အဦးဆုံးပြောချင်တာက - ဒီစာကို ကရင်တွေအတွက်
ရေးပါတယ် ။ အထူးသဖြင့် စာဖတ်သူတွေ
အတွက်ပေါ့ ။
ဖတ်မယ့်သူ နည်းမယ်ဆိုတာ သိတယ် ။ ရေးထားတာတွေကို လက်ခံမယ့်သူက ပိုနည်းမယ်ဆို
တာလည်း
သိတယ် ။ အဲဒီကမှ လက်တွေ့ကျကျ လုပ်ကိုင်မယ့်သူက ပိုတောင်နည်းသေးတယ်ဆို
တာလည်း သိတယ် ။
ဒါပေမယ့် ကရင်တွေ တကွဲတပြားနဲ့ ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ်နေကြတာ ၊
ဒုက္ခရောက်နေကြတာ
၊ နိမ့်ကျနေတာ ၊ ပင်ပန်းဆင်းရဲနေသူတွေ အများကြီးရှိတာကို မြင်တယ် ။
နေထွက်လို့ မြူနှင်းတွေပျောက်ရသလိုမျိုး
၊ လူမျိုး ယဉ်ကျေးမှုအရ အမှန်တကယ်ကို ဝါးမျိုခံနေရ
ပြီး ၊ ကွယ်ပျောက်သွားဖို့ ဦးတည်နေတာကိုလည်း
ရှင်းရှင်းလင်းလင်း မြင်နေရတယ် ။ ဒါကို နည်း
မှန်လမ်းမှန် လူ့ကျင့်ဝတ်တွေ မဖေါက်ပဲ ၊
နိမ့်ကျနောက်ရောက်နေတဲ့ ကိုယ့်လူမျိုးအတွက် လုပ်
ချင်ကိုင်ချင် ရုန်းထွက်ချင်တဲ့ ကရင်တွေအချို့များ ရှိလေမလားဆိုပြီး ဒီစာကို ဖြစ်နိုင်သမျှ
အပွင့်
လင်းဆုံး ရေးဖြစ်တာပါ ။