ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, October 29, 2011

ရွှေမန်းသဘင်


   

   အားလုံးပဲ မင်ဂလာဘါ ။
   ခုပဲ critical thinking, ခုပဲ ဇာတ်ထ“က”ရတာ ရှက်တော့လည်း ရှက်ပါတယ် ။
   “စ”မိပြီဆိုတော့လည်း မတတ်နိုင်ဘူးဗျာ ၊ အထုပ်ဖြည် ပြရတော့မှာပေါ့  :-)

   အပြင်မှာဆိုရင်တော့ ဘွင်းဘွင်းရှင်းရှင်း ရင်းရင်းနှီးနှီး ပြောပြချင်ပါတယ် ။
   ခုဟာက စာထဲမှာဆိုတော့လည်း အထာတွေကိုင် ၊ အဖွင့်အပိတ် ကလေးတွေနဲ့ ဖတ်ကောင်းအောင်
ရေးရတော့တယ်ဗျာ ၊ မပြည့်တဲ့အိုး ရေတဗွမ်းဗွမ်းဖြစ်နေတာကို ညှစ်ကြွားနေတယ်လို့ သဘောထားရင်
လည်း ငါးခူပြုံး ၊ ငါးသလောက်ပြုံးလေးနဲ့ ဖြစ်နေတဲ့ မိုကန်းကန်းကိုသာ မြင်ယောင်ကြည့်ကြပါ ။ ဟုတ်
တယ်လေ အခု ဒီနာမည်က ကလောင်နာမည် ဖြစ်ပေမဲ့ ၊ ရေရှည်လည်း ဒီနာမည်နဲ့ပဲ ရပ်တည်သွားရမှာ
ကိုး ။

=====================================================
   အောက်မှာကတော့ ကျနော် လက်ဆော့ဖြစ်အောင် လမ်းကြောင်းပေးခဲ့တဲ့ ဦးဋ္ဌေးဇော် (အင်းဝ) ရဲ့
ပေးစာ ၊ ကဗျာနဲ့ သဘောထားစာလေး အချို့ပါ ။ အချို့ဟာလေးတွေက မှန်ပါတယ် ၊ ကောင်းပါ
တယ် ။ ကျနော် ပြောချင်တာက သူတစ်ပါးကို တစိုက်မတ်မတ် တိုက်ခိုက်နေတတ်တဲ့ အစိတ်အပိုင်း
တွေကိုပါ ။

* ရှစ်လေးလုံးကို ခုတုံးလုပ်ကြရာဝယ် ၊ မိစစ်ဖစစ် မျိုးရိုးစစ်စစ် ၊ သမိုင်းဝင်နေ့ရက်များ ခဏဋ္ဌားသုံးခြင်း
* ဘာအတွက် ဒီမိုကရေစီ လိုချင်ကြတာလဲ
* ဒီမိုကရေစီဆိုတာ ဘာလဲ
* ဒီနေ့ ၊ ငွေရတုအောင်ပွဲ (၂) နှစ်အလို
* အင်တာဗျူးပေးကြပါရန်
* အို - တော်လှန်ရေးတဲ့လား

* အဲဒီထက်တောင် ငိုရတော့မယ်
* ထောင်ထွက် နိုင်ငံရေးသမား
* ဝေါနဲ့ထမ်းခေါ်မှ တော်လှန်ရေးပြန်လုပ်မယ် ၊ ပြည်ပအာကိုး ပုဆိန်ရိုးများသို့
* (မဆလ)သမီးနဲ့ စကားပြောခြင်း
* ဦးဋ္ဌေးဇော်ရဲ့ မကုန်ခန်းနိုင်တဲ့ စာများ (လင့်များလွန်းလို့ ဟစ်တိုင်စာမျက်နှာကိုပဲ ထည့်ထားပါတယ်)
* ဦးဋ္ဌေးဇော် ပေးစာ

* ကျနော့် ပေးစာလင့်
* ဦးဋ္ဌေးဇော်ရဲ့ တုန့်ပြန်စာ
* အားဖြည့်ပေးတဲ့ ကိုသစ္စာ (မန်းကိုကိုက ဘာလဲဟင်)

======================================================

   ဒါကတော့ နောက်ဆုံး ရေးဖြစ်တဲ့ စာလေးပေါ့ဗျာ .......



   ဗုံပဲ ကောင်းလေသလား ၊ ပတ်စာပဲ ကောင်းလေသလားတော့ မသိပါဘူးဗျာ ၊
   လက်ကလေး “ဆ”လိုက်တာနဲ့ အသံတွေက လှိုင်လှိုင်ကို ထွက်လာတာမို့ မမျှော်လင့်
ခဲ့ရိုး အမှန်ပါ ။ လူရွှင်တော် ကိုမေတ္တာကို ကိုယ်စားပြုသူတစ်ယောက်သာ ဝင်“က”ရင်
တော့ ကျနော့်ရဲ့ “ရွှေမန်းလေပွေသဘင်ကလေး” ဟာ ပိုပြီးအသက်ဝင်လာမှာ သေချာ
ပါတယ် ။

   နာမည်ရင်း ဟုတ်မဟုတ် မသေချာပေမဲ့ ထောင်နှစ်ခါကျဖူးတဲ့ နိုင်ငံရေးသမား ပြည်
ပြေးစစ်စစ်ဆိုပြီး preemptive strike သုံးပြီးဝင်လာသူ ကိုသစ္စာကို ကျနော်ကသာ
shock & awe တို့ ၊ twist & turn tactic တို့တွေသုံးပြီး တုန့်ပြန်ပြရင်တော့ အမြင်
မလှပေမဲ့ “အော်ပရာ”ခန်းကလေးတစ်ခု အနေနဲ့ ဖျော်ဖြေမှုတွေ ပေးနိုင်ပါလိမ့်မယ် ။

