင်တစ်ခုဆီကို ရောက်နိုင်မှာပါ ။ ခနော်ခနဲ့ အိယောင်ဝါး ၊ အပြောနဲ့အလုပ် မညီသူတွေလည်း
နည်းနိုင်သမျှနည်းဖို့တော့ လိုမှာပေါ့ ။

   လက်လှမ်းမီသလောက် ပြောကြည့်တာပါ ။ မှားနိုင်သလို မပြည့်စုံတာလည်း အများကြီး ရှိမှာပါ ။
ခုလို အချိန်ကုန်ခံ လာဖတ်တာကိုပဲ ကျေးဇူးပါ ။


မန်းကိုကို
၀၂ ၊ ၁၀ ၊ ၂၀၁၂

12 comments:

  1. နွားကွဲပြီ။ကျားဆွဲတော့မည်။

    ReplyDelete
  2. ဆက်ရေးမယ့်ဟာကို စိတ်ဝင်တစားဖတ်ဖို့ စောင့်နေပါတယ်။

    ReplyDelete
  3. ဖူ့တာမိုက် ဘလော့က ဗမာတစ်ယောက် ပြောခဲ့တယ်ဆိုတဲ့ စာတိုတစ်စပါ ~

    ခင်ဗျားတို့ ကရင်တွေမှာ ထင်ရှားတဲ့အားနည်းချက်တခုက ဘာလဲဆိုတော့ တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ အဆင်မပြေဖြစ်ကြပြီဆိုလျင် အခေါ်အပြော မလုပ်ကြတော့ဘူး။
    မျက်နှာချင်းမဆိုင်ချင်ကြတော့ဘူး။
    ဟိုလူလုပ်တဲ့အလုပ်ဆို ငါမပါဘူး။

    ငါလုပ်တဲ့အလုပ်ဆိုလျင် ဒီလူကိုမထည့်နဲ့။
    လူမျိုးခြားတွေ မသိအောင်နေရတယ်။
    အထူးသဖြင့် ကျုပ်တို့ရဲ့ဘုံရန်သူဖြစ်တဲ့စစ်အစိုးရကို တိုက်တဲ့အခါ ကိုယ့်အချင်းချင်းဘယ်လောက်ပဲ သဘောထားကွဲကွဲ သူတို့ရှေ့မှာ ညီအစ်ကိုရင်းချာတွေလို နေပြတတ်ရတယ်။
    တယောက်ကိုတယောက် ဖက်နမ်းပြနိုင်ရမယ်။
    အဲဒါ လိုတယ်နော်၊ သိပ်လိုနေတယ်။
    (http://phutarmite.blogspot.com.au/2012/10/by-october-1-2012-25-2010-from.html)

    ----------------------------------------------------

    ဒီကနေ့ ဖြစ်သွားတဲ့ ကိစ္စမှာတော့ ရွှေဟင်္သာသတင်းဋ္ဌာနက ဒီလိုပြောထားတယ် ~

    ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်တန်း ခေါင်းဆောင် (၃) ဦးအား တာဝန်မှ ရပ်စဲ လိုက်ရခြင်းသည် KNU နှင့် အစိုးရ တို့၏ အပစ်ခတ် ရပ်စဲရေး အနှစ် သာရကို စတင် ခံစားလိုက်ရပြီး ဖြစ်သည်ဟု ဗဟို ကော်ဝင်လည်းဖြစ် ခရိုင် အတွင်း ရေးမှူး တဦး ဖြစ်သူက ဆိုပါသည်။

    “ ဒါကမ ဖြစ်သင့် တာကို လုပ်လိုက်တာပါ။ KNU ဗဟို အထွေထွေ အတွင်း ရေးမှူးမှာ တာဝန် ရှိပါတယ်။ ဒီလို လုပ်လိုက်ရင် ဘယ်လိုဖြစ်သွား မလဲ ဆိုတာ စဉ်းစား မတတ်လို့သာ ဖြစ်တာပါ။ ဒါဟာ KNU အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်လိုက်တဲ့ သဘော ပါဘဲ။ ကျနော် သိသလောက် ဆိုရင် အများ ဆန္ဒနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။ မလုပ်တတ်ရင်ကွဲ မထိုင်တတ်ရင်ပြဲ ဆိုသလိုပါဘဲ” ဟု ဆိုပါသည်။
    (http://www.phophtaw.org/burmese/index.php/news/local-news/2191----knu-.html)

