အဦးဆုံးပြောချင်တာက - ဒီစာကို ကရင်တွေအတွက်
ရေးပါတယ် ။ အထူးသဖြင့် စာဖတ်သူတွေ
အတွက်ပေါ့ ။
ဖတ်မယ့်သူ နည်းမယ်ဆိုတာ သိတယ် ။ ရေးထားတာတွေကို လက်ခံမယ့်သူက ပိုနည်းမယ်ဆို
တာလည်း
သိတယ် ။ အဲဒီကမှ လက်တွေ့ကျကျ လုပ်ကိုင်မယ့်သူက ပိုတောင်နည်းသေးတယ်ဆို
တာလည်း သိတယ် ။
ဒါပေမယ့် ကရင်တွေ တကွဲတပြားနဲ့ ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ်နေကြတာ ၊
ဒုက္ခရောက်နေကြတာ
၊ နိမ့်ကျနေတာ ၊ ပင်ပန်းဆင်းရဲနေသူတွေ အများကြီးရှိတာကို မြင်တယ် ။
နေထွက်လို့ မြူနှင်းတွေပျောက်ရသလိုမျိုး
၊ လူမျိုး ယဉ်ကျေးမှုအရ အမှန်တကယ်ကို ဝါးမျိုခံနေရ
ပြီး ၊ ကွယ်ပျောက်သွားဖို့ ဦးတည်နေတာကိုလည်း
ရှင်းရှင်းလင်းလင်း မြင်နေရတယ် ။ ဒါကို နည်း
မှန်လမ်းမှန် လူ့ကျင့်ဝတ်တွေ မဖေါက်ပဲ ၊
နိမ့်ကျနောက်ရောက်နေတဲ့ ကိုယ့်လူမျိုးအတွက် လုပ်
ချင်ကိုင်ချင် ရုန်းထွက်ချင်တဲ့ ကရင်တွေအချို့များ ရှိလေမလားဆိုပြီး ဒီစာကို ဖြစ်နိုင်သမျှ
အပွင့်
လင်းဆုံး ရေးဖြစ်တာပါ ။
ဒီနေရာမှာ ဗမာလိုရေးလို့ အချို့ကရင်တွေအနေနဲ့
ရှက်စရာလို့လည်း ယူဆနိုင်တယ် ။ ကျနော်
ကတော့ မရှက်ပါ ၊ ရှက်လို့လည်း ဘာအကျိုးမှ ဖြစ်မလာပါ
။ ကိုယ့်အလုပ် ကိုယ်လုပ်တာဖြစ်တာ
ကြောင့် ၊ ကရင်လို ကျွမ်းကျင်သူတွေကနေ ကရင်လိုရေးဖို့
သူတို့အလုပ် သူတို့လုပ်သွားမယ်လို့
ယုံတယ် ။ ကိုယ့်အလုပ် ကိုယ်မလုပ်သူသာ ရှက်စရာလို့မြင်တယ်
။
အခုရေးတဲ့အခါမှာလည်း အခြားလူမျိုးတွေအကြောင်း အနည်းကျဉ်းတော့ပါမယ် ။ မကောင်းပြော
ဖို့
ကြိုးစားတာတော့ မဟုတ်ဘူး ။ သူများမကောင်းပြောပြီး ကိုယ်ကြီးပွားလာစရာလည်း မရှိ ။ ကိုယ်
မကောင်းတာတွေကိုသာ
ကိုယ့်ဘာသာ သိမှ ၊ အခွင့်လမ်းမြင်မှ ၊ ကြိုးစားမှ ၊ အောင်မြင် ဖြစ်တည်
ရွေ့လျားနိုင်တယ်လို့
