"ဒီမိုကရေစီ အက်ကြောင်း ဟုတ်လား ၊ ဘယ်မှာလဲ"
လို့မေးရင် - ခင်ဗျားနဖူးပေါ်မှာလို့ ဖြေဖြစ်
မလား မသိဘူး ။ ဟုတ်ကဲ့ မှန်ထဲတော့ သွားကြည့်မနေပါနဲ့
၊ ထုံးစံအတိုင်း တင်စားပြောလိုက်တာ
ပါ ။ အဲ .. ဒါကလည်း ဖြစ်နေ ပျက်နေတာတွေကို မသိ (သို့မဟုတ်)
မသိချင်ဟန်ဆောင်နေတာ
မျိုးတွေ ပွထနေတာ မြင်မိလို့ ပြောတာပါဗျာ ၊ 'ငါ့ကို ဦးတည်ပြီး ပြောနေပြီဟ'
လို့တော့ လှေနံ ဒါး
မထစ်လိုက်ပါနဲ့ဦး ။
(၆) ‘ဝ’
ရေးချ ‘ဝါ’
‘ဝါ’တယ်ဆိုတာ ကျနော်တို့ ဒေသထွက်စကားတော့
မဟုတ်ဘူးဗျ ၊ အညာသား မိတ်ဆွေကြီး
တစ်ယောက်က ပြောတာပဲ ။ အဓိပ္ပါယ်က ‘ဟ’ဝှာလုပ်တယ် ဆိုလားပဲ
။ အဲဒီ ‘ဟဝှာ’ဆိုတာ ဘာ
လဲ လာမမေးနဲ့ဗျို့ ၊ ညစ်ညစ်ပတ်ပတ်သာ မှတ်ယူလိုက်ကြပါ ။
ခုမှ လိုရင်းကိုဆက်ရရင် ၊ ‘ဝ’တွေလည်း
အ‘ဝါ’ခံရဖို့ တစ်လှမ်းပိုနီးလာပြီလို့ ပြောရမယ် ။ ဒါ
ပေမယ့် ထူးတယ်ဗျ ။ ထူးဆို သိပ်သည်းဆများလာတဲ့
လေမုန်တိုင်းက အရင်နဲ့မတူပဲ အကွက်
ပြောင်းလာလို့ပါ ။