    ReplyDelete
    Replies
    1. နွားကွဲရင် ကျားဆွဲမယ် ?
      http://burmese.dvb.no/archives/31594

      Delete
    2. ခုပဲ သောသီးခိုစီဘောမှာ သွားပြောလိုက်တယ်.
      ကြော်ငြာပါဝင်ပေးထားတယ်. ကော်မရှင်ပေးတော့. ;)
      *******************************************************

      ===: ချီးတဲ့မှပဲ အချင်းချင်း ဆော်ကုန်ကြတာကို မှန်တယ် မှားတယ် လာလုပ်နေကြသေးတယ်. မှတ်ထား. ဘယ်ဟာမှ မမှန်ဘူး. ဟိုးဖက်လှည့်ကုန်းလည်း မင်းတို့ပဲ ဖင်ခံရမယ်. ဒီဖက်လှည့်ကုန်းလည်း မင်းတို့ပဲ ဖင်ခံရမှာ.

      ===: နိုင်ငံရေး. အဖွဲ့စည်း စီမံခန့်ခွဲရေး. စီးပွားရေး လုပ်မတတ်တဲ့ လူမျိုးတွေ သူများက တကူးတက သွေးလာခွဲစရာတောင် မလိုဘူး.
      5 Oct 12, 11:25 AM

      ===: ကိုယ့်အဖွဲ့စည်း ပြိုကွဲရင် ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတော့မယ့်သူတွေ အများကြီး ရှိတယ်ဆိုတာ မစဉ်းစားပဲ. ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်ချင်ကြတဲ့ ဘယ်သူမှ မတင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကြောင့် စောက်ရှက်လဲကွဲ
      5 Oct 12, 11:30 AM

      ===: ဒုက္ခလည်း ရောက်ကြရတော့မယ်. ထိုင်းနိုင်ငံမှာကြည့် ဗိုလ်ချုပ်တွေမှ ရိုက်သတ်လို့ မကုန်ဘူး. ဘယ်တော့မှ ရာထူးမပြုတ်ကြဘူး. အမှားရှိရင် inactive position ဆိုပြီး ကိုယ်ပိုင်စစ်သား မရှိတဲ့နေရာ ရောက်သွားတယ်.
      5 Oct 12, 11:34 AM

      ===: ပြီးရင် ကိုယ့်ဆီမှာ တပ်ရှိတယ်. လက်နက်ရှိတယ်ဆိုပြီး အဖွဲ့စည်းထဲမှာ ဘာမှ စောက်ဂရု မစိုက်ဘူးဆိုတဲ့ စစ်ဘုရင် ပေါက်စလေးတွေလည်း သတိထားကြ. အဲဒါ မျိုးချစ်မဟုတ်ဘူး. မျိုးဖြုတ်လို့ခေါ်တယ်.
      5 Oct 12, 11:36 AM

      ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးဟာ ပထမပဲ. နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ အားလုံးနီးပါးပါတယ်. အခုဖြစ်တဲ့ ကိစ္စတွေကို သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်တာဟာလည်း နိုင်ငံရေးပဲ ဟေ့. . . မသေမချင်း သတိရကြ
      5 Oct 12, 11:40 AM

      Delete
    3. အေး ကောင်းတယ် ၊
      ဒါပေမယ့် သိပ်မဆဲနဲ့ကွ ၊
      သိပ်ဆိုးရင် ငါဖျက်နေရဦးမယ် ။

      ကော်မရှင်ကတော့ ကြော်ငြာကို ကြော်ငြာနဲ့ပဲ ပြန်ဆပ်တော့မယ်ကွာ :)

      Delete
  4. ခြေမမကောင်း ခြေမဖြတ် ၊ လက်မမကောင်း လက်မဖြတ်ဆိုတဲ့ စကားရှိတယ် ။
    အဲဒီလို မကောင်းဘူးထင်တိုင်းဖြတ်ရင် ခြေလက်အင်္ဂါ ဘယ်နှစ်ချောင်းလောက် ကျန်နိုင်ကြမလဲ ။
    နှစ်ပေါင်း တစ်ထောင်နီးပါး ရှိခဲ့တဲ့ အဖြစ်တစ်ခုကို ကြည့်ရအောင် ။