ယုံတယ် ။ ဒီကြားထဲ ရေးတာတွေ လမ်းချော်သွားတယ်ထင်ရင်လည်း ထောက်
ပြကြပေါ့ ။
(၁) ဘယ်ပြတိုက်ကို ပြောတာလဲ
ခေါင်းစဉ်ကိုကြည့်ပြီး ကရင်တချို့ မျက်စိလည်သွားနိုင်တယ်
။
“ငါတို့ကို ပြတိုက်ထဲကလူတွေလို့ ဆိုလိုချင်တာလား”ဆိုတဲ့မေးခွန်းက
ထိပ်ဆုံးက ပါပါလိမ့်မယ် ။
မှန်ပါတယ် ။ ကျနော့်အနေနဲ့ အများစုသော
ကရင်တွေကို ပြတိုက်ထဲကလူတွေလို့ တင်စားလိုက်
တာဖြစ်သလို ၊ အမှန်တကယ်လည်းဖြစ်နေတဲ့ ပကတိအခြေနေလို့
အထောက်အထားတွေနဲ့ တစ်
ထစ်ချ ပြောချင်တယ် ။ ဒါပေမယ့် ဘာကြောင့် လူတိုင်းသတိမထားမိတာလဲလို့
မေးရင် ၊ ကရင်တွေ
ကို ထည့်ထားတဲ့ပြတိုက်တွေဟာ ကြီးလွန်းလို့ ၊ တစ်နည်းအားဖြင့် ဆာဖာရီကမ္ဘာ(safari
world)
တို့ open range zoo တို့လို ခြံကျယ်ကြီးတွေနဲ့ ပြသထားတဲ့ တိရိစ္ဆာန်ဥယျာဉ်မျိုးတွေ
ဖြစ်နေတာ
ကြောင့် သတိမထားမိတာပါလို့ ပြောချင်တယ် ။
ဒီကနေ့ အနေထားကို အသာထားလို့ လွန်ခဲ့တဲ့
နှစ် (၃၀) ကျော် ၊ မတွေးတတ် မမြင်တတ်မီအ
ရွယ်က ကျနော်ကြုံတွေ့ခံစားခဲ့ရတာတွေကို အရင်ပြောပြချင်တယ်
။
နိုဝင်္ဘာလ (၇) နေ့မှာကျတဲ့ ကရင်ပြည်နယ်နေ့
ဖွင့်ပွဲအခမ်းအနားကို ကျနော်ရောက်သွားခဲ့တယ် ။
ဖွင့်ပွဲအခမ်းအနား တစ်လျှောက်လုံးမှာ
“အော့ဆွန့်လားဆိုဒ်”ဆိုတဲ့ နှုတ်ခွန်းဆက်စကားမျိုးကလွဲရင်
ကရင်လို ဘာတစ်ခုမှပြောတာ သတိမထားမိခဲ့ဘူး
။ တစ်ခါ အခမ်းအနား အဆုံးသတ်လောက်မှာ
ကရင့်အမျိုးသားသီချင်းကို ဆိုကြပြန်ပါတယ် ။ ကျနော့်အတွက်
အထူးအဆန်းပါပဲ ။ အဲဒီ ကရင့်အ
မျိုးသားသီချင်းကို ရှိမှန်းတောင် မသိခဲ့ပါဘူး ။ နောက်ထပ်
ဆယ်နှစ်ကျော် ကရင်ပြည်နယ်မြို့တော် ၊
ဘာအံမြို့မှာ နေထိုင်ခဲ့စဉ်တစ်လျှောက်လည်း ဘယ်တုန်းကမှ
ထပ်သတိမထားမိတော့ပါ ။ စာနဲ့ပေ
နဲ့ အက္ခရာတင်ထားတာမျိုး ၊ ကရင်အမျိုးသားတွေကြား လက်ဆင့်ကမ်းသင်ပေးတာမျိုးတွေလည်း
တစ်ခါမှကို မတွေ့ခဲ့ရဖူးပါဘူး ။
