“အကယ်၍ အဲဒီသစ္စာဖေါက်တွေသာ အသက်ရှင်နေမယ်ဆိုရင် ၊ ခမာလူမျိုးတွေဟာ ပျောက်ကွယ်သွားခဲ့
မှာပဲ ၊ ဒီတော့ ကျုပ်တို့ချခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ ကျုပ်ပြောရဲတယ်”
“အကယ်၍ ကျုပ်တို့ လူတွေအပေါ် သနားကြင်နာမှု ပြခဲ့မယ်ဆိုရင် ၊ နိုင်ငံတော်ဟာ ပျောက်ဆုံးသွားခဲ့
မှာပဲ”
၁၉၇၉ ခုနှစ် ဗီယက်နမ်ရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရချိန်မှာ ၊ လူပေါင်း ၁.၇ သန်းကို သတ်ဖြတ်သေကြေစေပြီး
ခဲ့တဲ့ ခမာနီတွေရဲ့ “အကိုကြီး နံပါတ် ၂” လို့ လူသိများပြီး ၊ ဝါဒရေးရာမှာ ဦးဆောင်ခဲ့သူ Nuon Chea ရဲ့
၂၀၀၉ ခုနှစ် မှတ်တမ်းဗီဒီယိုထဲမှာ ပြောခဲ့တဲ့ စကားတွေပါ ။ အာဏာလက်လွတ်ခဲ့ရတာ အနှစ် ၂၀ ကျော်
လွန်ခဲ့ပေမဲ့ မာန်မာန ၊ အမုန်းတရားနဲ့ မကောင်းဆိုးရွားတွေလို့ ခေါ်ရလောက်တဲ့ ခံယူချက်တွေကို လက်
မလွှတ်နိုင်သေးတာဟာ ကျောချမ်းစရာပါ ။
သင်္ခန်းစာ ယူလို့ရတယ်လို့ အလွယ်တကူ ပြောလို့ရပါတယ် ။
မြန်မာလူထု အများစုအနေနဲ့ကော ၊ တကယ်ပဲ သမိုင်းကနေ သင်္ခန်းစာတွေ ရနေခဲ့ကြပြီလား ။