    ခရစ်ယာန်နဲ့ မွတ်ဆလင်တွေ တိုက်နေခဲ့ကြတဲ့ ခရူးဆိတ်စစ်ပွဲထဲမှာပါ ။
    မွတ်ဆလင်ဆေးဆရာတစ်ယောက် ခရစ်ယာန်တပ်စခန်းတစ်ခုထဲ ရောက်နေတယ် ။
    အခန့်သင့်လေတာကြောင့် ခရစ်ယာန်ဆေးဆရာတစ်ယောက် ဒဏ်ရာရသူတွေကို ဆေးလိုက်ကုနေတာ တွေ့ခွင့်ရခဲ့တယ် ။

    ခရစ်ယာန်ဆေးဆရာဟာ ဆေးဆရာနဲ့မတူပဲ အာဏာပါးကွက်သားနဲ့ တူနေတယ် ။
    ဒဏ်ရာရလာသူတွေကို စစ်ဆေးပြီး သူကုဖို့ မတတ်နီုင်တဲ့ ခြေလက်ဒဏ်ရာတွေကို သူ့နောက်က လိုက်လာတဲ့လက်ထောက်ကို ဖြတ်ပစ်ခိုင်းနေတယ် ။ သူ့လက်ထောက်ကလည်း ပုဆိန်ကြီးတစ်ချောင်းထမ်းပြီး တာဝန်ကြေကြေ ခုတ်ထစ်ဖြတ်တောက်နေတယ် ။ ဆေးဆရာ သွားရာလမ်းတစ်လျှောက် တဒုတ်ဒုတ်ဖြတ်သံ တအားအားအော်သံတွေနဲ့ပေါ့ ။

    စာရင်းချုပ်တော့ ခရူးဆိတ်စစ်ပွဲအတွင်းမှာ ခရစ်ယာန်စစ်သားတွေ တိုက်ပွဲထဲ ကျဆုံးတာထက် ရလာတဲ့ဒဏ်ရာတွေကြောင့် နောက်ဆက်တွဲ သေကြေကြရတာက ပိုများတယ်လို့ သမိုင်းဆရာတွေက ဆိုတာ မဆန်းပါဘူး ။

    မွတ်ဆလင် ဆေးဆရာကတော့ မပြန်ခင် သူ့မိတ်ဆွေကို ပြောသွားတယ် ။ ငါတို့ကတော့ တော်ရုံဒဏ်ရာတွေကို ဆေးမြစ်ဆေးရွက်တွေနဲ့ ကြပ်ထုတ်ထိုးတန်ထိုး ၊ ဆေးတိုက်တန်တိုက် ၊ ခွဲတန်ခွဲပြီး ကုကြတယ် ။ မင်းတို့ဆီမှာ လူ့ခန္ဓာအစိတ်အပိုင်းတွေကို ခုလိုဖြုန်းတီးနေကြတာ စိတ်မကောင်းစရာပဲ တဲ့ ။

    သင်္ခန်းစာယူချင်ရင် ယူလို့ရတာပေါ့နော ။

    ReplyDelete
  5. ဗိုလ်ချုပ်မူးတူးစေးကို ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍.........
    http://www.9dblood.com/2012/10/blog-post_3043.html

    ReplyDelete
    Replies
    1. ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောနိုင်တဲ့ ဆောင်းပါးတစ်ပုဒ်ပါ ။

      "အပြင်းထန်ဆုံးစွပ်စွဲရလျှင် အပစ်ခတ် ရပ်စဲရေးကို နာရီအနည်းငယ်သာ ဆွေးနွေးပြီး လက်မှတ်ရေးထိုးခြင်းကို ထောက်ရှုခြင်းအားဖြင့် ရန်သူနှင့် လျို့ဝှက်စွာ ဆွေးနွေးမှုများ ရှိနိုင်သည်ဟု ကောက်ချက်ချလို့ရပါသည်။" - ဆိုတဲ့ အထင်မျိုးကိုတော့ သတိထားဖို့ လိုပါတယ် ။