နောက်နမူနာတစ်ခုကတော့ မဲလခိုလှုံရေးစခန်းမှာပါ
။ အဲဒီမှာ ကြုံဆုံခဲ့တဲ့ မြို့ပေါ်ကနေလာသူ
ကရင်အချို့ဟာ ဗမာစကားကို ဗမာရှူံးအောင် ပီပီသသပြောနိုင်သူတွေ
အများကြီးရှိတာ သတိထား
မိတယ် ။ တစ်ကြိမ်မှာတော့ သက်ကြီးတစ်ဦးကနေ ပြန်ပြောပြတာတစ်ခုကို
ကနေ့အထိ မမေ့ပါဘူး ။
မြစ်ဝကျွန်းပေါ် ကရင်တစ်ယောက်ရဲ့ ပြောပုံလေးပါ ။ “ယယ်ချော်လဲ ယယ်ဒူးပြဲ”
ပါတဲ့ ။ ။ “ယယ်”
ဆိုတဲ့ “ငါ”ကတော့ ဟုတ်ပါရဲ့ ၊ "ချော်လဲ"တို့ "ဒူးပြဲ"တို့ကျတော့ ဗမာလိုချည်း
ဖြစ်နေတော့တာပါပဲ ။
ဒါဟာ ရီစရာဖြစ်သလို ၊ ကရင်တွေအတွက်လည်း စိတ်မကောင်းချင်ရင် တကယ့်စိတ်မကောင်းစရာ
ပါ
။
မြစ်ဝကျွန်းပေါ်နဲ့ပတ်သက်လို့ ကျနော့်သူငယ်ချင်းတစ်ယောက် အဲဒီဖက်ရောက်ခဲ့ဖူးတယ် ။
ဘားအံကောလိပ်ဒုံး'က'တော့ ကျနော်က အညံ့ဆုံး (၃) ယောက်ထဲမှာ အတော်ဆုံး
အနူတောက
လူချောပါ ၊ သူက ဒုတိယပေါ့ ။ နောက်ပိုင်း ကရင်စာပေအဖွဲ့နဲ့ မြစ်ဝကျွန်းပေါ်ကို
သူပါသွားတယ် ။
ဒုံးဆရာတောင်ဖြစ်လို့ ။ ဒါနဲ့ပဲ သူဦးဆောင်သင်ပေးတဲ့ဒုံးအဖွဲ့ဟာ ပွဲတိုင်းကျော်ပါလေသတဲ့
။ တစ်
ခုပဲရှိတာက ၊ နောက်တစ်နှစ် ၊ နောက်ထပ်တစ်နှစ်နဲ့ ဘယ်နှစ်သွားကြည့်ကြည့် ဒီဒုံးဟာ
ဒီဒုံးပါပဲတဲ့ ။
ကရင်ပြည်နယ်က ကရင်စာပေအဖွဲ့တွေ ထပ်မလွှတ်နိုင်လို့ ၊ အပြောင်းအလဲမရှိ
ဒီဒုံးကိုပဲ နှစ်ပေါင်း
များစွာ '၏သည်မရွေး' ဆက်ထိန်းသိမ်းသွားကြတယ်လို့ သိခဲ့ရတယ် ။
ဒါတွေဟာ ကလေးတွေကို "ဒေဝေါကြီး" လို့ စိတ်ကူးယဉ်ဆန်ဆန် ကြောက်အောင် ချောက်နေ
တာ မဟုတ်ပါ ။ လက်တွေ့ဘဝမှာ သက်သေနဲ့ သာဓကနဲ့ရှိနေတာပါ ။ လူတိုင်းမြင်နိုင် သိနိုင်တဲ့
အရာတွေပါ ။ ဘာသာစကားပျောက်ပြီး ယဉ်ကျေးမှုလည်း အဖျောက်ခံရတဲ့ လူမျိုးတစ်မျိုးဟာ ၊ လူမျိုးတစ်မျိုးအဖြစ် ဆက်ရပ်တည်နေနိုင်ဦးမှာလား ။
ဒီလောက်ဆို အတန်သင့် သဘောပေါက်လာကြလောက်ပြီ ထင်ပါတယ် ။
