ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, March 30, 2011

ရောက်တတ်ရာရာ အွန်လိုင်းမှာ



     ပြီးခဲ့တဲ့ရက်ပိုင်းတွေက တွေ့မိတဲ့ သတင်း ၊ ဖေ့ဘွတ် ၊ ဘလော့နဲ့ အထွေထွေတိုလီမုတ်စလေးတွေ
ကို ကောက်စုထားတာပါ ။

*    ပထမ ဖေ့ဘွတ်မှာ လင့်တစ်ခုတွေ့လို့ လိုက်ကြည့်တော့ ဆေးမနိုင်လောက်တော့ဖူးလို့ထင်ရတဲ့
မဟာ့မဟာမျိုးချစ်ကြီးတစ်ယောက်ရဲ့ စာမျက်နှာဆီ ရောက်သွားပါတယ် ။ ဒီဆရာသမားခမျာ ကိုယ့်
အမျိုးကိုချစ်လွန်းလို့ လူမျိုး ဘာသာ အတွေးအခေါ်တွေကနေစပြီး ခွဲခြားပစ်လိုက်တာ ကျနော့်ခန့်မှန်း
ခြေ မြန်မာပြည်မှာလူကောင်းဆိုလို့ သူအပါအဝင်လူ ၅၀ % လောက်ကျန်ရင် ကံကောင်းပါပဲ ။ ဒီတင်
အတွေးကမ္ဘာထဲကကျွန်ုပ်မှာတော့ တွေးစရာတွေပိုလာသပေါ့ ။

Sunday, March 27, 2011

တိုတိုရှုပ်ရှုပ်



     မအားမလပ်မို့လို့ တိုတိုတုတ်တုတ်ပဲ ရေးတော့မယ် ။

     မြန်မာပြည်မှာ ငလျင်လှုပ်ပြန်ပြီ ၊ ရာနဲ့ချီပြီးသေကြတယ် ၊ မြေအက်ကြောင်းတွေက (ဖို့မြေတွေ
ထင်ရပေမယ့်) တစ်သက်မှာ မြန်မာပြည်ထဲတွေ့ဖူးတဲ့ အပြင်းဆုံးငလျင်လို့ပြောရမယ် ။ ခုထိ အာ
ဏာပိုင်လုပ်နေသူတွေရဲ့ အားကြိုးမာန်တက်လှုပ်ရှားမှုတွေက ထုံးစံအတိုင်းပါပဲ ၊ နားကွဲမတတ်တိတ်
ဆိတ်နေတုန်းပါ ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ယှဉ်လို့မရနိုင်တာသိပါတယ် ၊ ဒါပေမယ့် လူတွေကိုတန်ဖိုးသိပ်
မထားတဲ့ နိုင်ငံတချို့နဲ့တောင် လုပ်ကိုင်မှုတွေမှာ ယှဉ်လို့မရတာက ပြဿနာ ။

Sunday, March 20, 2011

Jim Rohn ရဲ့လက်ဆောင်



     ဒီကနေ့ခေတ်ကြီးဟာ ဘာဖြစ်တယ်ညာဖြစ်တယ်တွေနဲ့ စကားချီးတွေ လုပ်မနေတော့ပါဘူး ။
     လိုရင်းအနေနဲ့ ကြီးပွားတိုးတက်ရေး လမ်းညွှန်ဆရာကြီး Jim Rohn ရဲ့ တန်ဖိုးရှိတဲ့မေးခွန်း ၄ ခု
ကိုပဲ သင့်တော်သလိုစကားတွေနဲ့ မျှဝေလိုက်ပါရစေ ။

(၁) ဘာကြောင့်လဲ (why?)

Saturday, March 19, 2011

စာအုပ်ဒွေဝယ်ဒယ်



     ဟုတ်ကဲ့ မန်းကိုကို မကြောင်သေးပါဘူး (ဒါပေမယ့် ထင်မြင်သူအပေါ်လည်း မူတည်နိုင်ပါတယ်) ။
     စာအုပ်အပါအဝင် တိုလီမုတ်စအစုံဝယ်ပြီး ကြီးပွားသွားကြတဲ့ ကုလားပဲကုလားတွေကို အားကျပေ
မယ့် အခုပြောမှာက စာအုပ်တစ်မျိုးထဲနဲ့ ဆိုင်ပါတယ် ။

     ဒါနဲ့ခင်ဗျား စာအုပ်ဝယ်ဖူးသလား ။
     ဝယ်ဖူးတယ် .. ဟုတ်လား ၊ ဒါဆို နောက်တစ်ယောက် .. ဟုတ်တယ် ၊ ခင်ဗျားပဲ ။ ခင်ဗျားလို စာ
အုပ်မဝယ်ဖူးမှ ဆက်ရွှီးလို့ရမှာလေဗျာ ။

Monday, March 14, 2011

ဆူနာမိ



                                                  နှစ်လေးဆယ်မှာတခါ
                                                    အိန္ဒိယသမုဒ္ဒရာအောက်
                                                    ကျရောက်မည့်
                                                    ဆူနာမိ ရိုင်းလိုက်ပြန်၏ ...