      လောလောဆယ် များများစားစား ပြောစရာမရှိပေမယ့် အတွေ့ကြုံများတဲ့ လူဟောင်းကြီးတစ်ယောက်ရဲ့ ထိရောက်တဲ့ မေးခွန်းတစ်ခုပဲ လက်ဆင့်ကမ်းချင်ပါတယ် ။

      "ဖြုတ်တာတော့ ဟုတ်ပါပြီ ၊ ဒီလောက်နဲ့ ပြီးသွားမလား" တဲ့ ။

      ဆက်တွေးစရာ ကျယ်ကျယ်ပြန့်ပြန့်ကိုတော့ ဖတ်သူကိုယ်တိုင်က အဖြေထုတ်ရပါလိမ့်မယ် ။

      Delete
  6. လွန်ခဲ့တဲ့ တနင်္ဂနွေ ၀၇၊၁၀၊၂၀၁၂ နေ့မှာ မိတ်ဆွေတစ်ချို့နဲ့ စကားစမြည်ပြောဖြစ်လို့ ကေအန်ယူ ခေါင်းဆောင်ပိုင်း အခက်အခဲကိစ္စကို နည်းနည်း ထပ်ဖြည့်ချင်ပါတယ် ။

    ခုဖြစ်သွားတဲ့ကိစ္စဟာ ပထမဆုံးအကြိမ် အပစ်ရပ်ဖို့ ဆွေးနွေးကတည်းက နေ့တစ်ဝက်ထဲဆွေးနွေးပြီး အများဆန္ဒမဟုတ်ပဲ စာချုပ်ချုပ် လက်မှတ်ထိုးခဲ့တာကအစ အစပ်ဟပ် အဆီငေါ်မတည့်ခဲ့တာတွေ ရှိခဲ့ရာမှာ ၊ ဘယ်လိုမှ ပြန်ဆွဲစေ့လို့ မရတဲ့အနေထားကြောင့် ဖြစ်သွားခဲ့ရတာလို့ ယေဘုယျ နားလည်မိပါတယ် ။

    ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့စည်းကြီးတစ်ခုအနေနဲ့ မြင်သာထင်သာ ရှင်းလင်းချပြမှုတွေမရှိပဲ ၊ မျက်လှည့်ဆရာလို ဘာမှမရှိတဲ့ လေထဲကနေ ဟပ်ချလောင်းဆိုပြီး လုပ်လို့မရကြောင်းပဲ အတိုချုပ် မှတ်ချက်ပြုလိုက်ရပါတယ် ။

    မှတ်မှတ်ရရ နောက်တစ်ခုအနေနဲ့ ၊ တိုင်းရင်းသားအဖွဲ့တွေဟာ လူအတော်များများ မြင်ထားကြသလို ကွဲနေပြဲနေ တစ်ယောက်တစ်ပေါက် ဖြစ်နေကြတယ်ဆိုတာတွေဟာ ထင်သလောက် မမှန်ဘူးဆိုတာပါ ။ သက်သေပြစရာ မရှိတာကြောင့် ကိုယ်ပိုင်သဘောထား မှတ်ချက်တစ်ခုသာလို့လည်း သဘောထားနိုင်ပါတယ် ။

    ReplyDelete
  7. “ကရင်တွေဟာ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ဝန်ထမ်းကောင်းတွေဖြစ်ခဲ့တယ် ၊ ဒါပေမယ့်
    နိုင်ငံရေးသမားကောင်းတွေ မဖြစ်ခဲ့ကြဘူး ။ စစ်တိုက်ကောင်းသူတွေဖြစ်တယ် ၊ ဒါပေ
    မယ့် စစ်နိုင်အောင်တိုက်တတ်တဲ့ ဗိုလ်ချုပ်ကောင်းတွေ ဖြစ်မလာခဲ့ကြဘူး”

    Karen can survive difficulties and pooreness but can not resist richness.

    ReplyDelete
  8. ခုလို ထပ်ဖြည့်ပေးတာ ကျေးဇူးတင်ပါတယ် ။

    ReplyDelete