တာ မဟုတ်ပါ ။ လက်တွေ့ဘဝမှာ သက်သေနဲ့ သာဓကနဲ့ရှိနေတာပါ ။ လူတိုင်းမြင်နိုင် သိနိုင်တဲ့
အရာတွေပါ ။ ဘာသာစကားပျောက်ပြီး ယဉ်ကျေးမှုလည်း အဖျောက်ခံရတဲ့ လူမျိုးတစ်မျိုးဟာ ၊ လူမျိုးတစ်မျိုးအဖြစ် ဆက်ရပ်တည်နေနိုင်ဦးမှာလား ။
ဒီလောက်ဆို အတန်သင့် သဘောပေါက်လာကြလောက်ပြီ ထင်ပါတယ် ။
ပြတိုက်ကြီးက ကျယ်လွန်းလို့ ပြတိုက်ကိုပြတိုက်မှန်း မသိကြတဲ့ ကိုယ်တွေရဲ့အဖြစ်က
အတော်
ဆိုးပါတယ် ။ အဲဒီထဲမှာမှ အကြီးဆုံးပြတိုက်တစ်ခု ရှိပါသေးတယ် ၊ “ကရင်ပြည်နယ်” လို့ ခေါ်ပါ
သတဲ့ ။
ဆိုးပါတယ် ။ အဲဒီထဲမှာမှ အကြီးဆုံးပြတိုက်တစ်ခု ရှိပါသေးတယ် ၊ “ကရင်ပြည်နယ်” လို့ ခေါ်ပါ
သတဲ့ ။
ကဲ ခုသိပြီဆိုတော့ ဘာလုပ်မလဲ ။
ကျနော်ကတော့ ခုလို စာရေးအသိပေးတာ ၊ တတ်နိုင်တဲ့အခါ အလှူအတန်း လုပ်တာတွေကလွဲရင်
ဘာမှမလုပ်ပါဘူး ။ သို့သော်
လုပ်ချင်သူများရှိရင်တော့ ဘယ်သူ့ကိုမှလည်း မထိမခိုက်ပဲ ၊ ကိုယ့်အ
မျိုးသားလက္ခဏာတွေကို
ထိန်းသိမ်းနိုင်ပြီး အကျိုးလည်းရှိမှာမျိုးတွေကို ဆွေးနွေးတင်ပြမှုလေးတွေ
လိုလာမှာပေါ့ဗျာ
။ အဲဒီနေရာမှာ ကျနော်က 'ကြားကား'အနေနဲ့ ဝင်လာတယ် ဆိုကြပါစို့ ။ ကြားကား
ဆိုတဲ့အတိုင်း ၊ လစ်ဟာနေတဲ့
ဝန်ဆောင်မှုနေရာကို ခဏတာ ဝင်ဖြည့်ပေးနေတာသာဖြစ်ပြီး ၊ ပုံမှန်
ဆွဲမယ့် ကားတွေလာတဲ့အခါ နေရာဖယ်ပေးသွားရမှာလည်း
သေချာပါတယ် ။ တကယ်တန်းလည်း ၊
လိုင်းကားတွေကို မျှော်နေပါတယ် ။ ဘယ်လိုင်းကားမှ
လာမဆွဲရင်တော့ ၊ ဒီ ကြားကားကိုပဲ သည်းခံ
ပြီး ဆက်စီးကြပေတော့ပေါ့ဗျာ ။
၁၅ ၊ ၀၇ ၊ ၂၀၁၃
(ဆက်ရေးပါဦးမယ် ။ ကြာရင်လည်း ကြာပါမယ်) ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၂)
မန်းကိုကို၊နားလည်သလိုပြောရရင်-
ReplyDelete(ဘာသာစကားပျောက်ပြီးယဉ်ကျေးမှုလည်းအဖျောက်ခံရတဲ့လူမျိုး တစ်မျိုးဟာ၊လူမျိုးတစ်မျိုးအဖြစ်ဆက် ရပ်တည်နေနိုင်ဦးမှာလား။)၊