   ဒါပေမဲ့ ရေးပြန်ရင် မပြည့်တဲ့အိုးလိုဖြစ်မယ် ။ မရေးရင်လည်း အရှိုက်မိလို့ တအစ်အစ်
နဲ့ အသံမထွက်နိုင်တော့ဘူးလို့ ထင်နိုင်ကြပြန်ပါတယ် ။ ဒီတော့ ၊ အားလပ်ချိန်လေး
ရှိတုန်း ကိုသစ္စာနဲ့အတူ အခြားသူတွေရဲ့ တန်ဖိုးရှိကောင်းရှိမယ့် အချိန်တွေကို မဖြုန်းမိ
စေလေအောင် ဆင်ဝှေ့ရန်ရှောင် ၊ စကားနည်းရန်စဲလုပ်ပြီး တိုတိုတုတ်တုတ် မီးခွက်
မှုတ်တဲ့ စာကလေး ရေးလိုက်ပါတယ် ။

   ကိုသစ္စာ စာထဲမှာ အထူးပြုထားတဲ့ ၊ ဦးဝင်းခက်အပါအဝင် လူပုဂ္ဂိုလ်တစ်ဦးချင်းကို
မသိလှပေမဲ့ လေ့လာရလောက်တဲ့ ဘာသာရပ်တစ်ခု မဟုတ်တာမို့ ၊ ပြည်ပြေးဋီကာ
နဲ့ သူခိုးဋီကာတွေ ဖွင့်သွားနိုင်တဲ့ ကိုသစ္စာကပဲ ကျနော်တို့လို ဗဟုသုတနည်းပါးလှ
သူတွေကို ဋီကာအကျယ်ချဲ့ တော်တည့်ဝေဌပေးရင်း ၊ ဥာဏ်အလင်းတွေ ပွင့်လင်း
စေဖို့ အခွင့်အလမ်းကောင်း တစ်ခုအဖြစ် အသုံးချနိုင်မယ်ဆိုရင် ကြိုဆိုရမှာပါ ။ အဲဒီ
အချိန် မတိုင်ခင်တော့ သိမှတ်ထားသမျှနဲ့ ဥာဏ်မီသလောက်လေးကို အခြေခံပြီး တီ
ကောင်တွေ့ရင် တီကောင် ၊ နဂါးတွေ့ရင် နဂါးလို့ ပြောမိတာကို သည်းခံပေးစေချင်
ပါတယ် ။

   ခုနေမှာတော့ ဦးဋ္ဌေးဇော် ရေးထားတာလေးတွေထဲက ကိုသစ္စာကို ဦးတည်ရေးတာ
မဟုတ်ဘူးလို့ ယုံကြည်ရပေမဲ့ ၊ တိုက်ဆိုင်ကောင်း တိုက်ဆိုင်နေမယ့် စာတစ်ပိုဒ်ကို
ရွေးပြီး ကူးထည့်ပေးလိုက်ပါတယ် ။

     “ပြန်နေတဲ့သူတွေ ထုနဲ့ထည်နဲ့ ရှိပါတယ်၊ ဘယ်သူမှ ပြဿနာမဖြစ်ခဲ့ပါ၊
      ခုဆိုရင် ဖိတ်ခေါ်နေပါပြီ တကယ်နိုင်ငံရေးသမားဖြစ်ချင် ပြန်လုပ်ကြပါ။
      လို့ ဆိုပါတယ် ။

   ကျနော့် တစ်ကိုယ်စာအသိအရ ၊ အမှန်တရားဟာ လူတိုင်းရဲ့ ရင်ထဲမှာ ရှိပြီးသားလို့ ယုံ
ကြည်ပါတယ် ။ အဲဒါ ဘာလဲလို့ ရှင်းပြရမယ့် အသက်အရွယ်မှာ ကိုသစ္စာဟာ တန့်မနေ
ဖူးလို့လည်း ယူဆမိပါတယ် ။ ဒါပေမဲ့ ပုဂ္ဂလိက ရွေးချယ်မှုကတော့ ကိုယ်စီကိုယ်ငရဲ့ လက်
ထဲမှာ ရှိကြတာမို့ သာမန်ထက် ချွန်ထူးပြီး ရွှေပေါ်မြကပ် ကြာကလပ်ပေါ် ရောက်မနေရင် ၊
ကျနော့်အနေနဲ့ ပြောစရာ မရှိလှပါကြောင်း ။


မန်းကိုကို
၂၉ ၊ ၁၀ ၊ ၂၀၁၁

2 comments:

  1. ha ha
    here's bashing party for your friend, ဋ္ဌေးဇော် (အင်းဝ)
    you can expect more to come
    LOL :D

    http://hittai.net/?show=rm&fileid=86&t=home13&id=20
    http://hittai.net/?show=rm&fileid=123&t=home10&id=10

    ReplyDelete
  2. သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တုန့်ပြန်မှုတွေ ရှိနိုင်တယ် ဆိုတာကို စိတ်ထဲ ထည့်မထား နိုင်သူအတွက် ၊ မနှေးအမြန် တစ်ချိန်မှာ ဒါတွေကို ကြုံလာရမှာပါပဲ ။ တုန့်ပြန်စာတွေထဲမှာ ရေးထားတာတွေသာ အမှန်ဆိုရင်တော့ ၊ ရင်လေးတယ်လို့သာ ပြောချင်ပါတယ် ။

    ကိုယ်တိုင် ပျော်တယ်လို့ မခံစားမိပေမဲ့ ၊ Anonymous အနေနဲ့ ပျော်နိုင်တာကိုပဲ ဝိုင်းပြီး ဝမ်းသာပေးလိုက်ပါတယ် ။

    ReplyDelete