ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, November 6, 2013

အန်တီ ဒေါ်အောင်ဆန်းစုကြည် .. သို့ …



အန်တီရေ ၊ မကြာခင်မှာ သြစတြေးလျကိုရောက်လာခဲ့မယ့်အပြင် ကျနော်နေထိုင်တဲ့ မဲလ်ဘုန်းမြို့အထိ
တောင် ရောက်လာမယ်ဆိုလို့ ဝမ်းသာရသလို ၊ ပြောချင်တာလေးတွေလည်း အနည်းအကျဉ်းရှိတာကြောင့်
လူမသိသူမသိ အညတရကျနော်ကနေ စာလေးတစ်စောင် ရေးလိုက်ပါတယ် ။ ဖတ်မိသော်ရှိ မဖတ်မိသော်
ရှိ ၊ တစ်နေ့နေ့ တစ်ယောက်ယောက်ကတော့ အန်တီ့နားပေါက်အောင် ပြောပြမယ်လို့ ယုံကြည်မိတယ်လေ။

အဦးဆုံးအနေနဲ့ အန်တီ့ကို ပုဂ္ဂိုလ်ရေးအရ လေးစားပါတယ်ဆိုတာတော့ စကားဦးလေး သန်းထားချင်ပါ
တယ် ။ အန်တီဖြတ်သန်းလာခဲ့ရတာတွေဟာ ကိုယ်ပိုင်ရွေးချယ်မှုတွေ ဖြစ်ခဲ့ပေမယ့် ၊ မြန်မာပြည်သူပြည်
သား အများစုအတွက်တော့ မီးရှူးတန်ဆောင်ကြီးလို တစ်ခုတည်းသောမျှော်လင့်ချက်အနေနဲ့ လမ်းပြနိုင်ခဲ့
တာဟာ ငြင်းလို့မရတဲ့ သမိုင်းမှတ်တမ်းပါ ။ အန်တီ့ဖေဖေဟာလည်း မြန်မာပြည် လွတ်လပ်ရေးရဖို့ရာ ဦး
ဆောင်ခဲ့သူတစ်ဦးအနေနဲ့ အမှန်တကယ် လေးစားအားကျစရာ ပုဂ္ဂိုလ်ဆိုတာ ယုံမှားသံသယ ရှိစရာမလို
လောက်အောင်ပါပဲ ။