ဆိုတဲ့ ဒီအချက်မှာ၊ကိုယ်လူမျိုးမညီညွှတ်ရင်အမျိုးပျောက်ပြီး၊ လူမျိုးတစ်မျိုးအဖြစ်ဆက်ရပ်တည်နေနိုင်ဦးမှာမဟုတ်ဘူး။
(ကိုယ်အမျိုးပျောက်သွားအောင်ဘယ်လိုလူမျိုးကမှမလုပ်နိုင်ဘူး၊ကိုယ်လူမျိုးမညီညွှတ်ရင်အမျိုးပျောက်မယ်၊ညီညွှတ်မှုမရှိဘူးရခြင်းက၊ယဉ်ကျေးမှု့ မရှိကြတော့ လို့ ပဲ။)
ယဉ်ကျေးမှုဆိုတာဘာတွေလဲ၊အများကြီးထဲကတခုကိုဥမမာပြောရရင်-
(ဥမမာ)
ကျနော်ကကရင်လူမျိုးလို့ ပြောပြီး၊ဗမာစာ၊ဗမာစကားနဲ့ ကြီးပြင်းလာတော့ ကရင်စာ၊ကရင်စကားမပြောနိုင်၊မရေးနိုင်ရင်၊ကိုယ့် ကရင်တွေကြားမှာဘာအရေးဘဲလုပ်လုပ်၊နင်ကရင်မဟုတ်ဘူးလို့ ၊ဆိုကြရင်ညီညွှတ်ခြင်းပျက်ပါတယ်၊ဒီတော့ 
ဒီကရင်ပြည်နယ်ဆိုတဲ့ ပြတိုက်ကတော်ပါသေးတယ်၊လို့ ဘဲပြောပါရစေ။
ဗမာကျောင်းမှာ ပညာသင်နေတဲ့ကရင်တွေပာာ ဗမာစကားညှပ်မယ် ထိုင်းနဲ့နီးရင် ကရင်စကားပာာ ထိုင်းနဲ့ညှပ်မှာဘဲ အမေရိကန်မှာစာသင်တဲ့ကရင်ပာာ အဂ်လိပ်ညှပ်မယ် ဘယ်မှာနေနေ ဘာသံဘဲ ၀ဲဝဲ ကရင်စိတ်ရှိနေရင် ဒီလူပာာ ကရင်ပါဘဲ အဓိက ကတော့ မိုးရိုးဘဲ ငါက ကရင်စကားပီတယ် ဗမာနဲ့တော့ယူထားတယ် ပြောတော့ငါက ကရင်စစ်တယ်လို့ပြောတဲ့ကောင်မိုးမှ ရှက်စရာကောင်းတာပါ
Delete7 minutes ago · Like
Karen Lay ဒီပွတ်တင်တဲ့ကောင်ကခွေးစိတ်ဝင်နေတာ ခွေးဆိုတာ ပိာုနယ်ကခွေး ဒီနယ်ကခွေးဆိုပြီး ကိုက်တတ်ကြတယ် ကိုယ့်လူမိုး ကိုယ်အမြင်စောင်းတဲ့ကရင်တစ်ယောက်ပာာ ကရင်အမိုးမပာုတ်တော့ပါဘူး ခွေးတစ်ကောင်နဲ့တူနေပါပြီး နင်လဲခွေးမဖြစ်ချင်ရင် ခွေးမိုးခွေးနွယ်မဖြစ်ခြင်ရင် အဲ့ဒီခွေးစိတ်ဓါတ်ကိုအမြန်ပြင်
I can only read this status.. I really appreciate for your warning to aware big problem among our Karen.. Ought to think and react.Thanks.