                                           ဆုမတြာ ဖူးကက်နဲ့ မြန်မာ
                                               သီရိလင်္ကာနဲ့ အိန္ဒိယဆိပ်ကမ်း
                                               သွေးရည်တွေ လွှမ်းခဲ့ပေါ့ ...

Saturday, March 12, 2011

ခက်ဗမာ



     ပို့စ်ခေါင်းစည်းကြည့်ပြီး စိတ်ထဲဇဝေဇဝါများ ဖြစ်သွားကြသလား ။
     ဗမာစာ ဗမာစကားခက်လို့ အတိုဆုံးစကားလုံးချုပ်ကြည့်လိုက်တာပါ ။ (နောက်ပြီး မျက်စိထဲစူးဝင်
စိတ်ဝင်စားသွားအောင် ဖန်တီးကြည့်တာလို့လည်း သဘောထားချင်ထားလို့ရပါတယ်) ။
     ဘာလဲ မခက်ဖူးလို့ငြင်းချင်လို့လား ၊ ဘယ်ရမတုံးဗျ ၊ ကိုယ့်ဘလော့နဲ့ကိုယ်ဆိုတော့ တစ်ဖက်သတ်
ဇွတ်ငြင်းပစ်မှာပေါ့ .. ဟဲ ဟဲ ။

     ကျုပ်ကတော့ ထိုင်း နဲ့ ဗမာတို့ရဲ့ စာနဲ့စကားကို ခက်တဲ့ဖက်မှာမတိမ်းမယိမ်းလို့ပဲ သဘောထားတယ် ။
     ဟုတ်တယ်လေ .. ကျနော်တို့က မွေးကတည်းက သိမြင်ကြားလာကြရလို့သာ လွယ်တယ်ထင်ကြတာ
ကိုး ၊ ပိုက်ဆံပေးပြီးသင်ခိုင်းရင်တောင် လိုအပ်တဲ့လူတွေကလွဲပြီး ဘယ်သူမှဒုက္ခခံမသင်ဖူး စိတ်ချ ။

Tuesday, March 8, 2011

Critical Thinking မိတ်ဆက် (၂)


     Critical Thinking မှာ အခြေခံအကျဆုံး သတ်မှတ်ထားတဲ့ “စံ” တွေရှိပါတယ် ။

     အဲဒါတွေကတော့ -

       (၁)  ကြည်လင်ပြတ်သားခြင်း  (Clarity)
       (၂)  အနုစိတ်ခြင်း  (Precision)
       (၃)  တိကျမှန်ကန်ခြင်း  (Accuracy)
       (၄)  သက်ဆိုင်ဆက်စပ်ခြင်း  (Relevance)
       (၅)  ရှေ့နောက်ညီညွတ်ခြင်း  (Consistency)
       (၆)  ကျိုးကြောင်းဆီလျော်တဲ့ မှန်ကန်ခြင်း  (Logical correctness)
       (၇)  ပြည့်စုံခြင်း  (Completeness)
       (၈)  တရားမျှတခြင်း  (Fairness) တို့ ဖြစ်ကြပါတယ် ။

Saturday, March 5, 2011

အမေ့ခံ လူသား



     စိတ်ကူးထဲမှာ နေရာယူထားတာတော့ ကြာခဲ့ပြီ ၊ အဆင်ပြေပြေမပြေပြေ ချရေးလိုက်တော့မယ် ။
လောလောဆယ်စဉ်းစားထားတာ (၃) မျိုးရှိတယ် ။

(၁) ဖက်နဲ့ထုပ်ထားတဲ့ အသက်

     အရပ်ထဲမှာ ကိုယ့်ဆွေမျိုးသားချင်းမောင်နှမတွေ လိုက်ပြီးအရိုက်ခံနေရတယ်ဆိုရင် ငုံ့ခံမယ့်လူ
အတော်နည်းမယ် ထင်ပါတယ် ။