ကမ္ဘာ့နိုင်ငံအတော်များများမှာ “ရဲ”လို့ဆိုလိုက်ရင် လူချင်လူခင်ပေါတယ်ရယ်လို့ ကြားရခဲပါတယ် ။
မလေးရှားက polis / mata-mata (မျက်လုံးများ) လို့ ခေါ်ကြတဲ့ “ရဲ” တွေဟာလည်း ဒီစက်ကွင်း
ကနေ မလွတ်ကင်းနိုင်ကြပါဘူး ။ (မြန်မာပြည်မှာလည်း “ပြည်သူ့ရဲ ၊ ပြည်သူ့တပ်မတော်” စသည်ဖြင့်
အမွမ်းတင်ပေမယ့် လက်တွေ့လုပ်ကိုင်တာတွေကပဲ အဓိပ္ပါယ်အစစ်အမှန်ကို ဖေါ်ဆောင်ပေးသလို
ပါပဲ) ။ ဒီပို့စ်မှာတော့ တရားမဝင် (နဲ့မဝင့်တဝင်) ဘဝမှာ တွေ့ကြုံခဲ့ရတာလေးအချို့ကို ပြောမှာဖြစ်
တာကြောင့် ကောင်းတာနဲ့စာရင် မကောင်းတာက အကဲသာမှာသေချာပါတယ် ။