ReplyDeleteဗမာကျောင်းမှာ ပညာသင်နေတဲ့ကရင်တွေပာာ ဗမာစကားညှပ်မယ် ထိုင်းနဲ့နီးရင် ကရင်စကားပာာ ထိုင်းနဲ့ညှပ်မှာဘဲ အမေရိကန်မှာစာသင်တဲ့ကရင်ပာာ အဂ်လိပ်ညှပ်မယ် ဘယ်မှာနေနေ ဘာသံဘဲ ၀ဲဝဲ ကရင်စိတ်ရှိနေရင် ဒီလူပာာ ကရင်ပါဘဲ အဓိက ကတော့ မိုးရိုးဘဲ ငါက ကရင်စကားပီတယ် ဗမာနဲ့တော့ယူထားတယ် ပြောတော့ငါက ကရင်စစ်တယ်လို့ပြောတဲ့ကောင်မိုးမှ ရှက်စရာကောင်းတာပါ
ReplyDelete7 minutes ago · Like
Karen Lay ဒီပွတ်တင်တဲ့ကောင်ကခွေးစိတ်ဝင်နေတာ ခွေးဆိုတာ ပိာုနယ်ကခွေး ဒီနယ်ကခွေးဆိုပြီး ကိုက်တတ်ကြတယ် ကိုယ့်လူမိုး ကိုယ်အမြင်စောင်းတဲ့ကရင်တစ်ယောက်ပာာ ကရင်အမိုးမပာုတ်တော့ပါဘူး ခွေးတစ်ကောင်နဲ့တူနေပါပြီး နင်လဲခွေးမဖြစ်ချင်ရင် ခွေးမိုးခွေးနွယ်မဖြစ်ခြင်ရင် အဲ့ဒီခွေးစိတ်ဓါတ်ကိုအမြန်ပြင်
ကူးယူလာပေးတဲ့ မှတ်ချက်တွေအတွက် ကျေးဇူးပါ ။
Deleteမတူတဲ့လူတွေရဲ့အမြင်ကို ဘဝင်ကျလှတယ် မဟုတ်ပေမယ့် ၊ အရမ်းကြီးတော့လည်း အပြစ်တင်ရနည်းနည်းခက်ပါတယ် ။
သူတို့ကြုံခဲ့ရတာတွေကလည်း ကိုယ့်နဲ့ တူချင်မှတူမှာကိုး ။
တစ်ခါတစ်ရံ ကိုယ်ကြုံခဲ့ဖူးတဲ့ နယ်အနှံ့ကအကြောင်းတွေပြောပြရင် ၊ တအံ့တသြဖြစ်ကြတဲ့ ကရင်တွေကိုတွေ့ဖူးသလို ၊ ကိုယ့်အထင်နဲ့ လက်တွေ့မှာ ကွားခြားနေတဲ့ ကရင်တွေရဲ့ အခြေနေတချို့ကိုလည်း ကြုံခဲ့ဖူးတာကြောင့် ဒီလိုပြောဖြစ်တာပါ ။
ဘာသာစကားဟာ ဆက်သွယ်ရေးကရိယာ တခုပါ။ လူမျိုးတမျိုးရဲ့ ဘာသာစကားကို တတ်မြောက်ထားမယ်ဆိုရင် အဲဒီလူမျိုးတွေနဲ့ ပြောဆိုဆက်ဆံဖို့ လွယ်ကူတဲ့အကျိုးကျေးဇူးရှိတယ်ပေါ့။
ReplyDeleteလူမျိုးတမျိုးကို စေတနာရှိတယ်၊ ဂရုနာမေတ္တာထားတယ် ဆိုတာဟာလဲ ကောင်းမွန်တဲ့ စိတ်ပါဘဲ။
ဘာသာစကားတခုကို တတ်မြောက်ခြင်း၊ မတတ်မြောက်ခြင်း၊ လူမျိုးတမျိုးကို မေတ္တာထားခြင်း မထားခြင်းဟာ အဲဒီလူဟာ ဘာလူမျိုးဖြစ်ရမယ်ဆိုတာ အရေးမကြီးပါဘူး။
မိမိဟာ ကရင်လူမျိုးဖြစ်တယ်ဆိုရင် ကရင်စကားကိုတတ်မြောက်ဖို့ ကြီးမားတဲ့ အခွင့်အရေးတရပ်ဖြစ်ပါတယ်။ မတတ်ဘူးဆိုရင် အခွင့်အရေးတရပ်ကို လက်လွတ်ဆုံးရှုံးခြင်း၊ လက်လွတ်ဆုံးရှုံးခံခြင်းသာ ဖြစ်ပါတယ်။
ပြောချင်တာက.. ဘယ်လူမျိုးကိုမဆို မေတ္တာထားဖို့။ ဘယ်ဘာသာစကားကိုမဆို အတတ်နိုင်ဆုံး လေးစားသင်ယူဖို့။ မိမိနဲ့ အနီးစပ်ဆုံးနဲ့ လေ့လာသင်ယူဖို့ အခွင့်အရေးအကြီးမားဆုံးသော ဘာသာစကားကို တတ်မြောက်ပြီး ဂုဏ်ယူကြဖို့ ဆိုတာပါဘဲ။
ခုလိုဖြည့်ပေးတာ ဝမ်းသာပါတယ် ။
Deleteယေဘုယျအားဖြင့်တော့ Anonymous ပြောတာကို လက်ခံပါတယ် ။
တစ်ခုပဲရှိတာက ဂုဏ်ယူဖို့ကတော့ တစ်ယောက်ချင်းရဲ့ အတွေးခေါ်နဲ့ အမြင် ၊ ပြီးတော့ နောက်ခံနဲ့ ပညာရေးတွေအပေါ်လည်း အခြေခံမယ်လို့ နားလည်ထားပါတယ် ။
အရှည်ကြီး မရှင်းပြနိုင်တာကိုတော့ သည်းခံပေးပါ ။
ကရင်တွေအတွက် စေတာနာနဲ့ ရေးတာဆိုတော့ ၀င်ဆွေးနွေးသင့်တာပေါ့နော်။ ပြတိုက်ထဲက ထွက်နိုင်အောင် ကြိုးစားနေတဲ့ ကရင်တွေလည်းရှိပါတယ်လို့။ ကိုယ်တိုင်မလဲအောင် မနည်းရုန်းနေကြသူတွေများတော့ ပြတိုက်ထဲမှာကျန်နေတဲ့ ကရင်တွေကို လက်တွဲခေါ်နိုင်ဖို့ ခက်ပါတယ်။
ReplyDeleteရိုးသားဖြောင့်မတ်ခြင်းနဲ့ သစ္စာရှိခြင်းဆိုတဲ့ လက္ခဏာတွေရှိခြင်းဖြင့် ကရင်တစ်ယောက်ပီသဖို့က အရေးကြီးဖုံးလို့ ထင်ပါတယ်။ ကရင်စာပေနဲ့ ယဉ်ကျေးမျုကို မြတ်နိုးထိန်းသိမ်း ရမယ်။ ကျွန်မ ငယ်ငယ်က ကရင်စာတတ်အောင် မသင်ခဲ့တာကို အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။
ကရင်လူမျိုး မပျောက်ဖို့ဆိုရင် ကရင်အချင်းချင်းလက်ထပ် ကြဖို့လည်းလိုပါတယ်။ ကရင်နဲ့ ကရင်လက်ထပ်မှ ကရင်လူမျိုးအစစ်တွေ မွေးလာမှာ။ ကျွန်မတော့ စိတ်တူကိုယ်တူ ကရင်တစ်ယောက်ကို မျှော်ရင်း အချိန်တွေလွန်သွားပြီ။ နောင်တမရပါဘူး။
ကရင်မှကရင်ဆိုတဲ့ လူတွေသာမရှိခဲ့ရင် လက်ရှိမျိုးဆက်တွေအားလုံး ကရင်ကပြားတွေချည်း ဖြစ်နေမှာပေါ့။ အဲဒီမျိုးဆက်တွေက တခါ လူမျိုးခြားနဲ့ ယူကြပြန်ရောဆိုရင် ကရင်သွေးဘယ်လောက်ကျန် တော့မလဲ။ မျိုးဆက် လေးငါးခုလည်းရောက်ရော ကရင်သွေးပျောက်ရော။
ကိုမန်းကို အားမနာတမ်း ဝေဖန်တယ်လို့ မထင်စေချင်ဘူး။ ချစ်သူ ကြင်သူမရှိသေးတဲ့ ကရင်လူငယ်တွေ စဉ်းစားမိအောင် ပြောမိပါတယ်။
ကိုယ့်လူမျိုးကို ချစ်ပြီး၊ သူများလူမျိုးကို လေးစားတတ်တဲ့ လူတိုင်းကို လေးစားချစ်ခင်လျှက်...
တော်တော်နဲ့ စာပြန်မရေးဖြစ်လို့ စိတ်မရှိပါနဲ့ ညီမရေ ။ အရင်ကတော့ လူတိုင်းနီးပါးကို အချိန်ပေးပြီး စာပြန်ရေးပေးနိုင်ခဲ့ပေမယ့် ၊ အခြေနေက ပြောင်းလဲလာခဲ့လို့ပါ ။
Deleteပထမ ညီမအနေနဲ့ အားမနာတမ်း ဝေဖန်တယ်ဆိုရင်တောင်မှ စိတ်မဆိုးပါဘူး ။
လူတိုင်းမှာ မတူတဲ့ ဘဝလမ်းကြောင်းနဲ့ ရွေးချယ်မှုတွေရှိတတ်ပြီး ၊ ကံတရားကလည်း အစိုးမရဘူးမဟုတ်လား ။ အထင်နဲ့အမြင် ၊ ရည်မှန်းချက်နဲ့အဖြေတွေက ကွာခြားတတ်သလို ၊ မြှော်မြင်မှုမရှိပဲ ပရမ်းပတာဘဝမျိုးကို လျှောက်မိလျက်သားလည်း ဖြစ်တတ်တဲ့သဘောတွေ ရှိတာကိုး ။
ပြီးတော့ ညီမပြောသလို မတူကွဲပြားတဲ့ စိတ်ထားအမျိုးမျိုးနဲ့လူတွေလည်း လိုအပ်တာပါပဲ ။
တစ်ခုရှိတာက - ပြီးခဲ့ လွန်ခဲ့တာတွေကို ပြန်ပြင်လို့ မရတော့ပါဘူး ။ စိတ်မကောင်းဖြစ်တာတွေကို သင်္ခန်းစာအနေနဲ့ပဲ ပြောင်းလဲအသုံးချလို့ ရပါတော့မယ် ။
နောက်ပြီး ခရီးလမ်းတိုင်းမှာ ပထမခြေတစ်လှမ်းနဲ့ စရသလိုပဲ ၊ ဘာလုပ်လုပ် အားလျော့စရာတော့ မလိုပါဘူး ။
ခု ညီမ စာရေးတာဟာလည်း စိတ်ထဲကဖြစ်တာတွေကို လက်တွေ့ချရေးပြီး ပိုခိုင်မာအောင် တစစ တည်ဆောက်နေတဲ့ သဘောမျိုးပါပဲ ။
ကြုံတဲ့အခါ စာတွေလာဖတ်ဖြစ်ပါတယ် ။ ရေးသားတာတွေက ပြည့်စုံဖို့ မဖြစ်နိုင်ပေမယ့် ၊ အကောင်းဖက်ကို ဦးတည်နေတယ်လို့ မြင်ပါတယ် ။ အားလည်းပေးပါတယ် ။
အချိန်ရ အခန့်သင့်တဲ့အခါ အပေါ်ကပို့စ်အဆက်တချို့ ထပ်ဆက်ပါဦးမယ် ။
ကရငြ် အကြောင်းကို ပြည့်ပြည့်စုံသိမှာ ရေးရင်ပိုကောင်းမယ် ထင်တယ်နော်
ReplyDeleteခုလိုအကြံပေးတာ ကျေးဇူးတင်ပါတယ် ။
Deleteဒါပေမယ့် ကရင့်အကြောင်း ပြည့်ပြည့်စုံစုံသိတဲ့သူတော့ မတွေ့ဖူးသေးပါဘူး ။
ရှိခဲ့မယ် သိခဲ့မယ်ဆိုရင်လည်း ပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ် ။
သိချင်တာတွေမေးပြီး ၊ အများအကျိုးရှိအောင်လည်း လူရှေ့ထွက်ပြီး သိသမျှကို မျှဝေပေးဖို့ တောင်းပန်ချင်လို့ပါ ။
Thank you so much, Mahn Ko Ko. Please , keep on writing many more , i love to read your style and innermost feeling for our people, in my view, Karen need many more educated generation, no body can overwhelm the educated person.
ReplyDeleteAs i want to say is that Karen love Karen from their heart not base on the linguistic diversity . Our people need to change the bad mentality as well.
Thank you and God bless you and guide you .